ကျုပ်က ပါရမီရှင် (Chapter 401...

By Hanshin_no

25.6K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ More

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 420
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 427
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 439
Chapter 440
Chapter 441
Chapter 442
Chapter 443
Chapter 444
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 452
Chapter 453
Chapter 454
Chapter 455
Chapter 456
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 445

244 20 0
By Hanshin_no

စာစဉ် 30 Chapter 445 အကောင်းဆုံး တိုင်းပြည်

ညစာစားပြီးနောက် အားလုံးသည် ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ သွားကြပြီး တစ်ခဏမျှ လေညင်းခံကာ သူတို့၏ အခန်းသို့ ပြန်၍ စောစောနားကြသည်။

ရဲ့လင်းချန်က သူ့ခုတင်ပေါ် လှဲ၍ မျက်လုံး မှိတ်ထားသည်။ သူ အိပ်မပျော်သေးဘဲ ဤအစီအစဉ်၌ ပါဝင်ခြင်းမှ ရရှိသော သူ၏ အကျိုးရလဒ်များကို ဆက်လက် တွက်ချက်နေ၏။

ပထမဆုံးအချက်မှာ ငွေကြေး အမြတ်များ ဖြစ်သည်။ စာချုပ်အရ တစ်ဖက်လူသည် သူ့အား ရိုက်ကူးရေးအတွက် ငါးသန်း ပေးရန် လိုအပ်သည်။ သုံးရက်တည်းနှင့် ငါးသန်း ရရှိခြင်းပင်။ ယင်းက အဆင့်အေ အနုပညာရှင် တစ်ယောက်ကို ပေးသော အနုပညာကြေးပင်။ သို့သော် ရဲ့လင်းချန်၏ ရိုက်ကူးရေးမှ စွမ်းဆောင်ရည်နှင့် ရိုက်ကူးရေးမှ သူ၏ လက်ရှိ ကျော်ကြားမှု၏ အထောက်အကူ ဖြစ်မှုကြောင့် ဒါရိုက်တာက သူ့အတွက် စာချုပ်အသစ် ပြင်ဆင်ပေးခဲ့သည်။

၎င်းတွင် ငါးသန်းမှ သန်းနှစ်ဆယ်သို့ တက်သွားခဲ့သည်။ မူလတန်ဖိုးထက် လေးဆ တက်သွားခဲ့လေသည်။ ယင်းသည် လက်ရှိ ထိပ်တန်း အနုပညာနှင့် ယှဉ်နိုင်သော ငွေကြေးပင်တည်း။

ဤသည်မှာ ရဲ့လင်းချန်ကို အသိအမှတ် ပြုခြင်း ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့၏ သူနှင့် ဆက်ဆံရေးကောင်းကို ဆက်လက် ထားရှိလို၍ ဖြစ်သည်။ ရဲ့လင်းချန်၏ စွမ်းဆောင်မှုက ဘဝ၏ ရုန်းကန်ခြင်းအား အဆင့်အနည်းငယ်မျှ တက်လာစေခဲ့သည်။ ထို့အပြင် ရဲ့လင်းချန်၏ ကျော်ကြားမှုသည် ကံပေါ် မူတည်ခြင်း မဟုတ်ဘဲ သူ၏ လုပ်နိုင်စွမ်းအပေါ် မူတည်ခဲ့သည်။ နောင်အနာဂတ်တွင် ပို၍ တိုးတက်ရုံသာ ရှိပေမည်။ ထို့ကြောင့် ရိုက်ကူးရေးအဖွဲ့သည် ရဲ့လင်းချန်၏ မျက်နှာသာပေးမှု ရရန် အပိုပိုက်ဆံ ထပ်ပေးချင်စိတ် ရှိနေခြင်း ဖြစ်လေသည်။

သန်းနှစ်ဆယ်အပြင် ဧရာမ စပါးအုံးမြွေကြီးကို ရောင်းချခြင်းမှ ရရှိလာသ်ည့ ၆၉ သန်းကိုပါ ထပ်ပေါင်းလိုက်သောအခါ စုစုပေါင်း အမြတ်က ၈၉ သန်း ဖြစ်နေလေပြီ။

အပိုပိုက်ဆံကို ကြည့်ပြီး ရဲ့လင်းချန် သက်ပြင်းချရုံသာ ရှိတော့သည်။ အစွမ်းအစများ ရှိသော လူများသည် တကယ်ကို ပိုက်ဆံ မြန်မြန် ရနိုင်ပေသည်။ သူသည် နှိမ့်ချနေရန် ကြိုးစားနေသော်လည်း သူ၏ အရည်အချင်းများက ခွင့်မပြုချေ။

သူ၏ လက်ရှိ ဝင်ငွေကို တွက်ချက်ပြီးနောက် သူ၏ ပိုင်ဆိုင်မှုများ ဖြစ်သော ဝိုင်အလှကုန် ပစ္စည်းဆိုင်၊ ပန်ဒါ ထုတ်လွှင့်ရေး၊ အနုပညာ ကုမ္ပဏီနှင့် ဝမ်ရုံ နည်းပညာတို့ကိ စဉ်းစားမိသည်။ နောင်တွင် ထိုကုမ္ပဏီများ အားလုံးသည် ဝိုင်လုပ်ငန်းစုအောက်၌ သေချာပေါက် စာရင်းဝင်နေပေမည်။

ထို့နောက် သူသည် သူ့ကုမ္ပဏီများ၏ လက်ရှိ တန်ဖိုးကို တွက်ချက်ကြည့်သည်။ ယခင်က ဝမ်ရုံနည်းပညာ၏ ရှယ်ယာများကို ဝယ်ယူခဲ့သဖြင့် သူ သန်းခုနစ်ရာကျော် သုံးခဲ့ရသည်။ ထိုအချိန်တွင် သူ့၌ ၁၅ သန်းသာ ကျန်တော့သည်။ ကံကောင်းစွာဖြင့် ဉာဏ်ရည်မြင့် စက်ရုပ်လေး ရှောင်ယွင်ကို တီထွင်ရာ၌ သုံးခဲ့သည့် ၁၅ သန်းက အကြီးအကျယ် အောင်မြင်ခဲ့သည်။ ထိုတစ်ပတ်အတွင်း ရှောင်ယွင်၏ အမှာစာများက အခုတစ်သောင်း ကျော်သွားခဲ့လေသည်။

ယင်းက အရောင်း ပမာဏက သန်းကိုးရာ ကျော်သွားပြီဖြစ်ကြောင်း ဆိုလိုနေ၏။

စက်ကို ရဲ့လင်းချန်က အပြည့်အဝ ဒီဇီုင်းဆွဲထားခြင်း ဖြစ်သောကြောင့် တီထွင်မှုစရိတ်၌ ပမာဏ အတော်လေး သက်သာသွားခဲ့သည်။ ရောင်းဈေးမြှင့်ထားပြီး ထုတ်လုပ်ရေးစရိတ်နှင့် အထွေထွေ ကုန်ကျစရိတ်တို့ကိုပါ နုတ်လိုက်လျင် အသားတင် အမြတ်က ၅၀ ရာခိုင်နှုန်းသို့ ရောက်နေခဲ့သည်။

ဤသည်မှာ တစ်ပတ်တည်းနှင့် ဝမ်ရုံနည်းပညာက အမြတ် သန်း၄၅၀ ရအောင် လုပ်နိုင်ခဲ့သည်ဟု ဖော်ပြနေ၏။

ရဲ့လင်းချန်၏ ရှယ်ယာများနှင့်ဆိုလျင် သူသည် အမြတ်ဝေစု ၃၅ သန်း ရပေမည်။

ဤနေရာ၌ ရှင်းပြချက်အချို့ လိုအပ်ပေလိမ့်မည်။ ဤမျှ များပြားသော ပိုက်ဆံများ ရရှိရန် မလွယ်ကူပါ။ ရဲ့လင်းချန်၏ တည်ရှိမှုက လျှို့ဝှက်ချက်သဖွယ် ဖြစ်နေသဖြင့် ရှောင်ယွင်ကဲ့သို့ စက်ရုပ်ကို ဒီဇိုင်းထွင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားသော ကုမ္ပဏီများဆိုလျင် နှစ်ပေါင်း ဆယ်နှင့်ချီ အချိန်ယူရန် လိုအပ်လောက်ပြီး ဤသို့သော စက်ရုပ်မျိုး ထုတ်လုပ်ရန် ကျရှုံးလောက်သေးသည်။ နည်းပညာသည် အမြတ်များသော နယ်ပယ် ဖြစ်သည်။ သို့သော် ၎င်းသည် အမြတ်များများ ရနိုင်ရန်အတွက် မရေတွက်နိုင်သော ဗဟုသုတများနှင့် သုတေသနများ လိုအပ်ပေသည်။

ဝိုင်အလှကုန်ပစ္စည်းဆိုင်အတွက်မှာမူ ၎င်းသည် အင်တာနက်ပေါ်၌ ရေပန်းစားနေသော ဆိုင်တစ်ဆိုင် ဖြစ်သော်လည်း ကိုယ်ပိုင် ထုတ်ကုန်များ မရှိသဖြင့် ချဲ့ထွင်ရန် အသင့်မဖြစ်သေးပေ။ ၎င်းတွင် တစ်နေ့ ဧည့်ခံနိုင်သော ဧည့်သည် အရေအတွက်များကလည်း အကန့်အသတ် ရှိပေသည်။ အမြတ်က ရှစ်သောင်းမှ ကိုးသောင်း ဝန်းကျင်တွင်သာ ရှိလေသည်။ ယင်းက ကောင်းပုံပေါက်သော်လည်း ရဲ့လင်းချန်အတွက် ဘာမှမဟုတ်ချေ။ ထုတ်လုပ်ရေး ပလက်ဖောင်း၏ အမြတ်က နည်းသည်။ ၎င်း၏ ကျော်ကြားမှုက ကောင်းသော်လည်း ကုန်ကျစရိတ် မြင့်သည်။ လက်ရှိတွင် ၎င်း၏ ဈေးကွက် တန်ဖိုးက မြင့်သော်လည်း အမြတ်က အလှကုန် ပစ္စည်းဆိုင်ထက် ပိုမသာပါ။

အကျဉ်းချုပ် ကြည့်လိုက်လျင် လက်ရှိ၌ ရဲ့လင်းချန်တွင် ၄၅ သန်းလောက်သာ ငွေသား သုံးနိုင်ပေသည်။ အနုပညာ ကုမ္ပဏီမှာမူ ၎င်းထံမှ ဘာမှမရနိုင်ခင် တိုက်ခန်းတွင်းမှ အချစ်ဇာတ်လမ်း၏ ထုတ်လွှင့်မှုကို‌ စောင့်ရန် လိုအပ်နေ ပေသေးသည်။

အဆုံးသတ်တွင် ... ယင်းသည် မလုံလောက်သေးပါ။

သူ့ကုမ္ပဏီကို ချဲ့ထွင်ရန် လိုအပ်ခြင်းကြောင့် အထူးသဖြင့် ဝမ်ရုံ နည်းပညာပင်၊ သူသည် ပိုက်ဆံကို အသည်းအသန် လိုအပ်နေ၏။ သူသည် ဤအခွင့်အရေးကို အသုံးချပြီး အဓိကမြို့ကြီးများ၌ ဆိုင်ခွဲများ ဖွင့်၍ ဈေးကွက် ချဲ့ထွင်ရန် လိုအပ်ပေသည်။ သို့သော် ပုံမှန် ဆိုင်ခွဲများသည် ဆိုင်ပစ္စည်းများ ဝယ်ယူရန် လိုအပ်ပြီး ယင်းက နောက်ထပ် ကုန်ကျစရိတ်ကြီး ဖြစ်သဖြင့် သူ့အတွက် ခေါင်းကိုက်စရာပင်။

ရဲ့လင်းချန်သည် လုပ်ငန်း လုပ်ပိုင်ခွင့် ဆိုင်ခွဲများ ဘယ်တော့မှ ဖွင့်မည် မဟုတ်ဘဲ ပုံမှန် ဆိုင်ခွဲများသာ ဖွင့်မည် ဖြစ်သည်။ သူ့၌ သန်းချီရှိနေလျင်တောင်မှ အဓိကမြို့ကြီးများ၌ သူ ဆိုင်ခွဲများ ဘယ်လောက်များများ ဝယ်နိုင်ပါမည်နည်း။ ကမ္ဘာတစ်ဝှမ်း၌ ဖွင့်လိုခြင်းက ဘောင်ပင် ကျော်နေလောက်သည်။

