အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်...

By CelesAstra27

193K 20.5K 135

Eng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္... More

အခန်း(၁) ကိုယ့်အမှားကိုယ် ဝန်ခံရမယ်
အခန်း(၂) အဖေတို့က ယိလင်ကို ကာကွယ်ဖို့ပဲ သိတယ်
အခန်း(၃) အခုပျော်ပြီလား
အခန်း(၄)ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ
အခန်း(၅) သီးသန့်ကျူရှင်ဆရာ
အခန်း(၆) မူရင်းဝတ္ထုရဲ့ ခေါင်းဆောင်မင်းသားကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
အခန်း(၇) အရမ်းကြောက်တတ်မယ့်ပုံစံလေး
အခန်း(၈) ကျမ့်မိသားစုအိမ်ဟောင်း
အခန်း(၉) ကျမ့်မိသားစုအိမ်ဟောင်း (၂)
အခန်း(၁၀) ပေကျင်းမြို့က ဆရာရှန်း
အခန်း(၁၁) အဖျားဝင်တဲ့ ကျမ့်ယွင်ချန်း
အခန်း(၁၂) ကျမ့်ယိလင်ရဲ့ အချက်အပြုတ် စွမ်းရည်
အခန်း(၁၃) ဇာတ်လိုက်မင်းသမီး မိုရှစ်ယွင်
အခန်း(၁၄) ဆေးရုံကော်ရစ်ဒါမှာ အိပ်တဲ့လူ
အခန်း(၁၅) လုပ်ကြံမျက်ရည်
အခန်း(၁၆) ကျောင်းပြန်တက်ခြင်း
အခန်း(၁၇) နင်ကကျမ့်ယိလင်ထက် အများကြီးပိုသာတယ်
အခန်း(၁၈) - အစ်မကြီးချွေ့
အခန်း(၁၉) - လက်တစ်ဖက်ကြေး
အခန်း(၂၀) - သကြားလုံးပါဆို
အခန်း(၂၁) ဆရာ့ကို စစ်ခိုင်းလိုက်
အခန်း(၂၂) အတန်းလာတဲ့ ဝံပုလွေတစ်ကောင်
အခန်း(၂၃) ယုန်ယောင်ဆောင်သော ဝံပုလွေ
အခန်း(၂၄) ပဟေဠိဆန်တဲ့ ရင်းနှီးမြှုပ်နှံသူ
အခန်း(၂၅) အစ်ကိုကြီးနဲ့ နှစ်ယောက်တည်း (၁)
အခန်း(၂၆) အစ်ကိုကြီးနဲ့ နှစ်ယောက်တည်း (၂)
အခန်း(၂၇) ချွေ့ယီကျန်း ပြဿနာရှာပြန်ပြီ
အခန်း(၂၈) ရှန်းဟွာအထက်တန်းကျောင်းကနေ အမြန်ဆုံးထွက်သွား
အခန်း(၂၉) ဗီဒီယို ရိုက်ထားတယ်
အခန်း(၃၀) ချွေ့ယီကျန်း သောကရောက်ခြင်း
အခန်း(၃၁) ဆရာရှန်းကို ချွေ့လီယောင်တွေ့ချင်တယ်
အခန်း(၃၂) နှစ်ခါမပြောဘူး
အခန်း(၃၃) ကျမ့်ယိလင်ကို အိမ်တော်ဟောင်းဆီ ပြန်ပို့ခြင်း
အခန်း(၃၄) ငါ့အသဲတုံးလေးကို တန်ဖိုးထားမယ်
အခန်း(၃၅) မတော်တဆ တွေ့ဆုံမှု
