အခန်း(၅၃) ပါတီပွဲ(၄)
ကျီမင်ဘာပဲပြောပြော ကျမ့်ယုကျဲ နားမဝင်ပါ။ ယိလင်ကို မကောင်းပြောတဲ့လူစကားကို သူနားထောင်မှာ မဟုတ်ပါ။
ကျမ့်ယုကျဲရဲ့ နောက်ကျောကို ကြည့်ရင်း ကျမ့်ယိလင် ရင်ထဲ နွေးထွေးသွား၏။
သူမအတွက် တစ်ယောက်ယောက် တကယ်တမ်း ရပ်တည်ပေးတာ ဒါပထမဆုံး အကြိမ် ဖြစ်သည်။
ကျီမင် ဆွံ့အသွားသည်။ ကျမ့်ယုကျဲကို ကျိုးကြောင်းပြောပြလို့ လုံးဝ အလုပ်မဖြစ်ပါ။ အထူးသဖြင့် ကျမ့်ယိလင် ဘာမှ အမှား မလုပ်နိုင်ဘူးဟု ကျမ့်ယုကျဲက တရားသေ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
"ပြီးတာပဲ မင်းနဲ့ အငြင်းပွားမနေတော့ဘူး။ အရူးမျက်ကန်းလို သေဖို့ ရွေးချယ်ထားလည်း မင်းဆုံးဖြတ်ချက်ပဲ။ မင်းအလှည့် လူလည်ကျခံရမှ ငါ့ဆီ ရောက်မလာနဲ့!"
"အဲ့တာ မင်းပြောစရာ မလိုဘူး! အခု ယိလင်လေးကိုသာ တောင်းပန်လိုက်!"
"ငါက ဘာလို့ တောင်းပန်ရမှာလဲ။ ငါသူ့ ခြေထောက်ပေါ် တက်နင်းတယ်။ သူလည်း ငါ့ခြေထောက်ပေါ် ပြန်နင်းတာပဲလေ။ ဘာလို့ တောင်းပန်ရမှာလဲ"
ကျီမင်နဲ့ ကျမ့်ယုကျဲတို့ရဲ့ ရန်ပွဲက ပိုပို ကျယ်လောင်လာသည်။
ထိုအချိန်တွင် ယွီရှိ ရောက်လာ၏။ "မင်းတို့ကောင်တွေ ဘာလို့ ရန်ဖြစ်နေတာလဲ။ ငါ့ပါတီပွဲကို ဖျက်မလို့လား"
ဒါက ယွီမိသားစု ကျင်းပသည့် ပါတီပွဲ ဖြစ်ပါသည်။
ကျီမင်က ရှင်းပြဖို့ အမြန်ကြိုးစားလိုက်သည်။ "အစ်ကိုကြီး။ ကျွန်တော် အဲ့လို မရည်ရွယ်ပါဘူးဗျာ။ ကျွန်တော်လည်း ရန်ဘယ်ဖြစ်ချင်ပါ့မလဲ။ ဒါပေမယ့် ကျမ့်ယုကျဲက ကျွန်တော့်ကို ကျမ့်ယိလင်ကို တောင်းပန်ခိုင်းနေတယ်။ အစကတော့ ပြဿနာက သေးသေးလေး။ ကျမ့်ယုကျဲက ဆက်တိုက် ပုံကြီးချဲ့နေတာ။ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး"
ထို့နောက် ကျမ့်ယိလင်ရှေ့မှာ ရပ်နေသည့် ကျမ့်ယုကျဲကို ယွီရှိ လှမ်းကြည့်လိုက်၏။
ထို့နောက် ကျီမင်ဘက်ကို ပြန်လှည့်ကာ ပြောလိုက်ပါသည်။ "မင်းမတောင်းပန်ဘဲ ဆရာ ရှန်းကို အနှောင့်အယှက်ပေးမယ်ဆိုရင် ငါဘာမှ မရှင်းပေးနိုင်ဘူးနော်"
ŞİMDİ OKUDUĞUN
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
RomantizmEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...