ကျုပ်က ပါရမီရှင် (Chapter 401...

Hanshin_no tarafından

25.5K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ Daha Fazla

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 420
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 427
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 440
Chapter 441
Chapter 442
Chapter 443
Chapter 444
Chapter 445
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 452
Chapter 453
Chapter 454
Chapter 455
Chapter 456
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 439

220 17 0
Hanshin_no tarafından

စာစဉ် 30 Chapter 439 လူလတ်ပိုင်းအရွယ် လူတွေအတွက် ဘဝက မတရားဘူး

ရဲ့လင်းချန်က မြွေစွပ်ပြုတ် လုပ်နေခြင်း ဖြစ်သည်။

ဧရာမ စပါးအုံးမြွေကြီး၏ အသားတွင် ဆေးဖက်ဝင် အာနိသင်များ ပါဝင်နေသည်။ ၎င်းကို နှပ်ခြင်း၊ ကင်းခြင်းက ၎င်း၏ ဆေးဖက်ဝင် အာနိသင်များကို အလွယ်တကူ ဆုံးရှုံးစေ၏။ မြွေစွပ်ပြုတ် လုပ်သည်က အကောင်းဆုံး နည်း ဖြစ်ပြီး ယင်းက လူ့ခန္ဓာကိုယ်အား အာဟာရများ စုပ်ယူရန်လည်း ပို၍ လွယ်ကူစေသည်။

မြွေသားကို ကင်ခြင်း သို့မဟုတ် ပဲငံပြာရည် အနောက်နှင့် နှပ်ခြင်းတို့ကို ညမှ ချက်လည်း ရပေသည်။ လူတိုင်းအတွက် နှစ်ရက်တိတိ စားနိုင်ရန် လုံလောက်သော လေးမီတာ ရှည်သည့် အနာကွန်ဒါ မြွေကြီးတစ်ကောင် ထပ်ရှိနေပါသေးသည်။

မြွေစွပ်ပြုတ် ပြုလုပ်ခြင်းက မရှုပ်ထွေးပါ။ အရေးကြီးဆုံး အရာမှာ အစပိုင်း၌ ၎င်းကို သုံးစင်တီမီတာမျှ ရှိသော တူညီသည့် အရွယ်အစားများ ဖြတ်တောက်ထားရန် ဖြစ်သည်။ ၎င်းကို သင့်တော်စွာ အစိမ်းနှပ်ပြီးသည်နှင့် ဟင်းခတ် အမွှေးအကြိုင်များကို ဂရုတစိုက် ထည့်ကာ ရေပမာဏ တိတိကျကျ ထည့်၍ အိုးပေါ်တင်ကာ တစ်နာရီမျှ ချက်လိုက်ရုံပင်။ ထို့နောက်တွင်မူ စားသုံးရန် အသင့်ဖြစ်လေပြီ။

ရဲ့လင်းချန်၏ ပါဝင်ပစ္စည်းများ ရွေးချယ်ပုံက သာမန် မြွေစွပ်ပြုတ်များနှင့် အနည်းငယ် မတူညီပါ။ အကြောင်းမှာ သူသည် ဧရာမ စပါးအုံးမြွေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်ကို လျော့ပါးစေပြီး ပို၍ အကျိုးရှိအောင် ပြုလုပ်ပေးသည့် အချို့သော ဆေးပင်များ ထည့်ထားသောကြောင့် ဖြစ်သည်။ ထိုနည်းအားဖြင့် ရလဒ်က ပိုကောင်းလာမည် ဖြစ်ပြီး ချက်ပြုတ်ခြင်းအဆင့် များတွင်လည်း သိသိသာသာ ခြားနားမှု မရှိတော့ပါ။

အချိန်ကုန်လာသည်နှင့် အိုးပေါ်မှ အပူလှိုင်းငွေ့တစ်ခု ထွက်လာပြီး မှိုအိမ်လေး တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။

"ဝိုး ... အနံ့လေးက ကောင်းလိုက်တာ၊ အနံ့က မွှေးလွန်းတယ်"

သူတို့အားလုံး စိတ်ကို ပြင်ဆင်ထားသော်လည်း လူတိုင်း မွှေးရနံ့၏ ဆွဲဆောင်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

ယခုတစ်ခေါက်တွင် ရနံ့က အရသာ ရှိသော ဟင်းလျာ၏ မွှေးရနံ့နှင့် တူသော်လည်း အနည်းငယ် ခြားနားမှုများ ရှိသည်။ ပထမအချက်မှာ ယင်းက လတ်ဆတ်မှု ရနေခြင်းပင်၊ အလွန် လတ်ဆတ်သော ရနံ့ပင်။ ဒုတိယအချက်မှာ ရနံ့က အလွန် ထူးခြားပြီး လန်းဆန်း၍ သန်မာစေသော်လည်း အလွန် စူးရှနေခြင်း မရှိပါ။

"စားချင်တယ်ဆိုရင် ကိုယ်တိုင် လာယူစားလို့ ရပြီနော်"

ရဲ့လင်းချန်က အသာ ပြုံး၍ တစ်ပန်းကန် ခပ်ထည့်လိုက်သည်။

သူ စွပ်ပြုတ်ကို ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်သည်။ အရသာရှိသော ရနံ့က သူ၏ အရသာခံ အာရုံဖုတိုင်းကို ဖုံးလွှမ်းသွားသည်။ သူသည် ပါးစပ်ထဲ၌ လျှာဖြင့် ထိုးကြည့်လေသည်။ ယင်းက စွပ်ပြုတ်သာ ဖြစ်သော်လည်း ဂျယ်လီကဲ့သို့ ခပ်ပျစ်ပျစ် အရသာ ရှိလေသည်။

မျိုချလိုက်ပြီးနောက် အပူလှိုင်းတစ်ခုက သူ့အစာအိမ်ထဲ၌ ချက်ချင်း ပွင့်ထွက်လာပြီး သူ၏ ခြေလက်များနှင့် အရိုးများနှင့် ပေါင်းစပ်သွားလေသည်။ ထို့နောက် ၎င်းက သူ၏ ခြေလက်များမှ ချွေးညင်းပေါက်များနှင့် သွေးများထဲသို့ ပျံ့နှံ့သွားပြီး သူ့တစ်ကိုယ်လုံးကို ပူနွေးလာစေသည်။

၎င်းတွင် သူ့အတွက် သေချာပေါက် အားဖြစ်စေသော စိတ်ဝိညာဉ် စွမ်းအင် ပါဝင်နေလေသည်။

"ငါ့ကိုလည်း တစ်ပန်းကန် ပေးပါ"

ဝေ့တရွှင်းက အနားသို့ လျှောက်လာသည်။ သူ ပန်းကန်ကို ကိုင်လိုက်သည်နှင့် မိန်းမလှလေး နှစ်ယောက်၏ ဘေးသို့ တွန်းပို့ခြင်း ခံလိုက်ရလေသည်။

"လင်းချန်၊ ငါတို့လည်း လိုချင်တယ် ..."