အခန်း(၃၆) ဒုတိယဒေါ်လေး ဟဲယန်
အခန်း(၃၇) ဟဲယန်ရဲ့ အကြံအစည်
အခန်း(၃၈) ဝမ်းကွဲအစ်ကို ကျမ့်ယုကျဲ
အခန်း(၃၉) ကျမ့်ယုကျဲရဲ့ ရည်မှန်းချက်များ
အခန်း(၄၀) ဆရာရှန်းလာလည်ခြင်း
အခန်း(၄၁) ဒီလူ သူ့ညီမလေးကို ချဉ်းကပ်ချင်နေတာလား
အခန်း(၄၂) ပါတီပွဲဖိတ်ခြင်း
အခန်း(၄၃) သုတေသနအဖွဲ့အစည်းမှာ ချိန်းဆိုခြင်း
အခန်း(၄၄) ပို့စ်ဖျက်လိုက်ပြီ
အခန်း(၄၅) ဆရာရှန်းရဲ့ လက်ဆောင်(၁)
အခန်း(၄၆) ဆရာရှန်းရဲ့ လက်ဆောင် (၂)
အခန်း(၄၇) သဘောတူပြီနော်
အခန်း(၄၈) နားဖို့လိုနေပြီ
အခန်း(၄၉) ယိလင်ကို မမြင်ရမချင်း စိတ်မအေးနိုင်ဘူး
အခန်း(၅၀) ပါတီပွဲ (၁)
အခန်း(၅၁) ပါတီပွဲ (၂)
အခန်း(၅၂) ပါတီပွဲ(၃)
အခန်း(၅၃) ပါတီပွဲ(၄)
အခန်း(၅၄) ပါတီပွဲ(၅)
အခန်း(၅၅) တနင်္ဂနွေနေ့မှာ ကျူရှင်သင်ခြင်း
အခန်း(၅၆) FPS ဂိမ်း
အခန်း(၅၇) မျှော်လင့်ထားတာနဲ့ တခြားစီ
အခန်း(၅၉) သုတေသန အဖွဲ့အစည်း (၂)
အခန်း(၆၀) သုတေသန အဖွဲ့အစည်း(၃)
အခန်း(၆၁) သုတေသနအဖွဲ့အစည်း(၄)
အခန်း(၆၂) သုတေသနအဖွဲ့အစည်း(၅)
အခန်း(၆၃) အမှတ်တွေသိပ်မကောင်းဘူး
အခန်း(၆၄) လက်ဆောင်(၁)
အခန်း(၆၅) လက်ဆောင်(၂)
အခန်း(၆၆) လက်ဆောင်(၃)
အခန်း(၆၇) အစ်ကိုကြီးရဲ့ သံသယများ
အခန်း(၆၈) 'ကိုကြီး'လို့ခေါ်ပါလား
အခန်း(၆၉) အိမ်ပြန်ခေါ်သွားချင်တယ်ဟုတ်လား!
အခန်း(၇၀) အစ်ကိုကြီးရဲ့ စုံစမ်းစစ်ဆေးမှု
အခန်း(၇၁) မိုမိသားစုရဲ့စိုးရမ်ကြောင့်ကြမှု
အခန်း(၇၂) အကြံဆိုးနဲ့ ရည်းစားစကားပြောခြင်း (၁)
အခန်း(၇၃) အကြံဆိုးနဲ့ ရည်းစားစကားပြောခြင်း (၂)
အခန်း(၇၄) ယိလင်‌လေးကို ကာကွယ်ကြ (၁)
အခန်း(၇၅) ယိလင်လေး ကာကွယ်ကြ (၂)
အခန်း(၇၆) ယိလင်လေးကို ကာကွယ်ကြ (၃)
အခန်း(၇၇) ယိလင်လေးကို ကာကွယ်ကြ (၄)
အခန်း(၇၈) ယိလင်လေးကို ကာကွယ်ကြ (၅)
အခန်း(၇၉) ယိလင်လေးကို ကာကွယ်ကြ (၆)
အခန်း(၈၀) ယိလင်လေးကို ကာကွယ်ကြ(၇)
အခန်း(၈၁) ယိလင်လေးကို ကာကွယ်ကြ (၈)
အခန်း(၈၂) တစ်အုပ်လုံး အရှက်ခွဲခံရပြီ
