ကျုပ်က ပါရမီရှင် (Chapter 401...

Door Hanshin_no

25.5K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ Meer

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 420
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 427
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 439
Chapter 440
Chapter 441
Chapter 442
Chapter 443
Chapter 444
Chapter 445
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 452
Chapter 453
Chapter 454
Chapter 455
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 456

209 18 0
Door Hanshin_no

စာစဉ် 31 Chapter 456 ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ကျဆုံးခန်းကို ထိုင်စောင့်ခြင်း

တကယ်တမ်းတွင် ချောင်ရှန်ရှန်သည် ထိုသို့ အလွန်အကြူး ပြောဆိုထားသည့် ကြော်ငြာများကို လုံးဝ မယုံကြည်ပါ။

သို့သော် သူမတွင် အခြား ရွေးချယ်စရာ မရှိတော့ပါ။ သူမ၏ ပျက်စီးသွားသော ရုပ်ရည်အတွက် မိတ်ကပ် နည်းလမ်းများ အသည်းအသန်ရှာ၍ ကြံရာမရ ဖြစ်နေချိန်တွင် ၎င်းသည် တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်နေသည်။

ထို့ကြောင့် သူမ စမ်းကြည့်မည်ဟူသော စိတ်ဖြင့် ရောက်လာခြင်း ဖြစ်လေသည်။

လူတိုင်း၏ အကြည့်အောက်၌ သူမ ခြေတစ်လှမ်းချင်းစီ လှမ်းရန် အတော်လေး အားယူခဲ့ရသည်။ လူတိုင်း၏ ပြောဆိုသံများနှင့် ရင်ဆိုင်ရသောအခါ သူမ ခွေလုနီပါး ဖြစ်ခဲ့သည်။ သို့သော် သူမ သည်းခံထားခဲ့သည်။

သူမ စိတ်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် အားပေးနေပြီး ယင်းက သူမ၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အားပေးနေခဲ့သည်။ ယခုကဲ့သို့သော အချိန်၌ ဘုရားက သူမကို ကံထူးရှင် ဖြစ်အောင် လုပ်ပေးခဲ့သည့် အချို့သော အကြောင်းရင်းများ ရှိကိုရှိပေလိမ့်မည်။ ဘာတွေပဲ ဖြစ်နေပါစေ သူမ စမ်းကြည့်ရပေမည်။

နောက်ဆုံးတွင် သူမသည် မျက်လုံးကိုသာ ဖော်ပြီး ဝိုင်အလှကုန်ပစ္စည်းဆိုင်ထဲသို့ ဝင်သွားလေသည်။ ထိုမျက်လုံးများက လောကကို စိုးရိမ်တကြီး ကြည့်နေလေသည်။

တစ်ခါတုန်းက သူမ၏ မျက်လုံးများသည် တောက်ပ၍ ယုံကြည်ချက်တို့ ပြည့်နှက်နေခဲ့သည်။ သို့သော် ယခု အရောင် မှေးမှိန်သွားလေပြီ။ ထိုမျက်ဝန်းတွင် သိမ်ငယ်ခြင်းနှင့် ရှောင်တိမ်းလိုခြင်းတို့သာ ရှိနေလေသည်။

"ရှင် ရောက်လာပြီပဲ၊ ခဏလေး စောင့်ပါဦးနော်၊ မိတ်ကပ် ပညာရှင်က မကြာခင် ရောက်လာတော့မှာပါ"

ကျန်းယွင်ရှီက ချောင်ရှန်ရှန်အတွက် ထိုင်ခုံ ပြင်ဆင်ထားပြီး ဖြစ်ကာ သူမအတွက် ရေတစ်ခွက် ထည့်ပေးလေသည်။

သူမတွင် ချောင်ရှန်ရှန်အတွက် သနားကြင်နာစိတ်တို့နှင့် ပြည့်နှက်နေသည်။

"ကျေးဇူးတင်ပါတယ်"

ချောင်ရှန်ရှန်က ခေါင်းညိတ်၍ ထိုင်လိုက်သည်။

ကျန်လူအုပ်ကြီးသည် စောင့်နေရုံသာ တတ်နိုင်လေသည်။

စောင့်ဆိုင်းခြင်းက ဘယ်သူ့ကိုမဆို စိုးရိမ်တုန်လှုပ်စေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတစ်ယောက်၏ စိတ်ရှည်ခြင်းက တဖြည်းဖြည်း လျော့နည်းလာသည်။

"ယီးပဲ၊ မိတ်ကပ် ပညာရှင်က မလာတော့ဘူးလား"

"အဲ့လိုပဲ ဖြစ်လောက်တယ်၊ ဒီလို အခြေအနေကို မိတ်ကပ်နဲ့ မဖြေရှင်းနိုင်းဘူး၊ မိတ်ကပ် ပညာရှင် ထွက်ပြေး သွားတာ ဖြစ်နိုင်ချေ ရှိတယ်"

"ဝိုင်အလှကုန် ပစ္စည်းဆိုင်က ဟန်လုပ်ချင်လို့ ဒီလို ဆူပူအောင် လုပ်တာ၊ ဒီလို ပြဿနာကို သူတို့ ရှင်းတဲ့နည်းက တော်တော် မဟုတ်တာပဲ"

"ချီးပဲ၊ ပြီးခဲ့တဲ့ လတွေက ဒီမိတ်ကပ်ဆိုင် လိမ်ညာတာတွေကနေ ပိုက်ဆံ ဘယ်လောက်တောင် ရသွားလဲ မသိဘူး၊ ဒါ လိမ်လည်တာပဲ"

"ဟုတ်တယ်၊ ညာစားတာ၊ သူတို့ကို တရားစွဲပြီး ငွေပြန်တောင်းကြ"

...

