စာစဉ် 30 Chapter 448 ဆက်လက်၍ နှိမ့်နှိမ့်ချချ နေခြင်း
"သူ ရောက်လာပြီ၊ ရဲ့နတ်ဘုရား ရောက်လာပြီ"
မြစ်ကမ်းပါး၌ လူအုပ်ကြီးက စုဝေးလျက် ရှိသည်။ သူတို့သည် အနီးဝန်းကျင်မှနေ၍ အပြေး ဆင်းလာကြသည်။ သူတို့၏ မျက်လုံးများက အရူးအမူး တောက်ပနေပြီး ရဲ့လင်းချန်ကို ကြည့်ကာ သူ့နာမည်ကို အော်ဟစ် နေကြသည်။
ဧရာမ လိပ်အိုကြီးကို ကြောက်လန့်သည့် သူတို့၏ ကြောက်စိတ်ကိုပင် မေ့နေကြသည်။ သူတို့ထဲမှ အချို့ဆိုလျင် ရဲ့လင်းချန်ထံသို့ အပြေးကူးသွားချင်စိတ် ပေါက်နေသည်။ သူတို့ထဲက လူအချို့သည် လိပ်အိုကြီးအား ဒူးထောက်၍ အရိုအသေ ပေးနေပြီး လိပ်အိုကြီးသည် နှစ်ပေါင်း ထောင်ချီ၍ အသက်ရှင်ခဲ့သော လိပ်မင်းဖြစ်ပြီး စွမ်းအားများ ရှိသည်ဟု ထင်မှတ်ကြသည်။
"ဟမ်း ..."
လိပ်အိုကြီးက ခပ်တိုးတိုး အသံပြုပြီး ၎င်း၏ ကြီးမားသော ခေါင်းကိုမော့၍ ပါးစပ်မှ ရေများ ဖြန်းလေသည်။ ယင်းက မြင်းတစ်ကောင် နေရာတိုင်းကို ရေစင်အောင် လုပ်လိုက်သလိုပင်။
ယင်းက မပြင်းထန်သော်လည်း လူအုပ်ကြီးအား နောက်ဆုတ်သွားအောင် လုပ်နိုင်သည်။ လူအုပ်ကြီးသည် ရန်စခံရသည်ဟု မခံစားရဘဲ အားပါးတရ ကျယ်လောင်စွာ ရယ်မောကြလေသည်။
"ဒါက ပျော်ဖို့ကောင်းတယ် ..."
ကလေးများစွာက ပျော်ရွှင်သွားပြီး ရယ်မောနေကြသည်။
လတ်တလော ရာသီဥတုသည် နွေးသည့်ဘက်သို့ ရောက်နေသဖြင့် ယခု ဖြန်းလိုက်သော ရေက အန္တရာယ် မရှိသလို သူတို့အား အေးမြသွားစေသည်။
"အားလုံးပဲ ဘတ်စ်ကားကို နေရာချဖို့ ကျွန်တော့်ကို နေရာလေး ရှင်းပေးကြပါဦး၊ ခရီးသည်တွေက ထိတ်လန့် နေတော့ နေရာ လိုအပ်ပါတယ်"
ရဲ့လင်းချန်က တည်ငြိမ်စွာ ရှင်းပြသည်။
"ပြီးတော့ အားသန်တဲ့လူတစ်ချို့က ကားပေါ်က ခရီးသည်တွေကို သယ်ပေးလို့ ရနိုင်မလား"
"ရတာပေါ့၊ ကိုယ့်လူတို့ လမ်းဖယ်ကြဟေ့၊ ရဲ့နတ်ဘုရားရဲ့ လမ်းကို မပိတ်ကြနဲ့"
လူတစ်ယောက်က ချက်ချင်း ပြန်ပြောလေသည်။
လူအုပ်ကြီးသည် လိပ်အိုကြီးအား မကြောက်ရွံ့ပါ။ သူတို့သည် ဘေး၌ ရပ်၍ လိပ်အိုကြီး၏ ကျောပေါ်ရှိ ဘတ်စ်ကားပေါ်မှ ခရီးသည်များကို အောက်သို့ ဆင်းနိုင်ရန် ကူညီပေးနေသည်။
"ငါလည်း ပါမယ်"
"ငါလည်း ကူညီမယ်"
လူအများသည် သူတို့ကိုယ်တိုင်ကိုယ်ကျ ဆက်တိုက် လုပ်အားပေးနေကြသည်။
ရဲ့လင်းချန်သည် ခရီးသည်များအား ဘတ်စ်ကားထဲမှ ထွက်ရန် ဦးဆောင်၍ ကူညီပေးပြီးနောက် သူတို့အား အောက်ဘက်ရှိ လူအုပ်ထံသို့ လက်လွှဲပေးလိုက်သည်။
အလွန် လျင်မြန်စွာပင် ခရီးသည်များအားလုံးကို ကယ်တင်၍ ပြီးသွားလေသည်။ သူတို့ထဲမှ အများစုသည် ကြောက်စိတ်ကြောင့် တုန်ယင်နေဆဲ ဖြစ်သည်။ သူတို့အားလုံးက ရဲ့လင်းချန်ကို ကျေးဇူးတင်စွာ ကြည့်နေကြသည်။
လိပ်အိုကြီးသည် သူ့ခန္ဓာကိုယ်အား ခါလိုက်ပြီး ရဲ့လင်းချန်က ဘတ်စ်ကားကို တွန်းဖယ်လိုက်သဖြင့် ဘတ်စ်ကားက ၎င်း၏ ကျောပေါ်မှ ချက်ချင်း ပြုတ်ကျသွားလေသည်။
ထိုအခါတွင်မှ ကယ်ဆယ်ရေး အစီအစဉ်က ပြီးဆုံးသွားတော့သည်။
"ရဲ့နတ်ဘုရား၊ ငါက မင်းရဲ့ ပရိသတ်ပါ၊ ငါ မင်းရဲ့ လက်မှတ်လေး ရနိုင်မလား"
"ရဲ့နတ်ဘုရား၊ ငါ့သူငယ်ချင်းတွေက မင်းကို သဘောကျတာ၊ မင်း ငါနဲ့အတူတူ ဓာတ်ပုံလေး ရိုက်ပေးလို့ ရမလား"
"ရဲ့နတ်ဘုရား၊ မင်း ဒီမှာ ရှိနေတာက ငါတို့အတွက် ကံကောင်းတာပဲ"
"ဝိုး ... ဒါက အနက်ရောင် စစ်သည်တော်လား၊ သူက တော်တော် ကြီးတာပဲ၊ မိုက်လိုက်တာ"
...
