စာစဉ် 32 Chapter 471 အခြေအနေက စိတ်ဝင်စားစရာ ကောင်းလာပြီ
ရဲ့လင်းချန်က အိုးရန်ချင်း၏ အကြံပြုချက်ကို ခေါင်းညိတ်လိုက်ပြီး သူ အလေးအနက်ထား၍ စဉ်းစားမည်ဟု ပြောလိုက်သည်။
တကယ်တမ်းတွင် အိုးရန်ချင်း၏ စကား၌ ဖုံးကွယ်ထားသော ဆိုလိုရင်းတစ်ခု ရှိသည်။ ယင်းမှာ အမာတဲရာစု မျိုးရိုးဗီဇပညာကို သတိထားရန် ဖြစ်သည်။ သူမတို့က သူတို့ကို ရန်စခဲ့ပြီး ဖြစ်သဖြင့် သူမတို့ သတိထားနေမှ ဖြစ်ပေမည်။
အမာတဲရာစု ဖိုင်များပေး၌ အနီရောင် ဖိတ်စာ တစ်စောင် ရှိနေသည်။ သူ အေးအေးလူလူ လှမ်းယူလိုက်သည်။
"ဒီညလား၊ မင်း ငါ့ကို လှမ်းခေါ်တာ ဒီအကြောင်းကြောင့်လား"
"ဒီဖိတ်စာကို ကျွန်မဦးလေးက ပို့လိုက်တာ၊ သူက အစတုန်းက ဝမ်ရုံ နည်းပညာရဲ့ ရှယ်ယာရှင်တွေထဲက တစ်ယောက်လေ"
အိုးရန်ချင်းက ရဲ့လင်းချန်ကို စိုက်ကြည့်၍ ပြောသည်။
"အခု သူက ကျွန်မတို့ရဲ့ ရှယ်ယာရှင်ဟောင်းတွေနဲ့ ပေါင်းပြီး ကျွန်မတို့ဆီ ဒီဖိတ်စာ ပို့လိုက်တာ"
"မဟုတ်မှလွဲရော သူတို့က သူတို့ရှယ်ယာကို ပြန်ယူဖို့ စဉ်းစားနေတာလား"
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
"အဲ့လိုမဟုတ်လောက်ပါဘူး၊ သူတို့က ကုမ္ပဏီကို ပြန်တင်ဖို့ ကြိုးစားနေရုံလောက်ပဲလို့ ကျွန်မ ထင်တယ်"
အိုးရန်ချင်းက ခန့်မှန်းပြီး တစ်ခဏမျှ ငြိမ်သွားပြီးမှ ဆက်ပြောသည်။
"သူတို့က ဝမ်ရုံ နည်းပညာရဲ့ ဝါရင့် ကျွမ်းကျင်သူတွေလေ၊ သူတို့နေရာကနေ ထွက်သွားပင်မယ့် ကျွန်မတို့ ကုမ္ပဏီအတွက် သူတို့နဲ့ ဆက်သွယ်မှုအားလုံး ဖြတ်တောက်ဖို့က ခက်တယ်၊ အဲ့ဒါကြောင့် ကျွန်မတို့ ဒါကို မသိချင်ယောင်ဆောင်လို့ မရဘူး၊ ဒါကို သေသေချာချာ ကိုင်တွယ်မှရမယ်"
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
အကယ်၍ ဤလူများသာ ဝမ်ရုံနည်းပညာနှင့် ပတ်သက်၍ မကောင်းသတင်းအချို့ ဖြန့်ပါက သူတို့အတွက် အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။
"ကောင်းပြီလေ၊ ငါ ညစာစားပွဲကို တက်မယ်"
ရဲ့လင်းချန် ပခုံးတွန့်ပြလိုက်သည်။ ညစာစားပွဲက ဘယ်လို ရည်ရွယ်ချက်မျိုး ရှိနေပါစေ သူ မဖြုံပါ။
ထို့နောက် ရဲ့လင်းချန်သည် ဝမ်ရုံနည်းပညာမှ မပြန်ဘဲ အချို့သော ကုမ္ပဏီကိစ္စများကို ဆက်၍ စီမံနေသည်။
သူက ပါရမီရှင်တစ်ဦး မဟုတ်ပါလော။ အခြေအနေကိစ္စရပ်များကို စီမံခြင်းကို အသာလေး စီမံနိုင်ပါသည်။
အစည်းအဝေးအတွင်း၌ ဆွေးနွေးခဲ့သော အစီအစည်များကို သူ့ထံသို့ အသုတ်လိုက် တင်ပြလာသည်။ ရဲ့လင်းချန်၏ စာဖတ်နှုန်းက အလွန် မြန်ဆန်သည်။ သူသည် ဖိုင်တစ်ခုချင်းစီကို တစ်ချက်မျှ ကြည့်ရုံနှင့် ဖြစ်နိုင်ချေနှင့် အားနည်းချက်များကို မြင်နိုင်ပေသည်။
သူသည် အရေးကြီးသော စာရွက်စာတမ်းများစွာကို အမှတ်အသား ပြုလုပ်ပြီးနောက် ဆိုင်ခွဲများဖွင့်ရန် နေရာအတွက် ပြင်ဆင်စီစဉ်မှုများကို ချက်ချင်း ပြုလုပ်လေသည်။ ရဲ့လင်းချန်၏ ဇာတိမြို့ ဖြစ်သော ကျင်းဟိုင်မြို့လည်း ပါဝင်သည်။
နောင်အနာဂတ်၌ သူ အတွင်းရေးမှူးတစ်ယောက် လိုအပ်မည့်ပုံပင်။ သူ့အတွက် စာရွက်စာတမ်းများကို စီစစ်ပေးမည့် အတွင်းရေးမှူးဌာနတစ်ခု ဖွဲ့စည်းလိုက်သည်က သူ့အတွက် အကောင်းဆုံး ဖြစ်မည့်ပုံပင်။ အရေးမကြီးသော စာရွက်စာတမ်းများကို သူတို့ စီစဉ်ရန်အတွက် ချန်ထားသင့်လောက်သည်။
