စာစဉ် 33 Chapter 495 ဒီဇာတ်လမ်းတွဲက ... ထူးခြားတယ်
တီဗွီကို ဖွင့်လိုက်သောအခါ နောက်တစ်ခန်းကို ပြနေ၏။
ဝမ်ယွီသည် ဘတ်စ်ကားကို မြန်မြန်တား၍ ပြေးတက်လေသည်။ ထို့နောက် ကျန်းပေါင်၏ ဆွံ့အနေသော အကြည့်အောက်၌ သူမက ကျန်းပေါင်၏ ခုံအောက်တွင် ပုန်းလေသည်။
တစ်ခဏကြာသော် နေကာမျက်မှန်တပ်၍ အနက်ရောင်ဝတ်စုံကို ဝတ်ထားသည့် လူနှစ်ယောက်က ကားပေါ် အပြေး တက်လာသည်။ သူတို့ ဝတ်စားထားပုံအရ သူတို့သည် လူမိုက်များဖြစ်ကြောင်း ပြောနိုင်ပေသည်။ မမျှော်လင့်ဘဲ ပေါ်လာသောပုံစံက ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားသွားပြန်သည်။
ကျန်းပေါင် စိုးရိမ်ပူပန်လာပြီး မသိမသာ ခေါင်းငုံ့မိသည်။ ထိုအနက်ရောင်ဝတ်စုံနှင့်လူများ၏ ပစ်မှတ်က ဘယ်သူလဲ သိသာပေသည်။
အခြေအနေက လေးနက်လာချိန်တွင် ဘတ်စ်ကား ယာဉ်မောင်းက မထင်မှတ်ဘဲ အာဏာပြလာသည်။
"ဟေ့ ဟေ့ ဟေ့၊ မင်းတို့ အကြွေစေ့နဲ့ပေးတာဖြစ်ဖြစ်၊ ကဒ်နဲ့ရှင်းတာ ဖြစ်ဖြစ်လုပ်၊ မဟုတ်ရင်လည်း ဂျောင်းတော့"
သူသည် တူညီသော စကားကိုသာ ပြော၍ လေးနက်နေသော အခြေအနေအား ချိုးဖျက်လာသည်။
ထို့နောက်တွင်မူ အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်သည် ဟန်မပျက်ချင်၍ ဘတ်စ်ကားပေါ်မှ မောင်းထုတ်ခံ လိုက်ရသည်။
"ကျစ် ... Matrix ဇာတ်လမ်းထဲကလိုသာ ဝတ်ထားတာ၊ ဘတ်စ်ကားခတော့ မပေးနိုင်ဘူး"
ယာဉ်မောင်းက အထင်သေးစွာ ဝေဖန်လေသည်။
"ဖွီး"
စားပွဲ၌ ရေသောက်နေသည့် ကျောင်းသားတစ်ယောက် ရေသီးကုန်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အတွေးထဲ၌ အတွေးတစ်ခု ပေါ်လာသည်။
*ဒီဘတ်စ်ကားမောင်းတဲ့သူက တော်တယ်ဟ*
ထို့နောက် ဇာတ်လမ်းတွဲက ဆက်လက်ပြသနေ၏။ ကျားကျားယားယား ဟူရီဖေး ပေါ်လာသည်။ သူမ၏ ခက်ထန်၍ အနည်းငယ် ရယ်ချင်စရာကောင်းသော ပုံစံက ဖမ်းစားသွားပြန်သည်။ ထို့နောက်တွင်မူ ကျန်းပေါင်နှင့် ဝမ်ယွီသည် ကားမှားစီးမိပြီးနောက် လမ်းပေါ်၌ စက်တပ်ယာဉ်ငယ်လေးများ ပြိုင်သည့် မြင်ကွင်း ပေါ်လာသည်။
"ငါက လူကောင်းတစ်ယောက်၊ လူကောင်းက ငါပဲ၊ ငါက ကျန်းရှောင်ရှန်းပဲ"
ဇာတ်ကောင်တစ်ခုချင်းစီအား မှတ်မိလွယ်သော ပုံစံနှင့် တစ်ခန်းချင်း မိတ်ဆက်သွားသည်။ လူတိုင်းတွင် ကိုယ်ပိုင် ညှို့ဓာတ်များရှိပြီး အခန်းတိုင်းက ရယ်စရာများနှင့် ပြည့်နေပြီး မရပ်တန့်နိုင်ချေ။ ယင်းက သူတို့အပေါ်၌ နက်ရှိုင်းစွာ အထင်ကြီးမိသွားစေသည်။
ကျောင်းသားများ၏ စုဝေးပွဲမှ ပြောစရာကိစ္စများက ဇာတ်လမ်းတွဲများဘက်သို့ ပြောင်းသွားသည်။ သူတို့သည် စားသောက်ရန် မေ့လုနီးပါး ဖြစ်သွားပြီး အဆက်မပြတ် ရယ်နေကြသည်။
"သေစမ်း၊ အဲ့ယာဉ်မောင်းက တကယ့် ပုန်းကွယ်နေတဲ့ ဘော့်စ်ပဲ၊ သူ ငယ်ငယ်တုန်းက လူကြီးတွေကို ထိုးကြိတ်ပြီး ကလေးတွေကို ကန်ကျောက်နိုင်တဲ့ ရက်စက်တဲ့လူမျိုး ဖြစ်မှာ သေချာတယ်"
"ထွန်စက်က လမ်းမှာ အရှိန်နဲ့ လိမ့်နိုင်တယ်တဲ့ ပြီးတော့ အခြားကားတွေကိုတောင်မှ ကျော်လိုက်သေးတယ်၊ သူတို့ ဒီလိုဇာတ်ညွှန်းကို ဘယ်လို တွေးမိတာလဲ"