အခန်း(၈၃) ချွေ့လီယောင်ရဲ့ ပြစ်တင်မှု
အခန်း(၈၄) ကျမ့်ယိလင်ကိုမြင်ရင် ရှောင်သာသွား
အခန်း(၈၅) ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လက်နက်
အခန်း(၈၆) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၁)
အခန်း(၈၇) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၂)
အခန်း(၈၈) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၃)
အခန််း(၈၉) ဆရာရှန်းနဲ့ ဂိမ်းကစားခြင်း (၄)
အခန်း(၉၀) ယုကျဲအတွက် ဆွယ်တာ
အခန်း(၉၁) ခွဲစိတ်ကုသဖို့ လူတွေ့ပြီ
အခန်း(၉၂) ထပ်မံ စုံစမ်းစစ်ဆေးခြင်း
အခန််း(၉၃) တဖက်လူက အရမ်းမျှော်လင့်ထားတယ်
အခန်း(၉၄) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း
အခန်း(၉၅) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၂)
အခန််း(၉၆) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၃)
အခန်း(၉၇) ကျမ့်အိမ်တော်ဟောင်းမှာ တွေ့ဆုံခြင်း (၄)
အခန်း(၉၈) ဆရာရှန်းကို ဆင်ခြေပေးခိုင်းလိုက်
အခန်း(၉၉) အဘိုးကျမ့်နဲ့ ကျမ့်ရှုရှင်းတို့ရဲ့ စကားဝိုင်း
အခန်း(၁၀၀) ခြံဝန်းထဲက အသားကင်ပွဲတော်
အခန်း(၁၀၁) ခြံဝန်းထဲက အသားကင်ပွဲတော် (၂)
အခန်း(၁၀၂) ခြံဝန်းထဲက အသားကင်ပွဲတော် (၃)
အခန်း(၁၀၃) ခြံဝန်းထဲက အသားကင်ပွဲတော် (၄)
အခန်း(၁၀၄) ခြံဝန်းထဲက အသားကင်ပွဲတော် (၅)
အခန်း(၁၀၅) ဆွယ်တာကို ယိလင်ထိုးထားတာ (၁)
အခန်း(၁၀၆) ဆွယ်တာကို ယိလင်ထိုးထားတာ (၂)
အခန်း(၁၀၇) ဝန်ခံချက် (၁)
အခန်း(၁၀၈) ဝန်ခံချက် (၂)
အခန်း(၁၀၉) ပြန်ပေးဆပ်ရမယ်
အခန်း(၁၁၀) ဒုတိယအစ်ကို ကျမ့်ယွင်မို ဖုန်းဆက်ခြင်း
အခန်း(၁၁၁) ကျမ့်ယွင်နော်ကို ဆုံးမခြင်း (၁)
အခန်း(၁၁၂) ကျမ့်ယွင်နော်ကို ဆုံးမခြင်း (၂)
အခန်း(၁၁၃) တည်ငြိမ်အေးဆေးတဲ့ အတွဲ
အခန်း(၁၁၄) Boy Band တစ်ခုနဲ့ တွေ့ဆုံခြင်း
အခန်း(၁၁၅) လူသားသဲအိတ် (၁)
အခန်း(၁၁၆) လူသားသဲအိတ် (၂)
