My Beautiful SPOUSE

Autorstwa Yellowish_One

343K 25K 2.2K

ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (own creation) Starting Date ••• 24/9/2021 Ending Dat... Więcej

သီချင်းများ/သီခ်င္းမ်ား
အပိုင်း - (၁)
အပိုင်း - (၁)
အပိုင်း - (၂)
အပိုင်း - (၂)
အပိုင်း - (၃)
အပိုင်း - (၃)
အပိုင်း - (၄)
အပိုင်း - (၄)
အပိုင်း - (၅)
အပိုင်း - (၅)
အပိုင်း - (၆)
အပိုင်း - (၆)
အပိုင်း - (၇)
အပိုင်း - (၇)
အပိုင်း - (၈)
အပိုင်း - (၈)
အပိုင်း - (၉)
အပိုင်း - (၉)
အပိုင်း - (၁၀)
အပိုင်း - (၁၀)
အပိုင်း - (၁၁)
အပိုင်း - (၁၁)
အပိုင်း - (၁၂)
အပိုင်း - (၁၂)
အပိုင်း - (၁၃)
အပိုင်း - (၁၃)
အပိုင်း - (၁၄)
အပိုင်း - (၁၄)
အပိုင်း - (၁၅)
အပိုင်း - (၁၅)
အပိုင်း - (၁၆)
အပိုင်း - (၁၆)
အပိုင်း - (၁၇)
အပိုင်း - (၁၇)
အပိုင်း - (၁၈)
အပိုင်း - (၁၈)
အပိုင်း - (၁၉)
အပိုင်း - (၁၉)
အပိုင်း - (၂၀)
အပိုင်း - (၂၀)
အပိုင်း - (၂၁)
အပိုင်း - (၂၁)
အပိုင်း - (၂၂)
အပိုင်း - (၂၂)
အပိုင်း - (၂၃)
အပိုင်း - (၂၄)
အပိုင်း - (၂၄)
အပိုင်း - (၂၅)
အပိုင်း - (၂၅)
အပိုင်း - (၂၆)
အပိုင်း - (၂၆)
အပိုင်း - (၂၇)
အပိုင်း - (၂၇)
အပိုင်း - (၂၈)
အပိုင်း - (၂၈)
အပိုင်း - (၂၉)
အပိုင်း - (၂၉)
အပိုင်း - (၃၀)
အပိုင်း - (၃၀)
အပိုင်း - (၃၁)
အပိုင်း - (၃၁)
အပိုင်း - (၃၂)
အပိုင်း - (၃၂)
အပိုင်း - (၃၃)
အပိုင်း - (၃၃)
အပိုင်း - (၃၄)
အပိုင်း - (၃၄)
အပိုင်း - (၃၅)
အပိုင်း - (၃၅)
အပိုင်း - (၃၆)
အပိုင်း - (၃၆)
အပိုင်း - (၃၇)
အပိုင်း - (၃၇)
အပိုင်း - (၃၈)
အပိုင်း - (၃၈)
အပိုင်း - (၃၉)
အပိုင်း - (၃၉)
အခပျြပို
အချပ်ပို
အပိုင်း - (၄၀)
အပိုင်း - (၄၀)
အပိုင်း - (၄၁)
အပိုင်း - (၄၁)
အပိုင်း - (၄၂)
အပိုင်း - (၄၂)
အပိုင်း - (၄၃)
အပိုင်း - (၄၃)

အပိုင်း - (၂၃)

691 30 0

~~ Last Christmas I gave you my heart ~~

ဆောင်းရာသီကာလ ခရစ်စမတ်ပွဲတော်လည်း နီးလာပြီမလို့ ဈေးဝယ်စင်တာထဲမှာ ခရစ်စမတ်သီချင်းသံက ခပ်တိုးတိုးလေး ပျံ့လွင့်နေသည်။ လျှန်က ဈေးဝယ်လှည်းကို မုန့်တန်းတွေကြားတွန်းရင်း အရှေ့ကနေ တွေ့ရာမုန့်တွေ အကုန်ကောက်ထည့်နေတဲ့ နေးနောက်ကို အမှီလိုက်နေရသည်။

