(၁၄)

5.9K 508 310
                                    

လွန်းမောင်သည် ဟိုတစ်နေ့အား လူမှားခဲ့သည့် အနီရောင်ဝတ် အမျိုးသားအား စိတ်ထဲမှ ထုတ်မရဘဲ ရှိနေပါ၏။ ထိုအမျိုးသားက သူ့ကို ကြည့်ခဲ့သည့်အကြည့်များအား သူသည် သိပ်ကို ရင်းနှီးဖူးသလိုပင် ရှိနေ၏။ ထိုအကြည့်များကြောင့် လွန်းမောင်မှာ ရင်ထဲ၌ လေးလေးပင်ပင်ကြီး ဖြစ်ခဲ့ရ၏။

ထိုအမျိုးသားထံမှ နာကျင်ကွဲရှမှုတို့သည် သူ့ထံသို့ပင် ကူးစက်ပျံ့နှံ့လာပါသေးသည်။ သူ ဘိလပ်မသွားခင်ကအထိ အိမ်ရှေ့က ခြံမှာ ဘယ်သူမှ မနေကြသေး။ ယခုတော့ နေမည့်သူများ ရှိနေကြဟန်တူသည်။ ခြံထောင့်က နှင်းဆီခြံကလေးဟာလည်း တင့်တယ်နေပါ၏။ အနီရောင်နှင်းဆီများကြောင့် လွန်းမောင်သည် ထိုယောက်ျားအား သတိရမိရသေးသည်။

အရှေ့ခြံက ဘယ်ကသူတွေလဲလို့ ထားမေကို မေးတော့ လူထူးဆန်းတွေ နေတာဟုသာ ပြောပြ၏။ ထိုအိမ်နှင့် အဆင်မပြေဘူးလားဟု ထားမေကို ထပ်မေးကြည့်ပြန်တော့ အဲဒီအိမ်က ကပ်စေးနှဲတွေတဲ့လေ။ ပန်းတစ်ပွင့်ကိုတောင် တွန့်တိုသေးသတဲ့။ ဘယ်လိုလူတွေပါ့လိမ့်ဟူ၍ပင် လွန်းမောင်မှာ အမြင်စောင်းခဲ့ရသေးသည်။

သို့ရာတွင် ထားမေသည် မြတင့်က မေမေ့အား ပေးခဲ့သည့် ငွေလေးထောင်အကြောင်းကိုတော့ ထည့်မပြောဘဲ တမင်ချန်ထားခဲ့လေ၏။

လွန်းမောင်သည် ထိုယောက်ျားပျိုအား တွေ့လိမ့်နိုးနိုးဖြင့် လိုက်ရှာကြည့်သေးသည်။ မတွေ့ခဲ့ရပါ။ ထပ်တွေ့ချင်သည်။ ထိုပြင်းရှရှ မျက်ဝန်းများ၏ အဖြေကို ရှာဖွေကြည့်ချင်သည်။

မြတင့်မှာ နဂိုကတည်းက အိမ်ပြင်သိပ်ထွက်‌လေ့ရှိသူ မဟုတ်ခဲ့ရာ လွန်းမောင်သည် မြတင့်အား မြင်တွေ့ခွင့် မရခဲ့ပါချေ။ အခုတော့ လွန်းမောင် ရှာတွေ့ခဲ့ပြီ။

ထိုမြင်းလှည်းဖြူကလေးသည် ထားမေ လိုက်လာခဲ့ရန် ခေါ်ထားသည့် မင်းကတော်များဆီသို့ ဦးတည်မောင်းနှင်နေပါ၏။ လွန်းမောင်သည် ထိုမြင်းလှည်းအား ကျော်တက်ရန် စိတ်ကူးမရှိဘဲ ခပ်ဝေးဝေးမှ ဖြည်းဖြည်းချင်း လိုက်နေမိ၏။ ဒေါ်အမာတင်၏ ခြံရှေ့သို့ ရောက်သည့်အခါ မြင်းလှည်းသည် ရပ်တန့်သွား၏။

မြတင့်(ပြန်လည်ရှင်သန်ခြင်း)Where stories live. Discover now