လူအုပ်ကြားထဲမှ အချို့က စတင်၍ ဆူဆူညံညံ လုပ်လာပြီး အခြေအနေက ဖရိုဖရဲဘက်သို့ ကူးပြောင်းလာသည်။

လူအုပ်ထဲတွင် အခြား အလှကုန်ပစ္စည်းဆိုင်မှ လူများလည်း ပါရှိသည်။ သူတို့ ယခုအချိန်မှ ဝိုင်အလှကုန် ပစ္စည်းဆိုင်ကို မတိုက်ခိုက်လျင် ဘယ်အချိန်မှာမှ သူတို့ လုပ်နိုင်တော့မည်နည်း။

သူတို့သည် အခွင့်အရေးကို အရယူ၍ ပြဿနာ ဖြစ်စေလေသည်။ ဆူဆူညံညံ ပိုဖြစ်လေ ပိုကောင်းလေပင်။ ပြိုလဲဖူးသော အမှတ်တံဆိပ်တစ်ခုသည် ပြန်ဦးမော့ရန် အလွန် ခက်ခဲပေသည်။

အိုးယာ အလှကုန်ပစ္စည်း ဌာနချုပ်။

လက်ရှိတွင် ကြီးမားသော အစည်းအဝေးခန်းမတွင်း၌ လူများနှင့် ပြည့်နှက်နေပြီး စီအီးအိုမှာ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ လက်ရှိတွင် သူမသည် အစည်းအဝေးခန်းထဲမှ ပရိုဂျက်တာကို ကြည့်ပြီး ပြုံးနေ၏။

ပရိုဂျက်တာတွင် ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ လက်ရှိ အခြေအနေကို ပြသနေ၏။ တစ်စုံတစ်ယောက်က ထိုနေရာမှ အဖြစ်အပျက်ကို တိုက်ရိုက် ထုတ်လွှင့်နေခြင်း ဖြစ်သည်။

"မင်းတို့ ဒါကို ဘယ်လို ထင်လဲ"

သူမက ရုတ်တရက် မေးလာသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူတို့ထဲက တစ်ယောက်က စပြောလာသည်။

"ဘော့စ်၊ ဒီကိစ္စကနေ ဝိုင်အလှကုန် ပစ္စည်းဆိုင် ပြန်ဦးမော့လာဖို့ ခက်ပါလိမ့်မယ်"

"တကယ်လား၊ မင်း အဲ့လောက် ယုံကြည်ချက် ရှိလား"

"ဘော့စ် ဝိုင်အလှကုန် ပစ္စည်းဆိုင်ရဲ့ မိတ်ကပ် ပညာရှင်က သိပ်ထူးချွန်တာကို ကျွန်တော် ဝန်ခံပါတယ်၊ ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ တော်တော်၊ လက်တွေ့မှာတော့ ကျဆင်းရမှာပဲ၊ လက်ရှိ ထုတ်ကုန်တွေကို စဉ်းစား ကြည့်သလောက်ဆိုရင် ချောင်ရှန်ရှန်ရဲ့ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာမပြောနဲ့၊ မီးလောင်ဒဏ်ရာ ဒါမှမဟုတ် ပုံပျက်ပန်းပျက် ဖြစ်တာကို ဖုံးနိုင်စွမ်းရှိတဲ့ အရာ တစ်ခုမှ မရှိဘူး၊

"ဟုတ်တယ်၊ ဒီတခါတော့ ဝိုင်အလှကုန် ပစ္စည်းဆိုင် ကံကောင်းတာတွေ မရှိတော့ဘူး၊ သူတို့ရဲ့ မိတ်ကပ် ပညာရှင်က သိပ်ထူးချွန်လွန်းနေလို့ ကျွန်တော်တို့ သူတို့ကို စိုးရိမ်စရာအဖြစ် သဘောထားခဲ့တာ၊ ဒါပေမဲ့ သူတို့ ကံစမ်းမဲ ရွေးချယ်တဲ့ ထောင်ချီတဲ့ လူတွေထဲကမှ ချောင်ရှန်ရှန်ကို ရွေးမိရတယ်လို့ဗျာ၊ ဟားဟားဟား ..."

"စီအီးအို၊ ဘုရားက ငါတို့ကို အကူအညီ ပေးလိုက်တာပဲ၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်ရဲ့ တည်ရှိမှုက ကျွန်တော်တို့ အလှကုန်လုပ်ငန်းရဲ့ ကနဦး ကုန်ကျစရိတ်တွေကို လုံးဝ ကိုင်လှုပ်ခဲ့တယ်၊ ဒီအခွင့်အရေးကို ကျွန်တော်တို့ အရယူပြီး သူတို့ကို တစ်ချက်တည်းနဲ့ နင်းချေနိုင်ပြီ"

"ဟုတ်တယ်၊ ပြီးတော့ အဲ့ဒီ မိတ်ကပ်ပညာရှင်ရဲ့ ကျော်ကြားမှုကလည်း လုံးဝ ပျက်စီးသွားလောက်ပြီ၊ မဟုတ်ရင် ကျွန်တော်တို့ သူတို့ကို မျက်နှာသာ ရအောင် လုပ်ပေးပြီး ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်သွားလိမ့်မယ်"

လူတိုင်း အပြန်အလှန် ကောက်ချက်များ ချနေပြီး လက်ရှိတွင် ဝိုင်အလှကုန် ပစ္စည်းဆိုင် ပြိုလဲတော့မည့် ဆိုးရွားသော အဖြစ်အပျက်ကို ကြည့်နေကြသည်။ သူတို့၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေ၏။

အလှကုန် ပစ္စည်းဆိုင်များသည် အမြတ် အမြောက်အများ ဝင်သော နယ်ပယ်များထဲတွင် ထိပ်တန်း ဖြစ်ပေသည်။ ယှဉ်ပြိုင်မှုက ကြီးမားလွန်းပြီး မိမိ ထင်ထားသည်ထက်ပင် ကျော်လွန်နေလောက်သည်။