အိုးရန်ချင်း၌ ထူးချွန်သော ပါရမီရှင် ဖြစ်သော်လည်း သူမ လုပ်နိုင်သည့် အတိုင်းအတာက အကန့်အသတ် ရှိပါသည်။ ထို့အပြင် သူမသည် နည်းပညာတွင်သာ အားသန်သည်။ စီမံခန့်ခွဲမှု၊ သုတေသန၊ ထုတ်လုပ်ရေးနှင့် အခြားသော ဌာနများကို ခွဲထားရန် လိုအပ်ပေသည်။ သို့မှသာ ပြန်စစ်ဆေးနိုင်ပေမည်။
သူ မသိလိုက်မသိခင်မှာပင် အချိန်က ကုန်ဆုံးသွားလေသည်။
"ဆရာ၊ ကျွန်မ ရှင့်ကို သိပ်သတိရနေတာ"
ရှုနန်သည် အလုပ်ဆင်းလာပြီး အပြေးလာလေသည်။ သူမက ရဲ့လင်းချန်ကို မြင်လိုက်သည့် အခိုက်မှာပင် ကျယ်လောင်စွာ အော်ပြော၍ သူ့ထံ ခုန်ဝင်လာ၏။ သူမ မျက်နှာလေးက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။
"ဆရာ၊ ရှင်က သိပ်ချောတာပဲ၊ ရှင့်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်တုန်းက ကျွန်မ စိတ်လှုပ်ရှားလို့ သွေးတောင် ဆူတယ်၊ ရှင် ကျွန်မကို ဘယ်တော့ ဆက်သင်ပေးမှာလဲ၊ အဲ့ဒါမှ ဧရာမ စပါးအုံးမြွေကြီးကို ကျွန်မဘာသာ အနိုင်ပိုင်းလို့ ရမှာလေ"
ရဲ့လင်းချန်က ပြုံး၍ ခေါင်းခါလိုက်သည်။
"ငါ မင်းကို သင်ပေးထားတဲ့ အကွက်တွေကို မင်း ကျွမ်းကျင်သွားတဲ့အထိ စောင့်ပါဦး"
ရှုနန်၏ အမူအရာက ချက်ချင်း သုန်မှုန်သွားသည်။
"ခက်လွန်းတယ်၊ ကျွန်မ အခုထိ လေးကွက်အထိပဲ ရောက်နိုင်သေးတယ်၊ ဒါပေမဲ့ အကျိုးကျေးဇူးကတော့ သိပ်ထူးခြားတယ်၊ ကျွန်မရဲ့ ခန္ဓာကိုယ် အခြေအနေက တော်တော်လေး တိုးတက်လာတယ်၊ အဲ့ဒါအပြင် ကျွန်မအဖွဲ့ထဲက လေ့ကျင့်ရေးစံချိန်ကို အမြန်ဆုံးအဖြစ်နဲ့ စံချိန်ချိုးလိုက်နိုင်တယ်လေ"
"လေးကွက်မြောက်ထိ ရောက်နေတဲ့ မင်းအရည်အချင်းက မင်း အတော်လေး ထူးချွန်တယ်လို့ ဆိုလိုနေတာပဲ"
"ဆရာ၊ အခု ကျွန်မကို သိုင်းပညာရှင်လို့ သတ်မှတ်လို့ ရပြီလား"
ရှုနန်က ဂုဏ်ယူစွာ ပြုံးနေသည်။
ရဲ့လင်းချန် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ တကယ်တမ်းတွင် ရှုနန်၏ ယေဘုယျ လက္ခဏာများက သာမန် သိုင်းပညာရှင်ထက် ပိုမြင့်ပေသည်။
"မင်း လေးကွက်မြောက်ကို ကျွမ်းကျင်သွားတဲ့အခါကျရင် ငါ မင်းကို ကွန်ဖူးအသစ် နည်းနည်း သင်ပေးမယ်"
"တကယ်လား၊ ဆရာ ရှင်က အကောင်းဆုံးပဲ"
ရှုနန်က ပျော်ရွှင်စွာ ပြောသည်။
ရှုနန် ရောက်လာပြီးနောက် ရှုဝမ်ချင်လည်း ရောက်လာသည်။ သူမက ရဲ့လင်းချန်ကို ခေါင်းညိတ်ပြပြီး ယခင်အတိုင်း တိတ်ဆိတ်နေသည်။ ရှုနန်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
ထို့နောက်တွင်မူ ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တို့လည်း ရောက်လာသည်။ ရှယ်ယာရှင်ဟောင်းများနှင့် တွေ့ဆုံပွဲအား သူတို့ အတော်လေး အလေးအနက် ထားသင့်ပုံပင်။
သူတို့ကြားမှ ဆက်ဆံရေးက အနည်းငယ် ရှုပ်ထွေးနေသည်။ ရဲ့လင်းချန်သည် ကျောင်းသားဖြစ်ပြီး ရှုဝမ်ချင်က ဆရာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှုနန်နှင့် ရဲ့လင်းချန်တို့က ဆရာတပည့် ဖြစ်နေ၏။ တစ်ဖက်တွင်မူ ရဲ့လင်းချန်က ဥက္ကဋ္ဌရှု၏ သူဌေး ဖြစ်နေပြန်သည်။
အချိန်တန်သောအခါ သူတို့အဖွဲ့သည် Alphard MPV ပေါ်တက်၍ အတူတူ ထွက်လာကြသည်။
Alphard က ကြီးသည်။ ၎င်းတွင် ထိုင်ခုံ ခုနစ်လုံးပါပြီး ရောင်းဈေးက ခုနစ်သိန်းမှ ကိုးသိန်းကြား ရှိသည်။ လုပ်ငန်းစုကြီး အများစုက ၎င်းအား အဆင့်မြင့် မော်တော်ယာဉ်အဖြစ် ဦးစားပေး ရွေးချယ်ကြသည်။
ထျန်းဖူဥယျာဉ်၌ ...
