နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2

Chapter [106] - Extra 3

946 104 14
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၁၀၆) : အချပ်ပို (၃)

Tianya ဖိုရမ်တွင် ပို့စ်တစ်ခု နာမည်ကြီးနေပြီး ကြည့်ရှုသူနှစ်သိန်းကျော်၊ မှတ်ချက် နှစ်ထောင်ကျော် ရရှိနေပြီဖြစ်၏။ ပို့စ်၏ခေါင်းစဉ်ကား ‘အနုပညာလောကသားအနေနဲ့ အနုပညာလောကရဲ့ ချစ်ကြည်နူးနေတဲ့ စုံတွဲတွေအကြောင်း ဖော်ထုတ်လိုက်ကြရအောင်’ ဟူ၍။

ပို့စ်ပိုင်ရှင်၏ စကားအသွားအလာက အလွန်ရယ်မြူးဖွယ်ကောင်း၍ လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထို့အပြင် မျှဝေထားသည့် သတင်းအချက်အလက်များက အမှန်တစ်ဝက်၊ အမှားတစ်ဝက်ဖြစ်ရာ အနုပညာအသိုင်းအဝိုင်းအကြောင်း နားမလည်သော သာမန်လူများအတွက် မယုံကြည်နိုင်ဖွယ်အတိ။

Weibo ပေါ်တွင် တီတီတာတာ တင်လေ့ရှိသော စုံတွဲသည် တကယ့်ဘဝတွင် ယောက်ျားက ကလပ်တက်ရတာကို ကြိုက်ပြီး အမြဲတမ်း အပြင်လျှောက်သွားနေတတ်သည်။ သမီးဖြစ်သူကို Weibo ပေါ် အမြဲတင်ကြွားလေ့ရှိသော အမျိုးသားအနုပညာရှင် တစ်ဦးသည် တကယ်တမ်းတွင် ဖိုဝါဒကြီးစိုးသူဖြစ်ပြီး ကလေးကို ဂရုမစိုက်ဘဲ တစ်ချိန်လုံး ဂိမ်းဆော့နေတတ်သည်။ လူသိရှင်ကြား ချစ်ပြကြင်နာပြသည့် တခြားစုံတွဲတစ်တွဲသည်လည်း လက်တွေ့တွင် ပြတ်ဆဲခဲ့တာကြာပြီဖြစ်ပြီး သီးခြားနေထိုင်နေပြီ ဖြစ်သည်။

လူမသိသည့် အချက်အလက်များကို ပိုမိုဖော်ထုတ်နိုင်လေ၊ ပရိသတ်က စိတ်ဝင်စားလေပင်။ ထို့ကြောင့် နှစ်သက်သဘောကျရသည့် အနုပညာရှင်အကြောင်း ဖော်ထုတ်ပေးရန် တောင်းဆိုလာကြသည့် ပရိသတ်များပင် ရှိလာသည်။ တောင်းဆိုခံရသည့် စာရင်းတွင် နဉ်ရှီသည် ထိပ်ဆုံးနေရာ၌ ရပ်တည်နေ၏။

တရုတ်ပြည်၏ ထင်ရှားကျော်ကြားသော မျိုးဆက်သစ်အနုပညာရှင်များအနက် နဉ်ရှီသည် သရုပ်ဆောင်ကောင်းရုံသာမက သူမ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများလည်း နာမည်ကြီးသည်။ နိုင်ငံရပ်ခြားသွားပြီး ကော်ဇောနီပေါ် လျှောက်လှမ်းနိုင်သော်လည်း ပြင်ပမီဒီယာများ သတိမပြုမိသည့် အနုပညာရှင်များလို မဟုတ်ပါဘဲ နဉ်ရှီက နိုင်ငံတကာအထိ ထိုးဖောက်နိုင်ခဲ့သည်။

ပြည်တွင်းပရိသတ်များပင် နဉ်ရှီအတွက် Weibo Acc ဖွင့်ထားသော ပြည်ပပရိသတ်များနှင့် အသားကျနေပြီဖြစ်သည်။ နဉ်ရှီအကြောင်း နိုင်ငံခြားသတင်းများကိုလည်း ကျင့်သားရလာချေပြီ။ ယနေ့ နိုင်ငံခြားဇာတ်ကားတစ်ခုတွင် နဉ်ရှီ ပါဝင်သရုပ်ဆောင်နေကြောင်း သတင်းတက်ပြီး နောက်တစ်နေ့ ကမ္ဘာကျော်သရုပ်ဆောင်များနှင့် ရင်ဘောင်တန်းကာ ကော်ဇောနီထက် လျှောက်လှမ်းနေကြောင်း သတင်းတက်လာနိုင်သလို နောက်ရက်များတွင်လည်း မည်သည့်ကမ္ဘာကျော်မဂ္ဂဇင်းမှာ မည်သို့ မျက်နှာဖုံးမော်ဒယ်လုပ်နေကြောင်း သတင်းတက်လာတတ်သည်။

ခြုံငုံပြောရလျှင် ကမ္ဘာကျော်သရုပ်ဆောင်အများစုသည် သူမလောက် မငယ်ရွယ်သလို သူမ၏ အသက်အရွယ်တွင် ဤမျှအောင်မြင်ကျော်ကြားခြင်း၊ သို့မဟုတ် အနုပညာလောက၏ အသိအမှတ်ပြုခံရခြင်း မရှိဖူးပေ။ နဉ်ရှီသည် ပွဲဦးထွက်ပြီး နှစ်နှစ်အကြာမှာတော့ ခင်ပွန်းဖြစ်သူနှင့် လက်ထပ်ခဲ့၏။ ထိုဖြစ်ရပ်ကြောင့် ယောက်ျား၊ မိန်းမ၊ ပရိသတ်အားလုံး တစ်ဖက်မှာ ဆုတောင်းပေးကြသလို တခြားတစ်ဖက်တွင်လည်း တိတ်တခိုးလေး ဝမ်းနည်းမျက်ရည် သုတ်ကြရသည်။ သူတို့၏ နတ်ဘုရားမလေး လက်ထပ်သွားပြီဖြစ်၍ သူတို့အနေဖြင့် သူမ၏ ဇနီးလေး၊ သို့မဟုတ် ခင်ပွန်းသည် မဖြစ်နိုင်တော့ပေ။ တကယ့်ကို ဝမ်းနည်းစရာကောင်းလှသည်။

နဉ်ရှီလက်ထပ်ပြီးသည်မှာ လေးနှစ်ကျော်ပင် ကြာမြင့်ခဲ့ချေပြီ။ နဉ်ရှီက Weibo ပေါ်တွင် ချစ်စရာကောင်းသည့် ဓာတ်ပုံများ တင်ရတာကို မနှစ်သက်သလို သူ့ခင်ပွန်း၏ Weibo ကလည်း အများအားဖြင့် လှုပ်ရှားမှုမရှိပေ။ တစ်ခါတရံ Repost တင်ခြင်း၊ သို့မဟုတ် တခြားပို့စ်တစ်ခုကို Like လုပ်ခြင်းသာ လုပ်တတ်ပြီး ထိုအပြုအမူအားလုံးက နဉ်ရှီအတွက်သာ ဖြစ်သည်။ သူတို့နှစ်ဦး၏ အပြုအမူက တစ်ဦးကိုတစ်ဦး ချစ်ကြောင်းကြင်နာကြောင်း တမင်ဖော်ပြနေစရာမလိုသည့် အချစ်သက်သေတစ်ခုဟု ပရိသတ်များကို ခံစားရစေသည်။

ဒုတိယအချစ်သက်သေကား ဒါရိုက်တာတချို့ ပြောကြားလာခြင်းပင်။ သူတို့ ညအိပ်ညနေ ရုပ်ရှင်ရိုက်ရသည့် နေ့များဆိုလျှင် တစ်စုံတစ်ယောက်က ခေါင်းဆောင်မင်းသမီးအတွက် ညလယ်စာ စီစဉ်ပေးတတ်သည်ဟူ၍။ ထိုလူကား နဉ်ရှီ၏ အမျိုးသားပင် ဖြစ်သည်။

တတိယအချစ်သက်သေကား သူတို့နှစ်ဦး ခရီးထွက်တိုင်း၊ နာမည်ကြီးစားသောက်ဆိုင်မှာ ထမင်းစားတိုင်း ပရိသတ်များ ရိုက်ကူးထားသည့် ဓာတ်ပုံများပင် ဖြစ်၏။ ထိုဓာတ်ပုံများထဲတွင် တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှုံ့နေခြင်း မရှိပါသော်ငြား ချိုမြိန်သည့် အချစ်ရိပ်များ ပျံ့လွင့်စိမ့်ဝင်နေပြီး ဓာတ်ပုံကို မြင်ရသူတိုင်း သူတို့နှစ်ဦး၏ တစ်ဦးအပေါ် တစ်ဦးထားအပ်သော ချစ်ခြင်းတရားကို ခံစားရစေသည်။

ထို့ကြောင့် ‘ဖော်ထုတ်ကြရအောင်’ပို့စ် တင်လာသောအခါ ပရိသတ်အများအပြားက အနုပညာအသိုင်းအဝိုင်းမှ မဟုတ်သည့် ခင်ပွန်းသည်ကို လက်ထပ်ထားသော နဉ်ရှီ၏ အိမ်ထောင်ရေးအကြောင်း အမှန်အတိုင်းသိနိုင်ရန် မျှော်လင့်ခဲ့ကြသည်။

တောင်းဆိုမှု အလွန်များပြားသဖြင့် ပို့စ်ပိုင်ရှင်က သည်းမခံနိုင်တော့ဘဲ နဉ်ရှီအကြောင်း စတင်ဆွေးနွေးခဲ့သည်။

မှတ်ချက် 5892, OP မှ : ရိုးရိုးသားသားဝန်ခံရရင် နဉ်ရှီရဲ့အတွင်းရေးတွေ ဖော်ထုတ်ဖို့ တောင်းဆိုကြတုန်းက ငါ တိတ်တိတ်လေး ငြင်းဆန်နေမိတယ်။ ဘာလို့လဲဆိုတော့ လူအတော်များများက နဉ်ရှီရဲ့ အမျိုသားကို ဘောစိဆိုပြီး သိထားကြပေမယ့် သူတို့မိသားစု ဘယ်လောက်ချမ်းသာလဲဆိုတာ သေချာမသိကြဘူး။ ရှင်းရှင်းပြောရရင် သတင်းမှာတက်လာတဲ့ အကောင်ကြီးကြီးတိုင်း နဉ်ရှီရဲ့အမျိုးသားနဲ့ ဆက်စပ်မှုရှိတယ်။ လွန်ခဲ့တဲ့လေးနှစ်က နဉ်ရှီရဲ့ မင်္ဂလာပွဲကို မှတ်မိကြသေးလား..? အဲတုန်းက အရပ်ဝတ်အရာရှိတွေ အများကြီး မင်္ဂလာအခမ်းအနားကို လာကြတယ်လေ။ မင်္ဂလာဆောင်အပြင်မှာလည်း ကင်းလှည့်နေတဲ့ ရဲတွေမှ အများကြီးပဲ။ မဟုတ်ရင် လွှမ်းမိုးမှုကြီးပါတယ်ဆိုတဲ့ မီဒီယာသတင်းဌာနတွေအားလုံး မင်္ဂလာပွဲထဲ ဘာလို့မဝင်နိုင်ခဲ့တာထင်လဲ..? လိုင်းပေါ်မှာရှိနေတဲ့ မင်္ဂလာဓာတ်ပုံတွေက ပွဲတက်ဧည့်သည်တွေ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေချည်းပဲ။ ခိုးဝင်ဖို့ကြိုးစားခဲ့တဲ့ အနုပညာသတင်းထောက်တွေအားလုံး ချက်ချင်း အပြင်ပြန်ပို့ခံရတယ်။ ငါ မပြောရသေးတဲ့ တခြားအသေးစိတ် အချက်အလက်တွေ ရှိနေသေးတယ်။ ဒါပေမဲ့ မင်းတို့လည်း တွေးတတ်မှာပါ။

မှတ်ချက် 5893, OP မှ : ဒါပေမဲ့ အားလုံးက နဉ်ရှီအကြောင်း ဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြတော့ ငါလည်း ဖိအားတွေအောက်က ကုန်းရုန်းကြိုးစားပြီး ဒီအကြောင်းအရာကို ဖော်ပြလိုက်ပါတယ်။ အားလုံးမေးထားကြတာက နဉ်ရှီနဲ့ သူ့ခင်ပွန်း အမှန်တကယ် ချစ်မြတ်နိုးကြရဲ့လားတဲ့။ ငါ့ရဲ့ အဖြေကတော့ Yes ပါပဲ။ သူတို့ လက်ထပ်တော့ အနုပညာလောကထဲက လူတော်တော်များများ သူတို့ရဲ့လက်ထပ်ပွဲကို သဘောမကျကြဘူး။ မင်းတို့လည်း ဘာကြောင့်ဆိုတာ တွေးမိမှာပါ။ ဒါပေမဲ့ နဉ်ရှီနဲ့ သူ့ယောက်ျားရဲ့ ဆက်ဆံရေးက တကယ့်ကို ကောင်းတယ်။ အနုပညာလောကထဲက လူတွေတောင် နဉ်ရှီရဲ့ ဘဝကံကြမ္မာကို အားကျရတဲ့အထိပဲ။ သာမန်ခင်ပွန်းသည်က ဇနီးသည် အလုပ်နောက်ကျရင် သွားကြိုချင်မှကြိုမယ်၊ ခရီးအကြာကြီး ထွက်ရင်တော့ ကြိုးစားအချိန်ရှာပြီး လာတွေ့လိမ့်မယ်။ ဒါပေမဲ့ နဉ်ရှီရဲ့ယောက်ျားကတော့ အရာအားလုံး လုပ်ပေးပြီး တစ်ခါတလေ အဲလိုလုပ်ပေးဖို့ သူ့အလုပ်ကိုတောင် ထားခဲ့တတ်တယ်။ နဉ်ရှီရဲ့ ရှုတင်ကို သွားလည်တိုင်း မပြန်ချင်တော့တဲ့ပုံနဲ့။

မှတ်ချက် 5897, OP မှ : ငါ့စကားကို သံသယဝင်နေတဲ့လူတွေလည်း ရှိမယ်ထင်တယ်။ ငါက အမှန်အတိုင်း ပြောပြရုံပါ။ ယုံတာမယုံတာ နင်တို့သဘောပဲ။ ဘာပဲပြောပြော ငါက သူတို့အတွဲ ချစ်ကြည်နူးနေတာကို ကိုယ်တိုင်မြင်ခဲ့ရတဲ့လူလေ။ သူတို့နှစ်ယောက်ရဲ့အချစ်ကမှ အချစ်စစ်မဟုတ်ရင် လောကမှာ အချစ်စစ်ဆိုတဲ့အရာ မရှိတော့ဘူး။