ကယ်ဆယ်ရေး အစီအစဉ် ပြီးဆုံးသွားပြီးနောက် လူအုပ်ကြီးက ချက်ချင်း ဆူညံပွက်လောရိုက်လာသည်။ သူတို့က ရဲ့လင်းချန်ကို အသည်းအသန် သဘောကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ဤသည်မှာ ဟန်လုပ် သရုပ်ပြနေခြင်း မဟုတ်ပါ။ ရဲ့လင်းချန်၏ လက်ရှိ ကျော်ကြားမှုကြောင့် သူ၏ ပရိသတ်အားက အေအဆင့် အနုပညာရှင်တစ်ယောက်ထက် ကျော်လွန်နေသည်။ ထို့အပြင် သူက ယခုလေးတင် လူအပြည့်ပါသော ဘတ်စ်ကားကို ကယ်ပေးခဲ့သဖြင့် ပို၍ အကျိုးရသွားခဲ့သည်။
လိပ်အိုကြီးက သူ့အတွက် အကာအဖြစ် ရှိနေသေး၍ ကံကောင်းသွားသည်။ သို့မဟုတ်ပါက ရဲ့လင်းချန်သည် လူအုပ်ကြီး၏ ဝိုင်းခြင်း ခံရလောက်သည်။ အထူးသဖြင့် မိန်းကလေး ပရိသတ်များပင်။ သူတို့၏ အကြည့်များက ပြင်းထန်လွန်းသဖြင့် ရဲ့လင်းချန်အား အနေရခက်စေပြီး သူ့အား ထွက်ပြေးချင်စိတ် ပေါက်လာစေသည်။
*ယောက်ျားလေးတစ်ယောက်က အပြင်သွားရင် ဂရုစိုက်ဖို့ လိုတာပဲ*
"ကိုကို ရဲ့နတ်ဘုရား၊ နျိုနျို ရှင့်ကို ချစ်တယ်နော်"
ထိုစဉ် ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးမလေးတစ်ယောက်၏ အသံ ထွက်လာသည်။ သူမက တောက်ပသော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို ကြည့်နေပြီး သူမအသံက အလွန် ကြည်လင်လေသည်။
ရဲ့လင်းချန်က ကလေးမလေးကို ပြုံးပြ၍ ညင်သာစွာ ပြန်ပြောလိုက်သည်။
"ကိုကို ရဲ့နတ်ဘုရားကလည်း မင်းကို ချစ်ပါတယ်၊ နျိုနျိုလေးက အလိမ္မာလေးပဲ"
"မေမေ၊ ကိုကိုရဲ့နတ်ဘုရားကတောင် သမီးကို ချီးကျူးနေပြီ"
ကလေးမလေးက သူမမိခင်ကို စိတ်လှုပ်ရှားစွာဖြင့် ဂုဏ်ယူစွာ ပြန်ပြောလေသည်။
သူမမိခင်က ခေါင်းညိတ်ပြပြီး ရဲ့လင်းချန်အား ကူကယ်ရာမဲ့စွာ ကြည့်လေသည်။
"ရဲ့နတ်ဘုရား၊ ဒီကလေးက ဘဝရဲ့ ရုန်းကန်ခြင်းကို ကြည့်ပြီးကတည်းက မင်းရဲ့ အကြီးစား ပရိသတ် ဖြစ်လာတာ၊ ပြိးတော့ သူ ဘယ်နေရာသွားသွား မင်းရဲ့ ပရိသတ်ဖြစ်ဖို့ ပြောနေတာ"
"ဟားဟားဟား ဒီလို ချစ်စရာကောင်းတဲ့ ပရိသတ် ရှိမယ်လို့ ကျွန်တော် ထင်မထားမိဘူး၊ ဒီအတွက် ကျွန်တော် အောင်ပွဲ ခံသင့်တာပဲ"
ရဲ့လင်းချန်က အားပါးတရ ရယ်၍ ပြန်ပြောလိုက်သည်။
"သမီး တစ်ယောက်တည်း မဟုတ်ပါဘူးနော်၊ သမီးတို့ တစ်ခန်းလုံးက ကိုကို ရဲ့နတ်ဘုရားကို ချစ်တာ"
ကလေးမလေးက အလွန် တည်ကြည်လေးနက်ဟန်ဖြင့် ပြောလေသည်။
"ဒါပေမဲ့ သမီးက သမီးတို့အတန်းက ပရိသတ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်"
သူမစကားက လူအုပ်ကြီးအား ရယ်မောသွားစေသည်။
ရဲ့လင်းချန် ခေါင်းညိတ်ရင်းနှင့် အကြောင်းရင်းကို အကြမ်းဖျင်း စဉ်းစားမိသွားသည်။
ချီသန့်စင်မှုကို သူ လေ့ကျင့်ကတည်းက သူ့ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ် စွမ်းအင် ရှိလာသည်။ ထို့အပြင် သူ၏ အတွေးအခေါ်၊ အပြုအမူက ဤလောကနှင့် ကျော်လွန်စ ပြုလာသည်။ ကလေးငယ်များတွင် စူးရှသော အာရုံများ ရှိပြီး သူ့အား ကြည့်ရ အဆင်ပြေသည်ဟု ခံစားမိသောကြောင့် သူ့ကို ချစ်ခင်ခြင်း ဖြစ်သည်။
"ကိုကိုရဲ့နတ်ဘုရား၊ သမီး ကိုကိုနဲ့ ဓာတ်ပုံ အတူတူ ရိုက်လို့ရလား"
ကလေးမလေးက စိတ်အားထက်သန်နေသော အသံနှင့် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် မေးလေသည်။
"ရတာပေါ့"
ရဲ့လင်းချန်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကလေးမလေးက သူ့ထံ ချက်ချင်း ပြေးလာသည်။
"သတိထားဦးလေ"
သူမအမေက စိုးရိမ်သွားပြီး သူမနောက်ကို အလျင်အမြန် လိုက်လာပြီး လိပ်အိုကြီးအား ကြောက်ရွံ့စွာ ကြည့်လေသည်။
"စိတ်မပူပါနဲ့ မေမေရဲ့၊ ဒါ အနက်ရောင် စစ်သည်တော်လေ၊ သူက ကောင်းပါတယ်၊ မီးမီးကို နာကျင်အောင် မလုပ်ပါဘူး"
ကလေးမလေးက ရဲရင့်သည်။ သူမက ကြောက်ရွံ့သည့် လက္ခဏာ တစ်ခုမှ မပြဘဲ လိပ်အိုကြီး၏ ကျောပေါ်သို့ သူမဘာသာ စတက်လေသည်။
"ဟုတ်တယ်၊ အနက်ရောင် စစ်သည်တော်က လူတွေကို ထိခိုက်အောင် မလုပ်ဘူး"
ရဲ့လင်းချန်က ပြုံးပြီး ကလေးမလေးကို ဆွဲခေါ်လေသည်။
"ဟင်း"
လိပ်အိုကြီးက ရဲ့လင်းချန်၏ စကားကို ထောက်ခံသကဲ့သို့ လိုက်ပါခေါင်းညိတ်ပြီး ပါးစပ်ကို တွန့်၍ ပြုံးသယောင် ပြုမူလာသည်။
ကံဆိုးသည်က ထိုအပြုံးသည် အလွန် သက်ရောက်မှု မရှိခြင်းပင်။ ယင်းက တစ်နည်းနည်းဖြင့် ပို၍ ကြောက်စရာ ကောင်းသွားပုံ ပေါ်စေ၏။
ထို့နောက် ရဲ့လင်းချန်က သူမကို ဖက်ပြီး လိပ်အိုကြီး၏ ကျောပေါ်၌ သူမနှင့်အတူ ဓာတ်ပုံ ရိုက်လေသည်။ မရေတွက်နိုင်သော ဘေးလူများက ကလေးမလေးကို အားကျစွာ ကြည့်နေပြီး သူမနေရာ၌ သူတို့ ဖြစ်ချင်စိတ် ပေါ်နေကြသည်။
ထို့နောက် သူတို့ ဆက်လက် ပြုမူသည်က သူတို့၏ WeChat Moments ပေါ်၌ တင်ခြင်းပင်။
[ရဲ့နတ်ဘုရားက တကယ်ကို ဖော်ရွေတာပဲ၊ အစီအစဉ်ထဲမှာထက် ပိုပြီး ဖော်ရွေသေးတယ်]
[ငါ အဲ့ကလေးမလေးကို မနာလိုဖြစ်လိုက်တာ၊ ငါ့ကိုပဲ သူ ဖက်လိုက်ပါတော့လား၊ ရဲ့နတ်ဘုရားရဲ့ အပွေ့အဖက်က သိပ်နေလို့ကောင်းမှာပဲ]
ထိုပုံက အင်တာနက်ပေါ်၌ လူပြောများသော ခေါင်းစဉ်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ကယ်ဆယ်ရေး အသင်းများ နေရာသို့ အပြေးရောက်လာသောအခါ တိတ်ဆိတ်သံကိုသာ ကြားလိုက်ရသည်။
ရဲ့လင်းချန်က အခြေအနေကို ကြည့်ပြီး လူအုပ်ကြီးအား ပြုံးပြလိုက်သည်။
"ကယ်ဆယ်ရေးအဖွဲ့က ဒီကို ရောက်လာပြီဆိုတော့ ကျွန်တော် သွားသင့်ပြီပဲ"
ထိုသို့ပြောပြီးနောက် သူသည် လူအုပ်ကြီးအား တုံ့ပြန်ချိန်မပေးဘဲ လိပ်အိုကြီး၏ ကျောပြင်ပေါ် ထိုင်၍ မြစ်စီးဆင်းရာအတိုင်း လိုက်ပါသွားလေသည်။ လူအုပ်ကြီးသည် လိပ်အိုကြီး၏ ကျောပေါ်မှ ပုံရိပ်ကို ငေးကြည့်ရုံသာ တတ်နိုင်လေသည်။ တစ်ခါတရံတွင် မြစ်လေညင်းကြောင့် သူ၏ အဝတ်အစားက တဖျပ်ဖျပ် လွင့်နေတတ်သည်။ ယင်းက လူအုပ်ကြီးအတွက် အမှတ်ရစရာပင်။
