ကျုပ်က ပါရမီရှင် (Chapter 401...

By Hanshin_no

25.6K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ More

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 420
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 427
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 439
Chapter 440
Chapter 441
Chapter 442
Chapter 443
Chapter 444
Chapter 445
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 453
Chapter 454
Chapter 455
Chapter 456
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 452

216 19 0
By Hanshin_no

စာစဉ် 31 Chapter 452 ကျွန်တော်တို့ကို တွေ့သွားပြီလို့ ကျွန်တော် ထင်တယ်

ညခုနစ်နာရီခွဲတွင် ကျန်းယွင်ရှီနှင့် မီယာကိုတို့သည် အိမ်သို့ အချိန်မီ ပြန်ရောက်လာကြသည်။

ထိုအချိန်သည် ရဲ့လင်းချန် ဝိုင်အလှကုန် ပစ္စည်းဆိုင်အတွက် သတ်မှတ်ထားသော လုပ်ငန်းချိန် ဖြစ်လေသည်။ အချိန်မှာ မနက် ခုနစ်နာရီမှ ညခုနစ်နာရီ ဖြစ်သည်။ ကျန်းယွင်ရှီ၏ အကျင့်စရိုက်အရ သူသာ ထိုသို့မလုပ်လျင် သူမသည် ညဆယ်နာရီ ကျော်သည်အထိ အလုပ်လုပ်နေလောက်သည်။

သူတို့၏ လုပ်ငန်းက မိတ်ကပ်နှင့် ပတ်သက်နေသဖြင့် နေ့ဘက်တွင် လူကျသည်က သဘာဝပင်။ လူတော်တော်များများသည် သူတို့၏ အလုပ်များနှင့် အစည်းအဝေးများကို နေ့ဘက်တွင်သာ လုပ်လေ့ရှိသည်။ ညဘက်၌ မိတ်ကပ်အတွက် လာတတ်သော အမျိုးသမီးများလည်း ရှိပေသည်။ ထိုအမျိုးသမီးများ ညဘက်၌ ဘာလုပ်သလဲဆိုသည်ကိုတော့ မပြောသည်က ပိုကောင်းပေသည်။

ရဲ့လင်းချန်သည် ထိုသို့သော ဧည့်သည်များကို ဝန်ဆောင်မှု ပေးချင်စိတ် မရှိပါ။

သူတို့ အိမ်သို့ ရောက်သည်နှင့် စံအိမ်တစ်ခုလုံးက အံ့ဩစရာကောင်းသော ရနံ့တစ်ခုနှင့် ပြည့်နှက်နေ၏။ ကျန်းယွင်ရှီ၏ ခန္ဓာကိုယ်လေးက ချက်ချင်း တောင့်တင်းသွားပြီး သူမမျက်ဝန်းတွင် မျက်ရည်များ ပြည့်နှက်လာသည်။

"လင်းချန်၊ နောက်ဆုံးတော့ ရှင် ပြန်ရောက်လာပြီပဲ"

ကျန်းယွင်ရှီသည် မီးဖိုချောင်ထဲသို့ တန်း၍ ပြေးသွားပြီး ရဲ့လင်းချန်အား အနောက်မှနေ၍ တင်းကြပ်စွာ ဖက်ထားလေသည်။ သူမ သူ့ရင်ခွင်ထဲ၌ ပျော်သာဝင်လိုက်ချင်မိတော့သည်။

သူ မရှိသည့် အတောအတွင်း သူမသည် ရဲ့လင်းချန်နှင့် ပတ်သက်သော သတင်းများကို သူမ အဆက်မပြတ် နားစွင့်မိသည်။ သူမ ကြားလေလေ ပို၍ စိုးရိမ်မိလေလေ ဖြစ်ရသည်။ အထူးသဖြင့် ရဲ့လင်းချန် ဧရာမ စပါးအုံး မြွေကြီးနှင့် တိုက်ပွဲဝင်သည်ကို တိုက်ရိုက် ထုတ်လွှင့်နေစဉ်ကပင် ဖြစ်သည်။ ရဲ့လင်းချန် အဆင်ပြေကြောင်း သူမ သိနေသော်လည်း သူမ အိပ်မပျော်သော ညများကို ကြုံတွေ့နေရဆဲပင်။

"လင်းချန်၊ ရှင် ကျွန်မကို သေမတတ် ကြောက်အောင် လုပ်တာပဲ၊ နောက်ဆို အဲ့လို အန္တရာယ်များတဲ့ ကိစ္စတွေ ထပ်မလုပ်ပါနဲ့တော့"

ကျန်းယွင်ရှီက ငို၍ ရဲ့လင်းချန်၏ ကျောပြင်ကို ထုရိုက်ကာ သူမ၏ မကျေနပ်ချက်များကို ဖြေဖျောက်နေသည်။

"ရှင် ထိခိုက်ထားလား၊ ဒီဘက် လှည့်ပါဦး၊ ကျွန်မ ကြည့်ဦးမယ်"

ကျန်းယွင်ရှီက သူ့ခန္ဓာကိုယ်ကို စိုးရိမ်ပူပန်စွာ စစ်ဆေးလေသည်။

ရဲ့လင်းချန်က ကျန်းယွင်ရှီကို ငေးကြည့်နေမိသည်။ သူမ၏ လှပသော မျက်နှာလေးတွင် စိုးရိမ်သော အမူအရာ ပေါ်လွင်နေပြီး သူမအကြည့်၌ စိုးရိမ်မှုတို့နှင့် ပြည့်နှက်နေကာ တစ်ချိန်လုံး သူမ၏ အားနည်းသော လက်လေးများဖြင့် သူ့အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးနေသည်။ ယင်းက သူ့နှလုံးသားအား နွေးထွေးမှုတို့နှင့် ပြည့်နှက်သွားစေ၏။

သူ မနေနိုင်ဘဲ ရှေ့တိုး၍ နမ်းရှိုက်လိုက်မိသည်။

လူရှေ့သူရှေ့၌ မက်မက်မောမော နမ်းရှိုက်နေခြင်းက ဘေးလူဖြစ်သော မီယာကိုအား မှင်တက်သွားစေသည်။ ဤသို့သော မြင်ကွင်းကို မကြည့်ချင်ဘဲ ကြည့်လိုက်ရ၍ သူမခန္ဓာကိုယ်လေး တုန်ယင်လာသည်။ သူမ မကြာသေးခင်ကမှ သိလာသော တရုတ် အင်တာနက် ဗန်းစကားဖြစ်သော ဘဝက ခက်ခဲတယ်၊ ထားလိုက် ဟူသည့် စကားကို အမှတ်မထင် သတိရမိသွားလေသည်။

ရဲ့လင်းချန်၏ ဟင်းလျာ အရသာက ပြောနေစရာပင် မလိုတော့ပါ။ ၎င်းက ကျန်းယွင်ရှီကို အပြည့်အဝ စိတ်ကျေနပ် သွားစေသည်။ အစက သူမသည် အနေအထိုင်ကို ထိန်းရန် ကြိုးစားနေသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သူမ ပါးစပ်တစ်ဝိုက်၌ ဆီများ ဝေ့ကာ ပေကျန်သွားသည်။ မီယာကိုသည်လည်း မထူးပါ။ ရဲ့လင်းချန်၏ ကျေးကျွန် ဖြစ်ရသည်က သူမအတွက် ဆိုးရွားသော်လည်း ဤသို့သော စားကောင်း သောက်ဖွယ်များကို စားရပါသေးသည်။ ဤသည်က အပြင်ရှိ လူတော်တော်များများ လက်တွေ့ဖြစ်လိုသော စိတ်ကူးအိပ်မက်ပင်။

စားသောက်ပြီးနောက် မီယာကိုအား ပန်းကန်ဆေးရန် တာဝန်ပေးလိုက်သဖြင့် ရဲ့လင်းချန်နှင့် ကျန်းယွင်ရှီတို့သာ ဆိုဖာပေါ်၌ ကျန်ခဲ့ပြီး သူတို့၏ ချစ်ခြင်းကို ဘာကိုမှ အရေးမစိုက်ဘဲ ပူးကပ်၍ ပြသနေ၏။

"ဟုတ်သားပဲ၊ လင်းချန်၊ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အခုတလော ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်"

ကျန်းယွင်ရှီသည် သူမတို့၏ ကြည်နူးဖွယ် အခိုက်အတန့်များ အပြီး၌ အရေးကြီးသော တစ်စုံတစ်ရာကို သတိရသွားလေသည်။

"ဘာဖြစ်လို့လဲ"

"ရှင် ကျွန်မတို့ ဝယ်သူတွေကို လတိုင်း ကံစမ်းမဲ ရှိတယ်လို့ ကတိပေးခဲ့တာကို မှတ်မိသေးလား၊ အခု တစ်လတောင် ရှိသွားပြီ၊ ပြီးတော့ မဲပေါက်တဲ့သူကို ဝေ့ပေါ်ကနေ ရွေးပြီးသွားပြီ"

ကျန်းယွင်ရှီက ပြောပြသည်။

"တစ်လတောင် ရှိသွားပြီလား"

ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်လေသည်။

"ကိုယ်က တစ်ခုခု ကြီးကြီးမားမား ဖြစ်တယ်လို့ ထင်နေတာ၊ ဒါလေးက မိတ်ကပ်လေးပဲ မဟုတ်လား၊ အရမ်းကြီး ဗျာမများရပါဘူး"

ကျန်းယွင်ရှီက နှုတ်ခမ်းလေးစူကာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ မျက်မှောင်ကြုတ်၍ ပြောသည်။

"အဲ့လူက ... အခြားသူတွေနဲ့ နည်းနည်းလေး မတူဘူး"

"မတူဘူး ဟုတ်လား"

ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။

"အဲ့လူက အရမ်း ရုပ်ဆိုးလို့လား"

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို စိတ်ပျက်သလို အကြည့်လွှဲသွားပြီး တစ်ခဏမျှ ငြိမ်နေပြီးမှ ဆက်ပြောလေသည်။

"အဲ့လို မဟုတ်ဘူး၊ ဒါပေမဲ့ အခြေအနေက ရှင်ပြောတာနဲ့ သိပ်မကွာဘူး၊ ကျွန်မ ရှင့်အတွက် သူ့ပုံ ယူလာတယ်"

ဓာတ်ပုံကို မြင်ပြီးနောက် ရဲ့လင်းချန်၏ မျက်နှာတွင် အံ့ဩမှုတို့ ပြည့်နှက်လာ၏။

ဓာတ်ပုံထဲမှ မိန်းကလေးသည် နှစ်ဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။ ပုံမှန်အားဖြင့် ထိုအရွယ်သည် နုပျိုနှုနှင့် အလှတရားတို့ အမြင့်ဆုံးတို့ ရောက်နေသည့် အသက်အရွယ် ဖြစ်သည်။ သို့သော် သူမ၏ မျက်နှာ ဘယ်ဘက်ခြမ်း၌ အနီရောင် အမာရွတ်တစ်ခု ရှိနေသည်။

ထိုအမာရွတ်က သူမ ပါးအလယ်တွင် တည်ရှိနေပြီး သူမ မျက်လုံးထောင့်နားအထိ ပြန့်နေကာ စက်ဆုပ်စရာ ကောင်းပုံ ပေါ်နေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် ယင်းက မီးလောင်ဒဏ် အမာရွတ်ဖြစ်ကြောင်း ရဲ့လင်းချန် သေချာပေါက် သိလိုက်သည်။

ထိုသို့သော အမာရွတ်မျိုးက အမျိုးသမီးတစ်ယောက်အတွက် ကြီးမားသော ရိုက်ချက်တစ်ခုပင်။ ယင်းက သူမ၏ ရုပ်ရည်ကို ဖျက်ဆီးနိုင်သည်။