" နောက်တစ်ပတ်ထဲမှာ ကျောင်းတက်ရတော့မှာဆိုတော့ ဘာတွေလိုချင်သေးလဲ နေး "

" အင်း ... ခဏနေကျမှ ပတ်ကြည့်မယ်လေ ကိုကို "

" အိုကေ "

မျက်လုံးလေးထောင့်ကပ်လို့ စဉ်းစားသလိုပြုပြီးမှ ပြန်ဖြေလာတဲ့နေးကိုကြည့်ရင်း လျှန်သဘောတကျ ပြုံးမိသည်။ ရှေ့ကနေ တောက်တောက်, တောက်တောက်နဲ့ သွားနေရင်း စားချင်သမျှမုန့်တွေကို အကုန်ဆွဲထည့်နေတာကြောင့် လျှန်တွန်းလာတဲ့ တွန်းလှည်းလေးလည်း ပြည့်လုနီးနီး ဖြစ်နေပြီဖြစ်သည်။

" အနွေးထည်တွေရော ဝယ်ကြမလား နေး "

" နေးမှာ အနွေးထည်တွေ အများကြီးပါလာတယ် ကိုကိုရဲ့ "

" မာဖလာရော "

" မာဖလာလား ... မာဖလာတော့ ဝယ်မယ်လေ "

" အိုကေ ... ပြီးရင် သွားကြည့်ကြမယ်နော် "

မုန့်ဈေးတန်းရှိတဲ့နေရာကနေ လျှန်တို့က ဟင်းချက်စရာမျိုးစုံရှိတဲ့ ကုန်စိမ်းတန်းကို အရင်ကွေ့ပတ်လာခဲ့လိုက်သည်။ အိမ်မှာချက်စားကြဖို့ ဘာမှမရှိတာကြောင့် လိုအပ်တာမှန်သမျှကို လျှန်က ရွေးချယ်ဝယ်ယူတဲ့အခါ နေးကလည်း ဘေးကနေ တွန်းလှည်းကို ကူတွန်းပေးရင်း ငြိမ်ငြိမ်လေးလိုက်လာသည်။

" အမဲသားကြိုက်လား နေး "

" ဟုတ် "

" နံနံပင်ရော "

" နိုး ... "

ခပ်သွက်သွက်ပင် နေးက အငြင်းစကားဆိုတော့ ကိုကိုက သဘောတကျရယ်သည်။ ဟင်းချက်စရာ တစ်ခုချင်းစီကို ကောက်ကိုင်ရင်း ရွေးချယ်နေသည်။ နေးကတော့ တစ်ခုခုကို အာရုံစိုက်နေတဲ့ ကိုကို့ရဲ့အသွင်ကို ဘေးကနေ မသိမသာခိုးငေးလိုက် သိသိသာသာကြည့်လိုက်နှင့် အလုပ်များနေသည်။

" အင်း . ဒီလောက်ဆိုရင်တော့ တစ်ပတ်စာရလောက်ပါပြီ ... ဒါတွေကို အောက်ထပ်မှာထားခဲ့ပြီး ကိုယ်တို့ အပေါ်သွားကြမယ်လေ "

နေးဝယ်ထားတဲ့ မုန့်တွေအပြင် လျှန်ဝယ်ထားတဲ့ တစ်ပတ်စာ ဆန်နဲ့ဆီအပါအဝင် ဟင်းချက်စရာမျိုးစုံကြောင့် ဈေးဝယ်တွန်းလှည်းလေးက ပြည့်ရုံမကလို့ လျှံပါထွက်နေပြီဖြစ်သည်။ တွန်းလှည်းကို ငွေရှင်းကောင်တာနား နှစ်ယောက်အတူတွန်းသွားလိုက်ရင်း ငွေရှင်းတာမစောင့်တော့ပဲ အပ်ထားခဲ့လိုက်သည်။

" လာခဲ့ နေး ... "

" ဟုတ် "

