Unicode
အထိအခိုက်များလွန်းလှသည့် မြတင့်၏ဘဝထဲတွင် ချိုမြိန်လွန်းလှသည့် ချစ်ခြင်းမေတ္တာများစွာ တည်ရှိခဲ့ဖူးသည်ကို မြတင့်သည် လွန်စွာ နောက်ကျမှ သိခဲ့ရသည်။
သူသည် အရေးပိုင်မင်းကိုလှသောင်၏ ချစ်ခြင်းမေတ္တာကိုလည်း ပြက်ရယ်ပြုမိခဲ့သေးသည်။ အခွင့်အရေးကလေးများ ရှိဦးမယ်ဆိုရင် မြလေ ကိုလှသောင်ကို တောင်းပန်ချင်လိုက်တာကွယ်။ အခုတော့ဖြင့် မြဟာ မှားပြီးရင်း မှားနေပါရောလား။
မြတင့်သည် စံပယ်တွေဟာ သိပ်မွှေးတဲ့အကြောင်းကိုလည်း လွန်စွာနောက်ကျမှ သိခွင့်ရခဲ့လေသည်။ စံပယ်တွေဟာ သိပ်ကို မွှေးတဲ့အကြောင်း သူ့ကို ပြောပြချင်သည်။ သို့သော်...သူက မြတင့်ကို မုန်းနေနှင့်ပြီလေ။
"ကျွန်တော် မြဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး"
"တစ်ခါလောက်တော့ နှင်းဆီတွေအစား စံပယ်တွေကို ပန်ကြည့်စမ်းပါ မြရယ်၊ စံပယ်တွေက သိပ်မွှေးတာ မြရဲ့"
သူသည် ဘယ်ကြောင့်များ ခြံစောင့်ကလေး မြတ်သိန်းကို အဝေးကို တွန်းပို့ခဲ့မိပါလိမ့်။ သူ ဘယ်လောက်တောင် ရက်စက်ကာ အကြင်နာမဲ့ခဲ့မိပါလိမ့်။
ဖြူစင်သန့်ရှင်းလွန်းလှသည့် မြတ်သိန်း၏ ချစ်ခြင်းမေတ္တာများ သူသည် အမြစ်မှနေ၍ ဆွဲနှုတ်ကာ အပိုင်းပိုင်းချိုးဖဲ့ဖျက်စီးပစ်ခဲ့မိလေသည်။
ဒူးထောက်ပြီး တောင်းပန်လျှင်ပင် မြတ်သိန်းအပေါ် ပြုမိခဲ့သည့် အပြစ်တို့ ကျေနိုင်မည် မထင်တော့ပါ။
မြတ်သိန်းဟာ သူ မုန်းသော မိန်းမနှင့် လက်ထပ်ခဲ့ရသည်။ ကျွန်တော်လည်း မြကို ရင်နှင့်အမျှပါပဲဟူသည့် စကားလေးကိုပင် အဖက်မလုပ်မိခဲ့ချေ။
မြဟာ ရူးနေခဲ့တာပဲ၊ ဖြစ်ခဲ့ရတဲ့ ကိစ္စအဝဝဟာ မြရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့်ပဲ။ မြ တာဝန်ယူချင်တယ်။ အမှားတွေကို ပြန်လည် ပြင်ဆင်ချင်တယ်။
"တစ်ခုတော့ မြ မောင့်ကို မှာချင်ပါသေးသည်။
ပန်းမခူးပါနဲ့ မောင်"
ဒီစာလုံးကလေးများအား မြတင့်သည် သူ၏လက်ကျန်ခွန်အားကလေးဖြင့် ရေးခဲ့ရခြင်းသာ။
လွန်းမောင် ... မြ သိပ်ချစ်ခဲ့ရသူ။ မြကို သိပ်ကို နာကျင်စေခဲ့တဲ့သူ။ မြ မုန်းမရတဲ့သူ...။
မြ မောင့်ကို ချစ်တယ်လေ။ ခွင့်လွှတ်တယ်။
သို့သော်... မြလေ မောင်နဲ့ မဆုံချင်တော့ဘူးကွယ်။
ပြီးတော့ အရာအားလုံး အမှောင်ဖုံးသွားခဲ့သည်လေ။
ကိုလှသောင်ရဲ့ လှုပ်နှိုးနေသံကို မြတင့် နောက်ဆုံး ကြားလိုက်ရသည်။
"မြတင့်.. မအိပ်နဲ့တော့ ဖျားနေမယ်"
ကိုလှသောင် ထပ်ခါထပ်ခါ လှုပ်နှိုးနေတာ မြ ကြားလိုက်မိသလိုပဲ။ ထားပါ။ ဒါတွေဟာ သေခါနီးလူတစ်ယောက်ရဲ့ ကယောင်ခြောက်ခြားဖြစ်ရုံ သပ်သပ်ပါပဲ။
ပြီးနောက်တော့ ကိုလှသောင်ရဲ့ အသံဟာ ဝေးသထက်ဝေးလာခဲ့သည်။ ပြီးတော့ မြ အဝေးကြီးကို လွင့်ထွက်သွားတော့တာပဲ။
ဒါဟာ မြရဲ့ အဆုံးသတ်တဲ့လား။
မြရဲ့ဘဝဟာ ဒီလိုကြေကွဲရင်းနဲ့ ရင်ကွဲနာကျရင်း နောင်တတွေ တပွေ့တပိုက်နဲ့ ပြီးဆုံးသွားတော့မှာတဲ့လား။
"မြ မကျေနပ်ဘူး မြ ခံပြင်းလွန်းတယ်"
ထို့နောက်တွင်တော့ မြတင့်သည် မှောင်မဲနေသော ချောက်နက်ကြီးအတွင်းသို့ ပြုတ်ကျသွားလေသည်။
အေးစိမ့်နေသော ခံစားချက်ကြီးကို မြတင့်သည် မုန်းလွန်းလှသည်။ စီးကရက်ကလေး တစ်ခဲလောက်နှင့် ဝီစကီလေး တစ်ငုံသောက်သာ သောက်လိုက်ရလျှင်....
