(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (...

By alinkarnang

10.2K 660 91

ကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုး‌ဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်... More

intro 1+2+3
အပိုင်း(1)
1.zgi
အပိုင်း(2)
2.zgi
အပိုင်း(3)
3.zgi
အပိုင်း(4)
4.zgi
အပိုင်း(6)
5.zgi
6.zgi
7.
7.,zgi
အပိုင်း(8)
8.zgi
အပိုင်း(၉)
9.zgi
.အပိုင်း။၁၀
10.zgi
အပိုင်း(၁၁)
11.zgi
12.zgi
အပိုင်း(12)
အပိုင်း(၁၃)
13.zgi
ဇတ်ကောင်မိတ်ဆက်
အပိုင်း(14)
14.zgi
အပိုင်း(15)
15.zgi
အပိုင်း(၁၆)
16.zgi
အပိုင်း(17)
17.,zgi
အပိုင်း(၁၈)
18.zgi
အပိုင်း(၁၉)
19.zgi
20.
20.zgi
၂၁.
21.zgi
22.zgi
၂၂
23.
23.zgi
24.
24.zgi
25.
25.zgi
26.uni
26.zgi
27.
27.zgi
28.
28.zgi
29.
29.zgi
30.
31.
32=.
33
34.uni
30.zgi
31.zgi
32.zgi
33.zgi
34.zgi
35.
36
37
38.
35.zgi
36.zgi
37.zgi
38.zgi
39.
40.
39.zgi
40.zgi
41.
41.zgi
အပိုင်း(42)
42.zgi
43.
43.zgi
44.
45.
44.zgi
45.zgi
46.
အပိုင်း(47)
46.zgi
47.zgi
48.zgi++
49.zgi
48.
49.
50.
၅၁.
51.zgi
52.
52.zgi
၅၃.
54

အပိုင်း(5)

174 19 2
By alinkarnang

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(5)

သူမက နှစ်ဘဝလုံး ယင်ဖိုတောင်မသန်းဖူးတဲ့လူဆိုတော့ free  live
နဲ့လဲသွားတိုးရော သူတို့ကမရှက်ပဲ သူမကပဲ ရှက်သွားပါလေရော

လေထဲတန်းလနး် အိုးတိုးအမ်းတန်းကြီး သူမအဖြစ်က လှုပ်တောင်မလှုပ်ရဲတဲ့အဖြစ်

သူက နမ်းရုံတင်အားမရ လက်ကြီးက သူများ သားသမီးရဲ့ရင်ဘတ်ကိုသွားကိုင်လိုက်သေးတယ်

အားးးး သူမတော့ ဆက်နေရင် လောင်ကျွမ်းပြီးသေတော့မှာပဲ

တော်တော်လဲညောင်းနေပြီမို့ သတိလေးထားပြီး နဲနဲလေးရွှေ့လိုက်တာ မထင်မှတ်ပဲ သူမရဲ့ဂျိုင်းထဲညှပ်ထားတဲ့စာအုပ်က ပြုတ်ကျသွားပါလေရော

"ဘုတ် ! "

မြတ်ပန်းဝေ ။ ။ "......."

သေစမ်းးး သေချာ သတိထားနေမှ စာအုပ်ကလဲ အကျအနကိုပြုတ်ကျသွားတာ

နဂိုက မသိသာပေမဲ့ အခုကျ လုံးဝတိတ်ဆိတ်နေတာမို့ စာရွက်လှန်သံတောင် ကြားရတဲ့အခြေအနေမှာ စာအုပ်တအုပ်လုံးပြုတ်ကျသွားတယ်ဆိုတော့ တွေးနေစရာတောင်မလိုဘူး အတိုင်းသားကြားသွားပြီပေါ့

ကောင်မလေးရဲ့ယူနီဖောင်းကြယ်သီးကိုဖြုတ်နေတဲ့ လှပတဲ့လက်အစုံကရပ်တန့်သွားပြီး သူ့ရဲ့ဩရှရှအသံက တိတ်ဆိတ်တဲ့အခနး်မှာ ခပ်အက်အက်ထွက်လာခဲ့လေတယ်

"ဘယ်သူလဲ"

ကောင်မလေးကလဲ ထိတ်လန့်သွားပုံရကာ သူ့ကိုတွန်းဖယ်ပြီး ထွက်ပြေးသွားလေတယ်

မြတ်ပန်းဝေ။ ။ "......"

အေးဟေ့ အခုမှ ရှက်ရမှနး်သိနေလိုက် ကြောက်ရမှနး်သိနေလိုက် ဟုတ်ပြီလား

စောနတုန်းကကျ မဖွယ်မရာအသံတွေပေးပြီး မြူစွယ်နေတာဘယ်သူတုန်း

အိုင်းးး မျက်နှာအရေခွံကလဲထူချက်ပဲ

ထွက်ပြေးတဲ့သူက ထွက်ပြေးသွားပြီ ကျန်ခဲ့သူမကတော့ ဒုက္ခနဲ့လှလှနဲ့တွေ့ပြီပေါ့လေ

တခုကံကောင်းသွားတာက ဟိုတစ်ယောက်ထွက်ပြေးသွားတုန်းက တံခါးကိုပြန်ပိတ်ခဲ့လို့ပဲ

အဲ... တံခါးပိတ်ခဲ့တယ်ဆိုတော့

သူက ကြက်မျက်သင့်ရောဂါ ရှိနေတာလေ အခုမှောင်သွားတာ သူ့အတွက်အဆင်မပြေဘူးထင်တယ်နော်

မြတ်ပန်းဝေမှာ ကျိတ်ပဲငိုချင်တော့တယ်

အာ မသိ‌ေတာ့ဘူး တံခါးနားအရင်ရောက်အောင်သွားပြီးမှ ထွက်ပြေးဖို့စဉ်းစားတော့မယ်

အဲ့အတွေးနဲ့ တံခါးနားတိတ်တိတ်လေးခြေဖွကာသွားပြီး တံခါးလက်ကိုင်ကိုလှမ်းအကိုင် ‌စောနက သူရှိနေတဲ့ထောင့်နားကို မသိစိတ်ကလှမး်ကြည့်လိုက်မိတယ်

အားးး ငါ့မျက်လုံးတွေ နာလိုက်တာ

မကြည့်မိရင်အကောင်းသား

အခုတော့ လက်နှစ်ဖက်ကိုနားရွက်နားမှာအုပ်ထားပြီး မျက်နှာကိုတော့ ဒူးနှစ်လုံးကြားထဲဝှက်ထားပါတဲ့ တစ်စုံတစ်ယောက်ကိုမြင်လိုက်ရလေတယ်

အဲ့ပုံစံက စိတ်မလုံမခြုံဖြစ်တဲ့အခါ လုပ်တတ်တဲ့လူတွေရဲ့ပုံစံတမျိုးဖြစ်လေတယ်

သူမလဲ အဲ့လိုပုံစံနဲ့နေခဲ့ဖူးတာကြောင့် သိလေတယ်

"ဟူးးးး "

ကောင်းပါ့ကွာ ကုသိုလ်လုပ်တယ်ပဲထားပါတော့

မြတ်ပန်းဝေ စိတ်ဓာတ်ကျစွာနဲ့တံခါးလက်ကိုင်ပေါ်တင်ထားတဲ့လက်ကိုပြန်ချလိုက်ကာ သူ့နားပြန်သွားလိုက်တယ်

ပြီးနောက် သူ့ရှေ့မှာ ထိုင်ချလိုက်ကာ လက်နှစ်ဖက်ကိုသူ့ရဲ့နားရွက်နားအုပ်ကိုင်လိုက်တယ်

အဲ့ခနမှာ အပြာရောင်မျက်ဝန်းတို့က သူမကိုစိုက်ကြည့်လာပေမဲ့လှုပ်ရှားမူ့မရှိတာကြောင့် သူမကို သူ မမြင်ဘူးဆုိတာတော့ အသေအချာပဲ

အဲ့တော့ လူမိမှာကိုမကြောက်တော့တဲ့မြတ်ပန်းဝေတစ်ယောက် သူမရဲ့မျက်နှာကိုသူ့ဆီနှိမ့်လိုက်တယ်

ဆတ်ခနဲ ရုန်းကန်မူ့ကိုခံစားလိုက်ရပေမဲ့ အဲ့တာက သူ့ရဲ့နဂိုကာကွယ်လိုတဲ့‌ဗီဇဆိုတာသူမသိတာမို့ လန့်မသွားပဲ နားကိုပဲ သေချာအုပ်ကိုင်လိုက်ကာ အသံကိုအနူးညံ့အညင်သာဆုံး‌ထားပြီး စပြောတော့တယ်

"မကြောက်နဲ့ ဒါက ဘာမှမဟုတ်တဲ့အမှောင်လေးပါပဲ နင့်နှလုံးသားကသာ အရှိန်ပြင်းပြင်းတောက်လောင်စေနိုင်တဲ့မီးတောက်လေးပါ မျက်စိကိုမှိတ်ပြီး အာရုံစူးစိုက်ထား နှလုံးသားထဲကမီးစာကိုထွန်းညှိဖို့ကြိုးစားပါ "

အဲ့တာက အရင်တုန်းက သူမကိုကုပေးတဲ့ဆရာဝန်ရဲ့စကားတွေပဲ ကြားရပါများလွန်းလို့မုန်းခဲ့ပေမဲ့ စိတ်ထဲစွဲနေကာ အခုလိုပြန်ဝေမျှရလိမ့်မယ်လို့လဲမထင်ထားမိဘူး

Sky တစ်ယောက် သူ့ရဲ့နှာခေါင်းဝမှာ ချိုချဉ်နံ့လေးရလိုက်ပြီး လက်နွေးနွေးအိအိလေးနှစ်ဖက်က သူ့နားကိုအုပ်ထားတဲ့လက်ပေါ်လာထပ်တာကိုသိလိုက်တယ်

သူမကဘယ်သူလဲ? သူစိုက်ကြည့်လိုက်ပေမဲ့ ဘာမှမမြင်ရဘူး

Shit.....!

အထိအတွေ့အရမိန်းကလေးတစ်ယောက်ဆိုတာသေချာပေမဲ့လဲ ဘယ်သူဆိုတာ သူလုံးဝ မသိ ခန့်မှန်းလို့လဲမရနေဘူး

သူစိတ်မရှည်လက်မရှည်နဲ့ရုန်းကန်လိုက်ပေမဲ့လဲ သူမက သူ့မျက်နှာရှေ့ရောက်လာလေတယ်

သူမရဲ့ထွက်သက်အချို့က သူ့နှာခေါင်းဝကိုလာကျီစယ်ပြီး သူမနားကရတဲ့ချိုချဉ်အနံ့လေးကလဲစိတ်ကိုနူးညံ့စေတယ်

အဲ့နောက်တော့ သူမက ... ချီးးစကားတွေပြောပါလေရော

ဘာကိုထွန်းညှိတဲ့ ဘာကိုတောက်လောင်တဲ့ အကုန်ချီးစကားတွေချည်းပဲ သူ့ဆရာဝန်ကသူ့ကိုဒီစကားပြောလွန်းလို့အိုသေတော့မယ် လူက ဒီစကားကြားရင်ကို ဒေါသကအလိုလိုထွက်လာတာ

ဒါပေမဲ့ အဲ့ချိုချဉ်နံ့လေးကိုတော့ သူကြိုက်နှစ်သက်မိပါရဲ့ နဲနဲကြည်လင်လာစေတယ်လို့လဲထင်မိလို့ သူမပြောတဲ့ခွေးစကားတွေကို ဆက်နားထောင်နေလိုက်တော့တယ် အာ ပြီးတော့ သူမအသံကလဲ အရမ်းကိုနားထောင်ကောင်းတယ်လေ ရှရှလေးနဲ့အနိမ့်သံ မိန်းကလေးတွေက ပုံမှန်ဆိုအမြင့်သံနဲ့ပဲပြောကြတာ ဒါပေမဲ့ ဒီတစ်ယောက်တော့ ထူးထူးဆနး်ဆန်းပဲ

ဒီလိုကျတော့လဲ သူသိပ်ပြီးအထီးမကျန်‌ေတာ့သလိုပဲ

အားလုံးရနိုင်တဲ့အိမ်ကြီးထဲမှာနေရပေမဲ့လဲ လင်းထိန်နေပေမဲ့လဲ သူ့နှလုံးသားထဲကကွက်လပ်ကိုဘယ်သူမှမဖြည့်‌ပေးနိုင်ခဲ့ဘူး

အခု ဒီတစ်ယောက်အသံနားထောင်ရင်း သူ့ရဲ့နှလုံးသားထဲကို ရေတံခွန်လိုမျိုး တစုံတခုက တိတ်တိတ်လေးစီးဆင်းလာကာ သူ့နှလုံးသားကိုဖာထေးပေးနေတော့တယ်

.........🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

Alinkar nang

😝😝

Continue Reading

You'll Also Like

4.2M 381K 43
ဘယ်တုန်းကမှ သိက္ခာကျရတယ်လို့ မတွေးခဲ့ဖူးဘူး ထင်စေ။ဒါတွေက ငါမင်းကိုချစ်လို့
6.7K 272 19
SimpleLove YumaoFanFic (Zawgyi & Unicode) Completed
648K 71.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
51.7K 2K 123
သူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝ...