ကျုပ်က ပါရမီရှင် (Chapter 401...

Autorstwa Hanshin_no

25.6K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ Więcej

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 420
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 439
Chapter 440
Chapter 441
Chapter 442
Chapter 443
Chapter 444
Chapter 445
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 452
Chapter 453
Chapter 454
Chapter 455
Chapter 456
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 427

262 25 0
Autorstwa Hanshin_no

စာစဉ် 29 Chapter 427 ရေကန်၏ ထူးဆန်းမှုများ

အခြားသော အကြောင်းပြချက်များကြောင့်လည်း ဖြစ်နိုင်ပေသည်။ နောက်ကွယ်မှ အကြောင်းပြချက်က ဘာပဲ ဖြစ်နေပါစေ ရဲ့လင်းချန် စိတ်ဝင်စားမိသည်။

ပါရမီရှင်တစ်ယောက်၏ ဘဝက ရိုးရှင်း၍ ပျင်းစရာ ကောင်းလှသည်။ ရဲ့လင်းချန်၏ စိတ်ဝင်စားမှုကို ရနို်သော အရာက သိပ်မရှိပေ။ ထို့ကြောင့် သူ ပိုမို၍ လေ့လာချင်မိသည်။

ထိုစဉ် ရိုက်ကူးရေးအဖွဲ့က တဖြည်းဖြည်း အနားကပ်လာပြီး သူ့အား မျှော်လင့်တကြီး မေးလာသည်။

"ရဲ့နတ်ဘုရား မင်း ဒီနေ့ ငါတို့ကို ကွန်ဖူးအကွက်လေးတွေ ထပ်မပြတော့ဘူးလား"

"မပြဘူး"

ရဲ့လင်းချန်က ခေါင်းခါပြပြီး ဘာမှ ထပ်မပြောတော့ချေ။

မနေ့က သူသည် ချီသန့်စင်မှုကြောင့် လုပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ သွေးလည်ပတ်မှုကို လှုံ့ဆော်ရန် သူ ကိုယ်လက် လှုပ်ရှားရန် လိုအပ်သည်။ သို့သော် သူသည် ဤမနက်တွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်ပြီး မနေ့ကလောက် မအံ့ဩတော့ချေ။ သူတစ်ယောက်တည်းသာ ရှိပါက သူ သိုင်းကွက်အချို့ လေ့ကျင့်မိလောက်သည်။ သို့သော် သူတို့သည် တိုက်ရိုက် ထုတ်လွှင့်မှု လုပ်နေခြင်း ဖြစ်ပြီး ၎င်းက သူ စီစဉ်ထားသော အရာတစ်ခု မဟုတ်ပေ။

ရိုက်ကူးရေးဝန်ထမ်းက အနည်းငယ် စိတ်ပျက်သွားသည်။ သို့သော်လည်း သူတို့ အတင်း တိုက်တွန်း၍ မရနိုင်မှန်း သိနေသည်။ သူတို့ ရဲ့လင်းချန်ကို ရန်မစရဲသဖြင့် သူ့စိတ်တိုင်းကျသာ လုပ်ခွင့်ပြုနိုင်ပေသည်။

ထင်ထားသည့်အတိုင်းပင် ဒုတိယမြောက် နိုးလာသူက ဟွမ်လေ့ဖြစ်ပြီး သူက လူတိုင်းအတွက် မနက်စာ ပြင်ဆင်လေသည်။ ရဲ့လင်းချန်က ရှုခင်းကြည့်သည့် တဲအိမ်လေး၌ ပျင်းရိပျင်းတွဲ ထိုင်နေသည်ကို ကြည့်ပြီး သူ မနေနိုင်ဘဲ ပြံးလိုက်မိသည်။

"ရဲ့နတ်ဘုရားရေ၊ မင်းလည်း ဒီသနားစရာ အဘိုးကြီးအတွက် မစဉ်းစားပေးဘူးပဲ၊ မင်းရဲ့ ဟင်းချက်ပညာနဲ့ဆိုရင် ငါ့ကို မနက်စာ ကူပြင်ပေးရင် ပိုကောင်းမှာပဲ"

"ဆရာဟွမ်လေ့၊ ကျွန်တော်က ဒီမှာ ဧည့်သည်လေ၊ ကျွန်တော်က ခင်ဗျားရဲ့ မနက်စာကို စောင့်နေတာ"

ရဲ့လင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။ သူနှင့် စကားရည်လုရန် သူ ပျင်းရိလွန်းနေသည်။ တစ်ချိန်တည်းမှာပင် သူသည် ဟွမ်လေ့၏ ထင်ပေါ်မှုကို မခိုးယူချင်ပါ။

ဟွမ်လေ့က ရယ်ပြီး မနက်စာကို စလုပ်သည်။

အချိန် အနည်းငယ် ကြာပြီးနောက် ဟယ်ကျားက သူ့အခန်းမှ ထွက်လာသည်။ ရဲ့လင်းချန်နှင့် ဟွမ်လေ့ကို မြင်သောအခါ သူ မအံ့ဩသွားဘဲ သူတို့ကို နှုတ်ဆက်လေသည်။

အံ့ဩစရာကောင်းသည်မှာ သူ ဆင်းလာပြီး မကြာခင်မှာပင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ကလည်း ဆင်းလာသည်။

