အခန်း(၆၂) သုတေသနအဖွဲ့အစည်း(၅)
ကျမ့်ယိလင်က ဆက်ပြောသည်။ "ပြီးတော့ ကျွန်မ ဒီကို တစ်ပတ် ၂ ရက်ပဲ လာနိုင်မယ်။ နောက်လမှ အလုပ် စမယ်"
ဒီလ စနေ တနင်္ဂနွေအားလပ်ရက်တွေမှာ သူမ ကျူရှင်ရှိသည်။
ကျူရှင်ပြီးဆုံးသွားပြီဆိုတာနဲ့ သူမ အားလပ်ရက်တွေမှာ ဒီကို လာနိုင်ပါသည်။
သို့သော်လည်း ထိုရက်တွေမှာသာ လာနိုင်ပါသည်။
"ဘာလို့လဲ" ပရော်ဖက်ဆာရှုက အလောတကြီး မေးလိုက်သည်။
ဒီလို ပါရမီရှင်မျိုးကို တွေ့ရဖို့ သူတို့ အစွမ်းကုန် ကြိုးစားခဲ့ရသည်။ သူတို့နဲ့ ချက်ချင်း စတင်သုတေသန လုပ်နိုင်ဖို့ ပရော်ဖက်ဆာရှုက မျှော်လင့်ထားပါသည်။
"ကျွန်မ ကျောင်းတက်ရဦးမယ်" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။
"ကျောင်းတက်ရဦးမယ်ဟုတ်လား" ပရော်ဖက်ဆာရှုက မေးလိုက်၏။ စကားဆက်ပြောရင်း သူ့အသံက ပိုစူးလာခဲ့သည်။ "ဘာလို့ ကျောင်းသွားတက်မှာလဲ။ အထက်တန်းကျောင်းက မင်းကို ဘာသင်ပေးနိုင်မှာလဲ။ နှမျောဖို့ကောင်းလိုက်တာ..."
ပရော်ဖက်ဆာရှု ဒီလိုဖြစ်ခွင့် မပေးနိုင်ပေ။ ကျမ့်ယိလင်လို ဉာဏ်ကြီးရှင်မျိုးက သာမန် အထက်တန်းကျောင်း ဖတ်စာအုပ်တွေကို ဖတ်ပြီး နေ့ရက်တွေ ဖြုန်းနေမှာ အလွန် နှမျောဖို့ကောင်းပါသည်။
သူမမှာ ထိုကဲ့သို့ အချိန်မျိုးရှိပါက အဖွဲ့အစည်းမှာ သုတေသန လာလုပ်တာ ပိုမကောင်းဘူးလား။
သူမမှာ ထိုကဲ့သို့ အချိန်မျိုး ရှိပါက ဆေးဝါးသစ်၏ ဖွံ့ဖြိုးမှုအကြောင်း ဆွေးနွေးနေလို့ ရသည်။ အဲ့တာ ပိုပြီး အမြော်အမြင်မရှိဘူးလား။
"ကျွန်မ ကျောင်းတက်ချင်လို့ပါ" ကျမ့်ယိလင်၏ သဘောထား မပြောင်းလဲပါ။ "ရှင်တို့ လိုအပ်ရင် ကျွန်မကို အွန်လိုင်းပေါ်ကနေ ဆက်သွယ်လို့ရတယ်။ ပြီးတော့ ကျွန်မ နောက်လမှ အလုပ်စမှာနော်။ အဲ့တာကို သဘောမတူနိုင်ဘူးဆိုရင်တော့ ကျွန်မ မလာတော့ဘူး"
ကျမ့်ယိလင် မလာဘူးဟု ပြောလိုက်သည့်အခါ ပရော်ဖက်ဆာရှု စိတ်ဖိစီးသွားခဲ့သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...