မြတင့်(ပြန်လည်ရှင်သန်ခြင်း)

By Lwin_Sue_Taungoo

132K 11.6K 2.2K

Unicode မြတင့်... သူ အမှားတွေ အများကြီး လုပ်ခဲ့မိသည်။ သူ့အား ချစ်ပေးခဲ့ရသောသူများအပေါ်တွင် ရက်စက်ခဲ့မိသည်။ သူ... More

မြတင့် ပြန်လည် ရှင်သန်လာပြီ
(၁)[Unicode]
(၂)
(၃)
(၄)
(၅)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)
(၁)[Zawgyi]
(၂)
(၃)
(၄)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂)
(၁၃)
(၁၄)

(၅)

675 42 0
By Lwin_Sue_Taungoo

မြတင့်သည် သူ၏ရှေ့ရှိ မှန်တင်ခုံပေါ်မှ ငွေလေးဆယ်အား မမှုန်မသုန် စိုက်ကြည့်နေမိသည်။ အချိန်ဆွဲနေ၍လည်း ပြီးသွားမည့်ကိစ္စမဟုတ်။ မောင့်တို့အိမ်ဟာ ဤလေးဆယ်မျှသော ငွေအား အမှုထားမည်မဟုတ်မှန်း မြတင့် ကောင်းကောင်းကြီး သိပါ၏။

သို့သော်လည်း ပြန်လည်ရှင်သန်လာပြီးသည့်နောက်တွင် မြတင့်သည် အရင်ကထက်ပင် ပို၍ မာနကြီးလာသည်လေ။ မောင်တို့မိသားစုမှမဟုတ်၊ အခြားမည်သူတစ်ဦးတစ်ယောက်အပေါ်မှာမှ တစ်ပြား၊တစ်ကျပ်ပင် အကြွေးတင်မခံလိုပါချေ။ မောင်တို့အိမ်က မိသားစုဝင် တော်တော်များများဟာ အောက်ဖဲလှန်တတ်သူတွေချည်းပဲ မဟုတ်ပါလား။ ခန့်မှန်း၍ မရနိုင်ပါသည့် နောင်တစ်ချိန်တွင် ဤငွေလေးဆယ်အား ပြန်မပေးမိ၍ အလှောင်ပြောင်ခံရလျှင် သိပ်ရှက်စရာကောင်း၏မဟုတ်လား။

ဤသို့ ပြောကောင်းပြောနိုင်ပါသေး၏။
မြတင့်ဟူသည့် အခြောက်မဟာ အတိတ်ဘဝများက စာရိတ္တပျက်ပြားခဲ့၍ ယခုဘဝ၌ အခြောက်မဖြစ်သည်ကိုပင် နောင်တမရ။ ငွေလေးဆယ်ကိုပင် ပြန်ဆပ်ဖို့ စိတ်ကူးရှိသည်မဟုတ်ဟူ၍များ မပြောဘူးဟု ထင်နေ၍မရ။

ထို့ကြောင့် မြတင့်သည် ဤကိစ္စဟာ သူကိုယ်တိုင်ဖြေရှင်းရမည့် ကိစ္စမှန်း သိလိုက်ပါ၏။ ထို့နောက် မှန်တင်ခုံပေါ်ရှိ ငွေလေးဆယ်ကို ယူကာ အိမ်အောက်သို့ ဆင်းလာခဲ့လေသည်။

နှုတ်ခမ်းထက်တွင်တော့ မည်သူ့ကိုမှ အထင်မကြီးပါဘူးဟူသည့် မဲ့ပြုံးလေးအား ဆင်မြန်းထားပါ၏။

လမ်းကလေးကူးလိုက်ရုံဖြင့် မောင့်အိမ်ရှေ့သို့ ရောက်ပြီ။ လူခေါ်ခေါင်းလောင်းကလေးအား လှုပ်ရှားပစ်လိုက်ပါရန် မြတင့်ထံတွင် အားအင်များ မရှိတော့သည့်အလား ခြေထောက်များက ပျော့ခွေ၍ လာလေသည်။ ရင်ဘတ်ငည် ကျယ်လောင်စွာ တဒိန်းဒိန်းခုန်နေမိသည်။ ခဲမှန်ဖူးသောစာငှက်ကလေးဖွယ်ဖြစ်၍နေပါ၏။

