စာစဉ် 31 Chapter 453 ဗုဒ္ဓနဲ့ ဘုရားသခင်တောင်မှ ငါ့ကို မတားနိုင်ဘူးကွ
"လခွမ်း၊ သောက်ကျိုးနည်း ဒါက ဘာကြီးလဲ"
အစ်ကိုကြီးသည် အလန့်တကြားနှင့် ကြည့်ပြီး အနောက်သို့ သုံးလှမ်းမက ဆုတ်လိုက်မိသည်။
သို့သော် သူတို့ကို ပြန်စိုက်ကြည့်နေသည့် တောက်ပသော အစိမ်းရောင် မျက်လုံးနှစ်စုံကို သူ တွေ့လိုက်ရသည်။ တိရစ္ဆာန်များ၏ ပါးစပ်မှ ခပ်တိုးတိုး မာန်ဖီသံ ထွက်ပေါ်လာ၏။
"ခွေးလေး နှစ်ကောင်လေးပါကွာ"
အရာအားလုံးကို သေချာ မြင်ပြီးနောက် သူတို့နှစ်ယောက်က စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ သူတို့၏ မျက်နှာတွင် သရော်ဟန်များပင် ပေါ်လာသည်။
"အစ် ... အစ်ကိုကြီး၊ ဒီခွေးနှစ်ကောင်က ဟောင်မှာလား"
ထိုလူက စိုးရိမ်စွာ မေးလေသည်။
"ဟားဟားဟား မကြောက်နဲ့၊ မကြောက်နဲ့၊ ဒီခွေးတွေကို သန်မာတဲ့ အရှိန်အဝါက ဘယ်လို ဖိနှိပ်နိုင်လဲဆိုတာကို မင်းကို ငါ ပြမယ်"
အစ်ကိုကြီးက အထင်သေးသော လေသံဖြင့် ရယ်နေ၏။
ထိုသို့ပြောပြီးနောက် သူသည် ရှောင်ချင်နှင့် ရှောင်ဟွေတို့ကို အာရုံစိုက်လိုက်သည်။ ထို့နောက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ထိုသို့ ခြေလှမ်း လှမ်းလိုက်သည်နှင့် သူ၏ အရှိန်အဝါကိုပါ တပြိုင်တည်း ထုတ်လွှတ် လိုက်သည်။ ၎င်းသည် အတော်လေး လွှမ်းမိုးနိုင်ပုံရပြီး ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ ဦးတည်နေ၏။
ကမ္ဘာမြေ၏ ဂိတ်တံခါး အဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် သူတို့သည် သာမန်လူများထက် ခွန်အား သာလွန်သော သိုင်းပညာရှင်များ ဖြစ်ကြသည်မှာ မလွဲမသွေပင်။ ထို့အပြင် သူတို့သည် ကောက်ရိတ်သကဲ့သို့ လူများကို သတ်ခဲ့ပြီး သူတို့သည် သန်မာသော အရှိန်အဝါတစ်ခုကို မွေးရာပါ ပိုင်ဆိုင်ထားကြသည်။ ထိုအရှိန်အဝါသည် ထုတ်လွှတ်လိုက်သည်နှင့် ဘယ်သူ့ကိုမဆို ကြောက်စိတ် ဖြစ်ပေါ်လာစေရန် လုံလောက်ပေသည်။ ယင်းက ခွေးပေါက်လေး နှစ်ကောင်ကို အမြီးကုပ်၍ ကြောက်သွားစေပြီး အတိုးဆုံး လေလည်သံပင် ထွက်လာစေရန် အသာလေး လုပ်နိုင်ပေသည်။
"အစ်ကိုကြီးလို့ မပြောရဘူးဗျာ၊ သန်မာလိုက်တဲ့ အရှိန်အဝါ"
ဂျူနီယာ တစ်ယောက်ဖြစ်သော သူသည် သူ့စီနီယာအား အချိန်ကိုက် ချီးကျူးလေသည်။ မသင့်တော်သော အခြေအနေကြောင့်သာ မဟုတ်လျင် သူ ကျယ်လောင်စွာ ပြောပြီး လက်ခုပ်ပင် တီးမိလောက်သည်။
*ဟမ်*
ခွေးနှစ်ကောင်က လုံးဝ မတုန်လှုပ်သည်ကို မြင်သောအခါ သူတို့နှစ်ယောက်သည် ရှောင်ချင်နှင့် ရှောင်ဟွေတို့အား တအံ့တဩ ကြည့်လာကြသည်။
ထွက်ပြေးမည့်အစား ခွေးနှစ်ကောင်တွင် လုံးဝ ကြောက်ရွံ့သည့် အရိပ်အယောင် မရှိပေ။
"ထူးဆန်းတယ်၊ ဒီခွေးနှစ်ကောင်က ဂေါက်နေတာလား"
အစ်ကိုကြီးဆိုသူက မျက်မှောင်ကြုတ်၍ ခန့်မှန်းနေသည်။
"ဖြစ်နိုင်တယ်၊ ပုံစံအရတော့ သူတို့က ရူးကြောင်ကြောင် ခွေးမျိုးတွေ ထင်တယ်၊ Huskies လိုလေ၊ အစ်ကိုကြီး ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
"ဟဲဟဲ သူတို့က မပြေးဘူးဆိုတော့ ငါတို့ကို ရက်စက်တယ်လို့ အပြစ်တင်စရာ မလိုတော့ဘူးပေါ့ကွာ"
အစ်ကိုကြီးက အန္တရာယ် ပေးတော့မည့်ဟန်ဖြင့် ပြောလေသည်။ ထို့နောက် သူက လျှာသပ်၍ မှတ်ချက်ချသည်။