ဝိုင်အလှကုန် ပစ္စည်းဆိုင်၏ ပေါ်ထွက်လာမှုသည် အခြားသော အလှကုန်ပစ္စည်းဆိုင်များကို တပ်လှန့်လိုက်သလို ဖြစ်သွားပြီး နယ်ပယ်တူထဲမှ လူများကို သူတို့၏ အလားအလာကို သတိပြုမိလာစေသည်။

ဝိုင်အလှကုန် ပစ္စည်းဆိုင်က ထိုသို့သော အခြေအနေအောက်၌ ပို၍ ကြီးမားလာနိုင်သည်က ရှောင်လွှဲ၍ မရနိုင်ပါ။ ထိုသို့ ဖြစ်လာပါက အခြားသော အလှကုန် ပစ္စည်းဆိုင်များ ဖယ်ရှားခံရပေလိမ့်မည်။

သူတို့သည် ဘာမှမလုပ်နိုင်ဘဲ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အင်တာနက်ပေါ်၌ ကျော်ကြားလာသည်ကို စိုးရိမ်တကြီး ထိုင်ကြည့်ရုံသာ တတ်နိုင်လေသည်။

သို့သော် ဘုရားသခင်က တစ်ခါတရံ၌ ဘဝထဲတွင် အချိုးအကွေ့အချို့ ထည့်လိုက်လေ့ ရှိသည်။ ဘဝက အံ့ဩစရာ အပြည့်ပဲ ဟူသည့် စကားလိုပင်။

ဝိုင်အလှကုန် ပစ္စည်းဆိုင်သည် သူတို့၏ ဒုတိယ မဲနှိုက်ပွဲ၌ ကံဆိုးသောသူတစ်ယောက်ကို ပေါက်သွားလေသည်။

"ဟင်းဟင်း၊ ရှင်တို့အားလုံး အတော်လေး မှန်ပါတယ်၊ ဘုရားသခင်က မျက်နှာသာပေးနေတာပဲ၊ သူက ဝိုင်အလှကုန် ပစ္စည်းဆိုင်ကို ကျဆင်းစေချင်နေတာဆိုတော့ ငါတို့ လိုက်မလုပ်စရာ အကြောင်း မရှိဘူးလေ"

စီအီးအိုက အပြုံးကြီး ပြုံးနေ၏။

"ဒီအတွေး ရှိနေတာ ငါတို့တစ်ခုတည်း မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်၊ အခြား အလှကုန် ပစ္စည်းဆိုင်တွေလည်း ဒီအတွေး ရှိမှာပဲ၊ သူတို့ကလည်း ဝိုင်အလှကုန် ပစ္စည်းဆိုင်မှာ ရိုက်ခတ်နေတဲ့ မုန်တိုင်းကို စောင့်ကြည့်နေမှာပဲ"

"စီမံခန့်ခွဲရေးဌာနကို သတင်းပို့ပြီး သတင်းကို တတ်နိုင်သမျှ များများ ဖြန့်ခိုင်းလိုက်၊ လူပိုသိလေ ကောင်းလေပဲ၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အင်တာနက်ပေါ်မှာ နာမည်ကြီးနေတာကနေ လမ်းပေါ်က ကြွက်ဖြစ်သွားမှာကို ငါ သေချာအောင် လုပ်ချင်တယ်"

...

အိုးယာ အလှကုန်ပစ္စည်းဆိုင်လိုပင် အလှကုန် ပစ္စည်းဆိုင်ကြီး တော်တော်များများက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေပြီး ဆိုင်အသေးများက ကျိတ်၍ ဝမ်းသာနေကြလေသည်။ သူတို့ ပြိုင်ဘက် ပြိုလဲတော့မည်ကို မြင်ပြီး သူတို့ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်ပါမည်နည်း။

"ဟေ့ မိတ်ကပ်ဆရာက လာဦးမှာလား၊ သူ ထွက်ပြေးသွားပြီဆိုရင်လည်း ငါတို့ကို ပြောဦးလေ၊ လူတွေ အများကြီးက ဒီမှာ စောင့်နေကြတာ"

"ဟုတ်တယ်၊ မင်း ဒီဆိုင်ကို ဆက်လည်ပတ်ချင်သေးလား ဒါမှမဟုတ် မလည်ပတ်ချင်တော့တာလား"

"မောက်မာတာက နည်းနည်း များနေပြီ မဟုတ်လား၊ ချောင်ရှန်ရှန်ကို မိတ်ကပ်နဲ့ ကူညီဖို့ ခက်မှန်း ငါတို့ သိတယ်၊ ဒါပေမဲ့ မင်းတို့က ကြွားတာ လွန်နေပြီလေ၊ မင်းတို့ လုပ်ငန်းလုပ်နေရင် မရိုးမသား လုပ်လို့မရဘူး၊ ဒီလို ဖြစ်နေမယ်ဆိုရင် ငါတို့ ဒီကို လုံးဝ ထပ်မလာတော့ဘူး"

"ဟုတ်တယ်၊ ဒီလိုဆိုင်မျိုးကို ဘယ်သူက လာရဲမှာလဲ"

"ငါ ကဒ်တောင် လျှောက်ထားသေးတာ၊ ငါ့ကို ပိုက်ဆံ ပြန်ပေး"

...

သူတို့၏ စကားလုံးများက ချောင်ရှန်ရှန်၏ နှလုံးသားကို နက်ရှိုင်းစွာ ထိုးစိုက်သွားပြီး သူမခန္ဓာကိုယ်လေး တုန်ယင်လာသည်။ သူမသည် ထပ်၍ သည်းမခံနိုင်တော့သဖြင့် ထရပ်ကာ ထွက်သွားရန် ပြင်လေသည်။

"လခွမ်း အဲ့လူ ရောက်လာပြီ ထင်တယ်"

ထိုစဉ် လူအုပ်ထဲမှ တစ်ယောက်က ထအော်လာသဖြင့် ချက်ချင်း ဆူညံသံများကို တိတ်သွားစေသည်။ ထို့နောက် အားလုံးက ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။

ဝိုင်မျက်နှာဖုံးကို တပ်၍ လူတစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာနေသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုလူ၏ ခန္ဓာကိုယ်မှ ပြောမပြတတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး လူတိုင်းအား အလိုလို လမ်းဖယ်ပေး မိသွားစေသည်။

လူအုပ်ကို အသာတစ်ချက် ကြည့်ပြီးနောက် ရဲ့လင်းချန်က ဝိုင်အလှကုန် ပစ္စည်းဆိုင်ထဲသို့ တန်းဝင်သွား လိုက်သည်။

ပတ်ဝန်းကျင်သည် ရဲ့လင်းချန် ရောက်ရှိလာခြင်းနှင့်အတူ အလွန်အမင်း တိတ်ဆိတ်သွားပြီး အခြေအနေက အမှတ်တမဲ့နှင့် လေးနက် တည်ကြည်လာသည်။

"ဟင်းဟင်း၊ လူလုံးထွက်ပြတဲ့အထိ သတ္တိရှိသေးတာလား"

အိုးယာ အလှကုန် ပစ္စည်းဆိုင်၏ စီအီးအိုက သူမတို့၏ ဌာနချုပ်မှနေ၍ ဗွီဒီယိုကို ကြည့်ပြီး အံ့ဩဟန်နှင့် မျက်မှောင်ကြုတ် လိုက်မိသည်။

"သူ လာတော့‌ရော ဘာဖြစ်လဲ၊ သူက ခေါင်းမာနေရုံ သက်သက်ပဲ၊ သူ ချောင်ရှန်ရှန်ကို ဘယ်လိုလုပ် ကူညီပြီး မိတ်ကပ် လိမ်းပေးနိုင်မှာလဲ၊ ဒါ အရှက်ရမယ့် အဓိပ္ပာယ် မရှိတဲ့ ကြိုးစားမှုပဲ"

"ပိုတောင် ကောင်းသွားသေးတယ်၊ တကယ်လို့ သူ သင့်တော်တဲ့ မိတ်ကပ် လိမ်းပေးဖို့ မအောင်မြင်ဘူးဆိုရင် ပိုပြီးတော့တောင် ခက်သွားဦးမယ်"

"စောင့်ကြည့်ကြတာပေါ့၊ ဝိုင်အလှကုန်ပစ္စည်းဆိုင်ရဲ့ ကျဆုံးခန်းကို စောင့်ကြည့်လိုက်ရအောင်"

လူတိုင်း အထင်အမြင်သေးစွာ ခနဲ့သံများ ပြုကြလေသည်။

သူတို့သည် ထိုလုပ်ငန်းနယ်ပယ်တွင်းမှ ဖြစ်သဖြင့် ဖြစ်နိုင်ချေနှင့် မဖြစ်နိုင်ချေများကို အတိအကျ သိရှိကြသည်။

အားလုံး အတွေးကိုယ်စီနှင့်ဖြစ်နေပြီး အားလုံးက ရဲ့လင်းချန်ကို အာရုံစိုက်၍ ကြည့်နေကြသည်။

ထိုအကြည့်ထဲတွင် သိချင်စိတ်၊ အားကျစိတ်၊ ရွံရှာစိတ်နှင့် အထင်သေးစိတ်တို့ ပါဝင်နေသည်။ သူတို့ အဓိက ကြည့်နေရသည့် အကြောင်းရင်းမှာ အရာအားလုံး ပူလောင်နေသည်ကို စိတ်လှုပ်ရှားသဖြင့် ဖြစ်လေသည်။

အနက်ရောင် အဝတ်စအောက်မှ ချောင်ရှန်ရှန်၏ ငိုက်စိုက်ကျနေသော အကြည့်များက ရုတ်တရက် သူမရှေ့မှ ရဲ့လင်းချန်ကို မော့ကြည့်လာသည်။ သူမ၏ မျက်လုံးတွင် စိုးရိမ်မှုနှင့် မျှော်လင့်မှု စသည့် ခံစားချက်များ ရောပြွန်း နေသည်။

...

#Zawgyi

စာစဥ္ 31 Chapter 456 ဝိုင္အလွကုန္ ပစၥည္းဆိုင္၏ က်ဆုံးခန္းကို ထိုင္ေစာင့္ျခင္း

တကယ္တမ္းတြင္ ေခ်ာင္ရွန္ရွန္သည္ ထိုသို႔ အလြန္အၾကဴး ေျပာဆိုထားသည့္ ေၾကာ္ျငာမ်ားကို လုံးဝ မယုံၾကည္ပါ။

သို႔ေသာ္ သူမတြင္ အျခား ေ႐ြးခ်ယ္စရာ မရွိေတာ့ပါ။ သူမ၏ ပ်က္စီးသြားေသာ ႐ုပ္ရည္အတြက္ မိတ္ကပ္ နည္းလမ္းမ်ား အသည္းအသန္ရွာ၍ ႀကံရာမရ ျဖစ္ေနခ်ိန္တြင္ ၎သည္ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္သာ ျဖစ္ေနသည္။

ထို႔ေၾကာင့္ သူမ စမ္းၾကည့္မည္ဟူေသာ စိတ္ျဖင့္ ေရာက္လာျခင္း ျဖစ္ေလသည္။

လူတိုင္း၏ အၾကည့္ေအာက္၌ သူမ ေျခတစ္လွမ္းခ်င္းစီ လွမ္းရန္ အေတာ္ေလး အားယူခဲ့ရသည္။ လူတိုင္း၏ ေျပာဆိုသံမ်ားႏွင့္ ရင္ဆိုင္ရေသာအခါ သူမ ေခြလုနီပါး ျဖစ္ခဲ့သည္။ သို႔ေသာ္ သူမ သည္းခံထားခဲ့သည္။