ထိုပုံရိပ်ကို အင်တာနက်ပေါ် တင်ခဲ့ကြပြီး လူတော်တော်များများက အချိန်တစ်ခုအထိ သူတို့၏ နောက်ခံပုံရိပ်အဖြစ် အသုံးပြုကြလေသည်။
[ဖေးရီက အဝါရောင် ကြိုးကြာကို စီးသလို ကျန်းကောလောင်က မြည်းကိုစီးပြီး မသေမျိုးကမ္ဘာဆီ တက်လှမ်းတယ်ဆိုတဲ့ ပုံပြင်တွေ ရှိခဲ့တယ်၊ အခု ငါတို့မှာ လိပ်အိုကြီးကို စီးပြီး လူတွေကို ကယ်တင်တဲ့ ရဲ့နတ်ဘုရား ရှိလာပြီ၊ အံ့ဩဖို့ကောင်းတဲ့ ပုံပြင်တွေပါလား]
[ဆက်ပြီး နှိမ့်နှိမ့်ချချ နေတာပဲ၊ ရဲ့နတ်ဘုရားရဲ့ အပြုအမူက အသိဉာဏ် ပွင့်သွားတဲ့ လူတစ်ယောက်လိုပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ]
[ရဲ့နတ်ဘုရားနဲ့အတူ လိပ်ကြီးရဲ့ ကျောပေါ်မှာ နေဝင်ချိန်နဲ့ နေထွက်ချိန် မြင်ကွင်းတွေကို ခံစားလို့ ရမယ်ဆိုရင် ပျော်ဖို့ ကောင်းမှာပဲ]
[ရဲ့နတ်ဘုရားရဲ့ ဆွဲဆောင်နိုင်စွမ်းက အကန့်အသတ် မရှိဘူး၊ အနက်ရောင် စစ်သည်တော်တောင်မှ သူ့ကို အညံ့ခံရတယ်၊ ရဲ့နတ်ဘုရားဆိုတဲ့ နာမည်အတိုင်းပါပဲလား]
...
ရဲ့နတ်ဘုရားက အနက်ရောင် စစ်သည်တော်ပေါ်မှနေ၍ လူများကို ကယ်တင်သည့် သတင်းများက အဓိက သတင်းဌာနများအားလုံးက တင်ကြပြီး လိပ်အိုကြီးအား သတင်းဌာနမျိုးစုံက အနက်ရောင် စစ်သည်တော်ဟု တရားဝင် ခေါ်ဝေါ်ကြသည်။ အချို့သော ဇာတ်လမ်းရှာသူများသည် အနက်ရောင် စစ်သည်တော် ပေါ်လာသည့် သတင်းကို ယူ၍ ကောင်းကင်ဘုံမှ မင်္ဂလာရှိသော အတိတ်နိမိတ်တစ်ခုဟု ပြောကြပြီး ဤသည်က တရုတ်နိုင်ငံ အင်အားကြီးလာမည့် လက္ခဏာဟု ပြောကြလေသည်။
ဤသတင်းက ဧရာမ စပါးအုံးမြွေကြီးနှင့် လိပ်အိုကြီးတို့၏ သတင်း မငြိမ်သွားခင် သတင်းထူးအဖြစ် ပေါ်သွားခဲ့သည်။ အစိုးရဘက်မှ တရားဝင် သတင်းဌာနများကတောင်မှ ရဲ့လင်းချန်၏ လုပ်ရပ်များကို ချီးမွမ်းလေသည်။ နိုင်ငံတစ်ဝှမ်းလုံးမှ လိပ်အိုကြီးအား စောင့်ရှောက်သူ မျိုးစိတ်တစ်ခုအဖြစ် မှတ်ယူပြီး ၎င်း၏ အထူး အဆင့်အတန်းကို ဖော်ပြလေသည်။
#Zawgyi
စာစဥ္ 30 Chapter 448 ဆက္လက္၍ ႏွိမ့္ႏွိမ့္ခ်ခ် ေနျခင္း
"သူ ေရာက္လာၿပီ၊ ရဲ႕နတ္ဘုရား ေရာက္လာၿပီ"
ျမစ္ကမ္းပါး၌ လူအုပ္ႀကီးက စုေဝးလ်က္ ရွိသည္။ သူတို႔သည္ အနီးဝန္းက်င္မွေန၍ အေျပး ဆင္းလာၾကသည္။ သူတို႔၏ မ်က္လုံးမ်ားက အ႐ူးအမူး ေတာက္ပေနၿပီး ရဲ႕လင္းခ်န္ကို ၾကည့္ကာ သူ႔နာမည္ကို ေအာ္ဟစ္ ေနၾကသည္။
ဧရာမ လိပ္အိုႀကီးကို ေၾကာက္လန႔္သည့္ သူတို႔၏ ေၾကာက္စိတ္ကိုပင္ ေမ့ေနၾကသည္။ သူတို႔ထဲမွ အခ်ိဳ႕ဆိုလ်င္ ရဲ႕လင္းခ်န္ထံသို႔ အေျပးကူးသြားခ်င္စိတ္ ေပါက္ေနသည္။ သူတို႔ထဲက လူအခ်ိဳ႕သည္ လိပ္အိုႀကီးအား ဒူးေထာက္၍ အ႐ိုအေသ ေပးေနၿပီး လိပ္အိုႀကီးသည္ ႏွစ္ေပါင္း ေထာင္ခ်ီ၍ အသက္ရွင္ခဲ့ေသာ လိပ္မင္းျဖစ္ၿပီး စြမ္းအားမ်ား ရွိသည္ဟု ထင္မွတ္ၾကသည္။
"ဟမ္း ..."