"ငါ ခွေးသား မစားရတာ တော်တော်ကြာပြီ၊ ဒီခွေးနှစ်ကောင်က တော်တော် ဝတယ်၊ သူတို့က အရသာ ရှိမှာ သေချာတယ်၊ ငါတို့ သူတို့ကို ညလယ်စာ အဆာပြေအဖြစ် စားကြတာပေါ့"
"အစ်ကိုကြီးက ဉာဏ်ကောင်းလိုက်တာ"
ယောက်ျားသား နှစ်ယောက်က ရှောင်ချင်နှင့် ရှောင်ဟွေကို ကြည့်ပြီး ရှေ့ဆင့်နောက်ဆင့် ရယ်မောလိုက်သည်။ မသိလျင် သူတို့က ခွေးသား ဟင်းလျာ နှစ်ပွဲကို ကြည့်နေသလိုပင်။
"သွားမယ်"
နှစ်ယောက်လုံးက ပြိုင်တူ တိုက်ခိုက်ကြသည်။ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်နှင့်အတူ တစ်ယောက်က လက်သီးဖြင့် ထိုး၍ နောက်တစ်ယောက်က ကန်ကျောက်လေသည်။ သူတို့နှစ်ယောက်လုံး၏ တိုက်ခိုက်မှုက ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ တန်းတန်းမတ်မတ် ဦးတည်နေ၏။
သူတို့၏ အခြေအနေကို အကဲခတ်ပုံအရ ရှောင်ချင်နှင့် ရှောင်ဟွေတို့သည် ရူးကြောင်ကြောင်နှင့် အံ့ဩနေသည့်ပုံ ပေါ်နေ၏။ ဝံပုလွေလေးနှစ်ကောင်၏ မျက်နှာတွင် ဘာပြောင်းလဲမှုမှ မရှိသော်လည်း သူတို့၏ ပါးစပ်များက အထင်သေးစွာ ရယ်မောလိုက်သကဲ့သို့ ကော့တက်လာ၏။
"သေပေတော့"
ခွေးနှစ်ကောင်သည် ဤသို့သော တိုက်ခိုက်မှုမျိုးမှ လွတ်မြောက်နိုင်စွမ်း မရှိဟု သူတို့ အကြွင်းမဲ့ ယုံကြည် ထားကြသည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုက ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံ ကျရောက်ရန် တစ်ပေခွဲမျှ အလို၌ ခွေးနှစ်ကောင်က သူတို့ရှေ့မှနေ၍ တစ်ဖက်သို့ ရုတ်တရက် ရွေ့သွားသည်။ ထို့နောက် ခွေးနှစ်ကောင်က အံ့ဩစရာကောင်းသော အရှိန်ဖြင့် ခုန်ပေါက်၍ သူတို့ထံ ပြေးဝင်လာလေသည်။
"ဗြိ"
ခွေးလက်သည်းက သူတို့ပေါ် ကျရောက်လာသဖြင့် နှစ်ယောက်လုံး၏ ရင်ဘတ်မှ အဝတ်အစားများ စုတ်ပြဲကာ နက်ရှိုင်းသော ကုတ်ရာတစ်ခု ထင်ကျန်လာသည်။
"ဟာ"
နှစ်ယောက်လုံး ပြိုင်တူ တအံ့တဩ ရေရွတ်လိုက်မိသည်။ နှစ်ယောက်လုံး နောက်သို့ ဆုတ်သွားပြီး သူတို့၏ မျက်လုံးတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ပေါ်လာသည်။
"ခွေးတစ်ကောင်က ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလား"
အစ်ကိုကြီး၏ မျက်လုံးက ထိုင်းမှိုင်းပုံ ပေါ်လာပြီး သူ့အရှေ့မှ လက်တွေ့ကို လက်မခံနိုင် ဖြစ်နေပုံရသည်။
ထို့နောက် သူက ရှောင်ချင်နှင့် ရှောင်ဟွေကို ထပ်ကြည့်လိုက်သည်။ သူတို့သည် နေရာ၌ ရပ်မြဲရပ်နေပြီး ယောက်ျားသား နှစ်ယောက်အား တည်ငြိမ်စွာ ကြည့်နေသည်။ သူတို့၏ အမွေးများက လရောင်အောက်၌ လေနှင့်အတူ ယိမ်းခါနေသည်။
ချက်ချင်းဆိုသလိုပင် အစ်ကိုကြီး၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီး ခွေးနှစ်ကောင်ထံမှ ဩဇာရှိသော အရှိန်အဝါတစ်ခု ပျံ့လွင့်နေသည်ဟု သူ ခံစားမိသည်။
"ဒီခွေးနှစ်ကောင်က ... ထူးဆန်းတယ်"
အစ်ကိုကြီးက အလေးအနက် ပြောသည်။
"ငါတို့ အလေးအနက် ထားဖို့ လိုပြီနဲ့တူတယ်"
"လာစမ်း"
ယောက်ျားသား နှစ်ယောက်သည် ချက်ချင်း အသင့်အနေအထား ယူလိုက်ပြီး ခွေးနှစ်ကောင်အား လေးနက်သော အကြည့်ဖြင့် ကြည့်နေကြသည်။
"ဂီး"
ခပ်အုပ်အုပ် မာန်ဖီသံနှင့်အတူ ရှောင်ချင်နှင့် ရှောင်ဟွေတို့က ပြိုင်တူ တိုက်ခိုက်လေသည်။