လျှန့်ရဲ့ လက်ဖဝါးတစ်ဖက်ကြား လျှိုဝင်လာတဲ့ နေးတဲ့ လက်ဖဝါးနုနုလေးတစ်ဖက်ကို ငုံ့ကြည့်ရင်း နေးရဲ့မျက်နှာလေးကိုပါ လျှန် ငေးကြည့်လိုက်သည်။

" သွားမယ်လေ ကိုကို "

ကြည်ရှင်းနေတဲ့ မျက်နှာလေးနဲ့ နေးက လျှန့်လက်ကိုဆွဲရင်း ဓာတ်လှေကားဆီ ဦးဆောင်လျှောက်သွားသည်။ ဆံပင်ရှည်လေးတွေကို တစ်ဝက်ခွဲပြီး တစ်ဝက်ကို ခပ်မြောက်မြောက်စည်းထားတဲ့နေးက လူငယ်ဆန်ဆန် စမတ်ကျနေသည်။ ရာသီဥတုကြောင့် အနက်ရောင်နဲ့ အဖြူရောင်ရောတဲ့ ဟူဒီလေးကိုဝတ်ထားတဲ့ နေးလက်ျာလေးက ပန်ဒါလေးနှယ်။ လျှန့်မှာ နေးဆွဲခေါ်ရာနောက်ကို ထပ်ချပ်မကွာလိုက်ရင်း ကြည်နူးရပါတော့သည်။

" ဒီလောက်တောင် ပတ်နေတာ ဗိုက်မဆာဘူးလား နေး "

" နည်းနည်းတော့ဆာနေပြီ "

" ဘာစားချင်လဲ "

" မသိဘူးလေ ... ဟိ ဟိ "

သွားတန်းလေးတွေပေါ်သည်အထိ ရယ်ပြလာတဲ့ နေးလက်ျာလေးကြောင့် လျှန့်မှာ အသည်းယားစွာနဲ့ နဖူးလေးကို လက်သီးဆုပ်နဲ့ မနာအောင်ခပ်ဖွဖွ ထုပစ်လိုက်သည်။ မျက်လုံးလေးမှိတ်ကျသွားတဲ့ နေးလက်ျာက သူနာသွားပါပြီဆိုတဲ့ သဘောနဲ့ နှာခေါင်းကလေးက ရှုံ့သွားသေး။ တကယ့်ကို အမူပိုလေးပါလေ။ ခပ်ချေချေအတွင်းရေးမှူးအဖြစ်နဲ့တုန်းကလည်း မထိတထိနဲ့ ချစ်ခဲ့ရသလို မူပိုပိုကလေးတစ်ယောက်အသွင်နဲ့ကြုံပြန်တော့လည်း မချင့်မရဲနဲ့ ချစ်ရပြန်သည်။

" အမဲသားပိုင်မုန့်စားချင်လား နေး "

" စားလို့ကောင်းလား ကိုကို "

" အင်း ... ပူပူလေးနဲ့ အခုလိုရာသီဥတုမှာ စားဖို့အကောင်းဆုံးပဲ "

" စားမယ် စားမယ် ... "

အစားအသောက်နဲ့ပတ်သက်လာရင် မျက်လုံးလေးတွေထဲမှာ ကြယ်တွေကို ချက်ချင်းစုသိမ်းပစ်သလိုမျိုး လဲ့တောက်လာတဲ့ နေးလက်ျာပါလေ။ ပုံစံတွေဘယ်လိုပဲပြောင်းပြောင်း အတိတ်တွေမည်သို့ပင်မေ့စေကာမူ အစားအသောက်နှင့်ဖြားယောင်းလိုက်လျှင် ကောက်ကောက်ပါအောင်လိုက်တတ်တာလေးကတော့ နေးလက်ျာရဲ့အစားအသောက်အပေါ်ထားတဲ့သစ္စာရှိမှုဖြစ်ပေလိမ့်မည်။

တိုက်ဆိုင်မှုတွေကိုတွေးမိတော့ လျှန် နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသွားသည်။ ဒီတစ်ခါတော့ အစားအသောက်တန်းတွေဆီကို ဦးဆောင်သူက လျှန်ပဲဖြစ်သည်။