မဟာမြို့တော် စားသောက်ဆိုင်က မြို့တော်၏ ရိုးရာ စားသောက်ဆိုင်အဖြစ် ကိုယ်စားပြုလျင် ထျန်းဖူ ဥယျာဉ်က မြို့တော်၏ ခေတ်သစ် စားသောက်ဆိုင်များကို ကိုယ်စားပြုလေသည်။ အဆောက်အဦး၏ အသွင်အပြင်သည် အလွန် ခေတ်မီလှသည်။ အဆောက်အဦး တစ်ခုလုံးကို အရှေ့တိုင်းနှင့် အနောက်တိုင်းပုံစံ ရောစပ်၍ တည်ဆောက်ထားသည်။ အပြင်နံရံများတွင် မီးချောင်းများနှင့် ပြည့်နေပြီး စားသောက်ဆိုင်၏ ပင်မတံခါးတွင် မြင်းပျံတစ်ကောင်၏ ဧရာမ ရုပ်တုတစ်ခု ရှိသည်။ ယင်းအနောက်၌ ကြီးမားသော ရေတံခွန်တစ်ခု ရှိလေသည်။
"ဟားဟား ... ဥက္ကဋ္ဌရှု၊ ဥက္ကဋ္ဌ အိုးရန် မင်းတို့ ရောက်လာပြီပဲ"
သူတို့ စားသောက်ဆိုင်ထဲ မဝင်ခင်မှာပင် တုတ်ခိုင်သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ထွက်လာပြီး သူတို့အား ပြုံး၍ နှုတ်ဆက်လေသည်။ သူ့အနောက်၌ အခြားသူ လေးယောက် လိုက်လာသည်။ သူတို့အားလုံးက အသက် ငါးဆယ်ကျော်များ ဖြစ်ကြပြီး တစ်ယောက်ဆိုလျင် သူ့ဆံပင် တစ်ဝက်ကျော်က အဖြူသို့ ပြောင်းနေ၏။
"ဦးလေး"
ရှုနန်တို့ မိန်းကလေးတစ်စုက လူလတ်ပိုင်းအရွယ် အမျိုးသားကို နှုတ်ဆက်ကြသည်။
"ဟားဟား ဒါရိုက်တာရှား၊ အားလုံးပဲ ... ကျုပ်တို့ မတွေ့တာ ကြာသွားပြီပဲ"
ဥက္ကဋ္ဌရှုနှင့် ဥက္ကဋ္ဌ အိုးရန်တို့က ပြုံးလိုက်ပြီး အခြားသူများနှင့် စကား စပြောကြသည်။ သူတို့က အမျိုးစုံသော အခက်အခဲများကို အတူတူ ကျော်ဖြတ်၍ တစ်ယောက်နှင့် တစ်ယောက် အလွန် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ကြသည် မဟုတ်ပါတကား။
"ဒီညီငယ်လေးက အထင်ကြီးစရာကောင်းတဲ့ပုံ ပေါက်နေတယ်၊ မင်းမျက်ခုံးကြားကနေ ထွက်နေတဲ့ အရှိန်အဝါကို ငါ ခံစားမိတယ်၊ မင်းက သာမန်လူ မဟုတ်တာ သေချာတယ်၊ မင်းက ဥက္ကဋ္ဌရဲ့ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ ဥက္ကဋ္ဌရဲ့က ငယ်တယ်လို့ ငါ ကြားဖူးနေတာ ကြာပင်မယ့် ဒီလောက် အသက်ငယ်ငယ်လေးနဲ့ အောင်မြင် နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားမိဘူး"
ဥက္ကဋ္ဌရှားက ရဲ့လင်းချန်ကို မျက်နှာချိုသွေးလေတော့သည်။
ဤလူများထဲတွင် သူသည် ရဲ့လင်းချန်မှလွဲ၍ ကျန်လူအားလုံးကို သူ သိသည်။ ထို့ကြောင့် အခြားဘယ်သူက ဥက္ကဋ္ဌရဲ့ ဖြစ်နိုင်ပါဦးမည်နည်း။
"ဥက္ကဋ္ဌရဲ့က တကယ်ကို ထူးချွန်တာပဲ၊ ဝမ်ရုံ နည်းပညာကို ဒီလို သေရေးရှင်ရေး အခြေအနေကနေ ကယ်ပေး နိုင်ခဲ့တာပဲ"
"ဥက္ကဋ္ဌရဲ့နဲ့ တွေ့နိုင်တာက ကျုပ် တကယ် ကံကောင်းတာပဲ"
ကျန်လူများအားလုံးက လိုက်၍ ချီးမွမ်းကြသည်။
"ကျေးဇူးတင်ပါတယ်"
ရဲ့လင်းချန် ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။ ဤသို့သော အခြေအနေများကို သူ မကြိုက်ပါ။ အထူးသဖြင့် သူ့ကို ချီးမွမ်းနေသူများ၌ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိနေသည်ကို သူ သိနေသည့် အချိန်မျိုးတွင်ပင်။