အမာရွတ် မရှိသော သူမ၏ မျက်နှာတစ်ခြမ်းမှနေ၍ သူမသည် မတော်တဆ မဖြစ်ခင်က ကြည့်ကောင်းခဲ့ကြောင်း ကောက်ချက်ချ နိုင်ပြီး နတ်သမီးလေးတမျှလောက်ပင် ရှိနိုင်လောက်သည်။ ကောင်းကင်ဘုံမှ ငရဲသို့ ကျသွားသကဲ့သို့သော အဖြစ်အပျက်ကြောင့် ဤအမျိုးသမီး၏ မျက်လုံးတွင်း၌ ဆောက်တည်ရာမရမှုတို့နှင့် ပြည့်နှက်နေသည်က မဆန်းတော့ပါ။

"သူ့နာမည်က ချောင်ရှန်ရှန်တဲ့၊ သူက သရုပ်ဆောင်တစ်ယောက်လေ၊ အရင်က အေအဆင့် စူပါစတား၊ ဒါပေမဲ့ အရင်တုန်းက ရုပ်ရှင်ရိုက်နေတုန်း ရုတ်တရက် မီးထလောင်ခဲ့တာ၊ သူ ထွက်ပြေးနိုင်ခဲ့ပင်မယ့် သူ့မျက်နှာ တစ်ခြမ်းက ပျက်စီးသွားတယ်လေ"

ကျန်းယွင်ရှီ၏ အသံတွင် သနားကြင်နာမှုတို့နှင့် ပြည့်နေသည်။ အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် ရုပ်ရည်သွင်ပြင်က ဘယ်လောက် အရေးကြီးလဲ သူမ အပြည့်အဝ သိပါသည်။ အကယ်၍ သူမမျက်နှာသာ ပျက်စီးသွားလျင် သူမ ရဲ့လင်းချန်ကို ကြည့်ရန်ပင် အလွန် ရှက်ရွံ့မိလောက်သည်။ ယင်းက သူမကို သတ်သည် ထက်ပင် ပိုဆိုးသေးသည်။

"အွန်လိုင်းပေါ်က ကောလာဟလတွေအရဆို သူက သူ့အချစ်ဆုံး သူငယ်ချင်းကို ကယ်ဖို့ ကြိုးစားရင်း မီးလောင်သွားတာတဲ့၊ စိတ်မကောင်းစရာက သူ့အချစ်ဆုံး သူငယ်ချင်းက အဲ့စကားကို ငြင်းတယ်လေ၊ အခုက သူ့ရဲ့ ပျက်စီးသွားတဲ့ ရုပ်ရည်ကြောင့် သူ့သရုပ်ဆောင် အသက်မွေးဝမ်းကြောင်းက အဆုံးသတ်နား ရောက်နေပြီ၊ သူ့ချစ်သူကတောင် သူနဲ့ လမ်းခွဲလိုက်တဲ့ပုံပဲ"

အဖြစ်အပျက်က ရိုးရှင်းသော်လည်း လှည့်ကွက်များလှသည်။ မည်သို့ပင်ဆိုစေကာမူ ယင်းက အလွန် ဝမ်းနည်းစရာ ကောင်းသော မတော်တဆမှုပင်။

ထိုအမျိုးသမီး၏ မျက်လုံးတွင် သူမ၌ အသက်ရှင်စရာ ဘာအကြောင်းမှမရှိပုံ ပေါ်နေသည်က အံ့ဩစရာ မဟုတ်တော့ပေ။ ထိုသို့သော ဆောက်တည်ရာမရသည့် အဖြစ်အပျက်နှင့် ကြုံတွေ့ရပြီးနောက် မည်သူမဆို မျှော်လင့်ချက် ပြန်ရရန် ခက်ခဲမှာပင်။

"သူက ကံစမ်းမဲ ပေါက်သွားတဲ့တစ်ယောက်လား"

ရဲ့လင်းချန်က တည်ငြိမ်စွာ မေးလိုက်သည်။

ကျန်းယွင်ရှီက ခေါင်းညိတ်ပြသည်။

"သူက ကျွန်မတို့ အလှကုန် ပစ္စည်းဆိုင်ကို မကြာခဏ လာဖူးတယ်၊ ဒါပေမဲ့ ကျွန်မတို့ သူ့အမာရွတ်ကို ဖုံးကွယ်ပေးဖို့ မကူညီပေးနိုင်ခဲ့ဘူး၊ သူ ပေါက်သွားမယ်လို့ ကျွန်မ ထင်မထားဘူး၊ အနုပညာရှင်ဆိုတဲ့ သူ့အဆင့်အတန်းကြောင့် သူ ကံစမ်းမဲ ပေါက်သွားတဲ့ သတင်းက မြန်မြန်ဆန်ဆန် ပျံ့သွားတာ၊ အခု အင်တာနက် ပေါ်မှာ နေရာယူနေပြီ"

သူမက ရဲ့လင်းချန်ကို ကြည့်နေပြီး ဆက်ပြောချင်သော်လည်း သူမကိုယ်သူမ ထိန်းထားလိုက်သည်။

သို့သော် ရဲ့လင်းချန်က သူမ ဘာပြောချင်နေသလဲ ဆိုသည်ကို ခန့်မှန်းမိနေသည်။ သူက ရယ်၍ ပြောလိုက် လေသည်။

"ကိုယ့်အထင် ကိုယ်တို့ ဒီအတွက် ဘယ်လောက် အယောင်ယောင် အမှားမှား ဖြစ်နေလဲဆိုတာကို မြင်ချင်တဲ့သူတွေ အများကြီး ရှိနေတာ မဟုတ်လား"

ကျန်းယွင်ရှီ ခေါင်းညိတ်ပြသည်။ ဝိုင်အလှကုန် ပစ္စည်းဆိုင်က အလွန် ကျော်ကြားနေပြီး နယ်ပယ်တူတွင်းမှ အခြားသူများထက် သာနေသည်။ ယခု သူတို့က ဤသို့သော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသဖြင့် အခြားသူများ အောင်ပွဲခံနေသည်က ဖြစ်တတ်သည့် သဘာဝပင်။

ဤသို့သော အမာရွတ်မျိုးက မိတ်ကပ် ဘယ်လောက်လိမ်းလိမ်း ဖုံးကွယ်ရန် မဖြစ်နိုင်ပါ။ ယခင်က ရဲ့လင်းချန်၏ မိတ်ကပ် စွမ်းရည်သည် အင်တာနက်ပေါ်၌ အလန့်တကြား ဖြစ်စေခဲ့သည်။ ယခုတစ်ခေါက်တွင် လူတိုင်းက သူ လက်စွမ်းပြသည်ကို မြင်ချင်နေကြလေသည်။ အကယ်၍ သူ အမှားလုပ်မိပါက ၎င်းသည် သူ့နာမည်ကို စွန်းထင်းစေမည့် သူ့ဘဝ၏ အမည်းစက်ကြီး ဖြစ်လာပေလိမ့်မည်။

"လင်းချန်၊ ကျွန်မတို့ ဒါကို တကယ် မလုပ်နိုင်ဘူးဆိုရင် ... ကျွန်မတို့ သူ့ကို ငြင်းလိုက်ကြမလား"

ကျန်းယွင်ရှီက တီးတိုး ရေရွတ်သည်။

"ဟားဟား၊ မင်း ကိုယ့်အပေါ် ယုံကြည်မှု မရှိဘူးလား"

ရဲ့လင်းချန်က ကျန်းယွင်ရှီကို ကြည့်ပြီး အေးအေးလူလူ ပြောလိုက်သည်။

"ဒါ အသေးအဖွဲ ကိစ္စလေးပါ၊ မနက်ဖြန် ကိုယ် လာတာကိုပဲ စောင့်နေပါ"

သူက တစ်ခဏမျှ ငြိမ်သွားပြီးမှ ကျန်းယွင်ရှီကို ပွေ့ချီ၍ ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

"ဒီနေ့ကတော့ ... နွေဦးညတစ်ညတာက ရွှေပေါင်း တစ်ထောင်လောက် အဖိုးတန်တယ်တဲ့၊ အပေါ်ထပ်ကို သွားရအောင် ..."

...

အချိန်ကား တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။ ညကောင်းကင်ယံအောက်၌ အရိပ်နှစ်ခုသည် တောင်ကျစမ်းရေ အိမ်ရာထဲသို့ တိတ်တဆိတ် ခိုးဝင်လာပြီး ရဲ့လင်းချန်၏ ခြံထဲသို့ တန်းတန်းမတ်မတ် ဝင်လာကြသည်။

"အစ်ကိုကြီး၊ ဒါက ဟိုကောင် ရဲ့လင်းချန် နေတဲ့နေရာလား"

တစ်ယောက်က ခပ်တိုးတိုး ပြောသည်။

"ငါတို့ အချက်အလက်က သေချာပေါက် မှန်တယ်ကွ"

ကျန်တစ်ယောက်က ပြာအက်နေသော အသံဖြင့် ပြောသည်။

"ငါတို့ ဒီကိစ္စကို မြန်မြန် ဖြေရှင်းရမယ်၊ ပြန်ပြေးဆွဲပြီးတာနဲ့ ပြေးမယ်၊ မြန်မြန်လုပ်"

"သူငယ်နှပ်စားလေးကို ကိုင်တွယ်ဖို့ ကမ္ဘာမြေရဲ့ ဂိတ်တံခါးက ကျွန်တော်တို့ကို လှုပ်ရှားဖို့ သုံးရတယ်လို့ ကြီးကျယ်လိုက်တာ"

"မင်း ဘာသိလို့လဲ၊ ဒီကောင်က နည်းပညာ ဉာဏ်ကြီးရှင်ကွ၊ သူ့တန်ဖိုးက မင်းထက် အဆတစ်ရာမက တန်တယ်"

ခေါင်းဆောင်က မကျေမနပ် ပြောသည်။

"စကားပြောမနေနဲ့တော့၊ ပုန်းဖို့ အာရုံစိုက်"

"အာ ... အစ်ကိုကြီး၊ ကျွန်တော်တို့ကို တွေ့သွားပြီလို့ ကျွန်တော် ထင်တယ်နော် ..."

အားလုံး ပြောစရာ စကားမဲ့သွားလေသည်။

#Zawgyi

စာစဥ္ 31 Chapter 452 ကြၽန္ေတာ္တို႔ကို ေတြ႕သြားၿပီလို႔ ကြၽန္ေတာ္ ထင္တယ္

ညခုနစ္နာရီခြဲတြင္ က်န္းယြင္ရွီႏွင့္ မီယာကိုတို႔သည္ အိမ္သို႔ အခ်ိန္မီ ျပန္ေရာက္လာၾကသည္။

ထိုအခ်ိန္သည္ ရဲ႕လင္းခ်န္ ဝိုင္အလွကုန္ ပစၥည္းဆိုင္အတြက္ သတ္မွတ္ထားေသာ လုပ္ငန္းခ်ိန္ ျဖစ္ေလသည္။ အခ်ိန္မွာ မနက္ ခုနစ္နာရီမွ ညခုနစ္နာရီ ျဖစ္သည္။ က်န္းယြင္ရွီ၏ အက်င့္စ႐ိုက္အရ သူသာ ထိုသို႔မလုပ္လ်င္ သူမသည္ ညဆယ္နာရီ ေက်ာ္သည္အထိ အလုပ္လုပ္ေနေလာက္သည္။

သူတို႔၏ လုပ္ငန္းက မိတ္ကပ္ႏွင့္ ပတ္သက္ေနသျဖင့္ ေန႔ဘက္တြင္ လူက်သည္က သဘာဝပင္။ လူေတာ္ေတာ္မ်ားမ်ားသည္ သူတို႔၏ အလုပ္မ်ားႏွင့္ အစည္းအေဝးမ်ားကို ေန႔ဘက္တြင္သာ လုပ္ေလ့ရွိသည္။ ညဘက္၌ မိတ္ကပ္အတြက္ လာတတ္ေသာ အမ်ိဳးသမီးမ်ားလည္း ရွိေပသည္။ ထိုအမ်ိဳးသမီးမ်ား ညဘက္၌ ဘာလုပ္သလဲဆိုသည္ကိုေတာ့ မေျပာသည္က ပိုေကာင္းေပသည္။

