အခန်း(၁၂၉) ကျမ့်ယွင်ချန်းကို ကျိုက်ယွင်ရှန်း စကားဖြင့်တိုက်ခိုက်ခြင်း

762 83 0
                                    


ကျိုက်ယွင်ရှန်း ကျမ့်ယွင်ချန်းကိုပြလိုက်တာက ရှန်းဟွာအထက်တန်းကျောင်း Forumမှ ပို့စ်ပေါင်းများစွာ၏ ပရင့်ထုတ်ထားသော မိတ္ထူများဖြစ်သည်။ ကျမ့်ယိလင်လေးကို တိုက်ခိုက်နေကြသည့် ပို့စ်များဖြစ်ပါသည်။

မူရင်းပို့စ်အများစုကို ဖျက်ပြီးသားဖြစ်သည်။ သို့သော်လည်း မဖျက်ရသေးခင် ကျိုက်ယွင်ရှန်းက ယွီရှိကို မိတ္ထူတချို့ ပရင့်ထုတ်ခိုင်းထားခဲ့သည်

အခုတော့ ပို့စ်များ၏ မိတ္ထူများ ကျမ့်ယွင်ချန်းရှေ့ကို ရောက်နေပါပြီ။

ပို့စ်ထဲက စကားလုံးများက ဓားတွေထက် ပိုစူးရှသည်။ ဓားတစ်ချောင်းကို အလွယ်တကူ ပြန်ဆွဲထုတ်နိုင်သေးသည်။ သို့သော်လည်း စကားလုံးတွေဆိုတာ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ထဲထိ နှစ်မြုပ်သွားမှာ ဖြစ်သည်။ ထိုစကားလုံးတွေက ကောင်မလေးတစ်ယောက်ရဲ့ နှလုံးသားကို ဒဏ်ရာဒဏ်ချက် ထောင်ချီးပြီး ပေါက်သွားစေလိမ့်မည်။

ဖိုင်တွဲထဲက အကြောင်းအရာများကို မြင်တာနဲ့ ကျမ့်ယွင်ချန်း ချက်ချင်းပဲ ဖုန်းကို ဆွဲထုတ်လိုက်၏။

"ဘာမှလုပ်ဖို့ မလိုတော့ဘူး။ ပို့စ်တွေကို ဖျက်ပြီးတာ ကြာပြီ"

ကျိုက်ယွင်ရှန်းက ကျမ့်ယွင်ချန်းကို အထင်အမြင်သေးစွာဖြင့် သရော်ပြုံးပြုံးလိုက်၏။ ကျမ့်ယွင်ရှန်း ဖုန်းကို ကိုင်လိုက်တာနဲ့ ဘာလုပ်ဖို့ ပြင်နေမှန်း သိနိုင်ပါသည်။

Forum ပေါ်က ပို့စ်တွေကို ကြည့်ဖို့ နောက်ကျလွန်းသွားပါပြီ။ ဖြစ်ပျက်ခဲ့တာတွေကို သတိထားမိဖို့တောင် ဒီလောက် ကြာခဲ့တာ မဟုတ်လား။

ကျိုက်ယွင်ရှန်းက ကျမ့်ယွင်ချန်းကို ဆက်လက် လှောင်ပြောင်လေသည်။ "ခင်ဗျားကို ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ကျမ့်မိသားစုထဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို ဘာလို့ တခြားလူတွေအားလုံး သိနေရတာလဲ။ ကျောင်းမှာ ဒီသတင်းက တောမီးလိုပဲ ပျံ့နှံ့သွားတယ်။ ကိစ္စတွေကို စီစဉ်တဲ့နေရာမှာ ခင်ဗျားရဲ့ အစွမ်းအစမရှိမှုကိုတော့ အထင်ကြီးမိပါတယ်"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Onde histórias criam vida. Descubra agora