မှတ်ချက် 6001, OP မှ : လူချမ်းသာမိသားစုထဲမှာ နဉ်ရှီ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းအတွက်တော့ ငါလည်း သိပ်မသေချာဘူး။ ငါကိုယ်တိုင် သေချာမြင်ရသေးတာမှ မဟုတ်တာ။ ဒါပေမဲ့ သည်းသည်းလှုပ် ဂရုစိုက်တတ်တဲ့ ဒီလိုယောက်ျားနဲ့ လေးစားကြင်နာတတ်တဲ့ ယောက္ခမမျိုး ပိုင်ဆိုင်ထားမှတော့ အဲ့မိသားစု ဘယ်လောက်ပဲချမ်းသာပါစေ၊ နဉ်ရှီရဲ့ဘဝက သာယာချမ်းမြေ့နေမှာ အမှန်ပဲ။

ထိုပို့စ်က အရမ်းနာမည်ကြီးသွားတာကြောင့် မီဒီယာတော်တော်များများ စိတ်ဝင်စားလာသည်။ OP ၏ ဖော်ထုတ်မှုခံခဲ့ရသော တချို့အနုပညာရှင်များဆိုလျှင် ထိုလူ၏သရုပ်မှန်ကို ဖော်ထုတ်ရန် စတင်ကြိုးစားလာပြီး ပါးစပ်ပိတ်ချင်နေကြတော့၏။

နဉ်ရှီသည် နိုင်ငံခြားတွင် ရုပ်ရှင်ရိုက်ကူးနေသဖြင့် အားလပ်ချိန်ရောက်မှ ထိုပို့စ်ကို မြင်ခဲ့သည်။ ထို ‘ဖော်ထုတ်ကြရအောင်’ပို့စ်ကို မြင်သောအခါ နဉ်ရှီ ရယ်မောလိုက်မိသည်။ သို့နှင့် ပို့စ်ကိုဖတ်ရင်း အားလပ်ချိန်များ ကုန်ဆုံးသွားရသည်။ တစ်နေ့မှာတော့ Website တစ်ခုမှ ဗီဒီယိုတစ်ပုဒ် မြင်လိုက်ရပြီး ဗီဒီယိုဖန်တီးသူ၏ လေးနက်မှုကို ရင်ထဲထိသွားရ၏။

ထိုဗီဒီယိုထဲတွင် ကျို့ကျီနှင့် လက်မှတ်မထိုးခင်က နဉ်ရှီ၏ ဘဝဇာတ်ကြောင်းများ ပါဝင်နေသည်။ နိုင်ငံခြားတွင် အလုပ်လုပ်ခဲ့သည့် ပုံရိပ်များနှင့် လူစားထိုးသရုပ်ဆောင်အဖြစ် အလုပ်လုပ်ခဲ့ပုံများ၊ သတင်းစာ၊ မဂ္ဂဇင်းများပေါ်မှ သူမ၏ အလှဓာတ်ပုံများ၊ ထို့အပြင် စတိုးဆိုင်နှင့် စားသောက်ဆိုင်များတွင် အလုပ်လုပ်ခဲ့ပုံများလည်း ပါဝင်နေသည်။ ထိုဓာတ်ပုံများကို ရှာဖွေရန် မည်မျှခက်ခဲကြောင်း သိသာပါသည်။ သို့သော် ဗီဒီယိုဖန်တီးသူက ဓာတ်ပုံများကို သေချာစုစည်းထားသဖြင့် သူမည်မျှကြိုးစားအားထုပ်ခဲ့ကြောင်း ပေါ်လွင်နေတော့သည်။

အထက်တန်းတက်ခဲ့စဉ်က ဆုယူနေသည့် ဓာတ်ပုံနှစ်ပုံလည်း ပါဝင်နေသေးသည်။ ထိုဓာတ်ပုံထဲတွင် သူမက ဝဝကစ်ကစ်လေးဖြစ်ပြီး အားပါးတရ ပြုံးရယ်နေသဖြင့် မျက်လုံးကိုပင် မမြင်ရတော့ချေ။

နဉ်ရှီ၏စိတ်ထဲ ထိုအချိန်ကို ပြန်လည်မြင်ယောင်လာသည်။ ထိုစဉ်က သူမ၏ မိဘနှစ်ပါးသည် စင်အောက်တွင် ထိုင်နေကြပြီး သူမထက်ပင် ပျော်ရွှင်ဝမ်းမြှောက်စွာ လက်ခုပ်တီးပေးခဲ့သည်။ မျက်စိတစ်မှိတ်စာအတွင်း ၁၀ နှစ်ကျော် ကြာမြင့်ခဲ့ချေပြီ။ ယခုဆိုလျှင် သူမက ဒီဇိုင်နာချုပ် တန်ဖိုးကြီးအဝတ်အစားများ၊ တန်ဖိုးကြီးအဆင်တန်ဆာများကို ဝတ်ဆင်ပြီး သည်းသည်းလှုပ် ချစ်မြတ်နိုးပေးသော ခင်ပွန်းသည်ကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် မိဘနှစ်ပါးနှင့် ကုန်လွန်ဖြတ်သန်းခဲ့ရသည့် အချိန်က သူမအတွက်တော့ အဖိုးမဖြတ်နိုင်သည့် နေ့ရက်များပင်။

ဤဘဝမှာတော့ ကံဆိုးမှုထက် ကံကောင်းမှုက သာလွန်ခဲ့ပါသည်။

ရုပ်ရှင်ရိုက်ပြီးနောက် နဉ်ရှီသည် ကော်ဖီဆိုင်သို့ တစ်ဦးတည်း ထွက်လာခဲ့၏။ ထိုနေရာတွင် သူမကို လူတစ်ချို့ စောင့်ဆိုင်းနေသည်။ ထိုလူများဟာ မတူညီသည့် နိုင်ငံများမှ ရောက်လာတာဖြစ်ပြီး ကံတရားအရ တွေ့ဆုံကာ သူငယ်ချင်းဖြစ်ခဲ့ကြသည်။ အသီးသီးတွင် စိတ်မချမ်းမြေ့ဖွယ်အတိတ်များ ရှိခဲ့သော်ငြား ကိုယ်ပိုင်အားထုတ်မှုဖြင့် မျှော်လင့်ချက်ပြည့်ဝသော ဘဝကို ပိုင်ဆိုင်ထားနိုင်သည်။

သူတို့အားလုံး အတူတူ ကော်ဖီသောက်ပြီး အချင်းချင်းပွေ့ဖက်ကာ ဆုတောင်းပေးခဲ့သည်။ ပြီးနောက် ကိုယ်ပိုင်ဘဝထဲသို့ ပြန်လည်ထွက်ခွာသွားကြသည်။

နဉ်ရှီတစ်ဦးတည်းသာ ဆိတ်ငြိမ်သော ကော်ဖီဆိုင်ထဲတွင် ကျန်ရစ်ခဲ့၏။ သူမက ဖုန်းထုတ်ကာ ဆိုရှယ်မီဒီယာ app တစ်ခုကို ဖွင့်လိုက်သည်။ ပြီးနောက် ‘နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက်လာခြင်း’ Acc ထဲ Login ဝင်လိုက်သည်။

တကျော့ပြန်နတ်ဘုရားမ : ကူညီပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားပါပြီ။ အားလုံးလည်း ကျွန်မနဲ့ထပ်တူ ပျော်ရွှင်ဖွယ်ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။

ဆယ်မိနစ်ကြာပြီးနောက် သူမ၏ပို့စ်ကို Like လုပ်ပြီး ဆုမွန်ကောင်းတောင်းပေးနေသော ရင်းနှီးကျွမ်းဝင်နေပြီးသား Acc များကို ကြည့်ပြီး နဉ်ရှီက တောက်ပစွာ ပြုံးလိုက်သည်။

စားပွဲထိုးက ယဉ်ကျေးစွာ မေးလာသည်။ : “မဒမ်.. ဘိုကင်ယူထားတဲ့အခန်းက တစ်နာရီခွဲ အချိန်ကျန်ပါသေးတယ်.. အချိန်ထပ်တိုးချင်သေးလားခင်ဗျ..?”

နဉ်ရှီက ခေါင်းယမ်းပြီး အပြုံးလေးဖြင့် ပြန်ဖြေသည်။ : “ကျေးဇူးပါ.. အချိန်ထပ်မတိုးတော့ပါဘူး..”

App ကို Log out လုပ်ပြီး စားပွဲထိုးလေးကို နှုတ်ဆက်ကာ ကော်ဖီဆိုင်ထဲမှ ထွက်လာခဲ့သည်။

နောင်တွင် ဤ Acc ကို ထပ်မသုံးဖြစ်တော့လောက်ပေ။

စည်ကားသိုက်မြိုက်သော လမ်းမကြီးထက် လျှောက်လှမ်းလာရင်း နဉ်ရှီသည် အကော်ဒီယံတီးနေသော လူအိုကြီးကို ပိုက်ဆံတချို့ ပေးခဲ့သည်။ လူပြက်တစ်ဦးထံမှ နှင်းဆီပန်းတစ်ပွင့် လက်ခံရခဲ့ပြီး အနည်းငယ်မာနေပြီဖြစ်သည့် ပေါင်မုန့်မီးကင်တစ်ချပ်လည်း ဝယ်စားဖြစ်ခဲ့သည်။ နောက်ဆုံး ကယ်လိုရီအလွန်များသော ရေခဲမုန့်ပင် ဝယ်စားခဲ့သေးသည်။

ရေခဲမုန့်ချိုချိုအေးအေးလေးက အရသာခံဖုမှတဆင့် သူမ၏နှလုံးအိမ်အထိ ချိုမြိန်စေခဲ့၏။ ရေခဲမုန့်စားပြီးနောက် မျက်လုံးမှိတ်၊ လက်ဆန့်ပြီး စိတ်လွတ်ကိုယ်လွတ် လျှောက်လည်ခဲ့သည်။ ပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့လေသည်။

ဟိုတယ်ဝင်ပေါက်တွင် ကားရပ်သွားပြီး သူမ ကားပေါ်မှဆင်းလိုက်သည်နှင့် မတ်တပ်ရပ်စောင့်နေသော အမျိုးသားကို မြင်လိုက်ရသည်။

နဉ်ရှီသည် တစ်ခဏမျှ ငေးကြောင်နေပြီးနောက် ထိုအမျိုးသား၏ ရင်ခွင်ထဲသို့ အမြန်ပြေးဝင်သွား၏။

မတွေ့ဖြစ်တာ လဝက်ခန့်ကြာပြီဖြစ်သော်လည်း သူမရှေ့တွင်ရှိနေသည့် ထိုအမျိုးသားသည် သူမကို အမြဲတစေ အံ့ဩဝမ်းသာရအောင် လုပ်ပေးခဲ့သည်ချည်း။

မီးရောင်အောက်ဝယ် ပျော်ရွှင်ကြည်နူးဖွယ် အပြုံးကိုယ်စီဖြင့် တစ်ဦးကိုတစ်ဦး ထွေးပွေ့လျက်။ အလှပဆုံးသော ပန်းချီကားတစ်ချပ် ဖြစ်ခဲ့ပေသည်။

……………… ပြီးပါပြီ။ ……………….

Meli's Note : နောက်ဆုံးတော့ ဒီဇာတ်လမ်းလေးကို အဆုံးသတ်နိုင်ခဲ့ပါပြီ။ အဆုံးထိလိုက်ပါပေးခဲ့တဲ့ စာဖတ်သူအားလုံး၊ Vote, Comment, ခွန်အား ပေးခဲ့သူအားလုံးကို Meli တို့ညီအစ်မနှစ်ယောက်လုံးက ကျေးဇူးတင်ပါတယ်။ ဘဝတိုင်းက ခက်ခဲတယ်ဆိုပေမယ့် အားလုံးပဲ ပန်းတိုင်ရောက်တဲ့အထိ ကြိုးစားလျှောက်လှမ်းနိုင်မယ်လို့မျှော်လင့်ရင်း နှုတ်ဆက်လိုက်ပါတယ်။

တခြားနိုဗယ်တွေမှာ ပြန်တွေ့မယ်နော် 💜

Meow's Note: အဆုံးထိစိတ်ရှည်လက်ရှည်နဲ့ လိုက်ပါစီးမြောပေးခဲ့တဲ့ စာဖတ်သူတွေ၊ Vote, Commentတွေ ပေးပြီး အားပေးခဲ့ကြတဲ့ စာဖတ်သူအားလုံးကို မြောင်နဲ့မမမယ်လီက အထူးကျေးဇူးတင်ရှိရပါတယ်။ မမပြောသလိုပဲ နောက်ထပ် Novel တွေမှာ ထပ်တွေ့ကြမယ်နော်။ ဒါနဲ့ ကွန်ပလိရင် ရီဗျူးပေးမယ်လို့ ပြောထားတဲ့သူတွေကို မြောင်စောင့်နေဆဲပါနော်(⁠。⁠•̀⁠ᴗ⁠-⁠)⁠✧

………………………………………………

[Zawgyi]

အခန္း - (၁၀၆) : အခ်ပ္ပို (၃)

Tianya ဖိုရမ္တြင္ ပို႔စ္တစ္ခု နာမည္ႀကီးေနၿပီး ၾကၫ့္ရႈသူႏွစ္သိန္းေက်ာ္၊ မွတ္ခ်က္ ႏွစ္ေထာင္ေက်ာ္ ရရိွေနၿပီျဖစ္၏။ ပို႔စ္၏ေခါင္းစဉ္ကား ‘အႏုပညာေလာကသားအေနနဲ႔ အႏုပညာေလာကရဲ့ ခ်စ္ၾကည္ႏူးေနတဲ့ စံုတြဲေတြအေၾကာင္း ေဖာ္ထုတ္လိုက္ၾကရေအာင္’ ဟူ၍။

ပို႔စ္ပိုင္ရွင္၏ စကားအသြားအလာက အလြန္ရယ္ျမဴးဖြယ္ေကာင္း၍ လူအမ်ား၏အာရံုကို ဖမ္းစားႏိုင္ခဲ့သည္။ ထို႔အျပင္ မ်ွေဝထားသၫ့္ သတင္းအခ်က္အလက္မ်ားက အမွန္တစ္ဝက္၊ အမွားတစ္ဝက္ျဖစ္ရာ အႏုပညာအသိုင္းအဝိုင္းအေၾကာင္း နားမလည္ေသာ သာမန္လူမ်ားအတြက္ မယံုၾကည္ႏိုင္ဖြယ္အတိ။

Weibo ေပၚတြင္ တီတီတာတာ တင္ေလ့ရိွေသာ စံုတြဲသည္ တကယ့္ဘဝတြင္ ေယာက္်ားက ကလပ္တက္ရတာကို ႀကိဳက္ၿပီး အၿမဲတမ္း အျပင္ေလ်ွာက္သြားေနတတ္သည္။ သမီးျဖစ္သူကို Weibo ေပၚ အၿမဲတင္ႂကြားေလ့ရိွေသာ အမ်ိဳးသားအႏုပညာရွင္ တစ္ဦးသည္ တကယ္တမ္းတြင္ ဖိုဝါဒႀကီးစိုးသူျဖစ္ၿပီး ကေလးကို ဂရုမစိုက္ဘဲ တစ္ခ်ိန္လံုး ဂိမ္းေဆာ့ေနတတ္သည္။ လူသိရွင္ၾကား ခ်စ္ျပၾကင္နာျပသၫ့္ တျခားစံုတြဲတစ္တြဲသည္လည္း လက္ေတြ့တြင္ ျပတ္ဆဲခဲ့တာၾကာၿပီျဖစ္ၿပီး သီးျခားေနထိုင္ေနၿပီ ျဖစ္သည္။

