ကျုပ်က ပါရမီရှင် (Chapter 401...

By Hanshin_no

25.6K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ More

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 420
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 427
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 439
Chapter 440
Chapter 441
Chapter 443
Chapter 444
Chapter 445
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 452
Chapter 453
Chapter 454
Chapter 455
Chapter 456
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 442

264 26 1
By Hanshin_no

စာစဉ် 30 Chapter 442 ဒီဧရာမ စပါးအုံးမြွေကြီးက ထူးခြားတာပဲ

စာရွက်ပေါ်တွင် ဧရာမ စပါးအုံးမြွေကြီး၏ ကြောက်စရာကောင်းသော ခွန်အားနှင့် ရက်စက်မှုတို့နှင့်အတူ ရဲ့လင်းချန်၏ အံ့ဩဖွယ်ကောင်းသော စွမ်းဆောင်မှုတို့ကို ဆွဲထားပြီး နဂါးနိုင် သူရဲကောင်းတစ်ယောက်၏ ခံစားချက်မျိုး ပေးစွမ်းနေ၏။

"ဒီမှာ ထိုးလိုက်ပါ"

တုန်းမြောင်မြောင်က ပုံဆွဲစာရွက်၌ တမင်သက်သက် ဗလာချန်ထားသော ပြောင်ရှင်းနေသည့် ဧရိယာကို လက်ညှိုးထိုးပြသည်။

"မင်း ဒါကို ဆွဲထားတာလား"

ရဲ့လင်းချန် မျက်ခုံးပင့်လိုက်သည်။ တုန်းမြောင်မြောင်က ခေါင်းညိတ်ပြပြီးမှ အနေရခက်စွာ ပြန်ပြောလေသည်။

"ဒါက အချိန် အကန့်အသတ် ရှိလို့ အကြမ်းဖျင်း ဆွဲထားတာလေးပါ၊ ရဲ့နတ်ဘုရား စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်"

"မင်းရဲ့ ပုံဆွဲပညာက မဆိုးပါဘူး"

ရဲ့လင်းချန်က ပြုံးပြီး ထိုအပေါ်၌ သူ့နာမည်ကို လက်မှတ် ထိုးပေးလိုက်သည်။ သူ၏ လက်ရေးက လွတ်လပ်မှုကို ထင်ဟပ်စေပြီး ပန်းချီစာရွက်ပေါ်၌ ထင်ရှားပြတ်သားစွာ နေရာယူလေသည်။

"လှလိုက်တဲ့ လက်ရေးလက်သား၊ ရဲ့နတ်ဘုရားရဲ့ လက်ရေးလှ ကျွမ်းကျင်မှုက ဒီအဆင့်အထိ ရောက်နေလို့ ကျွန်မ အံ့ဩမိတယ်၊ ကျွန်မ တကယ်ကို လေးစားမိပါတယ်"

တုန်းမြောင်မြောင်က တအံ့တဩ ပြောသည်။ ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်ပြီး ငြိမ်မြဲ ငြိမ်နေလိုက်သည်။

သူ့စိတ်ထဲတွင် ဤမိန်းကလေးအပေါ် အမြင် တိုးတက်လာသည်။

*ဉာဏ်ကောင်းတယ်၊ တော်တော် ဉာဏ်ကောင်းတယ်*

သူမက သူ၏ ကျော်ကြားမှုကို သိသာစွာ အခွင့်ကောင်းယူနေခြင်းပင်။

ရဲ့လင်းချန်က ဘယ်သူလဲ။ သူသည် ဤနေရာ၌ မုချမသွေ အရေးအပါဆုံးလူ ဖြစ်သည်။ လက်ရှိတွင် သူတို့က တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်နေ၏။ လူတော်တော်များများက ရဲ့လင်းချန်နောက် လိုက်နေကြသည်။ ဤမိန်းကလေးက ရုတ်တရက် သူ့လက်မှတ်ကို တောင်းလာသဖြင့် ကြည့်ရှုသူများထံမှ စိတ်ဝင်စားမှု ရသွားမှာပင်။

အကယ်၍ သူမသာ သူမတို့၏ ကုမ္ပဏီ ပိုစတာများကို ထုတ်၍ သူတို့ကြော်ငြာကို ရောင်းပန်းလှအောင် ကြိုးစားပါက ရဲ့လင်းချန်သည် လက်မှတ် ထိုးပေးရန် ငြင်းပယ်မှာ ဖြစ်သည်။ သို့သော် သူမက ရဲ့လင်းချန်၏ ပုံတူ ပန်းချီစာရွက်ကို ထုတ်လာခဲ့သည်။ ထိုအပြုအမူ တစ်ခုတည်းကတင် အခြေအနေကို ပြောင်းလဲသွားစေသည်။

ထို့အပြင် ပုံကို ကောင်းမွန်စွာ ဆွဲထားခဲ့သည်။ ဤပုံသည် သူ၏ လက်မှတ်နှင့်အတူ အများပြည်သူများကြား၌ အငြင်းအခုံတစ်ချို့ ဖြစ်လာလိမ့်မည်ဟု ရဲ့လင်းချန် မြင်ယောင်နေသည်။ ဤပန်းချီကို သူတို့ မြင်သည့်အခါတိုင်း သူတို့ ချန်းမြောင် ကျန်းမာရေး စောင့်ရှောက်မှုကို တွေးမိလောက်သည်။

ယင်းက ခြားနားသော ကြော်ငြာနည်း တစ်မျိုးပင်။ ထို့အပြင် ယင်း၏ အကျိုးသက်ရောက်မှုက အကောင်းဆုံး ဖြစ်လောက်ပေသည်။

ရဲ့လင်းချန်သည် ထက်မြက်သူများထဲမှ တစ်ယောက် ဖြစ်သောကြောင့် ထက်မြက်သူများကို ပို၍ သဘောကျသည်။ ထို့ကြောင့် သူသည် ဤမိန်းကလေးအား သူ့လက်မှတ်ထိုးပေးရန် စိတ်အနှောင့်အယှက် မဖြစ်ပါ။

"မင်း ဘာလို့ ဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို မလေ့လာတာလဲ"

ရဲ့လင်းချန် မေးလိုက်သည်။

"ရဲ့နတ်ဘုရား၊ အခု အဲ့ဒီလူတွေက ကျွန်မအတွက် အဲ့ဒါကို လုပ်ပေးနေတယ် မဟုတ်ဘူးလား"

တုန်းမြောင်မြောင်က ရဲ့လင်းချန်ကို မျက်လုံး တစ်ဖက် မှိတ်ပြပြီး ပြုံးနေလေသည်။

ထိုအခိုက်တွင် အံ့ဩမှင်တက်သော အော်သံတစ်သံကို ကြားလိုက်ရသည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုအသံပိုင်ရှင်မှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ တစ်ပြင်လုံး နီနေသည့် အံ့ဩနေသော ကျွမ်းကျင်သူ တစ်ယောက်ပင်။

"အံ့ဩစရာပဲ၊ ဒါက အရမ်း အံ့ဩဖို့‌ ကောင်းတယ်၊ ဒါ ထူးခြားဆန်းကြယ်ပဲ၊ ဒါ ဆေးပညာ လောကထဲက ဆန်းကြယ်မှု တစ်ခုပဲ"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါရဲ့ အသားတွေ အရိုးတွေက ဒီလို ရလဒ်မျိုး ပြနေတာလား၊ ထူးခြားတယ်၊ ဒါက အရမ်း ထူးခြားတယ်"

"ဒီဧရာမ မြွေကြီးက ထူးခြားတာပဲ"

ထို့နောက်တွင်မူ အံ့ဩသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။ အချို့သော ကျွမ်းကျင်သူများဆိုလျင် မျက်ရည်ပင် လည်နေ၏။

"ဘာတွေ ဖြစ်နေတာလဲ"

လူတစ်ယောက်က မေးလေသည်။

"ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားမှာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်တစ်ခု ရှိတယ်၊ အဲ့ဒီ စွမ်းအင်က သိပ်သန့်စင်ပြီးတော့ စိတ်ဝိညာဉ် ဆေးပင်တွေက ဆေးဘက်ဆိုင်ရာ အာနိသင်တွေနဲ့ ဆင်တူတယ်၊ ဒါပေမဲ့ ဒါက တိရစ္ဆာန်တစ်ကောင်မို့လို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ ဆေးဘက်ဆိုင်ရာ အာနိသင်က ပိုပြီးတော့ ထူးခြားတယ်၊ ပြီးတော့ ဒါရဲ့ အကျိုးသက်ရောက်မှုက ဆေးပင်တွေထက် ပိုသာတယ်"

ကျွမ်းကျင်သူများထဲမှ တစ်ယောက်က သူ့မျက်မှန်ကို ပင့်တင်၍ ရှင်းပြလေသည်။

သူတို့ ပြောနေသော ထူးခြားဆန်းကြယ်သည့် စွမ်းအင်ကို ရဲ့လင်းချန် သိပါသည်။ တကယ်တမ်းတွင် ယင်းသည် ဧရာမ စပါးအုံးမြွေကြီး၏ ခန္ဓာကိုယ်တွင်းမှ အားဖြစ်စေသော စိတ်ဝိညာဉ် စွမ်းအင် ဖြစ်လေသည်။ ထို့အပြင် ဤ ဧရာမ စပါးအုံးမြွေကြီးသည် ဘယ်အချိန်အတိုင်းအတာကတည်းက အသက်ရှင်ခဲ့လဲ မသိပါ။ ၎င်း၏ ခန္ဓာကိုယ်က ပင်ကို သဘာဝ ပြောင်းလဲမှု ဖြစ်ပေါ်ပြီးနေလေပြီ။

"ဒီလို ဆေးဘက်ဆိုင်ရာ အာနိသင်မျိုးက တော်တော်ကို မတူတာ၊ ငါတို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားကို စမ်းသပ်ခံအဖြစ် သုံးမယ်ဆိုရင် ထူးခြားတဲ့ ရောဂါအချို့ကို ထိန်းချုပ်နိုင်စွမ်း ရှိလောက်တယ်"

တစ်ယောက်က တုန်ယင်နေသောအသံနှင့် ပြောလေသည်။

"ဒါက အခု ငါတို့ ရင်ဆိုင်နေရတဲ့ ကုမရတဲ့ ရောဂါအချို့ကို ပိုပြီး ကောင်းလာစေနိုင်တယ်"

ထိုသို့ပြောပြီးသည်နှင့် ပတ်ဝန်းကျင်မှ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ သူတို့အားလုံးက ဧရာမ စပါးအုံးမြွေကြီး၏ အလောင်းကို လောဘတို့ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။

ဧရာမ စပါးအုံးမြွေကြီးသည် ကြီးမားသော်လည်း တစ်ကောင်းတည်သာ ရှိသည်။ အထောက်အပံ့က အကန့်အသတ် ဖြစ်နေသောကြောင့် ဧရာမ စပါးအုံးမြွေကြိးကို ရနိုင်သည့် ဘယ်ကုမ္ပဏီမဆိုက အခြား ကုမ္ပဏီများထက် ပိုအရည်အသွေးကောင်းသည့် ဆေးကို ထုတ်လုပ်နိုင်ပေလိမ့်မည်။

ထို့အပြင် ဧရာမ စပါးအုံးမြွေကြီးကို အသုံးပြု၍ ဖန်တီးထားသော ဆေးသစ်တစ်မျိုး ထွက်လာပါက ထိုကုမ္ပဏီ၏ အဆင့်အတန်းက အကြီးအကျယ် ပြောင်းလဲသွားပေမည်။