သူတို့က ရဲ့လင်းချန်၏ အပြုအမူကို မကျေနပ်ကြောင်း မပြပါ။ သူတို့က ဆက်၍သာ ပြုံးနေ၏။
"ဥက္ကဋ္ဌရဲ့ လာတက်ပေးတာက ကျုပ်တို့အတွက် အံ့ဩစရာပဲ၊ လာပါ၊ ကြွပါ"
ထိုသို့ပြောပြီး သူတို့က ရဲ့လင်းချန်ကို ချက်ချင်း လမ်းပြသည်။
လမ်းတစ်လျှောက်တွင် ရဲ့လင်းချန် ဆက်တိုက် မျက်ခုံးလှုပ်နေပြီး သူ့မျက်လုံးတွင်း၌ ပဟေဠိဖြစ်သော အရိပ်အယောင် ပြနေသည်။
ဤပွဲသည် ထျန်းဖူ ဥယျာဉ်အတွက် အလွန် အရေးကြီးသည်။ ထို့ကြောင့် သူတို့က လမ်းတစ်လျှောက်ရှိ ဘေးနှစ်ဖက်လုံးတွင် ကြိုဆိုသူများ ထားရှိပြီး ဖြတ်သွားတိုင်း သူတို့အဖွဲ့ကို ဦးညွှတ်ကြသည်။ စားသောက်ဆိုင်ထဲ ဝင်လိုက်သောအခါ အတွင်းပိုင်း အပြင်အဆင်က ခမ်းနားသည်ကို တွေ့လိုက်ရသည်။ ဝန်ဆောင်မှုတိုင်းကလည်း အဆင့်အမြင့်ဆုံးပင်။
ယင်းကြောင့် ဤစားသောက်ဆိုင် တစ်ခုလုံးကို သူတို့ကိုသာ ဧည့်ခံဖို့ ငှားထားကြောင်း ရဲ့လင်းချန် သတိပြု လိုက်မိသည်။
*ကုန်ကျစရိတ်က တော်တော်များမှာပဲ၊ ရှယ်ယာရှင်အချို့အတွက် ဒီလောက် အကုန်ခံဖို့ မဖြစ်နိုင်ဘူး"
သီးသန့်ခန်းထဲသို့ သူတို့ ဝင်လာကြသည်။ ၎င်းသည် လူတစ်ရာနီးပါး ဆန့်လောက်သည်အထိ ကြီးမားလေသည်။ လက်ရှိတွင် စားပွဲ၌ အရက်နှင့် သွားရည်စာများနှင့် ပြည့်နှက်နေ၏။ အရက်သည် တရုတ်နှင့် ပြည်ပ၌ နာမည်ကြီးသည့် ထျန်းဖူ သက်တမ်းရင့်ဝိုင် ဖြစ်သည်။ တစ်ပုလင်းစီက အနည်းဆုံး ယွမ်ငါးထောင်ကျသည်။ သက်တမ်း ရင့်လေ၊ ဈေးက ပိုမြင့်လေပင်။
သီးသန့်ခန်းထဲသို့ သူတို့ ဝင်လိုက်သည့်အခိုက်မှာပင် ရဲ့လင်းချန်၏ နှုတ်ခမ်းထောင့်က မသိမသာ ကော့တက် လာသည်။ သူ၏ စူးရှသော အာရုံများက သီးသန့်ခန်းဘေးမှ အခန်းနှစ်ခန်းတွင်း၌ အခြားသူများ ပုန်းအောင်း နေသည်ကို သတိထားမိသွားသည်။
*အခြေအနေက စိတ်ဝင်စားစရာ ကောင်းလာပြီပဲ ...*
#Zawgyi
စာစဥ္ 32 Chapter 471 အေျခအေနက စိတ္ဝင္စားစရာ ေကာင္းလာၿပီ
ရဲ႕လင္းခ်န္က အိုးရန္ခ်င္း၏ အႀကံျပဳခ်က္ကို ေခါင္းညိတ္လိုက္ၿပီး သူ အေလးအနက္ထား၍ စဥ္းစားမည္ဟု ေျပာလိုက္သည္။
တကယ္တမ္းတြင္ အိုးရန္ခ်င္း၏ စကား၌ ဖုံးကြယ္ထားေသာ ဆိုလိုရင္းတစ္ခု ရွိသည္။ ယင္းမွာ အမာတဲရာစု မ်ိဳး႐ိုးဗီဇပညာကို သတိထားရန္ ျဖစ္သည္။ သူမတို႔က သူတို႔ကို ရန္စခဲ့ၿပီး ျဖစ္သျဖင့္ သူမတို႔ သတိထားေနမွ ျဖစ္ေပမည္။
အမာတဲရာစု ဖိုင္မ်ားေပး၌ အနီေရာင္ ဖိတ္စာ တစ္ေစာင္ ရွိေနသည္။ သူ ေအးေအးလူလူ လွမ္းယူလိုက္သည္။
"ဒီညလား၊ မင္း ငါ့ကို လွမ္းေခၚတာ ဒီအေၾကာင္းေၾကာင့္လား"
"ဒီဖိတ္စာကို ကြၽန္မဦးေလးက ပို႔လိုက္တာ၊ သူက အစတုန္းက ဝမ္႐ုံ နည္းပညာရဲ႕ ရွယ္ယာရွင္ေတြထဲက တစ္ေယာက္ေလ"