အခန်း(၁၁၇) အစီအစဉ်တွေ ချပြီးပြီ
အခန်း(၁၁၈) သုတေသန အဖွဲ့အစည်းကို ချင်းချွမ် ရောက်လာတယ်
အခန်း(၁၁၉) ပထမဆုံး အလုပ်ဆင်းတဲ့နေ့ (၁)
အခန်း(၁၂၀) ပထမဆုံး အလုပ်ဆင်းတဲ့နေ့ (၂)
အခန်း(၁၂၁) ပထမဆုံး အလုပ်ဆင်းတဲ့နေ့ (၃)
အခန်း(၁၂၂) လပတ်စာမေးပွဲ ရလဒ် (၁)
အခန်း(၁၂၃) လပတ်စာမေးပွဲရလဒ် (၂)
အခန်း(၁၂၄): ရှန်းဟွာမှာ ပြဿနာလာရှာတဲ့ မိုရှစ်ယွင်ရဲ့အဖေ (၁)
အခန်း(၁၂၅) ရှန်းဟွာမှာ ပြဿနာလာရှာတဲ့ မိုရှစ်ယွင်ရဲ့အဖေ (၂)
အခန်း(၁၂၆) အတိတ်သမိုင်းကြောင်းတွေပေါ်လာပြီ (၁)
အခန်း(၁၂၇) အတိတ်သမိုင်းကြောင်းတွေပေါ်လာပြီ (၂)
အခန်း(၁၂၈) အတိတ်သမိုင်းကြောင်းတွေပေါ်လာပြီ (၃)
အခန်း(၁၂၉) ကျမ့်ယွင်ချန်းကို ကျိုက်ယွင်ရှန်း စကားဖြင့်တိုက်ခိုက်ခြင်း
အခန်း(၁၃၀) ယွင်ချန်းကို မင်းဘာမှ မလုပ်လိုက်ပါဘူးနော်
အခန်း(၁၃၁) ဝမ်းကွဲအစ်ကို ကျမ့်ယုမင် (၁)
အခန်း(၁၃၂) ဝမ်းကွဲအစ်ကို ကျမ့်ယုမင် (၂)
အခန်း(၁၃၃) လုံခြုံရေးမှတ်တမ်းတွေ့ပြီ
အခန်း(၁၃၄) ခွဲစိတ်ကုသမှုကို လက်ခံတယ်
အခန်း(၁၃၅) ယိလင်လေး နာမကျန်းဖြစ်ခြင်း (၁)
အခန်း(၁၃၆) ယိလင်လေး နာမကျန်းဖြစ်ခြင်း (၂)
အခန်:(၁၃၇) ယိလင်လေး နာမကျန်းဖြစ်ခြင်း (၃)
အခန်း(၁၃၈) ယိလင်လေး နာမကျန်းဖြစ်ခြင်း (၄)
အခန်း(၁၃၉) ယိလင်ရဲ့ မိတ်ဆွေများ (၁)
အခန်း(၁၄၀) ယိလင်ရဲ့ မိတ်ဆွေများ (၂)
အခန်း(၁၄၁) ယိလင်ရဲ့ မိတ်ဆွေများ (၃)
အခန်း(၁၄၂) အလွန်ဆုံး ပရိတ်သတ်တစ်ယောက်ဆုံးရှုံးရုံပဲ ရှိမယ်
အခန်း(၁၄၃) ငါ့နာမည်ကိုလည်း ဂရုစိုက်ဖို့ လိုသေးတယ်
အခန်း(၁၄၄) ဆရာရှန်း လူနာသတင်းလာမေးခြင်း (၁)
အခန်း(၁၄၅) ဆရာရှန်း လူနာသတင်းလာမေးခြင်း (၂)
အခန်း(၁၄၆) ယုကျဲ လူနာသတင်းလာမေးခြင်း
အခန်း(၁၄၇) ကျမ့်ယုမင်ရဲ့ အားပေးစကား
အခန်း(၁၄၈) လုံခြုံရေးမှတ်တမ်း ဗီဒီယိုကို ယုကျဲတွေ့သွားပြီ (၁)
အခန်း(၁၄၉) လုံခြုံရေးမှတ်တမ်း ဗီဒီယိုကို ယုကျဲတွေ့သွားပြီ (၂)
အခန်း(၁၅၀) သူငယ်ချင်း နောက်တစ်စု

