အခန်း(၁၃၁) ဝမ်းကွဲအစ်ကို ကျမ့်ယုမင် (၁)

1.4K 120 0
                                    


သူမရှေ့ပေါ်လာသည့် လူက အရပ်တော်တော်ရှည်သည်။ ခြေထောက်တွေလည်း ရှည်ပြီး ဆံပင်ကို မီးခိုးရောင်ဖျော့ဖျော့ ဆိုးထားသည်။ နားရွက်တစ်ဖက်မှာလည်း စိန်နားကပ် တစ်ခု တပ်ထားသေးသည်။

အသားဖြူပြီး မျက််နှာက အတော်လေး ကြည့်ကောင်းပါသည်။ မျက်လုံးတွေမှာ အပြုံးအမြဲတမ်း ရှိနေသည့်ပုံ။ သူ့ဆီက ထွက်လာသည့် အရှိန်အဝါက ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းသည်။

သူ့ပုံစံက ပိုစတာနဲ့ အယ်လ်ဘန်များထဲက အတိုင်းပင်။ အလွန်ဆွဲဆောင်မှုရှိကာ ညှို့ဓာတ်ပြင်းပါသည်။

ကျမ့်ယုမင် တံခါးဘောင်မှာ မှီလိုက်ပြီး ကျမ့်ယိလင်ကို ခေါ်လိုက်ပါသည်။ "အာကျယ်မလေး"

ကျမ့်ယုမင်ရ့ အသံကလည်း အလွန်အမင်း ဆွဲဆောင်မှုရှိသည်။ ဒီလိုအသံမျိုးကို နားထောင်ရင် 'နားကိုယ်ဝန်ရသွားနိုင်သည်'ဟု လူတွေမကြာမကြာ ပြောတတ်တယ် မဟုတ်လား။

ကျမ့်ယိလင်လည်း ကျမ့်ယုမင်ကို တည့်တည့် ပြန်စိုက်ကြည့်နေသည်။ ဘာလို့ သူမကို ဒီလို ခေါ်တာလဲ တွေးနေ၏။

"ငါနင့်ကို ဖက်ရင် နင်အော်ငိုတယ်။ နည်းနည်းလောက် စလိုက်တာနဲ့ အော်ငိုတယ်။ နင့်ကိုယ်နင် အာကျယ်မလေးလို့ မထင်ဘူးလား" ကျမ့်ယုမင်က ထပ်ပြောလိုက်ပါသည်။

ကျမ့်ယုမင်နဲ့ ကျမ့်ယိလင်တို့ တစ်ယောက်ကိုတစ်ယောက် မတွေ့ရတာ ကြာပြီ ဖြစ်သည်။

ကျမ့်ယုမင်က ကျမ့်ယိလင်ထက် ၁၁ နှစ်ကြီးသည်။ ကျမ့်ယိလင် ကလေးလေးတုန်းက သူဖက်တိုင်း သို့မဟုတ် စနောက်တိုင်း အော်ငိုတတ်ပါသည်။

သို့သော်လည်း ကျမ့်ယုကျဲကို စနောက်သည့်အခါ၊ သို့မဟုတ် အနိုင်ကျင့်တဲ့အခါမှာတော့ ကျမ့်ယုကျဲက တခစ်ခစ်ရယ်မောတတ်ပါသည်။

ထို့ကြောင့် ဒီထူးထူးဆန်းဆန်း သတ္တဝါဖြစ်သည့် 'ညီမလေး'အကြောင်း ကျမ့်ယုမင် နားလည်ထားသည်။ သူမက ငိုရတာ ကြိုက်တယ် ဆိုတာပင်။

"အစ်ကိုကြီးတုန်းကလည်း ငိုတာပဲ" ကျမ့်ယိလင်က အသံနိမ့်နိမ့်ဖြင့် ပြန်ချေပလိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော် အဖြစ်သို့ (အတွဲ-၁)Where stories live. Discover now