"ငါ သည်းမခံနိုင်တော့ဘူး၊ ငါ့ကို နည်းနည်းလောက် ရယ်ခွင့်ပေးဦး၊ ငါ တကယ် မအောင့်နိုင်တော့ဘူး"
"ဆရာကျန်းရဲ့ လူတွေကို အကြောင်းကြားတဲ့ပုံက အရမ်း ရယ်ရတယ်၊ ဖက်ထုတ်စားနေတုန်း ပရုတ်လုံးကို မှားစားမိတာ၊ ခြင်ရိုက်တံနဲ့ လက်သည်းကို ရိုက်မိတာ၊ ပြီးတော့ အိမ်ရှင်နဲ့ ရဲတွေကို မြင်ချင်ရုံသက်သက်နဲ့ နံရံကို ဖျက်ဆီးပစ်တာ၊ ဟားဟားဟား ရယ်ရလွန်းလို့ ငါ အူတောင် နာတယ်"
"ဆရာကျန်းရဲ့ ဖြေရှင်းနည်းက မိုက်တယ်၊ လိုင်းမကောင်းချင်ယောင်ဆောင်ပြီး ဖုန်းချပစ်တာ၊ ဖုန်းခေါ်တဲ့သူ ဘယ်လောက် စိတ်ဒုက္ခရောက်နေမလဲ ငါ သိချင်လိုက်တာ"
အစကတည်းက သရုပ်ဆောင်ဝိုင်ကို အားပေးသည့် ကျောင်းသားက ရယ်လေသည်။
"ဘယ်လိုလဲ၊ သရုပ်ဆောင်ဝိုင်က ငါတို့ကို စိတ်မပျက်စေရဘူးလို့ ငါ ပြောခဲ့သားပဲ၊ ဟုတ်တယ်မလား၊ ဒီဇာတ်လမ်းက တအား စိတ်ဝင်စားဖို့ ကောင်းတယ်၊ ရယ်စရာ အပြည့်ပဲ"
*စိတ်ဝင်စားဖို့ ကောင်းတာလား*
*ဒါက စိတ်ဝင်စားဖို့ကောင်းတာထက် ပိုတယ်*
ဇာတ်လမ်း အဆက်အစပ်က ပြည့်စုံသည်။ ဇာတ်ကွက်ပြောင်းသွားပုံတိုင်းက ဟာမသွားချေ။ အထူးသဖြင့် စာသားများက ရယ်စရာကောင်းပြီး သရုပ်ဆောင်များ၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်လှသည်။ ယင်းက ရယ်ရရန် မခက်ပေ။
"ဘုရားရေ၊ ဒါက သရုပ်ဆောင်ဝိုင်ပဲလေ၊ အခြားဘယ်သူကမှ ဇာတ်လမ်းကို ဒီလို ရိုက်နိုင်မယ်လို့ ငါ မထင်ဘူး"
"ချီးပဲ"
မျက်မှန်နှင့်ကျောင်းသားသည် ထိတ်လန့်ပြီး တစ်ခဏမျှ ငြိမ်သက်ပြီးမှ ထအော်သည်။
"ဒီဇာတ်လမ်းက ... အံ့ဩဖို့ကောင်းတယ်"
ယခုမတိုင်ခင်က သူသည် သရုပ်ဆောင်ဝိုင်က ကောင်းသော အရာတစ်ခုခု လုပ်နိုင်လိမ့်မည်ဟု မထင်ဘဲ ဝေဖန်ခဲ့သည်။
*ဒီဇာတ်လမ်းက ပျင်းဖို့ကောင်းလို့လား*
*အခြားသူတစ်ယောက်က ရိုက်တာဆိုရင် ပျင်းလောက်တယ်*
*ဒါပေမဲ့ သရုပ်ဆောင်ဝိုင်ရဲ့ ထုတ်လုပ်ရေးက အတူတူပဲ ဖြစ်ပါ့မလား*
အထင်သေးခဲ့သည့် ကျောင်းသားများသည် ကသိကအောက်ဖြစ်စွာ ပြုံးနေကြသည်။ အရှက်ကွဲသည့်အဖြစ်က လျင်မြန်စွာ ရောက်လာခဲ့ပါတကား။
ဤသည်က ဇာတ်လမ်းအမျိုးအစားနှင့် ဘာမှမဆိုင်ချေ။ ယင်းက ဒါရိုက်တာပေါ်တွင်သာ မူတည်လေသည်။ သရုပ်ဆောင်ဝိုင်၏ အရည်အချင်းကို ဘယ်လိုလုပ် သာမန်အမြင်နှင့် တိုင်းတာနိုင်ပါမည်နည်း။
လူအချို့သည် မနေနိုင်ဘဲ သူတို့၏ WeChat Moments ၌ ရေးတင်ကြသည်။
[ဘုရားရေ၊ ဒီဇာတ်လမ်းက ငါ့အမြင်ကို အသစ်ဖြစ်သွားစေတာပဲ၊ အံ့ဩဖို့ကောင်းလွန်းတယ်]
မကြာခင်မှာပင် မှတ်ချက်များစွာ ဝင်လာ၏။
[ဘာဖြစ်တာလဲ၊ မင်း ဘယ်ဇာတ်လမ်းကို ကြည့်နေတာလဲ၊ ငါ ကိုယ့်အချစ်အတွက်ကို ကြည့်နေတာ၊ အဲ့ဒါက အဲ့လောက်ကြီး မကောင်းပါဘူး၊ ဟုတ်တယ်မလား]
[ငါ နန်းတော်ကို ကြည့်နေတာ၊ အဆင်ပြေပါတယ်၊ ဒါပေမဲ့ မင်းပြောတဲ့ အဆင့် မဟုတ်ဘူး]
[ဒီမှတ်ချက်က နည်းနည်း လွန်နေပြီ မဟုတ်ဘူးလား၊ ဒါ ဘာဇာတ်လမ်းလဲ]
[ငါ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ပြောနေတာ၊ သောက်ရမ်း မိုက်တယ်]
[ဘာ ... တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းလား၊ မင်း နောက်နေတာပဲ]
[ဒါ လိမ်နေတာလား]
[ငါလည်း ကြည့်ပြီးပြီ၊ အဲ့ဒါက မိုက်တယ်၊ လုံးဝ ထောက်ခံတယ်၊ သရုပ်ဆောင်ဝိုင်က တော်လွန်းတယ်ကွာ]
လူတောတော်များများသည် ဇာတ်လမ်းထဲ နစ်နေပြီး မှတ်ချက်ပေးရန် မေ့နေကြသည်။ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ပထမပိုင်း ပြီးသွားမှသာ သူတို့ ငိုင်နေရာမှ သတိဝင်လာသည်။
[လခွမ်း အရမ်း ရယ်ရတယ်ကွာ၊ ဒါ လုံးဝကို နတ်ဘုရား လက်ရာပဲ]
[ဒါ အံ့ဩဖို့ကောင်းတယ်၊ တကယ် အံ့ဩဖို့ကောင်းတာ၊ ချီးပဲ ... နောက်ဆုံးတော့ ငါ ဆက်ကြည့်ရမယ့် ဇာတ်လမ်းကို တွေ့ပြီ၊ မိုက်တယ်ကွာ]
[ဒါက တော်တော်မိုက်တဲ့ ဇာတ်လမ်းပဲ၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို မကောင်းဘူးလို့ ဘယ်သူ ပြောတာလဲ၊ ပြော ... ငါ နာမည်ကို ကူရှင်းပေးဖို့ လိုနေပြီ]
ပထမပိုင်းအပြီး၌ ဝေ့ပေါ်၊ Tieba နှင့် အင်တာနက်ပေါ်၌ ပွက်ပွက်ညံနေ၏။
အစပိုင်း၌ အခြားဇာတ်လမ်းတွဲများသည် ရေပန်းစားနေသော ရှာဖွေမှုများအတွက် ပိုက်ဆံ ပေးခဲ့ကြသည်။ သို့သော် ကြည့်ရှုသူများ၏ မရေတွက်နိုင်သော အားပေးမှုအောက်၌ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသည် အားအင်အပြည့်ဖြင့် တက်လာပြီး ရေပန်းစားနေသော ရှာဖွေမှုစာရင်း၌ တတိယနေရာသို့ ချိတ်လာသည်။
[ငါတို့ အွန်လိုင်းပေါ်မှာ ခင်မင်လာတာ နှစ်ချီနေတာမို့လို့ ငါ မင်းတို့ကို ရာစုနှစ် လက်ရာတစ်ခုကို မျှဝေပေးမယ်၊ အဲ့ဒါက တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းပဲ]
[ငါ မှတ်မိသလောက်ဆို ငါ ဒီလိုပျော်တာ ဆယ်နှစ်တောင် ရှိသွားခဲ့ပြီ၊ ကျေးဇူးတင်ပါတယ် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရေ]
[ဟုတ်တယ်၊ အဲ့ဒါက ဖြတ်သွားရင်း ပြောနေသလိုပဲ၊ သရုပ်ဆောင်အားလုံးက တအားရယ်ရတယ်လို့ ငါ ထင်တယ်၊ သူတို့ကို ကြည့်နေရုံနဲ့တင် ငါ့ကို ရယ်စေတာပဲ]
[အမှန်ပဲ၊ ငါ့ကိုယ်ကျင့်တရားကို တိုင်တည်ပြီး ကျိန်ရဲတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းက တကယ်ကို ကြည့်ရတာ တန်တယ်၊ ဒီည ငါ့မိသားစုနဲ့အတူ တီဗွီရှေ့ ထိုင်ကြည့်ခဲ့တာ၊ ရယ်တာ ရပ်မရဘူး၊ ငါ့မိဘတွေက အသက် ခြောက်ဆယ်ရှိနေပြီ၊ ငါ့ကလေးဆို ရှစ်နှစ်ရှိပြီ၊ ဒါပေမဲ့ ငါတို့ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို အတူတူ ကြည့်တော့ အတူတူ ရယ်ခဲ့ရတယ်၊ ကျေးဇူးတင်ပါတယ် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းရေ]
[အပေါ်ကလူ၊ ငါလည်း အဲ့လို ခံစားရတယ်၊ ငါ့ရဲ့ အသက်ရနေတဲ့ အဖေက အဲ့လောက် ပျော်နေတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ တကယ် ကြည်ဖူးဖို့ ကောင်းတယ်၊ တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းသာ ဒီအရည်အသွေးကို ဆက်ထိန်းထားနိုင်ရင် ငါ အဲ့ဒါရဲ့ အမာခံ ပရိသတ်ဖြစ်မှာ]
[ယီးပဲ၊ ဒါ လေလုံးထွားနေတာ မဟုတ်လား၊ သူတို့က ဒီလောက်တော်တဲ့ အလိမ်အညာသမားတွေကို ငှားထား တာလား]
[မင်း ယုံချင်လည်းရတယ်၊ မယုံလည်း ရတယ်၊ တော်ပြီ ငါတော့ ဒုတိယအပိုင်း သွားကြည့်ဖို့ လိုနေပြီ]
...