အခန်း(၅၈) သုတေသန အဖွဲ့အစည်း

1.4K 150 0
By CelesAstra27

အခန်း(၅၈) သုတေသန အဖွဲ့အစည်း

"စိတ်မပူပါနဲ့ ပရော်ဖက်ဆာကြီး။ သူကတိ မဖျက်လောက်ပါဘူး။ သူ့ပုံစံက စကားမတည်တတ်တဲ့လူ မဟုတ်လောက်ဘူး"

"မသိပါဘူးကွာ။ ငါ့တို့ဆီက ပါရမီရှင်လေးကို သူများတွေ လုသွားမှာ ကြောက်နေတာ" ပရော်ဖက်ဆာက ဆို၏။ ဘာမဆို ကြိုတွေးထားတာ ပိုကောင်းပါသည်။

တခြား ဆေးဝါးသုတေသန အဖွဲ့အစည်းများကလည်း ဒီလိုပါရမီရှင်မျိုးကို သိမ်းသွင်းဖို့ ကြိုးစားချင်ကြမှာ သေချာသည်။

ထို့ကြောင့် သူတို့ဘက်က အရင်ဆုံး လှုပ်ရှားရမည်။ သူတို့ ဆက်သွယ်နိုင်ပါက စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုချင်သည်။

ဒါက ဘေးအကင်းဆုံးနဲ့ စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါသည်။

"ဟုတ်ကဲ့ပါ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်သူနဲ့ ဆက်ပြီး ဆက်သွယ် ထားလိုက်ပါ့မယ်" ချန်းယွီလည်း ထို ဒေါက်တာ F.S အကြောင်းကို အတော်လေး စိတ်ဝင်စားမိသည်။

SCI မှာ ဒေါက်တာ F.S တင်ထားသည့် သုတေသန စာတမ်းကို သူမြင်ပြီးပါပြီ။ တချို့အကြောင်းအရာများအတွက် အကြံဉာဏ်တောင်းချင်ပြီး ဆွေးနွေးချင်မိသည်။

တနင်္လာနေ့ နေ့လည်ခင်းတွင် ကျမ့်ယိလင်လေး နေ့လည်စာ စားပြီးနောက် ဆရာမကို ခွင့်တောင်းခဲ့သည်။ သူမ ဗိုက်နာနေသည်ဟု ဆရာမကို ပြောကာ ဆေးခန်းကို သွားခဲ့ပါသည်။

သို့သော်လည်း သူမ ဆေးခန်းမှာ အကြာကြီး မနေခဲ့ပါ။ ကျမ့်ယိလင်လေး ကျောင်းမှ လစ်ထွက်လာခဲ့ပါသည်။

သူမ ကျောင်းဂိတ်ပေါက်မှ ဘတ်စ်ကား စီးလာခဲ့၏။ လမ်းမှာလည်း ဘတ်စ်ကားတွေ ပြောင်းစီးခဲ့ရပါသည်။

ဟွေ့လင်သုတေသန အဖွဲ့အစည်းက ဟန်းယွမ်မြို့၏ လူနေပါးသော နေရာတစ်ခုတွင် တည်ရှိသည်။ ၇၁၆ လမ်းမကြီးရဲ့ ဂိတ်ဆုံးမှာ ရှိပါသည်။

ဂိတ် ၂ ဂိတ် ၃ ဂိတ်လောက် ကျန်သောအခါ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၂ ယောက်သာ ရှိပါတော့သည်။ တစ်ယောက်က ကျမ့်ယိလင် ဖြစ်ပြီး နောက်တစ်ယောက်က သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ဖြစ်သည်။

အမျိုးသမီးရဲ့ မျက်လုံးတွေက နီမြန်းနေပြီး ခေါင်းထဲ အတွေးတွေ များနေသည့်ပုံစံပင်။

ဂိတ်ဆုံးကို ရောက်တော့ ထိုအမျိုးသမီးနဲ့ ကျမ့်ယိလင်တို့ နှစ်ယောက်စလုံး ဘတ်စ်ကားပေါ်မှ ဆင်းလိုက်ကြ၏။

ဘတ်စ်ကားပေါ်က ဆင်းလိုက်တာနဲ့ ထို အမျိုးသမီးက အဖွဲ့အစည်း၏ ဝင်ပေါက်သို့ အမြန်ပြေးသွားခဲ့သည်။