တိတ်ဆိတ်နေသော ညအချိန်၌ ကြားနေရသည့် တစ်ခုတည်းသော အသံမှာ စုတ်ပြဲသံများသာ ဖြစ်လေသည်။ မကြာခင်မှာပင် စုတ်ပြတ်နေသော အဝတ်အစားများနှင့် အရိပ်နှစ်ခုက ခြံထဲမှ ပြေးထွက်သွားကြသည်။ သူတို့သည် သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေကြပြီး သူတို့ ဘယ်ကို သွားလို့သွားနေမှန်း မသိအောင် သွေးပျက်ကာ ခြေလှမ်းများ ယိုင်နဲ့နေ၏။
သူတို့သည် စုတ်ပြတ်သပ်နေပြီး သူတို့၏ အဝတ်အစားများက အပိုင်းအစထက် မပိုတော့ဘဲ လေနှင့်အတူ လွင့်ခါနေသည်။ သူတို့၏ ခန္ဓာကိုယ်မှ ကုတ်ရာများသည် ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။
ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအပြင် သူတို့၏ စိတ်ပိုင်းဆိုင်ရာသည်လည်း အတော်လေး ထိတ်လန့် တုန်လှုပ် သွားခဲ့သည်။ သူတို့က တစ်ချိန်လုံး ဗလုံးဗထွေး ပြောနေကြသည်။
တစ်ချိန်တည်းမှာပင် အဖွဲ့တစ်ဖွဲ့သည်လည်း ဥယျာဉ်ဘေးတစ်ဖက်ရှိ ရေလမ်းကြောင်းမှနေ၍ လာနေသည်။ သူတို့သည် အိမ်ပတ်ဝန်းကျင်၌ ပျက်စီးနေသော လှေငယ်လေးကို စီးလာနေကြသည်။
လှေက သိပ်မကြီးသော်လည်း လူက ခြောက်ယောက် ပါလာသည်။ သူတို့၏ ခေါင်းဆောင်က လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်ပြီး လှေဦး၌ ဝိုင်ခွက်တစ်ခွက်ကို ကိုင်၍ ရပ်နေသည်။
"ဂျူနီယာ ညီမလေး မီယာကို ဒီမှာ ရှိနေတာ မင်း သေချာလား"
ခေါင်းဆောင်က မေးလိုက်သည်။
"စီနီယာအစ်ကို အဲ့ဒါက အမှန်ပါ"
ပိန်ပါးပါးနှင့် ပုပြတ်ပြတ်လူက ပြန်ပြောသည်။ တစ်ခဏမျှ ငြိမ်နေပြီးနောက် သူက ဆက်ပြောသည်။
"လက်အောက်ငယ်သားတွေဆီက ရလာတဲ့ သတင်းအချက်အလက်အရဆို စီနီယာအစ်မ မီယာကိုက ယောက်ျား တစ်ယောက်ကို ခစားနေရတဲ့ပုံပါပဲ"
"ဘာ"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ သူ့အသံက စူးရှလာပြီး အသက်ရှုနှုန်း မြန်လာကာ မျက်လုံးများက ထိုလူအပေါ် စိုက်ကြည့်နေ၏။
"ထပ်ပြောလိုက်စမ်း"
ထိုလူသည် တံတွေးကို မနည်းမျိုချ၍ ခေါင်းမာစွာ ထပ်ပြောသည်။
"စီနီယာအစ်မ မီယာကိုက အဲ့လူ နွေးအောင် ... ညတိုင်း သူ့အိပ်ရာ နွေးအောင် ကူညီပေးလောက်ပါတယ်"
"ခွမ်း"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လက်ထဲမှ ဖန်ခွက်ကို ရုတ်တရက် ဖိခြေလိုက်သည်။ သူ့နဖူး၌ သွေးကြောများ ထောင်တက်လာပြီး ထိုလူအား မလိုက်သည်။
"ထပ်ပြောစမ်း"
"စီနီယာအစ်ကို၊ ကျွန်တော် ... ကျွန်တော် ..."
"မီယာကို ဒီမှာ ရှိနေမှန်း မင်း သိနေတယ်ဆိုရင် ဘာလို့ သူ့ကို မကယ်တာလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ခပ်မာမာ မေးလေသည်။
"ကျွန်တော်တို့ စီနီယာ အစ်မ မီယာကိုကို ဖြောင်းဖြပါတယ်၊ ဒါပေမဲ့ သူက သူ လောင်းကစားမှာ ရှုံးခဲ့တာကို လက်ခံချင်စိတ် ရှိနေတယ်၊ ဒါ သူ့ရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါ"
"သိက္ခာကျလိုက်တာ၊ သူ သိက္ခာကျသွားပြီ"
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူ့မျက်လုံးများက နီရဲနေပြိး အချိန်မရွေး ငိုချတော့မည့်ဟန်ဖြင့် မျက်ရည်များ စဝဲလာလေသည်။
"လောင်းကစားဘုရင်ရဲ့ တပည့်ဖြစ်တဲ့သူက ဘယ်လိုလုပ် အဲ့အဆင့်အထိ ကျဆင်းသွားရတာလဲ၊ သူ့ရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားပြီလဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက မခံမရပ်နိုင်ဖြစ်ကာ ဒေါသထွက်နေ၏။ သူသည် ကောင်းကင်ကို မော့ကြည့်၍ ကြွေးကြော်လိုက်သည်။