*ဟူး ... ခေါင်းကိုက်စရာပဲ*

ရဲ့လင်းချန်၏ အစီအစဉ်များအရဆိုလျင် နောက်ပိုင်း အဆင့်များအတွက် သူ လိုအပ်သော ပိုက်ဆံမှာ များလွန်းလှသည်။ အရင်ဆုံး သူသည် သူ၏ လုပ်ငန်းများ အခြေစိုက်အတွက် ကျွန်းတစ်ကျွန်း ဝယ်ကို ဝယ်မှ ဖြစ်မည်။ ထို့နောက် သူသည် ထိုကျွန်း၌ ဌာနချုပ်တစ်ခုကို တည်ဆောက်ပြီး သူ့ကုမ္ပဏီကို ထိုသို့ ရွှေ့ရန် လိုအပ်ပေသည်။ နှိမ့်ချ၍ ငြိမ်ငြိမ်ကုပ်ကုပ် နေတတ်သော သူကဲ့သို့ ပါရမီရှင်အတွက် ထိုကျွန်း၏ ဒီဇီုင်းက ခမ်းနားနေမှကို ဖြစ်မည်။

သူ့တွင် အနည်းဆုံး ပိုက်ဆံ ဘီလီယံနှင့်ချီ၍ ရှိမနေပါက သူ ဘာကိုမှ မလုပ်နိုင်ပါ။

ဤသည်ကို သူ တစ်ဆင့်ပြီးတစ်ဆင့် လုပ်မှ ရပေမည်။ သူ၏ အကောင်းဆုံး တိုင်းပြည်အား တည်ဆောင်ရန် ခရီးလမ်းက တကယ်ကို ရှည်လျားလွန်းလှသည်။

သူ၏ ပိုင်ဆိုင်မှုများကို တွက်ချက်ပြီးနောက် ရဲ့လင်းချန်သည် သူ၏ အာရုံကို စနစ်ထဲမှ သူ၏ ရေပန်းစားမှု အမှတ်များအတွက် ပြောင်းလိုက်သည်။

၎င်းကို ကြည့်မိပြီးနောက် သူကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။ ဧရာမ စပါးအုံးမြွေကြီးကို သူ သတ်လိုက်ပြီးသည့် အခါမှစ၍ ယခုအချိန်အထိ သူ၏ ရေပန်းစားမှုအမှတ်က ၁.၂ သန်းဝန်းကျင်မှ ၃.၂ သန်းကျော်သို့ ရောက်သွားခဲ့သည်။

သူ ရေပန်းစားမှုအမှတ် ၂သန်း ရရှိခဲ့ပါတကား။

သူ မသိလိုက်သည့်အချက်မှာ တစ်နေ့လုံး အင်တာနက်၌ ပြောနေသော စကားများက သူနှင့် ဆက်စပ်နေသော အကြောင်းအရာများ ဖြစ်သည်ဆိုခြင်းပင်။ ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုများ၏ ထိပ်တန်း ဆယ်ခု စာရင်း၊ Tencent News၊ Sina News နှင့် အခြားသော သတင်းဌာနများအားလုံးကလည်း သူနှင့် ပတ်သက်သော သတင်းများကို ကြေညာနေကြသည်။

[ရှေးခေတ် ဧရာမ စပါးအုံး မြွေမိစ္ဆာကြီးအား ရှာဖွေတွေ့ရှိမှု]

[အံ့ဩစရာကောင်းတဲ့ လူ့ခန္ဓာကိုယ်ရဲ့ အလားအလာ ထွက်ပေါ်လာခြင်း]

[အံ့ဩစရာကောင်းသော ရဲ့နတ်ဘုရား]

[ရေအောက်ထဲမှ ဧရာမ လိပ်ကြီး၊ ဒီကမ္ဘာမှာ လူမသိတဲ့အရာတွေ ဘယ်နှစ်ခု ထပ်ရှိနေသလဲ]

[ကောင်းကင်ဘုံမှ မင်္ဂလာရှိသော အတိတ်နိမိတ်၊ ဒဏ္ဍာရီလာ သားရဲ အနက်ရောင် စစ်သည်တော် ကိုယ်ထင်ပြလာပြီ]

[ကြေးမြင့်သော လေလံပွဲ၊ ဧရာမ စပါးအုံးမြွေကြီးရဲ့ ဆေးပညာတန်ဖိုး]

[ငါးရာဂရမ်ကို တစ်သောင်း လျှော့ပေးခြင်း၊ ရဲ့နတ်ဘုရားက လိုလိုလားလားနဲ့ ဆယ်သန်းကျော် အဆုံးခံခြင်း]

...

ယနေ့သည် သတင်းဌာနကြီးများ၏ သတင်းများ ဖုံးလွှမ်းနေသော နေ့တစ်နေ့ဟု ဆိုရပေမည်။ သတင်းထူးများက တစ်ခုပြီး တစ်ခု တက်လာနေ၏။ WeChat Moments ၊ TikTok နှင့် အခြားသော ပလက်ဖောင်းများတွင်လည်း ပလူပျံနေသည်။ သတင်းက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပြီး လူတော်တော်များများ၏ အမြင်ကို ပြောင်းလဲ စေခဲ့သည်။ ယင်းကို သတိမထားမိရန် ခက်လှသည်။

လေလံပွဲ အခွင့်အရေးကို လွတ်သွားသဖြင့် နောင်တရနေသော ကုမ္ပဏီများစွာလည်း ရှိနေသည်။ အချို့သည် လိပ်အိုကြီးကို အလွန် စိတ်ဝင်စားနေကြသည်။ သို့သော် သူတို့က ရဲ့လင်းချန်နှင့် ဆက်သွယ်၍မရ ဖြစ်နေ၏။

ဤသို့သော ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းနှင့် အတွေးအမြင်များ ပြောင်းလဲစေသော မတော်တဆ အဖြစ်များက ရေပန်းစားမှု အမှတ်များ တိုးလာစေသည့် အမြန်ဆုံး နည်းလမ်းများ ဖြစ်ပေသည်။

ရေပန်းစားမှုအမှတ် ၃.၂ သန်းကျော်၊ ၎င်းသည် ရဲ့လင်းချန်၏ ဘဝတွင် အများဆုံး ဖြစ်ပြီး ယင်းတို့ကို သူ ဘယ်လို သုံးရမလဲ မသေချာ ဖြစ်နေလေသည်။ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူသည် ဘာစွမ်းရည်ကိုမှ အဆင့်မမြှင့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူသည် ရက်တစ်ရက်ကို ရွေးပြီး အလောင်းအစား ပြုလုပ်ရန် စိတ်ကူးထားလိုက်သည်။

နောက်တစ်နေ့တွင် တစ်ဖွဲ့လုံး မနက်စောစော နိုးလာပြီး မနက်စာအား တိတ်ဆိတ်စွာ စားကြသည်။ လူတိုင်း စကား နည်းနေလေ၏။

"အင်း ... အရာရာတိုင်းက အဆုံးသတ်ကို ရောက်ရမှာပဲလေ၊ တက်တက်ကြွကြွ နေစမ်းပါ၊ ငါတို့ နောက်တစ်ခါ ထပ်တွေ့ဦးမှာပေါ့"

ဟယ်ကျားက အံကိုခဲ၍ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးဟန်ဆောင်ကာ ပြောလိုက်သည်။

သူ့စကားက အခြေအနေကို ပို၍ ခံစားချက် တိုးလာစေသည်။

"အီးဟီးဟီး ... ငါ ရဲ့နတ်ဘုရားရဲ့ အရသာရှိတဲ့ ဟင်းလျာတွေနဲ့ ခွဲမနေနိုင်ဘူး၊ နောက်ဆို ငါ့ဘဝကို ငါ ဘယ်လို အသက် ဆက်ရတော့မလဲ"

ဝေ့တရွှင်းက ငိုလေသည်။

"ရဲ့နတ်ဘုရား၊ ငါ မင်းမရှိဘဲ မနေနိုင်ဘူး"

"တရွှင်း၊ မင်း နောက်ဆို ငါ ချက်တဲ့ ဘယ်ဟာကိုမဆို မစားတာ ပိုကောင်းလိမ့်မယ်"

ဟွမ်လေ့က သူ့ကို သုန်မှုန်စွာ ကြည့်လေသည်။

"အဲ့လိုမလုပ်ပါနဲ့ ဖေဖေဟွမ်ရယ်၊ ကျွန်တော် ရဲ့နတ်ဘုရားကို ဆုံးရှုံးပြီးပြီ၊ ခင်ဗျားကိုပါ အဆုံးရှုံး မခံနိုင်ဘူး"

ဝေ့တရွှင်းက ချက်ချင်း သူ့အပြုအမူကို ပြောင်းပြီး အခြေအနေကို ပြန်အဖတ်ဆယ်လေသည်။

"အစ်ကိုတရွှင်း၊ ရှင့်ထိုက်နဲ့ ရှင့်ကံပဲလေ"

ကျောက်လျန့်ရင် မနေနိုင်ဘဲ ပြောလိုက်မိသည်။

သူတို့၏ ဟာသများက ဝမ်းနည်းမှုကို အနည်းငယ် လျော့နည်းသွားစေခဲ့သည်။ သူတို့ တံခါးနား လျှောက်သွားချိန်တွင် ဟယ်ကျားက ရဲ့လင်းချန်ကို ကြည့်လာသည်။

"ရဲ့နတ်ဘုရား၊ ငါ့ဘဝမှာ ငါ နက်နက်ရှိုင်းရှိုင်း လေးစားရတဲ့လူက နည်းနည်းပဲ ရှိတယ်၊ မင်းက သေချာပေါက် အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ၊ မင်းကိုသာ ငါ မသိခဲ့ရင် ဒီကမ္ဘာမှာ အဲ့လို ပြီးပြည့်စုံတဲ့လူ ရှိတယ်ဆိုတာကို ငါ သိလာမှာ မဟုတ်ဘူး"

"ဆရာ ဟယ်ကျားရဲ့ စကားကို ငါ ထောက်ခံတယ်"

ဟွမ်လေ့က ဝင်ပြောသည်။

"ရဲ့နတ်ဘုရား၊ ဒီအစီအစဉ်မှာ မင်းနဲ့အတူ ပါဝင်ခွင့်ရတာက ငါတို့အတွက် ဂုဏ်ယူစရာ ဖြစ်သလို ကံကောင်းခြင်းဆိုလည်း ဟုတ်တယ်"

"ရဲ့နတ်ဘုရား မင်း ချက်ခဲ့တဲ့ ဟင်းတွေကို ငါ တစ်သက်လုံး မေ့မှာ မဟုတ်ဘူး၊ ကျေးဇူးတင်ပါတယ်"

ဝေ့တရွှင်းက ပြောသည်။

"ကျွန်တော်လည်း ခင်ဗျားတို့နဲ့ ဆုံတွေ့ရတာကို ဂုဏ်ယူပါတယ်၊ နောက်ပိုင်း ကျွန်တော်တို့ ထပ်တွေ့ဦးမယ်လို့ ယုံကြည်ပါတယ်"

ရဲ့လင်းချန် ပြုံး၍ ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ်၊ မင်းတို့ လာလည်ချင်တဲ့အချိန်တိုင်း လာလည်ကြပါ၊ မင်းတို့တွေကို မှိုအိမ်လေးက အမြဲတမ်း ကြိုဆိုနေပါတယ်"

...

#Zawgyi

စာစဥ္ 30 Chapter 445 အေကာင္းဆုံး တိုင္းျပည္

ညစာစားၿပီးေနာက္ အားလုံးသည္ ရႈခင္းၾကည့္သည့္ တဲအိမ္ေလးသို႔ သြားၾကၿပီး တစ္ခဏမွ် ေလညင္းခံကာ သူတို႔၏ အခန္းသို႔ ျပန္၍ ေစာေစာနားၾကသည္။

ရဲ႕လင္းခ်န္က သူ႔ခုတင္ေပၚ လွဲ၍ မ်က္လုံး မွိတ္ထားသည္။ သူ အိပ္မေပ်ာ္ေသးဘဲ ဤအစီအစဥ္၌ ပါဝင္ျခင္းမွ ရရွိေသာ သူ၏ အက်ိဳးရလဒ္မ်ားကို ဆက္လက္ တြက္ခ်က္ေန၏။

ပထမဆုံးအခ်က္မွာ ေငြေၾကး အျမတ္မ်ား ျဖစ္သည္။ စာခ်ဳပ္အရ တစ္ဖက္လူသည္ သူ႔အား ႐ိုက္ကူးေရးအတြက္ ငါးသန္း ေပးရန္ လိုအပ္သည္။ သုံးရက္တည္းႏွင့္ ငါးသန္း ရရွိျခင္းပင္။ ယင္းက အဆင့္ေအ အႏုပညာရွင္ တစ္ေယာက္ကို ေပးေသာ အႏုပညာေၾကးပင္။ သို႔ေသာ္ ရဲ႕လင္းခ်န္၏ ႐ိုက္ကူးေရးမွ စြမ္းေဆာင္ရည္ႏွင့္ ႐ိုက္ကူးေရးမွ သူ၏ လက္ရွိ ေက်ာ္ၾကားမႈ၏ အေထာက္အကူ ျဖစ္မႈေၾကာင့္ ဒါ႐ိုက္တာက သူ႔အတြက္ စာခ်ဳပ္အသစ္ ျပင္ဆင္ေပးခဲ့သည္။

၎တြင္ ငါးသန္းမွ သန္းႏွစ္ဆယ္သို႔ တက္သြားခဲ့သည္။ မူလတန္ဖိုးထက္ ေလးဆ တက္သြားခဲ့ေလသည္။ ယင္းသည္ လက္ရွိ ထိပ္တန္း အႏုပညာႏွင့္ ယွဥ္ႏိုင္ေသာ ေငြေၾကးပင္တည္း။

ဤသည္မွာ ရဲ႕လင္းခ်န္ကို အသိအမွတ္ ျပဳျခင္း ျဖစ္ၿပီး ႐ိုက္ကူးေရးအဖြဲ႕၏ သူႏွင့္ ဆက္ဆံေရးေကာင္းကို ဆက္လက္ ထားရွိလို၍ ျဖစ္သည္။ ရဲ႕လင္းခ်န္၏ စြမ္းေဆာင္မႈက ဘဝ၏ ႐ုန္းကန္ျခင္းအား အဆင့္အနည္းငယ္မွ် တက္လာေစခဲ့သည္။ ထို႔အျပင္ ရဲ႕လင္းခ်န္၏ ေက်ာ္ၾကားမႈသည္ ကံေပၚ မူတည္ျခင္း မဟုတ္ဘဲ သူ၏ လုပ္ႏိုင္စြမ္းအေပၚ မူတည္ခဲ့သည္။ ေနာင္အနာဂတ္တြင္ ပို၍ တိုးတက္႐ုံသာ ရွိေပမည္။ ထို႔ေၾကာင့္ ႐ိုက္ကူးေရးအဖြဲ႕သည္ ရဲ႕လင္းခ်န္၏ မ်က္ႏွာသာေပးမႈ ရရန္ အပိုပိုက္ဆံ ထပ္ေပးခ်င္စိတ္ ရွိေနျခင္း ျဖစ္ေလသည္။

သန္းႏွစ္ဆယ္အျပင္ ဧရာမ စပါးအုံးေႁမြႀကီးကို ေရာင္းခ်ျခင္းမွ ရရွိလာသ္ည့ ၆၉ သန္းကိုပါ ထပ္ေပါင္းလိုက္ေသာအခါ စုစုေပါင္း အျမတ္က ၈၉ သန္း ျဖစ္ေနေလၿပီ။

အပိုပိုက္ဆံကို ၾကည့္ၿပီး ရဲ႕လင္းခ်န္ သက္ျပင္းခ်႐ုံသာ ရွိေတာ့သည္။ အစြမ္းအစမ်ား ရွိေသာ လူမ်ားသည္ တကယ္ကို ပိုက္ဆံ ျမန္ျမန္ ရႏိုင္ေပသည္။ သူသည္ ႏွိမ့္ခ်ေနရန္ ႀကိဳးစားေနေသာ္လည္း သူ၏ အရည္အခ်င္းမ်ားက ခြင့္မျပဳေခ်။

သူ၏ လက္ရွိ ဝင္ေငြကို တြက္ခ်က္ၿပီးေနာက္ သူ၏ ပိုင္ဆိုင္မႈမ်ား ျဖစ္ေသာ ဝိုင္အလွကုန္ ပစၥည္းဆိုင္၊ ပန္ဒါ ထုတ္လႊင့္ေရး၊ အႏုပညာ ကုမၸဏီႏွင့္ ဝမ္႐ုံ နည္းပညာတို႔ကိ စဥ္းစားမိသည္။ ေနာင္တြင္ ထိုကုမၸဏီမ်ား အားလုံးသည္ ဝိုင္လုပ္ငန္းစုေအာက္၌ ေသခ်ာေပါက္ စာရင္းဝင္ေနေပမည္။

ထို႔ေနာက္ သူသည္ သူ႔ကုမၸဏီမ်ား၏ လက္ရွိ တန္ဖိုးကို တြက္ခ်က္ၾကည့္သည္။ ယခင္က ဝမ္႐ုံနည္းပညာ၏ ရွယ္ယာမ်ားကို ဝယ္ယူခဲ့သျဖင့္ သူ သန္းခုနစ္ရာေက်ာ္ သုံးခဲ့ရသည္။ ထိုအခ်ိန္တြင္ သူ႔၌ ၁၅ သန္းသာ က်န္ေတာ့သည္။ ကံေကာင္းစြာျဖင့္ ဉာဏ္ရည္ျမင့္ စက္႐ုပ္ေလး ေရွာင္ယြင္ကို တီထြင္ရာ၌ သုံးခဲ့သည့္ ၁၅ သန္းက အႀကီးအက်ယ္ ေအာင္ျမင္ခဲ့သည္။ ထိုတစ္ပတ္အတြင္း ေရွာင္ယြင္၏ အမွာစာမ်ားက အခုတစ္ေသာင္း ေက်ာ္သြားခဲ့ေလသည္။

ယင္းက အေရာင္း ပမာဏက သန္းကိုးရာ ေက်ာ္သြားၿပီျဖစ္ေၾကာင္း ဆိုလိုေန၏။

စက္ကို ရဲ႕လင္းခ်န္က အျပည့္အဝ ဒီဇီုင္းဆြဲထားျခင္း ျဖစ္ေသာေၾကာင့္ တီထြင္မႈစရိတ္၌ ပမာဏ အေတာ္ေလး သက္သာသြားခဲ့သည္။ ေရာင္းေဈးျမႇင့္ထားၿပီး ထုတ္လုပ္ေရးစရိတ္ႏွင့္ အေထြေထြ ကုန္က်စရိတ္တို႔ကိုပါ ႏုတ္လိုက္လ်င္ အသားတင္ အျမတ္က ၅၀ ရာခိုင္ႏႈန္းသို႔ ေရာက္ေနခဲ့သည္။

ဤသည္မွာ တစ္ပတ္တည္းႏွင့္ ဝမ္႐ုံနည္းပညာက အျမတ္ သန္း၄၅၀ ရေအာင္ လုပ္ႏိုင္ခဲ့သည္ဟု ေဖာ္ျပေန၏။

ရဲ႕လင္းခ်န္၏ ရွယ္ယာမ်ားႏွင့္ဆိုလ်င္ သူသည္ အျမတ္ေဝစု ၃၅ သန္း ရေပမည္။

ဤေနရာ၌ ရွင္းျပခ်က္အခ်ိဳ႕ လိုအပ္ေပလိမ့္မည္။ ဤမွ် မ်ားျပားေသာ ပိုက္ဆံမ်ား ရရွိရန္ မလြယ္ကူပါ။ ရဲ႕လင္းခ်န္၏ တည္ရွိမႈက လွ်ိဳ႕ဝွက္ခ်က္သဖြယ္ ျဖစ္ေနသျဖင့္ ေရွာင္ယြင္ကဲ့သို႔ စက္႐ုပ္ကို ဒီဇိုင္းထြင္ႏိုင္ခဲ့ျခင္း ျဖစ္သည္။ အျခားေသာ ကုမၸဏီမ်ားဆိုလ်င္ ႏွစ္ေပါင္း ဆယ္ႏွင့္ခ်ီ အခ်ိန္ယူရန္ လိုအပ္ေလာက္ၿပီး ဤသို႔ေသာ စက္႐ုပ္မ်ိဳး ထုတ္လုပ္ရန္ က်ရႈံးေလာက္ေသးသည္။ နည္းပညာသည္ အျမတ္မ်ားေသာ နယ္ပယ္ ျဖစ္သည္။ သို႔ေသာ္ ၎သည္ အျမတ္မ်ားမ်ား ရႏိုင္ရန္အတြက္ မေရတြက္ႏိုင္ေသာ ဗဟုသုတမ်ားႏွင့္ သုေတသနမ်ား လိုအပ္ေပသည္။

ဝိုင္အလွကုန္ပစၥည္းဆိုင္အတြက္မွာမူ ၎သည္ အင္တာနက္ေပၚ၌ ေရပန္းစားေနေသာ ဆိုင္တစ္ဆိုင္ ျဖစ္ေသာ္လည္း ကိုယ္ပိုင္ ထုတ္ကုန္မ်ား မရွိသျဖင့္ ခ်ဲ႕ထြင္ရန္ အသင့္မျဖစ္ေသးေပ။ ၎တြင္ တစ္ေန႔ ဧည့္ခံႏိုင္ေသာ ဧည့္သည္ အေရအတြက္မ်ားကလည္း အကန႔္အသတ္ ရွိေပသည္။ အျမတ္က ရွစ္ေသာင္းမွ ကိုးေသာင္း ဝန္းက်င္တြင္သာ ရွိေလသည္။ ယင္းက ေကာင္းပုံေပါက္ေသာ္လည္း ရဲ႕လင္းခ်န္အတြက္ ဘာမွမဟုတ္ေခ်။ ထုတ္လုပ္ေရး ပလက္ေဖာင္း၏ အျမတ္က နည္းသည္။ ၎၏ ေက်ာ္ၾကားမႈက ေကာင္းေသာ္လည္း ကုန္က်စရိတ္ ျမင့္သည္။ လက္ရွိတြင္ ၎၏ ေဈးကြက္ တန္ဖိုးက ျမင့္ေသာ္လည္း အျမတ္က အလွကုန္ ပစၥည္းဆိုင္ထက္ ပိုမသာပါ။

အက်ဥ္းခ်ဳပ္ ၾကည့္လိုက္လ်င္ လက္ရွိ၌ ရဲ႕လင္းခ်န္တြင္ ၄၅ သန္းေလာက္သာ ေငြသား သုံးႏိုင္ေပသည္။ အႏုပညာ ကုမၸဏီမွာမူ ၎ထံမွ ဘာမွမရႏိုင္ခင္ တိုက္ခန္းတြင္းမွ အခ်စ္ဇာတ္လမ္း၏ ထုတ္လႊင့္မႈကို‌ ေစာင့္ရန္ လိုအပ္ေန ေပေသးသည္။

အဆုံးသတ္တြင္ ... ယင္းသည္ မလုံေလာက္ေသးပါ။

သူ႔ကုမၸဏီကို ခ်ဲ႕ထြင္ရန္ လိုအပ္ျခင္းေၾကာင့္ အထူးသျဖင့္ ဝမ္႐ုံ နည္းပညာပင္၊ သူသည္ ပိုက္ဆံကို အသည္းအသန္ လိုအပ္ေန၏။ သူသည္ ဤအခြင့္အေရးကို အသုံးခ်ၿပီး အဓိကၿမိဳ႕ႀကီးမ်ား၌ ဆိုင္ခြဲမ်ား ဖြင့္၍ ေဈးကြက္ ခ်ဲ႕ထြင္ရန္ လိုအပ္ေပသည္။ သို႔ေသာ္ ပုံမွန္ ဆိုင္ခြဲမ်ားသည္ ဆိုင္ပစၥည္းမ်ား ဝယ္ယူရန္ လိုအပ္ၿပီး ယင္းက ေနာက္ထပ္ ကုန္က်စရိတ္ႀကီး ျဖစ္သျဖင့္ သူ႔အတြက္ ေခါင္းကိုက္စရာပင္။

ရဲ႕လင္းခ်န္သည္ လုပ္ငန္း လုပ္ပိုင္ခြင့္ ဆိုင္ခြဲမ်ား ဘယ္ေတာ့မွ ဖြင့္မည္ မဟုတ္ဘဲ ပုံမွန္ ဆိုင္ခြဲမ်ားသာ ဖြင့္မည္ ျဖစ္သည္။ သူ႔၌ သန္းခ်ီရွိေနလ်င္ေတာင္မွ အဓိကၿမိဳ႕ႀကီးမ်ား၌ သူ ဆိုင္ခြဲမ်ား ဘယ္ေလာက္မ်ားမ်ား ဝယ္ႏိုင္ပါမည္နည္း။ ကမာၻတစ္ဝွမ္း၌ ဖြင့္လိုျခင္းက ေဘာင္ပင္ ေက်ာ္ေနေလာက္သည္။

*ဟူး ... ေခါင္းကိုက္စရာပဲ*

ရဲ႕လင္းခ်န္၏ အစီအစဥ္မ်ားအရဆိုလ်င္ ေနာက္ပိုင္း အဆင့္မ်ားအတြက္ သူ လိုအပ္ေသာ ပိုက္ဆံမွာ မ်ားလြန္းလွသည္။ အရင္ဆုံး သူသည္ သူ၏ လုပ္ငန္းမ်ား အေျခစိုက္အတြက္ ကြၽန္းတစ္ကြၽန္း ဝယ္ကို ဝယ္မွ ျဖစ္မည္။ ထို႔ေနာက္ သူသည္ ထိုကြၽန္း၌ ဌာနခ်ဳပ္တစ္ခုကို တည္ေဆာက္ၿပီး သူ႔ကုမၸဏီကို ထိုသို႔ ေ႐ႊ႕ရန္ လိုအပ္ေပသည္။ ႏွိမ့္ခ်၍ ၿငိမ္ၿငိမ္ကုပ္ကုပ္ ေနတတ္ေသာ သူကဲ့သို႔ ပါရမီရွင္အတြက္ ထိုကြၽန္း၏ ဒီဇီုင္းက ခမ္းနားေနမွကို ျဖစ္မည္။

သူ႔တြင္ အနည္းဆုံး ပိုက္ဆံ ဘီလီယံႏွင့္ခ်ီ၍ ရွိမေနပါက သူ ဘာကိုမွ မလုပ္ႏိုင္ပါ။

ဤသည္ကို သူ တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္မွ ရေပမည္။ သူ၏ အေကာင္းဆုံး တိုင္းျပည္အား တည္ေဆာင္ရန္ ခရီးလမ္းက တကယ္ကို ရွည္လ်ားလြန္းလွသည္။

သူ၏ ပိုင္ဆိုင္မႈမ်ားကို တြက္ခ်က္ၿပီးေနာက္ ရဲ႕လင္းခ်န္သည္ သူ၏ အာ႐ုံကို စနစ္ထဲမွ သူ၏ ေရပန္းစားမႈ အမွတ္မ်ားအတြက္ ေျပာင္းလိုက္သည္။

၎ကို ၾကည့္မိၿပီးေနာက္ သူကိုယ္တိုင္ပင္ ထိတ္လန႔္သြားရသည္။ ဧရာမ စပါးအုံးေႁမြႀကီးကို သူ သတ္လိုက္ၿပီးသည့္ အခါမွစ၍ ယခုအခ်ိန္အထိ သူ၏ ေရပန္းစားမႈအမွတ္က ၁.၂ သန္းဝန္းက်င္မွ ၃.၂ သန္းေက်ာ္သို႔ ေရာက္သြားခဲ့သည္။

သူ ေရပန္းစားမႈအမွတ္ ၂သန္း ရရွိခဲ့ပါတကား။

သူ မသိလိုက္သည့္အခ်က္မွာ တစ္ေန႔လုံး အင္တာနက္၌ ေျပာေနေသာ စကားမ်ားက သူႏွင့္ ဆက္စပ္ေနေသာ အေၾကာင္းအရာမ်ား ျဖစ္သည္ဆိုျခင္းပင္။ ေဝ့ေပၚ၏ ေရပန္းစားေနေသာ ရွာေဖြမႈမ်ား၏ ထိပ္တန္း ဆယ္ခု စာရင္း၊ Tencent News၊ Sina News ႏွင့္ အျခားေသာ သတင္းဌာနမ်ားအားလုံးကလည္း သူႏွင့္ ပတ္သက္ေသာ သတင္းမ်ားကို ေၾကညာေနၾကသည္။

[ေရွးေခတ္ ဧရာမ စပါးအုံး ေႁမြမိစာၦႀကီးအား ရွာေဖြေတြ႕ရွိမႈ]

[အံ့ဩစရာေကာင္းတဲ့ လူ႔ခႏၶာကိုယ္ရဲ႕ အလားအလာ ထြက္ေပၚလာျခင္း]

[အံ့ဩစရာေကာင္းေသာ ရဲ႕နတ္ဘုရား]

[ေရေအာက္ထဲမွ ဧရာမ လိပ္ႀကီး၊ ဒီကမာၻမွာ လူမသိတဲ့အရာေတြ ဘယ္ႏွစ္ခု ထပ္ရွိေနသလဲ]

[ေကာင္းကင္ဘုံမွ မဂၤလာရွိေသာ အတိတ္နိမိတ္၊ ဒ႑ာရီလာ သားရဲ အနက္ေရာင္ စစ္သည္ေတာ္ ကိုယ္ထင္ျပလာၿပီ]

[ေၾကးျမင့္ေသာ ေလလံပြဲ၊ ဧရာမ စပါးအုံးေႁမြႀကီးရဲ႕ ေဆးပညာတန္ဖိုး]

[ငါးရာဂရမ္ကို တစ္ေသာင္း ေလွ်ာ့ေပးျခင္း၊ ရဲ႕နတ္ဘုရားက လိုလိုလားလားနဲ႔ ဆယ္သန္းေက်ာ္ အဆုံးခံျခင္း]

...

ယေန႔သည္ သတင္းဌာနႀကီးမ်ား၏ သတင္းမ်ား ဖုံးလႊမ္းေနေသာ ေန႔တစ္ေန႔ဟု ဆိုရေပမည္။ သတင္းထူးမ်ားက တစ္ခုၿပီး တစ္ခု တက္လာေန၏။ WeChat Moments ၊ TikTok ႏွင့္ အျခားေသာ ပလက္ေဖာင္းမ်ားတြင္လည္း ပလူပ်ံေနသည္။ သတင္းက က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ႕ႏွံ႔သြားၿပီး လူေတာ္ေတာ္မ်ားမ်ား၏ အျမင္ကို ေျပာင္းလဲ ေစခဲ့သည္။ ယင္းကို သတိမထားမိရန္ ခက္လွသည္။

ေလလံပြဲ အခြင့္အေရးကို လြတ္သြားသျဖင့္ ေနာင္တရေနေသာ ကုမၸဏီမ်ားစြာလည္း ရွိေနသည္။ အခ်ိဳ႕သည္ လိပ္အိုႀကီးကို အလြန္ စိတ္ဝင္စားေနၾကသည္။ သို႔ေသာ္ သူတို႔က ရဲ႕လင္းခ်န္ႏွင့္ ဆက္သြယ္၍မရ ျဖစ္ေန၏။

ဤသို႔ေသာ ႐ုတ္႐ုတ္သဲသဲ ျဖစ္ျခင္းႏွင့္ အေတြးအျမင္မ်ား ေျပာင္းလဲေစေသာ မေတာ္တဆ အျဖစ္မ်ားက ေရပန္းစားမႈ အမွတ္မ်ား တိုးလာေစသည့္ အျမန္ဆုံး နည္းလမ္းမ်ား ျဖစ္ေပသည္။

ေရပန္းစားမႈအမွတ္ ၃.၂ သန္းေက်ာ္၊ ၎သည္ ရဲ႕လင္းခ်န္၏ ဘဝတြင္ အမ်ားဆုံး ျဖစ္ၿပီး ယင္းတို႔ကို သူ ဘယ္လို သုံးရမလဲ မေသခ်ာ ျဖစ္ေနေလသည္။ အခ်ိန္အေတာ္ၾကာေအာင္ တုံ႔ဆိုင္းေနၿပီးေနာက္ သူသည္ ဘာစြမ္းရည္ကိုမွ အဆင့္မျမႇင့္ရန္ ဆုံးျဖတ္လိုက္သည္။ ထိုအစား သူသည္ ရက္တစ္ရက္ကို ေ႐ြးၿပီး အေလာင္းအစား ျပဳလုပ္ရန္ စိတ္ကူးထားလိုက္သည္။

ေနာက္တစ္ေန႔တြင္ တစ္ဖြဲ႕လုံး မနက္ေစာေစာ ႏိုးလာၿပီး မနက္စာအား တိတ္ဆိတ္စြာ စားၾကသည္။ လူတိုင္း စကား နည္းေနေလ၏။

"အင္း ... အရာရာတိုင္းက အဆုံးသတ္ကို ေရာက္ရမွာပဲေလ၊ တက္တက္ႂကြႂကြ ေနစမ္းပါ၊ ငါတို႔ ေနာက္တစ္ခါ ထပ္ေတြ႕ဦးမွာေပါ့"

ဟယ္က်ားက အံကိုခဲ၍ လြတ္လြတ္လပ္လပ္ ေပါ့ေပါ့ပါးပါးဟန္ေဆာင္ကာ ေျပာလိုက္သည္။

သူ႔စကားက အေျခအေနကို ပို၍ ခံစားခ်က္ တိုးလာေစသည္။

"အီးဟီးဟီး ... ငါ ရဲ႕နတ္ဘုရားရဲ႕ အရသာရွိတဲ့ ဟင္းလ်ာေတြနဲ႔ ခြဲမေနႏိုင္ဘူး၊ ေနာက္ဆို ငါ့ဘဝကို ငါ ဘယ္လို အသက္ ဆက္ရေတာ့မလဲ"

ေဝ့တ႐ႊင္းက ငိုေလသည္။

"ရဲ႕နတ္ဘုရား၊ ငါ မင္းမရွိဘဲ မေနႏိုင္ဘူး"

"တ႐ႊင္း၊ မင္း ေနာက္ဆို ငါ ခ်က္တဲ့ ဘယ္ဟာကိုမဆို မစားတာ ပိုေကာင္းလိမ့္မယ္"

ဟြမ္ေလ့က သူ႔ကို သုန္မႈန္စြာ ၾကည့္ေလသည္။

"အဲ့လိုမလုပ္ပါနဲ႔ ေဖေဖဟြမ္ရယ္၊ ကြၽန္ေတာ္ ရဲ႕နတ္ဘုရားကို ဆုံးရႈံးၿပီးၿပီ၊ ခင္ဗ်ားကိုပါ အဆုံးရႈံး မခံႏိုင္ဘူး"

ေဝ့တ႐ႊင္းက ခ်က္ခ်င္း သူ႔အျပဳအမူကို ေျပာင္းၿပီး အေျခအေနကို ျပန္အဖတ္ဆယ္ေလသည္။

"အစ္ကိုတ႐ႊင္း၊ ရွင့္ထိုက္နဲ႔ ရွင့္ကံပဲေလ"

ေက်ာက္လ်န႔္ရင္ မေနႏိုင္ဘဲ ေျပာလိုက္မိသည္။

သူတို႔၏ ဟာသမ်ားက ဝမ္းနည္းမႈကို အနည္းငယ္ ေလ်ာ့နည္းသြားေစခဲ့သည္။ သူတို႔ တံခါးနား ေလွ်ာက္သြားခ်ိန္တြင္ ဟယ္က်ားက ရဲ႕လင္းခ်န္ကို ၾကည့္လာသည္။

"ရဲ႕နတ္ဘုရား၊ ငါ့ဘဝမွာ ငါ နက္နက္ရႈိင္းရႈိင္း ေလးစားရတဲ့လူက နည္းနည္းပဲ ရွိတယ္၊ မင္းက ေသခ်ာေပါက္ အဲ့ဒီလူေတြထဲက တစ္ေယာက္ပဲ၊ မင္းကိုသာ ငါ မသိခဲ့ရင္ ဒီကမာၻမွာ အဲ့လို ၿပီးျပည့္စုံတဲ့လူ ရွိတယ္ဆိုတာကို ငါ သိလာမွာ မဟုတ္ဘူး"

"ဆရာ ဟယ္က်ားရဲ႕ စကားကို ငါ ေထာက္ခံတယ္"

ဟြမ္ေလ့က ဝင္ေျပာသည္။

"ရဲ႕နတ္ဘုရား၊ ဒီအစီအစဥ္မွာ မင္းနဲ႔အတူ ပါဝင္ခြင့္ရတာက ငါတို႔အတြက္ ဂုဏ္ယူစရာ ျဖစ္သလို ကံေကာင္းျခင္းဆိုလည္း ဟုတ္တယ္"

"ရဲ႕နတ္ဘုရား မင္း ခ်က္ခဲ့တဲ့ ဟင္းေတြကို ငါ တစ္သက္လုံး ေမ့မွာ မဟုတ္ဘူး၊ ေက်းဇူးတင္ပါတယ္"

ေဝ့တ႐ႊင္းက ေျပာသည္။

"ကြၽန္ေတာ္လည္း ခင္ဗ်ားတို႔နဲ႔ ဆုံေတြ႕ရတာကို ဂုဏ္ယူပါတယ္၊ ေနာက္ပိုင္း ကြၽန္ေတာ္တို႔ ထပ္ေတြ႕ဦးမယ္လို႔ ယုံၾကည္ပါတယ္"

ရဲ႕လင္းခ်န္ ၿပဳံး၍ ေျပာလိုက္သည္။

"ႏႈတ္ဆက္ပါတယ္၊ မင္းတို႔ လာလည္ခ်င္တဲ့အခ်ိန္တိုင္း လာလည္ၾကပါ၊ မင္းတို႔ေတြကို မႈိအိမ္ေလးက အၿမဲတမ္း ႀကိဳဆိုေနပါတယ္"

...

Continue Reading

You'll Also Like

434K 18.1K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
1.4M 97K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
443K 24.5K 166
Featured at Wattpad's Editor Picks list. Luna, an overworked Engineer, had an unfortunate end. Her spirit, feeling wronged, fights Death for a second...