ဂိတ်တံခါးကြီးက လုံခြုံရေးမြင့် အီလက်ထရောနစ် သတ္တုစပ်တံခါးဖြစ်သည်။ ထိုအမျိုးသမီးက ဂိတ်တံခါးကြီကို အကြာကြီး တွန့်ဆုတ်ကာ ရပ်ကြည့်နေခဲ့သည်။ သို့သော်လည်း သူမ တံခါးကို မဖွင့်နိုင်ပါ။

ထို့ကြောင့် အမျိုးသမီးက တံခါးကို ထုရိုက်ပြီး အကျယ်ကြီး အော်ဟစ်လေတော့သည်။

"ကျေးဇူးပြုပြီး! ကျွန်မ တောင်းပန်နေတာပါ! ကျွန်မယောက်ျားကို ကယ်နိုင်တဲ့ ဆေးဝါး ရှင်တို့ဆီမှာ ရှိတယ်လို့ ဆေးရုံကပြောလိုက်တယ်။ ကျေးဇူးပြုပြီး! ကျွန်မတောင်းပန်ပါတယ်။ ကျွန်မ ယောက်ျားရဲ့ အသက်ကို ကယ်ပေးပါ!"

ထိုအမျိုးသမီး၏ အော်သံက  ပိုပိုပြီး ကျယ်လာပါသည်။ အော်ဟစ်ရင်းနဲ့ မျက်ရည်တွေက မျက်နှာပေါ် စီးကျလာသည်။

အမျိုးသမီးက ဆူညံလွန်းသဖြင့် လုံခြုံရေးအစောင့် ထွက်လာပြီး သူမကို တားလိုက်ရပါသည်။

"ကျေးဇူးပြုပြီး စိတ်အေးအေးထားပါဦး အစ်မရယ်။ မေးစရာရှိရင် ဒါမှမဟုတ် ကိစ္စ တစ်ခုခုရှိရင် ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဝက်ဘ်ဆိုက်မှာ လျှောက်လွှာတင်လို့ရပါတယ်။ သက်ဆိုင်ရာ လူနာ အချက်အလက်တွေကို ဖြည့်ပြီးသွားရင် အဖွဲ့အစည်းက လျှောက်လွှာတွေကို စစ်ပေးပါလိမ့်မယ်။ အစ်မရဲ့ ယောက်ျားက လိုအပ်ချက်တွေနဲ့ ပြည့်မှီမယ်ဆိုရင် ကျွန်တော်တို့ အဖွဲ့အစည်းက ပြန်ဆက်သွယ်ပေးမှာပါ"

"ငါ့ကို လာမလိမ်နဲ့! ငါလျှောက်လွှာတင်ပြီးတာ ၁ လကျော်ကြာနေပြီ! ဘယ်သူမှ အဖြေ ပြန်မပေးဘူး! ငါ့ယောက်ျား သေတော့မယ်! နင်တို့က ငါ့ကို လာစောင့်ခိုင်းနေသေးတယ်! သူသေတဲ့အချိန်ထိ စောင့်ခိုင်းနေကြတာလား!"

"အစ်မ စိတ်အေးအေးထားပါဗျာ။ အစ်မရဲ့ ယောက်ျား အရွေးမခံရဘူးဆိုရင် အစ်မယောက်ျားရဲ့ ရောဂါဝေဒနာက လက်တွေ့ စမ်းသပ်ဆဲ အဆင့်မှာပဲရှိသေးတဲ့ ဆေးဝါးအသစ်နဲ့ သင့်တော်မှု မရှိလို့ ဖြစ်မှာပါ"

"နင်လိမ်နေတာ! သင့်တော်မှု မရှိဘူးဆိုတာ ဘာကို ပြောတာလဲ။ ငါတို့မှာ ပိုက်ဆံမရှိဘူးလို့ပဲ နင်တို့တွေးတာ! အဲ့တာကြောင့် ငါတို့ကို ဆေးဝါးမပေးတာ! နင်တို့က သူဌေးတွေကိုပဲ အဲ့ဒီဆေးတွေ အကုန်ပေးကြတာ!"