ရဲ႕လင္းခ်န္သည္ ထိုသို႔ေသာ ဧည့္သည္မ်ားကို ဝန္ေဆာင္မႈ ေပးခ်င္စိတ္ မရွိပါ။

သူတို႔ အိမ္သို႔ ေရာက္သည္ႏွင့္ စံအိမ္တစ္ခုလုံးက အံ့ဩစရာေကာင္းေသာ ရနံ႔တစ္ခုႏွင့္ ျပည့္ႏွက္ေန၏။ က်န္းယြင္ရွီ၏ ခႏၶာကိုယ္ေလးက ခ်က္ခ်င္း ေတာင့္တင္းသြားၿပီး သူမမ်က္ဝန္းတြင္ မ်က္ရည္မ်ား ျပည့္ႏွက္လာသည္။

"လင္းခ်န္၊ ေနာက္ဆုံးေတာ့ ရွင္ ျပန္ေရာက္လာၿပီပဲ"

က်န္းယြင္ရွီသည္ မီးဖိုေခ်ာင္ထဲသို႔ တန္း၍ ေျပးသြားၿပီး ရဲ႕လင္းခ်န္အား အေနာက္မွေန၍ တင္းၾကပ္စြာ ဖက္ထားေလသည္။ သူမ သူ႔ရင္ခြင္ထဲ၌ ေပ်ာ္သာဝင္လိုက္ခ်င္မိေတာ့သည္။

သူ မရွိသည့္ အေတာအတြင္း သူမသည္ ရဲ႕လင္းခ်န္ႏွင့္ ပတ္သက္ေသာ သတင္းမ်ားကို သူမ အဆက္မျပတ္ နားစြင့္မိသည္။ သူမ ၾကားေလေလ ပို၍ စိုးရိမ္မိေလေလ ျဖစ္ရသည္။ အထူးသျဖင့္ ရဲ႕လင္းခ်န္ ဧရာမ စပါးအုံး ေႁမြႀကီးႏွင့္ တိုက္ပြဲဝင္သည္ကို တိုက္႐ိုက္ ထုတ္လႊင့္ေနစဥ္ကပင္ ျဖစ္သည္။ ရဲ႕လင္းခ်န္ အဆင္ေျပေၾကာင္း သူမ သိေနေသာ္လည္း သူမ အိပ္မေပ်ာ္ေသာ ညမ်ားကို ႀကဳံေတြ႕ေနရဆဲပင္။

"လင္းခ်န္၊ ရွင္ ကြၽန္မကို ေသမတတ္ ေၾကာက္ေအာင္ လုပ္တာပဲ၊ ေနာက္ဆို အဲ့လို အႏၲရာယ္မ်ားတဲ့ ကိစၥေတြ ထပ္မလုပ္ပါနဲ႔ေတာ့"

က်န္းယြင္ရွီက ငို၍ ရဲ႕လင္းခ်န္၏ ေက်ာျပင္ကို ထု႐ိုက္ကာ သူမ၏ မေက်နပ္ခ်က္မ်ားကို ေျဖေဖ်ာက္ေနသည္။

"ရွင္ ထိခိုက္ထားလား၊ ဒီဘက္ လွည့္ပါဦး၊ ကြၽန္မ ၾကည့္ဦးမယ္"

က်န္းယြင္ရွီက သူ႔ခႏၶာကိုယ္ကို စိုးရိမ္ပူပန္စြာ စစ္ေဆးေလသည္။

ရဲ႕လင္းခ်န္က က်န္းယြင္ရွီကို ေငးၾကည့္ေနမိသည္။ သူမ၏ လွပေသာ မ်က္ႏွာေလးတြင္ စိုးရိမ္ေသာ အမူအရာ ေပၚလြင္ေနၿပီး သူမအၾကည့္၌ စိုးရိမ္မႈတို႔ႏွင့္ ျပည့္ႏွက္ေနကာ တစ္ခ်ိန္လုံး သူမ၏ အားနည္းေသာ လက္ေလးမ်ားျဖင့္ သူ႔အက်ႌကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ျပဳျပင္ေပးေနသည္။ ယင္းက သူ႔ႏွလုံးသားအား ေႏြးေထြးမႈတို႔ႏွင့္ ျပည့္ႏွက္သြားေစ၏။

သူ မေနႏိုင္ဘဲ ေရွ႕တိုး၍ နမ္းရႈိက္လိုက္မိသည္။

လူေရွ႕သူေရွ႕၌ မက္မက္ေမာေမာ နမ္းရႈိက္ေနျခင္းက ေဘးလူျဖစ္ေသာ မီယာကိုအား မွင္တက္သြားေစသည္။ ဤသို႔ေသာ ျမင္ကြင္းကို မၾကည့္ခ်င္ဘဲ ၾကည့္လိုက္ရ၍ သူမခႏၶာကိုယ္ေလး တုန္ယင္လာသည္။ သူမ မၾကာေသးခင္ကမွ သိလာေသာ တ႐ုတ္ အင္တာနက္ ဗန္းစကားျဖစ္ေသာ ဘဝက ခက္ခဲတယ္၊ ထားလိုက္ ဟူသည့္ စကားကို အမွတ္မထင္ သတိရမိသြားေလသည္။

