အခန်း(၈၅) ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လက်နက်
ကျမ့်ယိလင်က ချန်းယွီကို အိမ်ပြန်လိုက်မပို့ခိုင်းပေ။ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ရှန်းဟွာ အထက်တန်းကျောင်း ဂိတ်ပေါက်သို့ အဘွားကျမ့်ကား ရောက်လာသည်အထိ စောင့်နေလိုက်ပါသည်။ ကားရောက်လာသောအခါ သူမ အေးအေးဆေးဆေးပဲ တက်လိုက်သည်။
ယခုတော့ လောင်ရွှေအန်းရဲ့ အမိန့်နဲ့ ပန်းတွေ၊ ပူပေါင်းတွေ၊ စာတန်းကြီးတွေ အကုန်လုံး ရှင်းလင်းခံလိုက်ရပါပြီ။
အားလုံးက ပုံမှန်အတိုင်းပင်။
ခုနက ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်များအကြောင်း အဘွားကျမ့်ကို ကျမ့်ယိလင် မသိစေချင်ပေ။
ထို့ကြောင့် အဘွားကျမ့်လည်း ကျမ့်ယိလင်လေးကို ဘာမှ သံသယ မဖြစ်ခဲ့ပါ။
အဘိုးကျမ့်တို့ အိမ်ခြံတံခါးနားကို ကားရောက်လာတော့ ကျမ့်ယုကျဲ ရောက်နေပါပြီ။
ဟောဟဲစိုက်လျက် အသက်ကို မနည်းရှူနေရသည်။ သူအလောတကြီး ပြေးလာသည့် ပုံပင်။
အဘွားကျမ့်က ယာဉ်မောင်းကို ကားအမြန် ရပ်ခိုင်းလိုက်ပါသည်။ တံခါးကို ဖွင့်ပြီး ကားထဲက ထွက်ကာ မေးလိုက်၏။
"ယုကျဲ ဘာဖြစ်လို့လဲ။ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ"
ဒီနေ့က အင်္ဂါနေ့ဖြစ်သည်။ ကျမ့်ယုကျဲ ကျောင်းမှာ ရှိနေသင့်သည်။
"ကျွန်တော် ယာဉ်မောင်းကို လိုက်ပို့ခိုင်းထားတာပါ" ကျမ့်ယုကျဲ ပြန်ဖြေလိုက်ပါသည်။ အဘွားကျမ့်မေးတာကို ဖြေနေစဉ် သူ့မျက်လုံးက ကျမ့်ယိလင်ပေါ် အာရုံစိုက်နေသည်။
ရှန်းဟွာအထက်တန်းကျောင်းမှာ ခုလေးတင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအကြောင်း ယွီရှိပြောလို့ ကျမ့်ယုကျဲ သိခဲ့ပါသည်။ ယွီရှိက သူ့ကို မက်ဆေ့ပို့ကာ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
အစက ယိလင်ကို ကလေကချေတစ်ကောင်က ပစ်မှတ်ထားနေသည်ဟုသာ ယွီရှိ ထင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကျမ့်ယုကျဲကို အသိပေးသင့်သည်ဟု တွေးမိခဲ့သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...