" ဒီမှာ ခဏထိုင်စောင့်နေဦးနော် ... ကိုယ် သွားမှာလိုက်ဦးမယ် "

" တူတူလိုက်ခဲ့မယ်လေ "

" စောင့်နေပါ နေးရဲ့ ... ကိုယ် သိပ်မကြာပါဘူး "

ပြောပြီးတာနဲ့ နေးကို ပါးချိုင့်တစ်ဖက်ပေါ်လာသည်အထိ ပြုံးပြကာ ကျောခိုင်းထွက်သွားတဲ့ ကိုကို့ကို အကြည့်မလွှဲတမ်း လိုက်ကြည့်နေမိသည်။ တန်းစီပြီးစောင့်ရတဲ့ဆိုင်မလို့ အနည်းငယ်စီတန်းနေတဲ့ လူတွေနောက်မှာ စီတန်းရပ်လိုက်တာကစလို့ လက်မှာပတ်ထားတဲ့ တန်ဖိုးကြီးနာရီကို ငုံ့ကြည့်လိုက်တာအဆုံး မျက်လုံးမှတစ်ဆင့် နှလုံးသားထဲထိရောက်အောင် နေးတိတ်တိတ်လေးသိမ်းထားလိုက်သည်။

" ကိုကိုက အရပ်အရှည်ကြီးပဲ "

အနောက်နိုင်ငံသားတွေနဲ့တန်းတူ အရပ်အမောင်းနဲ့ ခပ်မိုက်မိုက်ခန္ဓာကိုယ်ကို နေးမှာ မေးထောက်ရင်းပင် စိတ်အေးလက်အေး ငေးကြည့်နေမိတော့သည်။ စောင့်နေရင်းနဲ့ ကိုကို့အလှည့်ရောက်တော့ အရှေ့ကိုတိုးသွားပြီး ကောင်တာမှာ အမှာတင်နေတဲ့ကိုကိုက ဘာတွေပြောနေလဲဆိုတာ မကြားရပေမယ့် နေးကတော့ လက်ဟန်တချို့ကိုအသုံးပြုပြီး စကားပြောနေတဲ့ ကိုကို့နှုတ်ခမ်းတွေကိုသာ ငေးစိုက်ကြည့်မိသည်။

" အရမ်းစောင့်ရမယ်ထင်တာ မြန်တယ် နေးရဲ့ "

နေး ငေးကြည့်နေရင်းမှာပင် မုန့်ဗန်းကိုကိုင်ရင်း ပြန်ရောက်လာတဲ့ကိုကိုက စားပွဲပေါ်မှာ ဗန်းကိုတင်ရင်း စားစရာအချို့ကို နေးရှေ့မှာ နေရာချပေးသည်။

" နာနတ်သီးဖျော်ရည်ဝယ်ခဲ့တယ် နေး ... အမဲသားပိုင်မုန့်နဲ့တွဲစားရင် အအီပြေဖို့ အချဉ်ဓာတ်ပါတာလေး သောက်သင့်တယ် "

" ဟုတ် "

" ကိုယ်ပဲ လှီးပေးတော့မယ် "

ပိုင်မုန့်နဲ့ အအေးခွက်ကို နေးရှေ့မှာ နေရာချပေးနေရင်းကပင် ပိုင်မုန့်ကို ပြန်ဆွဲယူလို့ လှီးဖြတ်ပေးနေတဲ့ ကိုကို့ကိုကြည့်ရင်း နေးနေးပြုံးလိုက်သည်။ ကိုကိုက တကယ့်ကို နေးရှင်းစ်ဘွိုင်းဖရန့်။

" အင်း ... ဒီလောက်ဆို အနေတော်ပဲ "

တစ်လုတ်စာ ခပ်သေးသေးလှီးဖြတ်ပေးထားတဲ့ ပိုင်မုန့်တစ်ခုကို နေး ခက်ရင်းလေးနဲ့ ထိုးယူရင်းစားလိုက်သည်။ ပါးစပ်ထဲမှာ ပျော်ဝင်လာသလိုမျိုး အိစက်နေတဲ့ အမဲသားနဲ့ အချိုဓာတ်က အရသာရှိလွန်းတာမလို့ နေးမျက်လုံးတွေပါမှိတ်ပြီး အရသာခံမိသည်အထိ။