အိုးရန္ခ်င္းက ရဲ႕လင္းခ်န္ကို စိုက္ၾကည့္၍ ေျပာသည္။
"အခု သူက ကြၽန္မတို႔ရဲ႕ ရွယ္ယာရွင္ေဟာင္းေတြနဲ႔ ေပါင္းၿပီး ကြၽန္မတို႔ဆီ ဒီဖိတ္စာ ပို႔လိုက္တာ"
"မဟုတ္မွလြဲေရာ သူတို႔က သူတို႔ရွယ္ယာကို ျပန္ယူဖို႔ စဥ္းစားေနတာလား"
ရဲ႕လင္းခ်န္ မ်က္ေမွာင္ၾကဳတ္သြားသည္။
"အဲ့လိုမဟုတ္ေလာက္ပါဘူး၊ သူတို႔က ကုမၸဏီကို ျပန္တင္ဖို႔ ႀကိဳးစားေန႐ုံေလာက္ပဲလို႔ ကြၽန္မ ထင္တယ္"
အိုးရန္ခ်င္းက ခန႔္မွန္းၿပီး တစ္ခဏမွ် ၿငိမ္သြားၿပီးမွ ဆက္ေျပာသည္။
"သူတို႔က ဝမ္႐ုံ နည္းပညာရဲ႕ ဝါရင့္ ကြၽမ္းက်င္သူေတြေလ၊ သူတို႔ေနရာကေန ထြက္သြားပင္မယ့္ ကြၽန္မတို႔ ကုမၸဏီအတြက္ သူတို႔နဲ႔ ဆက္သြယ္မႈအားလုံး ျဖတ္ေတာက္ဖို႔က ခက္တယ္၊ အဲ့ဒါေၾကာင့္ ကြၽန္မတို႔ ဒါကို မသိခ်င္ေယာင္ေဆာင္လို႔ မရဘူး၊ ဒါကို ေသေသခ်ာခ်ာ ကိုင္တြယ္မွရမယ္"
ရဲ႕လင္းခ်န္ ေခါင္းညိတ္လိုက္သည္။
အကယ္၍ ဤလူမ်ားသာ ဝမ္႐ုံနည္းပညာႏွင့္ ပတ္သက္၍ မေကာင္းသတင္းအခ်ိဳ႕ ျဖန႔္ပါက သူတို႔အတြက္ အေတာ္ေလး ဒုကၡေရာက္ေပလိမ့္မည္။
"ေကာင္းၿပီေလ၊ ငါ ညစာစားပြဲကို တက္မယ္"
ရဲ႕လင္းခ်န္ ပခုံးတြန႔္ျပလိုက္သည္။ ညစာစားပြဲက ဘယ္လို ရည္႐ြယ္ခ်က္မ်ိဳး ရွိေနပါေစ သူ မၿဖဳံပါ။
ထို႔ေနာက္ ရဲ႕လင္းခ်န္သည္ ဝမ္႐ုံနည္းပညာမွ မျပန္ဘဲ အခ်ိဳ႕ေသာ ကုမၸဏီကိစၥမ်ားကို ဆက္၍ စီမံေနသည္။
သူက ပါရမီရွင္တစ္ဦး မဟုတ္ပါေလာ။ အေျခအေနကိစၥရပ္မ်ားကို စီမံျခင္းကို အသာေလး စီမံႏိုင္ပါသည္။
အစည္းအေဝးအတြင္း၌ ေဆြးေႏြးခဲ့ေသာ အစီအစည္မ်ားကို သူ႔ထံသို႔ အသုတ္လိုက္ တင္ျပလာသည္။ ရဲ႕လင္းခ်န္၏ စာဖတ္ႏႈန္းက အလြန္ ျမန္ဆန္သည္။ သူသည္ ဖိုင္တစ္ခုခ်င္းစီကို တစ္ခ်က္မွ် ၾကည့္႐ုံႏွင့္ ျဖစ္ႏိုင္ေခ်ႏွင့္ အားနည္းခ်က္မ်ားကို ျမင္ႏိုင္ေပသည္။
သူသည္ အေရးႀကီးေသာ စာ႐ြက္စာတမ္းမ်ားစြာကို အမွတ္အသား ျပဳလုပ္ၿပီးေနာက္ ဆိုင္ခြဲမ်ားဖြင့္ရန္ ေနရာအတြက္ ျပင္ဆင္စီစဥ္မႈမ်ားကို ခ်က္ခ်င္း ျပဳလုပ္ေလသည္။ ရဲ႕လင္းခ်န္၏ ဇာတိၿမိဳ႕ ျဖစ္ေသာ က်င္းဟိုင္ၿမိဳ႕လည္း ပါဝင္သည္။
ေနာင္အနာဂတ္၌ သူ အတြင္းေရးမႉးတစ္ေယာက္ လိုအပ္မည့္ပုံပင္။ သူ႔အတြက္ စာ႐ြက္စာတမ္းမ်ားကို စီစစ္ေပးမည့္ အတြင္းေရးမႉးဌာနတစ္ခု ဖြဲ႕စည္းလိုက္သည္က သူ႔အတြက္ အေကာင္းဆုံး ျဖစ္မည့္ပုံပင္။ အေရးမႀကီးေသာ စာ႐ြက္စာတမ္းမ်ားကို သူတို႔ စီစဥ္ရန္အတြက္ ခ်န္ထားသင့္ေလာက္သည္။
အိုးရန္ခ်င္း၌ ထူးခြၽန္ေသာ ပါရမီရွင္ ျဖစ္ေသာ္လည္း သူမ လုပ္ႏိုင္သည့္ အတိုင္းအတာက အကန႔္အသတ္ ရွိပါသည္။ ထို႔အျပင္ သူမသည္ နည္းပညာတြင္သာ အားသန္သည္။ စီမံခန႔္ခြဲမႈ၊ သုေတသန၊ ထုတ္လုပ္ေရးႏွင့္ အျခားေသာ ဌာနမ်ားကို ခြဲထားရန္ လိုအပ္ေပသည္။ သို႔မွသာ ျပန္စစ္ေဆးႏိုင္ေပမည္။
သူ မသိလိုက္မသိခင္မွာပင္ အခ်ိန္က ကုန္ဆုံးသြားေလသည္။