"ငါ့ရဲ့ ဂျူနီယာ ညီမလေးအပေါ်မှာ နက်ရှိုင်းတဲ့ ခံစားချက် ရှိနေတယ်ကွာ၊ ပြီးတော့ ငါ အမြဲတမ်း သူ့ကို အရာအားလုံး ပေးဖို့ ဆန္ဒ ရှိတယ်၊ ဘာလို့ သူက ငါ့ကို ပစ်ပစ်ခါခါ ငြင်းပယ်ပြီး အခြားယောက်ျားတွေကို ကူညီတာလဲ ... သူတို့ခုတင်ကို နွေးအောင် လုပ်ပေးတာလဲ၊ သူ ငါ့အတွက် ဘာကိုမှ မခံစားမိဘူးလား၊ ဘုရားသခင်က မတရားဘူးကွာ"
"ငါ့နတ်သမီးကို ဖျက်ဆီးရမ်းကားရဲတဲ့သူက ဘယ်သူပဲ ဖြစ်နေပါစေ၊ အဲ့လူ သေချာပေါက် ပြန်ပေးဆပ်ရအောင် ငါ လုပ်ပစ်မယ်"
လူလတ်ပိုင်းအရွယ် အမျိုးသား၏ အသံက အက်ကွဲ၍ မာကြောနေသည်။
"စောင့်မနေတော့ဘူး၊ ငါတို့ ဒီညပဲ လှုပ်ရှားမယ်"
"ဒါ အရမ်း မဆင်မခြင်ရာ ကျလွန်းမနေဘူးလား စီနီယာ အစ်ကိုကြီး၊ ကျွန်တော်တို့ အားလုံးကို အရင် အသေးစိတ် စုံစမ်းရင်ရော"
"ငါတို့ တစ်ရက် စောင့်ရင် မီယာကို တစ်ရက် ထပ်ပြီး အစော်ကားခံရလိမ့်မယ်၊ ငါ့ဂျူနီယာ ညီမလေးကို ကယ်မယ့် ငါ့ဆုံးဖြတ်ချက်ကို ဘယ်သူမှ မတားနိုင်ဘူး"
လူလတ်ပိုင်းအရွယ် အမျိုးသား၏ လေသံက ပြတ်သားနေသည်။
"ဗုဒ္ဓနဲ့ ဘုရားသခင်တောင်မှ ငါ့ကို မတားနိုင်ဘူးကွ၊ ဓားတွေ၊ မီးတောက်တွေ၊ တောင်တန်းတွေနဲ့ ပင်လယ်တွေ တောင်မှ ငါ့ကို လုံးဝ မတားနိုင်ဘူးကွ"
ထိုသို့သောအချိန်မျိုး၌ သူ ဘယ်လောက် ချောမောနေမလဲ ဆိုသည်ကို သူ စိတ်ကူးယဉ်နေမိသည်။
သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့အောက်မှ လှေက ရုတ်တရက် လှုပ်ခါသွားပြီး ကြီးမားသော စွမ်းအားတစ်ခု၏ ပင့်တင်ခြင်း ခံလိုက်ရသည်။
*ဒါ ... ဒါက ...*
လူတိုင်းသည် မိမိနှလုံးသားက လည်ပင်းမှနေ၍ ခုန်ထွက်သွားလေမလားဟု ခံစားလိုက်ရသည်။ ထို့နောက်တွင်မူ ကောင်းကင်မှနေ၍ ရေများ ကျဆင်းလာပြီး သူတို့အပေါ် တန်းကျလာသဖြင့် ရေချိုးသကဲ့သို့ဖြစ်ကာ ချမ်းစိမ့် သွားလေသည်။
သူတို့အားလုံး ရေကျလာသည့် အရင်းအမြစ်ကို မော့ကြည့်လိုက်သောအခါ မျက်လုံးများ ကျွတ်ကျမတတ် ပြူးကျယ်သွားလေသည်။ သူတို့ မြင်လိုက်ရသည့် အရာမှာ ကြီးမားသော လိပ်ကြီးတစ်ကောင်က ခေါင်းကို လှည့်၍ သူတို့ကို အသာအယာ ကြည့်နေခြင်းပင်။ ချက်ချင်းဆိုသလိုပင် လူတိုင်း ခေါင်းစခြေဆုံး အေးစိမ့်သွားပြီး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
"သောက်ကျိုးနည်း၊ ဘုရားရေ ... ရေမိစ္ဆာကြီးဟ"
"မြတ်စွာဘုရား၊ တရုတ်မှာ တကယ် မိစ္ဆာတွေ ရှိတာပဲ ကြောက်ဖို့ကောင်းလိုက်တာ"
"ကြောက်စရာပဲ၊ ကြောက်ဖို့ကောင်းလိုက်တာ၊ အမေရေ ... ကျွန်တော် ဂျပန်ကို ပြန်လာချင်ပြီ"
...
စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့သည် လှေပေါ်မှ ချက်ချင်း ခုန်ချ၍ ရေထဲ ဆင်းကြသည်။ သူတို့သည် အသည်းအသန် ရေကူးနေပြီး ကမ်းဘက်သို့ မြန်မြန်ရောက်ရန် ဦးတည်နေကြလေသည်။
လက်ရှိတွင် စီနီယာ အစ်ကိုကြီးက အရှိန်အဝါက ထွက်ပေါ်လာပြီး သူက အမြန်ဆုံး ကူးနေ၏။ သူ၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်က လျင်မြန်စွာ လှုပ်ရှားနေပြီး မော်တာတစ်လုံးလိုပင်။ သူသည် ပြိုင်စံရှားသော အရှိန်နှင့် ထွက်ပြေးနေပြီး အခြားသူများအား အနောက်၌ ချန်ထားခဲ့လေသည်။ သူသည် အဖွဲ့ထဲ၌ အထူးချွန်ဆုံး ရေကူးသမား ဖြစ်သည်မှာ မြေကြီးလက်ခပ် မလွဲပင်။
...
#Zawgyi
စာစဥ္ 31 Chapter 453 ဗုဒၶနဲ႔ ဘုရားသခင္ေတာင္မွ ငါ့ကို မတားႏိုင္ဘူးကြ
"လခြမ္း၊ ေသာက္က်ိဳးနည္း ဒါက ဘာႀကီးလဲ"
အစ္ကိုႀကီးသည္ အလန႔္တၾကားႏွင့္ ၾကည့္ၿပီး အေနာက္သို႔ သုံးလွမ္းမက ဆုတ္လိုက္မိသည္။
သို႔ေသာ္ သူတို႔ကို ျပန္စိုက္ၾကည့္ေနသည့္ ေတာက္ပေသာ အစိမ္းေရာင္ မ်က္လုံးႏွစ္စုံကို သူ ေတြ႕လိုက္ရသည္။ တိရစာၦန္မ်ား၏ ပါးစပ္မွ ခပ္တိုးတိုး မာန္ဖီသံ ထြက္ေပၚလာ၏။
"ေခြးေလး ႏွစ္ေကာင္ေလးပါကြာ"
အရာအားလုံးကို ေသခ်ာ ျမင္ၿပီးေနာက္ သူတို႔ႏွစ္ေယာက္က စိတ္ေအးကာ သက္ျပင္းခ်လိုက္မိသည္။ သူတို႔၏ မ်က္ႏွာတြင္ သေရာ္ဟန္မ်ားပင္ ေပၚလာသည္။
"အစ္ ... အစ္ကိုႀကီး၊ ဒီေခြးႏွစ္ေကာင္က ေဟာင္မွာလား"
ထိုလူက စိုးရိမ္စြာ ေမးေလသည္။
"ဟားဟားဟား မေၾကာက္နဲ႔၊ မေၾကာက္နဲ႔၊ ဒီေခြးေတြကို သန္မာတဲ့ အရွိန္အဝါက ဘယ္လို ဖိႏွိပ္ႏိုင္လဲဆိုတာကို မင္းကို ငါ ျပမယ္"
အစ္ကိုႀကီးက အထင္ေသးေသာ ေလသံျဖင့္ ရယ္ေန၏။
ထိုသို႔ေျပာၿပီးေနာက္ သူသည္ ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔ကို အာ႐ုံစိုက္လိုက္သည္။ ထို႔ေနာက္ ေရွ႕သို႔ တစ္လွမ္း လွမ္းလိုက္သည္။ ထိုသို႔ ေျခလွမ္း လွမ္းလိုက္သည္ႏွင့္ သူ၏ အရွိန္အဝါကိုပါ တၿပိဳင္တည္း ထုတ္လႊတ္ လိုက္သည္။ ၎သည္ အေတာ္ေလး လႊမ္းမိုးႏိုင္ပုံရၿပီး ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔ထံ ဦးတည္ေန၏။
ကမာၻေျမ၏ ဂိတ္တံခါး အဖြဲ႕ဝင္တစ္ဦး ျဖစ္ေသာေၾကာင့္ သူတို႔သည္ သာမန္လူမ်ားထက္ ခြန္အား သာလြန္ေသာ သိုင္းပညာရွင္မ်ား ျဖစ္ၾကသည္မွာ မလြဲမေသြပင္။ ထို႔အျပင္ သူတို႔သည္ ေကာက္ရိတ္သကဲ့သို႔ လူမ်ားကို သတ္ခဲ့ၿပီး သူတို႔သည္ သန္မာေသာ အရွိန္အဝါတစ္ခုကို ေမြးရာပါ ပိုင္ဆိုင္ထားၾကသည္။ ထိုအရွိန္အဝါသည္ ထုတ္လႊတ္လိုက္သည္ႏွင့္ ဘယ္သူ႔ကိုမဆို ေၾကာက္စိတ္ ျဖစ္ေပၚလာေစရန္ လုံေလာက္ေပသည္။ ယင္းက ေခြးေပါက္ေလး ႏွစ္ေကာင္ကို အၿမီးကုပ္၍ ေၾကာက္သြားေစၿပီး အတိုးဆုံး ေလလည္သံပင္ ထြက္လာေစရန္ အသာေလး လုပ္ႏိုင္ေပသည္။
"အစ္ကိုႀကီးလို႔ မေျပာရဘူးဗ်ာ၊ သန္မာလိုက္တဲ့ အရွိန္အဝါ"
ဂ်ဴနီယာ တစ္ေယာက္ျဖစ္ေသာ သူသည္ သူ႔စီနီယာအား အခ်ိန္ကိုက္ ခ်ီးက်ဴးေလသည္။ မသင့္ေတာ္ေသာ အေျခအေနေၾကာင့္သာ မဟုတ္လ်င္ သူ က်ယ္ေလာင္စြာ ေျပာၿပီး လက္ခုပ္ပင္ တီးမိေလာက္သည္။
*ဟမ္*
ေခြးႏွစ္ေကာင္က လုံးဝ မတုန္လႈပ္သည္ကို ျမင္ေသာအခါ သူတို႔ႏွစ္ေယာက္သည္ ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔အား တအံ့တဩ ၾကည့္လာၾကသည္။
ထြက္ေျပးမည့္အစား ေခြးႏွစ္ေကာင္တြင္ လုံးဝ ေၾကာက္႐ြံ႕သည့္ အရိပ္အေယာင္ မရွိေပ။
"ထူးဆန္းတယ္၊ ဒီေခြးႏွစ္ေကာင္က ေဂါက္ေနတာလား"
အစ္ကိုႀကီးဆိုသူက မ်က္ေမွာင္ၾကဳတ္၍ ခန႔္မွန္းေနသည္။
"ျဖစ္ႏိုင္တယ္၊ ပုံစံအရေတာ့ သူတို႔က ႐ူးေၾကာင္ေၾကာင္ ေခြးမ်ိဳးေတြ ထင္တယ္၊ Huskies လိုေလ၊ အစ္ကိုႀကီး ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ၾကမလဲ"
"ဟဲဟဲ သူတို႔က မေျပးဘူးဆိုေတာ့ ငါတို႔ကို ရက္စက္တယ္လို႔ အျပစ္တင္စရာ မလိုေတာ့ဘူးေပါ့ကြာ"
အစ္ကိုႀကီးက အႏၲရာယ္ ေပးေတာ့မည့္ဟန္ျဖင့္ ေျပာေလသည္။ ထို႔ေနာက္ သူက လွ်ာသပ္၍ မွတ္ခ်က္ခ်သည္။
