မြတင့်(ပြန်လည်ရှင်သန်ခြင်း)

Per Lwin_Sue_Taungoo

128K 11.4K 2.2K

Unicode မြတင့်... သူ အမှားတွေ အများကြီး လုပ်ခဲ့မိသည်။ သူ့အား ချစ်ပေးခဲ့ရသောသူများအပေါ်တွင် ရက်စက်ခဲ့မိသည်။ သူ... Més

မြတင့် ပြန်လည် ရှင်သန်လာပြီ
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁)[Zawgyi]
(၂)
(၃)
(၄)
(၅)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)

(၆)

1.2K 69 0
Per Lwin_Sue_Taungoo

လူတစ်ယောက်ကို နက်ရှိုင်းစွာ ချစ်မိသွားသူတို့၏ အသည်းနှလုံးသည် ဘယ်သောအခါမျှ အကောင်းတိုင်း မကျန်ခဲ့နိုင်ပါ။ ချုပ်ရိုးအထပ်ထပ်နှင့် နာရကျင်ရစမြဲပင်ဖြစ်ရ၏။

လူတစ်ယောက်အား ကိုယ့်ကိုကိုယ်ထပ်ပင် ပို၍ ချစ်မိသွားခြင်းသည် အရှုံးမျှသာဖြစ်ရ၏။

ချစ်မိသွားသည့်အခါ ကာကွယ်ပေးချင်လာသည်။ သူ့အတွက် တိုက်ခိုက်ပေးချင်လာသည်။ ကိုယ့်ကိုကိုယ်တောင် ချစ်ပေးဖို့ မေ့လျော့သွားသည်အထိ ပေးဆပ်ဖို့ အသင့်ဖြစ်နေတတ်လေသည်။

မြတင့်သည် မောင့်အား ထိုသို့ ချစ်ခဲ့မိ၊ ချစ်နေစဲပင် ဖြစ်ရလေသည်။

လွန်းမောင်ကို ချစ်ပေးနေရင်းဖြင့် မြတင့်သည် ကိုယ့်ကိုကိုယ် မေ့လျော့နေခဲ့မိသည်။

မြတင့်မှာ လွန်းမောင်အား မချစ်ချင်တော့ပါ။ အနာတရများပြားလွန်းလှသည့် ဤအချစ်အား မြတင့်သည် စိတ်ကုန်၍ နေသည်။

သို့ရာတွင် မြတင့်၏ နှလုံးသားငယ်သည် မြတင့်၏ဦးနှောက်အား အလိုမလိုက်ခဲ့ပါချေ။

ယခင်ဘဝ မြတင့် သေဆုံးကာနီးတွင်လည်း လွန်းမောင်သည် သူ၏ အနားတွင် ရှိမနေခဲ့ပါချေ။ ထိုအချိန်တုန်းက မြတင့်သည် မောင့်လက်ဖဝါးနုနုအား ဆုပ်ကိုင်ထားချင်ခဲ့မိပါသည်။

သို့သော်လည်း မြတင့်သည် သူ မသေဆုံးခင်အချိန်ကလေးမှာတောင် မောင့်မျက်နှာနုနုအား ထိတွေ့ခွင့်မဆိုထားနှင့်၊ မြင်တွေ့ခွင့်ကလေးပင် မရရှိခဲ့ရပါ။

ယခုဘဝ ပြန်လည်ရှင်သန်လာပြီးသည့်အချိန်တွင်လည်း မြတင့်သည် လွန်းမောင်နှင့်ပတ်သက်သည့် မည်သည့်အစအနကလေးကိုမှ သိရှိခွင့်၊ ထိတွေ့ခွင့် မရခဲ့‌သေးပါချေ။

လွန်းမောင်သည် မြတင့် ပစ်မချရက်‌ဘဲ နာကျင်စွာ ဖက်တွယ်ထားမိသည့် ချစ်ခြင်းမေတ္တာကလေးပင် ဖြစ်ရပါ၏။

