My Beautiful SPOUSE

By Yellowish_One

342K 25K 2.2K

ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... More

သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင္း - (၁)
အပိုင်း - (၂)
အပိုင္း - (၂)
အပိုင်း - (၃)
အပိုင္း - (၃)
အပိုင်း - (၄)
အပိုင္း - (၄)
အပိုင်း - (၅)
အပိုင္း - (၅)
အပိုင်း - (၆)
အပိုင္း - (၆)
အပိုင်း - (၇)
အပိုင္း - (၇)
အပိုင်း - (၈)
အပိုင္း - (၈)
အပိုင်း - (၉)
အပိုင္း - (၉)
အပိုင်း - (၁၀)
အပိုင္း - (၁၀)
အပိုင်း - (၁၁)
အပိုင္း - (၁၁)
အပိုင်း - (၁၂)
အပိုင္း - (၁၂)
အပိုင်း - (၁၃)
အပိုင္း - (၁၃)
အပိုင်း - (၁၄)
အပိုင္း - (၁၄)
အပိုင်း - (၁၅)
အပိုင္း - (၁၅)
အပိုင်း - (၁၆)
အပိုင္း - (၁၆)
အပိုင်း - (၁၇)
အပိုင္း - (၁၇)
အပိုင်း - (၁၈)
အပိုင္း - (၁၈)
အပိုင်း - (၁၉)
အပိုင္း - (၁၉)
အပိုင်း - (၂၀)
အပိုင္း - (၂၀)
အပိုင်း - (၂၁)
အပိုင္း - (၂၁)
အပိုင်း - (၂၂)
အပိုင္း - (၂၂)
အပိုင်း - (၂၃)
အပိုင္း - (၂၃)
အပိုင်း - (၂၄)
အပိုင္း - (၂၄)
အပိုင်း - (၂၅)
အပိုင္း - (၂၅)
အပိုင်း - (၂၆)
အပိုင္း - (၂၆)
အပိုင်း - (၂၇)
အပိုင္း - (၂၇)
အပိုင်း - (၂၈)
အပိုင္း - (၂၈)
အပိုင်း - (၂၉)
အပိုင္း - (၂၉)
အပိုင်း - (၃၀)
အပိုင္း - (၃၀)
အပိုင်း - (၃၁)
အပိုင္း - (၃၁)
အပိုင်း - (၃၂)
အပိုင္း - (၃၂)
အပိုင်း - (၃၃)
အပိုင္း - (၃၃)
အပိုင်း - (၃၄)
အပိုင္း - (၃၄)
အပိုင်း - (၃၅)
အပိုင္း - (၃၅)
အပိုင်း - (၃၆)
အပိုင္း - (၃၆)
အပိုင်း - (၃၇)
အပိုင္း - (၃၇)
အပိုင်း - (၃၈)
အပိုင္း - (၃၈)
အပိုင်း - (၃၉)
အပိုင္း - (၃၉)
အချပ်ပို
အခ်ပ္ပို
အပိုင်း - (၄၀)
အပိုင်း - (၄၀)
အပိုင်း - (၄၁)
အပိုငျး - (၄၂)
အပိုင်း - (၄၂)
အပိုငျး - (၄၃)
အပိုင်း - (၄၃)

အပိုင်း - (၄၁)

1.9K 225 8
By Yellowish_One

" ကိုကို့ ... "

ရင်ခွင်ထဲကို အင့်ခနဲ ပစ်ဝင်လာတဲ့ ခန္ဓာကိုယ်လေးကို ကျစ်နေအောင် ထွေးပိုက်ပစ်ရင်း လျှန် လွမ်းနေရတဲ့ အငွေ့သက်တွေကို ခေါင်းလုံးလေးပေါ် မျက်နှာအပ်ရင်း အမိအရ ရှူရှိုက်မိသည်။

" အများကြီးလွမ်းနေတာ ကိုကို့ကို ...  "

" အင်း . ကိုယ်လည်းလွမ်းနေတာ လာပါဦး "

ကိုယ်လုံးငယ်လေးက ရင်ခွင်ထဲရောက်နေတာတောင် မတင်းတိမ်စွာ လျှန်က တင်းကျပ်သည်ထက် တင်းကျပ်နေအောင် ထွေးပွေ့လိုက်ရင်း ဦးခေါင်းထိပ်ကစလို့ နားရွက်ဖျားတွေနဲ့ မျက်နှာပြင်လေးအနှံ့ကို အားပါးတရ နမ်းမွှေးမိသည်။

" ကိုကိုပြောတော့ နောက်နှစ်ရက်နေမှဆို ... အဲ့တာက မနက်ဖြန်မှလေ မဟုတ်ဘူးလား "

" နေး အံ့ဩသွားအောင် ကိုယ်က ပြန်လာတာလေ... မပျော်ဘူးလား . ဟင် "

