နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Por Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Más

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [104] - Extra 1

904 94 4
Por Lazy_Little_Meow

[Unicode]

အခန်း (၁၀၄)

“ကျူးမိုလီ၊ ဧည့်လာတွေ့တယ်!”

အပ်ချုပ်စက်နှင့်အင်္ကျီချုပ်နေသော ကျူးမိုလီက ဤစကားကို ကြားလိုက်ချိန်ဝယ် စက္ကန့်အနည်းငယ်မျှ အတွေးတို့ရှုပ်ထွေးသွား၏။ ပြီးမှ စက်ကိုပိတ်ကာ ထောင်မှူးကို ထုံထိုင်းလေးတွဲ့စွာဦးညွှတ်ပြီး သူ့နောက်မှလိုက်သွား၏။

သူမထောင်ကျနေတာ လအနည်းငယ်ရှိခဲ့ပြီ။ စကင်းကဲထုတ်ကုန်များ၊ ကျွမ်းကျင်မိတ်ကပ်အဖွဲ့သားနှင့် စတိုင်လစ်တို့်မရှိသဖြင့် ကျူးမိုလီဟာ ဖုန်အလိမ်းလိမ်းကပ်နေသော ပုလဲဟောင်းတစ်လုံးပမာ ယခင်ကဲ့သို့ ဂုဏ်ရှိန်ဂုဏ်ဝါ တောက်ပမှုများ မရှိတော့ပေ။

သူမ တွေ့ဆုံခန်းဆီ လျှောက်သွားတော့ မှန်ပြတင်းတစ်ဖက်ရှိ မျက်တွင်းချောင်ကျနေဟန်ရသော သူမ၏မိဘနှစ်ပါးကို တွေ့လိုက်ရသည်။ သူမခုံပေါ်ထိုင်ပြီး ဘေးနံရံပေါ်ရှိ မိုက်ခွက်ပါဖုန်းကိုယူလိုက်သည်။

“မိုလီ”

Headset မှတဆင့် ပျံ့လွင့်လာသောအသံက မူရင်းအတိုင်းပင်။ ကျူးမိုလီက သူမ စကားမပြောသေးခင်မှာပင် ငိုနေပြီဖြစ်သော သူမအမေကို နှုတ်ဆိတ်လျက် ကြည့်နေ၏။

“မိုလီ၊ နည်းနည်းထပ်ပြီး တောင့်ခံပေးအုံးနော် သမီးလေး၊ နောက်နှစ်ဝက်လောက်ဆို သမီး ဒီကထွက်လာရမှာပါကွယ်..” သူမသမီးက သူမ၏ဒီလိုပုံစံကို တွေ့ပြီး စိတ်မကောင်းဖြစ်သွားမှာစိုး၍ထင်ပါရဲ့၊ အမေကျိုးက မျက်ရည်သုတ်ပြီး ပြောလိုက်သည်။ “ပြီးခဲ့တဲ့လက မေမေပို့ပေးလိုက်တဲ့စောင်က အဆင်ပြေရဲ့လား?”

ကျူးမိုလီခေါင်းညိတ်လိုက်သည်။ “မေမေ၊ သမီးကိုစိတ်မပူပါနဲ့၊ သမီးအဆင်ပြေပါတယ်”

သူမက ပြင်းထန်သောရာဇဝတ်မှုအတွက် စွဲချက်တင်ခံရတာမဟုတ်သည့်အပြင် အပြုအမူကောင်းမွန်သဖြင့် အလုပ်နှင့်တကွ ထောင်ဒဏ်နှစ်နှစ်သာ ချမှတ်ခံလိုက်ရသည်။ သူမက ပုံမှန်အားဖြင့် လက်မှုပညာတချို့ကိုသာလုပ်ရပြီး စနေ၊တနင်္ဂနွေရက်များတွင် နားချိန်ပင်ရသေးသည်။ အစားအသောက်က မကောင်းလှပေမဲ့လည်း အနည်းဆုံးတော့ သူမဗိုက်ဝသေးသည်ပင်။ ယခုချိန်တွင် အဖြစ်အပျက်များကို ဤသို့ဖြစ်လာခဲ့ပြီဆိုမှတော့ သူမအနေနှင့် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲပြီး ထောင်ထဲမှလွတ်သည်နှင့် ကောင်းကောင်းမွန်မွန် ရှင်သန်သွားရန်မှတစ်ပါး တခြားဘာမှမတွေးနိုင်တော့ပေ။

“မိုလီ၊ မေမေ သမီးကို ပြောပြရအုံးမယ်၊ သမီးကိုထိခိုက်စေခဲ့တဲ့ အဲ့ဒီလူယုတ်မာကောင်လေ ပြီးခဲ့တဲ့လကပဲ ပစ်သတ်မိန့်ရစစ်သားတွေ ကွပ်မျက်တာ ခံလိုက်ရပြီ...” အမေကျိုး၏မျက်နှာထက်ဝယ် မုန်းတီးရိပ်တို့ လျှပ်ပြေးသွားသည်။ “အဲ့အယုတ်တမာကောင်က မကောင်းတာတွေ အများကြီးလုပ်သွားတာ၊ ဆယ်ကြိမ်မက သေသင့်တယ်..”

ကျူးမိုလီတစ်ယောက် သူမအမေ၏ဒေါသတကြီးရှုံ့ချသံတို့ကို ဆက်ပြီးနားထောင်လိုစိတ်မရှိတော့ပေ။ အကြောင်းမှာ သူမဒီကိုလာတိုင်း ကျင်းညီအစ်ကိုကိုဆူဆဲနေတတ်၍ပင်။ ကျူးမိုလီကတော့ ကျင့်သားရနေခဲ့ပြီ။

လွန်ခဲ့သောတစ်နှစ်က သူမဟာ အနုပညာလောကတွင် အောင်မြင်ကျော်ကြားနေဆဲ မင်းသမီးတစ်လက်ဖြစ်ခဲ့‌သော်လည်း ယခုအချိန်တွင် အကျဉ်းသားဘဝသို့ ရောက်နေရ၏။ အစက သူမ နဉ်ရှီကို မုန်းတီးခဲ့သည်၊ နောက်ပိုင်းကျတော့ ကျင်းဟုန်ခိုင်ကို မုန်းတီးခဲ့ပေမဲ့ ယခုအချိန်တွင်တော့ သူမကိုယ်သူမသာ မုန်းတီးမိတော့သည်။ အနုပညာလောကကြောင့် စိတ်ရှုပ်ထွေးကုန်သည်မှာ သူမတကယ်ဘယ်သူလဲဆိုတာ မေ့သွားလုနီးနီး။

အကယ်၍ သူမသာ သရုပ်ဆောင်လောက၌သာ စိတ်နှစ်ထားခဲ့မည်ဆိုလျှင် ဤအခြေအနေထိ လဲပြိုကျသွားခဲ့မည်လော?

သူမအနေနှင့် မိုး၊ မြေနှင့် အခြားသူတွေကို အပြစ်တင်၍ရပေမဲ့ အဆုံးမှာ သူမကိုယ်သူမ အပြစ်တင်စရာသာရှိတော့သည်။

“အဲ့ဒီကျင်းညီအစ်ကိုနှစ်ယောက်က တကယ့်ကို အမှိုက်ကောင်တွေပဲ၊ ဒါနဲ့ ပြီးခဲ့တဲ့လက ကျင်းမိသားစုက ဒေဝါလီခံသွားရတယ်ဆိုပြီး မေမေကြားမိသေးတယ်” အမေကျူးက ကျင်းမိသားစု၏ကံဆိုးမှုအကြောင်းကို အာပေါက်မတတ်ဆက်ပြောနေသည်မှာ မသိလျှင် ယင်းကပဲ သူမအမုန်းကို လျော့စေမည့်အလား။ “ကျင်းယွမ်ဖုန်းက သူ့ခယ်မနဲ့ မရှုပ်မရှင်းဖြစ်ပြီး သူမဘဝကိုဆုံးရှုံးစေတဲ့အထိ ဖြစ်ခဲ့တယ်လို့လည်း ကောလာဟလထွက်ခဲ့သေးတယ်လေ၊ မှန်မမှန်တော့ ဘယ်သူသိမလဲကွယ်၊ ဒါပေမဲ့ သူ့မိန်းမက သူ့ကိုကွာရှင်းပြီး သူ့သားကလည်း ဂရုမစိုက်ပုံထောက်မှတော့ သူက ဘာမှကောင်းတဲ့ကောင်မဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ!”

“မေမေဘာပြောလိုက်တာလဲ?”ကျူးမိုလီ၏အမူအရာက အထိတ်တလန့်ဖြစ်သွားသည်။ “ကျင်းယွမ်ဖုန်း ဘယ်သူနဲ့ရှိခဲ့တယ်လို့ ပြောလိုက်တာ?”

“သမီးငယ်ငယ်တုန်းက သမီးကို အဲ့ဒီမင်းသမီးနဲ့ရုပ်ဆင်တယ်လို့ ပြောကြတယ်လေ၊ ဘာကျန်းကျန်းဆိုပဲ၊ ကောလာဟလတွေအရတော့ ချန်ကျန်းကျန်းက ကျင်းယွမ်ဖုန်းကြောင့် သေတဲ့အထိဖြစ်သွားရတာဆိုပဲ၊ မဟုတ်ရင် အဆုံးစီရင်သွားမှာမဟုတ်ဘူးတဲ့” အမေကျူးက သူမသမီး၏မျက်နှာထားကို အကဲခတ်ကြည့်တော့ မောပန်းနွမ်းလျရိပ်တို့သာ မြင်လိုက်ရ၏။ သူမ ရင်နာသွားရပြီး ပြောလိုက်သည်။ “သမီးသာ သူနဲ့ရုပ်ချင်းမဆင်ခဲ့ရင်...”

အဲ့ဒီအမျိုးယုတ်ကျင်းဟုန်ခိုင်သာ သူမသမီးကို မျက်စိမကျခဲ့လျှင် ဤအဖြစ်အပျက်တွေ မဖြစ်လာနိုင်လောက်ပေ။

အမေကျူးခဏကြာသည်အထိ မြည်တွန်တောက်တီးနေခဲ့ပြီး မကြာခင် ဧည့်တွေ့ချိန်ကုန်သွား၏။ ကျူးမိုလီဖုန်းချလိုက်ပြီး စိတ်ထဲတွင် သူမကြားလိုက်ရသည့် အကြောင်းအရာတို့က ပဲ့တင်ထပ်လျက် အလုပ်ရုံသို့ပြန်သွားခဲ့သည်။

ကျင်းမိသားစုက ‌ဒေဝါလီခံသွားရပြီး ကျင်းဟုန်ခိုင်က သေသွားလေပြီ။ ဖြစ်ချင်ပြန်တော့လည်း ကျင်းယွမ်ဖုန်း၌ ချန်ကျန်းကျန်းအပေါ် တခြားရည်ရွယ်ချက်များ ရှိနေခဲ့သည်တဲ့။ အရင်တုန်းက သူမပြစ်ဒဏ်ပေါ့လျော့စေရန်အလို့ငှာ အလုံးစုံသောအရာများကို ပြောထုတ်ခဲ့သော်လည်း သူမ ကြုံသလိုဖန်တီးခဲ့သည့်ဇာတ်လမ်းက တကယ်တမ်းအမှန်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

သူမမှာတော့ ကျင်းယွမ်ဖုန်း အသုံးချတာကို ခံခဲ့ရကာ ရလဒ်အနေနှင့် အဖမ်းခံလိုက်ရသည်။ သူမက ကျင်းယွမ်ဖုန်းကို ရိုးတွင်းခြင်းဆီထဲထိတိုင်အောင် မုန်းတီးလှသဖြင့် ရဲတွေကို ချန်ကျန်းကျန်း၏သေဆုံးမှုက တစ်ခုခုထူးဆန်းနေကြောင်း တွေးစေချင်ခဲ့သည့်အပြင် သူမက ကျင်းယွမ်ဖုန်းနှင့်ဆက်စပ်နေကြောင်း ပြောခဲ့လိုက်သေးသည်။ မည်သို့ပင်ဖြစ်စေ သေလူက စကားထမပြောနိုင်သည့်အပြင် တချို့ကိစ္စများတွင် ရှင်လူများပင် တိတိပပမပြောနိုင်ပေ။

ဤအကြောင်းကိုတွေးမိတော့ ကျူးမိုလီတစ်ယောက် မရယ်မိဘဲ မနေနိုင်တော့။ ဘာမျိုးရိုးမြင့်မိသားစုလဲ၊ ဘာညီအစ်ကိုဆက်ဆံရေးလဲ? ယောက်ျားတွေက သူခိုးယုတ်တွေဖြစ်ပြီး မိန်းမတွေက အပျက်မသာသာ၊ အတွင်းစိတ်ကဘည်း သားရဲကောင်လို ညစ်ပတ်လှသည်။ ကျူးမိုလီကိုယ်တိုင်က လူကောင်းတစ်ယောက် မဟုတ်သော်ငြား ကျင်းညီအစ်ကိုတွေလည်း လူကောင်းဟုတ်မနေ။

“ကျူးမိုလီ၊ အဲ့မှာဘာရယ်လုပ်နေတာလဲ? ဒီနေ့အတွက် ရှိနေတဲ့အလုပ်ပြီးအောင် ခပ်သွက်သွက်လုပ်လေ” ထောင်မှူးက သူမဘက်လျှောက်လာပြီး တစ်ယောက်တည်းရယ်နေတာကိုတွေ့တော့ သတိပေးလိုက်သည်။

တစ်စုံတစ်ယောက်က အားရကျေနပ်စွာရယ်နေသည်မှာ မြင်ရခဲသည်လေ။

------------------------------------

“ဒီနေ့ နေက ပူကျစ်နေရောပဲ” နဉ်ရှီက ကားပြတင်းကိုမှီပြီး အပြင်ကိုကြည့်လိုက်သည်။ သူမကြည့်ရသည်မှာ ပင်ပန်းနွမ်းနယ်နေဟန်။သူမဘေးမှာရှိနေသည့် ချန်းရှီကွေ့ဘက်လှည့်လိုက်သည်။ သူက ရှပ်အင်္ကျီအဖြူကိုဝတ်ဆင်ထားပြီး ကြည်ရှင်းတောက်ပြောင်နေသည်မှာ နွေရာသီတွင်နေရသည့်လူနှင့် လားလားမျှမတူပေ။

“ဒါဆို ကိုယ်တို့အိမ်ပြန်ကြမလား?” ချန်းရှီကွေ့က နဉ်ရှီ၏ဒီလိုပုံစံကိုမြင်တော့ မနေနိုင်ဘဲ ရယ်မိသွားသည်။

“မနက်ဖြန်ညကျရင် ရုပ်ရှင်ပွဲတော်သွားတက်ရအုံးမှာ၊ လက်တန်းမှာပြီးအပ်ထားတဲ့ဝတ်စုံကို မဝတ်ကြည့်ရင် ကိုယ်နဲ့တော်မတော် ဘယ်လိုသွားသိမလဲ?” နဉ်ရှီက သူမအကြည့်ကို ပြန်ရုတ်လိုက်သည်။ “ဒါပေမဲ့ ဒါကြောင့်ပဲ နွေရာသီကို အမုန်းဆုံးဖြစ်နေတာ”

“တုနှိုင်းမဲ့ပေးဆပ်ချစ်ခြင်း”က ဝမ်ဟွားဆုပေးပွဲတွင် ဆုအနည်းငယ်ရရှိရန် သတ်မှတ်ခံထားရ၏။ နဉ်ရှီကလည်း အကောင်းဆုံးသရုပ်ဆောင်ဆုအတွက် လျာထားခံရသည်။ လက်ရှိအနေအထားနှင့်ဆိုလျှငိ သူမ နိုင်မနိုင် အရေးမကြီးပေ။ ဆန်ကာတင်စာရင်းတွင် ပါခဲ့တာကပင် ကံကောင်းနေချေပြီ။

မည်သို့ဆိုစေ သူမ ဆုမရခဲ့လျှင်တောင်မှ ကော်ဇောနီထက်မှာ လျှောက်လှမ်းဖို့အတွက် ပွဲတက်ဝတ်စုံကိုတော့ ဖြစ်ကတတ်ဆန်းမလုပ်လိုက်သင့်ပေ။ နဉ်ရှီ၏ဒီတစ်ခေါက် ပွဲတက်ဝတ်စုံကို ချန်းလုပ်ငန်းစုလက်အောက်ရှိ ဖက်ရှင်ဘရန်းတွေထဲမှတစ်ခုတွင် လုပ်ကိုင်သည့် ထိပ်တန်းဒီဇိုင်နာမှ သူမအတွက် အထူးတလည် ဖန်တီးထားခြင်းဖြစ်ပေ၏။ ဒီဇိုင်နာအား လေးစားသမှု ဖော်ပြရန်အလို့ငှာ သူမက ဝတ်စုံစမ်းဝတ်ရန် ဒီဇိုင်နာအားလာမပို့ခိုင်းတော့ဘဲ ကိုယ်တိုင်သွားရောက်မှာပင်။

နဉ်ရှီနှင့်ချန်းရှီကွေ့တို့ ဒီဇိုင်နာရဲ့စတူဒီယိုကိုရောက်တော့ သူတို့ကို ‌လှိုက်လှိုက်လှဲလှဲကြိုဆိုကြ၏။ မုတ်ဆိတ်မွေးတကားကားနှင့်ဒီဇိုင်နာမယ် နဉ်ရှီကိုတွေ့သည်နှင့် မျက်ဝန်းတို့ လင်းလက်ကုန်တော့သည်။ သူက လက်ထောက်အား သူအသေးစိတ်လုပ်ခဲ့ရသည့်ဝတ်စုံကို ယူလာခိုင်းလိုက်ပြီး နဉ်ရှီအား မျှော်လင့်ခြင်းကြီးစွာ ဝတ်ခိုင်းလိုက်၏။

အသေအချာပင် နဉ်ရှီက ဤပွဲတက်ဝတ်စုံနှင့် ပလဲနံပသင့်နေ၏။ ပုံမှန်အားဖြင့် တည်ကြည်‌နေတတ်သည့် ချန်းရှီကွေ့သည်ပင် မှင်တက်သွားရတော့သည်။

လက်ဝတ်တန်ဆာတွေအတွက်ကတော့ သူတို့လက်ထပ်ပြီးနောက်ပိုင်း နဉ်ရှီထံ၌ ဝတ်မကုန်လောက်အောင် အမြောက်အမြားရှိနေ၏။ လမ်းမပေါ်က နဉ်ရှီရဲ့ပုံတွေကို အားအားရှိzoomချဲ့ပြီး သူမ၏အဝတ်အစားနှင့် လက်ကိုင်အိတ်လိုမျိုး အဆင်တန်ဆာတွေ၏ဈေးနှုန်းကို စာရင်းထိုင်ပြုစုနေတတ်သည့် အားယားနေသော အင်တာနက်သုံးစွဲသူအချို့ပင် ရှိသေးသည်။

လွန်ခဲ့သောနှစ်လခန့်ကဆိုလျှင် ကသိကအောက်အနိုင်ဆုံးသော အဖြစ်အပျက်တစ်ခု ဖြစ်သွားသေးသည်။ သူမကို ရုပ်သံဌာနတစ်ခုမှ ပရဟိတပွဲတော်အတွက် ဖိတ်ကြားခဲ့သည်။ မမျှော်လင့်ထားသည်မှာ သူမ၏ဝတ်စုံက တခြားအမျိုးသမီးအနုပညာရှင်နှင့် သွားပြီး တိုက်ဆိုင်နေ၏။ အမြင်စူးရှသော အင်တာနက်သုံးစွဲသူအချို့က ထိုအမျိုးသမီးအနုပညာရှင်က တုပဝတ်ဆင်ထားတာကို သတိမိသွားကာ သူမအား လိုင်းပေါ်တွင် လှောင်ပြောင်သရော်ကြတော့သည်။

ထိုအချိန်မှစပြီး ပွဲတစ်ခုခုတက်ရပြီဆိုသည်နှင့် ထိုသို့သောအခြေအနေမျိုး ထပ်မဖြစ်စေရန် သူမနှင့်ရင်းနှီးကျွမ်းဝင်သော အနုပညာရှင်များကို ကြိုတင်ဆက်သွယ်ထားရတော့သည်။

စတူဒီယိုမှထွက်လာသည်နှင့် နဉ်ရှီက ဘောင်ကြီးကြီးမျက်မှန်ကို တပ်လိုက်၏။ သူမခန္ဓာကိုယ်၏မည်သည့်အစိတ်အပိုင်းပေါ်ကိုမှ နေရောင်ခြည်မကျရောက်လာစေချင်ပေ။

ဘန်း! ယူနီဖောင်းဝတ်ထားသည့်အမျိုးသမီးက သူမကိုတိုက်မိသွားသည်။ ချန်းရှီကွေ့က ချက်ချင်းတုံ့ပြန်ပြီး မြန်မြန်ဆန်ဆန်ပဲ သူမကို သူ့ရင်ခွင်ထဲ ကာကွယ်ထားလိုက််သည်။ သို့သော် သူမကိုဝင်တိုက်မိသည့် ကောင်မလေးကတော့ ကံမကောင်းလှပေ။ သူမက မြေကြီးပေါ် ဆိုးဆိုးရွားရွားကျသွားလေ၏။

“အဆင်ပြေရဲ့လား?” နဉ်ရှီက မြေကြီးပေါ်လဲနေသော မိန်းကလေးကိုကြည့်ဖို့ ဒူးထောက်လိုက်သည်။ သို့သော် တစ်ဖက်လူက ခေါင်းမော့လာချိန်ဝယ် နှစ်ယောက်လုံး အံ့အားသင့်သွားရသည်။

တဒင်္ဂမျှတိတ်ဆိတ်နေပြီးမှ တစ်ဖက်လူက မတ်တပ်ထလာ၏။ နဉ်ရှီက ဘာမှမပြောဘဲ နောက်တစ်လှမ်းဆုတ်လိုက်သည်။

ကိုးယို့ကားယားနိုင်စွာ တိတ်ဆိတ်နေကြပြီးနောက် နဉ်ရှီက စကားစပြောလိုက်၏။ “မင်း...ထိမိသွားသေးလား?”

ကျင်းရီက နဉ်ရှီနောက်မှာရပ်နေသည့် ချန်းရှီကွေ့ကို ကြည့်လိုက်သည်။ သူ့အကြည့်က သူ့ဇနီးထံမှ မဖယ်ခွာသွား။ သူမခေါင်းခါလိုက်သည်။ “အဆင်ပြေပါတယ်”

သူမနှင့်နဉ်ရှီကြား တကယ်ကို ဘာမှပြောစရာမရှိပေ။ အတိတ်မှာတုန်းက သူမ ကျင်းမိသားစုရဲ့သခင်မလေးတစ်ယောက်ဖြစ်ခဲ့ချိန်တွင် တစ်ဖက်လူက သရုပ်ဆောင်ငယ်တစ်ယောက်သာ။ ယခုတော့ သူမက လူသတ်သမား၏သမီးဖြစ်လာပြီး မိသားစုစီးပွားရေးက ဒေဝါလီခံသွားချိန် ထိုသူက ချန်းကတော်၊ အောင်မြင်မှုအထွတ်အထိပ်ရောက်နေသည့် A-list အနုပညာရှင်တစ်ယောက်ဖြစ်နေချေပြီ။ သူမကတော့ သူကြွယ်မိသားစု၏ အောက်ခြေလွတ်သခင်မလေးဘဝမှ သာမန်ရုံးဝန်ထမ်းဘဝသို့ ပြောင်းသွားခဲ့ပြီ။ ယင်းက သူမဘဝတွင် ကြီးမားပြင်းထန်သော အလှည့်အပြောင်းတစ်ခုပါပင်။

အတိတ်မှာတုန်းက သူမအနေနှင့် ချန်းရှီကွေ့ကို နေ့တိုင်းတွေ့ရလျှင် ပျော်မိမည်ဆိုပေမဲ့ ယခုချိန်တွင်တော့ သူမကိုမမြင်စေရန်သာ မျှော်လင့်မိ၏။

“အဆင်ပြေလို့ တော်ပါသေးတယ်..” နဉ်ရှီက ကျင်းရီကိုခေါင်းညိတ်ပြပြီး ဘေးကိုရွှေ့ပြီး ဆက်လျှောက်သွားသည်။

“နဉ်ရှီ” ရုတ်တရက် ကျင်းရီ၏ခေါ်သံက ထွက်လာခဲ့သည်။ သူမကိုယ်တိုင်ပင် ရန်သူဟုပြော၍ရသည့် ဒီအမျိုးသမီးကို ဘာကြောင့်ဟန့်တားမိမှန်း မသိပါချေ။

နဉ်ရှီက နောက်လှည့်ပြီး ကျင်းရီကိုကြည့်လိုက်သည်။ “တခြားကိစ္စရှိသေးလို့လား?”

ကျင်းရီက သူမကို ခဏတာစိုက်ကြည့်နေသေးသည်။ အဆုံးမှာ သူမ တိတ်တဆိတ်သာ ခေါင်းခါလိုက်၏။

ယခင်က သူမ မမေးခဲ့ရသည့်စကားများရှိသေးသည်။ သို့သော် ယခုအချိန်တွင်တော့ ဆက်မေးနေစရာ မလိုတော့ပါချေ။

သူမ နဉ်ရှီကိုမုန်းသင့်မှန်း၊ နာကျည်းသင့်မှန်း သူမသိပါ၏။ သို့သော် သူမအဖေသေကာ မိသားစုဒေဝါလီခံသွားပြီးနောက် သူမဦးလေးကလည်း ပျောက်သွားတော့ တစ်ကိုယ်တည်း ဘဝကို ခက်ခက်ခဲခဲရှင်သန်ခဲ့ရသည်။ မမျှော်လင့်ဘဲ သူမအား ဆက်လက်ရှင်သန်ရန် ထောက်ပံ့ထားသည်မှာ နဉ်ရှီ၏စိတ်အားတက်ကြွဖွယ် အတိတ်ဇာတ်ကြောင်းအားလုံးနှင့် သူမ၏ဇာတ်ကား“သုံးဘဝသုံးရောင်ခြယ်” ဖြစ်နေခဲ့သည်။

ထို့ကြောင့်ပင် ယခုချိန်ထိတိုင် သူမ‌အနေနှင့် နဉ်ရှီအားမုန်းတီးရမည်လော သို့တည်းမဟုတ် အမုန်းတရားထက်ပိုသော တခြားတစ်ခုခုကို ခံစားသင့်သည်လော သူမလည်း မသိတော့ပါချေ။

သူမခေါင်းခါပြီး လှည့်ကာ လမ်းဆက်လျှောက်သွားသည်။ ဒေဝါလီခံရပြီးနောက်မှာ ကျင်းမိသားစု၏ပိုင်ဆိုင်မှုပစ္စည်းတို့ကို ဘဏ်ကသိမ်းယူသွားသည်။ သူမလက်ရှိနေနေသည့် တိုက်ခန်းအသေးလေးက သူမဝမ်းကွဲကျင်းချန်မှ ပေးခဲ့ခြင်းပင်။

ကျင်းချန်နှင့်သူမ၏ဆက်ဆံရေးက အမြဲတစေ ဗြောင်းဆန်နေခဲ့သည်။ သို့ပေသိ သူမကြံရာမရဖြစ်နေချိန် ကူညီပေးခဲ့သည့်တစ်ဦးတည်းသောလူမှာ တကယ်ပဲသူဖြစ်နေခဲ့သည်။

သူမဝမ်းကွဲက သူမထက်ကောင်းမွန်သောဘဝတွင် နေ,နေရ၏။ ထောင်နှင့်ကျင်းမိသားစုက ဆက်ဆံရေးအဆင်မပြေလှပေမဲ့လည်း သူ့မှာ သူ့အဒေါ်ကြီးရှိနေသေးသည်။ သို့ဖြစ်ရာ ထောင်မိသားစုက သူ့ကို ပစ်မှတ်မထားရုံသာမက ထိန်းကျောင်းသင်ကြားပေးကြသေး၏။

တကယ်တမ်း ဤသည်က ကိစ္စကောင်းတစ်ခုပင်။ အနည်းဆုံးတော့ သူမ၏ဦးလေးကြီးလိုမျိုး သူမခံစားရလောက်ပေ။ သူမနှင့်သူမဝမ်းကွဲကြားရှိ ပဋိပက္ခ၏အရင်းခံရာမှာ အရင်က သူမ၏အကြီးဆုံးဦးလေးနှင့် ချန်ကျန်းကျန်းတို့ မလျော်ကန်စွာ ပြုမူနေသည်အား မျက်မြင်တွေ့လိုက်ရ၍ အကြီးဆုံးဦးလေး၏မိသားစုမှ မည်သူ့ကိုမဆို သူမ စတင်မုန်းတီးသွားတော့သည်။

သူမ၏ဝမ်းကွဲက သူမကိုမကြိုက်ရသည့် အကြောင်းအရင်းကတော့ အလားတူပင်ဖြစ်လောက်သည်။

ယခင်က အကြီးဆုံးဦးလေး၏လုပ်ရပ်ကို သူမတစ်ယောက်တည်းသိခဲ့တာ မဟုတ်ဟန်ရသည်။ သူ့သားအရင်းအချာ၊ သူမ၏ဝမ်းကွဲလည်း သိနေခဲ့ပုံပင်။ ဤအခြင်းအရာကပင် သူမဝမ်းကွဲက ဤနှစ်များတစ်လျှောက် အမျိုးသမီးအနုပညာရှင်တွေကို အလေးအနက်မထားဘဲ မုန်းတီးနေခဲ့သည့်အကြောင်းအရင်းကို ရှင်းပြနိုင်လိမ့်မည်။

အကယ်၍ အရင်မျိုးဆက်တွေရဲ့အမှားကြောင့်မဟုတ်လျှင် ကျင်းမိသားစုက ဒီအခြေအနေထိ အဆုံးသတ်သွားစရာလား?

တစ်ညလုံးညဆိုင်းဆင်းပြီးနောက် ကျင်းရီက အိမ်ပြန်ရေချိုးလိုက်သည်။ ပြီးနောက် ကွန်ပျူတာဖွင့်လိုက်၏။ “သုံးဘဝသုံးရောင်ခြယ်” ဇာတ်ကားကိုကြည့်ရင်း တဖြည်းဖြည်း အိပ်မောကျသွားတော့သည်။

အိပ်မက်ထဲဝယ် သူမက စွဲမက်ဖွယ်ကောင်းသော ဝတ်စုံတို့ကို ဆင်မြန်းထားပြီး အရသာရှိလှသောဟင်းလျာတို့ကို သုံးဆောင်တတ်သည့် အဲ့ဒီ အတိတ်ကမာနထောင်လွှားသော သခင်မလေးဖြစ်နေ‌ဆဲပင်။

____________

Meow's Note: ဟီး Review ရေးထားတာတွေ တွေ့မိရင် မြောင့်ဆီလာပြောပြလို့ရတယ်နော် အိုက်နီမန်း>⁠.⁠<

____________

[Zawgyi]

အခန္း (၁၀၄)

“က်ူးမိုလီ၊ ဧၫ့္လာေတြ့တယ္!”

အပ္ခ်ဳပ္စက္ႏွင့္အက်ႌခ်ဳပ္ေနေသာ က်ူးမိုလီက ဤစကားကို ၾကားလိုက္ခ်ိန္ဝယ္ စကၠန႔္အနည္းငယ္မ်ွ အေတြးတို႔ရႈပ္ေထြးသြား၏။ ၿပီးမွ စက္ကိုပိတ္ကာ ေထာင္မွဴးကို ထံုထိုင္းေလးတြဲ႔စြာဦးၫႊတ္ၿပီး သူ႔ေနာက္မွလိုက္သြား၏။

သူမေထာင္က်ေနတာ လအနည္းငယ္ရိွခဲ့ၿပီ။ စကင္းကဲထုတ္ကုန္မ်ား၊ ကြၽမ္းက်င္မိတ္ကပ္အဖြဲ႔သားႏွင့္ စတိုင္လစ္တို႔္မရိွသျဖင့္ က်ူးမိုလီဟာ ဖုန္အလိမ္းလိမ္းကပ္ေနေသာ ပုလဲေဟာင္းတစ္လံုးပမာ ယခင္ကဲ့သို႔ ဂုဏ္ရိွန္ဂုဏ္ဝါ ေတာက္ပမႈမ်ား မရိွေတာ့ေပ။

သူမ ေတြ့ဆံုခန္းဆီ ေလ်ွာက္သြားေတာ့ မွန္ျပတင္းတစ္ဖက္ရိွ မ်က္တြင္းေခ်ာင္က်ေနဟန္ရေသာ သူမ၏မိဘႏွစ္ပါးကို ေတြ့လိုက္ရသည္။ သူမခံုေပၚထိုင္ၿပီး ေဘးနံရံေပၚရိွ မိုက္ခြက္ပါဖုန္းကိုယူလိုက္သည္။

“မိုလီ”

Headset မွတဆင့္ ပ်ံ့လြင့္လာေသာအသံက မူရင္းအတိုင္းပင္။ က်ူးမိုလီက သူမ စကားမေျပာေသးခင္မွာပင္ ငိုေနၿပီျဖစ္ေသာ သူမအေမကို ႏႈတ္ဆိတ္လ်က္ ၾကၫ့္ေန၏။

“မိုလီ၊ နည္းနည္းထပ္ၿပီး ေတာင့္ခံေပးအံုးေနာ္ သမီးေလး၊ ေနာက္ႏွစ္ဝက္ေလာက္ဆို သမီး ဒီကထြက္လာရမွာပါကြယ္..” သူမသမီးက သူမ၏ဒီလိုပံုစံကို ေတြ့ၿပီး စိတ္မေကာင္းျဖစ္သြားမွာစိုး၍ထင္ပါရဲ့၊ အေမက်ိဳးက မ်က္ရည္သုတ္ၿပီး ေျပာလိုက္သည္။ “ၿပီးခဲ့တဲ့လက ေမေမပို႔ေပးလိုက္တဲ့ေစာင္က အဆင္ေျပရဲ့လား?”

က်ူးမိုလီေခါင္းညိတ္လိုက္သည္။ “ေမေမ၊ သမီးကိုစိတ္မပူပါနဲ႔၊ သမီးအဆင္ေျပပါတယ္”

သူမက ျပင္းထန္ေသာရာဇဝတ္မႈအတြက္ စြဲခ်က္တင္ခံရတာမဟုတ္သၫ့္အျပင္ အျပဳအမူေကာင္းမြန္သျဖင့္ အလုပ္ႏွင့္တကြ ေထာင္ဒဏ္ႏွစ္ႏွစ္သာ ခ်မွတ္ခံလိုက္ရသည္။ သူမက ပံုမွန္အားျဖင့္ လက္မႈပညာတခ်ိဳ႕ကိုသာလုပ္ရၿပီး စေန၊တနဂၤေနြရက္မ်ားတြင္ နားခ်ိန္ပင္ရေသးသည္။ အစားအေသာက္က မေကာင္းလွေပမဲ့လည္း အနည္းဆံုးေတာ့ သူမဗိုက္ဝေသးသည္ပင္။ ယခုခ်ိန္တြင္ အျဖစ္အပ်က္မ်ားကို ဤသို႔ျဖစ္လာခဲ့ၿပီဆိုမွေတာ့ သူမအေနႏွင့္ ကိုယ့္ကိုယ္ကိုယ္ေျပာင္းလဲၿပီး ေထာင္ထဲမွလြတ္သည္ႏွင့္ ေကာင္းေကာင္းမြန္မြန္ ရွင္သန္သြားရန္မွတစ္ပါး တျခားဘာမွမေတြးႏိုင္ေတာ့ေပ။

“မိုလီ၊ ေမေမ သမီးကို ေျပာျပရအံုးမယ္၊ သမီးကိုထိခိုက္ေစခဲ့တဲ့ အဲ့ဒီလူယုတ္မာေကာင္ေလ ၿပီးခဲ့တဲ့လကပဲ ပစ္သတ္မိန႔္ရစစ္သားေတြ ကြပ္မ်က္တာ ခံလိုက္ရၿပီ...” အေမက်ိဳး၏မ်က္ႏွာထက္ဝယ္ မုန္းတီးရိပ္တို႔ လ်ွပ္ေျပးသြားသည္။ “အဲ့အယုတ္တမာေကာင္က မေကာင္းတာေတြ အမ်ားႀကီးလုပ္သြားတာ၊ ဆယ္ႀကိမ္မက ေသသင့္တယ္..”

က်ူးမိုလီတစ္ေယာက္ သူမအေမ၏ေဒါသတႀကီးရႈံ႔ခ်သံတို႔ကို ဆက္ၿပီးနားေထာင္လိုစိတ္မရိွေတာ့ေပ။ အေၾကာင္းမွာ သူမဒီကိုလာတိုင္း က်င္းညီအစ္ကိုကိုဆူဆဲေနတတ္၍ပင္။ က်ူးမိုလီကေတာ့ က်င့္သားရေနခဲ့ၿပီ။

လြန္ခဲ့ေသာတစ္ႏွစ္က သူမဟာ အႏုပညာေလာကတြင္ ေအာင္ျမင္ေက်ာ္ၾကားေနဆဲ မင္းသမီးတစ္လက္ျဖစ္ခဲ့‌ေသာ္လည္း ယခုအခ်ိန္တြင္ အက်ဉ္းသားဘဝသို႔ ေရာက္ေနရ၏။ အစက သူမ နဉ္ရွီကို မုန္းတီးခဲ့သည္၊ ေနာက္ပိုင္းက်ေတာ့ က်င္းဟုန္ခိုင္ကို မုန္းတီးခဲ့ေပမဲ့ ယခုအခ်ိန္တြင္ေတာ့ သူမကိုယ္သူမသာ မုန္းတီးမိေတာ့သည္။ အႏုပညာေလာကေၾကာင့္ စိတ္ရႈပ္ေထြးကုန္သည္မွာ သူမတကယ္ဘယ္သူလဲဆိုတာ ေမ့သြားလုနီးနီး။

အကယ္၍ သူမသာ သရုပ္ေဆာင္ေလာက၌သာ စိတ္ႏွစ္ထားခဲ့မည္ဆိုလ်ွင္ ဤအေျခအေနထိ လဲၿပိဳက်သြားခဲ့မည္ေလာ?

သူမအေနႏွင့္ မိုး၊ ေျမႏွင့္ အျခားသူေတြကို အျပစ္တင္၍ရေပမဲ့ အဆံုးမွာ သူမကိုယ္သူမ အျပစ္တင္စရာသာရိွေတာ့သည္။

“အဲ့ဒီက်င္းညီအစ္ကိုႏွစ္ေယာက္က တကယ့္ကို အမိႈက္ေကာင္ေတြပဲ၊ ဒါနဲ႔ ၿပီးခဲ့တဲ့လက က်င္းမိသားစုက ေဒဝါလီခံသြားရတယ္ဆိုၿပီး ေမေမၾကားမိေသးတယ္” အေမက်ူးက က်င္းမိသားစု၏ကံဆိုးမႈအေၾကာင္းကို အာေပါက္မတတ္ဆက္ေျပာေနသည္မွာ မသိလ်ွင္ ယင္းကပဲ သူမအမုန္းကို ေလ်ာ့ေစမၫ့္အလား။ “က်င္းယြမ္ဖုန္းက သူ႔ခယ္မနဲ႔ မရႈပ္မရွင္းျဖစ္ၿပီး သူမဘဝကိုဆံုးရႈံးေစတဲ့အထိ ျဖစ္ခဲ့တယ္လို႔လည္း ေကာလာဟလထြက္ခဲ့ေသးတယ္ေလ၊ မွန္မမွန္ေတာ့ ဘယ္သူသိမလဲကြယ္၊ ဒါေပမဲ့ သူ႔မိန္းမက သူ႔ကိုကြာရွင္းၿပီး သူ႔သားကလည္း ဂရုမစိုက္ပံုေထာက္မွေတာ့ သူက ဘာမွေကာင္းတဲ့ေကာင္မဟုတ္ဘူးဆိုတာ သက္ေသျပေနတာပဲ!”

“ေမေမဘာေျပာလိုက္တာလဲ?”က်ူးမိုလီ၏အမူအရာက အထိတ္တလန႔္ျဖစ္သြားသည္။ “က်င္းယြမ္ဖုန္း ဘယ္သူနဲ႔ရိွခဲ့တယ္လို႔ ေျပာလိုက္တာ?”

“သမီးငယ္ငယ္တုန္းက သမီးကို အဲ့ဒီမင္းသမီးနဲ႔ရုပ္ဆင္တယ္လို႔ ေျပာၾကတယ္ေလ၊ ဘာက်န္းက်န္းဆိုပဲ၊ ေကာလာဟလေတြအရေတာ့ ခ်န္က်န္းက်န္းက က်င္းယြမ္ဖုန္းေၾကာင့္ ေသတဲ့အထိျဖစ္သြားရတာဆိုပဲ၊ မဟုတ္ရင္ အဆံုးစီရင္သြားမွာမဟုတ္ဘူးတဲ့” အေမက်ူးက သူမသမီး၏မ်က္ႏွာထားကို အကဲခတ္ၾကၫ့္ေတာ့ ေမာပန္းႏြမ္းလ်ရိပ္တို႔သာ ျမင္လိုက္ရ၏။ သူမ ရင္နာသြားရၿပီး ေျပာလိုက္သည္။ “သမီးသာ သူနဲ႔ရုပ္ခ်င္းမဆင္ခဲ့ရင္...”

အဲ့ဒီအမ်ိဳးယုတ္က်င္းဟုန္ခိုင္သာ သူမသမီးကို မ်က္စိမက်ခဲ့လ်ွင္ ဤအျဖစ္အပ်က္ေတြ မျဖစ္လာႏိုင္ေလာက္ေပ။

အေမက်ူးခဏၾကာသည္အထိ ျမည္တြန္ေတာက္တီးေနခဲ့ၿပီး မၾကာခင္ ဧၫ့္ေတြ့ခ်ိန္ကုန္သြား၏။ က်ူးမိုလီဖုန္းခ်လိုက္ၿပီး စိတ္ထဲတြင္ သူမၾကားလိုက္ရသည့္ အေၾကာင္းအရာတို႔က ပဲ့တင္ထပ္လ်က္ အလုပ္ရံုသို႔ျပန္သြားခဲ့သည္။

က်င္းမိသားစုက ‌ေဒဝါလီခံသြားရၿပီး က်င္းဟုန္ခိုင္က ေသသြားေလၿပီ။ ျဖစ္ခ်င္ျပန္ေတာ့လည္း က်င္းယြမ္ဖုန္း၌ ခ်န္က်န္းက်န္းအေပၚ တျခားရည္ရြယ္ခ်က္မ်ား ရိွေနခဲ့သည္တဲ့။ အရင္တုန္းက သူမျပစ္ဒဏ္ေပါ့ေလ်ာ့ေစရန္အလို႔ငွာ အလံုးစံုေသာအရာမ်ားကို ေျပာထုတ္ခဲ့ေသာ္လည္း သူမ ႀကံဳသလိုဖန္တီးခဲ့သၫ့္ဇာတ္လမ္းက တကယ္တမ္းအမွန္ျဖစ္ေနမည္ဟု မထင္ထားခဲ့ေပ။

သူမမွာေတာ့ က်င္းယြမ္ဖုန္း အသံုးခ်တာကို ခံခဲ့ရကာ ရလဒ္အေနႏွင့္ အဖမ္းခံလိုက္ရသည္။ သူမက က်င္းယြမ္ဖုန္းကို ရိုးတြင္းျခင္းဆီထဲထိတိုင္ေအာင္ မုန္းတီးလွသျဖင့္ ရဲေတြကို ခ်န္က်န္းက်န္း၏ေသဆံုးမႈက တစ္ခုခုထူးဆန္းေနေၾကာင္း ေတြးေစခ်င္ခဲ့သၫ့္အျပင္ သူမက က်င္းယြမ္ဖုန္းႏွင့္ဆက္စပ္ေနေၾကာင္း ေျပာခဲ့လိုက္ေသးသည္။ မည္သို႔ပင္ျဖစ္ေစ ေသလူက စကားထမေျပာႏိုင္သၫ့္အျပင္ တခ်ိဳ႕ကိစၥမ်ားတြင္ ရွင္လူမ်ားပင္ တိတိပပမေျပာႏိုင္ေပ။

ဤအေၾကာင္းကိုေတြးမိေတာ့ က်ူးမိုလီတစ္ေယာက္ မရယ္မိဘဲ မေနႏိုင္ေတာ့။ ဘာမ်ိဳးရိုးျမင့္မိသားစုလဲ၊ ဘာညီအစ္ကိုဆက္ဆံေရးလဲ? ေယာက္်ားေတြက သူခိုးယုတ္ေတျြဖစ္ၿပီး မိန္းမေတြက အပ်က္မသာသာ၊ အတြင္းစိတ္ကဘည္း သားရဲေကာင္လို ညစ္ပတ္လွသည္။ က်ူးမိုလီကိုယ္တိုင္က လူေကာင္းတစ္ေယာက္ မဟုတ္ေသာ္ျငား က်င္းညီအစ္ကိုေတြလည္း လူေကာင္းဟုတ္မေန။

“က်ူးမိုလီ၊ အဲ့မွာဘာရယ္လုပ္ေနတာလဲ? ဒီေန့အတြက္ ရိွေနတဲ့အလုပ္ၿပီးေအာင္ ခပ္သြက္သြက္လုပ္ေလ” ေထာင္မွဴးက သူမဘက္ေလ်ွာက္လာၿပီး တစ္ေယာက္တည္းရယ္ေနတာကိုေတြ့ေတာ့ သတိေပးလိုက္သည္။

တစ္စံုတစ္ေယာက္က အားရေက်နပ္စြာရယ္ေနသည္မွာ ျမင္ရခဲသည္ေလ။

------------------------------------

“ဒီေန့ ေနက ပူက်စ္ေနေရာပဲ” နဉ္ရွီက ကားျပတင္းကိုမွီၿပီး အျပင္ကိုၾကၫ့္လိုက္သည္။ သူမၾကၫ့္ရသည္မွာ ပင္ပန္းႏြမ္းနယ္ေနဟန္။သူမေဘးမွာရိွေနသၫ့္ ခ်န္းရွီေကြ့ဘက္လွၫ့္လိုက္သည္။ သူက ရွပ္အက်ႌအျဖဴကိုဝတ္ဆင္ထားၿပီး ၾကည္ရွင္းေတာက္ေျပာင္ေနသည္မွာ ေနြရာသီတြင္ေနရသၫ့္လူႏွင့္ လားလားမ်ွမတူေပ။

“ဒါဆို ကိုယ္တို႔အိမ္ျပန္ၾကမလား?” ခ်န္းရွီေကြ့က နဉ္ရွီ၏ဒီလိုပံုစံကိုျမင္ေတာ့ မေနႏိုင္ဘဲ ရယ္မိသြားသည္။

“မနက္ျဖန္ညက်ရင္ ရုပ္ရွင္ပြဲေတာ္သြားတက္ရအံုးမွာ၊ လက္တန္းမွာၿပီးအပ္ထားတဲ့ဝတ္စံုကို မဝတ္ၾကၫ့္ရင္ ကိုယ္နဲ႔ေတာ္မေတာ္ ဘယ္လိုသြားသိမလဲ?” နဉ္ရွီက သူမအၾကၫ့္ကို ျပန္ရုတ္လိုက္သည္။ “ဒါေပမဲ့ ဒါေၾကာင့္ပဲ ေနြရာသီကို အမုန္းဆံုးျဖစ္ေနတာ”

“တုႏိႈင္းမဲ့ေပးဆပ္ခ်စ္ျခင္း”က ဝမ္ဟြားဆုေပးပြဲတြင္ ဆုအနည္းငယ္ရရိွရန္ သတ္မွတ္ခံထားရ၏။ နဉ္ရွီကလည္း အေကာင္းဆံုးသရုပ္ေဆာင္ဆုအတြက္ လ်ာထားခံရသည္။ လက္ရိွအေနအထားႏွင့္ဆိုလ်ွငိ သူမ ႏိုင္မႏိုင္ အေရးမႀကီးေပ။ ဆန္ကာတင္စာရင္းတြင္ ပါခဲ့တာကပင္ ကံေကာင္းေနေခ်ၿပီ။

မည္သို႔ဆိုေစ သူမ ဆုမရခဲ့လ်ွင္ေတာင္မွ ေကာ္ေဇာနီထက္မွာ ေလ်ွာက္လွမ္းဖို႔အတြက္ ပြဲတက္ဝတ္စံုကိုေတာ့ ျဖစ္ကတတ္ဆန္းမလုပ္လိုက္သင့္ေပ။ နဉ္ရွီ၏ဒီတစ္ေခါက္ ပြဲတက္ဝတ္စံုကို ခ်န္းလုပ္ငန္းစုလက္ေအာက္ရိွ ဖက္ရွင္ဘရန္းေတြထဲမွတစ္ခုတြင္ လုပ္ကိုင္သၫ့္ ထိပ္တန္းဒီဇိုင္နာမွ သူမအတြက္ အထူးတလည္ ဖန္တီးထားျခင္းျဖစ္ေပ၏။ ဒီဇိုင္နာအား ေလးစားသမႈ ေဖာ္ျပရန္အလို႔ငွာ သူမက ဝတ္စံုစမ္းဝတ္ရန္ ဒီဇိုင္နာအားလာမပို႔ခိုင္းေတာ့ဘဲ ကိုယ္တိုင္သြားေရာက္မွာပင္။

နဉ္ရွီႏွင့္ခ်န္းရွီေကြ့တို႔ ဒီဇိုင္နာရဲ့စတူဒီယိုကိုေရာက္ေတာ့ သူတို႔ကို ‌လိႈက္လိႈက္လွဲလွဲႀကိဳဆိုၾက၏။ မုတ္ဆိတ္ေမြးတကားကားႏွင့္ဒီဇိုင္နာမယ္ နဉ္ရွီကိုေတြ့သည္ႏွင့္ မ်က္ဝန္းတို႔ လင္းလက္ကုန္ေတာ့သည္။ သူက လက္ေထာက္အား သူအေသးစိတ္လုပ္ခဲ့ရသၫ့္ဝတ္စံုကို ယူလာခိုင္းလိုက္ၿပီး နဉ္ရွီအား ေမ်ွာ္လင့္ျခင္းႀကီးစြာ ဝတ္ခိုင္းလိုက္၏။

အေသအခ်ာပင္ နဉ္ရွီက ဤပြဲတက္ဝတ္စံုႏွင့္ ပလဲနံပသင့္ေန၏။ ပံုမွန္အားျဖင့္ တည္ၾကည္‌ေနတတ္သၫ့္ ခ်န္းရွီေကြ့သည္ပင္ မွင္တက္သြားရေတာ့သည္။

လက္ဝတ္တန္ဆာေတြအတြက္ကေတာ့ သူတို႔လက္ထပ္ၿပီးေနာက္ပိုင္း နဉ္ရွီထံ၌ ဝတ္မကုန္ေလာက္ေအာင္ အေျမာက္အျမားရိွေန၏။ လမ္းမေပၚက နဉ္ရွီရဲ့ပံုေတြကို အားအားရိွzoomခ်ဲ့ၿပီး သူမ၏အဝတ္အစားႏွင့္ လက္ကိုင္အိတ္လိုမ်ိဳး အဆင္တန္ဆာေတြ၏ေဈးႏႈန္းကို စာရင္းထိုင္ျပဳစုေနတတ္သၫ့္ အားယားေနေသာ အင္တာနက္သံုးစြဲသူအခ်ိဳ႕ပင္ ရိွေသးသည္။

လြန္ခဲ့ေသာႏွစ္လခန႔္ကဆိုလ်ွင္ ကသိကေအာက္အႏိုင္ဆံုးေသာ အျဖစ္အပ်က္တစ္ခု ျဖစ္သြားေသးသည္။ သူမကို ရုပ္သံဌာနတစ္ခုမွ ပရဟိတပြဲေတာ္အတြက္ ဖိတ္ၾကားခဲ့သည္။ မေမ်ွာ္လင့္ထားသည္မွာ သူမ၏ဝတ္စံုက တျခားအမ်ိဳးသမီးအႏုပညာရွင္ႏွင့္ သြားၿပီး တိုက္ဆိုင္ေန၏။ အျမင္စူးရွေသာ အင္တာနက္သံုးစြဲသူအခ်ိဳ႕က ထိုအမ်ိဳးသမီးအႏုပညာရွင္က တုပဝတ္ဆင္ထားတာကို သတိမိသြားကာ သူမအား လိုင္းေပၚတြင္ ေလွာင္ေျပာင္သေရာ္ၾကေတာ့သည္။

ထိုအခ်ိန္မွစၿပီး ပြဲတစ္ခုခုတက္ရၿပီဆိုသည္ႏွင့္ ထိုသို႔ေသာအေျခအေနမ်ိဳး ထပ္မျဖစ္ေစရန္ သူမႏွင့္ရင္းႏွီးကြၽမ္းဝင္ေသာ အႏုပညာရွင္မ်ားကို ႀကိဳတင္ဆက္သြယ္ထားရေတာ့သည္။

စတူဒီယိုမွထြက္လာသည္ႏွင့္ နဉ္ရွီက ေဘာင္ႀကီးႀကီးမ်က္မွန္ကို တပ္လိုက္၏။ သူမခႏၶာကိုယ္၏မည္သၫ့္အစိတ္အပိုင္းေပၚကိုမွ ေနေရာင္ျခည္မက်ေရာက္လာေစခ်င္ေပ။

ဘန္း! ယူနီေဖာင္းဝတ္ထားသၫ့္အမ်ိဳးသမီးက သူမကိုတိုက္မိသြားသည္။ ခ်န္းရွီေကြ့က ခ်က္ခ်င္းတံု႔ျပန္ၿပီး ျမန္ျမန္ဆန္ဆန္ပဲ သူမကို သူ႔ရင္ခြင္ထဲ ကာကြယ္ထားလိုက္္သည္။ သို႔ေသာ္ သူမကိုဝင္တိုက္မိသၫ့္ ေကာင္မေလးကေတာ့ ကံမေကာင္းလွေပ။ သူမက ေျမၾကီးေပၚ ဆိုးဆိုးရြားရြားက်သြားေလ၏။

“အဆင္ေျပရဲ့လား?” နဉ္ရွီက ေျမၾကီးေပၚလဲေနေသာ မိန္းကေလးကိုၾကၫ့္ဖို႔ ဒူးေထာက္လိုက္သည္။ သို႔ေသာ္ တစ္ဖက္လူက ေခါင္းေမာ့လာခ်ိန္ဝယ္ ႏွစ္ေယာက္လံုး အံ့အားသင့္သြားရသည္။

တဒဂၤမ်ွတိတ္ဆိတ္ေနၿပီးမွ တစ္ဖက္လူက မတ္တပ္ထလာ၏။ နဉ္ရွီက ဘာမွမေျပာဘဲ ေနာက္တစ္လွမ္းဆုတ္လိုက္သည္။

ကိုးယို႔ကားယားႏိုင္စြာ တိတ္ဆိတ္ေနၾကၿပီးေနာက္ နဉ္ရွီက စကားစေျပာလိုက္၏။ “မင္း...ထိမိသြားေသးလား?”

က်င္းရီက နဉ္ရွီေနာက္မွာရပ္ေနသၫ့္ ခ်န္းရွီေကြ့ကို ၾကၫ့္လိုက္သည္။ သူ႔အၾကၫ့္က သူ႔ဇနီးထံမွ မဖယ္ခြာသြား။ သူမေခါင္းခါလိုက္သည္။ “အဆင္ေျပပါတယ္”

သူမႏွင့္နဉ္ရွီၾကား တကယ္ကို ဘာမွေျပာစရာမရိွေပ။ အတိတ္မွာတုန္းက သူမ က်င္းမိသားစုရဲ့သခင္မေလးတစ္ေယာက္ျဖစ္ခဲ့ခ်ိန္တြင္ တစ္ဖက္လူက သရုပ္ေဆာင္ငယ္တစ္ေယာက္သာ။ ယခုေတာ့ သူမက လူသတ္သမား၏သမီးျဖစ္လာၿပီး မိသားစုစီးပြားေရးက ေဒဝါလီခံသြားခ်ိန္ ထိုသူက ခ်န္းကေတာ္၊ ေအာင္ျမင္မႈအထြတ္အထိပ္ေရာက္ေနသၫ့္ A-list အႏုပညာရွင္တစ္ေယာက္ျဖစ္ေနေခ်ၿပီ။ သူမကေတာ့ သူႂကြယ္မိသားစု၏ ေအာက္ေျခလြတ္သခင္မေလးဘဝမွ သာမန္ရံုးဝန္ထမ္းဘဝသို႔ ေျပာင္းသြားခဲ့ၿပီ။ ယင္းက သူမဘဝတြင္ ႀကီးမားျပင္းထန္ေသာ အလွၫ့္အေျပာင္းတစ္ခုပါပင္။

အတိတ္မွာတုန္းက သူမအေနႏွင့္ ခ်န္းရွီေကြ့ကို ေန့တိုင္းေတြ့ရလ်ွင္ ေပ်ာ္မိမည္ဆိုေပမဲ့ ယခုခ်ိန္တြင္ေတာ့ သူမကိုမျမင္ေစရန္သာ ေမ်ွာ္လင့္မိ၏။

“အဆင္ေျပလို႔ ေတာ္ပါေသးတယ္..” နဉ္ရွီက က်င္းရီကိုေခါင္းညိတ္ျပၿပီး ေဘးကိုေရႊ့ၿပီး ဆက္ေလ်ွာက္သြားသည္။

“နဉ္ရွီ” ရုတ္တရက္ က်င္းရီ၏ေခၚသံက ထြက္လာခဲ့သည္။ သူမကိုယ္တိုင္ပင္ ရန္သူဟုေျပာ၍ရသၫ့္ ဒီအမ်ိဳးသမီးကို ဘာေၾကာင့္ဟန႔္တားမိမွန္း မသိပါေခ်။

နဉ္ရွီက ေနာက္လွၫ့္ၿပီး က်င္းရီကိုၾကၫ့္လိုက္သည္။ “တျခားကိစၥရိွေသးလို႔လား?”

က်င္းရီက သူမကို ခဏတာစိုက္ၾကၫ့္ေနေသးသည္။ အဆံုးမွာ သူမ တိတ္တဆိတ္သာ ေခါင္းခါလိုက္၏။

ယခင္က သူမ မေမးခဲ့ရသၫ့္စကားမ်ားရိွေသးသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့ ဆက္ေမးေနစရာ မလိုေတာ့ပါေခ်။

သူမ နဉ္ရွီကိုမုန္းသင့္မွန္း၊ နာက်ည္းသင့္မွန္း သူမသိပါ၏။ သို႔ေသာ္ သူမအေဖေသကာ မိသားစုေဒဝါလီခံသြားၿပီးေနာက္ သူမဦးေလးကလည္း ေပ်ာက္သြားေတာ့ တစ္ကိုယ္တည္း ဘဝကို ခက္ခက္ခဲခဲရွင္သန္ခဲ့ရသည္။ မေမ်ွာ္လင့္ဘဲ သူမအား ဆက္လက္ရွင္သန္ရန္ ေထာက္ပံ့ထားသည္မွာ နဉ္ရွီ၏စိတ္အားတက္ႂကြဖြယ္ အတိတ္ဇာတ္ေၾကာင္းအားလံုးႏွင့္ သူမ၏ဇာတ္ကား“သံုးဘဝသံုးေရာင္ျခယ္” ျဖစ္ေနခဲ့သည္။

ထို႔ေၾကာင့္ပင္ ယခုခ်ိန္ထိတိုင္ သူမ‌အေနႏွင့္ နဉ္ရွီအားမုန္းတီးရမည္ေလာ သို႔တည္းမဟုတ္ အမုန္းတရားထက္ပိုေသာ တျခားတစ္ခုခုကို ခံစားသင့္သည္ေလာ သူမလည္း မသိေတာ့ပါေခ်။

သူမေခါင္းခါၿပီး လွၫ့္ကာ လမ္းဆက္ေလ်ွာက္သြားသည္။ ေဒဝါလီခံရၿပီးေနာက္မွာ က်င္းမိသားစု၏ပိုင္ဆိုင္မႈပစၥည္းတို႔ကို ဘဏ္ကသိမ္းယူသြားသည္။ သူမလက္ရိွေနေနသၫ့္ တိုက္ခန္းအေသးေလးက သူမဝမ္းကြဲက်င္းခ်န္မွ ေပးခဲ့ျခင္းပင္။

က်င္းခ်န္ႏွင့္သူမ၏ဆက္ဆံေရးက အၿမဲတေစ ေျဗာင္းဆန္ေနခဲ့သည္။ သို႔ေပသိ သူမႀကံရာမရျဖစ္ေနခ်ိန္ ကူညီေပးခဲ့သၫ့္တစ္ဦးတည္းေသာလူမွာ တကယ္ပဲသူျဖစ္ေနခဲ့သည္။

သူမဝမ္းကြဲက သူမထက္ေကာင္းမြန္ေသာဘဝတြင္ ေန,ေနရ၏။ ေထာင္ႏွင့္က်င္းမိသားစုက ဆက္ဆံေရးအဆင္မေျပလွေပမဲ့လည္း သူ႔မွာ သူ႔အေဒၚႀကီးရိွေနေသးသည္။ သို႔ျဖစ္ရာ ေထာင္မိသားစုက သူ႔ကို ပစ္မွတ္မထားရံုသာမက ထိန္းေက်ာင္းသင္ၾကားေပးၾကေသး၏။

တကယ္တမ္း ဤသည္က ကိစၥေကာင္းတစ္ခုပင္။ အနည္းဆံုးေတာ့ သူမ၏ဦးေလးႀကီးလိုမ်ိဳး သူမခံစားရေလာက္ေပ။ သူမႏွင့္သူမဝမ္းကြဲၾကားရိွ ပဋိပကၡ၏အရင္းခံရာမွာ အရင္က သူမ၏အႀကီးဆံုးဦးေလးႏွင့္ ခ်န္က်န္းက်န္းတို႔ မေလ်ာ္ကန္စြာ ျပဳမူေနသည္အား မ်က္ျမင္ေတြ့လိုက္ရ၍ အႀကီးဆံုးဦးေလး၏မိသားစုမွ မည္သူ႔ကိုမဆို သူမ စတင္မုန္းတီးသြားေတာ့သည္။

သူမ၏ဝမ္းကြဲက သူမကိုမႀကိဳက္ရသၫ့္ အေၾကာင္းအရင္းကေတာ့ အလားတူပင္ျဖစ္ေလာက္သည္။

ယခင္က အႀကီးဆံုးဦးေလး၏လုပ္ရပ္ကို သူမတစ္ေယာက္တည္းသိခဲ့တာ မဟုတ္ဟန္ရသည္။ သူ႔သားအရင္းအခ်ာ၊ သူမ၏ဝမ္းကြဲလည္း သိေနခဲ့ပံုပင္။ ဤအျခင္းအရာကပင္ သူမဝမ္းကြဲက ဤႏွစ္မ်ားတစ္ေလ်ွာက္ အမ်ိဳးသမီးအႏုပညာရွင္ေတြကို အေလးအနက္မထားဘဲ မုန္းတီးေနခဲ့သၫ့္အေၾကာင္းအရင္းကို ရွင္းျပႏိုင္လိမ့္မည္။

အကယ္၍ အရင္မ်ိဳးဆက္ေတြရဲ့အမွားေၾကာင့္မဟုတ္လ်ွင္ က်င္းမိသားစုက ဒီအေျခအေနထိ အဆံုးသတ္သြားစရာလား?

တစ္ညလံုးညဆိုင္းဆင္းၿပီးေနာက္ က်င္းရီက အိမ္ျပန္ေရခ်ိဳးလိုက္သည္။ ၿပီးေနာက္ ကြန္ပ်ူတာဖြင့္လိုက္၏။ “သံုးဘဝသံုးေရာင္ျခယ္” ဇာတ္ကားကိုၾကၫ့္ရင္း တျဖည္းျဖည္း အိပ္ေမာက်သြားေတာ့သည္။

အိပ္မက္ထဲဝယ္ သူမက စြဲမက္ဖြယ္ေကာင္းေသာ ဝတ္စံုတို႔ကို ဆင္ျမန္းထားၿပီး အရသာရိွလွေသာဟင္းလ်ာတို႔ကို သံုးေဆာင္တတ္သၫ့္ အဲ့ဒီ အတိတ္ကမာနေထာင္လႊားေသာ သခင္မေလးျဖစ္ေန‌ဆဲပင္။

____________

Meow's Note: ဟီး Review ေရးထားတာေတြ ေတြ့မိရင္ ေျမာင့္ဆီလာေျပာျပလို႔ရတယ္ေနာ္ အိုက္နီမန္း>⁠.⁠<

____________

Seguir leyendo

También te gustarán

12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
3.1M 236K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
7.1K 244 20
Author - Tong Hua (桐华) Year - 2013 Chapter - 51(completed) Start - 28.9.2022 End - This is fun translation. I do not own this story. The pictures up...