"ဆရာ၊ ကြၽန္မ ရွင့္ကို သိပ္သတိရေနတာ"
ရႈနန္သည္ အလုပ္ဆင္းလာၿပီး အေျပးလာေလသည္။ သူမက ရဲ႕လင္းခ်န္ကို ျမင္လိုက္သည့္ အခိုက္မွာပင္ က်ယ္ေလာင္စြာ ေအာ္ေျပာ၍ သူ႔ထံ ခုန္ဝင္လာ၏။ သူမ မ်က္ႏွာေလးက စိတ္လႈပ္ရွားမႈေၾကာင့္ နီရဲေန၏။
"ဆရာ၊ ရွင္က သိပ္ေခ်ာတာပဲ၊ ရွင့္ရဲ႕ တိုက္႐ိုက္ ထုတ္လႊင့္မႈကို ၾကည့္တုန္းက ကြၽန္မ စိတ္လႈပ္ရွားလို႔ ေသြးေတာင္ ဆူတယ္၊ ရွင္ ကြၽန္မကို ဘယ္ေတာ့ ဆက္သင္ေပးမွာလဲ၊ အဲ့ဒါမွ ဧရာမ စပါးအုံးေႁမြႀကီးကို ကြၽန္မဘာသာ အႏိုင္ပိုင္းလို႔ ရမွာေလ"
ရဲ႕လင္းခ်န္က ၿပဳံး၍ ေခါင္းခါလိုက္သည္။
"ငါ မင္းကို သင္ေပးထားတဲ့ အကြက္ေတြကို မင္း ကြၽမ္းက်င္သြားတဲ့အထိ ေစာင့္ပါဦး"
ရႈနန္၏ အမူအရာက ခ်က္ခ်င္း သုန္မႈန္သြားသည္။
"ခက္လြန္းတယ္၊ ကြၽန္မ အခုထိ ေလးကြက္အထိပဲ ေရာက္ႏိုင္ေသးတယ္၊ ဒါေပမဲ့ အက်ိဳးေက်းဇူးကေတာ့ သိပ္ထူးျခားတယ္၊ ကြၽန္မရဲ႕ ခႏၶာကိုယ္ အေျခအေနက ေတာ္ေတာ္ေလး တိုးတက္လာတယ္၊ အဲ့ဒါအျပင္ ကြၽန္မအဖြဲ႕ထဲက ေလ့က်င့္ေရးစံခ်ိန္ကို အျမန္ဆုံးအျဖစ္နဲ႔ စံခ်ိန္ခ်ိဳးလိုက္ႏိုင္တယ္ေလ"
"ေလးကြက္ေျမာက္ထိ ေရာက္ေနတဲ့ မင္းအရည္အခ်င္းက မင္း အေတာ္ေလး ထူးခြၽန္တယ္လို႔ ဆိုလိုေနတာပဲ"
"ဆရာ၊ အခု ကြၽန္မကို သိုင္းပညာရွင္လို႔ သတ္မွတ္လို႔ ရၿပီလား"
ရႈနန္က ဂုဏ္ယူစြာ ၿပဳံးေနသည္။
ရဲ႕လင္းခ်န္ ၿပဳံး၍ ေခါင္းညိတ္ျပလိုက္သည္။ တကယ္တမ္းတြင္ ရႈနန္၏ ေယဘုယ် လကၡဏာမ်ားက သာမန္ သိုင္းပညာရွင္ထက္ ပိုျမင့္ေပသည္။
"မင္း ေလးကြက္ေျမာက္ကို ကြၽမ္းက်င္သြားတဲ့အခါက်ရင္ ငါ မင္းကို ကြန္ဖူးအသစ္ နည္းနည္း သင္ေပးမယ္"
"တကယ္လား၊ ဆရာ ရွင္က အေကာင္းဆုံးပဲ"
ရႈနန္က ေပ်ာ္႐ႊင္စြာ ေျပာသည္။
ရႈနန္ ေရာက္လာၿပီးေနာက္ ရႈဝမ္ခ်င္လည္း ေရာက္လာသည္။ သူမက ရဲ႕လင္းခ်န္ကို ေခါင္းညိတ္ျပၿပီး ယခင္အတိုင္း တိတ္ဆိတ္ေနသည္။ ရႈနန္ႏွင့္ လုံးဝ ဆန႔္က်င္ဘက္ပင္။
ထို႔ေနာက္တြင္မူ ဥကၠ႒ရႈႏွင့္ ဥကၠ႒ အိုးရန္တို႔လည္း ေရာက္လာသည္။ ရွယ္ယာရွင္ေဟာင္းမ်ားႏွင့္ ေတြ႕ဆုံပြဲအား သူတို႔ အေတာ္ေလး အေလးအနက္ ထားသင့္ပုံပင္။
သူတို႔ၾကားမွ ဆက္ဆံေရးက အနည္းငယ္ ရႈပ္ေထြးေနသည္။ ရဲ႕လင္းခ်န္သည္ ေက်ာင္းသားျဖစ္ၿပီး ရႈဝမ္ခ်င္က ဆရာ ျဖစ္သည္။ တစ္ခ်ိန္တည္းမွာပင္ ရႈနန္ႏွင့္ ရဲ႕လင္းခ်န္တို႔က ဆရာတပည့္ ျဖစ္ေန၏။ တစ္ဖက္တြင္မူ ရဲ႕လင္းခ်န္က ဥကၠ႒ရႈ၏ သူေဌး ျဖစ္ေနျပန္သည္။
အခ်ိန္တန္ေသာအခါ သူတို႔အဖြဲ႕သည္ Alphard MPV ေပၚတက္၍ အတူတူ ထြက္လာၾကသည္။
Alphard က ႀကီးသည္။ ၎တြင္ ထိုင္ခုံ ခုနစ္လုံးပါၿပီး ေရာင္းေဈးက ခုနစ္သိန္းမွ ကိုးသိန္းၾကား ရွိသည္။ လုပ္ငန္းစုႀကီး အမ်ားစုက ၎အား အဆင့္ျမင့္ ေမာ္ေတာ္ယာဥ္အျဖစ္ ဦးစားေပး ေ႐ြးခ်ယ္ၾကသည္။
ထ်န္းဖူဥယ်ာဥ္၌ ...
မဟာၿမိဳ႕ေတာ္ စားေသာက္ဆိုင္က ၿမိဳ႕ေတာ္၏ ႐ိုးရာ စားေသာက္ဆိုင္အျဖစ္ ကိုယ္စားျပဳလ်င္ ထ်န္းဖူ ဥယ်ာဥ္က ၿမိဳ႕ေတာ္၏ ေခတ္သစ္ စားေသာက္ဆိုင္မ်ားကို ကိုယ္စားျပဳေလသည္။ အေဆာက္အဦး၏ အသြင္အျပင္သည္ အလြန္ ေခတ္မီလွသည္။ အေဆာက္အဦး တစ္ခုလုံးကို အေရွ႕တိုင္းႏွင့္ အေနာက္တိုင္းပုံစံ ေရာစပ္၍ တည္ေဆာက္ထားသည္။ အျပင္နံရံမ်ားတြင္ မီးေခ်ာင္းမ်ားႏွင့္ ျပည့္ေနၿပီး စားေသာက္ဆိုင္၏ ပင္မတံခါးတြင္ ျမင္းပ်ံတစ္ေကာင္၏ ဧရာမ ႐ုပ္တုတစ္ခု ရွိသည္။ ယင္းအေနာက္၌ ႀကီးမားေသာ ေရတံခြန္တစ္ခု ရွိေလသည္။
"ဟားဟား ... ဥကၠ႒ရႈ၊ ဥကၠ႒ အိုးရန္ မင္းတို႔ ေရာက္လာၿပီပဲ"
သူတို႔ စားေသာက္ဆိုင္ထဲ မဝင္ခင္မွာပင္ တုတ္ခိုင္ေသာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ေယာက္က ထြက္လာၿပီး သူတို႔အား ၿပဳံး၍ ႏႈတ္ဆက္ေလသည္။ သူ႔အေနာက္၌ အျခားသူ ေလးေယာက္ လိုက္လာသည္။ သူတို႔အားလုံးက အသက္ ငါးဆယ္ေက်ာ္မ်ား ျဖစ္ၾကၿပီး တစ္ေယာက္ဆိုလ်င္ သူ႔ဆံပင္ တစ္ဝက္ေက်ာ္က အျဖဴသို႔ ေျပာင္းေန၏။
"ဦးေလး"
ရႈနန္တို႔ မိန္းကေလးတစ္စုက လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားကို ႏႈတ္ဆက္ၾကသည္။
"ဟားဟား ဒါ႐ိုက္တာရွား၊ အားလုံးပဲ ... က်ဳပ္တို႔ မေတြ႕တာ ၾကာသြားၿပီပဲ"
ဥကၠ႒ရႈႏွင့္ ဥကၠ႒ အိုးရန္တို႔က ၿပဳံးလိုက္ၿပီး အျခားသူမ်ားႏွင့္ စကား စေျပာၾကသည္။ သူတို႔က အမ်ိဳးစုံေသာ အခက္အခဲမ်ားကို အတူတူ ေက်ာ္ျဖတ္၍ တစ္ေယာက္ႏွင့္ တစ္ေယာက္ အလြန္ ေကာင္းမြန္ေသာ ဆက္ဆံေရး ရွိခဲ့ၾကသည္ မဟုတ္ပါတကား။
"ဒီညီငယ္ေလးက အထင္ႀကီးစရာေကာင္းတဲ့ပုံ ေပါက္ေနတယ္၊ မင္းမ်က္ခုံးၾကားကေန ထြက္ေနတဲ့ အရွိန္အဝါကို ငါ ခံစားမိတယ္၊ မင္းက သာမန္လူ မဟုတ္တာ ေသခ်ာတယ္၊ မင္းက ဥကၠ႒ရဲ႕ပဲ ျဖစ္ရမယ္ ဟုတ္တယ္မလား၊ ဥကၠ႒ရဲ႕က ငယ္တယ္လို႔ ငါ ၾကားဖူးေနတာ ၾကာပင္မယ့္ ဒီေလာက္ အသက္ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္ ေနလိမ့္မယ္လို႔ ငါ လုံးဝ ထင္မထားမိဘူး"
ဥကၠ႒ရွားက ရဲ႕လင္းခ်န္ကို မ်က္ႏွာခ်ိဳေသြးေလေတာ့သည္။
ဤလူမ်ားထဲတြင္ သူသည္ ရဲ႕လင္းခ်န္မွလြဲ၍ က်န္လူအားလုံးကို သူ သိသည္။ ထို႔ေၾကာင့္ အျခားဘယ္သူက ဥကၠ႒ရဲ႕ ျဖစ္ႏိုင္ပါဦးမည္နည္း။