" ဟင့်အင်း! ဟင့်အင်း ... နေး အရမ်းပျော်နေတာ ... လွမ်းနေရတာ "

ကျောင်းဆင်းချိန်မှာ ဂရင်းနဲ့ဦးနော်က နေးကိုလာကြိုပြီး အိမ်ကိုပြန်ရောက်တော့ တွေ့လိုက်ရတဲ့မျက်နှာကြောင့် လွယ်ထားတဲ့လွယ်အိတ်လေးကိုပစ်ချပြီး ကိုကို့ရင်ခွင်ထဲ ဒုန်းစိုင်းလို့ ပြေးဝင်မိသည်အထိ။ နွေးထွေးတဲ့ ကိုကို့ရင်ခွင်နဲ့ ဝေးနေရတာ ဘယ်လောက်တောင်ကြာနေပြီမလို့လဲ။

" ကဲကဲ ... အလွမ်းသယ်မနေကြနဲ့ဦး . နောက်မှ အလွမ်းသယ်တော့ ... တစ်ယောက်ကလည်း ခရီးကပြန်ရောက်ရောက်ချင်း အဝတ်အစားမလဲဘူး ... တစ်ယောက်ကလည်း ကျောင်းကပြန်ရောက်တာ လွယ်အိတ်တောင်အခန်းထဲမထားနိုင်တော့ဘူး ... သွား သွား အခန်းထဲမှာအေးဆေးနားကြဦး "

အိမ်ရဲ့ဧည့်ခန်းထဲမှာ တစ်ယောက်ကိုတစ်ယောက် မလွှတ်တမ်း ပွေ့ဖက်နေကြတဲ့ နှစ်ယောက်ကို ဂရင်းက လောဆော်လိုက်တော့မှသာ ဖက်ထားရာကနေခွာပြီး မျက်နှာလေးရဲနေတဲ့ နေးနေးက ခေါင်းငုံ့သွားသည်။

" သွား . သွား ဘုံလျှန် ... ဟိုမှာ ရှက်နေပြီ ... အခန်းထဲခေါ်သွားတော့ "

ဦးနော်က အကြည့်လွှဲကာ လက်တစ်ခါခါနဲ့ ထပ်ပြောတော့ ဘေးမှာရှိနေတဲ့ ဂရင်းကရယ်သည်။ လစ်ဒီကလည်း ဦးနော်ပြောနေတာတွေကို နားမလည်သည့်တိုင်အောင် လက်တစ်ခါခါဖြစ်နေတဲ့ ဦးနော်ကိုကြည့်ရင်း ခပ်ဖွဖွရယ်ပါတော့သည်။

" အဲ့တာဆို ခေါ်သွားတော့မယ်နော် ဦးနော် ... ကိုယ်တို့ ညစာဆင်းမစားတော့ဘူး ... နောက်မှပဲ အပြင်ထွက်စားတော့မယ် "

" အေး . အေး... သဘောရှိ . သဘောရှိ "

ဦးနော်တို့ကိုနှုတ်ဆက်ပြီးနောက် လျှန်က ရင်ခွင်ထဲက နေးလက်ျာလေးရဲ့ ပခုံးကိုသိုင်းဖက်ထားရင်း အပေါ်ထပ်ကို တက်ခဲ့လိုက်သည်။ လျှန့်ရင်ခွင်ထဲမှာ မျက်နှာအပ်ထားရင်း နေးကလည်း ငြိမ်ငြိမ်သက်သက်လေး ပါလာသည်။

" လာပါဦး နေးရယ် ... ကိုယ် နမ်းပါရစေဦး "

လျှန်တို့အခန်းထဲကိုရောက်တော့ အဝတ်အစားတောင် မလဲနိုင်ပဲ နေးလက်ျာလေးကို အခန်းတံခါးမှာဖိကပ်ထားလိုက်သည်။ မျက်နှာနုနုလေးကို လက်နှစ်ဖက်နဲ့ ပင့်မော့စေပြီး လွမ်းနေရတဲ့ မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီတိုင်းကို တမေ့တမော ငေးမိသည်။

" ဘာလို့အရမ်းလှနေရတာလဲဟင်.  နေး ... တစ်နေ့တစ်နေ့ မင်းကိုစိတ်မချတော့ဘူး... ကိုယ် ဘယ်လိုလုပ်ရပါ့မလဲ "

လျှန့်အမေးကို ပြန်မဖြေတဲ့ နေးလက်ျာလေးက လျှန့်ကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သလင်းကျောက်တွေလိုမျိုး ကြည်လင်နေတဲ့ မျက်ဝန်းအိမ်လေးတွေထဲကို လျှန် စေ့စေ့ကြည့်နေရင်း လမ်းပျောက်ရတာအခါခါ။ သို့ပေမယ့်လည်း နေးလက်ျာက လျှန့်ရဲ့ပိုင်ဆိုင်ရာလေးဖြစ်နေသည်မို့ တော်သေးသည်။