ရဲ႕လင္းခ်န္၏ ဟင္းလ်ာ အရသာက ေျပာေနစရာပင္ မလိုေတာ့ပါ။ ၎က က်န္းယြင္ရွီကို အျပည့္အဝ စိတ္ေက်နပ္ သြားေစသည္။ အစက သူမသည္ အေနအထိုင္ကို ထိန္းရန္ ႀကိဳးစားေနေသာ္လည္း ေနာက္ဆုံးတြင္ မထိန္းႏိုင္ေတာ့ဘဲ သူမ ပါးစပ္တစ္ဝိုက္၌ ဆီမ်ား ေဝ့ကာ ေပက်န္သြားသည္။ မီယာကိုသည္လည္း မထူးပါ။ ရဲ႕လင္းခ်န္၏ ေက်းကြၽန္ ျဖစ္ရသည္က သူမအတြက္ ဆိုး႐ြားေသာ္လည္း ဤသို႔ေသာ စားေကာင္း ေသာက္ဖြယ္မ်ားကို စားရပါေသးသည္။ ဤသည္က အျပင္ရွိ လူေတာ္ေတာ္မ်ားမ်ား လက္ေတြ႕ျဖစ္လိုေသာ စိတ္ကူးအိပ္မက္ပင္။

စားေသာက္ၿပီးေနာက္ မီယာကိုအား ပန္းကန္ေဆးရန္ တာဝန္ေပးလိုက္သျဖင့္ ရဲ႕လင္းခ်န္ႏွင့္ က်န္းယြင္ရွီတို႔သာ ဆိုဖာေပၚ၌ က်န္ခဲ့ၿပီး သူတို႔၏ ခ်စ္ျခင္းကို ဘာကိုမွ အေရးမစိုက္ဘဲ ပူးကပ္၍ ျပသေန၏။

"ဟုတ္သားပဲ၊ လင္းခ်န္၊ ဝိုင္အလွကုန္ ပစၥည္းဆိုင္က အခုတေလာ ျပႆနာတစ္ခုနဲ႔ ရင္ဆိုင္ေနရတယ္"

က်န္းယြင္ရွီသည္ သူမတို႔၏ ၾကည္ႏူးဖြယ္ အခိုက္အတန႔္မ်ား အၿပီး၌ အေရးႀကီးေသာ တစ္စုံတစ္ရာကို သတိရသြားေလသည္။

"ဘာျဖစ္လို႔လဲ"

"ရွင္ ကြၽန္မတို႔ ဝယ္သူေတြကို လတိုင္း ကံစမ္းမဲ ရွိတယ္လို႔ ကတိေပးခဲ့တာကို မွတ္မိေသးလား၊ အခု တစ္လေတာင္ ရွိသြားၿပီ၊ ၿပီးေတာ့ မဲေပါက္တဲ့သူကို ေဝ့ေပၚကေန ေ႐ြးၿပီးသြားၿပီ"

က်န္းယြင္ရွီက ေျပာျပသည္။

"တစ္လေတာင္ ရွိသြားၿပီလား"

ရဲ႕လင္းခ်န္ အနည္းငယ္ အံ့ဩသြားသည္။ ထို႔ေနာက္ သူက ၿပဳံး၍ ေျပာလိုက္ေလသည္။

"ကိုယ္က တစ္ခုခု ႀကီးႀကီးမားမား ျဖစ္တယ္လို႔ ထင္ေနတာ၊ ဒါေလးက မိတ္ကပ္ေလးပဲ မဟုတ္လား၊ အရမ္းႀကီး ဗ်ာမမ်ားရပါဘူး"

က်န္းယြင္ရွီက ႏႈတ္ခမ္းေလးစူကာ တစ္ခဏမွ် တုံ႔ဆိုင္းေနၿပီးမွ မ်က္ေမွာင္ၾကဳတ္၍ ေျပာသည္။

"အဲ့လူက ... အျခားသူေတြနဲ႔ နည္းနည္းေလး မတူဘူး"

"မတူဘူး ဟုတ္လား"

ရဲ႕လင္းခ်န္ မ်က္ေမွာင္ၾကဳတ္သြားသည္။

"အဲ့လူက အရမ္း ႐ုပ္ဆိုးလို႔လား"

က်န္းယြင္ရွီက ရဲ႕လင္းခ်န္ကို စိတ္ပ်က္သလို အၾကည့္လႊဲသြားၿပီး တစ္ခဏမွ် ၿငိမ္ေနၿပီးမွ ဆက္ေျပာေလသည္။

"အဲ့လို မဟုတ္ဘူး၊ ဒါေပမဲ့ အေျခအေနက ရွင္ေျပာတာနဲ႔ သိပ္မကြာဘူး၊ ကြၽန္မ ရွင့္အတြက္ သူ႔ပုံ ယူလာတယ္"

ဓာတ္ပုံကို ျမင္ၿပီးေနာက္ ရဲ႕လင္းခ်န္၏ မ်က္ႏွာတြင္ အံ့ဩမႈတို႔ ျပည့္ႏွက္လာ၏။

ဓာတ္ပုံထဲမွ မိန္းကေလးသည္ ႏွစ္ဆယ္ဝန္းက်င္မွ်သာ ရွိေသးသည္။ ပုံမွန္အားျဖင့္ ထိုအ႐ြယ္သည္ ႏုပ်ိဳႏႈႏွင့္ အလွတရားတို႔ အျမင့္ဆုံးတို႔ ေရာက္ေနသည့္ အသက္အ႐ြယ္ ျဖစ္သည္။ သို႔ေသာ္ သူမ၏ မ်က္ႏွာ ဘယ္ဘက္ျခမ္း၌ အနီေရာင္ အမာ႐ြတ္တစ္ခု ရွိေနသည္။

ထိုအမာ႐ြတ္က သူမ ပါးအလယ္တြင္ တည္ရွိေနၿပီး သူမ မ်က္လုံးေထာင့္နားအထိ ျပန႔္ေနကာ စက္ဆုပ္စရာ ေကာင္းပုံ ေပၚေနသည္။

တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ ယင္းက မီးေလာင္ဒဏ္ အမာ႐ြတ္ျဖစ္ေၾကာင္း ရဲ႕လင္းခ်န္ ေသခ်ာေပါက္ သိလိုက္သည္။

ထိုသို႔ေသာ အမာ႐ြတ္မ်ိဳးက အမ်ိဳးသမီးတစ္ေယာက္အတြက္ ႀကီးမားေသာ ႐ိုက္ခ်က္တစ္ခုပင္။ ယင္းက သူမ၏ ႐ုပ္ရည္ကို ဖ်က္ဆီးႏိုင္သည္။

အမာ႐ြတ္ မရွိေသာ သူမ၏ မ်က္ႏွာတစ္ျခမ္းမွေန၍ သူမသည္ မေတာ္တဆ မျဖစ္ခင္က ၾကည့္ေကာင္းခဲ့ေၾကာင္း ေကာက္ခ်က္ခ် ႏိုင္ၿပီး နတ္သမီးေလးတမွ်ေလာက္ပင္ ရွိႏိုင္ေလာက္သည္။ ေကာင္းကင္ဘုံမွ ငရဲသို႔ က်သြားသကဲ့သို႔ေသာ အျဖစ္အပ်က္ေၾကာင့္ ဤအမ်ိဳးသမီး၏ မ်က္လုံးတြင္း၌ ေဆာက္တည္ရာမရမႈတို႔ႏွင့္ ျပည့္ႏွက္ေနသည္က မဆန္းေတာ့ပါ။

"သူ႔နာမည္က ေခ်ာင္ရွန္ရွန္တဲ့၊ သူက သ႐ုပ္ေဆာင္တစ္ေယာက္ေလ၊ အရင္က ေအအဆင့္ စူပါစတား၊ ဒါေပမဲ့ အရင္တုန္းက ႐ုပ္ရွင္႐ိုက္ေနတုန္း ႐ုတ္တရက္ မီးထေလာင္ခဲ့တာ၊ သူ ထြက္ေျပးႏိုင္ခဲ့ပင္မယ့္ သူ႔မ်က္ႏွာ တစ္ျခမ္းက ပ်က္စီးသြားတယ္ေလ"

က်န္းယြင္ရွီ၏ အသံတြင္ သနားၾကင္နာမႈတို႔ႏွင့္ ျပည့္ေနသည္။ အမ်ိဳးသမီးတစ္ဦး ျဖစ္ေသာေၾကာင့္ ႐ုပ္ရည္သြင္ျပင္က ဘယ္ေလာက္ အေရးႀကီးလဲ သူမ အျပည့္အဝ သိပါသည္။ အကယ္၍ သူမမ်က္ႏွာသာ ပ်က္စီးသြားလ်င္ သူမ ရဲ႕လင္းခ်န္ကို ၾကည့္ရန္ပင္ အလြန္ ရွက္႐ြံ႕မိေလာက္သည္။ ယင္းက သူမကို သတ္သည္ ထက္ပင္ ပိုဆိုးေသးသည္။

"အြန္လိုင္းေပၚက ေကာလာဟလေတြအရဆို သူက သူ႔အခ်စ္ဆုံး သူငယ္ခ်င္းကို ကယ္ဖို႔ ႀကိဳးစားရင္း မီးေလာင္သြားတာတဲ့၊ စိတ္မေကာင္းစရာက သူ႔အခ်စ္ဆုံး သူငယ္ခ်င္းက အဲ့စကားကို ျငင္းတယ္ေလ၊ အခုက သူ႔ရဲ႕ ပ်က္စီးသြားတဲ့ ႐ုပ္ရည္ေၾကာင့္ သူ႔သ႐ုပ္ေဆာင္ အသက္ေမြးဝမ္းေၾကာင္းက အဆုံးသတ္နား ေရာက္ေနၿပီ၊ သူ႔ခ်စ္သူကေတာင္ သူနဲ႔ လမ္းခြဲလိုက္တဲ့ပုံပဲ"

အျဖစ္အပ်က္က ႐ိုးရွင္းေသာ္လည္း လွည့္ကြက္မ်ားလွသည္။ မည္သို႔ပင္ဆိုေစကာမူ ယင္းက အလြန္ ဝမ္းနည္းစရာ ေကာင္းေသာ မေတာ္တဆမႈပင္။

ထိုအမ်ိဳးသမီး၏ မ်က္လုံးတြင္ သူမ၌ အသက္ရွင္စရာ ဘာအေၾကာင္းမွမရွိပုံ ေပၚေနသည္က အံ့ဩစရာ မဟုတ္ေတာ့ေပ။ ထိုသို႔ေသာ ေဆာက္တည္ရာမရသည့္ အျဖစ္အပ်က္ႏွင့္ ႀကဳံေတြ႕ရၿပီးေနာက္ မည္သူမဆို ေမွ်ာ္လင့္ခ်က္ ျပန္ရရန္ ခက္ခဲမွာပင္။

"သူက ကံစမ္းမဲ ေပါက္သြားတဲ့တစ္ေယာက္လား"

ရဲ႕လင္းခ်န္က တည္ၿငိမ္စြာ ေမးလိုက္သည္။

က်န္းယြင္ရွီက ေခါင္းညိတ္ျပသည္။

"သူက ကြၽန္မတို႔ အလွကုန္ ပစၥည္းဆိုင္ကို မၾကာခဏ လာဖူးတယ္၊ ဒါေပမဲ့ ကြၽန္မတို႔ သူ႔အမာ႐ြတ္ကို ဖုံးကြယ္ေပးဖို႔ မကူညီေပးႏိုင္ခဲ့ဘူး၊ သူ ေပါက္သြားမယ္လို႔ ကြၽန္မ ထင္မထားဘူး၊ အႏုပညာရွင္ဆိုတဲ့ သူ႔အဆင့္အတန္းေၾကာင့္ သူ ကံစမ္းမဲ ေပါက္သြားတဲ့ သတင္းက ျမန္ျမန္ဆန္ဆန္ ပ်ံ႕သြားတာ၊ အခု အင္တာနက္ ေပၚမွာ ေနရာယူေနၿပီ"

သူမက ရဲ႕လင္းခ်န္ကို ၾကည့္ေနၿပီး ဆက္ေျပာခ်င္ေသာ္လည္း သူမကိုယ္သူမ ထိန္းထားလိုက္သည္။

သို႔ေသာ္ ရဲ႕လင္းခ်န္က သူမ ဘာေျပာခ်င္ေနသလဲ ဆိုသည္ကို ခန႔္မွန္းမိေနသည္။ သူက ရယ္၍ ေျပာလိုက္ ေလသည္။

