(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (...

By alinkarnang

10.1K 659 91

ကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုး‌ဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်... More

intro 1+2+3
အပိုင်း(1)
1.zgi
အပိုင်း(2)
2.zgi
အပိုင်း(3)
3.zgi
အပိုင်း(4)
4.zgi
အပိုင်း(5)
အပိုင်း(6)
5.zgi
6.zgi
7.
7.,zgi
အပိုင်း(8)
8.zgi
အပိုင်း(၉)
9.zgi
.အပိုင်း။၁၀
10.zgi
အပိုင်း(၁၁)
11.zgi
12.zgi
အပိုင်း(12)
အပိုင်း(၁၃)
13.zgi
ဇတ်ကောင်မိတ်ဆက်
အပိုင်း(14)
14.zgi
အပိုင်း(15)
15.zgi
အပိုင်း(၁၆)
16.zgi
အပိုင်း(17)
17.,zgi
အပိုင်း(၁၈)
18.zgi
အပိုင်း(၁၉)
19.zgi
20.
20.zgi
၂၁.
21.zgi
22.zgi
၂၂
23.
23.zgi
24.
24.zgi
25.
25.zgi
26.uni
26.zgi
27.
27.zgi
28.zgi
29.
29.zgi
30.
31.
32=.
33
34.uni
30.zgi
31.zgi
32.zgi
33.zgi
34.zgi
35.
36
37
38.
35.zgi
36.zgi
37.zgi
38.zgi
39.
40.
39.zgi
40.zgi
41.
41.zgi
အပိုင်း(42)
42.zgi
43.
43.zgi
44.
45.
44.zgi
45.zgi
46.
အပိုင်း(47)
46.zgi
47.zgi
48.zgi++
49.zgi
48.
49.
50.
၅၁.
51.zgi
52.
52.zgi
၅၃.

28.

136 14 1
By alinkarnang

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(28)

"အဲ့တစ်ယောက်လေ နှင်း နင့်ဘဲကြီးရဲ့ညီမ ကျောင်းမြက်ကလေးတွေရဲ့ပန်းပွင့်လေးပေါ့ "

ဘေးကတစ်ယောက်က မနာလိုစိတ်နဲ့ပြောလာပေမဲ့လဲ နှင်းဒီဇင်ဘာတစ်ယောက်ကတော့ လင်းလက်တောက်ပနေတဲ့အရှိန်အဝါတွေလွှမး်ခြုံထားတဲ့ကောင်မလေးကိုပဲကြည့်နေမိတယ်

သူမသိရသလောက် မြတ်ဘုန်းသျှန်ရဲ့ညီမဆိုပေမဲ့ ဘာမှမတော်ဘူးတဲ့ ဒါဆို ကိုကိုမြတ်ကလဲ ဒီတစ်ယောက်ကိုသဘောကျနေတာပဲလား

ဒါဆို သူမစိတ်ဝင်စား‌ေနတဲ့ယောကျာ်း‌သုံးယောက်လုံးက သူမ မဟုတ်တဲ့ တခြားသူကိုချစ်နေကြတာပေါ့

ဘာလို့လဲ အဲ့သုံးယောက်လုံးက သူမရဲ့ပိုင်ဆိုင်မူ့တွေချည်းပဲလေ

အဲ့သုံးယောက်လုံးက သူမနဲ့ပတ်သတ်ရမဲ့ကံ အသဲကွဲရမဲ့ကံ ပြန်ချစ်လာရမဲ့ကံ ပါကိုပါလာပြီးသား

ဒါပေမဲ့....

"တောက်! ! ! "

နှင်းဒီဇင်ဘာ ဒေါသအလိပ်လိုက်ထွက်လာတယ်

မဖြစ်ဘူး သူမရဲ့လမ်းမှာ လာခံနေတဲ့ အဲ့တစ်ယောက်ကို ရှင်းကိုရှင်းပစ်မှရမှာ

ဒါပေမဲ့ ဆောင်းသံစဉ်မောင်လိုမဖြစ်အောင်တော့လုပ်မှရမယ် အဲ့ငတုံးမက တည့်ဝင်လုံးတာကိုး ဟိုက ဆော်ထည့်လိုက်ဝာာပေါ့

အဲ့တုန်းက သူမပြောသေးတယ် သတိပေးသေးတယ် အမုန်းကိုဝေခွဲပြီးမပိုင်းခြားတတ်တဲ့ငတုံးမဆိုတော့ အခုတေ့ာ ပြည့်တန်ဆာဘဝမှာ အကုန်လုံး‌ကိုမေ့ပြီးပျော်နေတာ ချီးတွင်းထဲကလောက်ကျနေတာပဲ

