My Beautiful SPOUSE

Af Yellowish_One

334K 24.7K 2.2K

ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... Mere

သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
အပိုင်း - (၁၃)
အပိုင်း - (၁၄)
အပိုင်း - (၁၄)
အပိုင်း - (၁၅)
အပိုင်း - (၁၅)
အပိုင်း - (၁၆)
အပိုင်း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုင်း - (၁၈)
အပိုင်း - (၁၉)
အပိုင်း - (၁၉)
အပိုင်း - (၂၀)
အပိုင်း - (၂၀)
အပိုင်း - (၂၁)
အပိုင်း - (၂၁)
အပိုင်း - (၂၂)
အပိုင်း - (၂၂)
အပိုင်း - (၂၃)
အပိုင်း - (၂၃)
အပိုင်း - (၂၄)
အပိုင်း - (၂၄)
အပိုင်း - (၂၅)
အပိုင်း - (၂၅)
အပိုင်း - (၂၆)
အပိုင်း - (၂၆)
အပိုင်း - (၂၇)
အပိုင်း - (၂၇)
အပိုင်း - (၂၈)
အပိုင်း - (၂၉)
အပိုင်း - (၂၉)
အပိုင်း - (၃၀)
အပိုင်း - (၃၀)
အပိုင်း - (၃၁)
အပိုင်း - (၃၁)
အပိုင်း - (၃၂)
အပိုင်း - (၃၂)
အပိုင်း - (၃၃)
အပိုင်း - (၃၃)
အပိုင်း - (၃၄)
အပိုင်း - (၃၄)
အပိုင်း - (၃၅)
အပိုင်း - (၃၅)
အပိုင်း - (၃၆)
အပိုင်း - (၃၆)
အပိုင်း - (၃၇)
အပိုင်း - (၃၇)
အပိုင်း - (၃၈)
အပိုင်း - (၃၈)
အပိုင်း - (၃၉)
အပိုင်း - (၃၉)
အခပျြပို
အချပ်ပို
အပိုင်း - (၄၀)
အပိုင်း - (၄၀)
အပိုင်း - (၄၁)
အပိုင်း - (၄၁)
အပိုင်း - (၄၂)
အပိုင်း - (၄၂)
အပိုင်း - (၄၃)
အပိုင်း - (၄၃)

အပိုင်း - (၂၈)

425 18 0
Af Yellowish_One

ရှန်ခိုက်တို့အိမ်ရှေ့မှာ ကားပါကင်ထိုးလိုက်ပြီး ခြံဝင်းထဲကို ခြေလှမ်းကျဲကျဲနဲ့ လှမ်းလာခဲ့သည်။ ဒီရက်ပိုင်းထဲမှာ နှင်းမုန်တိုင်းရှိနိုင်ကြောင်း ကြေညာထားသည်မို့ နှင်းထုကလိုအပ်သည်ထက် ပိုပြီးသိပ်သည်းနေသည်။ အိမ်ရှေ့တံခါးကိုခေါက်လိုက်တော့ ဒေါက်တာကဖွင့်ပေးလာသည်။

" ဒေါက်တာ... နေး ~~ " " ရှူး... တိုးတိုး "

လျှန့်ကို လေသံလျှော့ပြောဖို့သတိပေးပြီး ဧည့်ခန်းတစ်နေရာကို မျက်နှာရိပ်ပြသည်။ ဒေါက်တာရှားမြတ် ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ နှစ်ယောက်ထိုင်ဆိုဖာခုံပေါ်မှာ ခေါင်းလေးတစ်စောင်းမှီကာ ခွေခွေလေးအိပ်ပျော်နေတဲ့ လျှန့်ရဲ့ချစ်မဝအဆိုးအပေလေးကို တွေ့လိုက်ရသည်။

" အိပ်နေတာကြာပြီလား... ဒေါက်တာ "

" နာရီဝက်လောက်ပဲရှိဦးမယ်ထင်တယ်... ကျွန်တော်လည်း ညစာအတွက်လက်စသတ်ဖို့ပြင်နေတာ... ပြန်ထွက်လာတော့ နေးနေးက အိပ်ပျော်နေပြီ... ကိုဘုံလျှန် ရောက်လာပြီဆိုတော့ နှိုးလိုက်တော့နော်... ညစာစားတာ အရမ်းနောက်ကျရင် ကျန်းမာရေးအတွက် မကောင်းဘူး "

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ နေးလက်ျာဆီကနေ အကြည့်မရွေ့ပဲ ဒေါက်တာ့စကားကို လျှန် ခေါင်းညိတ်လိုက်သည်။ နေးရှိရာကို ခြေသံလုံလုံနဲ့ လှမ်းသွားလိုက်သည်။

" နေး ... နေး . ထတော့နော်... ကိုယ် ရောက်ပြီ ... ညစာစားရအောင် "

အိပ်မောကျနေတုန်း ခန္ဓာကိုယ်ကို ခပ်ဖွဖွလှုပ်နှိုးခံလိုက်ရတာကြောင့် နေး အိပ်နေရာကနေ နိုးလာသည်။

" ကိုကိုလား... "

" အင်း . ကိုယ်ပါ ... "

နေးမျက်လုံးတွေကို ပွတ်သပ်ပစ်လိုက်ရင်း ဘေးဘီကို ဝေ့ဝဲကြည့်မိတော့မှသာ နေး ရောက်နေတဲ့နေရာကို သတိရမိတော့သည်။ ကိုကို့ကိုစောင့်နေရင်းနဲ့ ကိုကိုရှားမြတ်တို့အိမ်မှာ နေး အိပ်ပျော်သွားသည်။

" ဒီနေ့ ပင်ပန်းသွားတာလား ဟင် ~ ကိုယ့်ကိုစောင့်နေရင်း အိပ်ပျော်သွားတာဆိုတော့ "

လျှန် မေးလိုက်တော့ ခေါင်းကိုဖြည်းဖြည်းလေးခါရမ်းလာသည်။ လျှန့်ကိုမဝံ့မရဲနဲ့လှမ်းကြည့်ရင်း တစ်ခုခုကိုပြောချင်နေသည့်ပုံမို့ လျှန် စကားစ,လိုက်သည်။

" ကိုယ့်ကိုပြောစရာရှိလို့လား "

မိနစ်အချို့ကြာသည်အထိ စကားပြန်မရသည်မို့ လျှန့်အရှေ့က ဖြူဆွတ်ဆွတ်နှင်းပန်းလေးရဲ့ လက်ကလေးကို ဖွဖွလေးလှမ်းကိုင်ဆုပ်ယူလိုက်သည်။

" ဘာပြောချင်လို့လဲ... နေးရဲ့... ပြောလေ... နေးနဲ့ကိုယ်နဲ့ကြားမှာ ပြောရခက်တဲ့စကားမျိုးရှိလို့လား "

ဒုတိယအကြိမ်ခေါင်းခါရမ်းလာသည်ကြောင့် လျှန် သက်ပြင်းဖွဖွချမိသည်။

" တောင်းပန်ပါတယ်... "

မထင်မှတ်ထားတဲ့စကားကြောင့် လျှန် မျက်ခုံးနှစ်ဖက်ပင့်ပြီး နေးကို ငဲ့ကြည့်လိုက်သည်။

" ကိုကို့စကားကို နားမထောင်မိလို့ တောင်းပန်ပါတယ်... နောက် မလုပ်တော့ပါဘူး "

လျှန့်ကိုစိတ်ကောက်ကာ လုပ်ချင်ရာလုပ်ပြီးမှ နောင်တရနေပုံရသည်။ အမြဲလိုလိုကြည်လင်ပြီး ပြုံးနေတတ်တဲ့မျက်နှာလေးက အနည်းငယ်ညှိုးနွမ်းနေသည်။ လျှန်က ခေါင်းအသာရမ်းပြီး နေးလက်ျာရဲ့ဆံနွယ်တို့ကို ခပ်ဖွဖွလေးပွတ်သပ်ပေးလိုက်သည်။

" ကိုယ့်စကားကို နားထောင်တာ၊ နားမထောင်တာထက် နေး တစ်ခုခုဖြစ်သွားမှာကို ကိုယ်ကပိုစိတ်ပူတာပါ... နေးကိုအဆက်အသွယ်မရတဲ့အချိန်မှာ ကိုယ့်ရဲ့စိုးရိမ်စိတ်က ဖော်မပြတတ်အောင်ပဲ... နေးသာတစ်ခုခုဖြစ်သွားရင် ဦးနော်တို့ကို ကိုယ် ဘယ်လိုရှင်းပြရမလဲတောင်မသိဘူး "

နေးကိုစိုက်ကြည့်ရင်း ကိုကို့က သူ့ရဲ့စိုးရိမ်ပူပန်မှုတွေကို ပြောပြလာသည်ကြောင့် နေး ခေါင်းညိတ်ပြီးသာ ခေါင်းငုံ့ထားလိုက်တော့သည်။ ကိုကိုက သူ့ကို ကလေးတစ်ယောက်လို စိုးရိမ်နေတာပဲ။

" အဲ့ဒါကြောင့် နောက်ဆို ကိုယ့်စကားကို နားမထောင်ချင်ဘူးဆိုရင် နေးက ကိုကိုပြောတာကို နားမထောင်ဘူး... နေး လုပ်ချင်ရာကိုလုပ်တော့မှာ ဆိုပြီး ကြိုပြီးအသိပေးနော် . ဟင် .. အသိပေးမယ်မလား "

" ဟာ... ကိုကိုကလဲ... အဲ့လိုမျိုး ဘယ်မှာရှိလို့လဲ... "

နွမ်းနေတဲ့မျက်နှာနုနုလေးက လျှန့်ရဲ့စ,နောက်တဲ့စကားကြောင့် အနည်းငယ်ပြန်လန်းဆန်းလို့လာသည်။

" ဘယ်မှာမှမရှိပေမယ့် ဒီမှာရှိတယ်လေ... တစ်ခါတစ်လေ စကားနားမထောင်ပဲ ဆိုးချင်တဲ့ နေးလက်ျာလေးအတွက် ကိုယ့်ရဲ့အထူးဝန်ဆောင်မှုပေါ့ "

" ကိုကိုနော် ~~~ "

လွင့်စင်လာတဲ့နှင်းပန်းဖြူလေးရဲ့ မျက်စောင်းနုနုလေးကြောင့် လျှန် အသက်အောင့်မိသွားသည်။ စိတ်ပျိုကိုယ်နု ဆိုတဲ့အတိုင်းပဲ ဆယ်ကျော်သက်စိတ်လေးနဲ့ နေးလက်ျာရဲ့အပြုအမူတွေကလည်း ဖြူဖြူစင်စင်နဲ့ တစ်မျိုးချစ်စရာကောင်းလို့နေသည်။

" မြေအောက်ရထားစီးလာတာဆိုတော့ ဒီကိုရောက်ဖို့ ကားငှားလာခဲ့တာလား "

" ဟင့်အင်း... သိပ်လည်းမဝေးတော့ လမ်းပဲလျှောက်ခဲ့တာ "

" အဲ့ဒါကြောင့် ပင်ပန်းပြီးအိပ်ပျော်သွားတာလား "

" အဲ့လိုမဟုတ်ပါဘူး ... အသီးစားရင်းနဲ့ထိုင်နေတာ . ကိုကိုရှားမြတ်ကလည်း အခန်းကို နွေးနေအောင်လုပ်ပေးခဲ့တော့ အိပ်ပျော်သွားတာ "

" ဟုတ်ပါပြီကွာ ~ "

ကိုကိုက နေးစကားကိုနားထောင်ပြီး ပါးချိုင့်တစ်ဖက် ပေါ်လာသည်အထိ ရယ်လာရင်း နေးရဲ့ခေါင်းကိုဖွဖွလေးပုတ်လာသည်။

" ဗိုက်ဆာနေပြီလား "

" ဟုတ် "

" ကိုယ် အရမ်းနောက်ကျသွားတယ်... အစည်းအဝေးကလည်း တော်တော်နဲ့မပြီးဘူးဖြစ်သွားတယ် "

" ရပါတယ်... ကိုကိုရှားမြတ်တို့လည်း ဗိုက်ဆာနေလောက်ပြီ... နေး ကိုကိုရှားမြတ်ကို သွားကူလိုက်ဦးမယ် "

ဆိုဖာပေါ်မှာ ခပ်ကွေးကွေးလေး အိပ်နေရာကနေ ကုန်းထတော့ ကိုကိုက ဘာမှပြန်မပြောပဲ နေးကို ထူပေးသည်။

" ကူစရာမလိုတော့ပါဘူးဗျာ... အစ်ကို အကုန်ပြင်ပြီးပါပြီ "

" အာ ... "

မီးဖိုခန်းတံခါးဝကိုရောက်တော့ အထဲကနေထွက်လာတဲ့ ကိုကိုရှားမြတ်က နေးကိုပြောသည်။

" အစ်ကိုတို့အကုန်ပြင်ဆင်ပြီးမှ နေးကို နှိုးခိုင်းလိုက်တာလေ... "

" အားနာလိုက်တာ... "

ဒေါက်တာရှားမြတ်နောက်ကိုပါသွားတဲ့ နေးကိုကြည့်ရင်း လျှန့်မှာနောက်ကလိုက်ရတော့သည်။ ဒီမှာ နေးအတွက် ရင်းနှီးရတဲ့လူတွေဆိုလို့ ရှန်ခိုက်နဲ့ ဒေါက်တာရှားမြတ်တို့သာရှိသည်မို့ နေးကလည်း တွယ်တာရှာသည်။ ထိုအထဲကမှ တိုင်ပင်ဖော် တိုင်ပင်ဖက်လိုဖြစ်နေသည့် ဒေါက်တာ့ကိုတော့ နေးကပိုလို့ပင်ခင်တွယ်သည်။

" ဝါး ... ဒါက ကိုကိုရှားမြတ် ချက်ထားတာပေါ့ ... မွှေးနေတာပဲ "

" ကြိုက်တယ် . ဟုတ် "

" အရမ်းကြိုက် . နေးနေးက မြန်မာထမင်းဟင်းကို အရမ်းလွမ်းနေတာ "

နေးလက်ျာရဲ့စကားကိုကြားလိုက်တော့ လျှန် ခေါင်းအသာရမ်းလိုက်သည်။ လစ်ဒီနဲ့ဆိုရင်လည်း ဒီကအစားအသောက်တွေက အသစ်အဆန်းမို့ လစ်ဒီချက်ကျွေးသမျှက အကုန်အရသာရှိကြောင်း ချွဲချွဲနွဲ့နွဲ့နဲ့ ပြောတတ်သေးသည်။ တွေ့သမျှလူတိုင်းနဲ့ အဆင်ပြေအောင် လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံတတ်တာက နေးလက်ျာလေးရဲ့အားသာချက်ဖြစ်လိမ့်မည်ထင်သည်။

" ဟုတ်ပါပြီဗျာ . ကြိုက်ရင် အများကြီးစား... အစ်ကို အများကြီးချက်ထားတယ် "

ရှားက နေးကို ထမင်းဝိုင်းမှာ နေရာချပေးတော့ ကိုဘုံလျှန်ကလည်း မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

" ဒါနဲ့ ရှန်ခိုက်ရော ဒေါက်တာ "

" ရှိတယ် . အပြင်ကပြန်လာလို့ အဝတ်အစားသွားလဲလို့ ပြောတာကို ဘာတွေလုပ်နေလဲမသိဘူး . ကြာလှနေပြီ "

" ကိုယ် ရောက်ပါပြီ... ရေချိုးပြီး shaving လုပ်နေလို့ ကြာနေတာပါ ... ပြီးရင် ရှားပဲ စူးတယ် . မနမ်းရဘူး . ဘာညာနဲ့လုပ်မှာစိုးလို့ "

" ခိုက် ...! မင်း ဘယ်လိုဖြစ်နေတာလဲ "

လျှန်ကတော့ ရှန်ခိုက်အကြောင်းသိပြီးသားမလို့ ဘယ်လိုမှမနေပေမယ့် မျက်စိရှေ့က နေးကတော့ အိမ်ထောင်သည်တွေကြား တစ်တီတူးစကားတွေကြောင့် မျက်နှာကလေးနီရဲလို့ ခေါင်းငုံ့နေသည်။

" ဒီနေ့ တော်တော်နောက်ကျတာပဲ ကိုလျှန် ... အလုပ်များနေတာလား "

" အင်း ... ထုတ်ကုန်အသစ်အတွက် ဒီဇိုင်းပိုင်းမှာ နည်းနည်းပြဿနာဖြစ်သွားလို့ပါ ... အခုတော့ အဆင်ပြေသွားပါပြီ ... ငရုတ်သီးတွေ အရမ်းမစားရဘူး နေး . တော်တော့ "

နေးကို ဂရုစိုက်လွန်းတဲ့ကိုကိုက တစ်ဖက်မှာ ကိုကိုရှန်ခိုက်နဲ့ စကားပြောနေပြီး တစ်ဖက်ကလည်း နေးအတွက် အစစအရာရာ သတိထားနေပြန်သည်။ ဒီလောက်အထိ နေးအတွက် ဂရုစိုက်သူမလို့ နေးရဲ့နှလုံးသားလေးက ကိုကိုအနားမှာရှိနေရင် ပိုအလုပ်များရသလို ကိုကို့ဆီကအပြုအမူတိုင်းကိုလည်း စိတ်ကအတိုင်းမသိလှုပ်ရှားရပြန်သည်။

" လိုတာရှိရင် ပြောနော် ကိုလျှန် ... ကိုယ့်ဘက်မှာ ဒီဇိုင်းပိုင်းအတွက် ကျွမ်းကျင်တဲ့လူတွေရှိတယ် "

" အိုကေ ... အခုတော့ အဆင်ပြေသွားပြီ ... နောက်လိုအပ်လာရင် ကိုယ်ပြောမယ်လေ "

လျှန်နဲ့ ရှန်ခိုက်တို့ကတော့ စီးပွားရေးသမားတွေမလို့ ထမင်းစားဝိုင်းမှာ စီးပွားရေးအကြောင်းကို အချင်းချင်း ဖလှယ်သည့်သဘော စကားပြောဖြစ်ကြသည်။ ဒေါက်တာနဲ့ နေးကတော့ သူတို့နားမလည်သည့် စီးပွားရေးကိစ္စတွေမလို့ သိကြသူအချင်းချင်း စကားပြောကြတာကလွဲလို့ လျှန်တို့ကြားကို ဝင်မပါကြချေ။

" ပန်းကန်တွေ နေးနေး ဆေးမယ်နော် ကိုကိုရှားမြတ် "

" ရပါတယ် ... သွားသွား . အရှေ့မှာပဲသွားထိုင်နေ . အစ်ကိုပဲလုပ်လိုက်မယ် "

" မရပါဘူး... ကိုကိုရှားမြတ်က ဟင်းချက်ပေးထားတာမလို့ နေးနေးက ပန်းကန်ဆေးပေးမယ်နော် "

ညစာစားပြီးကြတော့လည်း ထမင်းစားဝိုင်းမှာကတည်းက စကားမပြတ်ကြသည့် လျှန်နဲ့ခိုက်တို့က ဧည့်ခန်းထဲ ရောက်သွားသည့်တိုင် စကားကောင်းနေဆဲဖြစ်သည်။ နေးလည်း အလကားနေရမှာ အားနာတာကြောင့် ကိုကိုရှားမြတ်ကို ပန်းကန်စင်နားကနေ အသာတွန်းလိုက်ရင်း နေးက နေရာဝင်ယူလိုက်သည်။

" ရပါတယ်ဆို ... ပန်းကန်တွေက အစ်ကို မဆေးလည်း ခဏနေကျရင် ခိုက် ဆေးပေးလိမ့်မယ် "

" ကိုကိုရှန်ခိုက်ကရော ပန်းကန်ဆေးတာလား "

" ဒါပေါ့ "

နေးတို့စားထားသမျှ ပန်းကန်ပြားတွေပေါ် ရေဖွင့်ချရင်း ပန်းကန်ဆေးတဲ့အလုပ်နဲ့ ကိုကိုရှန်ခိုက်ကို တွဲမြင်လို့ မရတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။ ကိုကိုရှားမြတ်ကလည်း နေးရဲ့အတွေးကို သိနေသည့်နှယ် ခပ်ပြုံးပြုံးပဲ ပြန်ဖြေပေးလာသည်။

" အစ်ကိုက နေ့လယ်စာ သို့မဟုတ် ညစာအတွက် ချက်ပြုတ်ထားတယ်ဆို သန့်ရှင်းရေးကိုတော့ ခိုက်က တာဝန်ယူပေးတယ်လေ "

" ကိုကိုရှန်ခိုက်က အဲ့လိုလုပ်ပေးမယ်လို့ မထင်ထားဘူး ဟိ . ဟိ "

" အင်း . အခု အစ်ကိုက စာတမ်းပြုစုဖို့ အိုင်ယာလန်ကိုရောက်နေတော့ ခိုက်ကလာတွေ့တိုင်း အိမ်ကိစ္စတော်တော်များများကို သူပဲလုပ်ဖြစ်တာများတယ် "

" အာ အဲ့လို ... "

ဆေးကြောရမယ့် ပန်းကန်တွေနဲ့ အိုးတွေက မများပေမယ့် နေးက ခပ်ဖြေးဖြေးသာဆေးရင်း ကိုကိုရှားမြတ်နဲ့ စကားပြောနေလိုက်သည်။ ကိုကိုရှားမြတ်ကလည်း နေးရဲ့ဘေးကစားပွဲလေးမှာ အသာမှီရပ်နေကာ ပန်းကန်ဆေးနေသည့်နေးကို စကားပြောရင်း ရပ်စောင့်ပေးသည်။

" ကိုဘုံလျှန်နဲ့ရော ဘယ်လိုလဲ နေးနေး "

" ဟင် ... "

ပန်းကန်ဆေးနေရင်း နေးက ကိုကိုရှားမြတ်ကို မော့ကြည့်လိုက်တော့ ကိုကိုရှားမြတ်က မီးဖိုခန်းကနေ လှမ်းမြင်နေရသည့် ဧည့်ခန်းထဲကိုလှမ်းကြည့်ရင်း ပြောနေတာဖြစ်သည်။

" ဟင်း... "

" သက်ပြင်းတွေချလို့ပါလား နေးနေးရဲ့ "

နေးနဲ့ကိုကိုရှားမြတ်က တစ်စတစ်စ ရင်းနှီးလာတာမလို့ နေးရဲ့ ခံစားချက်မှန်သမျှ ကိုကိုရှားမြတ်ကိုသာ အများဆုံးရင်ဖွင့်ဖြစ်သည်။ ရင်ဖွင့်သမျှထဲမှာလည်း ကိုကိုနဲ့ ပတ်သက်သမျှ ခံစားချက်တွေက အများဆုံးသာဖြစ်သည်။

" ကိုကိုက ခန့်မှန်းလို့မရဘူး ကိုကိုရှားမြတ်ရယ်... ကိုကိုက နေးကို အများကြီးဂရုစိုက်ပေမယ့် နေးနေးကိုချစ်လို့ ဂရုစိုက်ပေးတာလား ဒါမှမဟုတ် ငယ်ငယ်က သိခဲ့ဖူးတဲ့ကလေးလေးကို သံယောဇဉ်တွယ်လို့ ဂရုစိုက်ပေးနေတာလား မသိဘူး "

" အစ်ကို အထင်ပြောရရင်တော့ နှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်ပါတယ် "

" ကိုကိုရှားမြတ်က အဲ့လိုမြင်လို့လား "

မျက်လုံးတောက်တောက်လေးတွေနဲ့ မေးလာတဲ့နေးနေးကြောင့် ရှားက ခေါင်းသာညိတ်ပြလိုက်သည်။

" နေးနေးကတော့ ကိုဘုံလျှန့်ကို ချစ်တယ်မလား "

" ဟို... ဟုတ် ~~ "

ရှား မေးလိုက်တော့ ငြိမ်သွားတဲ့နေးနေးက အောက်နှုတ်ခမ်းပါးလေးကို ခပ်ဖွဖွဖိကိုက်လို့ ဝန်ခံသည်။ မြုံစိစိနှစ်ယောက်ကို အသည်းယားလာတာကြောင့် ရှားမှာ အခုချက်ချင်းလက်ဆွဲကာ အပြန်အလှန်ပွင့်လင်းကြတော့ဆိုပြီး မျက်နှာချင်းဆိုင်ပေးလိုက်ချင်သည်။

" နှစ်ယောက်သားက ပွင့်မှမပွင့်လင်းကြပဲ "

" နေးနေးက ကိုကို့ကိုချစ်တာ လေးလေးတောင်သိတယ် "

" အော် ဒီကလေးနှယ် ... ဦးနော်ရန်ဇသိပေမယ့် ကိုဘုံလျှန်က သိဦးမှလေ... "

" ကိုကိုမသိရင် အဲ့တာ ကိုကို တုံးနေလို့ပေါ့ "

" မဟုတ်ဘူးလေ နေးနေးရဲ့... အခုချိန်မှာ နေးနေးက ကိုဘုံလျှန်နဲ့ အတူနေနေရတော့ သူ့ဘက်ကလည်း နေးနေးကို အခွင့်အရေးယူသလိုဖြစ်မှာ စိုးရိမ်နေတာလည်းဖြစ်နိုင်တာပဲလေ "

နှုတ်ခမ်းလေးအနည်းငယ်စူလာတဲ့ နေးနေးက ပန်းကန်ဆေးခြင်းအမှုကိုပါ အနည်းငယ်ဆူညံအောင် လုပ်နေပြီဖြစ်သည်။ ဆေးလို့ပြီးစီးသွားလို့သာ တော်တော့သည်။ မဟုတ်ရင် ပန်းကန်တွေက အတွဲတွေကြားက မြေစာပင်ဖြစ်သွားနိုင်သည်။

" မသိတော့ဘူး... အဲ့ကိုကို အဲ့လောက်တောင်မှ တုံးနေရင်လည်း နေတော့ "

မီးဖိုခန်းထဲကနေ ဆောင့်ကြီးအောင့်ကြီးထွက်သွားတဲ့ နေးနေးကိုကြည့်ရင်း ရှားမှာ ပြုံးမိရတော့သည်။ ဒီနှစ်ယောက်ကတော့ သူက ကိုယ့်ကိုသဘောကျ၊ ကိုယ်က သူ့ကိုသဘောကျ ဖြစ်နေပါပြီလေ။ အချင်းချင်း အတွေးများပြီး မပွင့်လင်းတာက ပြဿနာဖြစ်နေသည်။

" ကိုကိုရှားမြတ်ကို ပန်းကန်ကူဆေးပေးခဲ့တာပေါ့ . ဟုတ်လား "

" ဟုတ် "

ရှန်ခိုက်နဲ့စကားပြောနေတုန်း လျှန့်ဘေးနားကို လာကပ်ထိုင်တဲ့ နေးလက်ျာလေးကြောင့် လျှန့်လက်ထဲက စပျစ်သီးပန်းကန်လေးကို ကမ်းပေးလိုက်သည်။

" ကိုဘုံလျှန်တို့ ဒီည ဒီမှာပဲ အိပ်သွားကြပါလား... အပြင်မှာ နှင်းတွေကိုများလာပြီ . ညဘက်ကားမောင်းတာ အရမ်းအန္တရာယ်များတယ် "

မီးဖိုခန်းထဲကနေ အခုမှထွက်လာတဲ့ဒေါက်တာက ရှန်ခိုက်ဘေးမှာဝင်ထိုင်ရင်း လျှန်တို့ကို သတိပေးသလိုပြောလာသည်။

" ဟုတ်လား... ဒါပေမယ့် နည်းနည်းစောသေးတာ့ ကိုယ်တို့ အခုပြန်လိုက်မယ်လေ "

" မပြန်ပါနဲ့ ... နေးနေးလည်း ပါနေတာမလို့ စိတ်မချဘူး... အိမ်မှာ အခန်းပိုရှိပါတယ်... ကျွန်တော်နဲ့ ခိုက်ရဲ့ အင်္ကျီတွေယူဝတ်လို့ရပါတယ် "

" ဟုတ်တယ် ကိုလျှန်ရဲ့ ... ညဘက်မို့ပါ . မုန်တိုင်းလည်းရှိတော့ အန္တရာယ်များတယ်လေ "

နှစ်ယောက်လုံးက ဝိုင်းတားနေကြတာမလို့ လျှန် အနည်းငယ်စဉ်းစားပြီး သက်ပြင်းချလိုက်သည်။ ဘေးမှာကပ်ထိုင်နေတဲ့ နေးကိုကြည့်လိုက်တော့လည်း ' ကိုကို့သဘော ' ဟုဆိုလာသည်ကြောင့် လျှန် ခေါင်းညိတ်လိုက်တော့သည်။

ညတဖြည်းဖြည်းနက်လာသည်နှင့်အမျှ အပြင်ဘက်က နှင်းမုန်တိုင်းကလည်း ပြင်းထန်လာသည်။ ပြတင်းတံခါးတွေကို လာရောက်ရိုက်ခတ်နေသံတွေက အပြင်မှာ မုန်တိုင်းဘယ်လောက်ပြင်းထန်နေမှန်း သိသာစေသည်။ အိမ်အတွင်းပိုင်းကို စနစ်တကျ တည်ဆောက်ထားတာကြောင့် အပြင်က အသံကျယ်တွေမကြားရပဲ ခပ်အုပ်အုပ်သာဖြစ်သည်။

" ကိုဘုံလျှန်တို့ နားရင်နားတော့လေ... အခုထိ မနားရသေးဘူးမလား ... နေးနေးက ငိုက်နေပြီ "

" အိုကေ . အဲ့တာဆို ကောင်းသောညပါ "

နေးကတော့ အခန်းတွင်းက နွေးထွေးတဲ့လေထုကြားမှာ ငိုက်မြည်းနေသူမလို့ လျှန်တို့ စကားဝိုင်းကြား အင်တင်တင်ကလေးဖြစ်နေသည်။ နောက်ကျသည်အထိ စကားစမပြတ်ပဲ ထိုင်ပြောနေကြတာမလို့ နေးလက်ျာလေးကလည်း ပျင်းပြီးငိုက်နေပြီဖြစ်သည်။

" နေးက ခုတင်ပေါ်မှာ အိပ်လိုက်နော် . ကိုယ်က ဆိုဖာပေါ်မှာ အိပ်မယ် "

" ဟုတ် "

ရှန်ခိုက်တို့ကို အားနာလို့ အခန်းတစ်ခန်းသာ ပြင်ခိုင်းပြီး နေးလက်ျာကို ခုတင်ပေါ်အိပ်စေကာ လျှန်က ဆိုဖာမှာ အိပ်ဖို့ပြင်လိုက်သည်။ အချိန်အတော်ကြာသည်အထိ နေးလက်ျာတစ်ယောက် ဟိုလိမ့်ဒီလိမ့်လုပ်နေသည်မို့ လျှန် မေးလိုက်သည်။

" ဘာဖြစ်လို့လဲ . နေး... အိပ်ရတာအဆင်မပြေဘူးလား "

" နည်းနည်း . အေး ... လို့ "

နေးလက်ျာရဲ့အဖြေစကားကြောင့် လျှန် သက်ပြင်းချလိုက်သည်။ ရှန်ခိုက်တို့က ဘာရယ်မဟုတ် နှစ်ယောက်ခုတင်အတွက်သာ အိပ်ရာပြင်ပေးထားသည်မို့ နေး နဲ့ လျှန်က စောင်အထူနှစ်ထည်ကို တစ်ယောက်တစ်ထည်စီယူပြီး ခြုံထားတာဖြစ်သည်။ ပုံမှန်ဆို ဒီလောက်နဲ့လည်း အဆင်ပြေလောက်သည်ဆိုပေမယ့် နှင်းမုန်တိုင်းတိုက်နေသည်မို့ လိုအပ်တာထက် ပိုပြီးအေးနေတာဖြစ်သည်။

" ကိုယ့်စောင်ပါယူထားလိုက်နော် "

ပြောလည်းပြော၊ လက်ကလည်း နေးကိုစောင်ထပ်ခြုံပေးလိုက်ပြီဖြစ်သည်။ ဆိုဖာပေါ်ပြန်သွားတော့မယ့်လျှန့်လက်ကို နေးလက်ျာကဖမ်းဆွဲလာသည်။

" နေးကိုပေးလိုက်ရင် ကိုကိုကဘာနဲ့ခြုံမှာလဲ... ကိုကို အေးနေမှာပေါ့ "

" ကိုယ်က အဆင်ပြေပါတယ်... ကိုယ်က သိပ်မချမ်းတတ်ဘူး "

" ညာတယ် "

" ဟင် "

စောင်ထူထူတွေကြားထဲမှာ နစ်မြုပ်နေတဲ့နေးလက်ျာရဲ့ မျက်ဝန်းကြည်ကြည်လေးတွေက ညအိပ်မီးရောင်ဝါဝါအောက်မှာ တလက်လက်ဖြစ်နေသည်။ စက္ကန့်အချို့လောက် မျက်ဝန်းချင်းဆုံပြီးတဲ့နောက်မှာတော့ နေးလက်ျာလေးရဲ့အကြည့်တွေက သူဆွဲကိုင်ထားတဲ့ လျှန့်လက်ဆီကိုရောက်လာသည်။

" မချမ်းတတ်ဘူးပြောပြီး ဘာလို့လက်တွေက အေးစက်နေတာလဲ "

" !!! "

" ကိုကိုက နေးကို စောင်မျှပေးထားမို့ နေးလည်း ကိုကို့ကို အိပ်ရာတစ်ဝက်မျှပေးမယ် "

ပြောလည်းပြောရင်း လှုပ်စိလှုပ်စိနဲ့ခုတင်တစ်ဖက်ကိုတိုးပြီး လျှန့်ကိုနေရာပေးလာတဲ့ နေးကြောင့် လျှန့်နှလုံးသားက အပြင်မှာကျနေတဲ့ နှင်းမုန်တိုင်းထက်ကို သည်းထန်နေပြီဖြစ်သည်။ လျှန်လည်း ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရင်း ခုတင်တစ်ဖက်မှာ နေရာယူလိုက်သည်။

" ကိုကို . အိပ်နေပြီလား "

အချိန်တစ်ခုကြာတော့ နေးလက်ျာဆီက အသံတိုးတိုးလေးထွက်လာသည်။ နှစ်ယောက်လုံး မျက်နှာကြတ်ကို မျက်နှာမူပြီး အိပ်နေရာက နေးလက်ျာလေးက လျှန့်ဘက်ကို ဘေးတစ်စောင်းလှည့်လာပြီး လေသံလေးနဲ့ခေါ်လာသည်။

" မအိပ်သေးပါဘူး . ဘာဖြစ်လို့လဲ နေး "

" ဘာမှမဖြစ်ပါဘူး... နေးတို့အရင်ကရော ဒီလိုမျိုးအိပ်ဖူးလား . ဟင်... နေးစိတ်ထဲက ဒီလိုအခြေအနေမျိုး အရင်ကဖြစ်ဖူးတယ်လို့ ခံစားနေရတယ် "

အခုနောက်ပိုင်း ရင်းနှီးနေတဲ့အနေအထား၊ အကြောင်းအရာတွေရှိတိုင်း နေးလက်ျာက မေးဖြစ်လာသည်။ ဒါက ပုံမှန်ကုသခြင်းရဲ့ရလဒ်ကောင်းတွေ ဖြစ်လိမ့်မည်။ နေးလက်ျာမေးလာတိုင်း လျှန်က အလိုက်သင့်ဖြေပေးခဲ့သည်။ အတိတ်ကိုပြန်သတိရသွားရင် ဖြစ်လာမည့်အကျိုးဆက်ကို စိုးရိမ်ပေမယ့်လည်း နေးလက်ျာရဲ့ဘဝလေးကိုတော့ သူ့အနေအထားအမှန်အတိုင်း ပြန်ရောက်စေချင်တာက လျှန့်ရဲ့မှန်သောသစ္စာဖြစ်သည်။

" အင်း . ကိုယ်တို့အလုပ်ခရီးတစ်ခုထွက်တုန်းက ရာသီဉတုဆိုးတာနဲ့ ကြုံပြီး ဒီလိုပဲ တည်းခိုခဲ့ဖူးတယ် "

" ဟုတ်လား... တစ်ခုခုတိုက်ဆိုင်တာရှိရင် နေး ခံစားမိပေမယ့် အကြောင်းအရာအသေးစိတ်ကို လိုက်စဉ်းစားမိရင် နေး ခေါင်းတွေအရမ်းကိုက်လာတယ် "

" အရမ်းမစဉ်းစားပါနဲ့... ဖြည်းဖြည်းချင်းတော့ သတိရလာမှာပါ "

" ဟုတ်... နေး အိပ်ချင်လာပြီ... အိပ်တော့မယ်နော်... ကောင်းသောညပါ ကိုကို "

သန်းခေါင်ယံညအိပ်မက်ထဲငါပျော်မွေ့ခဲ့
မမျှော်လင့်ပဲ မင်းနဲ့တို့ ပြန်ဆုံတွေ့ခဲ့
ရင်မှာ အထိန်းအချုပ်မဲ့တဲ့
အချစ်သံယောဇဉ်တွေ နှောင်ဖွဲ့နေခဲ့
ဘယ်လိုဖြတ်တောက်ရမလဲ မသိ
အို... ခက်ပြီ

ခဏကြာတော့ အသက်ရှူသံမှန်မှန်လေး ထွက်လာသည်။ ဝမ်းဆက်ဂွမ်းအင်္ကျီထူထူနဲ့ အေးအေးချမ်ချမ်းအိပ်မောကျနေတဲ့ နေးလက်ျာလေးရဲ့ နဖူးထက်က ဆံနွယ်တွေကို လျှန် ဖယ်ပေးလိုက်သည်။ မျက်နှာကြည်ကြည်လေးကိုငေးရင်း လျှန် ကိုယ်တိုင်လည်း အိပ်ဖို့ပြင်တော့သည်။ အိပ်ရာမဝင်ခင် အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဘာမှမမြင်ရအောင် ပိန်းပိတ်နေသည့် နှင်းထုကိုသာ တွေ့လိုက်ရသည်။

အချစ်လေး နင်ဟာ ကိုယ့်အတွက်ညနတ်သမီး
ကြယ်စင်အလှတို့ ဝိုင်းရံပြီး
အရုဏ်အလင်းတန်းနဲ့အတူ
မင်းလေးပျောက်ကွယ် နင် ပြန်မှာစိုးတယ်
တစ်ချိန်ချိန်ဝေးကြရမယ်အသိ
အကြင်နာလက်တို့လိုက်ရှာရင်း
ဖြူစင်အနမ်းတို့ ကိုယ့်နတ်သမီးအတွက်

အခွင့်မရှိသော ကျူးကျော်အနမ်းတစ်ခုကို နေးလက်ျာလေးနဖူးပေါ် ဖွဖွကျဲချလိုက်ပြီး မျက်နှာအေးအေးလေးကို တစ်ချက်ငေးလိုက်သည်။

" ကောင်းသောညပါ ... ကိုယ့်နေးကလေး "

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၂၃-၂-၂၀၂၄)

Fortsæt med at læse

You'll Also Like

84K 6.4K 34
....အချစ်ဆိုတာ အပြစ်အနာအဆာ ရှိတိုင်း စွန့်ပစ်ဖို့မှ မဟုတ်တာ ရွေးချယ်ပြီးမှတော့ အပြစ်ဆိုလဲ မမြင်တော့သလို အသစ်ဆိုလဲ မလိုချင်တော့ပါဘူး.....သည်းပုံကသာ ကျ...
81.7K 8.2K 36
အိပ်မက်ရှည်ကြီးတစ်ခုမက်တယ် ။ ကျောခိုင်းထားတဲ့နောက်ကျောပြင်တစ်ခုကို ငါက တစ်ဖက်သတ် ဖက်တွယ်ဖို့ကြိုးစားနေခဲ့တာတဲ့ ။ ဟင့်အင်း.. မင်းငါ့ကိုမချစ်ဘူး ။ ...
Spring Af BD

Generel Fiktion

149K 5.2K 53
Request (One Shots)
44K 4.4K 10
My Sister's Friend or My Husband ကုိ အရင်ဖတ်ဖို့ လိုပါမယ် ✌