အမျိုးသမီးများ၌ အိပ်တတ်သည့် အကျင့် ရှိသည်။ ထို့အပြင် ကျောက်လျန့်ရင်၏ အိပ်စက်ခြင်းကို မြတ်နိုးမှုက အနုပညာလောက တစ်ခုလုံး အသိပင်။ သူမက ကားထဲ ထိုင်နေစဉ်မှာပင် အိပ်ပျော်နိုင်၏။

"ဝိုး ... ဒီနေ့က ဘယ်လို အထူးတလည် နေ့မျိုးမို့ မင်းတို့ နှစ်ယောက်လုံး ဒီလောက် စောစော ထရတာလဲ"

ဟယ်ကျားက တအံ့တဩ မေးလေသည်။

"ဟွန့် ငါတို့ ထချင်လို့ ထတာကို၊ တစ်ခုခု ဖြစ်လို့လား"

ကျောက်လျန့်ရင် နှုတ်ခမ်းစူသွားပြီးနောက် ရဲ့လင်းချန်အား တစ်ချက် ခိုးကြည့်သည။

"ကျွန်မက စောစောအိပ်ပြီး စောစောထတတ်တဲ့ မိန်းမကောင်းလေးပါနော်"

"ခွိခွီ ... ဟားဟားဟား ..."

သူမစကားက ဟွမ်လေ့နှင့် ဟယ်ကျားကို ဟားတိုက် ရယ်မောသွားစေသည်။ ဟူယွဲ့အာတောင်မှ ရယ်မိလေသည်။

"ငါ ရသစုံ ရှိုးတစ်ခုက အပိုင်းတစ်ပိုင်းကို အခုထိ မှတ်မိပါသေးတယ်၊ မင်း နေ့တစ်ဝက်လောက် ပျောက်နေခဲ့တာလေ၊ ပြီးတော့ မင်း ပေးခဲ့တဲ့ အကြောင်းပြချက်က မင်း အိပ်ပျော်နေလို့လေ"

ဟွမ်လေ့က သူမအကြောင်းကို မညှာမတာ ဖော်လေသည်။

"အဲ့လို လုံးဝ မဖြစ်ခဲ့ပါဘူးနော်၊ ရှင် အမှတ်မှားနေတာပဲ ဖြစ်မယ်"

ကျောက်လျန့်ရင်က ခွန်းတုံ့ပြန်ပြောလိုက်ပြီး သူမမျက်နှာက နီရဲနေ၏။

တကယ်တမ်းတွင် ရဲ့လင်းချန်ကြောင့် သူတို့ စောစောနိုးနိုင်ခြင်း ဖြစ်သည်။ လူတော်တော်များများက အအိပ်မက်၍ အိပ်ကြခြင်း မဟုတ်ပေ။ ၎င်းက သူတို့၏ အိပ်စက်ချိန် အရည်အသွေးနှင့် ပတ်သက်နေ၍ ဖြစ်သည်။

သုတေသနများက ကောင်းကောင်း အိပ်စက်ပါက လူတစ်ယောက်သည် တစ်နေ့တွင် ဆယ့်ခုနစ်မိနစ်သာ အိပ်ရန် လိုအပ်သည်ဟု ဆိုထားသည်။ အချက်အလက်က လွန်ကြူးသည်ဟု ထင်ရသော်လည်း အတော်လေး ပြဿနာများ ရှိလေသည်။

ရဲ့လင်းချန်၏ နှိပ်နယ်ခြင်းက သူမတို့ နှစ်ယောက်လုံးကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပြီး အနှောင့်အယှက်မရှိ အိပ်စေသည်။ သူမတို့ မျက်လုံးဖွင့်လိုက်သည်နှင့် သူတို့တို့ အားအင် ပြည့်နေပြီး ခေါင်းကြည်သလို ခံစားရသည်။ ဤသို့သော အခြေအနေမျိုး၌ ဘယ်သူမှ အိပ်နိုင်မည် မဟုတ်ပါ။

လူတိုင်း ပျော်ရွှင်စွာ စကားစမြည် ပြောနေကြသည်။ မနက်စာ စားချိန် ရောက်လုနီးသောအခါ ဝေ့တရွှင်းက အိပ်မှုန်စုံမွှားဖြင့် ဆင်းလာသည်။ အားလုံးက သူ့အား စောင့်နေသည်ကို မြင်သောအခါ သူ အနည်းငယ် ရှက်သလို ခံစားလိုက်ရသည်။

"ရှင် တော်တော် အိပ်တာပဲ၊ ရှင်က ဝက်လား"

ကျောက်လျန့်ရင်က ချက်ချင်း သူ့ကို မညှာမတာ ဖဲ့လေသည်။ ဤကိစ္စ၌ ရှားရှားပါးပါး သူမ အောင်နိုင်သူလို ခံစားရလေသည်။ ယခုတစ်ခေါက်သည် သူမဘဝ၌ အခြားသူများထက် ပထမဆုံးအကြိမ် စောစောနိုးနိုင်ခြင်း ဖြစ်သည်။

ထိုစကားက ချက်ချင်း ရယ်သံများ ဖြစ်ပေါ်လာစေသည်။ သူတို့၏ မနက်စာက ပျော်ရွှင်စွာ ပြီးဆုံးသွားသည်။

"ရဲ့နတ်ဘုရား ငါတို့ ဘာလုပ်ကြမှာလဲ"

ဟွမ်လေ့က မေးလိုက်သည်။

"ကျွန်တော် တောင်ပေါ်ကို နောက်တစ်ခါ သွားဖို့ စိတ်ကူးထားတယ်"

"ကျွန်မတို့လည်း လိုက်မယ်"

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ မျက်လုံးများက ချက်ချင်း ဝင်းပလာပြီး ပြိုင်တူ ဖြေလာသည်။

"ဒီတစ်ခေါက် ကျွန်မတို့ ငါးနည်းနည်းလောက် ပိုဖမ်းထားပြီး နောက်ပိုင်းအတွက် သိမ်းထားရမယ်"

ကျောက်လျန့်ရင်က စိတ်အားထက်သန်စွာ ပြောလေသည်။

"တကယ်တော့ ငါတို့ ငါးကို ဈေးထဲမှာ အသားတစ်ချို့နဲ့ လဲပြီး ရောင်းလို့ရတယ်"

ဟူယွဲ့အာက အကြံပြုသည်။

"အကြံကောင်းပဲ"

ဟယ်ကျားက သူတို့စကားကို သဘောတူသည်။

"ဒီတစ်ခေါက် ငါတို့ မင်းနဲ့အတူ တောင်ပေါ် လိုက်ခဲ့ရင်ရော၊ အရင်တစ်ခေါက်တုန်းက အဲ့က ရှုခင်းက လှတယ်လို့ မင်း ပြောခဲ့တယ်လေ၊ ငါတို့ အဲ့ဒါကို မမြင်ရသေးဘူး"

"ကောင်းသားပဲ၊ ဘာပဲဖြစ်ဖြစ် စောနေသေးတာပဲလေ၊ ပြီးတော့ ငါတို့ ငါးပိုဖမ်းဖို့ လိုတယ်ဆိုရင် လူနည်းနည်းလေးနဲ့ဆို ပြန်သယ်ဖို့ ခက်မှာပဲ"

ဟွမ်လေ့က ခေါင်းညိတ်ထောက်ခံသည်။

"ဒါဆို သွားကြတာပေါ့"

ဝေ့တရွှင်း စိတ်မရှည်တော့ချေ။

ရဲ့လင်းချန်အတွက် အဆင်ပြေပါသည်။ သွားမည့် လူအရေအတွက်က သူ့အတွက် သိပ်ထိခိုက်မှု မရှိပါ။ သို့သော် ထိုအခြေအနေကြောင့် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က မပျော်ရွှင်ပါ။

အစက သူတို့ နှစ်ယောက်လုံး ... သုံးယောက်လုံးအတွက် သီးသန့်အချိန်လေး ဖြစ်သည်။ ရုတ်တရက် မီးလုံးကြီးများနှင့်တူသော ဦးလေးကြီး သုံးယောက်က အပိုပါလာလေပြီ။

ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သဖြင့် တစ်ဖွဲ့လုံး ချက်ချင်း လှုပ်ရှားကြသည်။ သူတို့သည် မှိုအိမ်လေးထဲမှ ထွက်လာပြီး တောင်ပေါ်သို့ အတူတူ ဦးတည် ထွက်ခွာလာကြလေသည်။

ပတ်ဝန်းကျင်သည် မိုးကြောင့် စိုစွတ်နေဆဲဖြစ်ကာ တောင်တက်လမ်းက အတော်လေး ခက်ခဲနေသေးသည်။ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့က တစ်ခါတစ်ရံ အလန့်တကြား ထအော်တတ်သည်။ နောက်ဆုံးတွင် သူတို့သည် ရဲ့လင်းချန်ကို ပေါ်တင် လှမ်းဆွဲထားရန် ဆုံးဖြတ်လိုက်ပြီး သူမတို့ သွားသည့် နေရာတိုင်း သူ့ကို ကပ်ထားကြသည်။

ရဲ့လင်းချန်၏ ခြေလှမ်းများက တိုင်လုံးအလား ခိုင်မာလှသည်။ လမ်းတွင် သူတို့ကို ကြီးမားသော လုံခြုံမှု ဖြစ်စေသည်။

တစ်ဖွဲ့လုံး ရေကန်ကို ကြာသောအခါ သူတို့ တအံ့တဩ အသံများ မထွက်ဘဲ မနေနိုင်ပါ။ သူတို့၏ မျက်လုံးတွင် အံ့ဩနေသော အရိပ်အယောင်က အထင်းသားပဲ။

မနေ့ကနှင့် ယှဉ်လိုက်လျင် ရှုခင်းက ပို၍ မှင်တက်ဖွယ်ကောင်းလှသည်။ အပင်တိုင်းတွင် နေရောင်ခြည် ဖြာကျနေပြီး သူတို့အား အကန့်အသတ်မဲ့သော အသက်ဓာတ် ပေးစွမ်းနေ၏။

"ဒီနေရာက နတ်ပြည်လိုပဲ၊ ဘဝရဲ့ အံ့ဩစရာတွေက တကယ်ကို ရင်သက် ရှုမောဖွယ် ကောင်းတာပဲ"

ဟယ်ကျားက တအံ့တဩ ပြောသည်။

"ငါ အိုမင်းလာရင် ဒီနေရာမှာ အနားယူဖို့ စိတ်ကူးထားတယ်၊ အပင်လေး စိုက်ပြီး တစ်ခါတလေ ငါးဖမ်းချင်တယ်၊ ဒါ သေချာပေါက် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတဲ့ နည်းပဲ"

ဟွမ်လေ့က သူ့အနားယူမည့်ကိစ္စကို စိတ်ကူးပြီးနေလေပြီ။

"ဒီက အပင်တွေက မနေ့ကထက် ပိုပြီးတော့ လှနေတယ်လို့ ငါ ဘာလို့ ခံစားမိနေတာပါလိမ့်"

ကျောက်လျန့်ရင်က မြေကြီးထဲဥ အပင်များကို ကြည့်ပြီး တအံ့တဩ မေးနေသည်။

"မိုးကြောင့် ဖြစ်နိုင်တယ်၊ မိုးရေနဲ့ ဆေးကြောခံလိုက်ရတော့ မြင်ကွင်းက ပိုလှလာတာပေါ့"

ဟူယွဲ့အာက ခန့်မှန်းသည်။

ရိုက်ကူးရေး အဖွဲ့သားများက တိုက်ရိုက် ထုတ်လွှင့်မှုအတွက် အနီးကပ် ရိုက်ကူးကြသဖြင့် ကြည့်ရှုသူများထံမှ အံ့ဩသံများ ထွက်ပေါ်လာ၏။

ရိုက်ကူးရေးအဖွဲ့သားများသည် ဤနေရာကို ရွေးချယ်ရန်အတွက် လီတောင်တန်း၏ အာဏာပိုင်များနှင့် ညှိနှိုင်း ဆွေးနွေးပြီးသား ဖြစ်သည်။ သူတို့သည် လီတောင်တန်းကို ကူညီ၍ ကြော်ငြာပေးပြီး ခရီးသွားများကို ပိုဆွဲဆောင်ရန် ရှုခင်းအလှအပကို တိုး၍ ကြော်ငြာကြသည်။ ယင်းမှာ ဤအစီအစဉ်၏ အဓိက ရည်ရွယ်ချက်ပင်။

ရဲ့လင်းချန်က အဖွဲ့ကို လျစ်လျူရှုထားသည်။ သူ ရောက်လာကတည်းက ရေကန်၏ အလယ်ကို အပြည့်အဝ အာရုံ စိုက်နေမိသည်။

သူ သတိပေးစရာပင် လိုအပ်ခြင်းမရှိဘဲ အဖွဲ့၏ အာရုံက ရေကန်၏ အလယ်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ရေကန်အလယ်၌ ရေပူဖောင်းများ မနားတမ်း ဖြစ်ပေါ်နေပြီး ဝဲကတော့ အသေးစားတစ်ခု ဖြစ်နေသည်ကို သူတို့ မြင်နေရသည်။ ဤသို့သော ရေသေကန်၌ ထိုအဖြစ်မျိုးကို မြင်ရသည်က အလွန် ထူးဆန်းလှသည်။ အထူးသဖြင့် ငါးအုပ်ကြီးက ဝဲကတော့ ပတ်လည်တွင် ပါးစပ်များဟ၍ အသည်းအသန် ကူးနေကြသည်။ ထို့အပြင် မရေတွက်နိုင်သော ငါးများက ဝဲကတော့တွင်းမှနေ၍ လျင်မြန်သော အရှိန်ဖြင့် အပြင်သို့ ကူးခပ်နေ၏။

ယင်းကို ရဲ့လင်းချန် မနေ့ကတည်းက သတိထားမိသည်။ ငါးများသည် အလွန် ပျင်းရိသည်။ သူတို့သည် ပါးစပ်များကို မနားတမ်း ဟထားသော်လည်း စကားပြောခဲ၏။

သူ ငါးဘာသာစကားကို နားလည်သော်လည်း ပြီးခဲ့သည့်တစ်ခေါက်က ငါးများထံမှ ဘာမှ များများစားစား မကြားလိုက်ရပါ။ သို့သော် လက်ရှိအချိန်၌ သူ့နားထဲတွင် ငါးတို့၏ အသံများနှင့် ပြည့်နေသည်။

...

#Zawgyi

စာစဥ္ 29 Chapter 427 ေရကန္၏ ထူးဆန္းမႈမ်ား

အျခားေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္လည္း ျဖစ္ႏိုင္ေပသည္။ ေနာက္ကြယ္မွ အေၾကာင္းျပခ်က္က ဘာပဲ ျဖစ္ေနပါေစ ရဲ႕လင္းခ်န္ စိတ္ဝင္စားမိသည္။

ပါရမီရွင္တစ္ေယာက္၏ ဘဝက ႐ိုးရွင္း၍ ပ်င္းစရာ ေကာင္းလွသည္။ ရဲ႕လင္းခ်န္၏ စိတ္ဝင္စားမႈကို ရႏို္ေသာ အရာက သိပ္မရွိေပ။ ထို႔ေၾကာင့္ သူ ပိုမို၍ ေလ့လာခ်င္မိသည္။

ထိုစဥ္ ႐ိုက္ကူးေရးအဖြဲ႕က တျဖည္းျဖည္း အနားကပ္လာၿပီး သူ႔အား ေမွ်ာ္လင့္တႀကီး ေမးလာသည္။

"ရဲ႕နတ္ဘုရား မင္း ဒီေန႔ ငါတို႔ကို ကြန္ဖူးအကြက္ေလးေတြ ထပ္မျပေတာ့ဘူးလား"

"မျပဘူး"

ရဲ႕လင္းခ်န္က ေခါင္းခါျပၿပီး ဘာမွ ထပ္မေျပာေတာ့ေခ်။

မေန႔က သူသည္ ခ်ီသန႔္စင္မႈေၾကာင့္ လုပ္ခဲ့ျခင္း ျဖစ္သည္။ သူ၏ ေသြးလည္ပတ္မႈကို လႈံ႕ေဆာ္ရန္ သူ ကိုယ္လက္ လႈပ္ရွားရန္ လိုအပ္သည္။ သို႔ေသာ္ သူသည္ ဤမနက္တြင္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ထားၿပီး ျဖစ္ၿပီး မေန႔ကေလာက္ မအံ့ဩေတာ့ေခ်။ သူတစ္ေယာက္တည္းသာ ရွိပါက သူ သိုင္းကြက္အခ်ိဳ႕ ေလ့က်င့္မိေလာက္သည္။ သို႔ေသာ္ သူတို႔သည္ တိုက္႐ိုက္ ထုတ္လႊင့္မႈ လုပ္ေနျခင္း ျဖစ္ၿပီး ၎က သူ စီစဥ္ထားေသာ အရာတစ္ခု မဟုတ္ေပ။

႐ိုက္ကူးေရးဝန္ထမ္းက အနည္းငယ္ စိတ္ပ်က္သြားသည္။ သို႔ေသာ္လည္း သူတို႔ အတင္း တိုက္တြန္း၍ မရႏိုင္မွန္း သိေနသည္။ သူတို႔ ရဲ႕လင္းခ်န္ကို ရန္မစရဲသျဖင့္ သူ႔စိတ္တိုင္းက်သာ လုပ္ခြင့္ျပဳႏိုင္ေပသည္။

ထင္ထားသည့္အတိုင္းပင္ ဒုတိယေျမာက္ ႏိုးလာသူက ဟြမ္ေလ့ျဖစ္ၿပီး သူက လူတိုင္းအတြက္ မနက္စာ ျပင္ဆင္ေလသည္။ ရဲ႕လင္းခ်န္က ရႈခင္းၾကည့္သည့္ တဲအိမ္ေလး၌ ပ်င္းရိပ်င္းတြဲ ထိုင္ေနသည္ကို ၾကည့္ၿပီး သူ မေနႏိုင္ဘဲ ၿပံးလိုက္မိသည္။

"ရဲ႕နတ္ဘုရားေရ၊ မင္းလည္း ဒီသနားစရာ အဘိုးႀကီးအတြက္ မစဥ္းစားေပးဘူးပဲ၊ မင္းရဲ႕ ဟင္းခ်က္ပညာနဲ႔ဆိုရင္ ငါ့ကို မနက္စာ ကူျပင္ေပးရင္ ပိုေကာင္းမွာပဲ"

"ဆရာဟြမ္ေလ့၊ ကြၽန္ေတာ္က ဒီမွာ ဧည့္သည္ေလ၊ ကြၽန္ေတာ္က ခင္ဗ်ားရဲ႕ မနက္စာကို ေစာင့္ေနတာ"

ရဲ႕လင္းခ်န္က ၿပဳံး၍ ျပန္ေျပာလိုက္သည္။ သူႏွင့္ စကားရည္လုရန္ သူ ပ်င္းရိလြန္းေနသည္။ တစ္ခ်ိန္တည္းမွာပင္ သူသည္ ဟြမ္ေလ့၏ ထင္ေပၚမႈကို မခိုးယူခ်င္ပါ။

ဟြမ္ေလ့က ရယ္ၿပီး မနက္စာကို စလုပ္သည္။

အခ်ိန္ အနည္းငယ္ ၾကာၿပီးေနာက္ ဟယ္က်ားက သူ႔အခန္းမွ ထြက္လာသည္။ ရဲ႕လင္းခ်န္ႏွင့္ ဟြမ္ေလ့ကို ျမင္ေသာအခါ သူ မအံ့ဩသြားဘဲ သူတို႔ကို ႏႈတ္ဆက္ေလသည္။

အံ့ဩစရာေကာင္းသည္မွာ သူ ဆင္းလာၿပီး မၾကာခင္မွာပင္ ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔ကလည္း ဆင္းလာသည္။

အမ်ိဳးသမီးမ်ား၌ အိပ္တတ္သည့္ အက်င့္ ရွိသည္။ ထို႔အျပင္ ေက်ာက္လ်န႔္ရင္၏ အိပ္စက္ျခင္းကို ျမတ္ႏိုးမႈက အႏုပညာေလာက တစ္ခုလုံး အသိပင္။ သူမက ကားထဲ ထိုင္ေနစဥ္မွာပင္ အိပ္ေပ်ာ္ႏိုင္၏။

"ဝိုး ... ဒီေန႔က ဘယ္လို အထူးတလည္ ေန႔မ်ိဳးမို႔ မင္းတို႔ ႏွစ္ေယာက္လုံး ဒီေလာက္ ေစာေစာ ထရတာလဲ"

ဟယ္က်ားက တအံ့တဩ ေမးေလသည္။

"ဟြန႔္ ငါတို႔ ထခ်င္လို႔ ထတာကို၊ တစ္ခုခု ျဖစ္လို႔လား"

ေက်ာက္လ်န႔္ရင္ ႏႈတ္ခမ္းစူသြားၿပီးေနာက္ ရဲ႕လင္းခ်န္အား တစ္ခ်က္ ခိုးၾကည့္သည။

"ကြၽန္မက ေစာေစာအိပ္ၿပီး ေစာေစာထတတ္တဲ့ မိန္းမေကာင္းေလးပါေနာ္"

"ခြိခြီ ... ဟားဟားဟား ..."

သူမစကားက ဟြမ္ေလ့ႏွင့္ ဟယ္က်ားကို ဟားတိုက္ ရယ္ေမာသြားေစသည္။ ဟူယြဲ႕အာေတာင္မွ ရယ္မိေလသည္။

"ငါ ရသစုံ ရႈိးတစ္ခုက အပိုင္းတစ္ပိုင္းကို အခုထိ မွတ္မိပါေသးတယ္၊ မင္း ေန႔တစ္ဝက္ေလာက္ ေပ်ာက္ေနခဲ့တာေလ၊ ၿပီးေတာ့ မင္း ေပးခဲ့တဲ့ အေၾကာင္းျပခ်က္က မင္း အိပ္ေပ်ာ္ေနလို႔ေလ"

ဟြမ္ေလ့က သူမအေၾကာင္းကို မညႇာမတာ ေဖာ္ေလသည္။

"အဲ့လို လုံးဝ မျဖစ္ခဲ့ပါဘူးေနာ္၊ ရွင္ အမွတ္မွားေနတာပဲ ျဖစ္မယ္"

ေက်ာက္လ်န႔္ရင္က ခြန္းတုံ႔ျပန္ေျပာလိုက္ၿပီး သူမမ်က္ႏွာက နီရဲေန၏။

တကယ္တမ္းတြင္ ရဲ႕လင္းခ်န္ေၾကာင့္ သူတို႔ ေစာေစာႏိုးႏိုင္ျခင္း ျဖစ္သည္။ လူေတာ္ေတာ္မ်ားမ်ားက အအိပ္မက္၍ အိပ္ၾကျခင္း မဟုတ္ေပ။ ၎က သူတို႔၏ အိပ္စက္ခ်ိန္ အရည္အေသြးႏွင့္ ပတ္သက္ေန၍ ျဖစ္သည္။

သုေတသနမ်ားက ေကာင္းေကာင္း အိပ္စက္ပါက လူတစ္ေယာက္သည္ တစ္ေန႔တြင္ ဆယ့္ခုနစ္မိနစ္သာ အိပ္ရန္ လိုအပ္သည္ဟု ဆိုထားသည္။ အခ်က္အလက္က လြန္ၾကဴးသည္ဟု ထင္ရေသာ္လည္း အေတာ္ေလး ျပႆနာမ်ား ရွိေလသည္။

ရဲ႕လင္းခ်န္၏ ႏွိပ္နယ္ျခင္းက သူမတို႔ ႏွစ္ေယာက္လုံးကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေစၿပီး အေႏွာင့္အယွက္မရွိ အိပ္ေစသည္။ သူမတို႔ မ်က္လုံးဖြင့္လိုက္သည္ႏွင့္ သူတို႔တို႔ အားအင္ ျပည့္ေနၿပီး ေခါင္းၾကည္သလို ခံစားရသည္။ ဤသို႔ေသာ အေျခအေနမ်ိဳး၌ ဘယ္သူမွ အိပ္ႏိုင္မည္ မဟုတ္ပါ။

လူတိုင္း ေပ်ာ္႐ႊင္စြာ စကားစျမည္ ေျပာေနၾကသည္။ မနက္စာ စားခ်ိန္ ေရာက္လုနီးေသာအခါ ေဝ့တ႐ႊင္းက အိပ္မႈန္စုံမႊားျဖင့္ ဆင္းလာသည္။ အားလုံးက သူ႔အား ေစာင့္ေနသည္ကို ျမင္ေသာအခါ သူ အနည္းငယ္ ရွက္သလို ခံစားလိုက္ရသည္။

"ရွင္ ေတာ္ေတာ္ အိပ္တာပဲ၊ ရွင္က ဝက္လား"

ေက်ာက္လ်န႔္ရင္က ခ်က္ခ်င္း သူ႔ကို မညႇာမတာ ဖဲ့ေလသည္။ ဤကိစၥ၌ ရွားရွားပါးပါး သူမ ေအာင္ႏိုင္သူလို ခံစားရေလသည္။ ယခုတစ္ေခါက္သည္ သူမဘဝ၌ အျခားသူမ်ားထက္ ပထမဆုံးအႀကိမ္ ေစာေစာႏိုးႏိုင္ျခင္း ျဖစ္သည္။

ထိုစကားက ခ်က္ခ်င္း ရယ္သံမ်ား ျဖစ္ေပၚလာေစသည္။ သူတို႔၏ မနက္စာက ေပ်ာ္႐ႊင္စြာ ၿပီးဆုံးသြားသည္။

"ရဲ႕နတ္ဘုရား ငါတို႔ ဘာလုပ္ၾကမွာလဲ"

ဟြမ္ေလ့က ေမးလိုက္သည္။

"ကြၽန္ေတာ္ ေတာင္ေပၚကို ေနာက္တစ္ခါ သြားဖို႔ စိတ္ကူးထားတယ္"

"ကြၽန္မတို႔လည္း လိုက္မယ္"

ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔၏ မ်က္လုံးမ်ားက ခ်က္ခ်င္း ဝင္းပလာၿပီး ၿပိဳင္တူ ေျဖလာသည္။

"ဒီတစ္ေခါက္ ကြၽန္မတို႔ ငါးနည္းနည္းေလာက္ ပိုဖမ္းထားၿပီး ေနာက္ပိုင္းအတြက္ သိမ္းထားရမယ္"

ေက်ာက္လ်န႔္ရင္က စိတ္အားထက္သန္စြာ ေျပာေလသည္။

"တကယ္ေတာ့ ငါတို႔ ငါးကို ေဈးထဲမွာ အသားတစ္ခ်ိဳ႕နဲ႔ လဲၿပီး ေရာင္းလို႔ရတယ္"

ဟူယြဲ႕အာက အႀကံျပဳသည္။

"အႀကံေကာင္းပဲ"

ဟယ္က်ားက သူတို႔စကားကို သေဘာတူသည္။

"ဒီတစ္ေခါက္ ငါတို႔ မင္းနဲ႔အတူ ေတာင္ေပၚ လိုက္ခဲ့ရင္ေရာ၊ အရင္တစ္ေခါက္တုန္းက အဲ့က ရႈခင္းက လွတယ္လို႔ မင္း ေျပာခဲ့တယ္ေလ၊ ငါတို႔ အဲ့ဒါကို မျမင္ရေသးဘူး"

"ေကာင္းသားပဲ၊ ဘာပဲျဖစ္ျဖစ္ ေစာေနေသးတာပဲေလ၊ ၿပီးေတာ့ ငါတို႔ ငါးပိုဖမ္းဖို႔ လိုတယ္ဆိုရင္ လူနည္းနည္းေလးနဲ႔ဆို ျပန္သယ္ဖို႔ ခက္မွာပဲ"

ဟြမ္ေလ့က ေခါင္းညိတ္ေထာက္ခံသည္။

"ဒါဆို သြားၾကတာေပါ့"

ေဝ့တ႐ႊင္း စိတ္မရွည္ေတာ့ေခ်။

ရဲ႕လင္းခ်န္အတြက္ အဆင္ေျပပါသည္။ သြားမည့္ လူအေရအတြက္က သူ႔အတြက္ သိပ္ထိခိုက္မႈ မရွိပါ။ သို႔ေသာ္ ထိုအေျခအေနေၾကာင့္ ဟူယြဲ႕အာႏွင့္ ေက်ာက္လ်န႔္ရင္တို႔က မေပ်ာ္႐ႊင္ပါ။

အစက သူတို႔ ႏွစ္ေယာက္လုံး ... သုံးေယာက္လုံးအတြက္ သီးသန႔္အခ်ိန္ေလး ျဖစ္သည္။ ႐ုတ္တရက္ မီးလုံးႀကီးမ်ားႏွင့္တူေသာ ဦးေလးႀကီး သုံးေယာက္က အပိုပါလာေလၿပီ။

ဆုံးျဖတ္ၿပီးသြားၿပီ ျဖစ္သျဖင့္ တစ္ဖြဲ႕လုံး ခ်က္ခ်င္း လႈပ္ရွားၾကသည္။ သူတို႔သည္ မႈိအိမ္ေလးထဲမွ ထြက္လာၿပီး ေတာင္ေပၚသို႔ အတူတူ ဦးတည္ ထြက္ခြာလာၾကေလသည္။

ပတ္ဝန္းက်င္သည္ မိုးေၾကာင့္ စိုစြတ္ေနဆဲျဖစ္ကာ ေတာင္တက္လမ္းက အေတာ္ေလး ခက္ခဲေနေသးသည္။ ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔က တစ္ခါတစ္ရံ အလန႔္တၾကား ထေအာ္တတ္သည္။ ေနာက္ဆုံးတြင္ သူတို႔သည္ ရဲ႕လင္းခ်န္ကို ေပၚတင္ လွမ္းဆြဲထားရန္ ဆုံးျဖတ္လိုက္ၿပီး သူမတို႔ သြားသည့္ ေနရာတိုင္း သူ႔ကို ကပ္ထားၾကသည္။

ရဲ႕လင္းခ်န္၏ ေျခလွမ္းမ်ားက တိုင္လုံးအလား ခိုင္မာလွသည္။ လမ္းတြင္ သူတို႔ကို ႀကီးမားေသာ လုံၿခဳံမႈ ျဖစ္ေစသည္။

တစ္ဖြဲ႕လုံး ေရကန္ကို ၾကာေသာအခါ သူတို႔ တအံ့တဩ အသံမ်ား မထြက္ဘဲ မေနႏိုင္ပါ။ သူတို႔၏ မ်က္လုံးတြင္ အံ့ဩေနေသာ အရိပ္အေယာင္က အထင္းသားပဲ။

မေန႔ကႏွင့္ ယွဥ္လိုက္လ်င္ ရႈခင္းက ပို၍ မွင္တက္ဖြယ္ေကာင္းလွသည္။ အပင္တိုင္းတြင္ ေနေရာင္ျခည္ ျဖာက်ေနၿပီး သူတို႔အား အကန႔္အသတ္မဲ့ေသာ အသက္ဓာတ္ ေပးစြမ္းေန၏။

"ဒီေနရာက နတ္ျပည္လိုပဲ၊ ဘဝရဲ႕ အံ့ဩစရာေတြက တကယ္ကို ရင္သက္ ရႈေမာဖြယ္ ေကာင္းတာပဲ"

ဟယ္က်ားက တအံ့တဩ ေျပာသည္။

"ငါ အိုမင္းလာရင္ ဒီေနရာမွာ အနားယူဖို႔ စိတ္ကူးထားတယ္၊ အပင္ေလး စိုက္ၿပီး တစ္ခါတေလ ငါးဖမ္းခ်င္တယ္၊ ဒါ ေသခ်ာေပါက္ ဘဝကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းတဲ့ နည္းပဲ"

ဟြမ္ေလ့က သူ႔အနားယူမည့္ကိစၥကို စိတ္ကူးၿပီးေနေလၿပီ။

"ဒီက အပင္ေတြက မေန႔ကထက္ ပိုၿပီးေတာ့ လွေနတယ္လို႔ ငါ ဘာလို႔ ခံစားမိေနတာပါလိမ့္"

ေက်ာက္လ်န႔္ရင္က ေျမႀကီးထဲဥ အပင္မ်ားကို ၾကည့္ၿပီး တအံ့တဩ ေမးေနသည္။

"မိုးေၾကာင့္ ျဖစ္ႏိုင္တယ္၊ မိုးေရနဲ႔ ေဆးေၾကာခံလိုက္ရေတာ့ ျမင္ကြင္းက ပိုလွလာတာေပါ့"

ဟူယြဲ႕အာက ခန႔္မွန္းသည္။

႐ိုက္ကူးေရး အဖြဲ႕သားမ်ားက တိုက္႐ိုက္ ထုတ္လႊင့္မႈအတြက္ အနီးကပ္ ႐ိုက္ကူးၾကသျဖင့္ ၾကည့္ရႈသူမ်ားထံမွ အံ့ဩသံမ်ား ထြက္ေပၚလာ၏။

႐ိုက္ကူးေရးအဖြဲ႕သားမ်ားသည္ ဤေနရာကို ေ႐ြးခ်ယ္ရန္အတြက္ လီေတာင္တန္း၏ အာဏာပိုင္မ်ားႏွင့္ ညႇိႏႈိင္း ေဆြးေႏြးၿပီးသား ျဖစ္သည္။ သူတို႔သည္ လီေတာင္တန္းကို ကူညီ၍ ေၾကာ္ျငာေပးၿပီး ခရီးသြားမ်ားကို ပိုဆြဲေဆာင္ရန္ ရႈခင္းအလွအပကို တိုး၍ ေၾကာ္ျငာၾကသည္။ ယင္းမွာ ဤအစီအစဥ္၏ အဓိက ရည္႐ြယ္ခ်က္ပင္။

ရဲ႕လင္းခ်န္က အဖြဲ႕ကို လ်စ္လ်ဴရႈထားသည္။ သူ ေရာက္လာကတည္းက ေရကန္၏ အလယ္ကို အျပည့္အဝ အာ႐ုံ စိုက္ေနမိသည္။

သူ သတိေပးစရာပင္ လိုအပ္ျခင္းမရွိဘဲ အဖြဲ႕၏ အာ႐ုံက ေရကန္၏ အလယ္သို႔ လ်င္ျမန္စြာ ေရာက္ရွိသြားသည္။

ေရကန္အလယ္၌ ေရပူေဖာင္းမ်ား မနားတမ္း ျဖစ္ေပၚေနၿပီး ဝဲကေတာ့ အေသးစားတစ္ခု ျဖစ္ေနသည္ကို သူတို႔ ျမင္ေနရသည္။ ဤသို႔ေသာ ေရေသကန္၌ ထိုအျဖစ္မ်ိဳးကို ျမင္ရသည္က အလြန္ ထူးဆန္းလွသည္။ အထူးသျဖင့္ ငါးအုပ္ႀကီးက ဝဲကေတာ့ ပတ္လည္တြင္ ပါးစပ္မ်ားဟ၍ အသည္းအသန္ ကူးေနၾကသည္။ ထို႔အျပင္ မေရတြက္ႏိုင္ေသာ ငါးမ်ားက ဝဲကေတာ့တြင္းမွေန၍ လ်င္ျမန္ေသာ အရွိန္ျဖင့္ အျပင္သို႔ ကူးခပ္ေန၏။

ယင္းကို ရဲ႕လင္းခ်န္ မေန႔ကတည္းက သတိထားမိသည္။ ငါးမ်ားသည္ အလြန္ ပ်င္းရိသည္။ သူတို႔သည္ ပါးစပ္မ်ားကို မနားတမ္း ဟထားေသာ္လည္း စကားေျပာခဲ၏။

သူ ငါးဘာသာစကားကို နားလည္ေသာ္လည္း ၿပီးခဲ့သည့္တစ္ေခါက္က ငါးမ်ားထံမွ ဘာမွ မ်ားမ်ားစားစား မၾကားလိုက္ရပါ။ သို႔ေသာ္ လက္ရွိအခ်ိန္၌ သူ႔နားထဲတြင္ ငါးတို႔၏ အသံမ်ားႏွင့္ ျပည့္ေနသည္။

...

Czytaj Dalej

To Też Polubisz

545K 17.6K 158
Genre: Space, Doting, Farming, Time travel, Healing Synopsis: Xu Linyue from the 21st century crossing over with the heavenly space soul penetration...
91.7K 809 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
7.7K 300 37
The eternal supreme! ထာ၀ရနတ်ဘုရားအရှင်သခင် -------------------------------------------- မူရင်းအာသာ -Taiyi Shengshui ဘာသာပြန် - Yun'e Chapter-2404(com...