အခန်း(၁၂၈) အတိတ်သမိုင်းကြောင်းတွေပေါ်လာပြီ (၃)

713 77 0
                                    


အရင်တစ်ခေါက်ကတော့ ဓာတ်ပုံတွေသာရှိသည်။ အခြေအနေနဲ့ပတ်သတ်တဲ့ အသေးစိတ်များကို ခန့်မှန်းကြည့်လို့သာ ရနိုင်မည်။ သို့သော်လည်း အခုတော့ ဗီဒီယိုကြီးပါ တက်လာပါပြီ။

ဗီဒီယိုကိုကြည့်ခြင်းအားဖြင့် ထိုမေးခွန်းထုတ်စရာလူက တကယ်ပဲ မိုရှစ်ယွင်ရဲ့ အဖေဖြစ်တာ ရှင်းလင်းသွားပါပြီ။

သင်ကြားရေးခေါင်းဆောင်ကြီးနဲ့ ဟဲကျမ့်ကျွန်း စကားများနေတုန်း အိမ်ထောင်စုစာရင်းစာစောင်ကို ထုတ်ကာ သူ့သရုပ်မှန်ကို သက်သေပြခဲ့သည်။ ထို့အပြင် မိသားစု တစ်စုလုံး၏ ဓာတ်ပုံဟောင်းလည်း ပါလာပါသည်။

ဒီအငြင်းပွားမှု အပိုင်းကိုလည်း မှတ်တမ်းတင်ထားပြီး Forum ပေါ် ပို့စ်တင်ထားသည်။

ဗီဒီယိုထဲတွင် သူမအဖေနာမည်က ဟဲကျမ့်ကျွန်းဖြစ်ကြောင်း မိုရှစ်ယွင် ဝန်ခံထားသည့် အပိုင်းတစ်ခုလည်း ရှိပါသေးသည်။

မိုရှစ်ယွင်ရဲ့ အတန်းဖော်တွေ သူမကို ထပ်ကြည့်လိုက်ကြသောအခါ မျက်လုံးတွေ လုံးဝ ပြောင်းလဲသွားခဲ့ပါသည်။

အစကတော့ သံသယသာ ရှိသည်။ သို့သော်လည်း အခုတော့ သူတို့ရှေ့မှာ ငြင်းဆန်မရသည့် သက်သေတွေ ရှိနေပါပြီ။

အရေးအကြီးဆုံးက ခုလေးတင် မိုရှစ်ယွင် သူတို့အားလုံးကို လိမ်ညာခဲ့သည်။ အရင်တုန်းက သူမ အတန်းဖော်တွေက သူမကို အမြဲယုံကြည်ခဲ့ကြသည်။ သို့သော်လည်း ဗီဒီယိုကိုကြည့်ပြီးတာနဲ့ အားလုံး ပါးရိုက်ခံလိုက်ရသလို ခံစားသွားကြရသည်။

မိုရှစ်ယွင် ဗီဒီယိုကို မြင်သွားသောအခါ သူမမျက်နှာပေါ်က အရောင်တွေအားလုံး ပျောက်ကွယ်သွားခဲ့ရတော့သည်။

ကျူးရှားက ပို၍ပင် တုန်လှုပ်သွားပါသေးသည်။ ခုနက မိုရှစ်ယွင်ကို တောင်းပန်ထားတာကို သတိရပြီး မျက်လုံးလည်း ပြူးသွားသည်။

ကျူးရှား အလွန့်အလွန် ဒေါသထွက်သွား။ သူမ မတ်တပ်ရပ်လိုက်ပြီး မိုရှစ်ယွင်ကို စတင်အော်ဟစ်လေသည်။ "ဘာတွေဖြစ်နေတာလဲ။ အဲ့ဒီလူက နင့်အဖေ ဟုတ်လား မဟုတ်ဘူးလား။ နင့်အဖေဆိုရင် ခုနက နင့်အပြုအမူက ဘာလဲ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now