"ငါ ေခြးသား မစားရတာ ေတာ္ေတာ္ၾကာၿပီ၊ ဒီေခြးႏွစ္ေကာင္က ေတာ္ေတာ္ ဝတယ္၊ သူတို႔က အရသာ ရွိမွာ ေသခ်ာတယ္၊ ငါတို႔ သူတို႔ကို ညလယ္စာ အဆာေျပအျဖစ္ စားၾကတာေပါ့"
"အစ္ကိုႀကီးက ဉာဏ္ေကာင္းလိုက္တာ"
ေယာက္်ားသား ႏွစ္ေယာက္က ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြကို ၾကည့္ၿပီး ေရွ႕ဆင့္ေနာက္ဆင့္ ရယ္ေမာလိုက္သည္။ မသိလ်င္ သူတို႔က ေခြးသား ဟင္းလ်ာ ႏွစ္ပြဲကို ၾကည့္ေနသလိုပင္။
"သြားမယ္"
ႏွစ္ေယာက္လုံးက ၿပိဳင္တူ တိုက္ခိုက္ၾကသည္။ လွ်ပ္စီးကဲ့သို႔ လ်င္ျမန္ေသာ အရွိန္ႏွင့္အတူ တစ္ေယာက္က လက္သီးျဖင့္ ထိုး၍ ေနာက္တစ္ေယာက္က ကန္ေက်ာက္ေလသည္။ သူတို႔ႏွစ္ေယာက္လုံး၏ တိုက္ခိုက္မႈက ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔ထံ တန္းတန္းမတ္မတ္ ဦးတည္ေန၏။
သူတို႔၏ အေျခအေနကို အကဲခတ္ပုံအရ ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔သည္ ႐ူးေၾကာင္ေၾကာင္ႏွင့္ အံ့ဩေနသည့္ပုံ ေပၚေန၏။ ဝံပုေလြေလးႏွစ္ေကာင္၏ မ်က္ႏွာတြင္ ဘာေျပာင္းလဲမႈမွ မရွိေသာ္လည္း သူတို႔၏ ပါးစပ္မ်ားက အထင္ေသးစြာ ရယ္ေမာလိုက္သကဲ့သို႔ ေကာ့တက္လာ၏။
"ေသေပေတာ့"
ေခြးႏွစ္ေကာင္သည္ ဤသို႔ေသာ တိုက္ခိုက္မႈမ်ိဳးမွ လြတ္ေျမာက္ႏိုင္စြမ္း မရွိဟု သူတို႔ အႂကြင္းမဲ့ ယုံၾကည္ ထားၾကသည္။
သို႔ေသာ္ သူတို႔၏ တိုက္ခိုက္မႈက ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔ထံ က်ေရာက္ရန္ တစ္ေပခြဲမွ် အလို၌ ေခြးႏွစ္ေကာင္က သူတို႔ေရွ႕မွေန၍ တစ္ဖက္သို႔ ႐ုတ္တရက္ ေ႐ြ႕သြားသည္။ ထို႔ေနာက္ ေခြးႏွစ္ေကာင္က အံ့ဩစရာေကာင္းေသာ အရွိန္ျဖင့္ ခုန္ေပါက္၍ သူတို႔ထံ ေျပးဝင္လာေလသည္။
"ၿဗိ"
ေခြးလက္သည္းက သူတို႔ေပၚ က်ေရာက္လာသျဖင့္ ႏွစ္ေယာက္လုံး၏ ရင္ဘတ္မွ အဝတ္အစားမ်ား စုတ္ၿပဲကာ နက္ရႈိင္းေသာ ကုတ္ရာတစ္ခု ထင္က်န္လာသည္။
"ဟာ"
ႏွစ္ေယာက္လုံး ၿပိဳင္တူ တအံ့တဩ ေရ႐ြတ္လိုက္မိသည္။ ႏွစ္ေယာက္လုံး ေနာက္သို႔ ဆုတ္သြားၿပီး သူတို႔၏ မ်က္လုံးတြင္ ေၾကာက္႐ြံ႕ေသာ အရိပ္အေယာင္မ်ား ေပၚလာသည္။
"ေခြးတစ္ေကာင္က ငါ့ကို ဒဏ္ရာရေအာင္ လုပ္လိုက္တာလား"
အစ္ကိုႀကီး၏ မ်က္လုံးက ထိုင္းမႈိင္းပုံ ေပၚလာၿပီး သူ႔အေရွ႕မွ လက္ေတြ႕ကို လက္မခံႏိုင္ ျဖစ္ေနပုံရသည္။
ထို႔ေနာက္ သူက ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြကို ထပ္ၾကည့္လိုက္သည္။ သူတို႔သည္ ေနရာ၌ ရပ္ၿမဲရပ္ေနၿပီး ေယာက္်ားသား ႏွစ္ေယာက္အား တည္ၿငိမ္စြာ ၾကည့္ေနသည္။ သူတို႔၏ အေမြးမ်ားက လေရာင္ေအာက္၌ ေလႏွင့္အတူ ယိမ္းခါေနသည္။
ခ်က္ခ်င္းဆိုသလိုပင္ အစ္ကိုႀကီး၏ မ်က္လုံးမ်ားက က်ဥ္းေျမာင္းလာၿပီး ေခြးႏွစ္ေကာင္ထံမွ ဩဇာရွိေသာ အရွိန္အဝါတစ္ခု ပ်ံ႕လြင့္ေနသည္ဟု သူ ခံစားမိသည္။
"ဒီေခြးႏွစ္ေကာင္က ... ထူးဆန္းတယ္"
အစ္ကိုႀကီးက အေလးအနက္ ေျပာသည္။
"ငါတို႔ အေလးအနက္ ထားဖို႔ လိုၿပီနဲ႔တူတယ္"
"လာစမ္း"
ေယာက္်ားသား ႏွစ္ေယာက္သည္ ခ်က္ခ်င္း အသင့္အေနအထား ယူလိုက္ၿပီး ေခြးႏွစ္ေကာင္အား ေလးနက္ေသာ အၾကည့္ျဖင့္ ၾကည့္ေနၾကသည္။
"ဂီး"
ခပ္အုပ္အုပ္ မာန္ဖီသံႏွင့္အတူ ေရွာင္ခ်င္ႏွင့္ ေရွာင္ေဟြတို႔က ၿပိဳင္တူ တိုက္ခိုက္ေလသည္။