သူမ စိတ္ထဲမွေန၍ ကိုယ့္ကိုယ္ကိုယ္ ဆက္တိုက္ အားေပးေနၿပီး ယင္းက သူမ၏ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ ျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကိုယ္ အားေပးေနခဲ့သည္။ ယခုကဲ့သို႔ေသာ အခ်ိန္၌ ဘုရားက သူမကို ကံထူးရွင္ ျဖစ္ေအာင္ လုပ္ေပးခဲ့သည့္ အခ်ိဳ႕ေသာ အေၾကာင္းရင္းမ်ား ရွိကိုရွိေပလိမ့္မည္။ ဘာေတြပဲ ျဖစ္ေနပါေစ သူမ စမ္းၾကည့္ရေပမည္။

ေနာက္ဆုံးတြင္ သူမသည္ မ်က္လုံးကိုသာ ေဖာ္ၿပီး ဝိုင္အလွကုန္ပစၥည္းဆိုင္ထဲသို႔ ဝင္သြားေလသည္။ ထိုမ်က္လုံးမ်ားက ေလာကကို စိုးရိမ္တႀကီး ၾကည့္ေနေလသည္။

တစ္ခါတုန္းက သူမ၏ မ်က္လုံးမ်ားသည္ ေတာက္ပ၍ ယုံၾကည္ခ်က္တို႔ ျပည့္ႏွက္ေနခဲ့သည္။ သို႔ေသာ္ ယခု အေရာင္ ေမွးမွိန္သြားေလၿပီ။ ထိုမ်က္ဝန္းတြင္ သိမ္ငယ္ျခင္းႏွင့္ ေရွာင္တိမ္းလိုျခင္းတို႔သာ ရွိေနေလသည္။

"ရွင္ ေရာက္လာၿပီပဲ၊ ခဏေလး ေစာင့္ပါဦးေနာ္၊ မိတ္ကပ္ ပညာရွင္က မၾကာခင္ ေရာက္လာေတာ့မွာပါ"

က်န္းယြင္ရွီက ေခ်ာင္ရွန္ရွန္အတြက္ ထိုင္ခုံ ျပင္ဆင္ထားၿပီး ျဖစ္ကာ သူမအတြက္ ေရတစ္ခြက္ ထည့္ေပးေလသည္။

သူမတြင္ ေခ်ာင္ရွန္ရွန္အတြက္ သနားၾကင္နာစိတ္တို႔ႏွင့္ ျပည့္ႏွက္ေနသည္။

"ေက်းဇူးတင္ပါတယ္"

ေခ်ာင္ရွန္ရွန္က ေခါင္းညိတ္၍ ထိုင္လိုက္သည္။

က်န္လူအုပ္ႀကီးသည္ ေစာင့္ေန႐ုံသာ တတ္ႏိုင္ေလသည္။

ေစာင့္ဆိုင္းျခင္းက ဘယ္သူ႔ကိုမဆို စိုးရိမ္တုန္လႈပ္ေစသည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် လူတစ္ေယာက္၏ စိတ္ရွည္ျခင္းက တျဖည္းျဖည္း ေလ်ာ့နည္းလာသည္။

"ယီးပဲ၊ မိတ္ကပ္ ပညာရွင္က မလာေတာ့ဘူးလား"

"အဲ့လိုပဲ ျဖစ္ေလာက္တယ္၊ ဒီလို အေျခအေနကို မိတ္ကပ္နဲ႔ မေျဖရွင္းႏိုင္းဘူး၊ မိတ္ကပ္ ပညာရွင္ ထြက္ေျပး သြားတာ ျဖစ္ႏိုင္ေခ် ရွိတယ္"

"ဝိုင္အလွကုန္ ပစၥည္းဆိုင္က ဟန္လုပ္ခ်င္လို႔ ဒီလို ဆူပူေအာင္ လုပ္တာ၊ ဒီလို ျပႆနာကို သူတို႔ ရွင္းတဲ့နည္းက ေတာ္ေတာ္ မဟုတ္တာပဲ"

"ခ်ီးပဲ၊ ၿပီးခဲ့တဲ့ လေတြက ဒီမိတ္ကပ္ဆိုင္ လိမ္ညာတာေတြကေန ပိုက္ဆံ ဘယ္ေလာက္ေတာင္ ရသြားလဲ မသိဘူး၊ ဒါ လိမ္လည္တာပဲ"

"ဟုတ္တယ္၊ ညာစားတာ၊ သူတို႔ကို တရားစြဲၿပီး ေငြျပန္ေတာင္းၾက"

...

လူအုပ္ၾကားထဲမွ အခ်ိဳ႕က စတင္၍ ဆူဆူညံညံ လုပ္လာၿပီး အေျခအေနက ဖ႐ိုဖရဲဘက္သို႔ ကူးေျပာင္းလာသည္။

လူအုပ္ထဲတြင္ အျခား အလွကုန္ပစၥည္းဆိုင္မွ လူမ်ားလည္း ပါရွိသည္။ သူတို႔ ယခုအခ်ိန္မွ ဝိုင္အလွကုန္ ပစၥည္းဆိုင္ကို မတိုက္ခိုက္လ်င္ ဘယ္အခ်ိန္မွာမွ သူတို႔ လုပ္ႏိုင္ေတာ့မည္နည္း။

သူတို႔သည္ အခြင့္အေရးကို အရယူ၍ ျပႆနာ ျဖစ္ေစေလသည္။ ဆူဆူညံညံ ပိုျဖစ္ေလ ပိုေကာင္းေလပင္။ ၿပိဳလဲဖူးေသာ အမွတ္တံဆိပ္တစ္ခုသည္ ျပန္ဦးေမာ့ရန္ အလြန္ ခက္ခဲေပသည္။

အိုးယာ အလွကုန္ပစၥည္း ဌာနခ်ဳပ္။

လက္ရွိတြင္ ႀကီးမားေသာ အစည္းအေဝးခန္းမတြင္း၌ လူမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး စီအီးအိုမွာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္သည္။ လက္ရွိတြင္ သူမသည္ အစည္းအေဝးခန္းထဲမွ ပ႐ိုဂ်က္တာကို ၾကည့္ၿပီး ၿပဳံးေန၏။

