အခန်း(၃၆) ဒုတိယဒေါ်လေး ဟဲယန်
ကျမ့်မိသားစု အိမ်တော်ဟောင်းဆီ အဘွားကျမ့်နဲ့ ကျမ့်ယိလင်တို့ ပြန်ရောက်လာကြတော့ ဟဲယန်က ဧည့်ခန်းထဲမှာ ထိုင်နေသည်။ ဟဲယန်က ကျမ့်မိသားစုရဲ့ ဒုတိယဒေါ်လေးဖြစ်သည်။ သူမက ကျမ့်ရှုရှင်း ညီလေးရဲ့ မိန်းမ ဖြစ်ပါသည်။
ကျမ့်ရှုရှင်းက သူ့ညီ ၂ ယောက်ဖြစ်ကြသော ကျမ့်ရှုဟုံ၊ ကျမ့်ရှုဖန်းတို့နဲ့ ဆက်ဆံရေးကောင်းပါသည်။ ညီအစ်ကို ၃ ယောက်က တစ်ယောက်ကိုတစ်ယောက် ထောက်ပံ့ပေးခဲ့ကြတာ တူညီသည့် ပန်းတိုင်တစ်ခုဆီကို အတူတူ လျှောက်လှမ်းကြသည်။ သူတို့အားလုံး ကျမ့်မိသားစုရဲ့ အမွေအနှစ်ကို အတူတူခိုင်မာအောင် တည်ဆောက်ခဲ့ပါသည်။
သို့သော်လည်း ကျမ့်မိသားစုရဲ့ ဒုတိယဒေါ်လေးကတော့ ကျမ့်ရှုရှင်းတို့ မိသားစုကို သိပ်မကျေနပ်ပါ။ ကျမ့်ရှုရှင်းကသာ ပိုင်ဆိုင်မှု ပိုရခဲ့ပြီး သူမယောက်ျား ကျမ့်ရှုဟုံကတော့ အရှုံးပေါ်ခဲ့သည်ဟု သူမ အမြဲတမ်း ခံစားခဲ့ရသည်။
ထို့အပြင် အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ကလည်း ကျမ့်ယိလင်လေးကိုသာ ပိုချစ်ကြသည်ဟု သူမ ခံစားမိသည်။ ထိုခံစားချက်က သူမကို မနာလို ဖြစ်စေသည်။
အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ နှစ်ယောက် သူတို့ ပိုင်ဆိုင်မှု အားလုံးကို ကျမ့်ယိလင်အတွက် ထားခဲ့မှာတောင် သူမ စိတ်ပူရပါသည်။
အကုန်လုံးက ကျမ့်မိသားစုရဲ့ သားသမီးတွေချည့်ဖြစ်သည်။ ကျမ့်ယိလင်တစ်ယောက်တည်းကိုပဲ အခြေအနေကို အခွင့်ကောင်းယူသွားခွင့် မပေးနိုင်ပါ။
အဘွားကျမ့်က သူမနဲ့အတူနေဖို့ ကျမ့်ယိလင်ကို ခေါ်လာမည်ဟု ကြားမိတော့ သူမ သည်းမခံနိုင်ဘဲ သူမသားကိုပါ ခေါ်လာဖို့ ဆုံးဖြတ်ခဲ့၏။
ယခုလောလောဆယ် သူမ သားဖြစ်သူ ကျမ့်ယုကျဲကို စတူဒီယိုထဲမှာ ပညာရေးနဲ့ ပတ်သတ်ပြီး အဘိုးကျမ့်က စစ်ဆေးမေးမြန်းနေပါသည်။
ဟဲယန်ကိုမြင်သောအခါ အဘွားကျမ့် မအံ့သြခဲ့ပါ။ ဟဲယန်က မကြာခဏ ကျမ့်ယုကျဲကို ခေါ်ပြီး သူမတို့ကို လာတွေ့တတ်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...