" ကိုယ် မင်းကိုချစ်လိုက်ရတာ နေးရယ် ... "

ချစ်ရမှုကို လေးလေးပင်ပင် သံရှည်စွဲလို့ လျှန် နင့်နင့်နဲနဲဆိုမိသည်။ ပိုင်ဆိုင်ထားရတာတောင် မချင့်မရဲစိတ်တွေ ဖြစ်တည်တယ်ဆိုတာက ဒီလိုမျိုးပဲ ထင်ပါရဲ့။ ရင်ခွင်ထဲက ခင်ပွန်းလှလှလေးရဲ့ မျက်နှာအနှံ့ကို လျှန့်မှာ အနမ်းစိပ်စိပ်တွေကို ခပ်ဖွဖွအခြေတည်မိသည်။

" ဒီနှုတ်ခမ်းလေးတွေကိုလည်း လွမ်းနေရတာ "

လျှန့်စကားအဆုံး နေးကလေးရဲ့ မျက်ဝန်းအိမ်လေးတွေက ပုလဲလုံးလေးတွေ တည်ရှိနေတဲ့ ကမာအိမ်လေးတွေလိုမျိုး တဖျတ်ဖျတ်ပိတ်သိမ်းလေးရဲ့။ လျှန့်မှာတော့ မရိုးရတဲ့ အလှတရားတွေကြောင့် နေးလက်ျာလေးကို ချစ်ရတာဟာ နေမြင့်လေ အရူးရင့်လေ။

" ကိုကိုနော် . တအားမနမ်းနဲ့ "

ရှက်သွေးဖြန်းတဲ့ မျက်နှာရဲရဲလေးမှာ မျက်တောင်လေးတွေက တဖျတ်ဖျတ်ပုတ်ခတ်တဲ့အခါ လျှန့်ရဲ့ နှလုံးသားဟာလည်း ဘောလီဘော အပုတ်ခံနေရသလိုပင်။

" ဟုတ်ပါပြီ . ညမှပဲနမ်းတော့မယ်... "

" ကိုကိုနော် "

" ကဲပါ... ရှက်မနေနဲ့တော့. ကိုယ်တို့နှစ်ယောက် ဒင်နာဒိတ်ကြမလား "

" တကယ်လား "

" တကယ်ပေါ့... နေး အဝတ်အစားလဲဦးမလား... နေး အဆင်သင့်ဖြစ်ရင် သွားကြမယ်လေ "

" အဲ့တာဆို အဝတ်အစားမလဲတော့ဘူး "

လျှန်နဲ့တွေ့မှ တက်ကြွနေတဲ့ အပြုံးလေးတွေကို မညှိုးငယ်စေချင်တာကြောင့် ရွှေနန်းသခင်လေး စိတ်တိုင်းကျ လိုက်လျောဖို့အသင့်ဖြစ်သည်။

" ကဲ အဲ့တာဆိုလည်း သွားကြစို့ "

နေးလက်ကလေးကိုဆွဲကာ အောက်ထပ်ကိုဆင်းလာတော့ အောက်ထပ်မှာ ထိုင်စကားပြောနေကြတဲ့ ဦးနော်နဲ့ဂရင်းက လှည့်ကြည့်လာသည်။

" ဟောတော် ... အနားယူကြမယ်ဆိုပြီး ... ချက်ချင်းကြီးပြန်ဆင်းလာတာ ဘယ်ကိုသွားကြမလို့လဲ "

ဂရင်းက အံ့ဩသလိုဆိုတော့ လျှန်လည်း ဂုတ်ပိုးကို လက်နဲ့ဖိပွတ်ရင်း ရယ်ပြလိုက်သည်။

" နေးကို ညစာလိုက်ကျွေးမလို့ . ဂရင်း "

" စောသေးတယ်မဟုတ်ဘူးလား ဘုံလျှန်ရဲ့... လေယာဥ်အကြာကြီးစီးလာရတာကို မပင်ပန်းဘူးလား. အနားယူဦးလေ "

လျှန်က ဂရင်းကိုပြန်ဖြေလိုက်ပေမယ့် ဘေးမှာထိုင်နေတဲ့ ဦးနော်က နာရီကိုကြည့်ကာ သတိပေးသလိုလေး ဝင်ပြောလာသည်။

" သွားမှာလာမှာနဲ့ဆို မစောတော့ပါဘူး... နှင်းတွေလည်းကျနေတော့ နောက်ကျသွားရင် အရမ်းအေးနေမှာစိုးလို့ "