"ဥကၠ႒ရဲ႕က တကယ္ကို ထူးခြၽန္တာပဲ၊ ဝမ္႐ုံ နည္းပညာကို ဒီလို ေသေရးရွင္ေရး အေျခအေနကေန ကယ္ေပး ႏိုင္ခဲ့တာပဲ"
"ဥကၠ႒ရဲ႕နဲ႔ ေတြ႕ႏိုင္တာက က်ဳပ္ တကယ္ ကံေကာင္းတာပဲ"
က်န္လူမ်ားအားလုံးက လိုက္၍ ခ်ီးမြမ္းၾကသည္။
"ေက်းဇူးတင္ပါတယ္"
ရဲ႕လင္းခ်န္ ပုံမွန္အတိုင္း ျပန္ေျပာလိုက္သည္။ ဤသို႔ေသာ အေျခအေနမ်ားကို သူ မႀကိဳက္ပါ။ အထူးသျဖင့္ သူ႔ကို ခ်ီးမြမ္းေနသူမ်ား၌ ဖုံးကြယ္ထားေသာ ရည္႐ြယ္ခ်က္မ်ား ရွိေနသည္ကို သူ သိေနသည့္ အခ်ိန္မ်ိဳးတြင္ပင္။
သူတို႔က ရဲ႕လင္းခ်န္၏ အျပဳအမူကို မေက်နပ္ေၾကာင္း မျပပါ။ သူတို႔က ဆက္၍သာ ၿပဳံးေန၏။
"ဥကၠ႒ရဲ႕ လာတက္ေပးတာက က်ဳပ္တို႔အတြက္ အံ့ဩစရာပဲ၊ လာပါ၊ ႂကြပါ"
ထိုသို႔ေျပာၿပီး သူတို႔က ရဲ႕လင္းခ်န္ကို ခ်က္ခ်င္း လမ္းျပသည္။
လမ္းတစ္ေလွ်ာက္တြင္ ရဲ႕လင္းခ်န္ ဆက္တိုက္ မ်က္ခုံးလႈပ္ေနၿပီး သူ႔မ်က္လုံးတြင္း၌ ပေဟဠိျဖစ္ေသာ အရိပ္အေယာင္ ျပေနသည္။
ဤပြဲသည္ ထ်န္းဖူ ဥယ်ာဥ္အတြက္ အလြန္ အေရးႀကီးသည္။ ထို႔ေၾကာင့္ သူတို႔က လမ္းတစ္ေလွ်ာက္ရွိ ေဘးႏွစ္ဖက္လုံးတြင္ ႀကိဳဆိုသူမ်ား ထားရွိၿပီး ျဖတ္သြားတိုင္း သူတို႔အဖြဲ႕ကို ဦးၫႊတ္ၾကသည္။ စားေသာက္ဆိုင္ထဲ ဝင္လိုက္ေသာအခါ အတြင္းပိုင္း အျပင္အဆင္က ခမ္းနားသည္ကို ေတြ႕လိုက္ရသည္။ ဝန္ေဆာင္မႈတိုင္းကလည္း အဆင့္အျမင့္ဆုံးပင္။
ယင္းေၾကာင့္ ဤစားေသာက္ဆိုင္ တစ္ခုလုံးကို သူတို႔ကိုသာ ဧည့္ခံဖို႔ ငွားထားေၾကာင္း ရဲ႕လင္းခ်န္ သတိျပဳ လိုက္မိသည္။
*ကုန္က်စရိတ္က ေတာ္ေတာ္မ်ားမွာပဲ၊ ရွယ္ယာရွင္အခ်ိဳ႕အတြက္ ဒီေလာက္ အကုန္ခံဖို႔ မျဖစ္ႏိုင္ဘူး"
သီးသန႔္ခန္းထဲသို႔ သူတို႔ ဝင္လာၾကသည္။ ၎သည္ လူတစ္ရာနီးပါး ဆန႔္ေလာက္သည္အထိ ႀကီးမားေလသည္။ လက္ရွိတြင္ စားပြဲ၌ အရက္ႏွင့္ သြားရည္စာမ်ားႏွင့္ ျပည့္ႏွက္ေန၏။ အရက္သည္ တ႐ုတ္ႏွင့္ ျပည္ပ၌ နာမည္ႀကီးသည့္ ထ်န္းဖူ သက္တမ္းရင့္ဝိုင္ ျဖစ္သည္။ တစ္ပုလင္းစီက အနည္းဆုံး ယြမ္ငါးေထာင္က်သည္။ သက္တမ္း ရင့္ေလ၊ ေဈးက ပိုျမင့္ေလပင္။
သီးသန႔္ခန္းထဲသို႔ သူတို႔ ဝင္လိုက္သည့္အခိုက္မွာပင္ ရဲ႕လင္းခ်န္၏ ႏႈတ္ခမ္းေထာင့္က မသိမသာ ေကာ့တက္ လာသည္။ သူ၏ စူးရွေသာ အာ႐ုံမ်ားက သီးသန႔္ခန္းေဘးမွ အခန္းႏွစ္ခန္းတြင္း၌ အျခားသူမ်ား ပုန္းေအာင္း ေနသည္ကို သတိထားမိသြားသည္။
*အေျခအေနက စိတ္ဝင္စားစရာ ေကာင္းလာၿပီပဲ ...*