တိတ္ဆိတ္ေနေသာ ညအခ်ိန္၌ ၾကားေနရသည့္ တစ္ခုတည္းေသာ အသံမွာ စုတ္ၿပဲသံမ်ားသာ ျဖစ္ေလသည္။ မၾကာခင္မွာပင္ စုတ္ျပတ္ေနေသာ အဝတ္အစားမ်ားႏွင့္ အရိပ္ႏွစ္ခုက ၿခံထဲမွ ေျပးထြက္သြားၾကသည္။ သူတို႔သည္ သရဲသဘက္ကို ျမင္လိုက္ရသကဲ့သို႔ ျဖစ္ေနၾကၿပီး သူတို႔ ဘယ္ကို သြားလို႔သြားေနမွန္း မသိေအာင္ ေသြးပ်က္ကာ ေျခလွမ္းမ်ား ယိုင္နဲ႔ေန၏။
သူတို႔သည္ စုတ္ျပတ္သပ္ေနၿပီး သူတို႔၏ အဝတ္အစားမ်ားက အပိုင္းအစထက္ မပိုေတာ့ဘဲ ေလႏွင့္အတူ လြင့္ခါေနသည္။ သူတို႔၏ ခႏၶာကိုယ္မွ ကုတ္ရာမ်ားသည္ ထိတ္လန႔္ဖြယ္ ေကာင္းလြန္းလွသည္။
႐ုပ္ပိုင္းဆိုင္ရာ တိုက္ခိုက္မႈအျပင္ သူတို႔၏ စိတ္ပိုင္းဆိုင္ရာသည္လည္း အေတာ္ေလး ထိတ္လန႔္ တုန္လႈပ္ သြားခဲ့သည္။ သူတို႔က တစ္ခ်ိန္လုံး ဗလုံးဗေထြး ေျပာေနၾကသည္။
တစ္ခ်ိန္တည္းမွာပင္ အဖြဲ႕တစ္ဖြဲ႕သည္လည္း ဥယ်ာဥ္ေဘးတစ္ဖက္ရွိ ေရလမ္းေၾကာင္းမွေန၍ လာေနသည္။ သူတို႔သည္ အိမ္ပတ္ဝန္းက်င္၌ ပ်က္စီးေနေသာ ေလွငယ္ေလးကို စီးလာေနၾကသည္။
ေလွက သိပ္မႀကီးေသာ္လည္း လူက ေျခာက္ေယာက္ ပါလာသည္။ သူတို႔၏ ေခါင္းေဆာင္က လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ေယာက္ ျဖစ္ၿပီး ေလွဦး၌ ဝိုင္ခြက္တစ္ခြက္ကို ကိုင္၍ ရပ္ေနသည္။
"ဂ်ဴနီယာ ညီမေလး မီယာကို ဒီမွာ ရွိေနတာ မင္း ေသခ်ာလား"
ေခါင္းေဆာင္က ေမးလိုက္သည္။
"စီနီယာအစ္ကို အဲ့ဒါက အမွန္ပါ"
ပိန္ပါးပါးႏွင့္ ပုျပတ္ျပတ္လူက ျပန္ေျပာသည္။ တစ္ခဏမွ် ၿငိမ္ေနၿပီးေနာက္ သူက ဆက္ေျပာသည္။
"လက္ေအာက္ငယ္သားေတြဆီက ရလာတဲ့ သတင္းအခ်က္အလက္အရဆို စီနီယာအစ္မ မီယာကိုက ေယာက္်ား တစ္ေယာက္ကို ခစားေနရတဲ့ပုံပါပဲ"
"ဘာ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ မိုးႀကိဳးပစ္ခ်ခံလိုက္ရသကဲ့သို႔ ျဖစ္သြားေလသည္။ သူ႔အသံက စူးရွလာၿပီး အသက္ရႈႏႈန္း ျမန္လာကာ မ်က္လုံးမ်ားက ထိုလူအေပၚ စိုက္ၾကည့္ေန၏။
"ထပ္ေျပာလိုက္စမ္း"
ထိုလူသည္ တံေတြးကို မနည္းမ်ိဳခ်၍ ေခါင္းမာစြာ ထပ္ေျပာသည္။
"စီနီယာအစ္မ မီယာကိုက အဲ့လူ ေႏြးေအာင္ ... ညတိုင္း သူ႔အိပ္ရာ ေႏြးေအာင္ ကူညီေပးေလာက္ပါတယ္"
"ခြမ္း"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက သူ႔လက္ထဲမွ ဖန္ခြက္ကို ႐ုတ္တရက္ ဖိေျခလိုက္သည္။ သူ႔နဖူး၌ ေသြးေၾကာမ်ား ေထာင္တက္လာၿပီး ထိုလူအား မလိုက္သည္။
"ထပ္ေျပာစမ္း"
"စီနီယာအစ္ကို၊ ကြၽန္ေတာ္ ... ကြၽန္ေတာ္ ..."
"မီယာကို ဒီမွာ ရွိေနမွန္း မင္း သိေနတယ္ဆိုရင္ ဘာလို႔ သူ႔ကို မကယ္တာလဲ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက ခပ္မာမာ ေမးေလသည္။
"ကြၽန္ေတာ္တို႔ စီနီယာ အစ္မ မီယာကိုကို ေျဖာင္းျဖပါတယ္၊ ဒါေပမဲ့ သူက သူ ေလာင္းကစားမွာ ရႈံးခဲ့တာကို လက္ခံခ်င္စိတ္ ရွိေနတယ္၊ ဒါ သူ႔ရဲ႕ ကိုယ္ပိုင္ ေ႐ြးခ်ယ္မႈပါ"
"သိကၡာက်လိုက္တာ၊ သူ သိကၡာက်သြားၿပီ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား၏ ခႏၶာကိုယ္က တုန္ယင္လာသည္။ သူ႔မ်က္လုံးမ်ားက နီရဲေနၿပိး အခ်ိန္မေ႐ြး ငိုခ်ေတာ့မည့္ဟန္ျဖင့္ မ်က္ရည္မ်ား စဝဲလာေလသည္။
"ေလာင္းကစားဘုရင္ရဲ႕ တပည့္ျဖစ္တဲ့သူက ဘယ္လိုလုပ္ အဲ့အဆင့္အထိ က်ဆင္းသြားရတာလဲ၊ သူ႔ရဲ႕ ဂုဏ္သိကၡာ ဘယ္ေရာက္သြားၿပီလဲ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက မခံမရပ္ႏိုင္ျဖစ္ကာ ေဒါသထြက္ေန၏။ သူသည္ ေကာင္းကင္ကို ေမာ့ၾကည့္၍ ေႂကြးေၾကာ္လိုက္သည္။
"ငါ့ရဲ႕ ဂ်ဴနီယာ ညီမေလးအေပၚမွာ နက္ရႈိင္းတဲ့ ခံစားခ်က္ ရွိေနတယ္ကြာ၊ ၿပီးေတာ့ ငါ အၿမဲတမ္း သူ႔ကို အရာအားလုံး ေပးဖို႔ ဆႏၵ ရွိတယ္၊ ဘာလို႔ သူက ငါ့ကို ပစ္ပစ္ခါခါ ျငင္းပယ္ၿပီး အျခားေယာက္်ားေတြကို ကူညီတာလဲ ... သူတို႔ခုတင္ကို ေႏြးေအာင္ လုပ္ေပးတာလဲ၊ သူ ငါ့အတြက္ ဘာကိုမွ မခံစားမိဘူးလား၊ ဘုရားသခင္က မတရားဘူးကြာ"
"ငါ့နတ္သမီးကို ဖ်က္ဆီးရမ္းကားရဲတဲ့သူက ဘယ္သူပဲ ျဖစ္ေနပါေစ၊ အဲ့လူ ေသခ်ာေပါက္ ျပန္ေပးဆပ္ရေအာင္ ငါ လုပ္ပစ္မယ္"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား၏ အသံက အက္ကြဲ၍ မာေၾကာေနသည္။
"ေစာင့္မေနေတာ့ဘူး၊ ငါတို႔ ဒီညပဲ လႈပ္ရွားမယ္"
"ဒါ အရမ္း မဆင္မျခင္ရာ က်လြန္းမေနဘူးလား စီနီယာ အစ္ကိုႀကီး၊ ကြၽန္ေတာ္တို႔ အားလုံးကို အရင္ အေသးစိတ္ စုံစမ္းရင္ေရာ"
"ငါတို႔ တစ္ရက္ ေစာင့္ရင္ မီယာကို တစ္ရက္ ထပ္ၿပီး အေစာ္ကားခံရလိမ့္မယ္၊ ငါ့ဂ်ဴနီယာ ညီမေလးကို ကယ္မယ့္ ငါ့ဆုံးျဖတ္ခ်က္ကို ဘယ္သူမွ မတားႏိုင္ဘူး"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသား၏ ေလသံက ျပတ္သားေနသည္။
"ဗုဒၶနဲ႔ ဘုရားသခင္ေတာင္မွ ငါ့ကို မတားႏိုင္ဘူးကြ၊ ဓားေတြ၊ မီးေတာက္ေတြ၊ ေတာင္တန္းေတြနဲ႔ ပင္လယ္ေတြ ေတာင္မွ ငါ့ကို လုံးဝ မတားႏိုင္ဘူးကြ"
ထိုသို႔ေသာအခ်ိန္မ်ိဳး၌ သူ ဘယ္ေလာက္ ေခ်ာေမာေနမလဲ ဆိုသည္ကို သူ စိတ္ကူးယဥ္ေနမိသည္။
သို႔ေသာ္ စကၠန႔္ပိုင္းအတြင္းမွာပင္ သူတို႔ေအာက္မွ ေလွက ႐ုတ္တရက္ လႈပ္ခါသြားၿပီး ႀကီးမားေသာ စြမ္းအားတစ္ခု၏ ပင့္တင္ျခင္း ခံလိုက္ရသည္။
*ဒါ ... ဒါက ...*
လူတိုင္းသည္ မိမိႏွလုံးသားက လည္ပင္းမွေန၍ ခုန္ထြက္သြားေလမလားဟု ခံစားလိုက္ရသည္။ ထို႔ေနာက္တြင္မူ ေကာင္းကင္မွေန၍ ေရမ်ား က်ဆင္းလာၿပီး သူတို႔အေပၚ တန္းက်လာသျဖင့္ ေရခ်ိဳးသကဲ့သို႔ျဖစ္ကာ ခ်မ္းစိမ့္ သြားေလသည္။
သူတို႔အားလုံး ေရက်လာသည့္ အရင္းအျမစ္ကို ေမာ့ၾကည့္လိုက္ေသာအခါ မ်က္လုံးမ်ား ကြၽတ္က်မတတ္ ျပဴးက်ယ္သြားေလသည္။ သူတို႔ ျမင္လိုက္ရသည့္ အရာမွာ ႀကီးမားေသာ လိပ္ႀကီးတစ္ေကာင္က ေခါင္းကို လွည့္၍ သူတို႔ကို အသာအယာ ၾကည့္ေနျခင္းပင္။ ခ်က္ခ်င္းဆိုသလိုပင္ လူတိုင္း ေခါင္းစေျခဆုံး ေအးစိမ့္သြားၿပီး ၾကက္သီး တျဖန္းျဖန္း ထလာၾကသည္။
"ေသာက္က်ိဳးနည္း၊ ဘုရားေရ ... ေရမိစာၦႀကီးဟ"
"ျမတ္စြာဘုရား၊ တ႐ုတ္မွာ တကယ္ မိစာၦေတြ ရွိတာပဲ ေၾကာက္ဖို႔ေကာင္းလိုက္တာ"
"ေၾကာက္စရာပဲ၊ ေၾကာက္ဖို႔ေကာင္းလိုက္တာ၊ အေမေရ ... ကြၽန္ေတာ္ ဂ်ပန္ကို ျပန္လာခ်င္ၿပီ"
...
စကၠန႔္ပိုင္းအတြင္းမွာပင္ သူတို႔သည္ ေလွေပၚမွ ခ်က္ခ်င္း ခုန္ခ်၍ ေရထဲ ဆင္းၾကသည္။ သူတို႔သည္ အသည္းအသန္ ေရကူးေနၿပီး ကမ္းဘက္သို႔ ျမန္ျမန္ေရာက္ရန္ ဦးတည္ေနၾကေလသည္။
လက္ရွိတြင္ စီနီယာ အစ္ကိုႀကီးက အရွိန္အဝါက ထြက္ေပၚလာၿပီး သူက အျမန္ဆုံး ကူးေန၏။ သူ၏ လက္ႏွစ္ဖက္ႏွင့္ ေျခႏွစ္ဖက္က လ်င္ျမန္စြာ လႈပ္ရွားေနၿပီး ေမာ္တာတစ္လုံးလိုပင္။ သူသည္ ၿပိဳင္စံရွားေသာ အရွိန္ႏွင့္ ထြက္ေျပးေနၿပီး အျခားသူမ်ားအား အေနာက္၌ ခ်န္ထားခဲ့ေလသည္။ သူသည္ အဖြဲ႕ထဲ၌ အထူးခြၽန္ဆုံး ေရကူးသမား ျဖစ္သည္မွာ ေျမႀကီးလက္ခပ္ မလြဲပင္။
...