" အင်း. အဲ့တာဆိုလည်း သွားကြ . သွားကြ "

" ဟို ... နေးနေးတို့ ဘာဝယ်ခဲ့ရဦးမလဲဟင် လေးလေး "

စကားဆုံးကာမှ အသံတိုးတိုးလေးနဲ့ ဝင်မေးလိုက်တဲ့ နေးကြောင့် ဦးနော်နဲ့ဂရင်းက ရယ်သည်။

" အမလေး ... သွားကြပါ ... ဘာမှဝယ်မလာပါနဲ့ ... အိမ်ထောင်သည်နှစ်ယောက်ရဲ့ ကိုယ်ပိုင်အချိန်ကို မနှောက်ယှက်တော့ပါဘူး "

ဦးနော်နဲ့ ဂရင်းတို့ကိုနှုတ်ဆက်ပြီးနောက် လျှန်တို့ ညစာစားဖို့ ထွက်လာခဲ့ကြသည်။ နေးလက်ျာလေးက တစ်ခါတုန်းက လျှန်တို့ မနက်စာသွားစားခဲ့ဖူးတဲ့ တရုတ်ဆိုင်မှာ ညစာစားချင်တယ်ဆိုတာကြောင့် ထိုဆိုင်ရှိရာကိုသွားရသည်။ သွားမယ့်ဆိုင်က အနည်းငယ်အလှမ်းဝေးတာကြောင့် လျှန်တို့ စောစောထွက်လာလို့သာ တော်သေးတယ် ပြောရမည်။

" ဒယ်ဒီရော နေကောင်းတယ်မလားဟင် ကိုကို ... နေး ဒီရက်ပိုင်း ဒယ်ဒီ့ကို ဖုန်းမဆက်ဖြစ်ဘူး "

" ကောင်းပါတယ် နေးရဲ့ ... ဒယ်ဒီကတောင် မေးနေတာ ... နေးက နေသိပ်မကောင်းတာသိတော့ ကိုယ့်ကို မြန်မြန်ပြန်လို့ရအောင် အလုပ်တွေဖိခိုင်းနေတာပဲကြည့်တော့ "

လျှန့်စကားကို သဘောကျသွားပုံရတဲ့ နေးက ရယ်သံတွေ တခစ်ခစ်ထွက်သည်အထိ ရယ်တော့သည်။ ရယ်တာလေးကအစ ချစ်ဖို့ကောင်းလွန်းနေတဲ့ နေးလက်ျာလေးကိုမှမချစ်ရင် ဆက္ကဘုံလျှန်တို့ ဘယ်သူ့ကိုသွားချစ်ရမလဲ။

" မနက်ဖြန်ကျရင် ဆေးရုံက ပြန်လာမှ ဒယ်ဒီ့ဆီ ဖုန်းခေါ်လိုက်ပါ့မယ် "

" ကောင်းတာပေါ့... နေးရဲ့ "

နေးလက်ျာက အားလုံးရဲ့အချစ်ခံလေးဖြစ်သည်။ လျှန် ဟိုကိုပြန်တုန်းက လက်ထပ်ပြီးစမလို့ ဒယ်ဒီက အလုပ်တွေမြန်မြန်ပြီးအောင် ဖိခိုင်းတော့သည်။ လျှန်ကိုယ်တိုင်ကလည်း နေးအနားမှာ ကော်လိုကပ်နေချင်သူမလို့ ဒယ်ဒီခိုင်းသမျှကို မညည်းမညူပဲ ကြိုးစားခဲ့လို့ လဝက်လောက်နဲ့တင် အိုင်ယာလန်ကို ပြန်လာနိုင်တာဖြစ်သည်။ မဟုတ်ရင် လျှန်တို့ နေးနဲ့ လနဲ့ချီပြီး ခွဲနေရမယ့်အဖြစ်။

" စားချင်တာတွေ စဉ်းစားထားနော် နေး ... ဟိုရောက်တာနဲ့ တစ်ခါတည်းမှာစားလို့ရအောင်လေ "

" ဟုတ်ကဲ့ . ကိုကို "

ရက်အကြာကြီး ခွဲခွာနေရတဲ့ ကိုကို့နားမှာ ချွဲချွဲနွဲ့နွဲ့လေးနေချင်တာကြောင့် ကားမောင်းနေတဲ့ ကိုကို့လက်မောင်းပေါ်ကို နေးခေါင်းလေးကို မှီတင်လိုက်သည်။ ခေါင်းမှီထားရရုံ မတင်းတိမ်စွာ ခေါင်းလေးကို အနည်းငယ်စောင်းပြီး ကိုကို့လက်မောင်းကို တရွတ်ရွတ်နမ်းတော့ ကားထဲမှာ ကိုကို့ရယ်သံလွင်လွင်က ထွက်ပေါ်လာသည်။