"စဉ်းစားစမ်း စဉ်းစားစမ်း မိန်းကလေးတစ်ယောက်ကို ယောကျာ်း‌ေတွစိတ်အပျက်ဆုံးဖြစ်နိုင်ချေက ဘာဖြစ်မလဲ "

နှင်းဒီဇင်ဘာ ခုံကိုတတောက်တောက်ခေါက်ရင်း စဉ်းစားလိုက်တယ်

"ဪ သိပြီ "

သူမက အမှောင်ထဲမှာလေ သူတို့က အလင်းထဲမှာ အဲ့တာက သူမအတွက်တစ်ဗန်းသာတာပဲ မဟုတ်လား

ဘာမှမသိတဲ့ ငတုံးမလေးမြတ်ကတော့ ပါးစပ်ထဲကိုသာအစားတွေဆက်တိုက်သွပ်နေလေရဲ့

သူမအစားပုတ်‌ေလးဖြစ်သွားတာလဲမပြောနဲ့ တခြားနေရာမှာ တခြားသူတွေရဲ့အစားအစာ သူမ ဘယ်လိုမှသီးမခံနိုင်ဘူး ကောင်းတာတွေလဲရှိပါတယ် ဒါပေမဲ့ အဲ့ကောင်းတာတွေက သူမနိုင်ငံကအစားအစာတွေကိုလွမ်းတဲ့စိတ်ကိုတော့ အစားမထိုးပေးနိုင်ဘူးလေ

အဲ့ဒါကြောင့်ပဲ သူမ ဒီလိုဖြစ်နေတာ

အိမ်မှာလဲ သူမအကြိုက်တွေချည်းချက်ကျွေးတာ လူက ပါးတွေဖောင်းလာပြီး ဝက်ဖြစ်လာပြီ

"ဖြေးဖြေးစားပါ မြတ်ရယ် နင်ကုန်ပါဦးမယ် "

သူငယ်ချင်းအသစ်စက်စက်လေးဖြစ်တဲ့ စိမ့်စမ်းရတီက သူမကို ရေကမ်းပေးရင်းပြောလာလေတယ်

"အွန်း ငါရေဆာနေတာ ကျေးဇူးနော် သူငယ်ချင်း"

"နင်ကလဲ ခုနှစ်ဘဝလောက်ငတ်နေတာကြနေတာပဲ"

"အဲ့တာက နင်တခြားနိုင်ငံကအစားအစာတွေကိုငါးနှစ်လောက်စားကြည့်မှသိလိမ့်မယ် "

သူငယ်ချင်းနှစ်‌ေ‌ယာက်တွတ်ထိုးရင်းစားသောက်ပြီးတော့ အတန်း ဲမတက်ချင်တော့တာနဲ့ သူမတို့ ကျိုက်ယဲ့ရေတံခွန်ဆီကိုသွားဖို့ဖြစ်လာခဲ့တယ်

ဖြစ်ချင်တော့ ကားသုံးစီးမှာ လူက ဆယ်ယောက်လောက်ပါတယ် ပြီးတော့ လုံးထွေးပြီးသွားကြရတာကလဲပျော်စရာကောင်းလွန်းလှတယ် သုံးကားလုံးက ညံပွက်ပြီး သီချင်းလဲဖွင့်ထားတော့ လိုက်ဆိုတဲ့သူကဆို စနောက်ပြီးအော်ရယ်တဲ့သူကအော်ရယ်နဲ့ နှစ်နာရီလောက်မောင်းရတဲ့ခရီးက တကယ့်ကိုခနလေးလို့သာထင်ရတယ် ပတ်ဝန်းကျင်က လယ်ကွင်းတွေ တောင်တန်းတွေ တခါတလေတွေ့ရတဲ့ရေတံခွန်ငယ်လေးတွေကလဲ ရှု့မငြီးနိုင်စရာပဲ လမ်းမသိလို့စမ်းတဝါးဝါးသွားရင်း လမ်းမေးလိုက်ရင်လဲ ဒေသမတူပဲဝဲတဲ့စကားသံလေးတွေကလဲ အထူးတလည်ချစ်စရာကောင်းလှလေတယ်

ကားကတောင်ခြေအထိပဲရောက်တယ် ကားကို တောင်ခြေမှာရပ်ပြီး ယောကျာ်းလေးတွေက အထုတ်တွေသယ် မိန်းကလေးတွေကတော့ လွယ်အိတ်လွယ်ပြီးစတက်ကြလေတော့တယ်

ကုန်းလေးတွေကိုကျော် ကမူလေ‌းတွေကိုခုန်ရတဲ့အရသာက တော်တော်အကြိုက်တွေ့စရာပဲ

လမ်းမရှိလို့ ‌ခုန်တက်ရတဲ့အခါ ဟန်ချက်ပျက်လို့ ‌တစ်ယောက်ကိုတစ်ယောက်ကူညီရင်း  ရယ်မောကြရတာကလဲအခါခါ

မင်းဧကရာဇ်ကတော့ လူရောသူရော ရောရောထွေးထွေးနေတတ်လို့အဆင်ပြေပေမဲ့ sky ကတော့ မင်းသားတစ်ပါးလို အရှိန်အဝါတွေနဲ့ တည်တင်းနေတာမို့ သူ့နားမှာ ဘယ်သူမှမရှိဘူး

မြတ်ပန်းဝေ တချိန်တခါက သူမ တိတ်တခိုးလေးချစ်ခဲ့ရတဲ့သူကို ကြည့်လိုက်ရင်း မင်းဧကရာဇ်နားကိုကပ်ကာမေးလိုက်တယ်

"Sky ကဘာဖြစ်နေတာလဲ ငါပြန်လာထဲက သူသိပ်ပြီးစကားပြောတာလဲမတွေ့ဘူး"

မသိဘူးလေ အလုပ်ကြောင့် ခေါင်းကိုက်နေတာနေမှာပေါ့

"အာ့ဆိုလဲ ဘာလို့လိုက်လာနေသေးလဲတဲ့ သူ့ဘာသူနေခဲ့ပေါ့ "

"ဘယ်သိမလဲ သူ့အကြောင်းထားလိုက်ပါ မြတ်ကလေး နင်ငါတို့နဲ့သိပ်ပြီးအပေါင်းအသင်းမလုပ်ဘူးနော် အသစ်လေးတွေနဲ့ပဲပျော်နေတာ "

"လုပ်ပါတယ်ဟ "

ပြောရင်းနဲ့ ကမူခပ်မြင့်မြင့်လေးတွေ့တော့ မင်းဧကရာဇ်က အရင်ခုန်တက်လိုက်ကာ သူ့လက်ကို မြတ်ပန်းဝေဆီဖြန့်လာခဲ့တယ်

မြတ်ပန်းဝေဆိုတဲ့ ငတုံးမလေးကတော့ စိတ်ဆိုးနေတဲ့တစ်စုံတစ်ယောက်ကိုလဲ‌ေချာ့ရမှနး်မသိ မင်းဧကရာဇ်ရဲ့လက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့တောင်သွားဆွဲနေလိုက်သေးတယ်

Sky ရဲ့မျက်နှာကတော့ ရေခဲတုံးကြီးဖြစ်သွားလေရဲ့ အတွဲညီညီနဲ့လိုက်ဖက်နေတဲ့နှစ်ယောက်သားကိုကြည့်ရင်း sky ပိုလို့ဒေါသထွက်ကာချဉ်စူးလာခဲ့တယ်

သူမရဲ့ရွေးချယ်မူ့က ဘယ်တော့မှ သူ မဟုတ်ခဲ့ဘူး သူမတင်မဟုတ်ဘူး သူ့ရဲ့မိဘတွေရော အားလုံးက သူ့ကိုဘယ်တော့မှမရွေးချယ်ခဲ့ကြဘူး အဲ့အတွက်သူမုန်းရ‌မှာဆိုပေမဲ့ သူမကဘာအပြစ်ရှိလို့လဲ သူကသူ့ကိုယ်သူသာမုန်းရမှာ သူ့လိုအသွင်အပြင်နဲ့သူ့လိုစရိုက်မျိုး ဘယ်သူက သီးခံနိုင်မှာတဲ့လဲ

ဒါပေမဲ့လဲ သူမကိုလိုချင်နေတဲ့စိတ်ကတော့ အရမ်းကိုများနေတုနး်ပဲ ဆက်လဲတိုးလာနေတယ် တချိန်ကျ သူ့ရဲ့လိုအင်ဆန္ဒတွေက သူမကိုဒုက္ခ‌ဖြစ်စေလိမ့်မယ်

.........
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🎵

Alinkar nang 🌿🌿

Continue Reading

You'll Also Like

785K 31.4K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
131K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.9M 191K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
26.2M 1.1M 57
{FIRST BOOK IN 'THE GIRL IN THE HOODIE' SERIES} {2014-2018} A girl moved to California two years ago. No one knows what she looks like. All th...