ပ႐ိုဂ်က္တာတြင္ ဝိုင္အလွကုန္ ပစၥည္းဆိုင္၏ လက္ရွိ အေျခအေနကို ျပသေန၏။ တစ္စုံတစ္ေယာက္က ထိုေနရာမွ အျဖစ္အပ်က္ကို တိုက္႐ိုက္ ထုတ္လႊင့္ေနျခင္း ျဖစ္သည္။

"မင္းတို႔ ဒါကို ဘယ္လို ထင္လဲ"

သူမက ႐ုတ္တရက္ ေမးလာသည္။

တစ္ခဏမွ် တိတ္ဆိတ္ေနၿပီးေနာက္ သူတို႔ထဲက တစ္ေယာက္က စေျပာလာသည္။

"ေဘာ့စ္၊ ဒီကိစၥကေန ဝိုင္အလွကုန္ ပစၥည္းဆိုင္ ျပန္ဦးေမာ့လာဖို႔ ခက္ပါလိမ့္မယ္"

"တကယ္လား၊ မင္း အဲ့ေလာက္ ယုံၾကည္ခ်က္ ရွိလား"

"ေဘာ့စ္ ဝိုင္အလွကုန္ ပစၥည္းဆိုင္ရဲ႕ မိတ္ကပ္ ပညာရွင္က သိပ္ထူးခြၽန္တာကို ကြၽန္ေတာ္ ဝန္ခံပါတယ္၊ ဒါေပမဲ့ သူတို႔ ဘယ္ေလာက္ပဲ ေတာ္ေတာ္၊ လက္ေတြ႕မွာေတာ့ က်ဆင္းရမွာပဲ၊ လက္ရွိ ထုတ္ကုန္ေတြကို စဥ္းစား ၾကည့္သေလာက္ဆိုရင္ ေခ်ာင္ရွန္ရွန္ရဲ႕ ျပင္းထန္တဲ့ မီးေလာင္ဒဏ္ရာမေျပာနဲ႔၊ မီးေလာင္ဒဏ္ရာ ဒါမွမဟုတ္ ပုံပ်က္ပန္းပ်က္ ျဖစ္တာကို ဖုံးႏိုင္စြမ္းရွိတဲ့ အရာ တစ္ခုမွ မရွိဘူး၊

"ဟုတ္တယ္၊ ဒီတခါေတာ့ ဝိုင္အလွကုန္ ပစၥည္းဆိုင္ ကံေကာင္းတာေတြ မရွိေတာ့ဘူး၊ သူတို႔ရဲ႕ မိတ္ကပ္ ပညာရွင္က သိပ္ထူးခြၽန္လြန္းေနလို႔ ကြၽန္ေတာ္တို႔ သူတို႔ကို စိုးရိမ္စရာအျဖစ္ သေဘာထားခဲ့တာ၊ ဒါေပမဲ့ သူတို႔ ကံစမ္းမဲ ေ႐ြးခ်ယ္တဲ့ ေထာင္ခ်ီတဲ့ လူေတြထဲကမွ ေခ်ာင္ရွန္ရွန္ကို ေ႐ြးမိရတယ္လို႔ဗ်ာ၊ ဟားဟားဟား ..."

"စီအီးအို၊ ဘုရားက ငါတို႔ကို အကူအညီ ေပးလိုက္တာပဲ၊ ဝိုင္အလွကုန္ ပစၥည္းဆိုင္ရဲ႕ တည္ရွိမႈက ကြၽန္ေတာ္တို႔ အလွကုန္လုပ္ငန္းရဲ႕ ကနဦး ကုန္က်စရိတ္ေတြကို လုံးဝ ကိုင္လႈပ္ခဲ့တယ္၊ ဒီအခြင့္အေရးကို ကြၽန္ေတာ္တို႔ အရယူၿပီး သူတို႔ကို တစ္ခ်က္တည္းနဲ႔ နင္းေခ်ႏိုင္ၿပီ"

"ဟုတ္တယ္၊ ၿပီးေတာ့ အဲ့ဒီ မိတ္ကပ္ပညာရွင္ရဲ႕ ေက်ာ္ၾကားမႈကလည္း လုံးဝ ပ်က္စီးသြားေလာက္ၿပီ၊ မဟုတ္ရင္ ကြၽန္ေတာ္တို႔ သူတို႔ကို မ်က္ႏွာသာ ရေအာင္ လုပ္ေပးၿပီး ကိုယ့္ဒုကၡကိုယ္ ရွာသလို ျဖစ္သြားလိမ့္မယ္"

လူတိုင္း အျပန္အလွန္ ေကာက္ခ်က္မ်ား ခ်ေနၿပီး လက္ရွိတြင္ ဝိုင္အလွကုန္ ပစၥည္းဆိုင္ ၿပိဳလဲေတာ့မည့္ ဆိုး႐ြားေသာ အျဖစ္အပ်က္ကို ၾကည့္ေနၾကသည္။ သူတို႔၏ မ်က္ႏွာတြင္ အၿပဳံးပန္းမ်ား ေဝဆာေန၏။

အလွကုန္ ပစၥည္းဆိုင္မ်ားသည္ အျမတ္ အေျမာက္အမ်ား ဝင္ေသာ နယ္ပယ္မ်ားထဲတြင္ ထိပ္တန္း ျဖစ္ေပသည္။ ယွဥ္ၿပိဳင္မႈက ႀကီးမားလြန္းၿပီး မိမိ ထင္ထားသည္ထက္ပင္ ေက်ာ္လြန္ေနေလာက္သည္။

ဝိုင္အလွကုန္ ပစၥည္းဆိုင္၏ ေပၚထြက္လာမႈသည္ အျခားေသာ အလွကုန္ပစၥည္းဆိုင္မ်ားကို တပ္လွန႔္လိုက္သလို ျဖစ္သြားၿပီး နယ္ပယ္တူထဲမွ လူမ်ားကို သူတို႔၏ အလားအလာကို သတိျပဳမိလာေစသည္။