" အရမ်းအသည်းယားအောင် မလုပ်နဲ့ နေးရယ် ... ကိုယ်စိတ်မထိန်းနိုင်ရင် ကားရပ်ပြီးတော့ နေးကိုနမ်းမိတော့မှာ "

ကိုကို့စကားကြောင့် နေးလည်း ငြိမ်ငြိမ်လေးနေပြီး ကိုကို့လက်မောင်းပေါ်မှာသာ ခေါင်းမှီထားလိုက်သည်။ ကိုကိုက နှင်းတွေကျနေတာကြောင့် ကားကို လက်နှစ်ဖက်နဲ့ ထိန်းမောင်းနေရတာမလို့ နေးနေးကပဲ ကိုကို့လက်မောင်းကို ဖက်တွယ်ထားလိုက်သည်။

" ကဲ ရောက်ပါပြီ ... ခဏလေး. ကိုယ် ထီးယူလိုက်ဦးမယ် "

အပြင်မှာ နှင်းတွေဖွေးဖွေးလှုပ်အောင် ကျနေတာကြောင့် ကိုကိုက ထီးယူပြီး နေးကိုလာခေါ်သည်။ နှစ်ယောက်အတူ တရုတ်စားသောက်ဆိုင်လေးထဲ ဝင်ခဲ့ကြရင်း ကိုကိုက လက်ထဲကထီးလေးကို ဆိုင်ထောင့်က ထီးထားတဲ့နေရာလေးမှာ ထောင်ထားသည်။

" ကိုကို့ခေါင်းပေါ်မှာ နှင်းတွေ "

နေးကပြောလည်းပြော ကိုကို့ခေါင်းပေါ်ကနှင်းတွေကို လက်ဖဝါးလေးနဲ့ အသာလေး ခါထုတ်ပေးလိုက်သည်။

" ဘာစားချင်လဲဆိုတာ စဉ်းစားပြီးပြီလား "

" ဟင့်အင်း ... ကိုကိုမှာပေးလေ "

သွားလေးစေ့လို့ ပြောလာတဲ့ နေးလက်ျာရဲ့ နဖူးလေးကို လျှန့်မှာ အသည်းယားစွာ ခပ်ဖွဖွထုလိုက်သည်။ မီနူးထဲက ညစာအတွက် သင့်တော်တာလေးတွေကို မှာလိုက်ပြီးနောက် အရင်ဦးဆုံး လာချပေးထားတဲ့ ပန်းလက်ဖက်ရည်လေးတွေကို ငှဲ့ထည့်လိုက်သည်။ အငွေ့တထောင်းထောင်းနဲ့ ပန်းလက်ဖက်ရည်က အပူရှိန်မနည်းတာမလို့ လျှန်က ပထမဦးဆုံး ခပ်နွေးနွေးအနေအထားရောက်အောင် အအေးခံလိုက်သည်။

" နွေးသွားအောင် သောက်လိုက်ဦး . နေး "

နေးက လျှန် ကမ်းပေးလိုက်တဲ့ ပန်းကန်လုံးထဲက လက်ဖက်ရည်တွေကို မသောက်သေးပဲ နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ကာ အနံ့ခံသည်။

" စံပယ်ပန်းထင်တယ် ကိုကို ... အရမ်းမွှေးတယ် "

" ဟုတ်ပါပြီ ... အပြင်ကနေလာတော့ အေးနေတာမလား ... သောက်လိုက်ဦး "

" ဟုတ်ကဲ့ပါနော် ... "

လျှန်တို့နှစ်ယောက်က ဘေးချင်းယှဉ်ထိုင်နေတာမလို့ စားပွဲခုံပေါ် တံတောင်ဆစ်ထောက်လို့ လက်ဖဝါးပေါ်မေးတင်ကာ နေးလကျ်ာလေးဘက်ကို ခေါင်းစောင်းရင်း ငေးမိသည်။ အနွေးဦးထုပ်လေး မဆောင်းထားတာကြောင့် တစ်ချက်တစ်ချက် အရှေ့ကို လျောဆင်းလာတဲ့ နေးလက်ျာလေးရဲ့ ဆံပင်ရှည်လေးတွေကို နားရွက်ဖျားလေးနောက် စုသိမ်းပေးရတာလည်း လျှန့်အတွက် အမြတ်တနိုးထမ်းဆောင်ရသည့် တာဝန်တစ်ရပ်ပင်ဖြစ်သည်။

နှုတ်ခမ်းပါးလေးစုချွန်လို့ သိပ်မပူတော့တဲ့ ပန်းလက်ဖက်ရည်ကိုသောက်ရင်း ဆိုင်ထဲကို တောင်တောင်အီအီ လျှောက်ငေးနေတဲ့ နေးလက်ျာက လျှန့်အတွက် သက်ရှိအလှတရားလေးပင်။