မိန်းကလေး နှစ်ယောက်က ရဲ့လင်းချန်ကို ငေးကြည့်နေသည်။

သူတို့သည် ထိုသို့ပြောပြီး မြွေစွပ်ပြုတ် အပြည့်ရှိနေသည့် အိုးကို လှမ်းကြည့်ကာ စားချင်သော မျက်လုံးများဖြင့် အလိုလို လျှာသပ်ကြလေသည်။

အမျိုးသမီးများသည် သဘာဝအလျောက် မြွေကို ကြောက်တတ်ကြသည်။ သူတို့သည် တစ်ချက် ကြည့်ရုံနှင့် ကြောက်လန့်ကာ ရွံရှာတတ်ပြီး သူတို့ကို စားခိုင်းလျင် ပို၍ ဆိုးလေသည်။ သို့သော် ဤမျှ အရသာ ရှိသော ဟင်းလျာနှင့် တွေ့သောအခါ သူတို့၏ မြွေကို ကြောက်သောစိတ်အား အရသာရှိသော ဟင်းက အနိုင်ယူ သွားလေသည်။ သူတို့၏ အစားကို ချစ်သော အကျင့်စရိုက်က ပေါ်လာပြီး ဟင်းလျာကို ဘာနှင့် လုပ်ထားလဲ မတွေးတော့ချေ။ အရေးကြီးသော အရာမှာ သူတို့ စားနိုင်ခြင်းပင်။

မြွေစွပ်ပြုတ်ကို ပါးစပ်အပြည့် တစ်လုပ် စားလိုက်ပြီးနောက် အမျိုးသမီး နှစ်ယောက်၏ မျက်နှာက ချက်ချင်း နီမြန်းလာသည်။ သူမတို့ တုန်ယင်လာကာ သူမတို့ ခန္ဓာကိုယ်ထဲမှ အအေးဓာတ် ထွက်ခွာသွားသည်ကို ခံစားလိုက်ရသည်။ သူမတို့၏ ခန္ဓာကိုယ်က နွေးထွေးလာပြီး သူမတို့ ခန္ဓာကိုယ်တွင်း၌ ပုန်းအောင်းနေသော အန္တရာယ် ရှိသည့် အရာများအားလုံး သုတ်သင်ခံလိုက်ရသလိုပင်။ ယင်းက သူတို့ကို ငြိမ်းအေးသွားသလို ခံစားရစေသည်။

"ရဲ့နတ်ဘုရား၊ ဒီမြွေစွပ်ပြုတ်က တော်တော် မိုက်တယ်၊ နည်းနည်းလောက် သောက်ပြီးတာနဲ့ ငါ့တစ်ကိုယ်လုံး အားတွေ ပြည့်လာသလို ခံစားရတယ်"

ဝေ့တရွှင်း မပြောဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။ သူ့ခွန်အားက ယခုလောက် ဘယ်တုန်းကမှ မသန်မာဟုသာ သူ ခံစားနေရလေသည်။

"ငါရောပဲ၊ မင်း ငါ့ကို ကြည့်မယ်ဆိုရင် ငါ့တစ်ကိုယ်လုံး ချွေးထွက်နေပြီးတော့ ငါ့အဝတ်အစားတွေ စိုရွှဲနေတာကို တွေ့ရလိမ့်မယ်"

ဟွမ်လေ့ကလည်း ပြောသည်။ အားဆေး ဟူသော အရာများထက် အဆများစွာ ပိုသာသည့် အံ့ဩဖွယ်ကောင်းသော ခံစားချက်ကို သူ ခံစားမိနေသည်။

"ဆရာဟွမ်လေ့၊ ခင်ဗျား ဒါကို လိုအပ်လိမ့်မယ်၊ များများသောက်ပြီး ခင်ဗျားရဲ့ ကျောက်ကပ်ကို အားဖြည့်လိုက်ပါ"

ရဲ့လင်းချန် ပြုံးနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လူတိုင်း ထရယ်ကြလေသည်။

ဟွမ်လေ့ ပြောစရာ စကားမဲ့နေ၏။

[ဝါးဟားဟား ဆရာဟွမ်လေ့က သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို တိုးချင်နေတာပဲ]

[လူလတ်ပိုင်းအရွယ် လူတွေအတွက် ဘဝက မတရားဘူးကွာ]

[ဒီမြွေစွပ်ပြုတ်က တကယ်ပဲ အဲ့လောက် အကျိုးသက်ရောက်မှု ကြီးလို့လား၊ တော်တော် အစွမ်းထက်တာပဲ]

[အပေါ်ကလူ၊ အတွေးမမှားနဲ့၊ ဒီဧရာမ စပါးအုံးမြွေကြီးက အသိဉာဏ် ရနေတဲ့ တိရစ္ဆာန်တစ်ကောင်ပဲ၊ သူ့ရဲ့ အသားတစ်ပိုင်းကို စားရင် မင်း မသေမျိုး ဖြစ်လာမှာ]

[သောက်ရူးကောင်၊ သူ့ကို ဘုန်းတော်ကြီးလို့များ မင်း ထင်နေလား]

[မှိုအိမ်လေးထဲက လူတွေက တအား နွေးထွေးပြီးတော့ ရယ်မောသံတွေ၊ ပျော်ရွှင်သံတွေနဲ့ ပြည့်နေတာကို ငါ ခံစားမိတယ်]

[ရဲ့နတ်ဘုရားကို ငါ့ကို တစ်ပန်းကန် ပေးဖို့ ပြောပေးပါ၊ ပန်းကန်အကြီးကြီး တစ်ပန်းကန်လောက်၊ ငါ့လိင်ပိုင်းဆိုင်ရာ တက်ကြွမှုကို လှုံ့ဆော်ရမယ်ကွ]

...

"ဒါ ခင်ဗျားတို့ ခန္ဓာကိုယ်အတွက် ကောင်းတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ပမာဏကိုလည်း သတိထားသင့်တယ်၊ ခင်ဗျားတို့ တစ်ခါတည်းနဲ့ အများကြီး စားလို့ မရဘူး၊ မဟုတ်ရင် အဲ့ဒါက ခင်ဗျားတို့အတွက် အလွန်အမင်း အားပြည့်သွားစေလိမ့်မယ်၊ ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်အရဆို တစ်ပန်းကန်နဲ့ တစ်ဝက်က ခင်ဗျားတို့ အများဆုံး စားနိုင်တဲ့ ပမာဏပဲ"

ရဲ့လင်းချန်က ထိုသို့ပြောပြီးသည်နှင့် ပန်းကန်ကြီး တစ်ပန်းကန်အပြည့် ထည့်လိုက်သည်။ ထို့နောက် သူက အပြင်ထွက်၍ လိပ်အိုကြီးရှေ့၌ ချပေးလေသည်။

"ဝူးးးးးး..."

လိပ်အိုကြီး၏ မျက်လုံးတွင် တောင့်တသော အရိပ်အယောင် ပေါ်နေသည်။ ၎င်းသည် စိတ်လှုပ်ရှားစွာဖြင့် ရဲ့လင်းချန်အနားသို့ တိုးလာပြီး ထပ်မစောင့်နိုင်တော့သည့်ပုံပင်။

"ပါးစပ်ဟ"

ရဲ့လင်းချန်က လက်ဟန်ခြေဟန် လုပ်ပြလိုက်သည်။

လိပ်အိုကြီးက ချက်ချင်း ခေါင်းကို မတ်မတ်တထား၍ ပါးစပ်ဟပေးသည်။

ထိုစွပ်ပြုတ် ပမာဏသည် လူသားများအတွက် များလွန်းသည်ဟု ဆိုနိုင်သော်လည်း လိပ်အိုကြီးအတွက်မူ တစ်လုပ်စာပင် မရှိချေ။ ရဲ့လင်းချန်က အေးအေးလူလူဖြင့် များပြားသော မြွေစွပ်ပြုတ်ကို လိပ်အိုကြီး၏ ပါးစပ်ထဲ လောင်းထည့်ပေးလိုက်သည်။

"ဖတ် ဖတ် ဖတ် ဖတ်"

မြွေစွပ်ပြုတ်ကို ပါးစပ်အပြည့် သောက်ပြီးနောက် လိပ်အိုကြီးက ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားဟန်နှင့် ခြေလက်များကို ရိုက်ပြသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်က ဘယ်ညာ ယိမ်းနေပြီး မသိလျင် သူက သကြားလုံး စားလိုက်ရသဖြင့် ပျော်နေသော ကလေးတစ်ယောက်လိုပင်။ ထို့နောက် ၎င်းက ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို သူ့ခေါင်းဖြင့် ချစ်ခင်စွာ ပွတ်သပ်လေသည်။

[အာဟာရတွေ အလကား ဖြစ်ပါပြီကွာ၊ သူက အဲ့လောက် မြွေစွပ်ပြုတ် အများကြီးကို လိပ်အိုကြီး တစ်ကောင်ကို တကယ် ကျွေးလိုက်တာပဲ]

[လခွမ်း၊ ငါ့ဘဝကြီးက ဆိုးရွားပြီး ထိုင်းမှိုင်းလိုက်တာ ခဏလောက် ခံစားလိုက်ရတယ်၊ လိပ်တစ်ကောင်လောက် ငါ့ဘဝကြီးက ကောင်းရင် ကောင်းမှာပဲ]

[အကျိုးအကြောင်းကျကျ ပြောရရင် အဲ့လောက် လိပ်စွပ်ပြုတ် ပန်းကန်ကြီးကို ယွမ်တစ်သောင်းကျော်လောက် ရောင်းနိုင်တယ်၊ ဒီလိပ်အိုကြီးကို ဘယ်သူ ဂရုစိုက်နိုင်မှာလဲ]

[ရဲ့နတ်ဘုရား၊ ငါ မင်းကို မုန်းတယ်၊ မင်း ငါ့ကို နေ့တိုင်း ဒီလို အရသာ ရှိတဲ့ ဟင်းလျာတွေ ပြနေမှတော့ ငါ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ]

...

စားသောက်ပြီးနောက် လူတိုင်း ခုံကိုမှီ၍ သူတို့ဗိုက်ကို အေးအေးလူလူ ပွတ်ကာ မျက်လုံးများ မှေးထားကြသည်။

အားလုံး ဗိုက်ပြည့်အောင် စားလိုက်ရသဖြင့် သူတို့ကိုယ်သူတို့ ပြန်မွေးဖွားလာသည်ဟု ခံစားမိကြပြီး သူတို့ အစာကို ဖြည်းဖြည်းချင်း ချေဖျက်ရန် လိုအပ်နေလေသည်။

"ရဲ့နတ်ဘုရား၊ ဘာလို့ ဒီမြွေအသားရဲ့ ဂုဏ်သတ္တိက ဂျင်ဆင်းထက် ပိုပြီး အစွမ်းထက်နေတာလဲ၊ ငါ့လက်ကောက်ဝတ် အခုတ်ခံရရင်တောင်မှ ငါ့သွေးတွေက တော်တော် နွေးနေလိမ့်မယ်လို့ ခံစားနေရတယ်"

ဟယ်ကျားက ပြုံးသည်။

"အံ့ဩဖို့ ကောင်းတယ်ကွာ၊ ဒီလို ဧရာမ စပါးအုံးမြွေမျိုးရဲ့ အသားကို ငါ့ဘဝမှာ စားရလိမ့်မယ်လို့ အိပ်မက်ထဲမှာတောင် မထင်ထားခဲ့ဘူး"

ဝေ့တရွှင်းက နှုတ်ခမ်းသပ်နေပြီး အရသာကို ပြန်တွေး၍ ဇိမ်ခံနေသည်။

"လင်းချန်၊ ဒီဧရာမ စပါးအုံးမြွေကြီးရဲ့ အသားက တကယ် မိုက်တယ်၊ အဲ့ဒါက အရမ်း တန်ဖိုးရှိတယ်လို့ ရှင် ပြောတာ မဆန်းတော့ပါဘူး"

ကျောက်လျန့်ရင်က မှတ်ချက်ပြုသည်။

"ဟုတ်တယ်၊ ငါသာ အဲ့ဒါကို သိမ်းဖို့ နေရာ မရှိတာမျိုး ဖြစ်မနေရင် အဲ့ဒါကို ဈေးကြီးကြီး ဝယ်ပစ်ပြီး ငါ့အားဆေးအဖြစ် သုံးမိမှာ"

ဟွမ်လေ့က ခေါင်းညိတ်သည်။

လူတိုင်း စကားပြောနေချိန်တွင် ဒါရိုက်တာက အနားရောက်လာပြီး ရဲ့လင်းချန်ကို ပြောလေသည်။

"ရဲ့နတ်ဘုရား၊ ကျုပ်တို့ ရိုက်ကူးရေး အဖွဲ့မှာ တောင်းဆိုစရာလေး တစ်ခုရှိလို့ပါ"

"ဘာများလဲ"

ရဲ့လင်းချန် အသာ မျက်ခုံးပင့်လိုက်မိသည်။ ဒါရိုက်တာက အလွန် ရိုကျိုးနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

"နောက်ပိုင်း လေလံပွဲလုပ်ရင် ကျုပ်တို့ ထုတ်လွှင့်မှုကို ဆက်လွှင့်လို့ ရနိုင်မလား"

ဒါရိုက်တာက ရဲ့လင်းချန်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်နေပြီး လာမည့် လေလံပွဲက စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု သူ ခံစားမိနေသည်။

"ကိစ္စမရှိပါဘူး"

ရဲ့လင်းချန်က ဇာချဲ့မနေဘဲ သဘောတူလိုက်သည်။ ယင်းသည် အသေးအမွှား ကိစ္စလေး ဖြစ်ပြီး သူ၏ ရေပန်းစားမှုကိုလည်း တိုးမြှင့်နိုင်သည်။ ထို့ကြောင့် သူ ၎င်းကို မလိုက်လျောနိုင်စရာ အကြောင်း မရှိပါ။

"ကျေးဇူးတင်ပါတယ်"

ဒါရိုက်တာ စိတ်လှုပ်ရှားလာသည်။ သူ ချက်ချင်း ထရပ်ပြီး အသင့်ပြင်ရန် ထွက်သွားလေသည်။

နေ့လယ် သုံးနာရီသို့ ရောက်သောအခါ အနက်ရောင် Mercedes-Benz တစ်စီးနှင့်အတူ အနောက်မှ ငွေရောင် Mercedes-Benz က လီတောင်တန်းသို့ ရောက်လာပြီး မြက်စိမ်းရွာသို့ တန်းတန်းမတ်မတ် ဦးတည်လာနေ၏။

ထို့နောက်တွင်မူ မြက်စိမ်းရွာသို့ အဖွဲ့များ စတင် ဝင်ရောက်လာပြီး အမြဲတမ်း အေးချမ်းသော မြက်စိမ်းရွာက အသက်ဝင် လှုပ်ရှားဆူညံနေလေသည်။

ဤနေရာသို့ လာရောက်သည့် သူတို့၏ ပန်းတိုင်က အတူတူပင်။ သူတို့သည် သာမန်ထက် ထူးခြားသော ဧရာမ စပါးအုံးမြွေကြီးအတွက် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည်။

#Zawgyi

စာစဥ္ 30 Chapter 439 လူလတ္ပိုင္းအ႐ြယ္ လူေတြအတြက္ ဘဝက မတရားဘူး

ရဲ႕လင္းခ်န္က ေႁမြစြပ္ျပဳတ္ လုပ္ေနျခင္း ျဖစ္သည္။

ဧရာမ စပါးအုံးေႁမြႀကီး၏ အသားတြင္ ေဆးဖက္ဝင္ အာနိသင္မ်ား ပါဝင္ေနသည္။ ၎ကို ႏွပ္ျခင္း၊ ကင္းျခင္းက ၎၏ ေဆးဖက္ဝင္ အာနိသင္မ်ားကို အလြယ္တကူ ဆုံးရႈံးေစ၏။ ေႁမြစြပ္ျပဳတ္ လုပ္သည္က အေကာင္းဆုံး နည္း ျဖစ္ၿပီး ယင္းက လူ႔ခႏၶာကိုယ္အား အာဟာရမ်ား စုပ္ယူရန္လည္း ပို၍ လြယ္ကူေစသည္။

ေႁမြသားကို ကင္ျခင္း သို႔မဟုတ္ ပဲငံျပာရည္ အေနာက္ႏွင့္ ႏွပ္ျခင္းတို႔ကို ညမွ ခ်က္လည္း ရေပသည္။ လူတိုင္းအတြက္ ႏွစ္ရက္တိတိ စားႏိုင္ရန္ လုံေလာက္ေသာ ေလးမီတာ ရွည္သည့္ အနာကြန္ဒါ ေႁမြႀကီးတစ္ေကာင္ ထပ္ရွိေနပါေသးသည္။

ေႁမြစြပ္ျပဳတ္ ျပဳလုပ္ျခင္းက မရႈပ္ေထြးပါ။ အေရးႀကီးဆုံး အရာမွာ အစပိုင္း၌ ၎ကို သုံးစင္တီမီတာမွ် ရွိေသာ တူညီသည့္ အ႐ြယ္အစားမ်ား ျဖတ္ေတာက္ထားရန္ ျဖစ္သည္။ ၎ကို သင့္ေတာ္စြာ အစိမ္းႏွပ္ၿပီးသည္ႏွင့္ ဟင္းခတ္ အေမႊးအႀကိဳင္မ်ားကို ဂ႐ုတစိုက္ ထည့္ကာ ေရပမာဏ တိတိက်က် ထည့္၍ အိုးေပၚတင္ကာ တစ္နာရီမွ် ခ်က္လိုက္႐ုံပင္။ ထို႔ေနာက္တြင္မူ စားသုံးရန္ အသင့္ျဖစ္ေလၿပီ။

ရဲ႕လင္းခ်န္၏ ပါဝင္ပစၥည္းမ်ား ေ႐ြးခ်ယ္ပုံက သာမန္ ေႁမြစြပ္ျပဳတ္မ်ားႏွင့္ အနည္းငယ္ မတူညီပါ။ အေၾကာင္းမွာ သူသည္ ဧရာမ စပါးအုံးေႁမြႀကီး၏ စိတ္ဝိညာဥ္ စြမ္းအင္ကို ေလ်ာ့ပါးေစၿပီး ပို၍ အက်ိဳးရွိေအာင္ ျပဳလုပ္ေပးသည့္ အခ်ိဳ႕ေသာ ေဆးပင္မ်ား ထည့္ထားေသာေၾကာင့္ ျဖစ္သည္။ ထိုနည္းအားျဖင့္ ရလဒ္က ပိုေကာင္းလာမည္ ျဖစ္ၿပီး ခ်က္ျပဳတ္ျခင္းအဆင့္ မ်ားတြင္လည္း သိသိသာသာ ျခားနားမႈ မရွိေတာ့ပါ။

အခ်ိန္ကုန္လာသည္ႏွင့္ အိုးေပၚမွ အပူလႈိင္းေငြ႕တစ္ခု ထြက္လာၿပီး မႈိအိမ္ေလး တစ္ခုလုံးသို႔ ပ်ံ႕ႏွံ႔လာသည္။

"ဝိုး ... အနံ႔ေလးက ေကာင္းလိုက္တာ၊ အနံ႔က ေမႊးလြန္းတယ္"

သူတို႔အားလုံး စိတ္ကို ျပင္ဆင္ထားေသာ္လည္း လူတိုင္း ေမႊးရနံ႔၏ ဆြဲေဆာင္ျခင္းကို ခ်က္ခ်င္း ခံလိုက္ရသည္။

ယခုတစ္ေခါက္တြင္ ရနံ႔က အရသာ ရွိေသာ ဟင္းလ်ာ၏ ေမႊးရနံ႔ႏွင့္ တူေသာ္လည္း အနည္းငယ္ ျခားနားမႈမ်ား ရွိသည္။ ပထမအခ်က္မွာ ယင္းက လတ္ဆတ္မႈ ရေနျခင္းပင္၊ အလြန္ လတ္ဆတ္ေသာ ရနံ႔ပင္။ ဒုတိယအခ်က္မွာ ရနံ႔က အလြန္ ထူးျခားၿပီး လန္းဆန္း၍ သန္မာေစေသာ္လည္း အလြန္ စူးရွေနျခင္း မရွိပါ။

"စားခ်င္တယ္ဆိုရင္ ကိုယ္တိုင္ လာယူစားလို႔ ရၿပီေနာ္"

ရဲ႕လင္းခ်န္က အသာ ၿပဳံး၍ တစ္ပန္းကန္ ခပ္ထည့္လိုက္သည္။

သူ စြပ္ျပဳတ္ကို ျဖည္းျဖည္းခ်င္း တစ္ငုံေသာက္လိုက္သည္။ အရသာရွိေသာ ရနံ႔က သူ၏ အရသာခံ အာ႐ုံဖုတိုင္းကို ဖုံးလႊမ္းသြားသည္။ သူသည္ ပါးစပ္ထဲ၌ လွ်ာျဖင့္ ထိုးၾကည့္ေလသည္။ ယင္းက စြပ္ျပဳတ္သာ ျဖစ္ေသာ္လည္း ဂ်ယ္လီကဲ့သို႔ ခပ္ပ်စ္ပ်စ္ အရသာ ရွိေလသည္။

မ်ိဳခ်လိုက္ၿပီးေနာက္ အပူလႈိင္းတစ္ခုက သူ႔အစာအိမ္ထဲ၌ ခ်က္ခ်င္း ပြင့္ထြက္လာၿပီး သူ၏ ေျခလက္မ်ားႏွင့္ အ႐ိုးမ်ားႏွင့္ ေပါင္းစပ္သြားေလသည္။ ထို႔ေနာက္ ၎က သူ၏ ေျခလက္မ်ားမွ ေခြၽးညင္းေပါက္မ်ားႏွင့္ ေသြးမ်ားထဲသို႔ ပ်ံ႕ႏွံ႔သြားၿပီး သူ႔တစ္ကိုယ္လုံးကို ပူေႏြးလာေစသည္။

၎တြင္ သူ႔အတြက္ ေသခ်ာေပါက္ အားျဖစ္ေစေသာ စိတ္ဝိညာဥ္ စြမ္းအင္ ပါဝင္ေနေလသည္။

"ငါ့ကိုလည္း တစ္ပန္းကန္ ေပးပါ"

ေဝ့တ႐ႊင္းက အနားသို႔ ေလွ်ာက္လာသည္။ သူ ပန္းကန္ကို ကိုင္လိုက္သည္ႏွင့္ မိန္းမလွေလး ႏွစ္ေယာက္၏ ေဘးသို႔ တြန္းပို႔ျခင္း ခံလိုက္ရေလသည္။

"လင္းခ်န္၊ ငါတို႔လည္း လိုခ်င္တယ္ ..."

မိန္းကေလး ႏွစ္ေယာက္က ရဲ႕လင္းခ်န္ကို ေငးၾကည့္ေနသည္။

သူတို႔သည္ ထိုသို႔ေျပာၿပီး ေႁမြစြပ္ျပဳတ္ အျပည့္ရွိေနသည့္ အိုးကို လွမ္းၾကည့္ကာ စားခ်င္ေသာ မ်က္လုံးမ်ားျဖင့္ အလိုလို လွ်ာသပ္ၾကေလသည္။

အမ်ိဳးသမီးမ်ားသည္ သဘာဝအေလ်ာက္ ေႁမြကို ေၾကာက္တတ္ၾကသည္။ သူတို႔သည္ တစ္ခ်က္ ၾကည့္႐ုံႏွင့္ ေၾကာက္လန႔္ကာ ႐ြံရွာတတ္ၿပီး သူတို႔ကို စားခိုင္းလ်င္ ပို၍ ဆိုးေလသည္။ သို႔ေသာ္ ဤမွ် အရသာ ရွိေသာ ဟင္းလ်ာႏွင့္ ေတြ႕ေသာအခါ သူတို႔၏ ေႁမြကို ေၾကာက္ေသာစိတ္အား အရသာရွိေသာ ဟင္းက အႏိုင္ယူ သြားေလသည္။ သူတို႔၏ အစားကို ခ်စ္ေသာ အက်င့္စ႐ိုက္က ေပၚလာၿပီး ဟင္းလ်ာကို ဘာႏွင့္ လုပ္ထားလဲ မေတြးေတာ့ေခ်။ အေရးႀကီးေသာ အရာမွာ သူတို႔ စားႏိုင္ျခင္းပင္။

ေႁမြစြပ္ျပဳတ္ကို ပါးစပ္အျပည့္ တစ္လုပ္ စားလိုက္ၿပီးေနာက္ အမ်ိဳးသမီး ႏွစ္ေယာက္၏ မ်က္ႏွာက ခ်က္ခ်င္း နီျမန္းလာသည္။ သူမတို႔ တုန္ယင္လာကာ သူမတို႔ ခႏၶာကိုယ္ထဲမွ အေအးဓာတ္ ထြက္ခြာသြားသည္ကို ခံစားလိုက္ရသည္။ သူမတို႔၏ ခႏၶာကိုယ္က ေႏြးေထြးလာၿပီး သူမတို႔ ခႏၶာကိုယ္တြင္း၌ ပုန္းေအာင္းေနေသာ အႏၲရာယ္ ရွိသည့္ အရာမ်ားအားလုံး သုတ္သင္ခံလိုက္ရသလိုပင္။ ယင္းက သူတို႔ကို ၿငိမ္းေအးသြားသလို ခံစားရေစသည္။

"ရဲ႕နတ္ဘုရား၊ ဒီေႁမြစြပ္ျပဳတ္က ေတာ္ေတာ္ မိုက္တယ္၊ နည္းနည္းေလာက္ ေသာက္ၿပီးတာနဲ႔ ငါ့တစ္ကိုယ္လုံး အားေတြ ျပည့္လာသလို ခံစားရတယ္"

ေဝ့တ႐ႊင္း မေျပာဘဲ မေနႏိုင္ေအာင္ ျဖစ္သြားရသည္။ သူ႔ခြန္အားက ယခုေလာက္ ဘယ္တုန္းကမွ မသန္မာဟုသာ သူ ခံစားေနရေလသည္။

"ငါေရာပဲ၊ မင္း ငါ့ကို ၾကည့္မယ္ဆိုရင္ ငါ့တစ္ကိုယ္လုံး ေခြၽးထြက္ေနၿပီးေတာ့ ငါ့အဝတ္အစားေတြ စို႐ႊဲေနတာကို ေတြ႕ရလိမ့္မယ္"

ဟြမ္ေလ့ကလည္း ေျပာသည္။ အားေဆး ဟူေသာ အရာမ်ားထက္ အဆမ်ားစြာ ပိုသာသည့္ အံ့ဩဖြယ္ေကာင္းေသာ ခံစားခ်က္ကို သူ ခံစားမိေနသည္။

"ဆရာဟြမ္ေလ့၊ ခင္ဗ်ား ဒါကို လိုအပ္လိမ့္မယ္၊ မ်ားမ်ားေသာက္ၿပီး ခင္ဗ်ားရဲ႕ ေက်ာက္ကပ္ကို အားျဖည့္လိုက္ပါ"

ရဲ႕လင္းခ်န္ ၿပဳံးေနသည္။ စကၠန႔္ပိုင္းအတြင္းမွာပင္ လူတိုင္း ထရယ္ၾကေလသည္။

ဟြမ္ေလ့ ေျပာစရာ စကားမဲ့ေန၏။

[ဝါးဟားဟား ဆရာဟြမ္ေလ့က သူ႔ရဲ႕ လိင္ပိုင္းဆိုင္ရာ တက္ႂကြမႈကို တိုးခ်င္ေနတာပဲ]

[လူလတ္ပိုင္းအ႐ြယ္ လူေတြအတြက္ ဘဝက မတရားဘူးကြာ]

[ဒီေႁမြစြပ္ျပဳတ္က တကယ္ပဲ အဲ့ေလာက္ အက်ိဳးသက္ေရာက္မႈ ႀကီးလို႔လား၊ ေတာ္ေတာ္ အစြမ္းထက္တာပဲ]

[အေပၚကလူ၊ အေတြးမမွားနဲ႔၊ ဒီဧရာမ စပါးအုံးေႁမြႀကီးက အသိဉာဏ္ ရေနတဲ့ တိရစာၦန္တစ္ေကာင္ပဲ၊ သူ႔ရဲ႕ အသားတစ္ပိုင္းကို စားရင္ မင္း မေသမ်ိဳး ျဖစ္လာမွာ]

[ေသာက္႐ူးေကာင္၊ သူ႔ကို ဘုန္းေတာ္ႀကီးလို႔မ်ား မင္း ထင္ေနလား]

[မႈိအိမ္ေလးထဲက လူေတြက တအား ေႏြးေထြးၿပီးေတာ့ ရယ္ေမာသံေတြ၊ ေပ်ာ္႐ႊင္သံေတြနဲ႔ ျပည့္ေနတာကို ငါ ခံစားမိတယ္]

[ရဲ႕နတ္ဘုရားကို ငါ့ကို တစ္ပန္းကန္ ေပးဖို႔ ေျပာေပးပါ၊ ပန္းကန္အႀကီးႀကီး တစ္ပန္းကန္ေလာက္၊ ငါ့လိင္ပိုင္းဆိုင္ရာ တက္ႂကြမႈကို လႈံ႕ေဆာ္ရမယ္ကြ]

...

"ဒါ ခင္ဗ်ားတို႔ ခႏၶာကိုယ္အတြက္ ေကာင္းတယ္၊ ဒါေပမဲ့ ခင္ဗ်ားတို႔ ပမာဏကိုလည္း သတိထားသင့္တယ္၊ ခင္ဗ်ားတို႔ တစ္ခါတည္းနဲ႔ အမ်ားႀကီး စားလို႔ မရဘူး၊ မဟုတ္ရင္ အဲ့ဒါက ခင္ဗ်ားတို႔အတြက္ အလြန္အမင္း အားျပည့္သြားေစလိမ့္မယ္၊ ခင္ဗ်ားတို႔ရဲ႕ ခႏၶာကိုယ္အရဆို တစ္ပန္းကန္နဲ႔ တစ္ဝက္က ခင္ဗ်ားတို႔ အမ်ားဆုံး စားႏိုင္တဲ့ ပမာဏပဲ"

ရဲ႕လင္းခ်န္က ထိုသို႔ေျပာၿပီးသည္ႏွင့္ ပန္းကန္ႀကီး တစ္ပန္းကန္အျပည့္ ထည့္လိုက္သည္။ ထို႔ေနာက္ သူက အျပင္ထြက္၍ လိပ္အိုႀကီးေရွ႕၌ ခ်ေပးေလသည္။

"ဝူးးးးးး..."

လိပ္အိုႀကီး၏ မ်က္လုံးတြင္ ေတာင့္တေသာ အရိပ္အေယာင္ ေပၚေနသည္။ ၎သည္ စိတ္လႈပ္ရွားစြာျဖင့္ ရဲ႕လင္းခ်န္အနားသို႔ တိုးလာၿပီး ထပ္မေစာင့္ႏိုင္ေတာ့သည့္ပုံပင္။

"ပါးစပ္ဟ"

ရဲ႕လင္းခ်န္က လက္ဟန္ေျခဟန္ လုပ္ျပလိုက္သည္။

လိပ္အိုႀကီးက ခ်က္ခ်င္း ေခါင္းကို မတ္မတ္တထား၍ ပါးစပ္ဟေပးသည္။

ထိုစြပ္ျပဳတ္ ပမာဏသည္ လူသားမ်ားအတြက္ မ်ားလြန္းသည္ဟု ဆိုႏိုင္ေသာ္လည္း လိပ္အိုႀကီးအတြက္မူ တစ္လုပ္စာပင္ မရွိေခ်။ ရဲ႕လင္းခ်န္က ေအးေအးလူလူျဖင့္ မ်ားျပားေသာ ေႁမြစြပ္ျပဳတ္ကို လိပ္အိုႀကီး၏ ပါးစပ္ထဲ ေလာင္းထည့္ေပးလိုက္သည္။

"ဖတ္ ဖတ္ ဖတ္ ဖတ္"

ေႁမြစြပ္ျပဳတ္ကို ပါးစပ္အျပည့္ ေသာက္ၿပီးေနာက္ လိပ္အိုႀကီးက ခ်က္ခ်င္းဆိုသလိုပင္ စိတ္လႈပ္ရွားဟန္ႏွင့္ ေျခလက္မ်ားကို ႐ိုက္ျပသည္။ ၎၏ ႀကီးမားေသာ ခႏၶာကိုယ္က ဘယ္ညာ ယိမ္းေနၿပီး မသိလ်င္ သူက သၾကားလုံး စားလိုက္ရသျဖင့္ ေပ်ာ္ေနေသာ ကေလးတစ္ေယာက္လိုပင္။ ထို႔ေနာက္ ၎က ရဲ႕လင္းခ်န္၏ ခႏၶာကိုယ္ကို သူ႔ေခါင္းျဖင့္ ခ်စ္ခင္စြာ ပြတ္သပ္ေလသည္။

[အာဟာရေတြ အလကား ျဖစ္ပါၿပီကြာ၊ သူက အဲ့ေလာက္ ေႁမြစြပ္ျပဳတ္ အမ်ားႀကီးကို လိပ္အိုႀကီး တစ္ေကာင္ကို တကယ္ ေကြၽးလိုက္တာပဲ]

[လခြမ္း၊ ငါ့ဘဝႀကီးက ဆိုး႐ြားၿပီး ထိုင္းမႈိင္းလိုက္တာ ခဏေလာက္ ခံစားလိုက္ရတယ္၊ လိပ္တစ္ေကာင္ေလာက္ ငါ့ဘဝႀကီးက ေကာင္းရင္ ေကာင္းမွာပဲ]

[အက်ိဳးအေၾကာင္းက်က် ေျပာရရင္ အဲ့ေလာက္ လိပ္စြပ္ျပဳတ္ ပန္းကန္ႀကီးကို ယြမ္တစ္ေသာင္းေက်ာ္ေလာက္ ေရာင္းႏိုင္တယ္၊ ဒီလိပ္အိုႀကီးကို ဘယ္သူ ဂ႐ုစိုက္ႏိုင္မွာလဲ]

[ရဲ႕နတ္ဘုရား၊ ငါ မင္းကို မုန္းတယ္၊ မင္း ငါ့ကို ေန႔တိုင္း ဒီလို အရသာ ရွိတဲ့ ဟင္းလ်ာေတြ ျပေနမွေတာ့ ငါ ဘယ္လိုလုပ္ အသက္ရွင္ႏိုင္ေတာ့မွာလဲ]

...

စားေသာက္ၿပီးေနာက္ လူတိုင္း ခုံကိုမွီ၍ သူတို႔ဗိုက္ကို ေအးေအးလူလူ ပြတ္ကာ မ်က္လုံးမ်ား ေမွးထားၾကသည္။

အားလုံး ဗိုက္ျပည့္ေအာင္ စားလိုက္ရသျဖင့္ သူတို႔ကိုယ္သူတို႔ ျပန္ေမြးဖြားလာသည္ဟု ခံစားမိၾကၿပီး သူတို႔ အစာကို ျဖည္းျဖည္းခ်င္း ေခ်ဖ်က္ရန္ လိုအပ္ေနေလသည္။

"ရဲ႕နတ္ဘုရား၊ ဘာလို႔ ဒီေႁမြအသားရဲ႕ ဂုဏ္သတၱိက ဂ်င္ဆင္းထက္ ပိုၿပီး အစြမ္းထက္ေနတာလဲ၊ ငါ့လက္ေကာက္ဝတ္ အခုတ္ခံရရင္ေတာင္မွ ငါ့ေသြးေတြက ေတာ္ေတာ္ ေႏြးေနလိမ့္မယ္လို႔ ခံစားေနရတယ္"

ဟယ္က်ားက ၿပဳံးသည္။

"အံ့ဩဖို႔ ေကာင္းတယ္ကြာ၊ ဒီလို ဧရာမ စပါးအုံးေႁမြမ်ိဳးရဲ႕ အသားကို ငါ့ဘဝမွာ စားရလိမ့္မယ္လို႔ အိပ္မက္ထဲမွာေတာင္ မထင္ထားခဲ့ဘူး"

ေဝ့တ႐ႊင္းက ႏႈတ္ခမ္းသပ္ေနၿပီး အရသာကို ျပန္ေတြး၍ ဇိမ္ခံေနသည္။

"လင္းခ်န္၊ ဒီဧရာမ စပါးအုံးေႁမြႀကီးရဲ႕ အသားက တကယ္ မိုက္တယ္၊ အဲ့ဒါက အရမ္း တန္ဖိုးရွိတယ္လို႔ ရွင္ ေျပာတာ မဆန္းေတာ့ပါဘူး"

ေက်ာက္လ်န႔္ရင္က မွတ္ခ်က္ျပဳသည္။

"ဟုတ္တယ္၊ ငါသာ အဲ့ဒါကို သိမ္းဖို႔ ေနရာ မရွိတာမ်ိဳး ျဖစ္မေနရင္ အဲ့ဒါကို ေဈးႀကီးႀကီး ဝယ္ပစ္ၿပီး ငါ့အားေဆးအျဖစ္ သုံးမိမွာ"

ဟြမ္ေလ့က ေခါင္းညိတ္သည္။

လူတိုင္း စကားေျပာေနခ်ိန္တြင္ ဒါ႐ိုက္တာက အနားေရာက္လာၿပီး ရဲ႕လင္းခ်န္ကို ေျပာေလသည္။

"ရဲ႕နတ္ဘုရား၊ က်ဳပ္တို႔ ႐ိုက္ကူးေရး အဖြဲ႕မွာ ေတာင္းဆိုစရာေလး တစ္ခုရွိလို႔ပါ"

"ဘာမ်ားလဲ"

ရဲ႕လင္းခ်န္ အသာ မ်က္ခုံးပင့္လိုက္မိသည္။ ဒါ႐ိုက္တာက အလြန္ ႐ိုက်ိဳးေနလိမ့္မည္ဟု သူ လုံးဝ ထင္မထားမိပါ။

"ေနာက္ပိုင္း ေလလံပြဲလုပ္ရင္ က်ဳပ္တို႔ ထုတ္လႊင့္မႈကို ဆက္လႊင့္လို႔ ရႏိုင္မလား"

ဒါ႐ိုက္တာက ရဲ႕လင္းခ်န္ကို စူးရွေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ေနၿပီး လာမည့္ ေလလံပြဲက စိတ္ဝင္စားစရာ အေကာင္းဆုံး ျဖစ္လိမ့္မည္ဟု သူ ခံစားမိေနသည္။

"ကိစၥမရွိပါဘူး"

ရဲ႕လင္းခ်န္က ဇာခ်ဲ႕မေနဘဲ သေဘာတူလိုက္သည္။ ယင္းသည္ အေသးအမႊား ကိစၥေလး ျဖစ္ၿပီး သူ၏ ေရပန္းစားမႈကိုလည္း တိုးျမႇင့္ႏိုင္သည္။ ထို႔ေၾကာင့္ သူ ၎ကို မလိုက္ေလ်ာႏိုင္စရာ အေၾကာင္း မရွိပါ။

"ေက်းဇူးတင္ပါတယ္"

ဒါ႐ိုက္တာ စိတ္လႈပ္ရွားလာသည္။ သူ ခ်က္ခ်င္း ထရပ္ၿပီး အသင့္ျပင္ရန္ ထြက္သြားေလသည္။

ေန႔လယ္ သုံးနာရီသို႔ ေရာက္ေသာအခါ အနက္ေရာင္ Mercedes-Benz တစ္စီးႏွင့္အတူ အေနာက္မွ ေငြေရာင္ Mercedes-Benz က လီေတာင္တန္းသို႔ ေရာက္လာၿပီး ျမက္စိမ္း႐ြာသို႔ တန္းတန္းမတ္မတ္ ဦးတည္လာေန၏။

ထို႔ေနာက္တြင္မူ ျမက္စိမ္း႐ြာသို႔ အဖြဲ႕မ်ား စတင္ ဝင္ေရာက္လာၿပီး အၿမဲတမ္း ေအးခ်မ္းေသာ ျမက္စိမ္း႐ြာက အသက္ဝင္ လႈပ္ရွားဆူညံေနေလသည္။

ဤေနရာသို႔ လာေရာက္သည့္ သူတို႔၏ ပန္းတိုင္က အတူတူပင္။ သူတို႔သည္ သာမန္ထက္ ထူးျခားေသာ ဧရာမ စပါးအုံးေႁမြႀကီးအတြက္ ဤေနရာသို႔ ေရာက္လာျခင္း ျဖစ္ေပသည္။

Okumaya devam et

Bunları da Beğeneceksin

7.7K 300 37
The eternal supreme! ထာ၀ရနတ်ဘုရားအရှင်သခင် -------------------------------------------- မူရင်းအာသာ -Taiyi Shengshui ဘာသာပြန် - Yun'e Chapter-2404(com...
172K 2.8K 100
Jeffery as him or any of his characters with readers, I will do request too
431K 18.1K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...
656K 23.6K 200
[FIXED/FAN TRANSLATION] A student who was preparing for the Civil Service examination for 4th year suddenly found himself in an unfamiliar body 3 yea...