ဝိုင္အလွကုန္ ပစၥည္းဆိုင္က ထိုသို႔ေသာ အေျခအေနေအာက္၌ ပို၍ ႀကီးမားလာႏိုင္သည္က ေရွာင္လႊဲ၍ မရႏိုင္ပါ။ ထိုသို႔ ျဖစ္လာပါက အျခားေသာ အလွကုန္ ပစၥည္းဆိုင္မ်ား ဖယ္ရွားခံရေပလိမ့္မည္။

သူတို႔သည္ ဘာမွမလုပ္ႏိုင္ဘဲ ဝိုင္အလွကုန္ ပစၥည္းဆိုင္က အင္တာနက္ေပၚ၌ ေက်ာ္ၾကားလာသည္ကို စိုးရိမ္တႀကီး ထိုင္ၾကည့္႐ုံသာ တတ္ႏိုင္ေလသည္။

သို႔ေသာ္ ဘုရားသခင္က တစ္ခါတရံ၌ ဘဝထဲတြင္ အခ်ိဳးအေကြ႕အခ်ိဳ႕ ထည့္လိုက္ေလ့ ရွိသည္။ ဘဝက အံ့ဩစရာ အျပည့္ပဲ ဟူသည့္ စကားလိုပင္။

ဝိုင္အလွကုန္ ပစၥည္းဆိုင္သည္ သူတို႔၏ ဒုတိယ မဲႏႈိက္ပြဲ၌ ကံဆိုးေသာသူတစ္ေယာက္ကို ေပါက္သြားေလသည္။

"ဟင္းဟင္း၊ ရွင္တို႔အားလုံး အေတာ္ေလး မွန္ပါတယ္၊ ဘုရားသခင္က မ်က္ႏွာသာေပးေနတာပဲ၊ သူက ဝိုင္အလွကုန္ ပစၥည္းဆိုင္ကို က်ဆင္းေစခ်င္ေနတာဆိုေတာ့ ငါတို႔ လိုက္မလုပ္စရာ အေၾကာင္း မရွိဘူးေလ"

စီအီးအိုက အၿပဳံးႀကီး ၿပဳံးေန၏။

"ဒီအေတြး ရွိေနတာ ငါတို႔တစ္ခုတည္း မဟုတ္ဘူးလို႔ ငါ ယုံၾကည္တယ္၊ အျခား အလွကုန္ ပစၥည္းဆိုင္ေတြလည္း ဒီအေတြး ရွိမွာပဲ၊ သူတို႔ကလည္း ဝိုင္အလွကုန္ ပစၥည္းဆိုင္မွာ ႐ိုက္ခတ္ေနတဲ့ မုန္တိုင္းကို ေစာင့္ၾကည့္ေနမွာပဲ"

"စီမံခန႔္ခြဲေရးဌာနကို သတင္းပို႔ၿပီး သတင္းကို တတ္ႏိုင္သမွ် မ်ားမ်ား ျဖန႔္ခိုင္းလိုက္၊ လူပိုသိေလ ေကာင္းေလပဲ၊ ဝိုင္အလွကုန္ ပစၥည္းဆိုင္က အင္တာနက္ေပၚမွာ နာမည္ႀကီးေနတာကေန လမ္းေပၚက ႂကြက္ျဖစ္သြားမွာကို ငါ ေသခ်ာေအာင္ လုပ္ခ်င္တယ္"

...

အိုးယာ အလွကုန္ပစၥည္းဆိုင္လိုပင္ အလွကုန္ ပစၥည္းဆိုင္ႀကီး ေတာ္ေတာ္မ်ားမ်ားက စိတ္အားထက္သန္စြာ ေစာင့္ဆိုင္းေနၿပီး ဆိုင္အေသးမ်ားက က်ိတ္၍ ဝမ္းသာေနၾကေလသည္။ သူတို႔ ၿပိဳင္ဘက္ ၿပိဳလဲေတာ့မည္ကို ျမင္ၿပီး သူတို႔ ဘယ္လိုလုပ္ မေပ်ာ္ဘဲ ေနႏိုင္ပါမည္နည္း။

"ေဟ့ မိတ္ကပ္ဆရာက လာဦးမွာလား၊ သူ ထြက္ေျပးသြားၿပီဆိုရင္လည္း ငါတို႔ကို ေျပာဦးေလ၊ လူေတြ အမ်ားႀကီးက ဒီမွာ ေစာင့္ေနၾကတာ"

"ဟုတ္တယ္၊ မင္း ဒီဆိုင္ကို ဆက္လည္ပတ္ခ်င္ေသးလား ဒါမွမဟုတ္ မလည္ပတ္ခ်င္ေတာ့တာလား"

"ေမာက္မာတာက နည္းနည္း မ်ားေနၿပီ မဟုတ္လား၊ ေခ်ာင္ရွန္ရွန္ကို မိတ္ကပ္နဲ႔ ကူညီဖို႔ ခက္မွန္း ငါတို႔ သိတယ္၊ ဒါေပမဲ့ မင္းတို႔က ႂကြားတာ လြန္ေနၿပီေလ၊ မင္းတို႔ လုပ္ငန္းလုပ္ေနရင္ မ႐ိုးမသား လုပ္လို႔မရဘူး၊ ဒီလို ျဖစ္ေနမယ္ဆိုရင္ ငါတို႔ ဒီကို လုံးဝ ထပ္မလာေတာ့ဘူး"

"ဟုတ္တယ္၊ ဒီလိုဆိုင္မ်ိဳးကို ဘယ္သူက လာရဲမွာလဲ"

"ငါ ကဒ္ေတာင္ ေလွ်ာက္ထားေသးတာ၊ ငါ့ကို ပိုက္ဆံ ျပန္ေပး"

...