မြတင့်၏ လက်ဖျားကလေးများ နွေးထွေးစပြုလာသည်။ တစ်ယောက်ယောက်က ဆုပ်ကိုင်ထားပေးသလိုပဲ။
မြတင့်သည် အလန့်တကြား မျက်လုံးဖွင့်ကြည့်မိလိုက်သည်။
"မြက ပြတင်းတံခါးမပိတ်ဘဲ အိပ်ပျော်သွားတာပဲ"
မြတ်သိန်းရဲ့ အသံ။
မြ...မြက သေသွားတာ မဟုတ်ဘူးလား။
"မြရဲ့ လက်ကလေးတွေတောင် အေးနေပြီလေ၊ ဂရုစိုက်မှပေါ့"
မြတ်သိန်းက မြကို ပြုံးပြီး ကြည့်နေသတဲ့လေ။
မြ ပြန်ရှင်လာတာလား...။
******
Zawgyi
အထိအခိုက္မ်ားလြန္းလွသည့္ ျမတင့္၏ဘဝထဲတြင္ ခ်ိဳၿမိန္လြန္းလွသည့္ ခ်စ္ျခင္းေမတၱာမ်ားစြာ တည္ရွိခဲ့ဖူးသည္ကို ျမတင့္သည္ လြန္စြာ ေနာက္က်မွ သိခဲ့ရသည္။
သူသည္ အေရးပိုင္မင္းကိုလွေသာင္၏ ခ်စ္ျခင္းေမတၱာကိုလည္း ျပက္ရယ္ျပဳမိခဲ့ေသးသည္။ အခြင့္အေရးကေလးမ်ား ရွိဦးမယ္ဆိုရင္ ျမေလ ကိုလွေသာင္ကို ေတာင္းပန္ခ်င္လိုက္တာကြယ္။ အခုေတာ့ျဖင့္ ျမဟာ မွားၿပီးရင္း မွားေနပါေရာလား။
ျမတင့္သည္ စံပယ္ေတြဟာ သိပ္ေမႊးတဲ့အေၾကာင္းကိုလည္း လြန္စြာေနာက္က်မွ သိခြင့္ရခဲ့ေလသည္။ စံပယ္ေတြဟာ သိပ္ကို ေမႊးတဲ့အေၾကာင္း သူ႔ကို ေျပာျပခ်င္သည္။ သို႔ေသာ္...သူက ျမတင့္ကို မုန္းေနႏွင့္ၿပီေလ။
"ကၽြန္ေတာ္ ျမဆီ ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူး"
"တစ္ခါေလာက္ေတာ့ ႏွင္းဆီေတြအစား စံပယ္ေတြကို ပန္ၾကည့္စမ္းပါ ျမရယ္၊ စံပယ္ေတြက သိပ္ေမႊးတာ ျမရဲ့"
သူသည္ ဘယ္ေၾကာင့္မ်ား ၿခံေစာင့္ကေလး ျမတ္သိန္းကို အေဝးကို တြန္းပို႔ခဲ့မိပါလိမ့္။ သူ ဘယ္ေလာက္ေတာင္ ရက္စက္ကာ အၾကင္နာမဲ့ခဲ့မိပါလိမ့္။
ျဖဴစင္သန႔္ရွင္းလြန္းလွသည့္ ျမတ္သိန္း၏ ခ်စ္ျခင္းေမတၱာမ်ား သူသည္ အျမစ္မွေန၍ ဆြဲႏွုတ္ကာ အပိုင္းပိုင္းခ်ိဳးဖဲ့ဖ်က္စီးပစ္ခဲ့မိေလသည္။
ဒူးေထာက္ၿပီး ေတာင္းပန္လၽွင္ပင္ ျမတ္သိန္းအေပၚ ျပဳမိခဲ့သည့္ အျပစ္တို႔ ေက်နိုင္မည္ မထင္ေတာ့ပါ။
ျမတ္သိန္းဟာ သူ မုန္းေသာ မိန္းမႏွင့္ လက္ထပ္ခဲ့ရသည္။ ကၽြန္ေတာ္လည္း ျမကို ရင္ႏွင့္အမၽွပါပဲဟူသည့္ စကားေလးကိုပက္ အဖက္မလုပ္မိခဲ့ေခ်။