" ဘယ်လိုလဲ နေး ... စားလို့ကောင်းလား "

" အင်း . အင်း ... အရမ်းကောင်းတာပဲ.. ဂွတ်ဒ် "

" ကိုယ်ပြောသားပဲ ... ဖြေးဖြေးစား . ထပ်စားချင်သေးတယ်ဆိုရင် ကိုယ်ထပ်မှာပေးမယ် "

ခေါင်းလုံးလေးကို ခပ်သွက်သွက်ညိတ်ရင်း လျှန် လှီးပေးထားသမျှ ပိုင်မုန့်လေးတွေကို ခေါင်းမဖော်တမ်းစားနေတဲ့ နေးလက်ျာကို လျှန်ကြည့်ရင်း စိတ်လိုလက်ရပြုံးမိသည်အထိ။ တစ်မိုးအောက်နေးလက်ျာက လျှန် ရွေးပေးထားတဲ့ အစားအသောက်ကို အားရပါးရနဲ့ သဘောတကျ စားသတဲ့လေ။

" စားရခက်နေရင် နာနတ်သီးဖျော်ရည်လေးနဲ့ရောသောက် "

" ဟုတ် "

စားလိုက်သောက်လိုက်နဲ့ အလုပ်များနေတဲ့ နေးလက်ျာက လျှန့်အပြောကိုတောင် ကောင်းကောင်းပြန်မဖြေနိုင်ပါ။ တိုပြတ်ပြတ် တုံ့ပြန်သံကလေးကိုသာပေးရင်း ပိုင်မုန့်တွေကို အားရပါရစားသည်။

" ဟင် ... ကိုကိုလည်း စားလေ "

" စားမှာပါကွာ ... "

ပိုင်မုန့်စားတာကိုနားရင်း နာနတ်သီးဖျော်ရည်သောက်နေတဲ့နေးက မျက်စလေးပစ်လို့ လျှန့်ကို ပြောသည်။ ချစ်နေရတော့လည်း မေးကလေးဆတ်တာအစ မျက်စကလေးပစ်တာကအဆုံး လျှန့်အတွက် အသည်းယားစရာဖြစ်နေတော့သည်။ ပန်ဒါလေးကတော့ လျှန့်နှလုံးသားကို ကုတ်ခြစ်နေပြန်ပါပြီ။

" အပြန်ကျရင် ကိုယ်တို့ စက်ဘီးတစ်စီးလောက် ဝင်ဝယ်ကြမယ်နော် နေး ... ကျောင်းတက်ရက်တွေကျရင် တစ်ခါတလေမှာ နေး အပျင်းပြေ စက်ဘီးစီးသွားလို့ရအောင်လို့ ... ကျောင်းနဲ့အိမ်ကလည်း နီးတော့လေ "

" ဟို.. ဟိုလေ နေး စက်ဘီးမစီးတတ်ဘူး "

လျှန့်ရဲ့မျက်ခုံးတန်းတွေက နေးရဲ့စကားကြောင့် ဆတ်ခနဲ ပင့်တက်သွားရသည်။ အဲ့တာဆိုရင်တော့ဖြင့် စက်ဘီးဝယ်ပေးဖို့တွေးထားတဲ့ လျှန့်အစီအစဉ်ကို ပြောင်းရတော့မှာပဲ။

" ဒါဆိုလည်း ကိုယ်ပဲ လိုက်ပို့မှာပေါ့... အပြန်ကျရင်လည်း ကိုယ်ပဲလာကြိုပေးမယ်နော် "

" ဟို... ကိုကို နေးကို စက်ဘီးစီးသင်ပေးမလားဟင် "

နေးလက်တွေကို တစ်ဖက်နဲ့တစ်ဖက် ဆုပ်ခြေနေရင်း ကိုကို့ကို မဝံ့မရဲတောင်းဆိုလိုက်သည်။ နေးသာတောင်းဆိုရင် ကိုကိုက သေချာပေါက်သင်ပေးမှာသိနေပေမယ့်လည်း အလုပ်တွေရှုပ်နေမယ့်ကိုကိုက ဝန်ပိမှာစိုးသည်။

" အိုကေ... ကိုယ်သင်ပေးမယ် "

နေး မျက်လုံးလေးတွေ မှိတ်ကျသည်အထိ ကိုကို့ကို ပြုံးပြလိုက်သည်။ နေးကို စက်ဘီးစီးသင်ပေးနေတဲ့ ကိုကို့အသွင်ကိုလည်း တစ်ဆက်တည်းတွေးမိရင်း ပိုကြည်နူးမိသွားသည်။

" နေး ... "

" ဟုတ် "

နူးနူးညံ့ညံ့နဲ့ နေးရဲ့နာမည်ကိုခေါ်လာပြီး မျက်ဝန်းတွေတည့်တည့် စိုက်ကြည့်လာတဲ့ ကိုကို့ကြောင့် နေးမှာ အယောင်ယောင်အမှားမှားနဲ့ အသက်အောင့်လိုက်မိသည်အထိ။ ကိုကို့မှာ နေးကို တစ်ခုခုပြောစရာရှိနေပုံရသည်။ ကိုကိုပြောမယ့်စကားတွေကို အာရုံစိုက်လိုက်သည့်အခါ စားသောက်ဆိုင်ထဲမှာမလို့ အနည်းငယ်ဆူညံနေသည့် ပတ်ဝန်းကျင်က ပိုတိတ်ဆိတ်သွားသလိုပင်။

" နေးက အခု နေသိပ်မကောင်းသေးဘူးဆိုတာ သိတယ်ဟုတ် "

" ..... "

" ကိုယ်ပြောတဲ့ နေးက နေမကောင်းဘူးဆိုတာ ဟိုလိုနေမကောင်းတာမျိုးမဟုတ်ပဲ နေးရဲ့အတိတ်တစ်ချို့ကို မေ့နေတာမျိုးကိုပြောတာ "

ကိုကိုပြောလာတဲ့ စကားမှန်သမျှကို နေး ပြန်လည်မတုံ့ပြန်မိပါ။ ကိုကို့နှုတ်က ထွက်လာသမျှတွေကိုသာ အာရုံစူးစိုက်နေမိသည်။

" နေးက နေး မှတ်မိနေတဲ့ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားအရွယ်လေးမဟုတ်ပဲ လုပ်ငန်းခွင်ဝင်နေတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်နေပြီ "

" ..... "

" တကယ်လို့ တစ်ချိန်ချိန်မှာ နေး မေ့နေတဲ့ အတိတ်အကြောင်းတွေကို မှတ်မိလာတာမျိုး တစ်ခုခုကိုသတိရလာတာမျိုးရှိရင် ကိုယ့်ကို အရင်ပြောပြပေးမယ် မဟုတ်လား "

" ကိုကို . ကိုကိုက နေးကို ဒီကိုခေါ်လာတာ နေမကောင်းလို့ ဆေးကုဖို့လား. ဟင် "

အမေးနဲ့အဖြေကွဲပြားစွာ တုန့်ပြန်မှုကြောင့် လျှန် ထိုင်နေရင်းကနေ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ နေးလက်ျာလေး တလွဲတွေးနေပြန်ပါပြီလေ။

" ဘာလို့အဲ့လိုထင်ရတာလဲ နေးရဲ့ ... ကိုယ်နဲ့နေးက အခုလိုမျိုး ဒီမှာ အတူတူရှိနေတယ်ဆိုတာ နေး စိတ်ပြေလက်ပျောက်နေလို့ရအောင်ရယ် . ပြီးတော့ နေး မလုပ်ခဲ့ရတဲ့ နေး ဝါသနာပါတာတွေကို လုပ်နိုင်ဖို့လေ "

" ဟုတ်လို့လား "

