အခန်း(၇၉) ယိလင်လေးကို ကာကွယ်ကြ (၆)
ပွဲကြည့်ပရိတ်သတ်လည်း ကြောင်သွားကြလေသည်။
ဘာတွေဖြစ်နေသလဲ ဘယ်သူမှ နားမလည်နိုင်ခင် ထိုကြောက်စရာ အမျိုးသမီးက လက်သီးကို ထပ်မြှောက်ပြီး နောက်ထပ် အကြိမ်အနည်းငယ် ထပ်ထိုးလိုက်ပါသည်။
သူမရဲ့ ထိုးချက်များက မြန်ဆန်၊ တိကျ၊ ပြင်းထန်သည်။ ထို့ကြောင့် ကြည့်နေတဲ့ လူတွေတောင် ကြောက်ရွံ့ကာ ကြုံ့သွားရပါသည်။
ဘေးနားမှာ ပုန်းခိုနေကြတဲ့ ကလေကချေတွေလည်း ဝင်မပါလို့ မရတော့ပါ။
လောင်ရွှေအန်းကို တားဖို့အတွက် သူတို့ အကုန်လုံး တစ်ပြိုင်တည်း ပြေးထွက်လာကြသည်။
သို့သော် ထိုကလေကချေတွေ လှုပ်ရှားတာနဲ့ လောင်ရွှေအန်း ခေါ်လာတဲ့ လုံခြုံရေး ဝန်ထမ်းတွေက စနစ်တကျ ရှေ့တိုးလိုက်သည်။
"ဖယ်စမ်း" လောင်ရွှေအန်းက သူမဘေးရှိ လုံခြုံရေး ဝန်ထမ်းကို ငေါက်လိုက်ပါသည်။ သူမမျက်လုံးထဲက အကြည့်တွေက ကြောက်ဖို့ကောင်းလောက်အောင် အေးစက်လွန်း၏။
လုံခြုံရေးအစောင့်တွေ သူမ စကားကို ကြားတာနဲ့ ချက်ချင်း မလှုပ်မရှား မတ်တပ်ရပ်နေလိုက်ကြပါသည်။
အစ်မကြီးအန်းသာ သူတို့ကို ဖယ်ခိုင်းလျှင် သူတို့ နားထောင်ရမည်။
အစ်မကြီးအန်းက ပြဿနာကို ကိုယ်တိုင် ရှင်းချင်တဲ့ ပုံပင်။
တကယ်တော့ ဒီလိုဖြစ်တာ ကောင်းပါသည်။ အစ်မကြီးအန်း ဒေါသထွက်သည့်အခါ တစ်ယောက်ယောက်ကတော့ ကျိန်းသေပေါက် အထုခံရလိမ့်မည်။ တစ်ယောက်ယောက်ကို မထုရပါက သူတို့နဲ့ လက်ရုံးချင်း လာယှဉ်လိမ့်မည်။ ဒီလိုသာဆို တော်တော်လေး နာကျင်ရပါလိမ့်မည်...။
ထို့ကြောင့် လောင်ရွှေအန်းတစ်ယောက် ကလေကချေများကို စတင် တိုက်ခိုက်တော့သည်။ တစ်ယောက် လေးယောက် တိုက်ခိုက်ခြင်း ဖြစ်၏။
ယောက်ျား ၄ ယောက်က လောင်ရွှေအန်းကို ဘက်ပေါင်းစုံက တိုက်ခိုက်ဖို့ ကြိုးစားသည်။ သို့သော်လည်း လောင်ရွှေအန်းက အားလုံးကို မြေပေါ် ပစ်လှဲလိုက်သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)
RomanceEng Name - From Sidekick to Bigshot Og author - Er Fengchong ဇာတ်လမ်းအကျဉ်း - အနာဂတ်က မှတ်ဉာဏ်တွေနဲ့ အတူ ဝတ္ထုထဲ ကူးပြောင်းလာတဲ့ ကျမ့်ယိလင်လေးက သူမိသားစုတွေ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတယ်။ နဂိုက အမြှောက်စာအရံဇာတ်ကောင်သာသာ အဆင့်ရှိတဲ့ ကျမ့်...