သူတို႔၏ စကားလုံးမ်ားက ေခ်ာင္ရွန္ရွန္၏ ႏွလုံးသားကို နက္ရႈိင္းစြာ ထိုးစိုက္သြားၿပီး သူမခႏၶာကိုယ္ေလး တုန္ယင္လာသည္။ သူမသည္ ထပ္၍ သည္းမခံႏိုင္ေတာ့သျဖင့္ ထရပ္ကာ ထြက္သြားရန္ ျပင္ေလသည္။

"လခြမ္း အဲ့လူ ေရာက္လာၿပီ ထင္တယ္"

ထိုစဥ္ လူအုပ္ထဲမွ တစ္ေယာက္က ထေအာ္လာသျဖင့္ ခ်က္ခ်င္း ဆူညံသံမ်ားကို တိတ္သြားေစသည္။ ထို႔ေနာက္ အားလုံးက ၿပိဳင္တူ လွမ္းၾကည့္လိုက္ၾကသည္။

ဝိုင္မ်က္ႏွာဖုံးကို တပ္၍ လူတစ္ေယာက္ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာေနသည္ကို သူတို႔ ေတြ႕လိုက္ရသည္။ ထိုလူ၏ ခႏၶာကိုယ္မွ ေျပာမျပတတ္ေသာ အရွိန္အဝါတစ္ခု ထြက္ေပၚေနၿပီး လူတိုင္းအား အလိုလို လမ္းဖယ္ေပး မိသြားေစသည္။

လူအုပ္ကို အသာတစ္ခ်က္ ၾကည့္ၿပီးေနာက္ ရဲ႕လင္းခ်န္က ဝိုင္အလွကုန္ ပစၥည္းဆိုင္ထဲသို႔ တန္းဝင္သြား လိုက္သည္။

ပတ္ဝန္းက်င္သည္ ရဲ႕လင္းခ်န္ ေရာက္ရွိလာျခင္းႏွင့္အတူ အလြန္အမင္း တိတ္ဆိတ္သြားၿပီး အေျခအေနက အမွတ္တမဲ့ႏွင့္ ေလးနက္ တည္ၾကည္လာသည္။

"ဟင္းဟင္း၊ လူလုံးထြက္ျပတဲ့အထိ သတၱိရွိေသးတာလား"

အိုးယာ အလွကုန္ ပစၥည္းဆိုင္၏ စီအီးအိုက သူမတို႔၏ ဌာနခ်ဳပ္မွေန၍ ဗြီဒီယိုကို ၾကည့္ၿပီး အံ့ဩဟန္ႏွင့္ မ်က္ေမွာင္ၾကဳတ္ လိုက္မိသည္။

"သူ လာေတာ့‌ေရာ ဘာျဖစ္လဲ၊ သူက ေခါင္းမာေန႐ုံ သက္သက္ပဲ၊ သူ ေခ်ာင္ရွန္ရွန္ကို ဘယ္လိုလုပ္ ကူညီၿပီး မိတ္ကပ္ လိမ္းေပးႏိုင္မွာလဲ၊ ဒါ အရွက္ရမယ့္ အဓိပၸာယ္ မရွိတဲ့ ႀကိဳးစားမႈပဲ"

"ပိုေတာင္ ေကာင္းသြားေသးတယ္၊ တကယ္လို႔ သူ သင့္ေတာ္တဲ့ မိတ္ကပ္ လိမ္းေပးဖို႔ မေအာင္ျမင္ဘူးဆိုရင္ ပိုၿပီးေတာ့ေတာင္ ခက္သြားဦးမယ္"

"ေစာင့္ၾကည့္ၾကတာေပါ့၊ ဝိုင္အလွကုန္ပစၥည္းဆိုင္ရဲ႕ က်ဆုံးခန္းကို ေစာင့္ၾကည့္လိုက္ရေအာင္"

လူတိုင္း အထင္အျမင္ေသးစြာ ခနဲ႔သံမ်ား ျပဳၾကေလသည္။

သူတို႔သည္ ထိုလုပ္ငန္းနယ္ပယ္တြင္းမွ ျဖစ္သျဖင့္ ျဖစ္ႏိုင္ေခ်ႏွင့္ မျဖစ္ႏိုင္ေခ်မ်ားကို အတိအက် သိရွိၾကသည္။

အားလုံး အေတြးကိုယ္စီႏွင့္ျဖစ္ေနၿပီး အားလုံးက ရဲ႕လင္းခ်န္ကို အာ႐ုံစိုက္၍ ၾကည့္ေနၾကသည္။

ထိုအၾကည့္ထဲတြင္ သိခ်င္စိတ္၊ အားက်စိတ္၊ ႐ြံရွာစိတ္ႏွင့္ အထင္ေသးစိတ္တို႔ ပါဝင္ေနသည္။ သူတို႔ အဓိက ၾကည့္ေနရသည့္ အေၾကာင္းရင္းမွာ အရာအားလုံး ပူေလာင္ေနသည္ကို စိတ္လႈပ္ရွားသျဖင့္ ျဖစ္ေလသည္။

အနက္ေရာင္ အဝတ္စေအာက္မွ ေခ်ာင္ရွန္ရွန္၏ ငိုက္စိုက္က်ေနေသာ အၾကည့္မ်ားက ႐ုတ္တရက္ သူမေရွ႕မွ ရဲ႕လင္းခ်န္ကို ေမာ့ၾကည့္လာသည္။ သူမ၏ မ်က္လုံးတြင္ စိုးရိမ္မႈႏွင့္ ေမွ်ာ္လင့္မႈ စသည့္ ခံစားခ်က္မ်ား ေရာႁပြန္း ေနသည္။

...

Ga verder met lezen

Dit interesseert je vast

440K 24.3K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...
184K 9K 51
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
158K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
7.7K 300 37
The eternal supreme! ထာ၀ရနတ်ဘုရားအရှင်သခင် -------------------------------------------- မူရင်းအာသာ -Taiyi Shengshui ဘာသာပြန် - Yun'e Chapter-2404(com...