မြတင့်သည် ခေါင်းလောင်းကလေးအား အသာအယာ လှုပ်လိုက်လေသည်။ ခဏမျှ ရပ်စောင့်လိုက်ပြီးနောက် အိမ်ထဲမှ မောင့်မေမေ ဒေါ်စိန် ထွက်လာလေသည်။

"အိမ်ရှေ့က ဘယ်သူများလဲကွဲ့"

ခြံတံခါးဝရောက်၍ မြတင့်အား မြင်လိုက်ရသည့်အခါ ဒေါ်စိန်၏ နှုတ်ခမ်းများသည် မသိမသာ တွန့်ချိုးသွားသယောင်။ ဝတ်ထားသည်မှာ ယောဂီဝတ်စုံနှင့် လည်ပင်းမှာလည်း ပုတီးကုန်းကြီးနှင့်၊ လက်ထဲမှာလည်း ပုတီးတစ်ကုံးကိုင်ထားသေးသည်။ ဝတ်ထားသော ဝတ်စုံနှင့်မှမလိုက်၊ ကိုင်ထားသော ပုတီးကုန်းကိုမှလည်း အားနာရကောင်းမှန်း မသိ၊ သူ့မျက်နှာမှာ ရွံရှာမုန်းတီးမှုတို့အပြည့်။ မြတင့်သည် ကျယ်လောင်စွာ ဟားတိုက်၍ ရယ်မောပစ်လိုက်ချင်သည်။ ဒါတွေလား ဘုရားနှင့် တရားနှင့် နေသည့်သူတွေ။

"‌ဪ...၊ တစ်ဖက်ခြံက မြတင့်ဆိုသူပဲ၊ ဘာကိစ္စများ ရှိလို့ပါလဲ"

မြတင့်သည် မည်သည့်စကားကိုမျှ ပြန်မပြောခဲ့ပါ။ ဒေါ်စိန်သည် သိချင်စိတ်ပြင်းပြလျက် မြတင့်ကိုသာ စူးစမ်း၍ ကြည့်နေ၏။

ဤမြတင့်ဟူသည့် ယောက်ျားပျက်သည် မိမိတို့အိမ်နှင့် ဘာတွေများ ပတ်သက်စရာအကြောင်းရှိရပါသနည်း။

အို...ဒီယောက်ျားပျက်နှင့် ပတ်သက်လို့တော့ ကောင်းတာ မရှိနိုင်။ ယုတ်စွအဆုံး သူ့ရောဂါတွေပါ အိမ်က လူတွေကို ကူးကုန်မှ ခက်ရချည်ရဲ့။ မိမိ သားကြီး ကိုလွန်းမောင် ဘိလပ်မှာသာ ရှိနေသေးလို့ တော်ရသေးသည်။ တော်ကြာ ဒီအခြောက်မဟာ မိမိသားကို ကလူ၏မြှူ၏ လုပ်နေမှဖြင့် ခက်ရချည်ရဲ့။ မိမိ၏ သားကြီး ကိုလွန်းမောင်ဟာ ရိုးအအနှင့်မဟုတ်လား။

ဒီအခြောက်မဟာ မာယာကြွယ်မည့်ဟာမ။ မျက်လုံးတွေဟာလည်း မိမိလို လူကြီးသူမကို ကြည့်တာတောင်မှ ရဲတင်းလိုက်ပါဘိ။ နှုတ်ခမ်းနီနှင့် ပါးနီနှင့်၊ ဝတ်ပုံစားပုံစားဟာလည်း ဆန်း၏။ ခြုံကြည့်လိုက်ရလျှင် သိပ်လှသည်။ သားကြီး ကိုလွန်းမောင် ဘိလပ်က ပြန်ရောက်လာသည့်အခါ ဘယ့်နှယ်များ လုပ်ရမည်နည်း။ ဒေါ်စိန်သည် ပူပန်၍ မဆုံးနိုင်ဖြစ်‌နေရတော့သည်။