*ဝယ်ရမယ်၊ ငါ ဒါကို ဝယ်ကိုဝယ်မှ ဖြစ်မယ်*

လူတိုင်း၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခုသာ ရှိနေလေသည်။

[သောက်ကျိုးနည်း အဲ့လောက် အံ့ဩဖို့ ကောင်းတာလား]

[ဒါ မကောင်းဆိုးဝါး ပူးနေတာ၊ ဒါ သေချာပေါက် မကောင်းဆိုးဝါး ပူးနေတာ၊ ဟိုက်ယား ... မင်းကိုယ်မင်း ကိုယ်ထင်ပြစမ်း]

[ဦးနှောက်ခြောက်ခံမနေနဲ့၊ ဒါ ပိုင်ဆုကျန်း (The Legend of Whit Snake ထဲမှ မြွေမိစ္ဆာ) ဖြစ်လောက်တယ်]

[မြတ်စွာဘုရား၊ ပိုင်ဆုကျန်းက ဒီလို ဇာတ်သိမ်းသွားတာဆိုရင် ရှုရှန်း (ပိုင်ဆုကျန်းကို ကယ်ပေးပြီး သူမနှင့် လက်ထပ်ခဲ့သော လူသား) က ဘယ်လိုလုပ်မလဲ]

[သောက်ရေးမပါတာတွေ ပြောမနေနဲ့၊ ဒီဧရာမ စပါးအုံးမြွေကြီးက ဘာကို ကိုယ်စားပြုလဲ မင်းတို့ သိလား၊ ဒါသန်းချီတဲ့ အသက်တွေကို ကယ်နိုင်တယ်ကွ၊ ရဲ့နတ်ဘုရားက အံ့ဩဖို့ ကောင်းလိုက်တာ]

[ဒီဧရာမ စပါးအုံးမြွေကြီးက မြွေတွေထဲမှ နတ်ဘုရား ဖြစ်လောက်တယ်]

...

လူတိုင်းက သူတို့၏ အံ့ဩမှုကို ထုတ်ဖော်ပြောဆိုနေစဉ်တွင် သခင်လေးဝေ့ တစ်ဦးတည်းကသာ ဘေးမှနေ၍ အေးစက်စွာ စောင့်ကြည့်နေ၏။

"သခင်လေးဝေ့၊ ဒါ ကျွန်တော်တို့ လေ့လာစမ်းစစ်မှုရဲ့ ရလဒ်ပါ၊ ဒါက ကျွန်တော်တို့ ထင်ထားတာထက် သာနေပါတယ်"

သခင်လေးဝေ့ကို အစီရင်ခံစာတစ်ခု ပေးလာသည်။

အစီရင်ခံစာပေါ်မှ အချက်အလက်ကို ဖတ်ပြီးနောက် သခင်လေးဝေ့၏ မျက်လုံးအိမ်က ချက်ချင်း ကျဉ်းမြောင်း သွားပြီး သူ့အမူအရာက ဘာပဲလုပ်ရလုပ်ရ ရအောင် လုပ်မည်ဟု ဖော်ပြနေသည်။

"ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ မျိုးရိုးဗီဇက မြွေတစ်ကောင်ရဲ့ မျိုးရိုးဗီဇ မဟုတ်တော့ဘူး၊ နေရာတိုင်းမှာ ဆင့်ကဲ ပြောင်းလဲမှုတွေ အများကြီး ရှိနေတယ်"

လက်အောက်ငယ်သားက သခင်လေးဝေ့အတွက် အသေးစိတ် ရှင်းပြလေသည်။

"ဒီမှာ ပြနေတဲ့ အချက်အလက်အရဆိုရင် ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသက်စွမ်းအင်က သူ့မျိုးနွယ်တွေထက် ငါးဆ ပိုမြင့်တယ်၊ ဒါက မြွေတစ်ကောင် မဟုတ်တော့ဘူးလို့ ကျွန်တော် စထင်လာပြီ၊ ဒါက ရှေးခေတ် ဒဏ္ဍာရီထဲမှာ ပြောထားကြတဲ့ မြွေကနေ နဂါးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲမှုများ ဖြစ်နေလေမလား"

"ဘာပဲဖြစ်နေပါစေ ငါတို့ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ ခန္ဓာကိုယ်ကို ရကိုရရမယ်၊ ဒါက ငါတို့ သုတေသနအတွက် အကူအညီ ဖြစ်စေမှာပဲ"

သခင်လေးဝေ့၏ မျက်လုံးက အရောင်တောက်နေသည်။ ထို့နောက် သူက ရဲ့လင်းချန်နှင့် ဧရာမ လိပ်ကြီးကို စဉ်းလဲသော အကြည့်ဖြင့် ကြည့်၍ နှုတ်ခမ်းသပ်လိုက်သည်။

"အဲ့ဒီ ဧရာမ လိပ်ကြီးနဲ့ ပတ်သက်ပြီးတော့လည်း မမေ့နဲ့၊ အဲ့ဒါအပြင် မင်း ရဲ့နတ်ဘုရားဆိုတဲ့ကောင်နဲ့ ပတ်သက်ပြီး စိတ်မဝင်စားဘူးလား"

"သိပ်စိတ်ဝင်စားတာပေါ့"