ထိုသို့သောအချိန်၌ ကျန်းယုံသည်လည်း တီဗွီရှေ့၌ ထိုင်နေသည်။ သူသည် ရှန်းကျောင်းရုပ်သံအား တအံ့တဩ ကြည့်နေမိသည်။
သူ့ဦးခေါင်းသည် ဝီခေါ်နေပြီး ဤသို့ ကြီးမားသော အံ့ဩစရာကြောင့် လုံးဝ မှင်တက်နေမိလေသည်။
အဆိုတော်ဝိုင်ကို လေးစားသောအားဖြင့် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ထုတ်လွှင့်ရန် သူ သဘောတူခဲ့ သော်လည်း မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ပါ။ သူသည် ခံစားချက်သမား ဖြစ်ပြီး အဆိုတော်ဝိုင်အပေါ် ကျေးဇူးတင်ကြောင်း ပြသည့်အနေဖြင့် ရုပ်သံလိုင်းက ပယ်ချသော်လည်း သူက တိုက်ခန်း တွင်းမှ အချစ် ဇာတ်လမ်းအား အတင်း ထုတ်လွှင့်အောင် လုပ်ခဲ့သည်။
အဆက်အသွယ်အပေါ် မှီခိုရသည့် ဇာတ်လမ်းမျိုးက ပုံမှန်အားဖြင့် ရလဒ်ကောင်းများ မရပေ။ ထို့ကြောင့် သူသည် ကျရှုံးခြင်းအတွက် ကြိုအသင့်ပြင်ထားခဲ့လေသည်။
သို့သော် သူ အမှားကြီး မှားသွားမှန်း သိလိုက်ရသည်။ ပထမတစ်ပိုင်းတည်းနှင့်တင် ဤဇာတ်လမ်းက ထူးခြားမှန်း သိလိုက်သည်။ တကယ် ထူးခြားလွန်းလှသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျင် နောက်အပိုင်းများက စိတ်ပျက်စရာကောင်းသော ဇာတ်လမ်းကြောင့် ကျဆင်းလျင် တောင်မှ ပထမပိုင်း၏ အရည်အသွေးက ကြည့်ရှုသူနှုန်းအား ကောင်းစေပေလိမ့်မည်။
အဘယ်ကြောင့်နည်း။ ယင်းမှ ပထမဆုံးအမြင်ကြောင့်ပင်တည်း။ ၎င်း၏ ကျော်ကြားမှုအတွက် အခြေခံက ခိုင်မာသွားလေပြီ။
သူ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး ရှန်းကျောင်းရုပ်သံ၏ ဥက္ကဋ္ဌကို စိတ်မရှည်စွာ ဖုန်းခေါ်လိုက်သည်။
"ဥက္ကဋ္ဌ၊ ခင်ဗျား တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်းကို ကြည့်လိုက်လား"
"အရေးမပါလိုက်တာ၊ ငါ အဲ့ဒါကို မျှော်လင့်ချက် များများစားစား မထားပင်မယ့် ငါတို့ရုပ်သံလိုင်းက ဇာတ်လမ်း ဖြစ်နေသေးတယ်လေ၊ ငါ ဘယ်လိုလုပ် မကြည့်ဘဲ နေမှာလဲ"
ဥက္ကဋ္ဌက ပြန်ပြောလာသည်။ သူသည် တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောသည်။
"ရောင်းရင်းကျန်း၊ မင်း ငါ့ကို ကောင်းကောင်း သိပါတယ်၊ ငါ ပုံမှန်ဆို ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ မသုံးပါဘူး၊ ဒါပေမဲ့ အခုတော့ ငါ "လခွမ်း ငါတို့ ရှန်းကျောင်းရုပ်သံတော့ အချီကြီးမိပြန်ပြီလို့ ပြောမိပြီ၊ ဒါ အကြီးကြီး ပေါက်မှာကွ"
#Zawgyi
စာစဥ္ 33 Chapter 495 ဒီဇာတ္လမ္းတြဲက ... ထူးျခားတယ္
တီဗြီကို ဖြင့္လိုက္ေသာအခါ ေနာက္တစ္ခန္းကို ျပေန၏။
ဝမ္ယြီသည္ ဘတ္စ္ကားကို ျမန္ျမန္တား၍ ေျပးတက္ေလသည္။ ထို႔ေနာက္ က်န္းေပါင္၏ ဆြံ႕အေနေသာ အၾကည့္ေအာက္၌ သူမက က်န္းေပါင္၏ ခုံေအာက္တြင္ ပုန္းေလသည္။