အမျိုးသမီးက လုံခြုံရေးအစောင့်ရဲ့ စကားကို လုံးဝ နားမထောင်ပေ။ သူတို့ ပိုက်ဆံ မတတ်နိုင်သဖြင့် အဖွဲ့အစည်းက သူတို့ကို ဆေးဝါးမပေးဘူးဟုသာ ခေါင်းမာမာ စွပ်စွဲနေခဲ့သည်။

လုံခြုံရေးအစောင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရပါသည်။ "အစ်မ အဲ့လို မဟုတ်ပါဘူးဗျာ။ ခင်ဗျားယောက်ျားက လိုအပ်ချက်နဲ့ မကိုက်ညီဖို့ဆိုရင် မမှန်ကန်တဲ့ ဆေးတွေ ပေးလိုက်လို့မရဘူးလေ"

ရုတ်တရက်ကြီး ထိုအမျိုးသမီးကက မြေပေါ်မှာ လှဲချလိုက်ပါသည်။ "ငါဘယ်မှ မသွားဘူး။ ငါ့ကို ဆေးမပေးဘူးဆိုရင် နင်တို့ အဖွဲ့အစည်း ဂိတ်ပေါက်မှာပဲ သေလိုက်မယ်! နင်တို့ အဖွဲ့အစည်းက ဘယ်လိုအဖွဲ့အစည်းလဲ ဆိုတာကို လူတိုင်းမြင်အောင် လုပ်ပြမယ်! နင်တို့တွေက လူစိတ်မရှိဘဲ လူတွေကို သေအောင်လုပ်တဲ့ လူတွေ!"

လုံခြုံရေးအစောင့်လည်း ဘာမှ မလုပ်နိုင်တော့ပေ။ အမျိုးသမီးကို မြေပေါ်မှာ ဒီတိုင်းသာ ထားခဲ့နိုင်တော့သည်။

ဆေးဝါးသုတေသန အဖွဲ့အစည်းကို ဒီလိုလာလုပ်တဲ့ လူတွေ အများကြီးကို သူမြင်ဖူးပါသည်။ ထို့ကြောင့် သူ့အတွက်ကတော့ အသားပင် ကျနေလေပြီ။

ကျမ့်ယိလင်က အမျိုးသမီးဘေးက ပတ်ကာ တံခါးဆီကို လျှောက်သွားလိုက်ပါသည်။

လုံခြုံရေးအစောင့်က ရှေ့တိုးလာပြီး သူမကို တားလိုက်၏။ "ကောင်မလေး မင်းကျောင်းမှာ ရှိနေရမှာလေ။ မင်းအမေလိုမျိုး ပြဿနာတော့ လာမရှာပါနဲ့"

လုံခြုံရေးအစောင့်က ကျမ့်ယိလင်နဲ့ အမျိုးသမီးတို့ရဲ့ တော်စပ်မှုကို အထင်လွဲသွားပါသည်။

... ... ...

Continue Reading

You'll Also Like

17.8K 385 13
I, Aurora, was different from everyone I knew. I felt and saw things that nobody could even fathom. But I had to hide it. Our society strictly suppre...
5.3K 517 9
Name - In the 1970s, she remarried her ex-husband's enemy Type - Web novel Genre - Tags - 70s cnovel mtl Authors - Lao Hu Shiba Myanmar trans - Khat...
509K 17K 33
•°• "People say, I don't have a heart." He said. "Well I am a doctor and trust me when I say, every one has one. Even animals do. But what matters is...
23.9K 1.5K 143
အင်မော်တယ်ဖေဖေ(ကျန်းဟန်) စာစဉ်ကို စာစဉ်(၃၁) မှ (၄၀) အထိ ဒီမှာ တင်ပေးသွားပါမယ်။ Reading List မှာ ထည့်ထားကြပါနော်...