ထိုလူ၏ အသံက လေးနက်လာသည်။

"ကျွန်တော်တို့ရဲ့ ဗွီဒီယိုကို ခွဲခြမ်းစိတ်ဖြာမှုအရဆိုရင် ရဲ့နတ်ဘုရားရဲ့ ခန္ဓာကိုယ်က သာမန် လူသားတစ်ယောက်ရဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီ၊ သူ့ရဲ့ ခွန်အား ဒါမှမဟုတ် ရေထဲမှာ သွက်လက်မှုက လူသားတစ်ယောက် ပိုင်ဆိုင်တာထက် ကျော်နေပြီ၊ သိုင်းပညာရှင် ဖြစ်နေရင်တောင်မှ ဒါက မဖြစ်နိုင်ဘူး၊ သူ့ခန္ဓာကိုယ်ထဲမှ ဆင့်ကဲ ပြောင်းလဲမှုတစ်ချို့ ဖြစ်နေလောက်တယ်လို့ ကျွန်တော် သံသယ ရှိတယ်"

"သူ့မျိုးရိုးဗီဇက ဘာဖြစ်မယ်လို့ မင်း ထင်လဲ"

သခင်လေးဝေ့က တစ်ကိုယ်တည်း ပြောနေသည်။

"ဧရာမ စပါးအုံးမြွေကြီး ဒါမှမဟုတ် ဧရာမ လိပ်ကြီးနဲ့ ယှဉ်လိုက်ရင် လူသား မျိုးရိုးဗီဇက အခြားလူသားတွေနဲ့ ပိုပြီး သဟဇာတ ဖြစ်တယ်၊ ငါ ဒီရဲ့နတ်ဘုရားကို သိပ်စိတ်ဝင်စားတယ်"

"သူ့မျိုးရိုးဗီဇကိုသာ ငါ့ကိုယ်ထဲ အစားထိုး ထည့်သွင်းနိုင်ရင် သူ့ခန္ဓာကိုယ် တည်ဆောက်ပုံအတိုင်း ငါ ရနိုင်မလား ဆိုတာကို သိချင်မိတယ်"

သခင်လေးဝေ့က စိတ်အားထက်သန်မှုနှင့်အတူ မျှော်လင့်နေ၏။

ရဲ့လင်းချန်က သခင်လေးဝေ့၏ အကြည့်ကို သတိထားမိပါသည်။ သို့သော် သူ အေးအေးလူလူသာ ပြုံးနေ၏။ သူ့တွင် မျိုးရိုးဗီဇ ကုမ္ပဏီဟူသော အရာမျိုးကို စိတ်မဝင်စားပါ။ သူ၏ ခံစားချက်က မှန်နေလေသည်။ မျိုးရိုးဗီဇ ကုမ္ပဏီများ၌ အလုပ်လုပ်သော လူများသည် အလွန် ရူးသော အရူးများပင်။

*ဒီမျိုးရိုးဗီဇ ကုမ္ပဏီက သူ့ဘာသာသူ နေနေရင် ဘာမှမဖြစ်ဘူး၊ သူတို့ တစ်ခုခု ရူးမိုက်တာ လုပ်ဖို့ ကြိုးစားလာရင်တော့ ငါလည်း လိုက်ကစားပေးရတာပေါ့*

သူ၏ တိုးတက်လာမှုနှင့်အတူ ရဲ့လင်းချန်သည် သူ့ဗဟုသုတ စွမ်းရည်၏ အစွမ်းကို သိလာသည်။ သူသည် ဤကမ္ဘာကြီးအား အစွမ်းရှိသော လူတစ်ယောက်၏ အမြင်မျိုးနှင့် စတင် မြင်တတ်လာ၏။

"ရဲ့နတ်ဘုရား၊ ငါတို့ လေ့လာစစ်းစစ်လို့ ပြီးပြီ၊ အခု လေလံပွဲကို စလို့ရပါပြီ"

တစ်ယောက်က စိတ်မရှည်စွာ ပြောလာသည်။

"ကောင်းပြီလေ၊ စလိုက်ကြတာပေါ့"

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

ဤလေလံပွဲသည် သာမန်ပွဲတစ်ခု မဟုတ်ပေ။ ယင်းသည် မှိုအိမ်လေးရှေ့၌ ထိုင်စရာ ခုံတစ်လုံးမှ မရှိဘဲ ဟင်းလင်းပြင်၌ ကျင်းပခြင်း ဖြစ်သည်။

သို့သော် လူတိုင်းက ထိုအရာကို စိတ်ထဲ မထားချေ။ သူတို့သည် မြန်မြန်ဝယ်၍ ထွက်သွားချင်နေကြလေသည်။

...

#Zawgyi

စာစဥ္ 30 Chapter 442 ဒီဧရာမ စပါးအုံးေႁမြႀကီးက ထူးျခားတာပဲ

စာ႐ြက္ေပၚတြင္ ဧရာမ စပါးအုံးေႁမြႀကီး၏ ေၾကာက္စရာေကာင္းေသာ ခြန္အားႏွင့္ ရက္စက္မႈတို႔ႏွင့္အတူ ရဲ႕လင္းခ်န္၏ အံ့ဩဖြယ္ေကာင္းေသာ စြမ္းေဆာင္မႈတို႔ကို ဆြဲထားၿပီး နဂါးႏိုင္ သူရဲေကာင္းတစ္ေယာက္၏ ခံစားခ်က္မ်ိဳး ေပးစြမ္းေန၏။

"ဒီမွာ ထိုးလိုက္ပါ"

တုန္းေျမာင္ေျမာင္က ပုံဆြဲစာ႐ြက္၌ တမင္သက္သက္ ဗလာခ်န္ထားေသာ ေျပာင္ရွင္းေနသည့္ ဧရိယာကို လက္ညႇိဳးထိုးျပသည္။

"မင္း ဒါကို ဆြဲထားတာလား"

ရဲ႕လင္းခ်န္ မ်က္ခုံးပင့္လိုက္သည္။ တုန္းေျမာင္ေျမာင္က ေခါင္းညိတ္ျပၿပီးမွ အေနရခက္စြာ ျပန္ေျပာေလသည္။

"ဒါက အခ်ိန္ အကန႔္အသတ္ ရွိလို႔ အၾကမ္းဖ်င္း ဆြဲထားတာေလးပါ၊ ရဲ႕နတ္ဘုရား စိတ္မဆိုးဖို႔ ေမွ်ာ္လင့္ပါတယ္"

"မင္းရဲ႕ ပုံဆြဲပညာက မဆိုးပါဘူး"

ရဲ႕လင္းခ်န္က ၿပဳံးၿပီး ထိုအေပၚ၌ သူ႔နာမည္ကို လက္မွတ္ ထိုးေပးလိုက္သည္။ သူ၏ လက္ေရးက လြတ္လပ္မႈကို ထင္ဟပ္ေစၿပီး ပန္းခ်ီစာ႐ြက္ေပၚ၌ ထင္ရွားျပတ္သားစြာ ေနရာယူေလသည္။

"လွလိုက္တဲ့ လက္ေရးလက္သား၊ ရဲ႕နတ္ဘုရားရဲ႕ လက္ေရးလွ ကြၽမ္းက်င္မႈက ဒီအဆင့္အထိ ေရာက္ေနလို႔ ကြၽန္မ အံ့ဩမိတယ္၊ ကြၽန္မ တကယ္ကို ေလးစားမိပါတယ္"

တုန္းေျမာင္ေျမာင္က တအံ့တဩ ေျပာသည္။ ရဲ႕လင္းခ်န္ ေခါင္းညိတ္ျပလိုက္ၿပီး ၿငိမ္ၿမဲ ၿငိမ္ေနလိုက္သည္။

သူ႔စိတ္ထဲတြင္ ဤမိန္းကေလးအေပၚ အျမင္ တိုးတက္လာသည္။

*ဉာဏ္ေကာင္းတယ္၊ ေတာ္ေတာ္ ဉာဏ္ေကာင္းတယ္*

သူမက သူ၏ ေက်ာ္ၾကားမႈကို သိသာစြာ အခြင့္ေကာင္းယူေနျခင္းပင္။

ရဲ႕လင္းခ်န္က ဘယ္သူလဲ။ သူသည္ ဤေနရာ၌ မုခ်မေသြ အေရးအပါဆုံးလူ ျဖစ္သည္။ လက္ရွိတြင္ သူတို႔က တိုက္႐ိုက္ ထုတ္လႊင့္မႈ ျပဳလုပ္ေန၏။ လူေတာ္ေတာ္မ်ားမ်ားက ရဲ႕လင္းခ်န္ေနာက္ လိုက္ေနၾကသည္။ ဤမိန္းကေလးက ႐ုတ္တရက္ သူ႔လက္မွတ္ကို ေတာင္းလာသျဖင့္ ၾကည့္ရႈသူမ်ားထံမွ စိတ္ဝင္စားမႈ ရသြားမွာပင္။

အကယ္၍ သူမသာ သူမတို႔၏ ကုမၸဏီ ပိုစတာမ်ားကို ထုတ္၍ သူတို႔ေၾကာ္ျငာကို ေရာင္းပန္းလွေအာင္ ႀကိဳးစားပါက ရဲ႕လင္းခ်န္သည္ လက္မွတ္ ထိုးေပးရန္ ျငင္းပယ္မွာ ျဖစ္သည္။ သို႔ေသာ္ သူမက ရဲ႕လင္းခ်န္၏ ပုံတူ ပန္းခ်ီစာ႐ြက္ကို ထုတ္လာခဲ့သည္။ ထိုအျပဳအမူ တစ္ခုတည္းကတင္ အေျခအေနကို ေျပာင္းလဲသြားေစသည္။

ထို႔အျပင္ ပုံကို ေကာင္းမြန္စြာ ဆြဲထားခဲ့သည္။ ဤပုံသည္ သူ၏ လက္မွတ္ႏွင့္အတူ အမ်ားျပည္သူမ်ားၾကား၌ အျငင္းအခုံတစ္ခ်ိဳ႕ ျဖစ္လာလိမ့္မည္ဟု ရဲ႕လင္းခ်န္ ျမင္ေယာင္ေနသည္။ ဤပန္းခ်ီကို သူတို႔ ျမင္သည့္အခါတိုင္း သူတို႔ ခ်န္းေျမာင္ က်န္းမာေရး ေစာင့္ေရွာက္မႈကို ေတြးမိေလာက္သည္။

ယင္းက ျခားနားေသာ ေၾကာ္ျငာနည္း တစ္မ်ိဳးပင္။ ထို႔အျပင္ ယင္း၏ အက်ိဳးသက္ေရာက္မႈက အေကာင္းဆုံး ျဖစ္ေလာက္ေပသည္။

ရဲ႕လင္းခ်န္သည္ ထက္ျမက္သူမ်ားထဲမွ တစ္ေယာက္ ျဖစ္ေသာေၾကာင့္ ထက္ျမက္သူမ်ားကို ပို၍ သေဘာက်သည္။ ထို႔ေၾကာင့္ သူသည္ ဤမိန္းကေလးအား သူ႔လက္မွတ္ထိုးေပးရန္ စိတ္အေႏွာင့္အယွက္ မျဖစ္ပါ။

"မင္း ဘာလို႔ ဧရာမ စပါးအုံးေႁမြႀကီးရဲ႕ အသားကို မေလ့လာတာလဲ"

ရဲ႕လင္းခ်န္ ေမးလိုက္သည္။

"ရဲ႕နတ္ဘုရား၊ အခု အဲ့ဒီလူေတြက ကြၽန္မအတြက္ အဲ့ဒါကို လုပ္ေပးေနတယ္ မဟုတ္ဘူးလား"

တုန္းေျမာင္ေျမာင္က ရဲ႕လင္းခ်န္ကို မ်က္လုံး တစ္ဖက္ မွိတ္ျပၿပီး ၿပဳံးေနေလသည္။

ထိုအခိုက္တြင္ အံ့ဩမွင္တက္ေသာ ေအာ္သံတစ္သံကို ၾကားလိုက္ရသည္။

"ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ"

ထိုအသံပိုင္ရွင္မွာ စိတ္လႈပ္ရွားမႈေၾကာင့္ မ်က္ႏွာ တစ္ျပင္လုံး နီေနသည့္ အံ့ဩေနေသာ ကြၽမ္းက်င္သူ တစ္ေယာက္ပင္။

"အံ့ဩစရာပဲ၊ ဒါက အရမ္း အံ့ဩဖို႔‌ ေကာင္းတယ္၊ ဒါ ထူးျခားဆန္းၾကယ္ပဲ၊ ဒါ ေဆးပညာ ေလာကထဲက ဆန္းၾကယ္မႈ တစ္ခုပဲ"

"ဒါ ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ၊ ဒါရဲ႕ အသားေတြ အ႐ိုးေတြက ဒီလို ရလဒ္မ်ိဳး ျပေနတာလား၊ ထူးျခားတယ္၊ ဒါက အရမ္း ထူးျခားတယ္"

"ဒီဧရာမ ေႁမြႀကီးက ထူးျခားတာပဲ"

ထို႔ေနာက္တြင္မူ အံ့ဩသံမ်ား တစ္သံၿပီး တစ္သံ ထြက္ေပၚလာသည္။ အခ်ိဳ႕ေသာ ကြၽမ္းက်င္သူမ်ားဆိုလ်င္ မ်က္ရည္ပင္ လည္ေန၏။

"ဘာေတြ ျဖစ္ေနတာလဲ"

လူတစ္ေယာက္က ေမးေလသည္။

"ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ အသားမွာ ထူးျခားဆန္းၾကယ္တဲ့ စြမ္းအင္တစ္ခု ရွိတယ္၊ အဲ့ဒီ စြမ္းအင္က သိပ္သန႔္စင္ၿပီးေတာ့ စိတ္ဝိညာဥ္ ေဆးပင္ေတြက ေဆးဘက္ဆိုင္ရာ အာနိသင္ေတြနဲ႔ ဆင္တူတယ္၊ ဒါေပမဲ့ ဒါက တိရစာၦန္တစ္ေကာင္မို႔လို႔ ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ ေဆးဘက္ဆိုင္ရာ အာနိသင္က ပိုၿပီးေတာ့ ထူးျခားတယ္၊ ၿပီးေတာ့ ဒါရဲ႕ အက်ိဳးသက္ေရာက္မႈက ေဆးပင္ေတြထက္ ပိုသာတယ္"

ကြၽမ္းက်င္သူမ်ားထဲမွ တစ္ေယာက္က သူ႔မ်က္မွန္ကို ပင့္တင္၍ ရွင္းျပေလသည္။

သူတို႔ ေျပာေနေသာ ထူးျခားဆန္းၾကယ္သည့္ စြမ္းအင္ကို ရဲ႕လင္းခ်န္ သိပါသည္။ တကယ္တမ္းတြင္ ယင္းသည္ ဧရာမ စပါးအုံးေႁမြႀကီး၏ ခႏၶာကိုယ္တြင္းမွ အားျဖစ္ေစေသာ စိတ္ဝိညာဥ္ စြမ္းအင္ ျဖစ္ေလသည္။ ထို႔အျပင္ ဤ ဧရာမ စပါးအုံးေႁမြႀကီးသည္ ဘယ္အခ်ိန္အတိုင္းအတာကတည္းက အသက္ရွင္ခဲ့လဲ မသိပါ။ ၎၏ ခႏၶာကိုယ္က ပင္ကို သဘာဝ ေျပာင္းလဲမႈ ျဖစ္ေပၚၿပီးေနေလၿပီ။

"ဒီလို ေဆးဘက္ဆိုင္ရာ အာနိသင္မ်ိဳးက ေတာ္ေတာ္ကို မတူတာ၊ ငါတို႔ ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ အသားကို စမ္းသပ္ခံအျဖစ္ သုံးမယ္ဆိုရင္ ထူးျခားတဲ့ ေရာဂါအခ်ိဳ႕ကို ထိန္းခ်ဳပ္ႏိုင္စြမ္း ရွိေလာက္တယ္"

တစ္ေယာက္က တုန္ယင္ေနေသာအသံႏွင့္ ေျပာေလသည္။

"ဒါက အခု ငါတို႔ ရင္ဆိုင္ေနရတဲ့ ကုမရတဲ့ ေရာဂါအခ်ိဳ႕ကို ပိုၿပီး ေကာင္းလာေစႏိုင္တယ္"

ထိုသို႔ေျပာၿပီးသည္ႏွင့္ ပတ္ဝန္းက်င္မွ လူတိုင္း ႐ုတ္႐ုတ္သဲသဲ ျဖစ္လာသည္။ သူတို႔အားလုံးက ဧရာမ စပါးအုံးေႁမြႀကီး၏ အေလာင္းကို ေလာဘတို႔ ျပည့္ေနေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လာၾကသည္။

ဧရာမ စပါးအုံးေႁမြႀကီးသည္ ႀကီးမားေသာ္လည္း တစ္ေကာင္းတည္သာ ရွိသည္။ အေထာက္အပံ့က အကန႔္အသတ္ ျဖစ္ေနေသာေၾကာင့္ ဧရာမ စပါးအုံးေႁမြႀကိးကို ရႏိုင္သည့္ ဘယ္ကုမၸဏီမဆိုက အျခား ကုမၸဏီမ်ားထက္ ပိုအရည္အေသြးေကာင္းသည့္ ေဆးကို ထုတ္လုပ္ႏိုင္ေပလိမ့္မည္။

ထို႔အျပင္ ဧရာမ စပါးအုံးေႁမြႀကီးကို အသုံးျပဳ၍ ဖန္တီးထားေသာ ေဆးသစ္တစ္မ်ိဳး ထြက္လာပါက ထိုကုမၸဏီ၏ အဆင့္အတန္းက အႀကီးအက်ယ္ ေျပာင္းလဲသြားေပမည္။

*ဝယ္ရမယ္၊ ငါ ဒါကို ဝယ္ကိုဝယ္မွ ျဖစ္မယ္*

လူတိုင္း၏ စိတ္ထဲ၌ တူညီေသာ အေတြးတစ္ခုသာ ရွိေနေလသည္။

[ေသာက္က်ိဳးနည္း အဲ့ေလာက္ အံ့ဩဖို႔ ေကာင္းတာလား]

[ဒါ မေကာင္းဆိုးဝါး ပူးေနတာ၊ ဒါ ေသခ်ာေပါက္ မေကာင္းဆိုးဝါး ပူးေနတာ၊ ဟိုက္ယား ... မင္းကိုယ္မင္း ကိုယ္ထင္ျပစမ္း]

[ဦးေႏွာက္ေျခာက္ခံမေနနဲ႔၊ ဒါ ပိုင္ဆုက်န္း (The Legend of Whit Snake ထဲမွ ေႁမြမိစာၦ) ျဖစ္ေလာက္တယ္]

[ျမတ္စြာဘုရား၊ ပိုင္ဆုက်န္းက ဒီလို ဇာတ္သိမ္းသြားတာဆိုရင္ ရႈရွန္း (ပိုင္ဆုက်န္းကို ကယ္ေပးၿပီး သူမႏွင့္ လက္ထပ္ခဲ့ေသာ လူသား) က ဘယ္လိုလုပ္မလဲ]

[ေသာက္ေရးမပါတာေတြ ေျပာမေနနဲ႔၊ ဒီဧရာမ စပါးအုံးေႁမြႀကီးက ဘာကို ကိုယ္စားျပဳလဲ မင္းတို႔ သိလား၊ ဒါသန္းခ်ီတဲ့ အသက္ေတြကို ကယ္ႏိုင္တယ္ကြ၊ ရဲ႕နတ္ဘုရားက အံ့ဩဖို႔ ေကာင္းလိုက္တာ]

[ဒီဧရာမ စပါးအုံးေႁမြႀကီးက ေႁမြေတြထဲမွ နတ္ဘုရား ျဖစ္ေလာက္တယ္]

...

လူတိုင္းက သူတို႔၏ အံ့ဩမႈကို ထုတ္ေဖာ္ေျပာဆိုေနစဥ္တြင္ သခင္ေလးေဝ့ တစ္ဦးတည္းကသာ ေဘးမွေန၍ ေအးစက္စြာ ေစာင့္ၾကည့္ေန၏။

"သခင္ေလးေဝ့၊ ဒါ ကြၽန္ေတာ္တို႔ ေလ့လာစမ္းစစ္မႈရဲ႕ ရလဒ္ပါ၊ ဒါက ကြၽန္ေတာ္တို႔ ထင္ထားတာထက္ သာေနပါတယ္"

သခင္ေလးေဝ့ကို အစီရင္ခံစာတစ္ခု ေပးလာသည္။

အစီရင္ခံစာေပၚမွ အခ်က္အလက္ကို ဖတ္ၿပီးေနာက္ သခင္ေလးေဝ့၏ မ်က္လုံးအိမ္က ခ်က္ခ်င္း က်ဥ္းေျမာင္း သြားၿပီး သူ႔အမူအရာက ဘာပဲလုပ္ရလုပ္ရ ရေအာင္ လုပ္မည္ဟု ေဖာ္ျပေနသည္။

"ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ မ်ိဳး႐ိုးဗီဇက ေႁမြတစ္ေကာင္ရဲ႕ မ်ိဳး႐ိုးဗီဇ မဟုတ္ေတာ့ဘူး၊ ေနရာတိုင္းမွာ ဆင့္ကဲ ေျပာင္းလဲမႈေတြ အမ်ားႀကီး ရွိေနတယ္"

လက္ေအာက္ငယ္သားက သခင္ေလးေဝ့အတြက္ အေသးစိတ္ ရွင္းျပေလသည္။

"ဒီမွာ ျပေနတဲ့ အခ်က္အလက္အရဆိုရင္ ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ အသက္စြမ္းအင္က သူ႔မ်ိဳးႏြယ္ေတြထက္ ငါးဆ ပိုျမင့္တယ္၊ ဒါက ေႁမြတစ္ေကာင္ မဟုတ္ေတာ့ဘူးလို႔ ကြၽန္ေတာ္ စထင္လာၿပီ၊ ဒါက ေရွးေခတ္ ဒ႑ာရီထဲမွာ ေျပာထားၾကတဲ့ ေႁမြကေန နဂါးတစ္ေကာင္အျဖစ္ ဆင့္ကဲေျပာင္းလဲမႈမ်ား ျဖစ္ေနေလမလား"

"ဘာပဲျဖစ္ေနပါေစ ငါတို႔ ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ ခႏၶာကိုယ္ကို ရကိုရရမယ္၊ ဒါက ငါတို႔ သုေတသနအတြက္ အကူအညီ ျဖစ္ေစမွာပဲ"

သခင္ေလးေဝ့၏ မ်က္လုံးက အေရာင္ေတာက္ေနသည္။ ထို႔ေနာက္ သူက ရဲ႕လင္းခ်န္ႏွင့္ ဧရာမ လိပ္ႀကီးကို စဥ္းလဲေသာ အၾကည့္ျဖင့္ ၾကည့္၍ ႏႈတ္ခမ္းသပ္လိုက္သည္။

"အဲ့ဒီ ဧရာမ လိပ္ႀကီးနဲ႔ ပတ္သက္ၿပီးေတာ့လည္း မေမ့နဲ႔၊ အဲ့ဒါအျပင္ မင္း ရဲ႕နတ္ဘုရားဆိုတဲ့ေကာင္နဲ႔ ပတ္သက္ၿပီး စိတ္မဝင္စားဘူးလား"

"သိပ္စိတ္ဝင္စားတာေပါ့"

ထိုလူ၏ အသံက ေလးနက္လာသည္။

"ကြၽန္ေတာ္တို႔ရဲ႕ ဗြီဒီယိုကို ခြဲျခမ္းစိတ္ျဖာမႈအရဆိုရင္ ရဲ႕နတ္ဘုရားရဲ႕ ခႏၶာကိုယ္က သာမန္ လူသားတစ္ေယာက္ရဲ႕ အကန႔္အသတ္ကို ေက်ာ္လြန္ေနၿပီ၊ သူ႔ရဲ႕ ခြန္အား ဒါမွမဟုတ္ ေရထဲမွာ သြက္လက္မႈက လူသားတစ္ေယာက္ ပိုင္ဆိုင္တာထက္ ေက်ာ္ေနၿပီ၊ သိုင္းပညာရွင္ ျဖစ္ေနရင္ေတာင္မွ ဒါက မျဖစ္ႏိုင္ဘူး၊ သူ႔ခႏၶာကိုယ္ထဲမွ ဆင့္ကဲ ေျပာင္းလဲမႈတစ္ခ်ိဳ႕ ျဖစ္ေနေလာက္တယ္လို႔ ကြၽန္ေတာ္ သံသယ ရွိတယ္"

"သူ႔မ်ိဳး႐ိုးဗီဇက ဘာျဖစ္မယ္လို႔ မင္း ထင္လဲ"

သခင္ေလးေဝ့က တစ္ကိုယ္တည္း ေျပာေနသည္။

"ဧရာမ စပါးအုံးေႁမြႀကီး ဒါမွမဟုတ္ ဧရာမ လိပ္ႀကီးနဲ႔ ယွဥ္လိုက္ရင္ လူသား မ်ိဳး႐ိုးဗီဇက အျခားလူသားေတြနဲ႔ ပိုၿပီး သဟဇာတ ျဖစ္တယ္၊ ငါ ဒီရဲ႕နတ္ဘုရားကို သိပ္စိတ္ဝင္စားတယ္"

"သူ႔မ်ိဳး႐ိုးဗီဇကိုသာ ငါ့ကိုယ္ထဲ အစားထိုး ထည့္သြင္းႏိုင္ရင္ သူ႔ခႏၶာကိုယ္ တည္ေဆာက္ပုံအတိုင္း ငါ ရႏိုင္မလား ဆိုတာကို သိခ်င္မိတယ္"

သခင္ေလးေဝ့က စိတ္အားထက္သန္မႈႏွင့္အတူ ေမွ်ာ္လင့္ေန၏။

ရဲ႕လင္းခ်န္က သခင္ေလးေဝ့၏ အၾကည့္ကို သတိထားမိပါသည္။ သို႔ေသာ္ သူ ေအးေအးလူလူသာ ၿပဳံးေန၏။ သူ႔တြင္ မ်ိဳး႐ိုးဗီဇ ကုမၸဏီဟူေသာ အရာမ်ိဳးကို စိတ္မဝင္စားပါ။ သူ၏ ခံစားခ်က္က မွန္ေနေလသည္။ မ်ိဳး႐ိုးဗီဇ ကုမၸဏီမ်ား၌ အလုပ္လုပ္ေသာ လူမ်ားသည္ အလြန္ ႐ူးေသာ အ႐ူးမ်ားပင္။

*ဒီမ်ိဳး႐ိုးဗီဇ ကုမၸဏီက သူ႔ဘာသာသူ ေနေနရင္ ဘာမွမျဖစ္ဘူး၊ သူတို႔ တစ္ခုခု ႐ူးမိုက္တာ လုပ္ဖို႔ ႀကိဳးစားလာရင္ေတာ့ ငါလည္း လိုက္ကစားေပးရတာေပါ့*

သူ၏ တိုးတက္လာမႈႏွင့္အတူ ရဲ႕လင္းခ်န္သည္ သူ႔ဗဟုသုတ စြမ္းရည္၏ အစြမ္းကို သိလာသည္။ သူသည္ ဤကမာၻႀကီးအား အစြမ္းရွိေသာ လူတစ္ေယာက္၏ အျမင္မ်ိဳးႏွင့္ စတင္ ျမင္တတ္လာ၏။

"ရဲ႕နတ္ဘုရား၊ ငါတို႔ ေလ့လာစစ္းစစ္လို႔ ၿပီးၿပီ၊ အခု ေလလံပြဲကို စလို႔ရပါၿပီ"

တစ္ေယာက္က စိတ္မရွည္စြာ ေျပာလာသည္။

"ေကာင္းၿပီေလ၊ စလိုက္ၾကတာေပါ့"

ရဲ႕လင္းခ်န္ ေခါင္းညိတ္လိုက္သည္။

ဤေလလံပြဲသည္ သာမန္ပြဲတစ္ခု မဟုတ္ေပ။ ယင္းသည္ မႈိအိမ္ေလးေရွ႕၌ ထိုင္စရာ ခုံတစ္လုံးမွ မရွိဘဲ ဟင္းလင္းျပင္၌ က်င္းပျခင္း ျဖစ္သည္။

သို႔ေသာ္ လူတိုင္းက ထိုအရာကို စိတ္ထဲ မထားေခ်။ သူတို႔သည္ ျမန္ျမန္ဝယ္၍ ထြက္သြားခ်င္ေနၾကေလသည္။

...

Continue Reading

You'll Also Like

159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
4.1K 80 14
♡🌷JUST SOME RANDOM AU🌷♡ Welcome to the world of crackhead, angst, sweet, and cute stuffs!
91.4K 807 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။