"ကိုယ့္အထင္ ကိုယ္တို႔ ဒီအတြက္ ဘယ္ေလာက္ အေယာင္ေယာင္ အမွားမွား ျဖစ္ေနလဲဆိုတာကို ျမင္ခ်င္တဲ့သူေတြ အမ်ားႀကီး ရွိေနတာ မဟုတ္လား"

က်န္းယြင္ရွီ ေခါင္းညိတ္ျပသည္။ ဝိုင္အလွကုန္ ပစၥည္းဆိုင္က အလြန္ ေက်ာ္ၾကားေနၿပီး နယ္ပယ္တူတြင္းမွ အျခားသူမ်ားထက္ သာေနသည္။ ယခု သူတို႔က ဤသို႔ေသာ စိန္ေခၚမႈႏွင့္ ရင္ဆိုင္ရသျဖင့္ အျခားသူမ်ား ေအာင္ပြဲခံေနသည္က ျဖစ္တတ္သည့္ သဘာဝပင္။

ဤသို႔ေသာ အမာ႐ြတ္မ်ိဳးက မိတ္ကပ္ ဘယ္ေလာက္လိမ္းလိမ္း ဖုံးကြယ္ရန္ မျဖစ္ႏိုင္ပါ။ ယခင္က ရဲ႕လင္းခ်န္၏ မိတ္ကပ္ စြမ္းရည္သည္ အင္တာနက္ေပၚ၌ အလန႔္တၾကား ျဖစ္ေစခဲ့သည္။ ယခုတစ္ေခါက္တြင္ လူတိုင္းက သူ လက္စြမ္းျပသည္ကို ျမင္ခ်င္ေနၾကေလသည္။ အကယ္၍ သူ အမွားလုပ္မိပါက ၎သည္ သူ႔နာမည္ကို စြန္းထင္းေစမည့္ သူ႔ဘဝ၏ အမည္းစက္ႀကီး ျဖစ္လာေပလိမ့္မည္။

"လင္းခ်န္၊ ကြၽန္မတို႔ ဒါကို တကယ္ မလုပ္ႏိုင္ဘူးဆိုရင္ ... ကြၽန္မတို႔ သူ႔ကို ျငင္းလိုက္ၾကမလား"

က်န္းယြင္ရွီက တီးတိုး ေရ႐ြတ္သည္။

"ဟားဟား၊ မင္း ကိုယ့္အေပၚ ယုံၾကည္မႈ မရွိဘူးလား"

ရဲ႕လင္းခ်န္က က်န္းယြင္ရွီကို ၾကည့္ၿပီး ေအးေအးလူလူ ေျပာလိုက္သည္။

"ဒါ အေသးအဖြဲ ကိစၥေလးပါ၊ မနက္ျဖန္ ကိုယ္ လာတာကိုပဲ ေစာင့္ေနပါ"

သူက တစ္ခဏမွ် ၿငိမ္သြားၿပီးမွ က်န္းယြင္ရွီကို ေပြ႕ခ်ီ၍ ညစ္က်ယ္က်ယ္ ၿပဳံးလိုက္သည္။

"ဒီေန႔ကေတာ့ ... ေႏြဦးညတစ္ညတာက ေ႐ႊေပါင္း တစ္ေထာင္ေလာက္ အဖိုးတန္တယ္တဲ့၊ အေပၚထပ္ကို သြားရေအာင္ ..."

...

အခ်ိန္ကား တေ႐ြ႕ေ႐ြ႕ ကုန္ဆုံးသြားေလသည္။ ညေကာင္းကင္ယံေအာက္၌ အရိပ္ႏွစ္ခုသည္ ေတာင္က်စမ္းေရ အိမ္ရာထဲသို႔ တိတ္တဆိတ္ ခိုးဝင္လာၿပီး ရဲ႕လင္းခ်န္၏ ၿခံထဲသို႔ တန္းတန္းမတ္မတ္ ဝင္လာၾကသည္။

"အစ္ကိုႀကီး၊ ဒါက ဟိုေကာင္ ရဲ႕လင္းခ်န္ ေနတဲ့ေနရာလား"

တစ္ေယာက္က ခပ္တိုးတိုး ေျပာသည္။

"ငါတို႔ အခ်က္အလက္က ေသခ်ာေပါက္ မွန္တယ္ကြ"

က်န္တစ္ေယာက္က ျပာအက္ေနေသာ အသံျဖင့္ ေျပာသည္။

"ငါတို႔ ဒီကိစၥကို ျမန္ျမန္ ေျဖရွင္းရမယ္၊ ျပန္ေျပးဆြဲၿပီးတာနဲ႔ ေျပးမယ္၊ ျမန္ျမန္လုပ္"

"သူငယ္ႏွပ္စားေလးကို ကိုင္တြယ္ဖို႔ ကမာၻေျမရဲ႕ ဂိတ္တံခါးက ကြၽန္ေတာ္တို႔ကို လႈပ္ရွားဖို႔ သုံးရတယ္လို႔ ႀကီးက်ယ္လိုက္တာ"

"မင္း ဘာသိလို႔လဲ၊ ဒီေကာင္က နည္းပညာ ဉာဏ္ႀကီးရွင္ကြ၊ သူ႔တန္ဖိုးက မင္းထက္ အဆတစ္ရာမက တန္တယ္"

ေခါင္းေဆာင္က မေက်မနပ္ ေျပာသည္။

"စကားေျပာမေနနဲ႔ေတာ့၊ ပုန္းဖို႔ အာ႐ုံစိုက္"

"အာ ... အစ္ကိုႀကီး၊ ကြၽန္ေတာ္တို႔ကို ေတြ႕သြားၿပီလို႔ ကြၽန္ေတာ္ ထင္တယ္ေနာ္ ..."

အားလုံး ေျပာစရာ စကားမဲ့သြားေလသည္။

Continue Reading

You'll Also Like

434K 18.1K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
187K 9K 51
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
91.2K 807 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
1.4M 97K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...