‌မြတင့်သည် ဤသို့ အတွေးလွန်ပစ်လိုက်ပါသေးသည်။

မြရဲ့ နှင်းဆီကလေးကို ခူးသွားသူဟာ မောင်ဖြစ်နေရင် ဘယ်လောက်ကောင်းမလဲဟူ၍ပင်။

မောင်သာ ဘိလပ်ကနေ ခပ်စောစောကလေး ပြန်ရောက်လာလျှင် မည်မျှကောင်းလိုက်မည်နည်း။

သို့ပေသိ မောင်နှင့် တွေ့ဆုံသည့်အခါ မြတင့်သည် မည်သို့ပြုမူလိုက်ရမည်ကို မတွေးတတ်အောင် ဖြစ်နေလေသည်။

မောင့်ကို တွေ့သည်နှင့် မောင့်အားပြေး၍ဖက်ကာ မောင့်ကိုယ်သင်းရနံ့ကလေးအား တစ်ဝကြီး ရှူရှိုက်ပစ်လိုက်ရမည်လား။

အခုဘဝမှာ မောင်နဲ့မြဟာ သူစိမ်းတွေပဲ။

သူစိမ်းဟူ၍ တွေးမိလိုက်သည့်အခါ မြတင့်၏ အသည်းနှလုံးသည် စူး၍ အောင့်၏။

အခုဘဝမှာ မောင်ဟာ မြမဟုတ်တဲ့ အခြားသူတစ်ယောက်အား ချစ်မြတ်နိုးသွားခဲ့လျှင်ရော မြဟာ ဘယ်လိုများ လုပ်ရပါ့မလဲကွယ်။

"မြဟာ ဘယ်လိုများ ရင်ဆိုင်ရပါ့မလဲ"

အဖြစ်အပျက်တွေဟာ ယခင်ဘဝနှင့်မတူဘဲ ခြားနားနေခဲ့ပြီမဟုတ်ပါလား။

မြတင့်၏ ပန်းသူခိုးဟာလည်း ‌လွန်းမောင်မဟုတ်ခဲ့။

မြတ်သိန်းဟာလည်း အဆိုးကလေးဖြစ်လာသည်လေ။

ပြီးသည့်နောက် မောင့်အိမ်နှင့်လည်း စောစီးစွာ ပတ်သက်ခဲ့ရလေသည်။

မြတင့်သည် ယခင်ဘဝမှ အဖြစ်အပျက်များ၊ ဒဏ်ရာဒဏ်ချက်များအား သံမှိုစွဲအောင် မှတ်မိနေစဲဖြစ်၍ ယခုဘဝ၌ ရှင်သန်ရမည်မှာ လွယ်ကူမည်ဟု ထင်ခဲ့ဖူးသည်။

အခုတော့ အဖြစ်အပျက်တွေဟာ ကစဉ့်ကလျားဖြစ်၍ နေပြီလေ။

မြတင့်သည် ‌လွန်းမောင်နှင့် ပတ်သက်လျှင် မေ့မေ့မြောမြော ဖြစ်ဖြစ်သွားတတ်၏။

"မြရေ..၊ နေမှ ကောင်းရဲ့လား"

အခန်းအပြင်မှ မြတ်သိန်း၏ အသံကျယ်ကျယ်အား ကြားလိုက်ရမှသာ မြတင့်၏စိတ်အစဉ်သည် ပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာသည်။

မြတ်သိန်း၏အသံကြောင့် မြတင့်သည် ကုတင်ပေါ်မှ အမြန်ဆင်းကာ အခန်းတံခါးအား ထ၍ ဖွင့်ပေးလိုက်လေသည်။

မြတ်သိန်းသည် မြတင့်အား မြင်လျှင်မြင်ချင်းပင် မြတင့်၏ နဖူးကလေးအား လက်ဖြင့် အသာစမ်းလိုက်လေသည်။

"နေကောင်းရဲ့လား"

မြတ်သိန်း၏ စိုးရိမ်နေသော လေသံဖျော့ကလေးနှင့် အပြုအမူကလေးများသည် မြတင့်အား နွေးထွေးသွားစေသည်။ တစ်ဆက်တည်းမှာပင် မြတ်သိန်းအပေါ်၌ လိပ်ပြာမလုံသလိုပင် ခံစားလာရလေသည်။

"နေကောင်းပါတယ်၊ မြတ်သိန်းက အစိုးရိမ်လွန်နေတာပါ"