တစ္ခဏၾကာေသာ္ ေနကာမ်က္မွန္တပ္၍ အနက္ေရာင္ဝတ္စုံကို ဝတ္ထားသည့္ လူႏွစ္ေယာက္က ကားေပၚ အေျပး တက္လာသည္။ သူတို႔ ဝတ္စားထားပုံအရ သူတို႔သည္ လူမိုက္မ်ားျဖစ္ေၾကာင္း ေျပာႏိုင္ေပသည္။ မေမွ်ာ္လင့္ဘဲ ေပၚလာေသာပုံစံက ၾကည့္ရႈသူမ်ား၏ အာ႐ုံကို ဖမ္းစားသြားျပန္သည္။
က်န္းေပါင္ စိုးရိမ္ပူပန္လာၿပီး မသိမသာ ေခါင္းငုံ႔မိသည္။ ထိုအနက္ေရာင္ဝတ္စုံႏွင့္လူမ်ား၏ ပစ္မွတ္က ဘယ္သူလဲ သိသာေပသည္။
အေျခအေနက ေလးနက္လာခ်ိန္တြင္ ဘတ္စ္ကား ယာဥ္ေမာင္းက မထင္မွတ္ဘဲ အာဏာျပလာသည္။
"ေဟ့ ေဟ့ ေဟ့၊ မင္းတို႔ အေႂကြေစ့နဲ႔ေပးတာျဖစ္ျဖစ္၊ ကဒ္နဲ႔ရွင္းတာ ျဖစ္ျဖစ္လုပ္၊ မဟုတ္ရင္လည္း ေဂ်ာင္းေတာ့"
သူသည္ တူညီေသာ စကားကိုသာ ေျပာ၍ ေလးနက္ေနေသာ အေျခအေနအား ခ်ိဳးဖ်က္လာသည္။
ထို႔ေနာက္တြင္မူ အနက္ေရာင္ဝတ္စုံႏွင့္ လူႏွစ္ေယာက္သည္ ဟန္မပ်က္ခ်င္၍ ဘတ္စ္ကားေပၚမွ ေမာင္းထုတ္ခံ လိုက္ရသည္။
"က်စ္ ... Matrix ဇာတ္လမ္းထဲကလိုသာ ဝတ္ထားတာ၊ ဘတ္စ္ကားခေတာ့ မေပးႏိုင္ဘူး"
ယာဥ္ေမာင္းက အထင္ေသးစြာ ေဝဖန္ေလသည္။
"ဖြီး"
စားပြဲ၌ ေရေသာက္ေနသည့္ ေက်ာင္းသားတစ္ေယာက္ ေရသီးကုန္သည္။ တစ္ခ်ိန္တည္းမွာပင္ သူတို႔၏ အေတြးထဲ၌ အေတြးတစ္ခု ေပၚလာသည္။
*ဒီဘတ္စ္ကားေမာင္းတဲ့သူက ေတာ္တယ္ဟ*
ထို႔ေနာက္ ဇာတ္လမ္းတြဲက ဆက္လက္ျပသေန၏။ က်ားက်ားယားယား ဟူရီေဖး ေပၚလာသည္။ သူမ၏ ခက္ထန္၍ အနည္းငယ္ ရယ္ခ်င္စရာေကာင္းေသာ ပုံစံက ဖမ္းစားသြားျပန္သည္။ ထို႔ေနာက္တြင္မူ က်န္းေပါင္ႏွင့္ ဝမ္ယြီသည္ ကားမွားစီးမိၿပီးေနာက္ လမ္းေပၚ၌ စက္တပ္ယာဥ္ငယ္ေလးမ်ား ၿပိဳင္သည့္ ျမင္ကြင္း ေပၚလာသည္။
"ငါက လူေကာင္းတစ္ေယာက္၊ လူေကာင္းက ငါပဲ၊ ငါက က်န္းေရွာင္ရွန္းပဲ"
ဇာတ္ေကာင္တစ္ခုခ်င္းစီအား မွတ္မိလြယ္ေသာ ပုံစံႏွင့္ တစ္ခန္းခ်င္း မိတ္ဆက္သြားသည္။ လူတိုင္းတြင္ ကိုယ္ပိုင္ ညႇိဳ႕ဓာတ္မ်ားရွိၿပီး အခန္းတိုင္းက ရယ္စရာမ်ားႏွင့္ ျပည့္ေနၿပီး မရပ္တန႔္ႏိုင္ေခ်။ ယင္းက သူတို႔အေပၚ၌ နက္ရႈိင္းစြာ အထင္ႀကီးမိသြားေစသည္။
ေက်ာင္းသားမ်ား၏ စုေဝးပြဲမွ ေျပာစရာကိစၥမ်ားက ဇာတ္လမ္းတြဲမ်ားဘက္သို႔ ေျပာင္းသြားသည္။ သူတို႔သည္ စားေသာက္ရန္ ေမ့လုနီးပါး ျဖစ္သြားၿပီး အဆက္မျပတ္ ရယ္ေနၾကသည္။
"ေသစမ္း၊ အဲ့ယာဥ္ေမာင္းက တကယ့္ ပုန္းကြယ္ေနတဲ့ ေဘာ့္စ္ပဲ၊ သူ ငယ္ငယ္တုန္းက လူႀကီးေတြကို ထိုးႀကိတ္ၿပီး ကေလးေတြကို ကန္ေက်ာက္ႏိုင္တဲ့ ရက္စက္တဲ့လူမ်ိဳး ျဖစ္မွာ ေသခ်ာတယ္"
"ထြန္စက္က လမ္းမွာ အရွိန္နဲ႔ လိမ့္ႏိုင္တယ္တဲ့ ၿပီးေတာ့ အျခားကားေတြကိုေတာင္မွ ေက်ာ္လိုက္ေသးတယ္၊ သူတို႔ ဒီလိုဇာတ္ၫႊန္းကို ဘယ္လို ေတြးမိတာလဲ"
"ငါ သည္းမခံႏိုင္ေတာ့ဘူး၊ ငါ့ကို နည္းနည္းေလာက္ ရယ္ခြင့္ေပးဦး၊ ငါ တကယ္ မေအာင့္ႏိုင္ေတာ့ဘူး"
"ဆရာက်န္းရဲ႕ လူေတြကို အေၾကာင္းၾကားတဲ့ပုံက အရမ္း ရယ္ရတယ္၊ ဖက္ထုတ္စားေနတုန္း ပ႐ုတ္လုံးကို မွားစားမိတာ၊ ျခင္႐ိုက္တံနဲ႔ လက္သည္းကို ႐ိုက္မိတာ၊ ၿပီးေတာ့ အိမ္ရွင္နဲ႔ ရဲေတြကို ျမင္ခ်င္႐ုံသက္သက္နဲ႔ နံရံကို ဖ်က္ဆီးပစ္တာ၊ ဟားဟားဟား ရယ္ရလြန္းလို႔ ငါ အူေတာင္ နာတယ္"