ျမဟာ ႐ူးေနခဲ့တာပဲ၊ ျဖစ္ခဲ့ရတဲ့ ကိစၥအဝဝဟာ ျမရဲ့ ဆုံးျဖတ္ခ်က္အမွားေတြေၾကာင့္ပဲ။ ၿမ တာဝန္ယူခ်င္တယ္။ အမွားေတြကို ျပန္လည္ ျပင္ဆင္ခ်င္တယ္။
"တစ္ခုေတာ့ ၿမ ေမာင့္ကို မွာခ်င္ပါေသးသည္။
ပန္းမခူးပါနဲ႔ ေမာင္"
ဒီစာလုံးကေလးမ်ားအား ျမတင့္သည္ သူ၏လက္က်န္ခြန္အားကေလးျဖင့္ ေရးခဲ့ရျခင္းသာ။
လြန္းေမာင္ ... ၿမ သိပ္ခ်စ္ခဲ့ရသူ။ ျမကို သိပ္ကို နာက်င္ေစခဲ့တဲ့သူ။ ၿမ မုန္းမရတဲ့သူ...။
ၿမ ေမာင့္ကို ခ်စ္တယ္ေလ။ ခြင့္လႊတ္တယ္။
သို႔ေသာ္... ျမေလ ေမာင္နဲ႔ မဆုံခ်င္ေတာ့ဘူးကြယ္။
ၿပီးေတာ့ အရာအားလုံး အေမွာင္ဖုံးသြားခဲ့သည္ေလ။
ကိုလွေသာင္ရဲ့ လွုပ္ႏွိုးေနသံကို ျမတင့္ ေနာက္ဆုံး ၾကားလိုက္ရသည္။
"ျမတင့္.. မအိပ္နဲ႔ေတာ့ ဖ်ားေနမယ္"
ကိုလွေသာင္ ထပ္ခါထပ္ခါ လွုပ္ႏွိုးေနတာ ၿမ ၾကားလိုက္မိသလိုပဲ။ ထားပါ။ ဒါေတြဟာ ေသခါနီးလူတစ္ေယာက္ရဲ့ ကေယာင္ေျခာက္ျခားျဖစ္႐ုံ သပ္သပ္ပါပဲ။
ၿပီးေနာက္ေတာ့ ကိုလွေသာင္ရဲ့ အသံဟာ ေဝးသထက္ေဝးလာခဲ့သည္။ ၿပီးေတာ့ ၿမ အေဝးႀကီးကို လြင့္ထြက္သြားေတာ့တာပဲ။
ဒါဟာ ျမရဲ့ အဆုံးသတ္တဲ့လား။
ျမရဲ့ဘဝဟာ ဒီလိုေၾကကြဲရင္းနဲ႔ ရင္ကြဲနာက်ရင္း ေနာင္တေတြ တေပြ႕တပိုက္နဲ႔ ၿပီးဆုံးသြားေတာ့မွာတဲ့လား။
"ၿမ မေက်နပ္ဘူး ၿမ ခံျပင္းလြန္းတယ္"
ထို႔ေနာက္တြင္ေတာ့ ျမတင့္သည္ ေမွာင္မဲေနေသာ ေခ်ာက္နက္ႀကီးအတြင္းသို႔ ျပဳတ္က်သြားေလသည္။
ေအးစိမ့္ေနေသာ ခံစားခ်က္ႀကီးကို ျမတင့္သည္ မုန္းလြန္းလွသည္။ စီးကရက္ကေလး တစ္ခဲေလာက္ႏွင့္ ဝီစကီေလး တစ္ငုံေသာက္သာ ေသာက္လိုက္ရလၽွင္....
ျမတင့္၏ လက္ဖ်ားကေလးမ်ား ေႏြးေထြးစျပဳလာသည္။ တစ္ေယာက္ေယာက္က ဆုပ္ကိုင္ထားေပးသလိုပဲ။
ျမတင့္သည္ အလန႔္တၾကား မ်က္လုံးဖြင့္ၾကည့္မိလိုက္သည္။
"ျမက ျပတင္းတံခါးမပိတ္ဘဲ အိပ္ေပ်ာ္သြားတာပဲ"
ျမတ္သိန္းရဲ့ အသံ။
ျမ...ျမက ေသသြားတာ မဟုတ္ဘူးလား။
"ျမရဲ့ လက္ကေလးေတြေတာင္ ေအးေနၿပီေလ၊ ဂ႐ုစိုက္မွေပါ့"
ျမတ္သိန္းက ျမကို ျပဳံးၿပီး ၾကည့္ေနသတဲ့ေလ။
ၿမ ျပန္ရွင္လာတာလား...။