ဒေါ်စိန်သည် မြတင့်ဟူသည့်အခြောက်မသည် မိမိအိမ်သို့ မည်သည့်အကြောင်းကြောင့်များ လာခဲ့ရသည်ကို သိချင်စိတ်ပြင်းပြနေခဲ့သော်လည်း မြတင့်အား ခြံတံခါးဖွင့်မပေးသေးပါချေ။ ဒေါ်စိန်သည် မြတင့်ကဲ့သို့သော ယောက်ျားပျက်အား မိမိအိမ်ထဲသို့ ခေါ်သွင်းရန်မှာ နိမ့်ကျလွန်းလှသည်ဟု တွေးမိသည်။ ဤယောက်ျား ချနင်းသွားမည့် ကြမ်းပြင်ပေါ်မှာ နေရာများ၊ ထိုင်သွားမည့် ကုလားထိုင်တို့ဟာ ရွံရှာဖွယ်အတိဖြင့် ကျန်ခဲ့ရမည်မဟုတ်ပါလား။ မြတင့်မှာလည်း မိမိအား အိမ်ထဲသို့ ဝင်ပါရန် လေးလေးစားစား မခေါ်မချင်း မည်သည့်စကားတစ်ခွန်းမျှ ပြောမည့်ပုံ မပေါ်ပါချေ။

နောက်ဆုံးတွင်တော့ မြတင့်၏ မာန်အား ဒေါ်စိန် မယှဉ်နိုင်ခဲ့ပါချေ။ ဒေါ်စိန်သည် ရွံရှာနေလျက်ကပင် ခြံတံခါးဖွင့်ပေး၍ မြတင့်အား အိမ်ထဲသို့ ဝင်ရန် ဖိတ်ခေါ်လိုက်ရပါ၏။

"လာပါကွယ် အထဲဝင်ပါ"

ဒေါ်စိန်၏ နှုတ်ဖျားက ထွက်အံကျလာသော စကားလှလှကလေးများမှာ ချိုမြိန်နေသယောင် ရှိသော်လည်း မျက်လုံးများကတော့ လိမ်၍မရနိုင်ပါ။

သူ မြတင့်ကို ရွံမုန်းနေသည်လေ။

မြတင့်သည် ဒေါ်စိန်အား မဲ့ပြုံးကလေးဖြင့် ပြုံးပြလိုက်လေသည်။ ထိုအပြုံးသည် ဒေါ်စိန်၏ နှလုံးသားထဲသို့ ဆူးတစ်ချောင်းနှယ် ထိုးစိုက်သွားခဲ့လေသည်။ အစကတည်းကမှ ဒေါ်စိန်သည် မြတင့်အား ကြည့်မရသည်ဖြစ်ရကား ယခု၌ မြတင့်သည် မိမိအား မဲ့၍ပင် ပြုံးပြသွားသေးသည်လေ။

"ဝင်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်"

ဒေါ်စိန်သည် ဧည့်ခန်းထဲသို့ ဦးဆောင်သွားလိုက်ပြီးနောက် မြတင့်အား ကုလားထိုင်တစ်ခုတွင် ထိုင်ရန် ပြောလေသည်။

"ဒီမှာ ခဏထိုင်နှင့်ပါ၊ ဒေါ်ဒေါ်  ကော်ဖီသွားဖျော်လိုက်ပါဦးမယ်"

"တော်ပါပြီ ၊ မြ မသောက်ချင်ပါဘူး၊ မြ လာတာ ကိစ္စတစ်ခုကြောင့်ပါ"

ဒေါ်စိန်သည် မြတင့်နှင့် မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်၍ ထိုင်လိုက်လေသည်။

"ဘာကိစ္စများလဲ၊ ထိတ်ထိတ်ပြာပြာရှိလိုက်တာကွယ်"

ဒေါ်စိန်သည် သူမ၏ ရင်ဘတ်ပေါ်သို့ လက်ဖြင့် အသာအယာဖိလျက် အမူအရာပိုလွန်းစွာ ပြော၏။

"မနက်က မြတို့အိမ်က ကလေးမလေးဟာ ဒီအိမ်က ထားမေဆိုသူ မိန်းကလေး ဝယ်လာတဲ့ ကြက်ဥတွေကို ဝင်တိုက်မိပြီး ခွဲမိသလို ဖြစ်သွားခဲ့တယ်လေ၊ ကြက်ဥတွေဟာ ငွေငါးဆယ် တန်‌တယ်လို့ မြ သိရတယ်၊ အိမ်က ကလေးမလေးမှာကလည်း ငွေတစ်ဆယ်ပဲ ပါသွားရှာတော့ ငွေလေးဆယ်ကို မြတို့ဘက်က ပေးစရာရှိနေတယ်လေ"

ဒေါ်စိန်သည် ဤကိစ္စအား သိပြီးသားဖြစ်လေသည်။ ထားမေမှာ ပြန်ရောက်ရောက်ချင်းကတည်းက သူ့အမေအား ဖောက်သည်ချပြီးသား ဖြစ်လေသည်။ ဒေါ်စိန်သည် ထိုငွေလေးဆယ်အား စိတ်ထဲတွင်ပင် မထားပါချေ။ ထိုမျှလောက်သောငွေသည် ဒေါ်စိန်တို့အတွက်တော့ ပါမွှားကလေးမျှသာ ဖြစ်၏။

"ဒီ့အတွက်ဆိုရင်တော့ ဒေါ်ဒေါ်တို့ကို ပြန်ပေးစရာမလိုပါဘူးကွယ်၊ ယူလာတဲ့ ငွေလေးဆယ် ပြန်သာ ယူသွားလိုက်ပါ"

ဒေါ်စိန်၏ စကားများထဲတွင် မြတင့်အား နှင်လွှတ်နေသည့် သဘောများ ပါသည့်အပြင် မြတင့်တို့ မိသားစုအား နွမ်းပါးသည့်ပုံစံမျိုးများပါနေလေသည်။ ထို့အပြင် မြတင့်က စားပွဲပေါ်တင်ပေးထားသည့် ငွေလေးဆယ်ကိုပင် မထိချင်မကိုင်ချင်သည့်ပုံစံဖြင့် ရွံရှာစွာ မြတင့်ဘက်ဆီသို့ ပြန်၍ တွန်းပို့ပစ်လိုက်သေးသည်။ မြတင့်၏ ငုပ်လျှိုးနေသော ခပ်ရွဲ့ရွဲ့အမှောင်စိတ်သည် တိုးထွက်လာလေ၏။ သည်းခံ၍တော့ မဖြစ်တော့ပါ။

အလာတုန်းကတော့ မြတင့်သည် ငွေလေးဆယ်ပေးရန်သာ ရည်ရွယ်ခဲ့ရိုးအမှန်ပင် ဖြစ်ချေ၏။ မိမိတို့ မိသားစုအား ဒီလိုတော့ အကြောကလေးဖြင့် ဆက်ဆံသွားသည်ကိုတော့ မြတင့်သည် လုံးဝ သည်းမခံနိုင်ပါချေ။ မြတင့်သည် မိမိဘက်ဆီသို့ ဒေါ်စိန် တွန်းပစ်လိုက်သည့် ငွေလေးဆယ်အား လက်ပွေ့အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"အို...၊ မဟုတ်တာပါပဲ၊ ဒီကိစ္စဟာ မြတို့ဘက်က လုံးဝမှားတာပါ၊ ငွေလေးဆယ်လောက်နဲ့ ဘယ်လိုများ လိပ်ပြာလုံနိုင်ပါ့မလဲလေ"

မြတင့်သည် အားနာနေဟန်ဖြင့် ဆက်၍ပြောသည်။

"ငွေတစ်သောင်းပေးပြီး တောင်းပန်ရင်တောင် မလုံလောက်သေးပါဘူး၊ ဒါပေမယ့် မြတို့အိမ်ဟာ ချမ်းသာလှတာလည်း မဟုတ်ပြန်ဘူး"

မြတင့်သည် သက်ပြင်းချဟန်ကလေးဖြင့် ဆက်ပြောပြန်သည်။

"ဒါကြောင့် ငွေလေးဆယ်အစား ဟောဒီ ငွေလေးထောင်ကိုပဲ လက်ခံပေးပါ"

မြတင့်သည် သူ၏ လက်ပွေ့အိတ်ထဲမှ ငွေလေးထောင်ကို ထပ်မံထုတ်ယူကာ ဒေါ်စိန်၏ ရှေ့ရှိ စားပွဲပေါ်သို့ အသာအယာ တင်ပေးထားလိုက်လေသည်။ ဒေါ်စိန်သည် မိမိရှေ့ရှိ လေးထောင်ပမာဏရှိသော ငွေကို ကြည့်ကာ မခံချိမခံသာ ဖြစ်သွား၏။ ‌မြတင့်အား ဤမျှ ငွေကြေးရှိကာ ကြွယ်ဝမည်မှန်း ဒေါ်စိန်သည် ဘယ်တုန်းကမှ မထင်ခဲ့မိပါချေ။

"အို မဟုတ်တာဘဲကွယ်၊ ဒီငွေတွေကို ပြန်သာယူသွားပါလေ"

"မြတို့တွေဟာ သူတစ်ပါးပေါ်မှာ ကျေးဇူးကြွေး မထားတတ်တာမို့ မငြင်းပါနဲ့လေ"

"ဒါမှမဟုတ် မြ ပေးတာများ နည်းသွားလို့များလား"

မြတင့်သည် "မီးဖိုချောင်စားရိတ်ကလေးများ ပိုပေးရဦးမလား" ဟူ၍ ဆက်၍ ပြောပစ်လိုက်ချင်မိသည်။

သို့ရာတွင် သူသည် အနည်းဆုံးတော့ မောင့်မေမေဖြစ်နေသေးသည်လေ။

မြတင့်သည် သူ့အား ပညာရှိနည်းဖြင့် ပြန်လည် နှိပ်ကွပ်သွားသည်ကို ဒေါ်စိန်သည် အကင်းပါးသူဖြစ်၍ သေချာပေါက် သိပါ၏။

တစ်ဖက်တွင်လည်း ဒေါ်စိန်သည် ထိုငွေလေးထောင်အား လွန်စွာ တပ်မက်လျက်ရှိသည်။ သူ့အမျိုးသား ဦးညွန့်၏ သုံးလစာ ဝင်ငွေထက်ပင် ကျော်လွန်နေသေးသည်။ ထို့အပြင် ဘိလပ်တွင် ပညာသင်လျက်ရှိသော သားကြီး လွန်းမောင်အား တစ်လတစ်လ အသုံးစားရိတ် ထောက်ပံ့ရသည်ဖြစ်၍ ဒေါ်စိန်တို့ မိသားစုမှာ မလှုပ်သာ မလူးသာ ဖြစ်နေခဲ့ရပြီမှာ ကြာရော့ပြီလေ။

"မဟုတ်တာပဲ၊ မြတင့် ပေးတဲ့ ငွေတွေဟာ များလွန်းနေပါပြီ"

"ဒါဆို မြကို ပြန်ခွင့် ပြုပါဦး"

"ကောင်းပါပြီ ကောင်းပါပြီ"

နောက်ဆုံးတွင်တော့ ဒေါ်စိန်သည် မြတင့် ပေးသည့် လေးထောင်ဟူသောငွေကို လက်ခံလိုက်ပါ၏။ ထိုငွေများသည် လွန်းမောင်၏ လစဉ်အသုံးစားရိတ်များ ဖြစ်သွားခဲ့လေသည်။

မြတင့် ခြံဝသို့အရောက်တွင် အပြင်မှ ပြန်လာသော ထားမေနှင့် တိုးလေသည်။ ထားမေသည် မိမိတို့အိမ်နှင့်မြတင့်မှာ အနည်းငယ်မျှပင် မရင်းနှီးသည်ဖြစ်၍ အနည်းငယ်ကြောင်အသွားမိပြီးမှ မြတင့်အား ပြုံးပြလိုက်လေသည်။

မြတင့်အတွက်တော့ ထိုသို့မဖြစ်ခဲ့ရပါ။ ထားမေမှာ မြတင့်၏ စိတ်အာရုံထဲမှ အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်ချင်သည့် နာကျင်နေရသည့် ဆူးတစ်ချောင်းပင် ဖြစ်နေရပေသည်။

ထားမေ ပြုံးပြနေသည်ကိုပင် မြတင့်မှာ ပြန်မပြုံးပြခဲ့မိပါ။

ထားမေအား ခြုံ၍ ကြည့်လိုက်သည့်အခါ အပြစ်ကင်းစင်နေစဲဖြစ်သည့် ကလေးမလေးတစ်ယောက်ကိုသာ မြင်မိပါ၏။

သို့ရာတွင် ထားမေကတော့ ထားမေပါပဲလားဟူ၍ မြတင့်သည် တွေးမိပါ၏။

မြတင့် ပျောက်ဆုံးသွားသည်ဟူသည့် အလှပဆုံးသော နှင်းဆီနီနီကလေးသည် ထားမေ၏ ဆံနွယ်နက်နက်များထက်မှာ နွမ်းလျစွာ။

"မောင်မဟုတ်တဲ့ ဘယ်သူကများ မြရဲ့နှင်းဆီကလေးကို ခိုးယူခဲ့သလဲကွယ်"

ထားမေသည် မြတင့်အား ပြုံးပြပြီးနောက် အိမ်ထဲ ဝင်လာလိုက်သည်နှင့် ‌စက္ကူငွေအထပ်လိုက်ကြီးအား ဆုပ်ကိုင်ကာ ဒေါသထွက်နေသည့် သူ့အမေ ဒေါ်စိန်ကို မြင်လိုက်ရပါ၏။

"တစ်ဖက်ခြံက မြတင့်က ဘာလာလုပ်တာလဲ၊ အမေ့လက်ထဲမှာလည်း ငွေတွေ အများကြီးပဲ"

ဒေါ်စိန်သည် ထားမေအား ဒေါသထွက်စွာ ကြည့်၏။

"ညည်းကြောင့်လေ ထားမေ ညည်းကြောင့်"

ဒေါ်စိန်သည် ပြောရုံနှင့်မပြီး၊ ထားမေ၏ လက်မောင်းအိုးကလေးကိုလည်း နာကျင်သည်အထိ ထုရိုက်သည်လေ။

"ထားမေက ဘာတွေများ လုပ်မိလို့ ရိုက်နေရတာလဲ"

"အဲ့ဒီအခြောက်မ မြတင့်က ညည်းကို ပေးရမယ့် ငွေလေးဆယ်အစား ဒီငွေလေးထောင်ကို ပေးသွားတယ်လေ၊ ပြောသေးတယ် ပေးတာများ နည်းသွားသေးသလားတဲ့၊ ညည်းရှာတဲ့ ပြဿာနာကြောင့် ငါ အဲ့ဒီအခြောက်မ အထင်သေးတာ ခံလိုက်ရတာ"

ဒေါ်စိန်သည် ထားမေအား ထပ်၍ရိုက်ပြန်သည်။ ထားမေ မခံနိုင်တော့ဘဲ အော်ပစ်လိုက်လေသည်။

"အမေ ဘာဖြစ်လို့ အဲ့ဒီငွေတွေကို ယူထားလဲ၊ အမေ ယူလိုက်လို့ ဟိုက အမေ့ကို အဲ့ဒီလို ဆက်ဆံသွားတာလေ၊ ဒါကို ထားမေအပြစ်တဲ့လား"

ဒေါ်စိန်သည် ထားမေအား လက်ညိုးငေါက်ငေါက်ထိုး၍ ပြော၏။

"ညည်း...ညည်း... မအေကို ဘယ်လိုတွေ ပြန်ပြောနေတာလဲ ဟမ်"

ဒေါ်စိန်သည် ခေတ္တခဏမျှ ငြိမ်လိုက်ပြီးမှ ပြော၏။

"ညည်းအစ်ကိုကို ဒီလအတွက် အသုံးစားရိတ်ပို့ဖို့ ငွေလိုနေတယ်လေ"

ကိုကိုပါပဲ။ အမေရော အဖေရော၏ အတွေးထဲ အာရုံထဲတွင် ရှိသည်က ကိုကို့တစ်ယောက်တည်းသာ။ ထားမေကတော့ အပယ်ခံ အပစ်ခံသာသာပါပဲ။ သမီးမိန်းကလေးဖြစ်၍ အိမ်ထောင်ပြုသားမွေးလုပ်ရုံမှ တစ်ပါး အခြားရွေးချယ်စရာမရှိဟူ၍ သတ်မှတ်ထားကြပြီးသား။

တစ်လတစ်လ ကိုကို့ကို အသုံးစားရိတ် ပို့ပေးနေရသည်နှင့် ထားမေတို့မှာ မချောင်လည်နိုင်။ ထားမေအတွက်ဆို၍လည်း အင်္ကျီတစ်ထည်ပင် ဝယ်မပေးကြ။ အဆန်းတို့လို ဆရာဝန့်သားသမီးတွေ၊ မင်းကတော်စိုးကတော်တွေရဲ့ သားသမီးတွေများဆိုလျှင် အင်္ကျီနှင့် လုံချည်ဆိုလျှင်လည်း မထပ်စေရ။ မျက်နှာချေများဆိုလျှင်လည်း နောက်ဆုံးပေါ်များသာ သုံးကြစွဲကြသည်ချည်းပင်။

ထားမေသည် စိတ်ထဲ၌ တေး၍ ထား၏။ ချမ်းသာသော ယောက်ျားနှင့်သာ လက်ထပ်မည်။ မိဘအိမ်မှာတုန်းက မသုံးရမစွဲခဲ့ရသည်များကို စိတ်ကြိုက် သုံးမည်ဖြုန်းမည်ဟူ၍ပင်ဖြစ်၏။ ထို့နောက် ထားမေသည် သူ၏ အခန်းထဲသို့ ဝင်သွား၏။ ကုတင်ပေါ်အသာထိုင်လိုက်ပြီး ခေါင်းပေါ်မှာ ပန်ဆင်ထားသည့် နှင်းဆီပွင့်အား ဖြုတ်ယူကာ အားပါးတရ နမ်းပစ်လိုက်သည်။ ပြီးနောက် ထိုနှင်းဆီပွင့်အား ကြည့်၍ အောင်နိုင်သူတစ်ယောက်နှယ် ပြုံး၍ ဆို၏။

"ကျွန်မ ရှင့်ကို ရအောင်ယူမှာ"

Continue Reading

You'll Also Like

46.1K 6.7K 64
စာရေးသူ - ယွီရှောက်လန်ရှန်း ဇာတ်ဆောင် - ရှန်ချန်းလင် x ချင်ရှောက်ယွီ - ယဲ့ကျင် x ရှန်ချန်းဖုန်း
57K 5.5K 55
" The darkness closed in around him, like a shroud of silence. Veeranshu's eyes fluttered open, and he was met with an unfamiliar ceiling. Groggily...
161K 2.7K 56
Y/N. A Saiyan with unbelievable potential. He was sent off Planet Vegeta because King Vegeta was afraid that if he lost control Planet Vegeta and the...
Beyond Times By Woody

Historical Fiction

101K 6.3K 57
-"And where do I reside?" -"You reside in my heart, Priye!" Two broken souls, who endured pain and loneliness all their life. Destiny united them and...