"ဆရာက်န္းရဲ႕ ေျဖရွင္းနည္းက မိုက္တယ္၊ လိုင္းမေကာင္းခ်င္ေယာင္ေဆာင္ၿပီး ဖုန္းခ်ပစ္တာ၊ ဖုန္းေခၚတဲ့သူ ဘယ္ေလာက္ စိတ္ဒုကၡေရာက္ေနမလဲ ငါ သိခ်င္လိုက္တာ"
အစကတည္းက သ႐ုပ္ေဆာင္ဝိုင္ကို အားေပးသည့္ ေက်ာင္းသားက ရယ္ေလသည္။
"ဘယ္လိုလဲ၊ သ႐ုပ္ေဆာင္ဝိုင္က ငါတို႔ကို စိတ္မပ်က္ေစရဘူးလို႔ ငါ ေျပာခဲ့သားပဲ၊ ဟုတ္တယ္မလား၊ ဒီဇာတ္လမ္းက တအား စိတ္ဝင္စားဖို႔ ေကာင္းတယ္၊ ရယ္စရာ အျပည့္ပဲ"
*စိတ္ဝင္စားဖို႔ ေကာင္းတာလား*
*ဒါက စိတ္ဝင္စားဖို႔ေကာင္းတာထက္ ပိုတယ္*
ဇာတ္လမ္း အဆက္အစပ္က ျပည့္စုံသည္။ ဇာတ္ကြက္ေျပာင္းသြားပုံတိုင္းက ဟာမသြားေခ်။ အထူးသျဖင့္ စာသားမ်ားက ရယ္စရာေကာင္းၿပီး သ႐ုပ္ေဆာင္မ်ား၏ သ႐ုပ္ေဆာင္စြမ္းရည္မ်ားက ေကာင္းမြန္လွသည္။ ယင္းက ရယ္ရရန္ မခက္ေပ။
"ဘုရားေရ၊ ဒါက သ႐ုပ္ေဆာင္ဝိုင္ပဲေလ၊ အျခားဘယ္သူကမွ ဇာတ္လမ္းကို ဒီလို ႐ိုက္ႏိုင္မယ္လို႔ ငါ မထင္ဘူး"
"ခ်ီးပဲ"
မ်က္မွန္ႏွင့္ေက်ာင္းသားသည္ ထိတ္လန႔္ၿပီး တစ္ခဏမွ် ၿငိမ္သက္ၿပီးမွ ထေအာ္သည္။
"ဒီဇာတ္လမ္းက ... အံ့ဩဖို႔ေကာင္းတယ္"
ယခုမတိုင္ခင္က သူသည္ သ႐ုပ္ေဆာင္ဝိုင္က ေကာင္းေသာ အရာတစ္ခုခု လုပ္ႏိုင္လိမ့္မည္ဟု မထင္ဘဲ ေဝဖန္ခဲ့သည္။
*ဒီဇာတ္လမ္းက ပ်င္းဖို႔ေကာင္းလို႔လား*
*အျခားသူတစ္ေယာက္က ႐ိုက္တာဆိုရင္ ပ်င္းေလာက္တယ္*
*ဒါေပမဲ့ သ႐ုပ္ေဆာင္ဝိုင္ရဲ႕ ထုတ္လုပ္ေရးက အတူတူပဲ ျဖစ္ပါ့မလား*
အထင္ေသးခဲ့သည့္ ေက်ာင္းသားမ်ားသည္ ကသိကေအာက္ျဖစ္စြာ ၿပဳံးေနၾကသည္။ အရွက္ကြဲသည့္အျဖစ္က လ်င္ျမန္စြာ ေရာက္လာခဲ့ပါတကား။
ဤသည္က ဇာတ္လမ္းအမ်ိဳးအစားႏွင့္ ဘာမွမဆိုင္ေခ်။ ယင္းက ဒါ႐ိုက္တာေပၚတြင္သာ မူတည္ေလသည္။ သ႐ုပ္ေဆာင္ဝိုင္၏ အရည္အခ်င္းကို ဘယ္လိုလုပ္ သာမန္အျမင္ႏွင့္ တိုင္းတာႏိုင္ပါမည္နည္း။
လူအခ်ိဳ႕သည္ မေနႏိုင္ဘဲ သူတို႔၏ WeChat Moments ၌ ေရးတင္ၾကသည္။
[ဘုရားေရ၊ ဒီဇာတ္လမ္းက ငါ့အျမင္ကို အသစ္ျဖစ္သြားေစတာပဲ၊ အံ့ဩဖို႔ေကာင္းလြန္းတယ္]
မၾကာခင္မွာပင္ မွတ္ခ်က္မ်ားစြာ ဝင္လာ၏။
[ဘာျဖစ္တာလဲ၊ မင္း ဘယ္ဇာတ္လမ္းကို ၾကည့္ေနတာလဲ၊ ငါ ကိုယ့္အခ်စ္အတြက္ကို ၾကည့္ေနတာ၊ အဲ့ဒါက အဲ့ေလာက္ႀကီး မေကာင္းပါဘူး၊ ဟုတ္တယ္မလား]
[ငါ နန္းေတာ္ကို ၾကည့္ေနတာ၊ အဆင္ေျပပါတယ္၊ ဒါေပမဲ့ မင္းေျပာတဲ့ အဆင့္ မဟုတ္ဘူး]
[ဒီမွတ္ခ်က္က နည္းနည္း လြန္ေနၿပီ မဟုတ္ဘူးလား၊ ဒါ ဘာဇာတ္လမ္းလဲ]
[ငါ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းကို ေျပာေနတာ၊ ေသာက္ရမ္း မိုက္တယ္]
[ဘာ ... တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းလား၊ မင္း ေနာက္ေနတာပဲ]
[ဒါ လိမ္ေနတာလား]
[ငါလည္း ၾကည့္ၿပီးၿပီ၊ အဲ့ဒါက မိုက္တယ္၊ လုံးဝ ေထာက္ခံတယ္၊ သ႐ုပ္ေဆာင္ဝိုင္က ေတာ္လြန္းတယ္ကြာ]