မြတ်သိန်းက ရှက်ရယ် ရယ်လျက် ပြော၏။

"ကျွန်တော် ခေါ်တာ ကြာလှရှိပြီ၊ အသံမကြားတော့ မြ နေမကောင်းဖြစ်နေပြီ ထင်တာ၊ မြသာ တံခါးလာမဖွင့်ပေးခဲ့ရင် ကျွန်တော် တံခါးဖျက်ပြီးဝင်လာတော့မလို့"

မြတင့်က သဘောတကျရယ်လိုက်ပါ၏။ ထိုအခါ၌ မြတင့်၏ ပုလဲပမာ သွားဖြူဖြူကလေးများသည် လှစ်ခနဲ ပေါ်၍ သွားပါ၏။ ထိုအခါ၌ မြတင့်သည် အပြစ်ကင်းစင်သည့် ကလေးလေးနှင့် တူလေသည်။

မြတ်သိန်းသည် ငေးမိသွားလေသည်။ သူ့ရင်တွေ တငြိမ့်ငြိမ့် ခုန်နေသလိုပဲ။ ဒီကလေးလေး မြတင့်ကို ဆွဲ၍ ရင်ခွင်ထဲထည့်ကာ တင်းကျပ်စွာ ဖက်ထားပစ်ချင်နေမိသည်။

"မြတ်သိန်းဟာ အတွေးသိပ်လွန်တာပဲ၊ လာ... နှင်းဆီတွေ သွားကြည့်ကြစို့"

မြတင့်က အခန်းထဲမှ အရင်ထွက်သွားသည့်အခါ မြတ်သိန်း၏ ရင်မှာ မော၍ ကျန်ခဲ့ရရှာလေသည်။

စင်စစ်မှာ ခြံစောင့်က‌လေး မြတ်သိန်းသည် မြတင့်အား လက်ချောင်းနှင့်ပင် ထိတွေ့လိုက်ပါရန် မဝံ့ရဲခဲ့ပါချေ။ အနှီနဖူးကလေးအား ထိတွေ့ရန်ပင် မြတ်သိန်းသည် ရှိရှိသမျှသော ခွန်အားသတ္တိတို့ကို အားကုန်အသုံးချခဲ့ရသည်လေ။

"ဟင်...ဒီနားက နှင်းဆီကလေး ပျောက်သွားပြန်ပြီ"

ပန်းခြံထဲ ရောက်လျှင်ရောက်ချင်းပင် မြတင့်သည် ဒေါသထွက်ရလေသည်။

မနေ့က ညနေကမှ မြတင့် ဒီမနက် ပွင့်မည်ဟု ပြောထားသည့် နှင်းဆီကလေး။ အလှဆုံးဟု သတ်မှတ်ထားသည့် ပန်းကလေး။

"ဘယ်သူကများ စောစောစီးစီး လာခူးသွားရသလဲ"

မြတ်သိန်းသည် ပန်းပွင့်ကလေးအစား ရိုးတံကလေးသာ ကျန်ခဲ့ရှာသည်ကို ကြည့်၍ ဒေါသအချောင်းချောင်း ထွက်မိလေသည်။

သူ အမြတ်တနိုး ရေလောင်း ပေါင်းသင်ထားရသည့် ပန်းလှလှကလေး၊ မြတင့်က သိပ်လှတာပဲဟု ချီးကျူးထားသည့် ပန်းပွင့်ကလေးမှာ မရှိတော့ပါချေ။

"အရင်ကလည်း ပျောက်ဖူးတာလား၊ ဘာလို့ ကျွန်တော့်ကို မပြောလဲ"

မြတ်သိန်းသည် မြတင့်အား ဆူသည့်လေသံမျိုးဖြင့် ပြောလေသည်။ မြတင့်ခမျာ အနည်းငယ်ပင် အံ့ဩသွားရပါ၏။ ဒီကလေးဟာ ပြောရဲဆိုရဲဖြစ်လာတာပဲ။

"မြတ်သိန်းရဲ့ ဒေါသကြောင့် မပြောတာပေါ့"