" ဆိုင်ထဲမှာ အလှဆင်ထားတာတွေ အရမ်းလှတယ်နော် ကိုကို ... ဟိုတစ်ခါပြင်ဆင်ထားတုန်းကထက်ကို ပိုလှတယ် "

" အင်း . တရုတ်နှစ်သစ်ကူးနီးပြီလေ နေးရဲ့ ... အဲ့တာကြောင့် ပြင်ဆင်ထားတာ "

" အာ . ဟုတ်လား ... "

တရုတ်လူမျိုးတွေရဲ့ ထုံးစံအရ ဆိုင်ပတ်ပတ်လည်မှာ အနီရောင်တွေကိုသာ အသုံးပြုလို့ နှစ်သစ်ကူးအပြင်အဆင်တွေကို လှလှပပ ပြင်ဆင်ထားသည်။ အပြင်အဆင်တွေကို မီးအလင်းရောင်ကပါ ပံ့ပိုးနေသည်မလို့ တစ်ဆိုင်လုံး ရဲစွေးနေသည်။

နေးလက်ျာကတော့ လှပလွန်းတဲ့ နီနီရဲရဲ အပြင်အဆင်တွေကိုငေးသည်။ လျှန်ကတော့ ပတ်ဝန်းကျင်က အနီရောင်တွေကြောင့် အရောင်ဟပ်ခံရတဲ့ နေးလက်ျာရဲ့ ပါးပြင်လေးတွေကိုသာ ငေးရသည်။ လျှန် အမြတ်တနိုး နမ်းရှိုက်ခွင့်ရတဲ့ ပါးပြင်လေးထက် မက်မွန်ပွင့်ကလေးတွေ ဖူးပွင့်နေဟန် ဖူးကြွနေတဲ့အခါ နေးလက်ျာက လျှန့်အတွက် ရှုမငြီးတဲ့ ချစ်သက်ငယ်လေး။

" ထိုင်ရတာ အဆင်ပြေရဲ့လား နေး ... ကိုယ်ကြိုပြီတော့ သီးသန့်ခန်းမမှာထားမိတာ "

" ဘာမှမဖြစ်ဘူး ကိုကို ... ကိုကိုနဲ့သာဆိုရင် အကုန်အဆင်ပြေတယ် "

မှာထားသမျှရောက်လာသည့်အခါ ဟင်းပွဲတွေအကုန်လုံးကို တို့တိတို့တိ လိုက်မြည်းစမ်းနေတဲ့ နေးလက်ျာက တမြုံ့မြုံ့ဝါးရင်း ပြန်ဖြေသည်။ သီးသန့်ခန်းတော့ မဟုတ်ပေမယ့် စားပွဲလေးတွေ တစ်ခုနဲ့တစ်ခုကြား စက္ကူလိုက်ကာလေးတွေ ခြားထားပေးတာမလို့ လျှန်တို့နေရာလေးက သီးသန့်နေရာလေး ဖြစ်နေပါသေးသည်။

" ကယ်ဗင် ... လျှောက်မပြေးရဘူးလေ "

တိတ်တဆိတ် ညစာစားနေတဲ့ နေးနေးတို့ကြား အော်သံတစ်ခုက ထိုးဖောက်ဝင်ရောက်လာသည်။ ခပ်ကျယ်ကျယ်မဟုတ်ပေမယ့် နေနေးတို့ရှိရာကို တဝုန်းဝုန်းပြေးလာတဲ့ ခြေသံလေးကြောင့် အစားအသောက်ကိုသာ အာရုံစိုက်ရင်း ခေါင်းငုံ့စားနေရာကနေ အသံလာရာဆီကို မော့ကြည့်မိသွားသည်။

" ကယ်ဗင် ... "

" အင့် ! "

" အယ်~ လဲပြီ ...! "

ခပ်ကျယ်ကျယ် အသံသုံးခုက စားသောက်ဆိုင်အတွင်းမှာ တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ ပထမအသံက ပြေးလွှားဆော့နေတဲ့ ကလေးငယ်လေးရဲ့ မိခင်ဖြစ်ဟန်တူသည့် အမျိုးသမီးရဲ့ အသံဖြစ်ပြီး ဒုတိယအသံကတော့ နေးတို့ထိုင်နေတဲ့ ဝိုင်းနားကိုရောက်လာမှ မှောက်လျက်သားလေး ပစ်လဲသွားတဲ့ ကလေးလေးရဲ့ အသံဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ကြောင်ကြည့်နေမိတဲ့ နေးရဲ့အော်သံလေးက ထွက်လာပြီးတော့ ထိုင်နေရာကနေ ခပ်သွက်သွက်ထလိုက်သည်။

" နာသွားလား ... သားသား "

ကလေးအနားကို အပြေးလေးသွားကာ ထူဖို့လုပ်လိုက်ပေမယ့် နေးထက် အရင်ဦးဆုံးရောက်သွားတဲ့ ကိုကိုက လဲကျနေတဲ့ ကလေးလေးကို ချိုင်းကနေပင့်မြှောက်လို့ ဆွဲထူပြီးပြီဖြစ်သည်။ ဒါကြောင့် နေးလည်း ရှေ့ကိုတိုးမသွားတော့ပဲ ဒူးတစ်ဖက်ထောက်ထိုင်နေတဲ့ ကိုကို့အနောက်မှာသာ အသာလေးရပ်နေလိုက်သည်။

" ကျေးဇူးတင်ပါတယ်ရှင် ... ကယ်ဗင်က အပြင်မထွက်ရတာကြာတော့ ပျော်ပြီး ပတ်ပြေးနေတာ "

ကိုကိုက ကလေးလေးရဲ့ အမေဖြစ်သူစကားကို ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်ပြီး ကလေးလေးကိုသာ စိုက်ကြည့်နေတာကြောင့် နေးရင်ထဲ တစ်မျိုးဖြစ်သွားသည်။ သုံးနှစ်အရွယ်လောက်ပဲ ရှိဦးမည့်ကလေးလေးက ကျန်းမာပုံရပြီး ပါးလေးတွေက ဖောင်းအိနေသည်။ အသားဖြူဖြူလုံးလုံးလေးဖြစ်တာကြောင့် ရဲစွေးနေသည့် ပါးဖောင်းလေးတွေက တော်ရုံကလေးမချစ်တတ်သူကိုပင် ချစ်သွားစေနိုင်သည်အထိ ချစ်မွှေးပါလာသည်။

" ကိုကို ... "

နေးက ဘာရယ်မဟုတ် ဒူးတစ်ဖက်ထောက်ထိုင်နေတဲ့ ကိုကို့ကို လှမ်းခေါ်လိုက်မိသည်။ ကလေးလေးကို စိုက်ကြည့်နေရာကနေ နေးခေါ်လိုက်တာကြောင့် မော့ကြည့်လာတဲ့ ကိုကို ပါးချိုင့်တစ်ဖက်ပေါ်သည်အထိ ပြုံးပြလာပြီး မတ်တပ်ထရပ်သည်။

" ကလေးကို သေချာဂရုစိုက်ပါနော် မစ္စစ် ... ခဏခဏလဲကျလို့ မကောင်းဘူးလေ "

လျှန်က အသိပေးသလိုလေးပြောတော့ ထိုအမျိုးသမီးက ကလေးလေးကိုချီရင်း ခေါင်းညိတ်ပြလာသည်။

" နှောက်ယှက်မိသလိုဖြစ်သွားရင် တောင်းပန်ပါတယ်ရှင် ... အချိန်ကောင်းလေးကို နှောက်ယှက်မိပြီ ... ဒါနဲ့ မင်းချစ်သူထင်တယ် ... သူက အရမ်းလှတာပဲ "

အကဲခတ်တော်ပုံရတဲ့ အမျိုးသမီးက လျှန့်လက်တစ်ဖက်ကို ဖက်တွယ်ထားတဲ့ နေးနေးကိုကြည့်ရင်း ပြောလာသည်။ လျှန်က နေးလက်ျာလေးကို ချီးကျူးနေတာကြောင့် သဘောတကျပြုံးရယ်လိုက်မိသည်။ နေးလက်ျာကိုကြည့်တော့လည်း ရှက်သွားပုံရပြီး ရှက်ဝဲဝဲနဲ့ ခေါင်းကလေးငုံ့သွားတာကြောင့် လျှန်ကပဲ ကျေးဇူးတင်စကားဆိုလိုက်သည်။

" ကျေးဇူးအများကြီးတင်ပါတယ် ... ဒါက ကိုယ့်ချစ်သူဆိုလည်း ဟုတ်တယ်... မကြာသေးခင်ကမှ ကိုယ်တို့ကလက်ထပ်ပြီးကြတာ ... ကိုယ့်အမျိုးသားပါ "

လျှန်က လက်ထပ်လက်စွပ်ရှိနေသည့် ဘယ်ဘက်လက်ကို ထောင်ပြလိုက်တော့ အံ့ဩသွားဟန်ရှိတဲ့ အမျိုးသမီးက လျှန်တို့ကို ဂုဏ်ပြုစကားပြောပြီးနောက် နှုတ်ဆက်ကာ ထွက်သွားတော့သည်။

" ကလေးလေးက ချစ်ဖို့ကောင်းသားပဲ "