ခေါင်းလေးငုံ့ထားရာကနေ လျှန့်ကို မျက်လုံးလေးလှန်လို့ မေးလာပုံက မယုံသင်္ကာနဲ့ အမှုစစ်ပေါက်စလေးအသွင်။ ထိုအသွင်လေးကိုပဲ လျှန့်မှာ သဘောတကျငေးကြည့်ရင်း ပြောလက်စ,စကားကို ဆက်ဖို့ပြင်သည်။

" အဲ့တာကြောင့် နေးက ကိုယ့်ကို အထင်မလွဲရဘူးနော် ဟုတ်ပြီလား . ကိုယ်ကလည်း ဒီမှာ အလုပ်ရှိတာကြောင့်ရယ်... နေးကလည်း ဒီမှာကျောင်းတက်ဖို့စီစဉ်ထားတာရယ်ကြောင့် ဦးနော်က ကိုယ့်နဲ့ စိတ်ချလက်ချအပ်ထားတာပါ "

" ဒါဆို နေး အတိတ်မမေ့ခင်ကရော ကိုကိုနဲ့ သိလားဟင် "

နေးအမေးကြောင့် အနည်းငယ်တုံ့ဆိုင်းသွားတဲ့ ကိုကို့ကိုကြည့်ရင်း အဖြေကိုစောင့်ဆိုင်းနေမိသည်။ နေးကိုမကြည့်ပဲ တစ်ယောက်တည်းပြုံးလိုက်တဲ့ကိုကိုက တစ်ခုခုကိုတွေးမိပြီး သဘောကျသွားပုံရသည်။

" ဒါပေါ့ ... သိတာပေါ့ . နေးက အတိတ်မမေ့ခင်ကရော အခုလိုအတိတ်မေ့နေတော့ရော . နှစ်ခုလုံးက မပြောင်းလဲဘူး ... သိပ်ချစ်ဖို့ကောင်းတာ "

ကိုကို့စကားအဆုံး နေးခေါင်းကို ငုံ့ချလိုက်မိသည်။ ပူထူတက်လာတဲ့ ပါးပြင်နှစ်ဖက်နဲ့ နားရွက်တွေအရ နေးရဲ့ပါးပြင်တွေရော နားရွက်တွေပါ နီရဲနေတော့မှာ အသေအချာ။

" အခုလည်းကြည့်လေ... ချစ်ဖို့ကောင်းနေတာပဲ "

" နေး အဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှစဉ်းစားလို့မရဘူး ကိုကို "

မျက်လုံးလေးမှိတ်ထားပြီး လျှန့်ကို ပြန်ဖြေနေတဲ့ နေးလက်ျာက အတိတ်တွေကို မမှတ်မိတာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေဟန်။ လျှန်လည်း နေးမသိအောင် သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးရှိုက်လိုက်သည်။

" နေး ... "

နေးလက်ျာကိုခေါ်ရင်း စားပွဲပေါ်တင်ထားတဲ့ လက်ဖဝါးလေးတစ်ဖက်ကို လျှန်ကဆွဲယူလို့ ထွေးဆုပ်လိုက်သည်။ ခေါင်းလေးမော့လာတဲ့ နေးလက်ျာလေးက လျှန့်ကိုတော့ မကြည့်ပါပဲ ထွေးဆုပ်ထားတဲ့ လျှန့်လက်တွေကိုသာ ငေးစိုက်ကြည့်လာသည်။

" တကယ်လို့သာ အတိတ်ကို သတိရတာမျိုးရှိခဲ့ရင် ကိုယ့်ကိုပြောပြနော် ကလေးငယ် "

အထပ်ထပ်သတိပေးဖြစ်တဲ့ စကားတစ်ခွန်းပါပဲ။ တကယ်လို့ နေးလက်ျာသာ အတိတ်ကိုပြန်သတိရလာရင် နီးနီးကပ်ကပ်ရှိနေတဲ့ လျှန်တို့အခြေအနေကို လက်မခံနိုင်မှာကို အကြောက်ဆုံးပင်။ မြတ်နိုးရသူ ချစ်ရသူမလို့ လျှန့်ကို အခွင့်အရေးသမားရယ်လို့ နည်းနည်းလေးတောင် အထင်မရောက်စေလိုပါ။

