စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုး...

By BlackLily_WhiteLily

58K 6.1K 215

"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) C... More

Description
Intro- 1
Intro- 2
Intro- 3
Chapter 1.1
Chapter 1.2
Chapter 1.3
Chapter 1.4
Chapter 2.1
Just Information
Chapter 2.2
Chapter 2.3
Chapter 2.4
Chapter 2.5
Chapter 3.1
Chapter 3.2
Chapter 3.3
🎆🎆🎆Happy New Year🎆🎆🎆
Chapter 3.4
Chapter 3.5
Chapter 4.1
Chapter 4.2/4.3
Chapter 4.4/4.5
Chapter 4.6
Chapter 4.7
Chapter 5.1
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
Chapter 6.1
Chapter 6.2
Chapter 6.3
Chapter 6.4
Chapter 6.5
Chapter 7.1
Chapter 7.2
Chapter 7.3
Chapter 7.4
Chapter 7.5
Chapter 8.1
Chapter 8.2
Chapter 8.4
Chapter 9.1
Chapter 9.2/9.3
Chapter 9.4/9.5
Chapter 9.6/9.7
Chapter 9.8/9.9
Chapter 9.10/9.11
Chapter 10.1/10.2
Chapter 10.3/10.4
Chapter 10.5/10.6
Chapter 10.7/10.8
Chapter 10.9/10.10
Chapter 10.11/10.12
Chapter 10.13/10.14
Chapter 10.15/10.16/10.17
Chapter 11(1,2)
Chapter 11 (3,4)
Chapter 11 (5,6)
Chapter 11.7, 12.1
Chapter 12 (2,3)
Chapter 12 (4,5)
Chapter 12 (6,7)
Chapter 12 (8,9)
Chapter 12 (10,11)
Chapter 12 (12,13)
Chapter 13(1,2)
Chapter 13 (3,4)
Chapter 13 (5,6)
Chapter 13 (7,8)
Chapter 13 (9,10,11)
🔊🔊🔊 Telegram PG လေးစပါပြီ
Chapter 14.1/14.2
Chapter 14.3/14.4
Chapter 14.5/14.6
Chapter 14.7/14.8
Chapter 15.1/15.2
Chapter 15.3/15.4
Chapter 15.5/15.6
Chapter 15.7/15.8
Chapter 15.9/15.10
Chapter 15.11/15.12
Chapter 16.1/16.2
Chapter 16.3/16.4
Chapter 16.5/16.6
Chapter 16.7/16.8
Chapter 16.9/16.10
Chapter 16.11/16.12

Chapter 8.3

628 68 2
By BlackLily_WhiteLily

အခန်း ၈ ရွှေအမှုဟောင်း (အပိုင်း ၃)

ကုယွင်က ကျွော့ချင်းကို တွေ့ရသည့်အတွက် အရမ်းပျော်နေပေမယ့် သူမကို ကျီစားချင်နေပြီး သူမ ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း ကြည့်ချင်နေတုန်းပါပဲ။ သို့သော် ထိုအမျိုးသမီးက ငွေအပ်ဖြင့် သူမလက်မောင်းကို တကယ်ထိုးမည်ဟုတော့ သူမ မထင်မှတ်ခဲ့ပေ။

အပ်ရှည်က သူမလက်မောင်းကို ထိုးမိခါနီးတွင်၊ ကုယွင်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ ထိုလူသတ်လက်ကြီးကို ဆုပ်ကိုင်လိုက်ပြီး "နင်က ငါကို တကယ်ထိုးချင်နေတယ်ပေါ့!"

ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး "နင် ဘယ်လိုထင်လဲ!" ဟု ပြန်ဖြေလိုက်သည်။ နောက်ဆုံးတော့ သူမ လက်လျှော့လိုက်ပြီး နိုးထလိုက်ရသည်။

အချိန်တွေက တစ်မဟုတ်ချင်း ကုန်ဆုံးသွားပေမယ့် အခန်းထဲမှာတော့ လှုပ်ရှားမှု မရှိသေးပါဘူး။ စုယွိက စိတ်မရှည်စွာနဲ့ ခြံဝင်းထဲမှာ လမ်းလောက်နေပြီး ကျင်းစက တော်ဝင်သမားတော်တစ်ယောက်ကို ခြံဝင်ထဲသို့ ခေါ်ဆောင်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ "ချင်းသခင်မလေး၊ တော်ဝင်သမားတော် ရောက်လာပါပြီ"

"ငါ အပ်စိုက်နေတယ်၊ ​​ငါ့ကို လာမနှောင့်ယှက်နဲ့" အခန်းတွင်းမှ အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။

တော်ဝင်သမားတော်က ပိတ်ထားသောတံခါးအ‌ရှေ့တွင် တုန့်ဆိုင်းနေပြီး ကျင်းစကို တစ်ချက်ကြည့်လိုက်သည်။ ကျင်းစက သူ့ဘက်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး သမားတော်က ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။

ခဏအကြာတွင် တံခါးပွင့်လာပြီး ကျွော့ချင်း ထွက်လာခဲ့သည်။

"ဘယ်လိုဖြစ်သွားပြီလဲ?" စုယွိက စိုးရိမ်တကြီး မျက်နှာပေးဖြင့် တံခါးဆီသို့ ပြေးဝင်လာတာကြောင့် ကျွော့ချင်း၏ မျက်လုံးများက အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ အိမ်ထောင်ဖက်နှင့်ပတ်သက်မှ ဆွေမျိုးတော်စပ်တဲ့သူလား!??

ကျွော့ချင်းက သူမ၏မျက်လုံးများမှ စူးရှသော အရိပ်အယောင်ကို ဖုံးအုပ်လိုက်ပြီး "သူ(မ) နိုးလာပြီ၊ ဒါပေမယ့် သူ့(မ)ခန္ဓာကိုယ်က အတော်လေးကို အားနည်းနေသေးတယ်။ အပ်စိုက်ကုထုံးကို ခုနှစ်ရက်တစ်ကြိမ်လုပ်ပေးဖို့ လိုလိမ့်တယ်။ ဆယ်ခါလောက်လုပ်ပြီးရင်တော့ ဒီတစ်နှစ်အတွင်းမှာ ထပ်မဖြစ်နိုင်တော့လောက်ဘူး"

"ခုနစ်ရက်နေရင် သူ(မ)ကို လာပို့ပေးမယ်" သူမကို ကုသနိုင်သရွေ့ အဆင်ပြေတယ်။

ထိုစကားကို ပြောပြီးနောက် စုယွိက ကျွော့ချင်း၏ နံဘေးမှ ဖြတ်ထွက်ကာ အိမ်ခန်းဆီသို့ ဝင်သွားပြီး ခဏအကြာတွင် စစ်သည်လေးယောက်က ကုယွင်ကို ပြန်သယ်သွားကြသည်။

  အလင်းဝင်နိုင်သော ကန့်လန့််ကာ ပိတ်စပါးပါးကို ဖြတ်ပြီး လူနှစ်ယောက်၏ မျက်လုံးများ ဆုံသွားကာ ဂရုတစိုက် အမူအရာကို ထုတ်ဖော်ပြသပြီးနောက် အကြည့်လွှဲသွားကြသည်။

ချင်းကို တွေ့လိုက်ရပြီးနောက် ကုယွင်၏စိတ်နှလုံးက အေးချမ်းသွားခဲ့သည်။ သူမနှင့် ချင်း၏တွေ့ဆုံမှုက တိုတိုတုတ်တုတ်သာဖြစ်ပြီး လတ်တလော အခြေအနေအကြောင်းများကို အချင်းချင်းပြောဆိုရန်သာ အချိန်ရှိခဲ့သည်။ ချင်းက စစ်သူကြီးအိမ်တော်မှ ဒုတိယအဖွဲမှူးအသတ်ခံရမှုအမှုကို စုံစမ်းစစ်ဆေးရန် သူမကို အကူအညီတောင်းခဲ့သည်။ သူမက မူလက ထိုကိစ္စကို သာမန်ကိစ္စဟုသာ ထင်မှတ်ခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က တိုင်ပြည်၏ဘဏ္ဍာတိုက်မှ ခိုးယူခံရပြီး ရွှေအချောင်းပေါင်း တစ်သန်း ညတွင်းချင်း ပျောက်ကွယ်သွားကြောင်း စုံစမ်းသိရှိရသည်။ ထိုနောက် အခွန်ဝန်ကြီးက ရွှေများကို တိုင်တပါးမှ သူခိုးများနှင့် ပူးပေါင်းကာ လျှို့ဝှက်ဥမင်လှိုဏ်ခေါင်းအတွင်းမှ ခိုးထုတ်သွားကြောင်း တွေ့ရှိခဲ့ရသည်။ တရားရေးဌာနက အနယ်နယ်အရပ်ရပ်သို့ လိုက်လံဖမ်းဆီးရန် တပ်ဖွဲ့များ စေလွှတ်ခဲ့သော်လည်း ဘာမှ မတွေ့ရှိရသဖြင့် နောက်ဆုံးတွင် လွှတ်ထားရန်က လွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။ လူသတ်မှုကျူးလွန်ခံရသူက ထိုအချိန်က တရားရေးဌာန၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထိုစဥ်က လက်ထောက် ဝန်ကြီးက အနောက်မြောက်ဘက်မှ သူခိုးများကို ဂူ၏မြေအောက်မြစ်အတွင်း ရွှေများဝှက်ထားနိုင်ရန် ကူညီပေးခဲ့ပြီး ထိုမှတဆင့် သူခိုးများက ရွှေများကို သယ်ဆောင်သွားခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

(T/N: ဒီအခန်းမှာပါတဲ့ ရွှေအမူက မြန်မြန်ဆန်ဆန်ကိုပဲ ကျော်ချသွားပါတယ်၊ ကိုယ်အထင်တော့ ချင်းလုလောင်ရှီးက စာဖတ်သူတွေ ပျင်းနေမှာ ဆိုးလို့ ကျော်ပလိုက်တယ် ထင်တာပါပဲ၊ Book 1 မှာတော့ အသေးစိတ်ပါ ပါတယ်၊ မဖတ်ရသေးတဲ့ သူတွေကတော့ BOOK 1လေး သွားဖတ်လို့ရတယ်နော်၊ အဲ့မှာ အပိုင်းတော်တော်များနေပြီ)

နောက်ဆုံးတော့ တော်ဝင်နန်းတွင်းမှ ရွှေတသန်းကို သူခိုးများက ခိုးယူသွားကြောင်း ထွက်ပေါ်လာပြီး ယန်းဟုန်ထျန်းက ဒေါသထွက်သွားကာ ပြန်လည်ရှာဖွေရန် အမိန့်တော် ချမှတ်လိုက်တာကြောင့် စုယွိကို ပေါက်ကွဲစေသော အကြောင်းအရာ ဖြစ်လာခဲ့သည်။

ကုယွင်က သစ်သားကုလားထိုင်ကို မှီထိုင်နေပြီး စုယွိက သူ့ရှေ့မှ တော်ဝင်အမိန့်တော်ကို စိုက်ကြည့်နေကာ ဒေါသတကြီးဖြင့် "ကောင်းချီးမင်္ဂလာပွဲမပြီးခင် ရွှေတွေ အကုန်ပြန်ယူရမှာလား?! အခု အခမ်းအနားစဖို့ နှစ်လပဲ လိုတော့တယ်၊ မြို့တော်ကနေ အနောက်မြောက်ဘက်ကို အပြန်ပြန် အလှန်လှန် သွားဖို့ ရက်၂၀ ကျော်ကြာမယ်၊ ဘုရင်မင်းမြတ်က ငါတို့ကို အနောက်မြောက်က ပုန်ကန်သူတွေကို တစ်လအတွင်း ကိုင်တွယ်စေချင်နေတာလား၊ ဒါက မဖြစ်နိုင်ဘူး"

စုယွိ၏စိတ်တိုဒေါသထွက်မှုနှင့် နှိုင်းယှဉ်လျှင် စုရန်က များစွာ ငြိမ်သက်နေသည်။ "အချိန်က သိပ်မတင်းကျပ်ဘူးဆိုရင် ဧကရာဇ်က စုမိသားစုရဲ့စစ်တပ်ကို အသုံးပြုမှာ မဟုတ်ဘူး" သူခိုးများက ဘဏ္ဍာတိုက်မှ ရွှေများကို အနောက်မြောက်ဘက်သို့ ပို့ဆောင်ကာ အမှန်တကယ် အသုံးပြုခဲ့ကြသည်။ သူတို့က ဘဏ္ဍာတိုက်မှ ရွှေများကို အာဏာကိုချဲ့ထွင်ရန်အတွက် လက်နက်ဝယ်ယူခြင်းအထိ ပြုလုပ်ခဲ့တာကြောင့် ဧကရာဇ်က စိတ်ဆိုးနေသည်မှာ အံ့သြစရာ မဟုတ်ပေ။

စုယွိက သူ့လက်ထဲမှ တော်ဝင်အမိန့်တော်ကို ဘရိုကိတ်သေတ္တာထဲကို ပြန်ထည့်လိုက်ပြီး "တာ့ကောက သောက်ဖို့ ထွက်သွားတာ။ ဘာမှမဖြစ်ရင် သုံးလကနေ ငါးလအတွင်း ပြန်လာလေ့မရှိဘူး"

ဓားပြတွေကို နှိမ်နှင်းတဲ့ ကိစ္စသေးသေးလေးမှာတောင် အစ်ကိုအကြီးဆုံးကို သွားခိုင်းဖို့ လိုတယ်လား??? ဧကရာဇ်က ဘာတွေ တွေးနေတာလဲ??

တော်ဝင်အမိန့်စာတွင် စုလင်းကို စစ်သူကြီးအဖြစ် ခန့်အပ်သည်ဟု ဖော်ပြထားပြီး သူကိုယ်တိုင် မသွားလျှင် အာဏာဖီဆန်မှု ဖြစ်သွားပေလိမ့်မည်။

စုရန်က ခနလောက် စဥ်းစားနေပြီးမှ "ကိစ္စမရှိပါဘူး၊ မနက်ဖြန်ကျရင် အနောက်မြောက်ဘက်ကို ထိပ်တန်းစစ်သည် ၃သောင်း ပို့ဆောင်လိုက်မယ်။ ငါ့တို့တာ့ကောကို အနောက်မြောက်ကို တိုက်ရိုက်လာပြီး ဖေးချန်မှာ တွေ့ဆုံဖို့ သတင်းပို့ခိုင်းလိုက်မယ်။ အဲ့တာဆိုရင် တော်ဝင်အမိန့်တော်ကို ချိုးဖောက်တယ်လို့ မယူဆနိုင်တော့ဘူး"

ကုယွင်က စုရန်ကို ရုတ်တရက် လှမ်းမေးလိုက်သည်။ "မနက်ဖြန် ထွက်ခွာမှာလား"

စုရန်က ခေတ္တရပ်လိုက်ပြီး သူမကို ချက်ချင်း ပြန်မဖြေပေ။ သူမမေးတာကို ကြားတော့ စုယွိက စိုးရိမ်တကြီးနဲ့ "မင်းလည်း သွားချင်လို့လား ဟုတ်လား?"

"ဟုတ်တယ်" ကုယွင်က ရက်ရောစွာ ခေါင်းညိတ်ပြလိုက်သည်။

စုယွိက ချက်ချင်းပဲ "မရဘူး!"

ကုယွင်က သူ့ကို အေးစက်စွာ ကြည့်ပြီး "နင်က ငါ့ကို တားနိုင်မယ် ထင်နေလား"

သူမက ဗိုလ်ချုပ်အိမ်တော်၏အနေအထားနှင့် ကင်းလှည့်အစီအစဥ်တွေ အားလုံးကို စစ်ဆေးပြီးသွားပြီ။ ပြီးတော့ ဒီအချိန်မှာ စုရန်က အိမ်တော်ထဲမှာ ရှိနေမှာ မဟုတ်ဘူး၊ ဒါကြောင့် သူမ ထွက်သွားချင်ရင် သူမကို ဘယ်သူက တားနိုင်မှာလဲ?

စုယွိက ဝန်မခံချင်ပေမယ့် သူမကို ထောင်ချောက်ဆင်လို့ မရနိုင်ဘူးဆိုတာကို သူ့စိတ်ထဲမှာ သိနေတာကြောင့် ဆင်ခြေရှာပြီး "စစ်တပ်မှာ မိန်းမတွေ မရှိဘူး!"

ကုယွင်က ပခုံးတွန့်ပြီး "ဒါဆို ငါ စစ်စခန်းထဲ မ၀င်ဘူး"

သူမ ဖေးချန်ကို သွားရတဲ့ ရည်ရွယ်ချက်က ရွှေကိစ္စက ပြီးသွားတာကြောင့် သူမက ဗိုလ်ချုပ်အိမ်တော်မှာ နေရတာ ငြီးငွေ့လာပြီး သူမလည်း အပြင်ထွက်ဖို့ အခွင့်အရေးကို ယူချင်ခဲ့တာ ဖြစ်သည်။ စုလင်းနဲ့ ပိုနီးလာရင် ပါကွာ့စက်ဝိုင်းက ဘယ်မှာလဲဆိုတာ ရှာကြည့်လို့ရနိုင်တယ်လေ။

"ချီတက်တာနဲ့ တိုက်ခိုက်တာက အရမ်းအန္တရာယ်များတယ်၊ အဲ့ဒါက အပျော်သွားနေတာ မဟုတ်ဘူး!" သူမက ကိုယ်ခံပညာကို တတ်မြောက်သည့် အမျိုးသမီးတစ်ဦးဖြစ်ပြီး အမြဲတမ်း အပျော်သဘော ပါဝင်နေခြင်းပင်။

"ငါက ပျော်ဖို့သွားမယ်လို့ ပြောနေလို့လား?" ကစားဖို့က သူမရဲ့အရေးကြီးဆုံး ရည်ရွယ်ချက်တွေထဲက တစ်ခုဆိုပေမယ့်ပေါ့လေ။

"မင်း!" စုယွိက ဒေါသထွက်သွားသည်။

"မရီး သွားမယ် ဆိုရင် မနက်ဖြန် စစ်တပ်နဲ့ အတူသွားရအောင်၊ တစ်ယောက်တည်း သွားရင် အဆင်မပြေဘူး"

"ဒုတိယအစ်ကို!" စုယွိက စုရန်ကို စိုက်ကြည့်နေသည်။

"ကောင်းပြီ" ကုယွင်က ကျေနပ်စွာ လက်ခံလိုက်သည်။

ဒီကိစ္စက နိဂုံးချုပ်သွားတာကြောင့် စုယွိက စိတ်ကို ဒုံးဒုံးချလိုက်ပြီး "ဒါဆို ငါလည်း လိုက်မယ်!"

စုရန်က သူ့ပခုံးကို အသာအယာပုတ်ပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ "ကောင်းချီးမင်္ဂလာပွဲက လာတော့မယ်၊ မင်း မနေခဲ့ရင် ဗိုလ်ချုပ်အိမ်တော်က သခင်မရှိဘဲ ဖြစ်နေလိမ့်မယ်!"

စုရန်ရဲ့အကြောင်းပြချက်က မှန်ကန်နေတာကြောင့် စုယွိက ဘာမှ မပြောနိုင်တော့ဘဲ မကျေမနပ်ဖြစ်ကာ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

စုရန်၏မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု တောက်ပလာခဲ့သည်။ သူရဲ့တတိယညီနဲ့ ချင်းမော့က နောက်ထပ် ရန်ထပ်မဖြစ်နိုင်တော့ဘူး။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

အခန္း ၈ ေ႐ႊအမႈေဟာင္း (အပိုင္း ၃)

ကုယြင္က ေကြၽာ့ခ်င္းကို ေတြ႕ရသည့္အတြက္ အရမ္းေပ်ာ္ေနေပမယ့္ သူမကို က်ီစားခ်င္ေနၿပီး သူမ ဘယ္လိုတုံ႔ျပန္မလဲဆိုတာကိုလည္း ၾကည့္ခ်င္ေနတုန္းပါပဲ။ သို႔ေသာ္ ထိုအမ်ိဳးသမီးက ေငြအပ္ျဖင့္ သူမလက္ေမာင္းကို တကယ္ထိုးမည္ဟုေတာ့ သူမ မထင္မွတ္ခဲ့ေပ။

အပ္ရွည္က သူမလက္ေမာင္းကို ထိုးမိခါနီးတြင္၊ ကုယြင္က ႐ုတ္တရက္ မ်က္လုံးဖြင့္လိုက္ကာ ထိုလူသတ္လက္ႀကီးကို ဆုပ္ကိုင္လိုက္ၿပီး "နင္က ငါကို တကယ္ထိုးခ်င္ေနတယ္ေပါ့!"

ေကြၽာ့ခ်င္းက မ်က္ခုံးပင့္လိုက္ၿပီး "နင္ ဘယ္လိုထင္လဲ!" ဟု ျပန္ေျဖလိုက္သည္။ ေနာက္ဆုံးေတာ့ သူမ လက္ေလွ်ာ့လိုက္ၿပီး ႏိုးထလိုက္ရသည္။

အခ်ိန္ေတြက တစ္မဟုတ္ခ်င္း ကုန္ဆုံးသြားေပမယ့္ အခန္းထဲမွာေတာ့ လႈပ္ရွားမႈ မရွိေသးပါဘူး။ စုယြိက စိတ္မရွည္စြာနဲ႔ ၿခံဝင္းထဲမွာ လမ္းေလာက္ေနၿပီး က်င္းစက ေတာ္ဝင္သမားေတာ္တစ္ေယာက္ကို ၿခံဝင္ထဲသို႔ ေခၚေဆာင္လာၿပီး က်ယ္ေလာင္စြာ ေအာ္ေျပာလိုက္သည္။ "ခ်င္းသခင္မေလး၊ ေတာ္ဝင္သမားေတာ္ ေရာက္လာပါၿပီ"

"ငါ အပ္စိုက္ေနတယ္၊ ​​ငါ့ကို လာမေႏွာင့္ယွက္နဲ႔" အခန္းတြင္းမွ ေအးစက္ေသာ အမ်ိဳးသမီးအသံတစ္ခု ထြက္ေပၚလာသည္။

ေတာ္ဝင္သမားေတာ္က ပိတ္ထားေသာတံခါးအ‌ေရွ႕တြင္ တုန႔္ဆိုင္းေနၿပီး က်င္းစကို တစ္ခ်က္ၾကည့္လိုက္သည္။ က်င္းစက သူ႔ဘက္ကို လက္ေဝွ႔ယမ္းျပလိုက္ၿပီး သမားေတာ္က ေျခလွမ္းအနည္းငယ္ ေနာက္ျပန္ဆုတ္သြားသည္။

ခဏအၾကာတြင္ တံခါးပြင့္လာၿပီး ေကြၽာ့ခ်င္း ထြက္လာခဲ့သည္။

"ဘယ္လိုျဖစ္သြားၿပီလဲ?" စုယြိက စိုးရိမ္တႀကီး မ်က္ႏွာေပးျဖင့္ တံခါးဆီသို႔ ေျပးဝင္လာတာေၾကာင့္ ေကြၽာ့ခ်င္း၏ မ်က္လုံးမ်ားက အနည္းငယ္ မွိတ္တုတ္မွိတ္တုတ္ ျဖစ္သြားသည္။ အိမ္ေထာင္ဖက္ႏွင့္ပတ္သက္မွ ေဆြမ်ိဳးေတာ္စပ္တဲ့သူလား!??

ေကြၽာ့ခ်င္းက သူမ၏မ်က္လုံးမ်ားမွ စူးရွေသာ အရိပ္အေယာင္ကို ဖုံးအုပ္လိုက္ၿပီး "သူ(မ) ႏိုးလာၿပီ၊ ဒါေပမယ့္ သူ႔(မ)ခႏၶာကိုယ္က အေတာ္ေလးကို အားနည္းေနေသးတယ္။ အပ္စိုက္ကုထုံးကို ခုႏွစ္ရက္တစ္ႀကိမ္လုပ္ေပးဖို႔ လိုလိမ့္တယ္။ ဆယ္ခါေလာက္လုပ္ၿပီးရင္ေတာ့ ဒီတစ္ႏွစ္အတြင္းမွာ ထပ္မျဖစ္ႏိုင္ေတာ့ေလာက္ဘူး"

"ခုနစ္ရက္ေနရင္ သူ(မ)ကို လာပို႔ေပးမယ္" သူမကို ကုသႏိုင္သေ႐ြ႕ အဆင္ေျပတယ္။

ထိုစကားကို ေျပာၿပီးေနာက္ စုယြိက ေကြၽာ့ခ်င္း၏ နံေဘးမွ ျဖတ္ထြက္ကာ အိမ္ခန္းဆီသို႔ ဝင္သြားၿပီး ခဏအၾကာတြင္ စစ္သည္ေလးေယာက္က ကုယြင္ကို ျပန္သယ္သြားၾကသည္။

  အလင္းဝင္ႏိုင္ေသာ ကန႔္လန္႔္ကာ ပိတ္စပါးပါးကို ျဖတ္ၿပီး လူႏွစ္ေယာက္၏ မ်က္လုံးမ်ား ဆုံသြားကာ ဂ႐ုတစိုက္ အမူအရာကို ထုတ္ေဖာ္ျပသၿပီးေနာက္ အၾကည့္လႊဲသြားၾကသည္။

ခ်င္းကို ေတြ႕လိုက္ရၿပီးေနာက္ ကုယြင္၏စိတ္ႏွလုံးက ေအးခ်မ္းသြားခဲ့သည္။ သူမႏွင့္ ခ်င္း၏ေတြ႕ဆုံမႈက တိုတိုတုတ္တုတ္သာျဖစ္ၿပီး လတ္တေလာ အေျခအေနအေၾကာင္းမ်ားကို အခ်င္းခ်င္းေျပာဆိုရန္သာ အခ်ိန္ရွိခဲ့သည္။ ခ်င္းက စစ္သူႀကီးအိမ္ေတာ္မွ ဒုတိယအဖြဲမႉးအသတ္ခံရမႈအမႈကို စုံစမ္းစစ္ေဆးရန္ သူမကို အကူအညီေတာင္းခဲ့သည္။ သူမက မူလက ထိုကိစၥကို သာမန္ကိစၥဟုသာ ထင္မွတ္ခဲ့သည္။

လြန္ခဲ့သည့္ သုံးႏွစ္ခန႔္က တိုင္ျပည္၏ဘ႑ာတိုက္မွ ခိုးယူခံရၿပီး ေ႐ႊအေခ်ာင္းေပါင္း တစ္သန္း ညတြင္းခ်င္း ေပ်ာက္ကြယ္သြားေၾကာင္း စုံစမ္းသိရွိရသည္။ ထိုေနာက္ အခြန္ဝန္ႀကီးက ေ႐ႊမ်ားကို တိုင္တပါးမွ သူခိုးမ်ားႏွင့္ ပူးေပါင္းကာ လွ်ိဳ႕ဝွက္ဥမင္လႈိဏ္ေခါင္းအတြင္းမွ ခိုးထုတ္သြားေၾကာင္း ေတြ႕ရွိခဲ့ရသည္။ တရားေရးဌာနက အနယ္နယ္အရပ္ရပ္သို႔ လိုက္လံဖမ္းဆီးရန္ တပ္ဖြဲ႕မ်ား ေစလႊတ္ခဲ့ေသာ္လည္း ဘာမွ မေတြ႕ရွိရသျဖင့္ ေနာက္ဆုံးတြင္ လႊတ္ထားရန္က လြဲၿပီး ေ႐ြးခ်ယ္စရာ မရွိခဲ့ေပ။ လူသတ္မႈက်ဴးလြန္ခံရသူက ထိုအခ်ိန္က တရားေရးဌာန၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သည္။ ထိုစဥ္က လက္ေထာက္ ဝန္ႀကီးက အေနာက္ေျမာက္ဘက္မွ သူခိုးမ်ားကို ဂူ၏ေျမေအာက္ျမစ္အတြင္း ေ႐ႊမ်ားဝွက္ထားႏိုင္ရန္ ကူညီေပးခဲ့ၿပီး ထိုမွတဆင့္ သူခိုးမ်ားက ေ႐ႊမ်ားကို သယ္ေဆာင္သြားခဲ့ေၾကာင္း ေဖာ္ထုတ္ႏိုင္ခဲ့သည္။

(T/N: ဒီအခန္းမွာပါတဲ့ ေ႐ႊအမူက ျမန္ျမန္ဆန္ဆန္ကိုပဲ ေက်ာ္ခ်သြားပါတယ္၊ ကိုယ္အထင္ေတာ့ ခ်င္းလုေလာင္ရွီးက စာဖတ္သူေတြ ပ်င္းေနမွာ ဆိုးလို႔ ေက်ာ္ပလိုက္တယ္ ထင္တာပါပဲ၊ Book 1 မွာေတာ့ အေသးစိတ္ပါ ပါတယ္၊ မဖတ္ရေသးတဲ့ သူေတြကေတာ့ BOOK 1ေလး သြားဖတ္လို႔ရတယ္ေနာ္၊ အဲ့မွာ အပိုင္းေတာ္ေတာ္မ်ားေနၿပီ)

ေနာက္ဆုံးေတာ့ ေတာ္ဝင္နန္းတြင္းမွ ေ႐ႊတသန္းကို သူခိုးမ်ားက ခိုးယူသြားေၾကာင္း ထြက္ေပၚလာၿပီး ယန္းဟုန္ထ်န္းက ေဒါသထြက္သြားကာ ျပန္လည္ရွာေဖြရန္ အမိန႔္ေတာ္ ခ်မွတ္လိုက္တာေၾကာင့္ စုယြိကို ေပါက္ကြဲေစေသာ အေၾကာင္းအရာ ျဖစ္လာခဲ့သည္။

ကုယြင္က သစ္သားကုလားထိုင္ကို မွီထိုင္ေနၿပီး စုယြိက သူ႔ေရွ႕မွ ေတာ္ဝင္အမိန႔္ေတာ္ကို စိုက္ၾကည့္ေနကာ ေဒါသတႀကီးျဖင့္ "ေကာင္းခ်ီးမဂၤလာပြဲမၿပီးခင္ ေ႐ႊေတြ အကုန္ျပန္ယူရမွာလား?! အခု အခမ္းအနားစဖို႔ ႏွစ္လပဲ လိုေတာ့တယ္၊ ၿမိဳ႕ေတာ္ကေန အေနာက္ေျမာက္ဘက္ကို အျပန္ျပန္ အလွန္လွန္ သြားဖို႔ ရက္၂၀ ေက်ာ္ၾကာမယ္၊ ဘုရင္မင္းျမတ္က ငါတို႔ကို အေနာက္ေျမာက္က ပုန္ကန္သူေတြကို တစ္လအတြင္း ကိုင္တြယ္ေစခ်င္ေနတာလား၊ ဒါက မျဖစ္ႏိုင္ဘူး"

စုယြိ၏စိတ္တိုေဒါသထြက္မႈႏွင့္ ႏႈိင္းယွဥ္လွ်င္ စုရန္က မ်ားစြာ ၿငိမ္သက္ေနသည္။ "အခ်ိန္က သိပ္မတင္းက်ပ္ဘူးဆိုရင္ ဧကရာဇ္က စုမိသားစုရဲ႕စစ္တပ္ကို အသုံးျပဳမွာ မဟုတ္ဘူး" သူခိုးမ်ားက ဘ႑ာတိုက္မွ ေ႐ႊမ်ားကို အေနာက္ေျမာက္ဘက္သို႔ ပို႔ေဆာင္ကာ အမွန္တကယ္ အသုံးျပဳခဲ့ၾကသည္။ သူတို႔က ဘ႑ာတိုက္မွ ေ႐ႊမ်ားကို အာဏာကိုခ်ဲ႕ထြင္ရန္အတြက္ လက္နက္ဝယ္ယူျခင္းအထိ ျပဳလုပ္ခဲ့တာေၾကာင့္ ဧကရာဇ္က စိတ္ဆိုးေနသည္မွာ အံ့ၾသစရာ မဟုတ္ေပ။

စုယြိက သူ႔လက္ထဲမွ ေတာ္ဝင္အမိန႔္ေတာ္ကို ဘ႐ိုကိတ္ေသတၱာထဲကို ျပန္ထည့္လိုက္ၿပီး "တာ့ေကာက ေသာက္ဖို႔ ထြက္သြားတာ။ ဘာမွမျဖစ္ရင္ သုံးလကေန ငါးလအတြင္း ျပန္လာေလ့မရွိဘူး"

ဓားျပေတြကို ႏွိမ္ႏွင္းတဲ့ ကိစၥေသးေသးေလးမွာေတာင္ အစ္ကိုအႀကီးဆုံးကို သြားခိုင္းဖို႔ လိုတယ္လား??? ဧကရာဇ္က ဘာေတြ ေတြးေနတာလဲ??

ေတာ္ဝင္အမိန႔္စာတြင္ စုလင္းကို စစ္သူႀကီးအျဖစ္ ခန႔္အပ္သည္ဟု ေဖာ္ျပထားၿပီး သူကိုယ္တိုင္ မသြားလွ်င္ အာဏာဖီဆန္မႈ ျဖစ္သြားေပလိမ့္မည္။

စုရန္က ခနေလာက္ စဥ္းစားေနၿပီးမွ "ကိစၥမရွိပါဘူး၊ မနက္ျဖန္က်ရင္ အေနာက္ေျမာက္ဘက္ကို ထိပ္တန္းစစ္သည္ ၃ေသာင္း ပို႔ေဆာင္လိုက္မယ္။ ငါ့တို႔တာ့ေကာကို အေနာက္ေျမာက္ကို တိုက္႐ိုက္လာၿပီး ေဖးခ်န္မွာ ေတြ႕ဆုံဖို႔ သတင္းပို႔ခိုင္းလိုက္မယ္။ အဲ့တာဆိုရင္ ေတာ္ဝင္အမိန႔္ေတာ္ကို ခ်ိဳးေဖာက္တယ္လို႔ မယူဆႏိုင္ေတာ့ဘူး"

ကုယြင္က စုရန္ကို ႐ုတ္တရက္ လွမ္းေမးလိုက္သည္။ "မနက္ျဖန္ ထြက္ခြာမွာလား"

စုရန္က ေခတၱရပ္လိုက္ၿပီး သူမကို ခ်က္ခ်င္း ျပန္မေျဖေပ။ သူမေမးတာကို ၾကားေတာ့ စုယြိက စိုးရိမ္တႀကီးနဲ႔ "မင္းလည္း သြားခ်င္လို႔လား ဟုတ္လား?"

"ဟုတ္တယ္" ကုယြင္က ရက္ေရာစြာ ေခါင္းညိတ္ျပလိုက္သည္။

စုယြိက ခ်က္ခ်င္းပဲ "မရဘူး!"

ကုယြင္က သူ႔ကို ေအးစက္စြာ ၾကည့္ၿပီး "နင္က ငါ့ကို တားႏိုင္မယ္ ထင္ေနလား"

သူမက ဗိုလ္ခ်ဳပ္အိမ္ေတာ္၏အေနအထားႏွင့္ ကင္းလွည့္အစီအစဥ္ေတြ အားလုံးကို စစ္ေဆးၿပီးသြားၿပီ။ ၿပီးေတာ့ ဒီအခ်ိန္မွာ စုရန္က အိမ္ေတာ္ထဲမွာ ရွိေနမွာ မဟုတ္ဘူး၊ ဒါေၾကာင့္ သူမ ထြက္သြားခ်င္ရင္ သူမကို ဘယ္သူက တားႏိုင္မွာလဲ?

စုယြိက ဝန္မခံခ်င္ေပမယ့္ သူမကို ေထာင္ေခ်ာက္ဆင္လို႔ မရႏိုင္ဘူးဆိုတာကို သူ႔စိတ္ထဲမွာ သိေနတာေၾကာင့္ ဆင္ေျခရွာၿပီး "စစ္တပ္မွာ မိန္းမေတြ မရွိဘူး!"

ကုယြင္က ပခုံးတြန႔္ၿပီး "ဒါဆို ငါ စစ္စခန္းထဲ မ၀င္ဘူး"

သူမ ေဖးခ်န္ကို သြားရတဲ့ ရည္႐ြယ္ခ်က္က ေ႐ႊကိစၥက ၿပီးသြားတာေၾကာင့္ သူမက ဗိုလ္ခ်ဳပ္အိမ္ေတာ္မွာ ေနရတာ ၿငီးေငြ႕လာၿပီး သူမလည္း အျပင္ထြက္ဖို႔ အခြင့္အေရးကို ယူခ်င္ခဲ့တာ ျဖစ္သည္။ စုလင္းနဲ႔ ပိုနီးလာရင္ ပါကြာ့စက္ဝိုင္းက ဘယ္မွာလဲဆိုတာ ရွာၾကည့္လို႔ရႏိုင္တယ္ေလ။

"ခ်ီတက္တာနဲ႔ တိုက္ခိုက္တာက အရမ္းအႏၲရာယ္မ်ားတယ္၊ အဲ့ဒါက အေပ်ာ္သြားေနတာ မဟုတ္ဘူး!" သူမက ကိုယ္ခံပညာကို တတ္ေျမာက္သည့္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး အၿမဲတမ္း အေပ်ာ္သေဘာ ပါဝင္ေနျခင္းပင္။

"ငါက ေပ်ာ္ဖို႔သြားမယ္လို႔ ေျပာေနလို႔လား?" ကစားဖို႔က သူမရဲ႕အေရးႀကီးဆုံး ရည္႐ြယ္ခ်က္ေတြထဲက တစ္ခုဆိုေပမယ့္ေပါ့ေလ။

"မင္း!" စုယြိက ေဒါသထြက္သြားသည္။

"မရီး သြားမယ္ ဆိုရင္ မနက္ျဖန္ စစ္တပ္နဲ႔ အတူသြားရေအာင္၊ တစ္ေယာက္တည္း သြားရင္ အဆင္မေျပဘူး"

"ဒုတိယအစ္ကို!" စုယြိက စုရန္ကို စိုက္ၾကည့္ေနသည္။

"ေကာင္းၿပီ" ကုယြင္က ေက်နပ္စြာ လက္ခံလိုက္သည္။

ဒီကိစၥက နိဂုံးခ်ဳပ္သြားတာေၾကာင့္ စုယြိက စိတ္ကို ဒုံးဒုံးခ်လိုက္ၿပီး "ဒါဆို ငါလည္း လိုက္မယ္!"

စုရန္က သူ႔ပခုံးကို အသာအယာပုတ္ၿပီး ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ "ေကာင္းခ်ီးမဂၤလာပြဲက လာေတာ့မယ္၊ မင္း မေနခဲ့ရင္ ဗိုလ္ခ်ဳပ္အိမ္ေတာ္က သခင္မရွိဘဲ ျဖစ္ေနလိမ့္မယ္!"

စုရန္ရဲ႕အေၾကာင္းျပခ်က္က မွန္ကန္ေနတာေၾကာင့္ စုယြိက ဘာမွ မေျပာႏိုင္ေတာ့ဘဲ မေက်မနပ္ျဖစ္ကာ ေဒါသတႀကီး ထြက္ခြာသြားခဲ့သည္။

စုရန္၏မ်က္လုံးမ်ားတြင္ ထူးဆန္းေသာ အၾကည့္တစ္ခု ေတာက္ပလာခဲ့သည္။ သူရဲ႕တတိယညီနဲ႔ ခ်င္းေမာ့က ေနာက္ထပ္ ရန္ထပ္မျဖစ္ႏိုင္ေတာ့ဘူး။

❤️❤️❤️Thank you so much for your lovely supports❤️❤️❤️

Continue Reading

You'll Also Like

29.3K 2.9K 43
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
10.2K 789 11
Title - Transmigrating To Become The Boss's Little Fairy Author - 春刀寒 Status - 98 Chapters + 21 extras (Completed) This is just a translation. A...
155K 16.6K 128
Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue Xia Die Ying 月下蝶影 Chapters -106(complet...
75.7K 5K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.