ထင်ရာစိုင်းတဲ့ကောင်းကင်
အပိုင်း(၁၁)
ဟီးးးဟီးးး အဲ့တော့ သူတို့က အချင်းချင်းလဲစိတ်ဝင်စားကြတယ်ပေါ့လေ
မင်းဧကရာဇ်က ယုန်ဖြူလေးရဲ့အကြည့်တွေကိုရုတ်တရက်မနာလိုဖြစ်လာလေတယ် အာရုံကသူ့ဆီမှာပဲရောက်နေရမှာကို
"ဟေ့ sky "
ရှေ့ကိုလှမ်းတက်သွားတော့မဲ့သူက ရပ်တန့်သွားကာ မင်းဧကရာဇ်ကိုလှည့်ကြည့်လာတယ်
မြတ်ပန်းဝေကလဲ ထိုသူ လှည့်လာတာမြင်တာနဲ့ ခုံအောက်ကိုငုံ့ပြီးတန်းဝင်သွားတာများ လိပ်ကလိပ်ခွံထဲလျှောခနဲတိုးဝင်သွားတဲ့အတိုင်းပဲ
Sky လှည့်လာတော့ ဟိုတယောက်က သူ့နေရာမှာမရှိတော့ဘူး
Sky မျက်ခုံးတို့တွန့်ချိုးသွားပေမဲ့ ဘာမှမပြောပဲ သူ့အကြည့်ကို ကျောင်းသားသစ်ဆီပဲရွှေ့လိုက်တယ်
မင်းဧကရာဇ်မှာလဲ အံဩမူ့နဲ့အတူ ပြုံးစစဖြစ်သွားခဲ့လေရဲ့
ဒါပေမဲ့ sky ကိုပဲ အကူအညီတောင်းစရာရှိတယ်လို့ပြောပြီးအတန်းဘက်ဆွဲသွားလိုက်တော့တယ်
အဲ့ညနေ မြတ်ပန်းဝေတစ်ယောက်စိတ်ရှုပ်စွာနဲ့ အိမ်ပြန်လာခဲ့တယ် အိမ်မှာ ဧည့်သည်အသစ်သုံးယောက်ရောက်နေပြီး နှစ်ယောက်က လင်မယားတွေဖြစ်ပုံရကာ တခုခုစိုးရိမ်နေသလိုလို ဟိုလျှောက်သည်လျှောက်နဲ့
တစ်ယောက်ကိုတော့ သူမသိလေတယ်
ဆောင်းသံစဉ်မောင် ......
ဒါဆို ဒီနေ့ဇတ်ကွက်က သူမကို ကလေးမှားလာတယ်ဆိုတာလာပြောတဲ့ငိုကြယိုကြတဲ့အခန်းလား
သူမရဲ့မေမေဖေဖေ အကိုကြီးပါပြန်ရောက်နေကြပြီး သူမဝင်လာတာနဲ့ မျက်ဝန်းခြောက်စုံက စိုက်ကြည့်လာလေတော့တယ်
မြတ်ပန်းဝေခမျာမှာလဲတောင့်ခဲသွားလေကာ လှုပ်မရတော့ဘူး
"သမီး မြတ်ကလေး ဒီကိုလာပါဦး"
မေမေက သူမကို ဝမ်းနည်းနေတဲ့အသံကြီးနဲ့ခေါ်တယ်
ဖေဖေကလဲ ခေါင်းစိုက်ထားတာကြောင့် ဘယ်လိုမှန်းမသိပေမဲ့ ကိုကြီးကတော့ အံကြိတ်ထားကာမျက်မှောင်လဲကြုတ်ထားလေတယ်
မြတ်ပန်းဝေကတော့ ဘာစကားပြောရမှန်းမသိလို့ တိတ်ဆိတ်စွာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ မေမေနားဝင်ထိုင်လိုက်လေတယ်
"မြတ်ကလေးကို မေမေကပြောစရာရှိလို့ ဒီလိုပြောရတယ်ဆိုတာကလဲ မလွှဲသာမရှောင်သာလို့ မေမေက ပြောရတာ ဘယ်လိုပဲဖြစ်ဖြစ် မေမေနဲ့ဖေဖေက သမီးကိုချစ်ပြီးသား အခုရော နောင်ရော အမြဲချစ်နေမှာ ဟုတ်ပြီလား "
"ဟုတ်ကဲ့"
"အရှေ့မှာထိုင်နေတဲ့ အန်တီနဲ့ဦးလေးက သမီးရဲ့မေမေနဲ့ဖေဖေပဲ ဆေးရုံမှာလူချင်းလွဲလာတယ်တဲ့ မနေ့ကပဲ ဆေးရုံက နာစ့်မလေးကဝန်ခံလာပြီးပြီ ကလေးမနဲ့သွေးမတူလို့ လိုက်ရာက ဒီရောက်လာတာ "
"........."
"သမီးအခုချက်ချင်းလက်မခံချင်လဲရတယ် မေမေတို့အတင်းမပြောဘူး သမီးသိရမှာတခုက သမီးကသူများသမီးဖြစ်နေလို့လဲ မေမေတို့ရဲ့အချစ်တွေလျှော့မသွားဘူးဆိုတာပဲ "
မြတ်ပန်းဝေက ပါးစပ်ဟလိုက်ပေမဲ့ ဘာမှ မပြောထွက်လာခဲ့ဘူး အမှန်တကယ်က သူမဘာပြောရမှန်းမသိတာ
ကြောင်တောင်တောင်လေးနဲ့ ဟိုကြည့်သည်ကြည့်ပေါ့
ဒါပေမဲ့ အဲ့ဒါလေးကပဲ ချစ်တဲ့သူတွေရဲ့မျက်လုံးထဲမှာ ဒီအဖြစ်ဆိုးကိုလက်မခံနိုင်ဘူးလို့ထင်နေကြလေတယ်
မြတ်ဘုန်းသျှန်ကတော့ သူ့မှာပျော်ရွင်တာနဲ့ဝမ်းနည်းတာနှစ်ခုလုံးပြိုင်နေလေတယ်
သူကတကယ်မကောင်းတဲ့သူပဲ
မြတ်ကလေးက သူတို့အိမ်ကထွက်သွားတော့မှာကို သူကဘာလို့ပျော်ရွှင်မူ့ကိုခံစားနေရမှန်းမသိဘူး
သူ မြတ်ကလေးကို အရမ်းချစ်တာ မုန်းလဲမမုန်းဘူး ဒါပေမဲ့ သူဘာလို့အဲ့လိုဖြစ်နေတာလဲဆိုတာလုံးဝမသိတော့ဘူး
"သမီး ... "
ဧည့်ခန်းရဲ့တိတ်ဆိတ်မူ့က ဟိုဖက်က သူမရဲ့အမေဆိုတဲ့သူအသံကြောင့်ပြိုကွဲသွားလေတယ်
မြတ်ပန်းဝေက မရင်းနှီးတဲ့အသံဖြစ်တာကြောင့် ပြန်မထူးမိဘူး
မေမေဒေါ်နှင်းဝေလွင်က အားနာတာကြောင့် သူမပေါင်ကိုအသာတို့ပြီးခေါ်လာလေတယ်
"သမီး... မြတ်ကလေး"
"ရှင် "
မေမေခေါ်တာကျ ရင်းနှီးလို့ သူမ အသိမရှိပဲ လျှောက်တွေးနေတာတောင်ပြန်ထူးနိုင်လေတယ်
မေမေဒေါ်နှင်းဝေလွင်မှာကြည်နူးသွားရကာ သူမသမီးဖြစ်သူရဲ့ပါးကိုအသာဖျစ်လိုက်ရင်းမှ ပြောလိုက်ရလေတယ်
"ခေါ်နေတယ်လေ "
မြတ်ပန်းဝေရဲ့အကြည့်တွေကတဖက်အမျိုးသမီးဆီကိုရောက်သွားကာ
"ဟုတ်ကဲ့ ပြောပါ အန်တီ"
တဖက်က အမျိုးသမီးမှာ ဆို့နင့်သွားရပြီး မျက်ရည်လည်သွားရလေတယ်
မြတ်ပန်းဝေ တမင်လုပ်တာမဟုတ်ပေမဲ့ သူမရဲ့ပင်ကိုယ်အသိစိတ်က အဲ့လိုပဲတုန့်ပြန်လိုက်တာဆိုတော့ သူမလဲ မတတ်နိုင်ဘူးလေ
"သမီးကို မေမေက ဒီမိသားစုနဲ့ခုချက်ချင်းခွဲရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးကွယ် မေမေတို့ ဒီZအိမ်ယာထဲမှာပဲ အိမ်ဝယ်လိုက်မယ်လေ ဒါဆို သမီးမေမေတို့နဲ့နေလို့ရသလို သမီးလဲနေ့တိုင်းလဲသွားတွေ့လို့ရတယ်လေ အဲ့လိုလုပ်ချင်လား"
မြတ်ပန်းဝေ ဘာပြောရမယ်မှန်းမသိဘူး
ဒီဇတ်လမ်းတွေထဲကလူတွေနဲ့မပတ်သတ်ချင်လို့ လိုက်သွားမယ်ဆိုလဲ သူမက ဇတ်လမ်းကိုသူ့အတိုင်းဆက်သွားနေလားဆိုတာ အတည်ပြုရဦးမယ်
ပြီးတော့လဲ အားလုံးကသူစိမ်းတွေဆိုပေမဲ့
ဒီမြတ်မိသားစုနဲ့က သူမရောက်လာထဲက ဆက်ဆံခဲ့ရတာ
ဒီအသစ်တွေကတော့ဘယ်လိုလဲမသိဘူး
တခုခုဆို သူမမှာဘာမှမလုပ်တတ်မကိုင်တတ်နဲ့ ဖြစ်ပျက်သွားရင် နစ်နာရမှာကသူမပဲလေ
အဲ့တော့ အခုပြောတဲ့အစီအစဉ်ကအကောင်းဆုံးပဲနေမှာ
သူမခေါင်းငြိမ့်လိုက်တယ်
ပြီးတော့ ချောင်မှာကပ်နေတဲ့ ဆောင်းသံစဉ်မောင်ကိုလဲကြည့်လိုက်တယ် အဲ့တယောက်က ရောက်လာထဲကလူသေကြီးလို့ပဲနေလို့ဘယ်သူကမှအဲ့တစ်ယောက်ကိုစိတ်မဝင်စားကြဘူး
မြတ်ပန်းဝေလဲ အကြည့်လွှဲလိုက်ပြီး အစောကပြောတဲ့အစီအစဉ်ကိုသဘောတူကြောင်းပဲပြောလိုက်တော့တယ်
"မြတ်ကလေး"
"ဟုတ် "
"ဒါဆို မေမမေလို့ခေါ်ကြည့်ပါဦး"
"မေမေ "
"အေး.....သမီးလေး မေမေရှိတယ်နော် "
.......🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕
Alinkar nang 🌿
ကိုယ်တွေအမေနဲ့တခြားစီ😁😁