လူမသိသၫ့္ အခ်က္အလက္မ်ားကို ပိုမိုေဖာ္ထုတ္ႏိုင္ေလ၊ ပရိသတ္က စိတ္ဝင္စားေလပင္။ ထို႔ေၾကာင့္ ႏွစ္သက္သေဘာက်ရသၫ့္ အႏုပညာရွင္အေၾကာင္း ေဖာ္ထုတ္ေပးရန္ ေတာင္းဆိုလာၾကသၫ့္ ပရိသတ္မ်ားပင္ ရိွလာသည္။ ေတာင္းဆိုခံရသၫ့္ စာရင္းတြင္ နဉ္ရွီသည္ ထိပ္ဆံုးေနရာ၌ ရပ္တည္ေန၏။

တရုတ္ျပည္၏ ထင္ရွားေက်ာ္ၾကားေသာ မ်ိဳးဆက္သစ္အႏုပညာရွင္မ်ားအနက္ နဉ္ရွီသည္ သရုပ္ေဆာင္ေကာင္းရံုသာမက သူမ ရိုက္ကူးခဲ့သၫ့္ ရုပ္ရွင္ဇာတ္ကားမ်ားလည္း နာမည္ႀကီးသည္။ ႏိုင္ငံရပ္ျခားသြားၿပီး ေကာ္ေဇာနီေပၚ ေလ်ွာက္လွမ္းႏိုင္ေသာ္လည္း ျပင္ပမီဒီယာမ်ား သတိမျပဳမိသၫ့္ အႏုပညာရွင္မ်ားလို မဟုတ္ပါဘဲ နဉ္ရွီက ႏိုင္ငံတကာအထိ ထိုးေဖာက္ႏိုင္ခဲ့သည္။

ျပည္တြင္းပရိသတ္မ်ားပင္ နဉ္ရွီအတြက္ Weibo Acc ဖြင့္ထားေသာ ျပည္ပပရိသတ္မ်ားႏွင့္ အသားက်ေနၿပီျဖစ္သည္။ နဉ္ရွီအေၾကာင္း ႏိုင္ငံျခားသတင္းမ်ားကိုလည္း က်င့္သားရလာေခ်ၿပီ။ ယေန့ ႏိုင္ငံျခားဇာတ္ကားတစ္ခုတြင္ နဉ္ရွီ ပါဝင္သရုပ္ေဆာင္ေနေၾကာင္း သတင္းတက္ၿပီး ေနာက္တစ္ေန့ ကမ႓ာေက်ာ္သရုပ္ေဆာင္မ်ားႏွင့္ ရင္ေဘာင္တန္းကာ ေကာ္ေဇာနီထက္ ေလ်ွာက္လွမ္းေနေၾကာင္း သတင္းတက္လာႏိုင္သလို ေနာက္ရက္မ်ားတြင္လည္း မည္သၫ့္ကမ႓ာေက်ာ္မဂၢဇင္းမွာ မည္သို႔ မ်က္ႏွာဖံုးေမာ္ဒယ္လုပ္ေနေၾကာင္း သတင္းတက္လာတတ္သည္။

ၿခံဳငံုေျပာရလ်ွင္ ကမ႓ာေက်ာ္သရုပ္ေဆာင္အမ်ားစုသည္ သူမေလာက္ မငယ္ရြယ္သလို သူမ၏ အသက္အရြယ္တြင္ ဤမ်ွေအာင္ျမင္ေက်ာ္ၾကားျခင္း၊ သို႔မဟုတ္ အႏုပညာေလာက၏ အသိအမွတ္ျပဳခံရျခင္း မရိွဖူးေပ။ နဉ္ရွီသည္ ပြဲဦးထြက္ၿပီး ႏွစ္ႏွစ္အၾကာမွာေတာ့ ခင္ပြန္းျဖစ္သူႏွင့္ လက္ထပ္ခဲ့၏။ ထိုျဖစ္ရပ္ေၾကာင့္ ေယာက္်ား၊ မိန္းမ၊ ပရိသတ္အားလံုး တစ္ဖက္မွာ ဆုေတာင္းေပးၾကသလို တျခားတစ္ဖက္တြင္လည္း တိတ္တခိုးေလး ဝမ္းနည္းမ်က္ရည္ သုတ္ၾကရသည္။ သူတို႔၏ နတ္ဘုရားမေလး လက္ထပ္သြားၿပီျဖစ္၍ သူတို႔အေနျဖင့္ သူမ၏ ဇနီးေလး၊ သို႔မဟုတ္ ခင္ပြန္းသည္ မျဖစ္ႏိုင္ေတာ့ေပ။ တကယ့္ကို ဝမ္းနည္းစရာေကာင္းလွသည္။

နဉ္ရွီလက္ထပ္ၿပီးသည္မွာ ေလးႏွစ္ေက်ာ္ပင္ ၾကာျမင့္ခဲ့ေခ်ၿပီ။ နဉ္ရွီက Weibo ေပၚတြင္ ခ်စ္စရာေကာင္းသၫ့္ ဓာတ္ပံုမ်ား တင္ရတာကို မႏွစ္သက္သလို သူ႔ခင္ပြန္း၏ Weibo ကလည္း အမ်ားအားျဖင့္ လႈပ္ရွားမႈမရိွေပ။ တစ္ခါတရံ Repost တင္ျခင္း၊ သို႔မဟုတ္ တျခားပို႔စ္တစ္ခုကို Like လုပ္ျခင္းသာ လုပ္တတ္ၿပီး ထိုအျပဳအမူအားလံုးက နဉ္ရွီအတြက္သာ ျဖစ္သည္။ သူတို႔ႏွစ္ဦး၏ အျပဳအမူက တစ္ဦးကိုတစ္ဦး ခ်စ္ေၾကာင္းၾကင္နာေၾကာင္း တမင္ေဖာ္ျပေနစရာမလိုသၫ့္ အခ်စ္သက္ေသတစ္ခုဟု ပရိသတ္မ်ားကို ခံစားရေစသည္။

ဒုတိယအခ်စ္သက္ေသကား ဒါရိုက္တာတခ်ိဳ႕ ေျပာၾကားလာျခင္းပင္။ သူတို႔ ညအိပ္ညေန ရုပ္ရွင္ရိုက္ရသၫ့္ ေန့မ်ားဆိုလ်ွင္ တစ္စံုတစ္ေယာက္က ေခါင္းေဆာင္မင္းသမီးအတြက္ ညလယ္စာ စီစဉ္ေပးတတ္သည္ဟူ၍။ ထိုလူကား နဉ္ရွီ၏ အမ်ိဳးသားပင္ ျဖစ္သည္။

