အခန်း(၁၃၃) လုံခြုံရေးမှတ်တမ်းတွေ့ပြီ

1.4K 137 0
                                    


သူမရှေ့က မြင်ကွင်းကိုကြည့်ရင်း အဘွားကျမ့် သက်ပြင်းချလိုက်မိသည်။ နှစ်ပေါင်းများစွာ ကြာတာတောင် ကျမ့်ယုမင်တစ်ယောက် ကျမ့်ယိလင်လေးကို ခုထိ သဘောမကျဖြစ်နေဦးမည်ဟု ထင်မထားခဲ့ပေ။

ငယ်ငယ်တုန်းက ကျမ့်ယုမင်နဲ့ ကျမ့်ယိလင်လေးတို့ အတော် အကြောမတည့်တာကို အဘွားကျမ့် ဝေဝေဝါးဝါး မှတ်မိနေပါသေးသည်။

ကျမ့်ယုမင်ချီသောအခါ ကျမ့်ယိလင် ဘာကြောင့် အမြဲတမ်း ငိုရတာလဲဆိုတာကိုတော့ သူမ မသိပါ။

ထို့အပြင် ကျမ့်ယုမင်ကလည်း ကျမ့်ယိလင်ကို အမြဲတမ်း ရှောင်သည်။

သို့သော် သူတို့နှစ်ယောက် ကြီးကြီးမားမား ပဋိပက္ခ ဖြစ်တာမျိုး မရှိပေ။ 'အကြောမတည့်ဘူး'ဟု နာမည်တပ်တာကလွဲပြီး သူတို့ဆက်ဆံရေးကို ဖော်ပြဖို့ အဘွားကျမ့် တခြားစကားလုံး မသုံးတတ်ပေ။

သို့သော်လည်း အခုအရွယ်ရောက်လာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် အကြောမတည့် ဖြစ်နေကြဦးမည်ဟု သူမ မထင်ထားခဲ့ပေ။

ဟူး... ယိလင်လေးကို ယုမင် သဘောမကျရင်တောင် သူမကို အရှက်ခွဲဖို့ ငယ်ငယ်က အကြောင်းတစ်ခုကိုတော့ ပြန်မပြောသင့်ပါဘူး! ယိလင်က အခု ကောင်မလေးတစ်ယောက် ဖြစ်နေပြီ!

အဘွားကျမ့်ရဲ့ အပြစ်တင်အကြည့်ကို မြင်သောအခါ သူတစ်ခုခုအမှားလုပ်မိပြီဟု ကျမ့်ယုမင် ခံစားလိုက်ရသည်။ သို့သော်လည်း ဘယ်နေရာ မှားသွားမှန်း မသိပါ။

သူ့ညီမလေးကို စကားပြောချင်ခဲ့ရုံလေးသာ...။

--- --- ---

အိမ်က အင်တာနက် ဘာဖြစ်သွားမှန်း ဟဲယန် မသိပေ။ ရုတ်တရက်ကြီး ရပ်တန့်သွား၏။

ထို့ကြောင့် စက်ပြင်သမားကို ဖုန်းဆက်လိုက်ရ၏။

သူမ ဆက်သွယ်ထားတဲ့လူတွေက ထင်ထားတာထက် စောစောရောက်လာကြပါသည်။ ထို့အပြင် ၃ ယောက် ရောက်လာခဲ့သည်။

သူတို့ ခပ်မြန်မြန်ပဲ အိမ်တွင်း အိမ်ပြင်ကို စစ်ဆေးကြည့်လိုက်ကြ၏။

ဆားကစ်ကြိုးများမှအစ အိမ်ထဲက တပ်ဆင်မှုအဆုံး ကိရိယာများအထိပါ စစ်ဆေးခဲ့ကြသည်။ ဘာကိုမှ မချန်ခဲ့ပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Donde viven las historias. Descúbrelo ahora