လူေတာေတာ္မ်ားမ်ားသည္ ဇာတ္လမ္းထဲ နစ္ေနၿပီး မွတ္ခ်က္ေပးရန္ ေမ့ေနၾကသည္။ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္း၏ ပထမပိုင္း ၿပီးသြားမွသာ သူတို႔ ငိုင္ေနရာမွ သတိဝင္လာသည္။
[လခြမ္း အရမ္း ရယ္ရတယ္ကြာ၊ ဒါ လုံးဝကို နတ္ဘုရား လက္ရာပဲ]
[ဒါ အံ့ဩဖို႔ေကာင္းတယ္၊ တကယ္ အံ့ဩဖို႔ေကာင္းတာ၊ ခ်ီးပဲ ... ေနာက္ဆုံးေတာ့ ငါ ဆက္ၾကည့္ရမယ့္ ဇာတ္လမ္းကို ေတြ႕ၿပီ၊ မိုက္တယ္ကြာ]
[ဒါက ေတာ္ေတာ္မိုက္တဲ့ ဇာတ္လမ္းပဲ၊ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းကို မေကာင္းဘူးလို႔ ဘယ္သူ ေျပာတာလဲ၊ ေျပာ ... ငါ နာမည္ကို ကူရွင္းေပးဖို႔ လိုေနၿပီ]
ပထမပိုင္းအၿပီး၌ ေဝ့ေပၚ၊ Tieba ႏွင့္ အင္တာနက္ေပၚ၌ ပြက္ပြက္ညံေန၏။
အစပိုင္း၌ အျခားဇာတ္လမ္းတြဲမ်ားသည္ ေရပန္းစားေနေသာ ရွာေဖြမႈမ်ားအတြက္ ပိုက္ဆံ ေပးခဲ့ၾကသည္။ သို႔ေသာ္ ၾကည့္ရႈသူမ်ား၏ မေရတြက္ႏိုင္ေသာ အားေပးမႈေအာက္၌ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းသည္ အားအင္အျပည့္ျဖင့္ တက္လာၿပီး ေရပန္းစားေနေသာ ရွာေဖြမႈစာရင္း၌ တတိယေနရာသို႔ ခ်ိတ္လာသည္။
[ငါတို႔ အြန္လိုင္းေပၚမွာ ခင္မင္လာတာ ႏွစ္ခ်ီေနတာမို႔လို႔ ငါ မင္းတို႔ကို ရာစုႏွစ္ လက္ရာတစ္ခုကို မွ်ေဝေပးမယ္၊ အဲ့ဒါက တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းပဲ]
[ငါ မွတ္မိသေလာက္ဆို ငါ ဒီလိုေပ်ာ္တာ ဆယ္ႏွစ္ေတာင္ ရွိသြားခဲ့ၿပီ၊ ေက်းဇူးတင္ပါတယ္ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းေရ]
[ဟုတ္တယ္၊ အဲ့ဒါက ျဖတ္သြားရင္း ေျပာေနသလိုပဲ၊ သ႐ုပ္ေဆာင္အားလုံးက တအားရယ္ရတယ္လို႔ ငါ ထင္တယ္၊ သူတို႔ကို ၾကည့္ေန႐ုံနဲ႔တင္ ငါ့ကို ရယ္ေစတာပဲ]
[အမွန္ပဲ၊ ငါ့ကိုယ္က်င့္တရားကို တိုင္တည္ၿပီး က်ိန္ရဲတယ္၊ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းက တကယ္ကို ၾကည့္ရတာ တန္တယ္၊ ဒီည ငါ့မိသားစုနဲ႔အတူ တီဗြီေရွ႕ ထိုင္ၾကည့္ခဲ့တာ၊ ရယ္တာ ရပ္မရဘူး၊ ငါ့မိဘေတြက အသက္ ေျခာက္ဆယ္ရွိေနၿပီ၊ ငါ့ကေလးဆို ရွစ္ႏွစ္ရွိၿပီ၊ ဒါေပမဲ့ ငါတို႔ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းကို အတူတူ ၾကည့္ေတာ့ အတူတူ ရယ္ခဲ့ရတယ္၊ ေက်းဇူးတင္ပါတယ္ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းေရ]
[အေပၚကလူ၊ ငါလည္း အဲ့လို ခံစားရတယ္၊ ငါ့ရဲ႕ အသက္ရေနတဲ့ အေဖက အဲ့ေလာက္ ေပ်ာ္ေနတာကို ငါ တစ္ခါမွ မျမင္ဖူးဘူး၊ တကယ္ ၾကည္ဖူးဖို႔ ေကာင္းတယ္၊ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းသာ ဒီအရည္အေသြးကို ဆက္ထိန္းထားႏိုင္ရင္ ငါ အဲ့ဒါရဲ႕ အမာခံ ပရိသတ္ျဖစ္မွာ]
[ယီးပဲ၊ ဒါ ေလလုံးထြားေနတာ မဟုတ္လား၊ သူတို႔က ဒီေလာက္ေတာ္တဲ့ အလိမ္အညာသမားေတြကို ငွားထား တာလား]
[မင္း ယုံခ်င္လည္းရတယ္၊ မယုံလည္း ရတယ္၊ ေတာ္ၿပီ ငါေတာ့ ဒုတိယအပိုင္း သြားၾကည့္ဖို႔ လိုေနၿပီ]
...
ထိုသို႔ေသာအခ်ိန္၌ က်န္းယုံသည္လည္း တီဗြီေရွ႕၌ ထိုင္ေနသည္။ သူသည္ ရွန္းေက်ာင္း႐ုပ္သံအား တအံ့တဩ ၾကည့္ေနမိသည္။
သူ႔ဦးေခါင္းသည္ ဝီေခၚေနၿပီး ဤသို႔ ႀကီးမားေသာ အံ့ဩစရာေၾကာင့္ လုံးဝ မွင္တက္ေနမိေလသည္။
အဆိုေတာ္ဝိုင္ကို ေလးစားေသာအားျဖင့္ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းကို ထုတ္လႊင့္ရန္ သူ သေဘာတူခဲ့ ေသာ္လည္း ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမား မထားခဲ့ပါ။ သူသည္ ခံစားခ်က္သမား ျဖစ္ၿပီး အဆိုေတာ္ဝိုင္အေပၚ ေက်းဇူးတင္ေၾကာင္း ျပသည့္အေနျဖင့္ ႐ုပ္သံလိုင္းက ပယ္ခ်ေသာ္လည္း သူက တိုက္ခန္း တြင္းမွ အခ်စ္ ဇာတ္လမ္းအား အတင္း ထုတ္လႊင့္ေအာင္ လုပ္ခဲ့သည္။
အဆက္အသြယ္အေပၚ မွီခိုရသည့္ ဇာတ္လမ္းမ်ိဳးက ပုံမွန္အားျဖင့္ ရလဒ္ေကာင္းမ်ား မရေပ။ ထို႔ေၾကာင့္ သူသည္ က်ရႈံးျခင္းအတြက္ ႀကိဳအသင့္ျပင္ထားခဲ့ေလသည္။
သို႔ေသာ္ သူ အမွားႀကီး မွားသြားမွန္း သိလိုက္ရသည္။ ပထမတစ္ပိုင္းတည္းႏွင့္တင္ ဤဇာတ္လမ္းက ထူးျခားမွန္း သိလိုက္သည္။ တကယ္ ထူးျခားလြန္းလွသည္။
ပြင့္ပြင့္လင္းလင္း ေျပာရလ်င္ ေနာက္အပိုင္းမ်ားက စိတ္ပ်က္စရာေကာင္းေသာ ဇာတ္လမ္းေၾကာင့္ က်ဆင္းလ်င္ ေတာင္မွ ပထမပိုင္း၏ အရည္အေသြးက ၾကည့္ရႈသူႏႈန္းအား ေကာင္းေစေပလိမ့္မည္။
အဘယ္ေၾကာင့္နည္း။ ယင္းမွ ပထမဆုံးအျမင္ေၾကာင့္ပင္တည္း။ ၎၏ ေက်ာ္ၾကားမႈအတြက္ အေျခခံက ခိုင္မာသြားေလၿပီ။
သူ႔မ်က္ႏွာက စိတ္လႈပ္ရွားမႈေၾကာင့္ နီရဲေနၿပီး ရွန္းေက်ာင္း႐ုပ္သံ၏ ဥကၠ႒ကို စိတ္မရွည္စြာ ဖုန္းေခၚလိုက္သည္။
"ဥကၠ႒၊ ခင္ဗ်ား တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္းကို ၾကည့္လိုက္လား"
"အေရးမပါလိုက္တာ၊ ငါ အဲ့ဒါကို ေမွ်ာ္လင့္ခ်က္ မ်ားမ်ားစားစား မထားပင္မယ့္ ငါတို႔႐ုပ္သံလိုင္းက ဇာတ္လမ္း ျဖစ္ေနေသးတယ္ေလ၊ ငါ ဘယ္လိုလုပ္ မၾကည့္ဘဲ ေနမွာလဲ"
ဥကၠ႒က ျပန္ေျပာလာသည္။ သူသည္ တစ္ခဏမွ် ရပ္သြားၿပီးမွ ဆက္ေျပာသည္။
"ေရာင္းရင္းက်န္း၊ မင္း ငါ့ကို ေကာင္းေကာင္း သိပါတယ္၊ ငါ ပုံမွန္ဆို ႐ိုင္း႐ိုင္းစိုင္းစိုင္း စကားေတြ မသုံးပါဘူး၊ ဒါေပမဲ့ အခုေတာ့ ငါ "လခြမ္း ငါတို႔ ရွန္းေက်ာင္း႐ုပ္သံေတာ့ အခ်ီႀကီးမိျပန္ၿပီလို႔ ေျပာမိၿပီ၊ ဒါ အႀကီးႀကီး ေပါက္မွာကြ"