(၁၂)

3.5K 453 137
                                    

မြတင့်သည် စိန်ဘယက်အား ဆွဲ၍ မှန်ထဲ၌ လိုက်၊ မလိုက်ကြည့်နေ၏။ ဘေးမှ အလုပ်သမလေးမှာမူ ခေါင်းငုံ့လျက်သားပင် ရှိ၏။ ကိုလှသောင်က မျက်မှောင်ကျုံ့၍ ကြည့်လိုက်သည့်အခါ ထွက်ပင်ပြေးသွား၏။

"အဲဒီဘယက်ကို ကြိုက်သလား"

ကိုလှသောင်က မေး၏။

"ကြိုက်တယ်"

မြတင့်ကလည်း လိုရင်းသာ ပြန်ဖြေ၏။

"ဒါဆို ယူလိုက်"

"ယူမှာလေ"

"ကျစ်! ကျုပ် ဝယ်ပေးမယ်လို့ ပြောတာ"

"မလိုဘူး၊ ကိုယ့်ဘာသာ ဝယ်နိုင်တယ်"

ကိုလှသောင်သည် ထားမေနှင့် မြတင့်တို့ ကွာခြားချက်ကို သတိထားမိသွား၏။ ထားမေသာဆိုလျှင် ချက်ချင်းလက်ခံလိုက်မည်သာ။ မြတင့်ကတော့ မာနသိပ်ကြီးလွန်းသည်။

"မာနအိုးပဲ"

"ဘာပြောတယ်!"

"ဘာမှ‌မပြောဘူး၊ လက်စွပ်ပဲ သွားကြည့်ရအောင်"

"ဒီတစ်ခု"

ကိုလှသောင်ရော မြတင့်ပါ လက်စွပ်တစ်ခုတည်းကို လက်ညိုးထိုးလိုက်မိသွား၏။ ထိုအခါ၌ လက်ညိုးချင်း နှစ်စက္ကန့်စာမျှ ထိမိသွား၏။ ထိုအနွေးဓာတ်က‌လေးကြောင့် ကိုလှသောင်၏ ခန္ဓာကိုယ်တစ်ခုလုံး လျပ်စီးနှင့် ထိလိုက်ရသည့်သဖွယ် ကျဉ်၍သွား၏။ ထပ်၍ထိတွေ့ချင်သည်။ ကိုင်တွယ်ချင်သည်။ ထို့ထက်ပို၍တော့ ကိုလှသောင်သည် မတွေးကြည့်ရဲတော့ပါချေ။

"ဒီတစ်ခုကတော့ အတော်လေးလှတယ်၊ လိပ်ပြာပုံကလေးကလည်း အဆန်းသား၊ မြတောင် တစ်ခါမှ စိတ်မကူးဖူးတဲ့ ပုံစံပဲ"

"ဒီတစ်ခုပဲ ယူလိုက်ကြစို့"

"ထပ်မကြည့်တော့ဘူးလား"

"တော်ပြီ၊ ဒါပဲ ယူလိုက်မယ်"

ကိုလှသောင် ဝယ်သည့် လက်စွပ်မှာ ငွေရှစ်ရာသာ ပေးခဲ့ရသော်လည်း မြတင့် ဝယ်သည့် စိန်ဘယက်မှာ ငွေတစ်သောင်း ပေးခဲ့ရလေသည်။ ဆိုင်ထဲက မထွက်ခင် ကိုလှ‌သောင်သည် ဆိုင်ရှင်အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သေးသည်။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Où les histoires vivent. Découvrez maintenant