နေးတို့ ထိုင်ခုံနေရာမှာပဲ ပြန်ထိုင်လိုက်ရင်း သဘောကျသလို ရေရွတ်ပြောဆိုလာတဲ့ ကိုကို့စကားကြောင့် နေး ကိုကို့ကိုကြည့်လိုက်သည်။

" ကလေးချစ်တတ်တာလားဟင် . ကိုကို "

နေးရဲ့အရိပ်အကဲကို အမြဲသိတဲ့ ကိုကိုက နေးရဲ့ အမေးစကားကြောင့် အပြုံးတွေရပ်တန့်သွားကာ လှည့်ကြည့်လာသည်။

" ချစ်တယ်ရယ်လည်း မဟုတ်ပါဘူး နေးရဲ့ ... ခုနက ကလေးလေးက ပါးဖောင်းဖောင်းရဲရဲလေးမို့ နေး ငယ်ငယ်ကပုံစံလေးကို ပြေးမြင်မိလို့ပါ "

" အာ ... ကိုကိုက ကလေးမချစ်တတ်ဘူးပေါ့ "

" ရှုပ်ကရှုပ်နဲ့ နေးရယ် ... ကိုယ့်မှာ ဒီကလေးလေးကိုတောင် ချစ်လို့မဝတာ ... အရှုပ်ထုပ်လေးတွေကို ချစ်စရာလား "

နေးရဲ့ပါးတစ်ဖက်ကိုဆွဲညှစ်ရင်း ပြောလာတဲ့ ကိုကို့စကားတွေက ဆီလျော်ပေမယ့် အတွေးများရသူကတော့ နေးပင်ဖြစ်သည်။ ခုနတုန်းက ကလေးလေးကို ငေးကြည့်နေတဲ့ ကိုကို့မျက်ဝန်းတွေကို နေးအသေအချာ မြင်ခဲ့ရတာပဲလေ။

" ကဲ ... ဒီခေါင်းသေးသေးလေးထဲမှာ ဘာတွေတွေးနေတာလဲ နေးကလေး ... စားစရာတွေက အေးကုန်ပြီ . စားလိုက်ဦးနော် "

" ဟာ ! ကိုကို ... ပါးကို အရမ်းမညှစ်နဲ့လေ "

မျက်နှာချင်းဆိုင်ရင်း ပါးဖောင်းလေးနှစ်ဖက်ကို လျှန်က ညှစ်ထားလိုက်ရင်း နှုတ်ခမ်းလေးကို ဖိနမ်းပစ်လိုက်သည်။ ကလေးကိစ္စနဲ့ပတ်သက်ပြီး မျက်နှာမကောင်းဖြစ်နေတဲ့ နေးလက်ျာလေးက လျှန့်အပြုအမူကြောင့် ရှက်သွေးလွှမ်းသွားသည်။

လျှန်က ဖက်ထုပ်ပန်းကန်ထဲက ဖက်ထုပ်ကို ခွံ့ကျွေးလိုက်တော့မှသာ တမြုံ့မြုံ့ဝါးစားတော့သည်။ နေးလက်ျာကိုကြည့်ပြီး လျှန် သိလိုက်တာ တစ်ခုကတော့ နေးလက်ျာရှေ့မှာ ကလေးတွေနဲ့ပတ်သက်လို့ ဆင်ခြင်ရန်သာဖြစ်သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၅-၄-၂၀၂၄)

နောက်ထပ် fic အသစ်လေးတစ်ပုဒ်တင်ထားပါတယ်။
သင်္ကြန်ပြီးတဲ့အထိတော့ အသစ်လေးကိုဦးစားပေးပြီး ပိုရေးဖြစ်မှာမို့ ဖတ်ပေးကြဦးနော်။
အပိုင်းတော့သိပ်မများပါဘူး။

Continue Reading

You'll Also Like

877K 15.9K 56
" ဒယ်ဒီဘာပြောပြောဖြူဖြူတို့လက်ထပ်စရာမလိုပါဘူးကိုကို.." " ဒါပေါ့.. မင်းကမိဘကိုလည်းဂရုမစိုက်၊ပတ်၀န်း ကျင်ကိုလည်းဂရုမစိုက်ပဲနေနိုင်ပေမယ့်.. ငါကတော့ဆရာသ...
44.1K 4.4K 10
My Sister's Friend or My Husband ကုိ အရင်ဖတ်ဖို့ လိုပါမယ် ✌
689K 18.1K 78
ညဘက်မှာပဲ ထွက်တဲ့ကြယ်လေးတွေက နေ့ခင်းဘက်မှာထွန်းလင်းတဲ့နေမင်းကြီးကို သတိရနေတတ်သလိုမျိုး ဘယ်သောအခါမှမဆုံနိုင်ပေမယ့် ကျမရှင့်ကို လွမ်းနေဦးမယ်ထင်ပါရဲ့...
85.7K 6.4K 34
....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျ...