ထင်ရာစိုင်းတဲ့ကောင်းကင်
အပိုင်း(၁၃)
"ကိုကို ဖြေးဖြေးးး ! အာ့ ! "
"ဒေါက် ဒေါက် "
"အားးးးးး "
"အယ် ကိုကြီး အိမ်မက်ဆိုးမက်နေတာလား "
"........"
မြတ်ဘုန်းသျှန်ဖြစ်သွားသမျှကို အစာမခြေနိုင်သေး
ရုတ်တရက် သန့်စင်ကြည်လင်တဲ့မျက်ဝန်းတစုံက သူ့ကိုစိုက်ကြည့်လာကာ သူလဲပဲ အဲ့မျက်ဝန်းတွေကို ကြောင်တောင်တောင်ပြန်စိုက်ကြည့်နေမိတယ်
သူ့ရှေ့ကမိန်းကလေးက သူ့မျက်လုံးရှေ့ လက်တို့အတန်ကြာဝှေ့ရမ်းပြီး အသိဝင်လာတာက မြတ်ဘုန်းသျှန်
"မြတ်ကလေး ကိုကြီး ရေချိုးပြီးမှအောက်ထပ်ဆင်းလာခဲ့မယ်နော် "
-"ပြီးရော မေမေတို့ကထမင်းစားဖို့စောင့်နေတယ် "
"အွန်း ဆယ့်ငါးမိနစ်ပဲနော် ကိုကြီးဆင်းလာခဲ့မယ် "
"ဟုတ် "
ရုတ်ခနဲထွက်သွားပြီဖြစ်တဲ့ငှက်မလေးရဲ့ကျောပြင်ကိုကြည့်ရင်း မြတ်ဘုန်သျှန် မျက်ခုံးရိုးကိုဖိမိသွားတယ်
Wet dream ကိုမှ မြတ်ကလေးနဲ့တဲ့လား
သူဘယ်လောက်တောင်မြတ်ကလေးအပေါ်မရိုးမသားဖြစ်နေပြီလဲဆိုတာ ဒီနေ့မှ လုံးဝသိသွားရတော့တယ်
မြတ်ဘုန်းသျှန် ကူကယ်ရာမဲ့ရတယ်
မြတ်ကလေးက သူ့ကိုလုံးဝ အကိုအရင်းတစ်ယောက်လိုသတ်မှတ်ထားတာ
သူမကိုလိုက်ဖို့ဆို သူ့မှာ friends zone တောင်မဟုတ် family zone ထဲတောင်ရောက်နေလိုက်သေးတယ်
ကောင်းပါရော
မြတ်ဘုန်းသျှန်ကအတွေးပေါင်းတစ်သောင်းနဲ့ပဲ ရေချိုးခန်းဝင် အောက်ထပ်ဆင်းလာတော့ မြတ်ကလေးက ခေါင်းမဖော်ပဲစားနေလေပြီ
သူမလေးရဲ့ပါးစပ်ထောင့်မှာလဲ ထမင်းစေ့တစ်စေ့ကကပ်လို့
"ကလေးလားကွာ"
မြတ်ဘုန်းသျှန် အသဲယားစွာငြီးငြူရင်း ဖယ်ပေးလိုက်ရလေတယ်
ငတုံးမလေးကတော့ တဟီးဟီးရယ်ရင်း စားပြီးသွားတော့ သူ့ကိုတာ့တာပြကာ ကျောင်းကိုပြေးသွားခဲ့လေပြီ
မြတ်ဘုန်းသျှန်က အရူးမလေးရဲ့ကျောပြင်ကိုမျက်စိတဆုံးလိုက်ကြည့်ပြီးမှ ထမင်းဆက်စားဖို့လုပ်တော့ သူ့မိဘတွေရဲ့ အကြည့်နှစ်စုံကသူ့ဆီစိုက်နေတာကိုတွေ့လိုက်ရလေတယ်
မြတ်ဘုန်းသျှန်။ ။ "......."
သူ့မှာ ဖြန်းခနဲရှက်သွေးဖြာသွားကာ ထမင်းပန်းကန်ထဲခေါင်းစိုက်လိုက်ရလေရဲ့
ဒါပေမဲ့အလွတ်မပေးချင်တဲ့ဒေါ်နှင်းဝေလွင်က ပြုံးစိစိနဲ့ဘေးကခင်ပွန်းဖြစ်သူကိုတံတောင်နဲ့လှမ်းထိုးကာ မြတ်ဘုန်းသျှန်ကို တည့်ဆော်တော့တယ်
"သျှန်ကလေးရဲ့အကြည့်တွေက ရှင်ကျွန်မကိုပိုးခဲ့တုန်းကကြည့်တဲ့အကြည့်တွေနဲ့တပုံစံထဲပဲရှင်ရေ "
"ဟုတ်လား ဘယ်လိုအကြည့်ပါလိမ့်"
ဉီးမြတ်နိုင်လင်းကလဲ သူ့မိန်းမဖြစ်သူနောက်ကိုဖော်လိုလိုက်ကာမေးလိုက်လေတယ်
"ကြွေကျမြေခနေတဲ့အကြည့်ပေါ့ရှင် "
ထမင်းပန်းကန်ထဲခေါင်းစိုက်နေတဲ့မြတ်ဘုန်းသျှန်မှာအဲ့စကားလဲကြားရော ထိုးသွပ်ထားတဲ့အစာတွေကအပေါက်တွေလွဲပြီး သီးပါလေရော
ဒေါ်နှင်းဝေလွင်က တခစ်ခစ်ရယ်ရင်း ကျောကုန်းထုပေးသလို ဉီးမြတ်နိုင်လင်းကလဲ တဟားဟားရယ်ကာ သူ့ကိုရေခပ်ပေးလေတယ်
မြတ်ဘုန်းသျှန်ကတော့ သူ့မျက်နှာကို မနက်စောစောစီးစီးဆုံးရှုံးသွားခဲ့ရလေပြီ
ဘာဆိုဘာမှမသိတဲ့ငါးဆားနယ်မလေးမြတ်ပန်းဝေကတော့ သူမရဲ့ထုံးစံအတိုင်းတစ်ယောက်သောသူကိုငေးဖို့ကြိုးစားနေလေရဲ့
ဒါပေမဲ့ ဝမ်းနည်းစရာက sky တစ်ယောက်ကျောင်းတက်ချိန်ထိရောက်မလာပါလေ
သူမ စိတ်တို့ထွေပြားသွာတယ် သူနေမကောင်းတာများလား တခုခုဖြစ်နေတာလား ဘာလားညာလား အတွေးပေါင်းစုံပေါ့လေ
သူမအတန်းချိန်တချိန်လစ်ကာပူရှိန်းချိုချဉ်လေးဝါးရင်း စာအုပ်ဖတ်ဖို့ ကျောင်းခေါင်မိုးပေါ်တက်သွားခဲ့တယ်
စာအုပ်ဖတ်ရင်းပျင်းလာတော့ထိုင်ခုံတခုံပေါ်ပက်လက်လှဲရင်း ကောင်းကင်ပြာကိုတွေ့ပြန်တော့သူ့ကိုသတိရမိပြန်ရဲ့
သူ့ကိုသတိရရင် "အချစ်ဘယ်ကစ"ဆိုတဲ့သီချင်းကိုအလိုလိုငြီးမိတာရှိလေတယ်
မြတ်ပန်းဝေ ကောင်းကင်ကိုကြည့်ရင်း သီချင်းတိုးတိုးလေးဆိုလိုက်တယ်
"ကောင်းကင်ပြာကိုဘယ်သူများဆေးရောင်ခြယ် .🎵🎶🎶🎵... ပန်းတွေကိုဘယ်သူ ရနံ့ကလေးမွှေးစေတယ်🎵🎶🎶🎵 ...ငှက်တွေကိုလေဘယ်သူတေးဆိုသင်တယ်🎵🎶🎶🎵...တွေးမရဘူးကွယ် တွေးမရဘူးsky ရယ် ..🎵🎶🎶🎵.အချစ်ဆိုတာ ဘယ်ကမ္ဘာကစလေတယ် .. အားးးးး! ! "
သူမသီချင်းဆိုနေရင်းတဝက်တပျက် သူမရဲ့မျက်နှာပေါ်ကို အုပ်မိုးလာတဲ့တစုံတစ်ယောက်ကြောင့် လန့်အော်မိတော့တယ်
ထိုသူရဲ့မျက်ဝန်းပြာများက အေးစက်လွန်းလို့ မြတ်ပန်းဝေမှာ ရေခဲပင်လယ်ထဲနစ်မြုတ်ခံလိုက်ရသလို ဝိဉာဉ်ထဲအထိ အေးစက်သွားခဲ့ရတယ်
သူမ အလန့်တကြားနဲ့ထထိုင်လိုက်မိတယ် သူမရဲ့ရှပ်ပြာမူ့ကြောင့် သူ့မနဖူးနဲ့သူ့မေးစေ့ခွပ်ခနဲတိုက်မိသွားကာ skyမှာ နောက်ပြန်လဲလေတော့တယ်
တာဝန်မယူချင်တဲ့တစုံတယောက်ကတော့ ထွက်ပြေးဖို့လုပ်နနေလေတယ်
"အဲ့နားမှာရပ်စမ်း "
Sky ရဲ့ဒေါသထွက်နေတဲ့ဩရှရှအသံက ကျယ်လောင်စွာထွက်လာပေမဲ့ သေရမှာမကြောက်တဲ့မြတ်ပန်းဝေက ဆက်ပြေးလေတယ်
Sky အံကြိတ်လိုက်ကာ အနှီအမျိုးသမီးလေး လွတ်မြောက်မသွားခင် တံခါးနဲ့သူ့ကိုယ်ကြားပိတ်ထားလိုက်လေတယ်
မြတ်ပန်းဝေမှာ မလွတ်တာလဲသိရော သူမရဲ့လက်နှစ်ဖက်ကိုသူမအုပ်ဖို့အသုံးပြုလိုက်လေရဲ့
သူမရဲ့ပုံကအရမ်းချစ်ဖို့ကောင်းလေတယ်
Sky မှာ ဒေါသတဝက်လောက်ပြေသွားပြီး နှုတ်ခမ်းထောင့်ကဆတ်ခနဲတွန့်ကွေးသွားကာ မျက်မှောင်တွန့်တို့ကလဲ အနဲငယ်ပြေလျှော့သွားလေတယ်
"ငါ့နာမည်ကိုဘာလို့ခေါ်တာလဲ ပြောစမ်း"
မြတ်ပန်းဝေက ခေါင်းကိုသာပြုတ်ထွက်မတတ်ခါရမ်းလိုက်တယ်
"မှန်မှန်ပြောစမ်း"
သူအော်လိုက်တော့ ကောင်မလေးက ခေါင်းကိုပြုတ်ထွက်မတတ်ညိမ့်ပြလာပြန်ရော
Sky ရယ်မိတော့တယ်
ဒီဟာလေးကတော့ ဘာလို့အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာတုန်း သူကိုက်စားပစ်လိုက်ရ....
.......🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕
Alinkar nang 🌿🌿