မြတ်သိန်းသည် အနားရှိ ရေထမ်းပုံးအား ကန်ထုတ်ပစ်လိုက်ပြီးနောက် လက်သီးလက်မောင်းတန်းကာ ‌ဆို၏။

"နောက်တစ်ခါ လာခူးကြည့်၊ ကျုပ်အကြောင်း သိစေ့ရမယ်"

မြတင့်မှာ မြတ်သိန်းကို ကြည့်ကာ သက်ပြင်းကိုသာ ချနိုင်ပါ၏။

ဘယ်သူကများ လာ၍ ခူးယူနေရသနည်း။ ပန်းသူခိုးသည် အတော် မုန်းချင်စရာကောင်းသည်။ ခူးလျှင် တစ်ပွင့်တည်း ခူးသည်။ ပြီးလျှင် အလှဆုံးဟူသည့် ပန်းပွင့်ကိုမှ ရွေး၍ ခူးသည်။

မြတင့်သည် နေ့လယ်ပိုင်းတွင် မြို့ထဲဘက်၌ ကျောက်သွားကြည့်ရန် အစီအစဉ်ရှိလေသည်။ သို့သော် ထိုအစီအစဉ်အား ဖျက်လိုက်လေသည်။

မြတင့်သည် ထားမေကို စောင့်ကြည့်ချင်သည်။ ထားမေ၏ ခေါင်းထက်တွင် သူ့ပန်းနီနီကလေးများ ရှိနေမလားဟူသည့် သိချင်စိတ်ကလေးဖြင့်။

သို့နှင့် မြတင့်သည် သူ၏ အခန်းပြတင်းမှ တစ်ဆင့် တစ်ဖက်ခြံမှ ထားမေအား စောင့်၍ကြည့်နေလေသည်။

ကြာကြာပင် မစောင့်လိုက်ရ။ နာရီဝက်မျှ ကြာသည့်အခါ ထားမေတစ်ယောက် အပြင်မှ ပြန်လာသည်ကို မြင်လိုက်ရသည်။ ထင်သည့်အတိုင်းပင် ထားမေ၏ ဆံထုံး‌ထက်တွင် မြတင့်၏ နှင်းဆီနီနီကလေး ရှိ၍နေလေသည်။

ထိုစဉ် မြတင့် မထင်မှတ်ထားသည့်အရာတစ်ခု ဖြစ်သွားလေသည်။

မည်သူက ထင်မည်နည်း။ မြတ်သိန်းဟာလည်း မြတင့်နည်းတူ ပန်းသူခိုးအား စောင့်ကြည့်နေမည်ဟူ၍။

မြတင့်ကတော့ ထားမေထံတွင် ပထမဆုံး ပျောက်သွားသည့် နှင်းဆီလေးက မြင်ဖူးမိ၍ ထားမေအား စောင့်ကြည့်နေလိုက်လျှင် ပြီးပြီ။

မြတ်သိန်းကတော့ ထိုသို့မဟုတ်ခဲ့ပါ။ သူသည် ခြံရှေ့မှ ဖြတ်သွားသော ကလေးရော ခွေးပါမကျန် စောင့်ကြည့်ခဲ့ရသည်‌သာ။

ထားမေခေါင်းပေါ်မှ အနှီနှင်းဆီကလေးအား မြင်လိုက်ရသည့်အခါ မြတ်သိန်းသည် ခြံတံခါးဆီသို့ ဝုန်းစိုင်းထွက်သွားသည်ကို မြတင့် မြင်လိုက်ရသည်။ မြတ်သိန်းအား တားရန် ပြင်လိုက်သော်လည်း မမှီတော့ပါချေ။

မြတ်သိန်းသည် ခြံတံခါးဝအတွင်းမှနေ၍ တစ်ဖက်ခြံထဲ ဝင်အံ့စဲစဲ ထားမေအား လှမ်းပြောလိုက်လေသည်။

"ဒီမယ် ဒီမယ်..၊ ပန်းပန်ထားတဲ့ အမိငယ်"

ထားမေသည် မျက်စောင်းထိုး‌ခြံမှ လာသည့်အသံကြောင့် လှည့်ကြည့်လိုက်မိသည်။ ခြံတံခါးဝမှ ခြံစောင့်ဖြစ်ဟန်ရှိသော ယောက်ျားအား မြင်လိုက်ရလေသည်။