လိပ္အိုႀကီးက ခပ္တိုးတိုး အသံျပဳၿပီး ၎၏ ႀကီးမားေသာ ေခါင္းကိုေမာ့၍ ပါးစပ္မွ ေရမ်ား ျဖန္းေလသည္။ ယင္းက ျမင္းတစ္ေကာင္ ေနရာတိုင္းကို ေရစင္ေအာင္ လုပ္လိုက္သလိုပင္။
ယင္းက မျပင္းထန္ေသာ္လည္း လူအုပ္ႀကီးအား ေနာက္ဆုတ္သြားေအာင္ လုပ္ႏိုင္သည္။ လူအုပ္ႀကီးသည္ ရန္စခံရသည္ဟု မခံစားရဘဲ အားပါးတရ က်ယ္ေလာင္စြာ ရယ္ေမာၾကေလသည္။
"ဒါက ေပ်ာ္ဖို႔ေကာင္းတယ္ ..."
ကေလးမ်ားစြာက ေပ်ာ္႐ႊင္သြားၿပီး ရယ္ေမာေနၾကသည္။
လတ္တေလာ ရာသီဥတုသည္ ေႏြးသည့္ဘက္သို႔ ေရာက္ေနသျဖင့္ ယခု ျဖန္းလိုက္ေသာ ေရက အႏၲရာယ္ မရွိသလို သူတို႔အား ေအးျမသြားေစသည္။
"အားလုံးပဲ ဘတ္စ္ကားကို ေနရာခ်ဖို႔ ကြၽန္ေတာ့္ကို ေနရာေလး ရွင္းေပးၾကပါဦး၊ ခရီးသည္ေတြက ထိတ္လန႔္ ေနေတာ့ ေနရာ လိုအပ္ပါတယ္"
ရဲ႕လင္းခ်န္က တည္ၿငိမ္စြာ ရွင္းျပသည္။
"ၿပီးေတာ့ အားသန္တဲ့လူတစ္ခ်ိဳ႕က ကားေပၚက ခရီးသည္ေတြကို သယ္ေပးလို႔ ရႏိုင္မလား"
"ရတာေပါ့၊ ကိုယ့္လူတို႔ လမ္းဖယ္ၾကေဟ့၊ ရဲ႕နတ္ဘုရားရဲ႕ လမ္းကို မပိတ္ၾကနဲ႔"
လူတစ္ေယာက္က ခ်က္ခ်င္း ျပန္ေျပာေလသည္။
လူအုပ္ႀကီးသည္ လိပ္အိုႀကီးအား မေၾကာက္႐ြံ႕ပါ။ သူတို႔သည္ ေဘး၌ ရပ္၍ လိပ္အိုႀကီး၏ ေက်ာေပၚရွိ ဘတ္စ္ကားေပၚမွ ခရီးသည္မ်ားကို ေအာက္သို႔ ဆင္းႏိုင္ရန္ ကူညီေပးေနသည္။
"ငါလည္း ပါမယ္"
"ငါလည္း ကူညီမယ္"
လူအမ်ားသည္ သူတို႔ကိုယ္တိုင္ကိုယ္က် ဆက္တိုက္ လုပ္အားေပးေနၾကသည္။
ရဲ႕လင္းခ်န္သည္ ခရီးသည္မ်ားအား ဘတ္စ္ကားထဲမွ ထြက္ရန္ ဦးေဆာင္၍ ကူညီေပးၿပီးေနာက္ သူတို႔အား ေအာက္ဘက္ရွိ လူအုပ္ထံသို႔ လက္လႊဲေပးလိုက္သည္။
အလြန္ လ်င္ျမန္စြာပင္ ခရီးသည္မ်ားအားလုံးကို ကယ္တင္၍ ၿပီးသြားေလသည္။ သူတို႔ထဲမွ အမ်ားစုသည္ ေၾကာက္စိတ္ေၾကာင့္ တုန္ယင္ေနဆဲ ျဖစ္သည္။ သူတို႔အားလုံးက ရဲ႕လင္းခ်န္ကို ေက်းဇူးတင္စြာ ၾကည့္ေနၾကသည္။
လိပ္အိုႀကီးသည္ သူ႔ခႏၶာကိုယ္အား ခါလိုက္ၿပီး ရဲ႕လင္းခ်န္က ဘတ္စ္ကားကို တြန္းဖယ္လိုက္သျဖင့္ ဘတ္စ္ကားက ၎၏ ေက်ာေပၚမွ ခ်က္ခ်င္း ျပဳတ္က်သြားေလသည္။
ထိုအခါတြင္မွ ကယ္ဆယ္ေရး အစီအစဥ္က ၿပီးဆုံးသြားေတာ့သည္။
"ရဲ႕နတ္ဘုရား၊ ငါက မင္းရဲ႕ ပရိသတ္ပါ၊ ငါ မင္းရဲ႕ လက္မွတ္ေလး ရႏိုင္မလား"
"ရဲ႕နတ္ဘုရား၊ ငါ့သူငယ္ခ်င္းေတြက မင္းကို သေဘာက်တာ၊ မင္း ငါနဲ႔အတူတူ ဓာတ္ပုံေလး ႐ိုက္ေပးလို႔ ရမလား"
"ရဲ႕နတ္ဘုရား၊ မင္း ဒီမွာ ရွိေနတာက ငါတို႔အတြက္ ကံေကာင္းတာပဲ"
"ဝိုး ... ဒါက အနက္ေရာင္ စစ္သည္ေတာ္လား၊ သူက ေတာ္ေတာ္ ႀကီးတာပဲ၊ မိုက္လိုက္တာ"
...