တတိယအခ်စ္သက္ေသကား သူတို႔ႏွစ္ဦး ခရီးထြက္တိုင္း၊ နာမည္ႀကီးစားေသာက္ဆိုင္မွာ ထမင္းစားတိုင္း ပရိသတ္မ်ား ရိုက္ကူးထားသၫ့္ ဓာတ္ပံုမ်ားပင္ ျဖစ္၏။ ထိုဓာတ္ပံုမ်ားထဲတြင္ တစ္ဦးႏွင့္တစ္ဦး ေပြ့ဖက္နမ္းရႈံ႔ေနျခင္း မရိွပါေသာ္ျငား ခ်ိဳၿမိန္သၫ့္ အခ်စ္ရိပ္မ်ား ပ်ံ့လြင့္စိမ့္ဝင္ေနၿပီး ဓာတ္ပံုကို ျမင္ရသူတိုင္း သူတို႔ႏွစ္ဦး၏ တစ္ဦးအေပၚ တစ္ဦးထားအပ္ေသာ ခ်စ္ျခင္းတရားကို ခံစားရေစသည္။

ထို႔ေၾကာင့္ ‘ေဖာ္ထုတ္ၾကရေအာင္’ပို႔စ္ တင္လာေသာအခါ ပရိသတ္အမ်ားအျပားက အႏုပညာအသိုင္းအဝိုင္းမွ မဟုတ္သၫ့္ ခင္ပြန္းသည္ကို လက္ထပ္ထားေသာ နဉ္ရွီ၏ အိမ္ေထာင္ေရးအေၾကာင္း အမွန္အတိုင္းသိႏိုင္ရန္ ေမ်ွာ္လင့္ခဲ့ၾကသည္။

ေတာင္းဆိုမႈ အလြန္မ်ားျပားသျဖင့္ ပို႔စ္ပိုင္ရွင္က သည္းမခံႏိုင္ေတာ့ဘဲ နဉ္ရွီအေၾကာင္း စတင္ေဆြးေနြးခဲ့သည္။

မွတ္ခ်က္ 5892, OP မွ : ရိုးရိုးသားသားဝန္ခံရရင္ နဉ္ရွီရဲ့အတြင္းေရးေတြ ေဖာ္ထုတ္ဖို႔ ေတာင္းဆိုၾကတုန္းက ငါ တိတ္တိတ္ေလး ျငင္းဆန္ေနမိတယ္။ ဘာလို႔လဲဆိုေတာ့ လူအေတာ္မ်ားမ်ားက နဉ္ရွီရဲ့ အမ်ိဳသားကို ေဘာစိဆိုၿပီး သိထားၾကေပမယ့္ သူတို႔မိသားစု ဘယ္ေလာက္ခ်မ္းသာလဲဆိုတာ ေသခ်ာမသိၾကဘူး။ ရွင္းရွင္းေျပာရရင္ သတင္းမွာတက္လာတဲ့ အေကာင္ႀကီးႀကီးတိုင္း နဉ္ရွီရဲ့အမ်ိဳးသားနဲ႔ ဆက္စပ္မႈရိွတယ္။ လြန္ခဲ့တဲ့ေလးႏွစ္က နဉ္ရွီရဲ့ မဂၤလာပြဲကို မွတ္မိၾကေသးလား..? အဲတုန္းက အရပ္ဝတ္အရာရိွေတြ အမ်ားႀကီး မဂၤလာအခမ္းအနားကို လာၾကတယ္ေလ။ မဂၤလာေဆာင္အျပင္မွာလည္း ကင္းလွၫ့္ေနတဲ့ ရဲေတြမွ အမ်ားႀကီးပဲ။ မဟုတ္ရင္ လႊမ္းမိုးမႈႀကီးပါတယ္ဆိုတဲ့ မီဒီယာသတင္းဌာနေတြအားလံုး မဂၤလာပြဲထဲ ဘာလို႔မဝင္ႏိုင္ခဲ့တာထင္လဲ..? လိုင္းေပၚမွာရိွေနတဲ့ မဂၤလာဓာတ္ပံုေတြက ပြဲတက္ဧၫ့္သည္ေတြ ရိုက္ခဲ့တဲ့ ဓာတ္ပံုေတြခ်ည္းပဲ။ ခိုးဝင္ဖို႔ႀကိဳးစားခဲ့တဲ့ အႏုပညာသတင္းေထာက္ေတြအားလံုး ခ်က္ခ်င္း အျပင္ျပန္ပို႔ခံရတယ္။ ငါ မေျပာရေသးတဲ့ တျခားအေသးစိတ္ အခ်က္အလက္ေတြ ရိွေနေသးတယ္။ ဒါေပမဲ့ မင္းတို႔လည္း ေတြးတတ္မွာပါ။

မွတ္ခ်က္ 5893, OP မွ : ဒါေပမဲ့ အားလံုးက နဉ္ရွီအေၾကာင္း ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုေနၾကေတာ့ ငါလည္း ဖိအားေတြေအာက္က ကုန္းရုန္းႀကိဳးစားၿပီး ဒီအေၾကာင္းအရာကို ေဖာ္ျပလိုက္ပါတယ္။ အားလံုးေမးထားၾကတာက နဉ္ရွီနဲ႔ သူ႔ခင္ပြန္း အမွန္တကယ္ ခ်စ္ျမတ္ႏိုးၾကရဲ့လားတဲ့။ ငါ့ရဲ့ အေျဖကေတာ့ Yes ပါပဲ။ သူတို႔ လက္ထပ္ေတာ့ အႏုပညာေလာကထဲက လူေတာ္ေတာ္မ်ားမ်ား သူတို႔ရဲ့လက္ထပ္ပြဲကို သေဘာမက်ၾကဘူး။ မင္းတို႔လည္း ဘာေၾကာင့္ဆိုတာ ေတြးမိမွာပါ။ ဒါေပမဲ့ နဉ္ရွီနဲ႔ သူ႔ေယာက္်ားရဲ့ ဆက္ဆံေရးက တကယ့္ကို ေကာင္းတယ္။ အႏုပညာေလာကထဲက လူေတြေတာင္ နဉ္ရွီရဲ့ ဘဝကံၾကမၼာကို အားက်ရတဲ့အထိပဲ။ သာမန္ခင္ပြန္းသည္က ဇနီးသည္ အလုပ္ေနာက္က်ရင္ သြားႀကိဳခ်င္မွႀကိဳမယ္၊ ခရီးအၾကာႀကီး ထြက္ရင္ေတာ့ ႀကိဳးစားအခ်ိန္ရွာၿပီး လာေတြ့လိမ့္မယ္။ ဒါေပမဲ့ နဉ္ရွီရဲ့ေယာက္်ားကေတာ့ အရာအားလံုး လုပ္ေပးၿပီး တစ္ခါတေလ အဲလိုလုပ္ေပးဖို႔ သူ႔အလုပ္ကိုေတာင္ ထားခဲ့တတ္တယ္။ နဉ္ရွီရဲ့ ရႈတင္ကို သြားလည္တိုင္း မျပန္ခ်င္ေတာ့တဲ့ပံုနဲ႔။

မွတ္ခ်က္ 5897, OP မွ : ငါ့စကားကို သံသယဝင္ေနတဲ့လူေတြလည္း ရိွမယ္ထင္တယ္။ ငါက အမွန္အတိုင္း ေျပာျပရံုပါ။ ယံုတာမယံုတာ နင္တို႔သေဘာပဲ။ ဘာပဲေျပာေျပာ ငါက သူတို႔အတြဲ ခ်စ္ၾကည္ႏူးေနတာကို ကိုယ္တိုင္ျမင္ခဲ့ရတဲ့လူေလ။ သူတို႔ႏွစ္ေယာက္ရဲ့အခ်စ္ကမွ အခ်စ္စစ္မဟုတ္ရင္ ေလာကမွာ အခ်စ္စစ္ဆိုတဲ့အရာ မရိွေတာ့ဘူး။

မွတ္ခ်က္ 6001, OP မွ : လူခ်မ္းသာမိသားစုထဲမွာ နဉ္ရွီ အဆင္ေျပရဲ့လားဆိုတဲ့ ေမးခြန္းအတြက္ေတာ့ ငါလည္း သိပ္မေသခ်ာဘူး။ ငါကိုယ္တိုင္ ေသခ်ာျမင္ရေသးတာမွ မဟုတ္တာ။ ဒါေပမဲ့ သည္းသည္းလႈပ္ ဂရုစိုက္တတ္တဲ့ ဒီလိုေယာက္်ားနဲ႔ ေလးစားၾကင္နာတတ္တဲ့ ေယာကၡမမ်ိဳး ပိုင္ဆိုင္ထားမွေတာ့ အဲ့မိသားစု ဘယ္ေလာက္ပဲခ်မ္းသာပါေစ၊ နဉ္ရွီရဲ့ဘဝက သာယာခ်မ္းေျမ့ေနမွာ အမွန္ပဲ။

ထိုပို႔စ္က အရမ္းနာမည္ႀကီးသြားတာေၾကာင့္ မီဒီယာေတာ္ေတာ္မ်ားမ်ား စိတ္ဝင္စားလာသည္။ OP ၏ ေဖာ္ထုတ္မႈခံခဲ့ရေသာ တခ်ိဳ႕အႏုပညာရွင္မ်ားဆိုလ်ွင္ ထိုလူ၏သရုပ္မွန္ကို ေဖာ္ထုတ္ရန္ စတင္ႀကိဳးစားလာၿပီး ပါးစပ္ပိတ္ခ်င္ေနၾကေတာ့၏။

နဉ္ရွီသည္ ႏိုင္ငံျခားတြင္ ရုပ္ရွင္ရိုက္ကူးေနသျဖင့္ အားလပ္ခ်ိန္ေရာက္မွ ထိုပို႔စ္ကို ျမင္ခဲ့သည္။ ထို ‘ေဖာ္ထုတ္ၾကရေအာင္’ပို႔စ္ကို ျမင္ေသာအခါ နဉ္ရွီ ရယ္ေမာလိုက္မိသည္။ သို႔ႏွင့္ ပို႔စ္ကိုဖတ္ရင္း အားလပ္ခ်ိန္မ်ား ကုန္ဆံုးသြားရသည္။ တစ္ေန့မွာေတာ့ Website တစ္ခုမွ ဗီဒီယိုတစ္ပုဒ္ ျမင္လိုက္ရၿပီး ဗီဒီယိုဖန္တီးသူ၏ ေလးနက္မႈကို ရင္ထဲထိသြားရ၏။

ထိုဗီဒီယိုထဲတြင္ က်ိဳ႕က်ီႏွင့္ လက္မွတ္မထိုးခင္က နဉ္ရွီ၏ ဘဝဇာတ္ေၾကာင္းမ်ား ပါဝင္ေနသည္။ ႏိုင္ငံျခားတြင္ အလုပ္လုပ္ခဲ့သၫ့္ ပံုရိပ္မ်ားႏွင့္ လူစားထိုးသရုပ္ေဆာင္အျဖစ္ အလုပ္လုပ္ခဲ့ပံုမ်ား၊ သတင္းစာ၊ မဂၢဇင္းမ်ားေပၚမွ သူမ၏ အလွဓာတ္ပံုမ်ား၊ ထို႔အျပင္ စတိုးဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ အလုပ္လုပ္ခဲ့ပံုမ်ားလည္း ပါဝင္ေနသည္။ ထိုဓာတ္ပံုမ်ားကို ရွာေဖြရန္ မည္မ်ွခက္ခဲေၾကာင္း သိသာပါသည္။ သို႔ေသာ္ ဗီဒီယိုဖန္တီးသူက ဓာတ္ပံုမ်ားကို ေသခ်ာစုစည္းထားသျဖင့္ သူမည္မ်ွႀကိဳးစားအားထုပ္ခဲ့ေၾကာင္း ေပၚလြင္ေနေတာ့သည္။

အထက္တန္းတက္ခဲ့စဉ္က ဆုယူေနသၫ့္ ဓာတ္ပံုႏွစ္ပံုလည္း ပါဝင္ေနေသးသည္။ ထိုဓာတ္ပံုထဲတြင္ သူမက ဝဝကစ္ကစ္ေလးျဖစ္ၿပီး အားပါးတရ ၿပံဳးရယ္ေနသျဖင့္ မ်က္လံုးကိုပင္ မျမင္ရေတာ့ေခ်။

နဉ္ရွီ၏စိတ္ထဲ ထိုအခ်ိန္ကို ျပန္လည္ျမင္ေယာင္လာသည္။ ထိုစဉ္က သူမ၏ မိဘႏွစ္ပါးသည္ စင္ေအာက္တြင္ ထိုင္ေနၾကၿပီး သူမထက္ပင္ ေပ်ာ္ရႊင္ဝမ္းေျမႇာက္စြာ လက္ခုပ္တီးေပးခဲ့သည္။ မ်က္စိတစ္မိွတ္စာအတြင္း ၁၀ ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ေခ်ၿပီ။ ယခုဆိုလ်ွင္ သူမက ဒီဇိုင္နာခ်ဳပ္ တန္ဖိုးႀကီးအဝတ္အစားမ်ား၊ တန္ဖိုးႀကီးအဆင္တန္ဆာမ်ားကို ဝတ္ဆင္ၿပီး သည္းသည္းလႈပ္ ခ်စ္ျမတ္ႏိုးေပးေသာ ခင္ပြန္းသည္ကိုလည္း ပိုင္ဆိုင္ထားသည္။ သို႔ေသာ္ မိဘႏွစ္ပါးႏွင့္ ကုန္လြန္ျဖတ္သန္းခဲ့ရသၫ့္ အခ်ိန္က သူမအတြက္ေတာ့ အဖိုးမျဖတ္ႏိုင္သၫ့္ ေန့ရက္မ်ားပင္။

ဤဘဝမွာေတာ့ ကံဆိုးမႈထက္ ကံေကာင္းမႈက သာလြန္ခဲ့ပါသည္။

ရုပ္ရွင္ရိုက္ၿပီးေနာက္ နဉ္ရွီသည္ ေကာ္ဖီဆိုင္သို႔ တစ္ဦးတည္း ထြက္လာခဲ့၏။ ထိုေနရာတြင္ သူမကို လူတစ္ခ်ိဳ႕ ေစာင့္ဆိုင္းေနသည္။ ထိုလူမ်ားဟာ မတူညီသၫ့္ ႏိုင္ငံမ်ားမွ ေရာက္လာတာျဖစ္ၿပီး ကံတရားအရ ေတြ့ဆံုကာ သူငယ္ခ်င္းျဖစ္ခဲ့ၾကသည္။ အသီးသီးတြင္ စိတ္မခ်မ္းေျမ့ဖြယ္အတိတ္မ်ား ရိွခဲ့ေသာ္ျငား ကိုယ္ပိုင္အားထုတ္မႈျဖင့္ ေမ်ွာ္လင့္ခ်က္ျပၫ့္ဝေသာ ဘဝကို ပိုင္ဆိုင္ထားႏိုင္သည္။

သူတို႔အားလံုး အတူတူ ေကာ္ဖီေသာက္ၿပီး အခ်င္းခ်င္းေပြ့ဖက္ကာ ဆုေတာင္းေပးခဲ့သည္။ ၿပီးေနာက္ ကိုယ္ပိုင္ဘဝထဲသို႔ ျပန္လည္ထြက္ခြာသြားၾကသည္။

နဉ္ရွီတစ္ဦးတည္းသာ ဆိတ္ၿငိမ္ေသာ ေကာ္ဖီဆိုင္ထဲတြင္ က်န္ရစ္ခဲ့၏။ သူမက ဖုန္းထုတ္ကာ ဆိုရွယ္မီဒီယာ app တစ္ခုကို ဖြင့္လိုက္သည္။ ၿပီးေနာက္ ‘နတ္ဘုရားမအျဖစ္ ျပန္လည္ေပၚထြက္လာျခင္း’ Acc ထဲ Login ဝင္လိုက္သည္။

တေက်ာ့ျပန္နတ္ဘုရားမ : ကူညီေပးခဲ့တဲ့အတြက္ အားလံုးကို ေက်းဇူးတင္ပါတယ္။ ကြၽန္မ အခု ေပ်ာ္ရႊင္တဲ့ဘဝေလးကို ပိုင္ဆိုင္ထားပါၿပီ။ အားလံုးလည္း ကြၽန္မနဲ႔ထပ္တူ ေပ်ာ္ရႊင္ဖြယ္ဘဝေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ ေမ်ွာ္လင့္ပါတယ္။

ဆယ္မိနစ္ၾကာၿပီးေနာက္ သူမ၏ပို႔စ္ကို Like လုပ္ၿပီး ဆုမြန္ေကာင္းေတာင္းေပးေနေသာ ရင္းႏွီးကြၽမ္းဝင္ေနၿပီးသား Acc မ်ားကို ၾကၫ့္ၿပီး နဉ္ရွီက ေတာက္ပစြာ ၿပံဳးလိုက္သည္။

စားပြဲထိုးက ယဉ္ေက်းစြာ ေမးလာသည္။ : “မဒမ္.. ဘိုကင္ယူထားတဲ့အခန္းက တစ္နာရီခြဲ အခ်ိန္က်န္ပါေသးတယ္.. အခ်ိန္ထပ္တိုးခ်င္ေသးလားခင္ဗ်..?”

နဉ္ရွီက ေခါင္းယမ္းၿပီး အၿပံဳးေလးျဖင့္ ျပန္ေျဖသည္။ : “ေက်းဇူးပါ.. အခ်ိန္ထပ္မတိုးေတာ့ပါဘူး..”

App ကို Log out လုပ္ၿပီး စားပြဲထိုးေလးကို ႏႈတ္ဆက္ကာ ေကာ္ဖီဆိုင္ထဲမွ ထြက္လာခဲ့သည္။

ေနာင္တြင္ ဤ Acc ကို ထပ္မသံုးျဖစ္ေတာ့ေလာက္ေပ။

စည္ကားသိုက္ၿမိဳက္ေသာ လမ္းမႀကီးထက္ ေလ်ွာက္လွမ္းလာရင္း နဉ္ရွီသည္ အေကာ္ဒီယံတီးေနေသာ လူအိုႀကီးကို ပိုက္ဆံတခ်ိဳ႕ ေပးခဲ့သည္။ လူျပက္တစ္ဦးထံမွ ႏွင္းဆီပန္းတစ္ပြင့္ လက္ခံရခဲ့ၿပီး အနည္းငယ္မာေနၿပီျဖစ္သၫ့္ ေပါင္မုန႔္မီးကင္တစ္ခ်ပ္လည္း ဝယ္စားျဖစ္ခဲ့သည္။ ေနာက္ဆံုး ကယ္လိုရီအလြန္မ်ားေသာ ေရခဲမုန႔္ပင္ ဝယ္စားခဲ့ေသးသည္။

ေရခဲမုန႔္ခ်ိဳခ်ိဳေအးေအးေလးက အရသာခံဖုမွတဆင့္ သူမ၏ႏွလံုးအိမ္အထိ ခ်ိဳၿမိန္ေစခဲ့၏။ ေရခဲမုန႔္စားၿပီးေနာက္ မ်က္လံုးမိွတ္၊ လက္ဆန႔္ၿပီး စိတ္လြတ္ကိုယ္လြတ္ ေလ်ွာက္လည္ခဲ့သည္။ ၿပီးေနာက္ ဟိုတယ္သို႔ ျပန္လာခဲ့ေလသည္။

ဟိုတယ္ဝင္ေပါက္တြင္ ကားရပ္သြားၿပီး သူမ ကားေပၚမွဆင္းလိုက္သည္ႏွင့္ မတ္တပ္ရပ္ေစာင့္ေနေသာ အမ်ိဳးသားကို ျမင္လိုက္ရသည္။

နဉ္ရွီသည္ တစ္ခဏမ်ွ ေငးေၾကာင္ေနၿပီးေနာက္ ထိုအမ်ိဳးသား၏ ရင္ခြင္ထဲသို႔ အျမန္ေျပးဝင္သြား၏။

မေတြ့ျဖစ္တာ လဝက္ခန႔္ၾကာၿပီျဖစ္ေသာ္လည္း သူမေရ႔ွတြင္ရိွေနသၫ့္ ထိုအမ်ိဳးသားသည္ သူမကို အၿမဲတေစ အံ့ဩဝမ္းသာရေအာင္ လုပ္ေပးခဲ့သည္ခ်ည္း။

မီးေရာင္ေအာက္ဝယ္ ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ အၿပံဳးကိုယ္စီျဖင့္ တစ္ဦးကိုတစ္ဦး ေထြးေပြ့လ်က္။ အလွပဆံုးေသာ ပန္းခ်ီကားတစ္ခ်ပ္ ျဖစ္ခဲ့ေပသည္။

……………… ၿပီးပါၿပီ။ ……………….

Meli's Note : ေနာက္ဆံုးေတာ့ ဒီဇာတ္လမ္းေလးကို အဆံုးသတ္ႏိုင္ခဲ့ပါၿပီ။ အဆံုးထိလိုက္ပါေပးခဲ့တဲ့ စာဖတ္သူအားလံုး၊ Vote, Comment, ခြန္အား ေပးခဲ့သူအားလံုးကို Meli တို႔ညီအစ္မႏွစ္ေယာက္လံုးက ေက်းဇူးတင္ပါတယ္။ ဘဝတိုင္းက ခက္ခဲတယ္ဆိုေပမယ့္ အားလံုးပဲ ပန္းတိုင္ေရာက္တဲ့အထိ ႀကိဳးစားေလ်ွာက္လွမ္းႏိုင္မယ္လို႔ေမ်ွာ္လင့္ရင္း ႏႈတ္ဆက္လိုက္ပါတယ္။

တျခားႏိုဗယ္ေတြမွာ ျပန္ေတြ့မယ္ေနာ္ 💜

Meow's Note: အဆံုးထိစိတ္ရွည္လက္ရွည္နဲ႔ လိုက္ပါစီးေျမာေပးခဲ့တဲ့ စာဖတ္သူေတြ၊ Vote, Commentေတြ ေပးၿပီး အားေပးခဲ့ၾကတဲ့ စာဖတ္သူအားလံုးကို ေျမာင္နဲ႔မမမယ္လီက အထူးေက်းဇူးတင္ရိွရပါတယ္။ မမေျပာသလိုပဲ ေနာက္ထပ္ Novel ေတြမွာ ထပ္ေတြ့ၾကမယ္ေနာ္။ ဒါနဲ႔ ကြန္ပလိရင္ ရီဗ်ူးေပးမယ္လို႔ ေျပာထားတဲ့သူေတြကို ေျမာင္ေစာင့္ေနဆဲပါေနာ္(⁠。⁠•̀⁠ᴗ⁠-⁠)⁠✧

………………………………………………

Continue Reading

You'll Also Like

7.1K 244 20
Author - Tong Hua (桐华) Year - 2013 Chapter - 51(completed) Start - 28.9.2022 End - This is fun translation. I do not own this story. The pictures up...
12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
3M 235K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023