"ကျွန်မကို ခေါ်တာလား"

"ဟုတ်တယ်၊ မင်းကိုခေါ်တာ မင်းကို"

တစ်ဖက်လူ၏ လေသံ မာကြောကြောကြောင့် ထားမေသည် စိတ်စနိုးစနောင့်ဖြစ်သွားရ၏။

"ကျွန်မကို ဘာဖြစ်လို့ ခေါ်တာလဲ"

ထားမေသည် မြတ်သိန်းနှင့် မျက်နှာချင်းဆိုင်နေရာအထိ လျှောက်လာခဲ့လေသည်။

"မင်းရုပ်မင်းရည်ကလေးနဲ့ ကျွန်တော့် အိမ်က ပန်းတွေကို ခိုးယူနေတာ မရှက်ဘူးလား"

ထားမေသည် ခါးထောက်၍ ပြန်ပြောသည်။

"ရှင် ဘာတွေပြောနေတာလဲ၊ ရှင့်ခြံထဲက ပန်းတွေ လှလို့ ကျွန်မ ကြည့်မိတာပဲ ရှိတာ မခိုးဘူးရှင့်"

မြတ်သိန်းသည် ထားမေခေါင်းပေါ်မှ နှင်းဆီပွင့်ကလေးအား လက်ညိုးထိုးပြလိုက်သည်။

"ဒီပန်းက ကျွန်တော့် ပန်းဗျ၊ ခင်ဗျားခေါင်းပေါ်က ပန်းကို ခင်ဗျား မခူးလို့ ဘယ်သူမလဲ၊ ဒီလောက် လက်ပူးလက်ကျပ်မိတာတောင် ငြင်းချင်သေးသလား အမိငယ်"

"ဒီပန်းက ရှင့်ပန်း ဟုတ်လား၊ ကျွန်မ မသိဘူးရှင့်၊ ကျွန်မကိုလည်း အသိတစ်ယောက်က ပေးတာပဲ"

"အဲ့အသိက ဘယ်သူလဲ ကျုပ်ကိုပြောပြစမ်း"

ထားမေသည် မြတ်သိန်းအား မျက်စောင်းထိုးကာ ပြော၏။

"ကျွန်မ မပြောဘူးရှင့်"

ထားမေသည် နောက်ဆုံးအကြိမ်အဖြစ် မြတ်သိန်းအား မျက်စောင်းထိုးကာ တစ်ဖက်ခြံထဲ ဝင်သွားလေသည်။

မြတ်သိန်းမှာမူ ဒေါသထွက်လွန်း၍ မျက်နှာကြီးရဲကာ ကျန်ခဲ့လေသည်။

"နောက်တစ်ခါ လာခူးကြည့် ကျုပ်နဲ့ တွေ့မယ်"

မြတင့်သည် အတွေးပိုရပြန်သည်။

ပန်းခူးသူဟာ ထားမေလည်း မဟုတ်ပြန်ဘူးတဲ့လေ။

Continua llegint

You'll Also Like

3.2K 144 6
sin (a ± b) = sin a.cos b ± cos a.sin b cos (a + b) = cos a.cos b - sin a.sin b cos (a - b) = cos a.cos b + sin a.sin b
12.2K 1.5K 8
[Sequel of 'MY SUBCONSCIOUS DESIRE'] Once again, a tale of desire and respect Once again, a tale of Rathod and family bond A multi-couple story. F...
10.1M 756K 88
Marriage had always been my dream but not to a man about whom I know nothing. The moment my father fixed an alliance of me to a Prince without even t...
99.4K 2.2K 48
𝚜𝚑𝚎 𝚠𝚊𝚜 𝚘𝚗𝚌𝚎 𝚑𝚞𝚗𝚝𝚒𝚗𝚐 𝚝𝚑𝚎𝚖 𝚗𝚘𝚠 𝚜𝚑𝚎'𝚜 𝚙𝚛𝚘𝚝𝚎𝚌𝚝𝚒𝚗𝚐 𝚝𝚑𝚎𝚖 Amelia Sealgair spent her summer in Scotland trying to...