ကယ္ဆယ္ေရး အစီအစဥ္ ၿပီးဆုံးသြားၿပီးေနာက္ လူအုပ္ႀကီးက ခ်က္ခ်င္း ဆူညံပြက္ေလာ႐ိုက္လာသည္။ သူတို႔က ရဲ႕လင္းခ်န္ကို အသည္းအသန္ သေဘာက်ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၾကသည္။
ဤသည္မွာ ဟန္လုပ္ သ႐ုပ္ျပေနျခင္း မဟုတ္ပါ။ ရဲ႕လင္းခ်န္၏ လက္ရွိ ေက်ာ္ၾကားမႈေၾကာင့္ သူ၏ ပရိသတ္အားက ေအအဆင့္ အႏုပညာရွင္တစ္ေယာက္ထက္ ေက်ာ္လြန္ေနသည္။ ထို႔အျပင္ သူက ယခုေလးတင္ လူအျပည့္ပါေသာ ဘတ္စ္ကားကို ကယ္ေပးခဲ့သျဖင့္ ပို၍ အက်ိဳးရသြားခဲ့သည္။
လိပ္အိုႀကီးက သူ႔အတြက္ အကာအျဖစ္ ရွိေနေသး၍ ကံေကာင္းသြားသည္။ သို႔မဟုတ္ပါက ရဲ႕လင္းခ်န္သည္ လူအုပ္ႀကီး၏ ဝိုင္းျခင္း ခံရေလာက္သည္။ အထူးသျဖင့္ မိန္းကေလး ပရိသတ္မ်ားပင္။ သူတို႔၏ အၾကည့္မ်ားက ျပင္းထန္လြန္းသျဖင့္ ရဲ႕လင္းခ်န္အား အေနရခက္ေစၿပီး သူ႔အား ထြက္ေျပးခ်င္စိတ္ ေပါက္လာေစသည္။
*ေယာက္်ားေလးတစ္ေယာက္က အျပင္သြားရင္ ဂ႐ုစိုက္ဖို႔ လိုတာပဲ*
"ကိုကို ရဲ႕နတ္ဘုရား၊ န်ိဳန်ိဳ ရွင့္ကို ခ်စ္တယ္ေနာ္"
ထိုစဥ္ ငါးႏွစ္၊ ေျခာက္ႏွစ္အ႐ြယ္ ကေလးမေလးတစ္ေယာက္၏ အသံ ထြက္လာသည္။ သူမက ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ရဲ႕လင္းခ်န္ကို ၾကည့္ေနၿပီး သူမအသံက အလြန္ ၾကည္လင္ေလသည္။
ရဲ႕လင္းခ်န္က ကေလးမေလးကို ၿပဳံးျပ၍ ညင္သာစြာ ျပန္ေျပာလိုက္သည္။
"ကိုကို ရဲ႕နတ္ဘုရားကလည္း မင္းကို ခ်စ္ပါတယ္၊ န်ိဳန်ိဳေလးက အလိမၼာေလးပဲ"
"ေမေမ၊ ကိုကိုရဲ႕နတ္ဘုရားကေတာင္ သမီးကို ခ်ီးက်ဴးေနၿပီ"
ကေလးမေလးက သူမမိခင္ကို စိတ္လႈပ္ရွားစြာျဖင့္ ဂုဏ္ယူစြာ ျပန္ေျပာေလသည္။
သူမမိခင္က ေခါင္းညိတ္ျပၿပီး ရဲ႕လင္းခ်န္အား ကူကယ္ရာမဲ့စြာ ၾကည့္ေလသည္။
"ရဲ႕နတ္ဘုရား၊ ဒီကေလးက ဘဝရဲ႕ ႐ုန္းကန္ျခင္းကို ၾကည့္ၿပီးကတည္းက မင္းရဲ႕ အႀကီးစား ပရိသတ္ ျဖစ္လာတာ၊ ၿပိးေတာ့ သူ ဘယ္ေနရာသြားသြား မင္းရဲ႕ ပရိသတ္ျဖစ္ဖို႔ ေျပာေနတာ"
"ဟားဟားဟား ဒီလို ခ်စ္စရာေကာင္းတဲ့ ပရိသတ္ ရွိမယ္လို႔ ကြၽန္ေတာ္ ထင္မထားမိဘူး၊ ဒီအတြက္ ကြၽန္ေတာ္ ေအာင္ပြဲ ခံသင့္တာပဲ"
ရဲ႕လင္းခ်န္က အားပါးတရ ရယ္၍ ျပန္ေျပာလိုက္သည္။
"သမီး တစ္ေယာက္တည္း မဟုတ္ပါဘူးေနာ္၊ သမီးတို႔ တစ္ခန္းလုံးက ကိုကို ရဲ႕နတ္ဘုရားကို ခ်စ္တာ"
ကေလးမေလးက အလြန္ တည္ၾကည္ေလးနက္ဟန္ျဖင့္ ေျပာေလသည္။
"ဒါေပမဲ့ သမီးက သမီးတို႔အတန္းက ပရိသတ္အဖြဲ႕ရဲ႕ အဖြဲ႕ေခါင္းေဆာင္"
သူမစကားက လူအုပ္ႀကီးအား ရယ္ေမာသြားေစသည္။
ရဲ႕လင္းခ်န္ ေခါင္းညိတ္ရင္းႏွင့္ အေၾကာင္းရင္းကို အၾကမ္းဖ်င္း စဥ္းစားမိသြားသည္။
ခ်ီသန႔္စင္မႈကို သူ ေလ့က်င့္ကတည္းက သူ႔ခႏၶာကိုယ္တြင္ စိတ္ဝိညာဥ္ စြမ္းအင္ ရွိလာသည္။ ထို႔အျပင္ သူ၏ အေတြးအေခၚ၊ အျပဳအမူက ဤေလာကႏွင့္ ေက်ာ္လြန္စ ျပဳလာသည္။ ကေလးငယ္မ်ားတြင္ စူးရွေသာ အာ႐ုံမ်ား ရွိၿပီး သူ႔အား ၾကည့္ရ အဆင္ေျပသည္ဟု ခံစားမိေသာေၾကာင့္ သူ႔ကို ခ်စ္ခင္ျခင္း ျဖစ္သည္။
"ကိုကိုရဲ႕နတ္ဘုရား၊ သမီး ကိုကိုနဲ႔ ဓာတ္ပုံ အတူတူ ႐ိုက္လို႔ရလား"
ကေလးမေလးက စိတ္အားထက္သန္ေနေသာ အသံႏွင့္ ရွက္ကိုးရွက္ကန္း အမူအရာျဖင့္ ေမးေလသည္။
"ရတာေပါ့"
ရဲ႕လင္းခ်န္က ျပန္ေျပာလိုက္သည္။
ထိုစကားကို ၾကားေသာအခါ ကေလးမေလးက သူ႔ထံ ခ်က္ခ်င္း ေျပးလာသည္။
"သတိထားဦးေလ"
သူမအေမက စိုးရိမ္သြားၿပီး သူမေနာက္ကို အလ်င္အျမန္ လိုက္လာၿပီး လိပ္အိုႀကီးအား ေၾကာက္႐ြံ႕စြာ ၾကည့္ေလသည္။
"စိတ္မပူပါနဲ႔ ေမေမရဲ႕၊ ဒါ အနက္ေရာင္ စစ္သည္ေတာ္ေလ၊ သူက ေကာင္းပါတယ္၊ မီးမီးကို နာက်င္ေအာင္ မလုပ္ပါဘူး"
ကေလးမေလးက ရဲရင့္သည္။ သူမက ေၾကာက္႐ြံ႕သည့္ လကၡဏာ တစ္ခုမွ မျပဘဲ လိပ္အိုႀကီး၏ ေက်ာေပၚသို႔ သူမဘာသာ စတက္ေလသည္။
"ဟုတ္တယ္၊ အနက္ေရာင္ စစ္သည္ေတာ္က လူေတြကို ထိခိုက္ေအာင္ မလုပ္ဘူး"
ရဲ႕လင္းခ်န္က ၿပဳံးၿပီး ကေလးမေလးကို ဆြဲေခၚေလသည္။
"ဟင္း"
လိပ္အိုႀကီးက ရဲ႕လင္းခ်န္၏ စကားကို ေထာက္ခံသကဲ့သို႔ လိုက္ပါေခါင္းညိတ္ၿပီး ပါးစပ္ကို တြန႔္၍ ၿပဳံးသေယာင္ ျပဳမူလာသည္။
ကံဆိုးသည္က ထိုအၿပဳံးသည္ အလြန္ သက္ေရာက္မႈ မရွိျခင္းပင္။ ယင္းက တစ္နည္းနည္းျဖင့္ ပို၍ ေၾကာက္စရာ ေကာင္းသြားပုံ ေပၚေစ၏။
ထို႔ေနာက္ ရဲ႕လင္းခ်န္က သူမကို ဖက္ၿပီး လိပ္အိုႀကီး၏ ေက်ာေပၚ၌ သူမႏွင့္အတူ ဓာတ္ပုံ ႐ိုက္ေလသည္။ မေရတြက္ႏိုင္ေသာ ေဘးလူမ်ားက ကေလးမေလးကို အားက်စြာ ၾကည့္ေနၿပီး သူမေနရာ၌ သူတို႔ ျဖစ္ခ်င္စိတ္ ေပၚေနၾကသည္။
ထို႔ေနာက္ သူတို႔ ဆက္လက္ ျပဳမူသည္က သူတို႔၏ WeChat Moments ေပၚ၌ တင္ျခင္းပင္။
[ရဲ႕နတ္ဘုရားက တကယ္ကို ေဖာ္ေ႐ြတာပဲ၊ အစီအစဥ္ထဲမွာထက္ ပိုၿပီး ေဖာ္ေ႐ြေသးတယ္]
[ငါ အဲ့ကေလးမေလးကို မနာလိုျဖစ္လိုက္တာ၊ ငါ့ကိုပဲ သူ ဖက္လိုက္ပါေတာ့လား၊ ရဲ႕နတ္ဘုရားရဲ႕ အေပြ႕အဖက္က သိပ္ေနလို႔ေကာင္းမွာပဲ]
ထိုပုံက အင္တာနက္ေပၚ၌ လူေျပာမ်ားေသာ ေခါင္းစဥ္တစ္ခုအျဖစ္ ေျပာင္းလဲသြားေလသည္။
ကယ္ဆယ္ေရး အသင္းမ်ား ေနရာသို႔ အေျပးေရာက္လာေသာအခါ တိတ္ဆိတ္သံကိုသာ ၾကားလိုက္ရသည္။
ရဲ႕လင္းခ်န္က အေျခအေနကို ၾကည့္ၿပီး လူအုပ္ႀကီးအား ၿပဳံးျပလိုက္သည္။
"ကယ္ဆယ္ေရးအဖြဲ႕က ဒီကို ေရာက္လာၿပီဆိုေတာ့ ကြၽန္ေတာ္ သြားသင့္ၿပီပဲ"
ထိုသို႔ေျပာၿပီးေနာက္ သူသည္ လူအုပ္ႀကီးအား တုံ႔ျပန္ခ်ိန္မေပးဘဲ လိပ္အိုႀကီး၏ ေက်ာျပင္ေပၚ ထိုင္၍ ျမစ္စီးဆင္းရာအတိုင္း လိုက္ပါသြားေလသည္။ လူအုပ္ႀကီးသည္ လိပ္အိုႀကီး၏ ေက်ာေပၚမွ ပုံရိပ္ကို ေငးၾကည့္႐ုံသာ တတ္ႏိုင္ေလသည္။ တစ္ခါတရံတြင္ ျမစ္ေလညင္းေၾကာင့္ သူ၏ အဝတ္အစားက တဖ်ပ္ဖ်ပ္ လြင့္ေနတတ္သည္။ ယင္းက လူအုပ္ႀကီးအတြက္ အမွတ္ရစရာပင္။
ထိုပုံရိပ္ကို အင္တာနက္ေပၚ တင္ခဲ့ၾကၿပီး လူေတာ္ေတာ္မ်ားမ်ားက အခ်ိန္တစ္ခုအထိ သူတို႔၏ ေနာက္ခံပုံရိပ္အျဖစ္ အသုံးျပဳၾကေလသည္။
[ေဖးရီက အဝါေရာင္ ႀကိဳးၾကာကို စီးသလို က်န္းေကာေလာင္က ျမည္းကိုစီးၿပီး မေသမ်ိဳးကမာၻဆီ တက္လွမ္းတယ္ဆိုတဲ့ ပုံျပင္ေတြ ရွိခဲ့တယ္၊ အခု ငါတို႔မွာ လိပ္အိုႀကီးကို စီးၿပီး လူေတြကို ကယ္တင္တဲ့ ရဲ႕နတ္ဘုရား ရွိလာၿပီ၊ အံ့ဩဖို႔ေကာင္းတဲ့ ပုံျပင္ေတြပါလား]
[ဆက္ၿပီး ႏွိမ့္ႏွိမ့္ခ်ခ် ေနတာပဲ၊ ရဲ႕နတ္ဘုရားရဲ႕ အျပဳအမူက အသိဉာဏ္ ပြင့္သြားတဲ့ လူတစ္ေယာက္လိုပဲ၊ အံ့ဩဖို႔ ေကာင္းလိုက္တာ]
[ရဲ႕နတ္ဘုရားနဲ႔အတူ လိပ္ႀကီးရဲ႕ ေက်ာေပၚမွာ ေနဝင္ခ်ိန္နဲ႔ ေနထြက္ခ်ိန္ ျမင္ကြင္းေတြကို ခံစားလို႔ ရမယ္ဆိုရင္ ေပ်ာ္ဖို႔ ေကာင္းမွာပဲ]
[ရဲ႕နတ္ဘုရားရဲ႕ ဆြဲေဆာင္ႏိုင္စြမ္းက အကန႔္အသတ္ မရွိဘူး၊ အနက္ေရာင္ စစ္သည္ေတာ္ေတာင္မွ သူ႔ကို အညံ့ခံရတယ္၊ ရဲ႕နတ္ဘုရားဆိုတဲ့ နာမည္အတိုင္းပါပဲလား]
...
ရဲ႕နတ္ဘုရားက အနက္ေရာင္ စစ္သည္ေတာ္ေပၚမွေန၍ လူမ်ားကို ကယ္တင္သည့္ သတင္းမ်ားက အဓိက သတင္းဌာနမ်ားအားလုံးက တင္ၾကၿပီး လိပ္အိုႀကီးအား သတင္းဌာနမ်ိဳးစုံက အနက္ေရာင္ စစ္သည္ေတာ္ဟု တရားဝင္ ေခၚေဝၚၾကသည္။ အခ်ိဳ႕ေသာ ဇာတ္လမ္းရွာသူမ်ားသည္ အနက္ေရာင္ စစ္သည္ေတာ္ ေပၚလာသည့္ သတင္းကို ယူ၍ ေကာင္းကင္ဘုံမွ မဂၤလာရွိေသာ အတိတ္နိမိတ္တစ္ခုဟု ေျပာၾကၿပီး ဤသည္က တ႐ုတ္ႏိုင္ငံ အင္အားႀကီးလာမည့္ လကၡဏာဟု ေျပာၾကေလသည္။
ဤသတင္းက ဧရာမ စပါးအုံးေႁမြႀကီးႏွင့္ လိပ္အိုႀကီးတို႔၏ သတင္း မၿငိမ္သြားခင္ သတင္းထူးအျဖစ္ ေပၚသြားခဲ့သည္။ အစိုးရဘက္မွ တရားဝင္ သတင္းဌာနမ်ားကေတာင္မွ ရဲ႕လင္းခ်န္၏ လုပ္ရပ္မ်ားကို ခ်ီးမြမ္းေလသည္။ ႏိုင္ငံတစ္ဝွမ္းလုံးမွ လိပ္အိုႀကီးအား ေစာင့္ေရွာက္သူ မ်ိဳးစိတ္တစ္ခုအျဖစ္ မွတ္ယူၿပီး ၎၏ အထူး အဆင့္အတန္းကို ေဖာ္ျပေလသည္။