နေးလက်တွေကို ထွေးဆုပ်ထားတဲ့ ကိုကို့လက်တွေကို ငေးကြည့်ရာကနေ အကြည့်လွှဲကာ ကိုကို့မျက်နှာကို မော့ကြည့်လိုက်သည်။ စူးစူးနစ်နစ်ငေးမောနေတဲ့ ကိုကို့မျက်ဝန်းတွေကို ပြန်စိုက်ကြည့်ရင်း စူးခနဲဖြစ်သွားတဲ့နေးရဲ့ခေါင်းကြောင့် မျက်လုံးတွေကို ဖိမှိတ်ပစ်လိုက်သည်။

" နေး . အဆင်ပြေရဲ့လား နေး ... ဘာဖြစ်လို့လဲ "

ကိုကို့ရဲ့ စိုးရိမ်တကြီး မေးမြန်းသံတွေနဲ့အတူ မျက်နှာချင်းဆိုင်မှာ ထိုင်နေရာကနေထလာပြီး နေးအနားရောက်လာတာကို ခံစားမိလိုက်ပေမယ့် ထိုးကိုက်နေတဲ့ခေါင်းကြောင့် ပြန်ပြီးမတုံ့ပြန်ဖြစ်ပါ။ နေး ပြန်မမှတ်မိသေးတဲ့အချိန်တွေမှာ ကိုကိုက နေးကို အခုလိုမျိုး စူးစူးနစ်နစ် ငေးစိုက်ကြည့်ဖူးသည်ထင်ပါရဲ့။ ပုံစံတူမျက်ဝန်းတစ်စုံက နေးအတွေးထဲကို ပေါ်လာတော့ ခေါင်းကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်သလိုမျိုး မိုက်ခနဲဖြစ်သွားခဲ့သည်။

" ခေါင်းကိုက်တာလား နေး ... တစ်ခုခုမှတ်မိတာလား . မဟုတ်ဘူး . တစ်ခုခုကို စဉ်းစားလိုက်လို့ဖြစ်တာလား . အဲ့ဒါဆို မစဉ်းစားနဲ့တော့နော် နေး ... မစဉ်းစားနဲ့တော့ . နေးအတွက် ပင်ပန်းရတယ်ဆိုရင် မစဉ်းစားနဲ့... အတိတ်ကိုပြန်မမှတ်မိလည်း အဆင်ပြေပါတယ် "

ဘေးနားမှာထိုင်ပြီး ရင်ခွင်ထဲဆွဲသွင်းလို့ ထွေးပွေ့လာတဲ့ ကိုကို့ကြောင့် နေးတစ်ကိုယ်လုံး နွေးထွေးသွားရသည်။ ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးလာတဲ့ အထိအတွေ့ကြောင့် နေးမျက်လုံးတွေကို မှိတ်ချလိုက်ရင်း ကိုကို့ရင်ခွင်ထဲကို သက်တောင့်သက်သာနဲ့ မှီချပစ်လိုက်သည်။ ကိုကို့ရဲ့ကိုယ်သင်းနံ့က နေးရဲ့စိတ်ကို သက်သာရာရစေသည်မို့ ခေါင်းကိုက်တာကိုအကြောင်းပြပြီး ပေကပ်ကာမှီခိုမိတော့သည်။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၂-၂-၂၀၂၄)

come back now!  ☺
Thanks for waiting & missing.

Czytaj Dalej

To Też Polubisz

419K 11.9K 54
Own Ceration, Both uni&zawgi Cover photo credit. Romance love fiction🖤 (အဒေါ့ဟစ်တလာကတော့. . "ချစ်လှစွာသောအီဗာရေ ငါ့ဗိုလ်ချုပ်ကြီးတွေနဲ့ငါပိုင်သမျှက...
68.2K 3.6K 57
The Innocent Revenge အပြစ်ကင်းလှသည့်ကလဲ့စားခြေမှုကြောင့်ဝမ်းနည်းဖွယ်ရာဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တည်လာခဲ့ရသည်.... owncreation...နှင်းကြွေ The Innocent Rev...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
137K 11.3K 46
Unicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ....