(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (...

By alinkarnang

10.2K 660 91

ကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုး‌ဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်... More

intro 1+2+3
အပိုင်း(1)
1.zgi
အပိုင်း(2)
2.zgi
အပိုင်း(3)
3.zgi
အပိုင်း(4)
4.zgi
အပိုင်း(5)
အပိုင်း(6)
5.zgi
6.zgi
7.
အပိုင်း(8)
8.zgi
အပိုင်း(၉)
9.zgi
.အပိုင်း။၁၀
10.zgi
အပိုင်း(၁၁)
11.zgi
12.zgi
အပိုင်း(12)
အပိုင်း(၁၃)
13.zgi
ဇတ်ကောင်မိတ်ဆက်
အပိုင်း(14)
14.zgi
အပိုင်း(15)
15.zgi
အပိုင်း(၁၆)
16.zgi
အပိုင်း(17)
17.,zgi
အပိုင်း(၁၈)
18.zgi
အပိုင်း(၁၉)
19.zgi
20.
20.zgi
၂၁.
21.zgi
22.zgi
၂၂
23.
23.zgi
24.
24.zgi
25.
25.zgi
26.uni
26.zgi
27.
27.zgi
28.
28.zgi
29.
29.zgi
30.
31.
32=.
33
34.uni
30.zgi
31.zgi
32.zgi
33.zgi
34.zgi
35.
36
37
38.
35.zgi
36.zgi
37.zgi
38.zgi
39.
40.
39.zgi
40.zgi
41.
41.zgi
အပိုင်း(42)
42.zgi
43.
43.zgi
44.
45.
44.zgi
45.zgi
46.
အပိုင်း(47)
46.zgi
47.zgi
48.zgi++
49.zgi
48.
49.
50.
၅၁.
51.zgi
52.
52.zgi
၅၃.
54

7.,zgi

60 0 0
By alinkarnang


အပိုင်း(7)

မြတ်ဘုန်းသျှန်ကို သူမအကိုလိုမြင်လာပြီး မယ်ရီဆူးကြောင့်ဒုက္ခရောက်မှာကိုမမြင်ချင်ဘူး

ဒါကြောင့်ပဲ သူမ မလိုအပ်ပဲဂျစ်တိုက်နေမိတာ

တဖက်မိန်းကလေးကလဲ ဒီမိန်းက‌လေးက သူမအပေါ်မကြည်လင်ဘူးဆိုတာသိလိုက်ရတယ်

ခုမှပထမဆုံးတွေ့ဖူးတာကြောင့် သူမလဲ ပြသနာလုပ်မနေတော့ဘူး  အပြင်က အကိုဖြစ်သူရဲ့မတရားအလိုလိုက်မူ့ကို ခံထားတဲ့ ချမ်းသာတဲ့အိမ်က မမလေးပဲနေမှာပေါ့

ဒါပေမဲ့လဲ သူမ မနာလိုတော့ဖြစ်မိလေတယ် သူမကတစ်ကောင်ကြွက်မို့ချစ်တဲ့သူမရှိတာကြောင့် သူမကအချစ်ခံရတဲ့ခံစားချက်ကိုသဘောကျလေတယ် အထူးသဖြင့် ယောကျာ်းလေးတွေရဲ့ယစ်မူးပျော်ဝင်နေတဲ့အကြည့်နဲ့ကြည့်ခံရတာကိုပိုသဘောကျလေတယ်

စောနက တစ်ယောက်ကတော့ သူ့မျက်လုံးတွေက ကြည်လင်နေပြီးသန့်စင်နေလေတယ် သူမရဲ့အလှကြောင့် အံဩမူ့တစက်တောင်ရှိမနေပဲ အာသဝေါကုန်ခမ်းနေသလိုမျိုး ဒါပေမဲ့ ညီမဖြစ်သူအကြောင်းပြောလာချိန်မှာတော့ အဲ့သန့်စင်ကြည်လင်တဲ့မျက်ဝန်းထဲ နွေးထွေးတဲ့အလင်းစက်တချို့က မှောင်မဲတိတ်ဆိတ်တဲ့ညအလယ်မှာပိုးစုန်းကြူးတို့လင်းလက်လာသလိုမျိုး ကူကယ်ရာမဲ့စွာနဲ့အနှိုင်းမဲ့မြတ်နိုးခြင်းတို့ရှိနေလေတယ်

"မြတ်ဘုန်းသျှန်...... "

ရှင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ....

ထိုသူ့ရဲ့နာမည်ကအစမြင့်မြတ်တော်ဝင်ဆန်ပြီး ပါးစပ်ဖျားမှာခေါ်လိုက်တဲ့အချိန် ထူးခြားတဲ့ရသကိုခံစားရလေတယ်

နှင်းဒီဇင်ဘာက နှုတ်ခမ်းတို့တွန့်ကွေးကာပြုံးလိုက်မိတယ်

မချစ်တတ်သေးတဲ့လူတစ်ယောက်ရဲ့နှလုံးသားကိုအရောင်ခြယ်ရတာလောက်စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ထပ်မရှိတော့ဘူးလို့သူမထင်လေတယ်

"ရှင်ကြွေကျမြေခလာပြီးကျွန်မရဲ့ခြေထောက်အောက်ဝပ်စင်းလာတဲ့အချိန် ရှင့်ရဲ့အဲ့ဒီမာနကြီးသန့်စင်တဲ့မျက်ဝန်းတွေညစ်ထေးလာတဲ့အခါ အရမ်းကြည့်ကောင်းမှာပဲ မြတ်ဘုန်းသျှန် ကျွန်မရှင့်ကိုဒီ‌နေ့ကစလိုက်တော့မယ် "

မှန်ထဲက လုံးဝအပြစ်ကင်းစင်ဟန်ရှိတဲ့မိန်းကလေးက ‌နှုတ်ခမ်းတွန့်ကွေးကာပြုံး‌လာတဲ့အခါ ယုန်သူငယ်ကနေ ကောက်ကျစ်တဲ့မြေခွေးအဖြစ်ကိုပြောင်းသွားသလိုမျိုး ရုပ်ကလဲ ပြောင်းလဲသွားတော့တယ် ဒါပေမဲ့ ခနအကြာမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး ပုံမှန်အခြေအနေကိုပြန်ရောက်သွားလေရဲ့

အပြင်က ဘာမှမသိတဲ့တစ်ယောက်ကတော့ သူမရဲ့လက်တွေကို အကြောင်းပြချက်မရှိသုတ်နေကာ ပါးစပ်ကလဲ ပွစိပွစိရွတ်နေလေတယ်

သန့်စင်ခန်းအပြင်ရောက်လို့ ကြည့်လိုက်တော့ မြတ်ဘုန်းသျှန်က ဘောင်းဘီအိပ်ကပ်ထဲလက်တစ်ဖက်ထိုးကာ ပျင်းရိပျင်းတွဲရပ်နေပြီး နောက်တဖက်ကတော့ဖုန်းကိုင်ကာကြည့်နေလေတယ်

အရမ်းမိုက်တဲ့စတိုင်နဲ့ရုပ်ရည်က လုံးဝကိုအပျံစားပဲ အဲ့ဒီမယ်ရီဆူးနဲ့ဘယ်နေရာမှာသွားထိုက်တန်နေလို့လဲ

မြတ်ပန်းဝေတစ်ယောက် သူမ အမြန်ပြေးသွားလိုက်ကာ အကိုဖြစ်သူရဲ့လက်မောင်းကိုဖက်တွယ်လိုက်လေတယ်

တစုံတစ်မြတ်ကတော့ သူ့လက်မောင်းကိုလာထိတဲ့နူးညံ့ပိစက်လုံးဝန်းတဲ့အရာကြောင့် ကြက်သေသေကာတောင့်ခဲသွားလေတယ်

ပြီးတော့ ထူးဆန်းတဲ့လှိုင်းတချို့ကလဲ သူ့ရင်ကိုရိုက်ခတ်သွားလေရဲ့ အကြောင်းပြချက်မရှိ လည်ချောင်းခြောက်လာကာ နားရွက်ဖျားတို့ နီရဲလာကာ လုပ်လက်စအရာအားလုံးကိုပါမေ့သွားလေတယ်

မြတ်ပန်းဝေကတော့ သူမအပူနဲ့သူမမို့ တခြားအရာတွေကို စိတ်မဝင်စားပဲ အချိုသာဆုံးအသံနဲ့ ခေါ်လိုက်လေတယ်

"ကိုကို"

"အမ် "

အက်ရှရှအသံနဲ့မသဲမကွဲပြန်ဖြေလာတာက မြတ်ဘုန်းသျှန်

သူမအသံကချိုလွန်းလို့ သူ့မှာသွားတွေတောင်ကိုက်ချင်လာပေမဲ့ သူထူးလိုက်တဲ့ သူ့အသံကိုလဲ သူတောင်မမှတ်မိလိုက်တာကြောင့် ရှက်ကိုးရှက်ကန်းနဲ့ လက်သီးဆုပ်ကိုပါးစပ်နားအုပ်ပြီး တချက်နှစ်ချက်ချောင်းဟန့်လိုက်ပြီးမှ

"အင်းပြောလေ ဘာဖြစ်လို့လဲ"

"ကိုကို ကောင်မလေးရှိလာရင် မြတ်ကိုအရင်ပြောပြရမယ်နော် ပြီးတော့လေ ဒီအတိုင်း လမ်းကြုံတွေ့သမျှမိန်းမတွေကိုလဲ သွားမကြိုက်ရဘူးနော် တချို့တွေကရုပ်လှပေမဲ့စိတ်ကတော့သိပ်ယုတ်ကြတာ ဒါကြောင့် ကိုကို ကြိုက်တဲ့မိန်းကလေးတွေ့တာနဲ့ မြတ်ကိုအရင်ပြ မြတ်ကိုကျော်ပြီးမှ မေမေနဲ့ဖေဖေကိုမိတ်ဆက်ပေးရမယ် နော် "

"ဟင် "

"နော် နော် နော် နော်လို့ မရဘူး ဂတိပေး အဲ့လိုကျိန်းသေလုပ်ရမယ်နော် "

သူမက သူမဘာသာ သူမ အကိုဖြစ်သူရဲ့လက်ကိုဆွဲကာ လက်မနဲ့လက်သန်းချိတ်ကာဂတိလုပ်လိုက်လေတော့တယ်

သူ့ညီမက ဒီလောက်စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်တာက စောနက‌မိန်းက‌‌လေးကြောင့်များလား

ဘယ်လိုပဲဖြစ်ဖြစ် မြတ်ဘုန်းသျှန်တစ်ယောက် သူ့နှလုံးသားဟာပျားရည်အိုင်ထဲနှစ်မြုတ်သွားသလိုခံစားလိုက်ရကာ ချိုမြသွားတော့တယ်

သူ့မှာမနေနိုင်ပဲ သူမရဲ့ခေါင်း‌ပေါ်ကဆံပင်အိအိလေးတွေကိုသပ်ပေးလိုက်ရင်း ဂတိပေးလိုက်ရတော့တယ်

"ကောင်းပါပြီဗျာ အဲ့လိုလုပ်ပါ့မယ်ဟုတ်ပြီလား"

"ရေးးးး ဒါကြောင့် ကိုကို့ကိုချစ်တာ "

မြတ်ဘုန်းသျှန်မှာ နောက်တခါထပ်တောင့်ခဲသွားပြန်တယ်

ဒါပေမဲ့ ငတုံးမလေးကတော့ ဟိုမယ်ရီဆူးနဲ့တွေ့မှာစိုးလို့ အကိုဖြစ်သူကိုအားသေးသေးပိစိလေးနဲ့အားကုန်ဆွဲ‌ပြေးသွားလေတယ်

သူမက ပုရွက်ဆိတ်လေးကပေါင်မုန့်ကြီးကိုမသွားသလိုပဲ မလိုက်မကိုက်ဖြစ်နေပေမဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် မြတ်ဘုန်းသျှန်မှာ မနေနိုင်ပဲရယ်မောမိကာ သူ့မျက်ဝန်းတွေထဲမှာလဲ ကူကယ်ရာမဲ့ခြင်းတို့ပြည့်လို့နေတယ်

အဲ့နောက်တော့ လူသေးသေးလေးဆွဲတဲ့နောက်ကို အသာတကြည်လိုက်ပါသွားလေရဲ့

.........🥕🥕🥕🥕🌿🌿🌿🌿🥕🥕🥕🥕🌿🌿🌿🌿🥕🥕🥕🥕🌿🌿🌿🥕🥕🥕🥕🥕🥕🌿🌿🌿🌿🌿

Alinkar nang 🌿

Continue Reading

You'll Also Like

648K 71.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
788K 31.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
25.5M 766K 76
"You are mine!" He roars. "I will do whatever it takes to make you know that. Whether it means I lock you up in a prison and throw away the key." Foo...
133K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။