အခန်း(၁၂၇) အတိတ်သမိုင်းကြောင်းတွေပေါ်လာပြီ (၂)

686 72 0
                                    


တကယ်တော့ မိုရှစ်ယွင်ရဲ့ မိဘတွေက ကျမ့်မိသားစုနဲ့ မိတ်ဆွေဟောင်းကြီးတွေဖြစ်ကြသည်ဟုပင် ခန့်မှန်းကြသည့် လူတွေရှိပါသည်။ ဒီခန့်မှန်းချက်က မိုရှစ်ယွင်နဲ့ ကျမ့်ယွင်နော်တို့ရဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး ခန့်မှန််းကြခြင်း ဖြစ်သည်။

မိုရှစ်ယွင်ခေါင်းခါလိုက်သည်။ "ဒါပေမယ့် အဲ့တာ အမှန်တရားလေ။ ငြင်းလိုက်လို့ ငါ့အတွက် ဘာမှကောင်းတာ ဖြစ်လာမှာမှ မဟုတ်တာ"

Forum ပေါ်က ကောမန့်တွေကို မြင်ပြီးနောက် မိုရှစ်ယွင် အလွန်ရှက်ရွံ့သွားပါသည်။ သူမရဲ့ အဝတ်အစားတွေ ဆုတ်ဖြဲခံရပြီး သူများတွေ ရပ်ကြည့်နေသလိုမျိုး ခံစားရသည်။

ဒီလိုမိသားစုပြဿနာကို ဘယ်သူကမှ သူများကိုသိစေချင်ကြမှာ မဟုတ်ပါ။

ဒီလိုအဖေမျိုးရှိမှန်း ဘယ်သူကမှ ကိုယ့်အတန်းဖော်တွေကို သိစေချင်ကြမှာ မဟုတ်ပါ။

မိုရှစ်ယွင် အလွန်နှိပ်စက်ခံထားရသလို ခံစားမိသည်။ သို့သော်လည်း သူမ ဘာမှ မလုပ်နိုင်ပေ။

သူမရဲ့ မိသားစုနောက်ခံကို ပြောင်းလဲလို့မရပါ။

"အေးပါ ငါလုပ်လိုက်မယ်။ နင့်ကိုယ်စား ငါပြောလိုက်မယ်။ တစ်ခုခုမှားယွင်းသွားရင် ငါ့ဆီပဲရောက်လာကြလိမ့်မယ်။ နင်ရှင်းစရာ မလိုတော့ဘူး

အခြေအနေကို ခေတ္တ သုံးသပ်ပြီးနောက် ချွေ့ယီကျန်းစဉ်းစားလို့ရသည့် တစ်ခုတည်းသောအဖြေသာ ဖြစ်သည်။ မိုရှစ်ယွင်ကို သူမ ကူညီပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်သည်။

မိုရှစ်ယွင် တွန့်ဆုတ်သွားကာ ပြောလိုက်သည်။ "အစ်မချွေ့။ ဒီကိစ္စထဲ နင့်ကို ဆွဲမထည့်ချင်ပါဘူး"

"ဒီကိစ္စထဲ ဆွဲမထည့်ချင်ဘူးဆိုတာ ဘာကိုပြောတာလဲ။ ဒီတိုင်း စကားလေးနည်းနည်းပြောလိုက်ရုံပဲကို။ သူတို့ငါ့ကို ဘာလုပ်လို့ရမှာလဲ"

ပြောပြောပြီးချင်းမှာပင် ချွေ့ယီကျန်း သူမအကောင့်ထဲ လော့အင်ဝင်လိုက်ပါသည်။

ပုံမှန်ဆို ချွေ့ယီကျန်းက သူမရဲ့ နောက်လိုက်နှစ်ယောက်ကိုသာ Forum ပေါ်မှာ ပို့စ်တင်ခိုင်းလေ့ရှိပါသည်။ သူမရဲ့ ကိုယ်ပိုင်အကောင့်ကို တစ်ခါမှ မသုံးဖူးပေ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ [ဘာသာပြန်]Where stories live. Discover now