ကျုပ်က ပါရမီရှင် (Chapter 401...

By Hanshin_no

25.5K 2.4K 27

Chapter 401-600 I don't own this story!! All credit goes to Original Author! ✍️ More

Chapter 401
Chapter 402
Chapter 403
Chapter 404
Chapter 405
Chapter 406
Chapter 407
Chapter 408
Chapter 409
Chapter 410
Chapter 411
Chapter 412
Chapter 413
Chapter 414
Chapter 415
Chapter 416
Chapter 417
Chapter 418
Chapter 419
Chapter 421
Chapter 422
Chapter 423
Chapter 424
Chapter 425
Chapter 426
Chapter 427
Chapter 428
Chapter 429
Chapter 430
Chapter 431
Chapter 432
Chapter 433
Chapter 434
Chapter 435
Chapter 436
Chapter 437
Chapter 438
Chapter 439
Chapter 440
Chapter 441
Chapter 442
Chapter 443
Chapter 444
Chapter 445
Chapter 446
Chapter 447
Chapter 448
Chapter 449
Chapter 450
Chapter 451
Chapter 452
Chapter 453
Chapter 454
Chapter 455
Chapter 456
Chapter 457
Chapter 458
Chapter 459
Chapter 460
Chapter 461
Chapter 462
Chapter 463
Chapter 464
Chapter 465
Chapter 466
Chapter 467
Chapter 468
Chapter 469
Chapter 470
Chapter 471
Chapter 472
Chapter 473
Chapter 474
Chapter 475
Chapter 476
Chapter 477
Chapter 478
Chapter 479
Chapter 480
Chapter 481
Chapter 482
Chapter 483
Chapter 484
Chapter 485
Chapter 486
Chapter 487
Chapter 488
Chapter 489
Chapter 490
Chapter 491
Chapter 492
Chapter 493
Chapter 494
Chapter 495
Chapter 496
Chapter 497
Chapter 498
Chapter 499
Chapter 500
Chapter 501
Chapter 502
Chapter 503
Chapter 504
Chapter 505
Chapter 506
Chapter 507
Chapter 508
Chapter 509
Chapter 510
Chapter 511
Chapter 512
Chapter 513
Chapter 514

Chapter 420

270 21 0
By Hanshin_no

စာစဉ် 28 Chapter 420 ပျံ့လွင့်လာသော ရနံ့

[နတ်ဘုရားမလေး ရှောင်ရဲ့နဲ့ နတ်ဘုရားမလေး ယွဲ့အာတို့က တကယ် ချစ်ဖို့ကောင်းတာပဲ၊ သူတို့ စိတ်ဆိုးနေတဲ့ အချိန်မှာတောင်မှ သိပ်ကို ဆွဲဆောင်မှု ရှိတာပဲ]

[ဟားဟားဟား ရဲ့နတ်ဘုရားလည်း မတတ်နိုင်တော့ဘူး၊ သူတို့က သူ့ကို တကယ် ကောင်းကောင်းကြီး နောက်ပြောင်ခဲ့တာပဲ]

[ငါ မီးဖိုအတွက် စိတ်မကောင်း ဖြစ်မိတယ်၊ အရင်က အဲ့လောက်ထိ ပြွတ်သိပ်ပြီး ထည့်ခံရဖူးမှာ မဟုတ်ဘူး]

[ဒါ သဝန်တိုတာလား၊ ဝိုး ... နတ်ဘုရားမလေး နှစ်ယောက်က ရဲ့လင်းချန်အတွက် ရန်ဖြစ်နေတာပဲ၊ ငါ ဒရာမာအနံ့တွေ ရနေတယ်နော်]

[ငါတို့ အဖွဲ့ဖွဲ့ကြမယ်၊ ငါ ရှောင်ရင်ကို အဆုံးထိ အားပေးတယ်ကွာ]

[ဟူယွဲ့အာက ရဲ့နတ်ဘုရားအတွက် ပိုကောင်းတဲ့ အတွဲလို့ ငါ ထင်တယ်]

[ငါ နှစ်ခုလုံးကို သဘောမတူဘူး၊ ရဲ့နတ်ဘုရားက ငါတို့အပိုင်ပဲ]

...

ယခင်ကသာဆိုလျင် ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့နှင့် ရဲ့လင်းချန် ရှိနေသည့် ကောလာဟလ တစ်ခုခုသာ ရှိခဲ့ပါက ပရိသတ်များ ပေါက်ကွဲသွားလောက်သည်။ အင်တာနက်ပေါ်၌ ဆဲဆိုပြောဆိုခြင်းပင် အသေးစား နှောင့်ယှက်မှုဟုပင် သတ်မှတ်နိုင်ပြီး အဆိုးဆုံးအနေဖြင့် ရဲ့လင်းချန်ကို သူတို့ လိုက်ရှာလောက်သည်။

သို့သော် ပြီးခဲ့သော ရက်များတွင် ရဲ့လင်းချန်က သူ့အရည်အချင်းများနှင့် သူ့ကိုယ်သူ သက်သေ ပြခဲ့သည်။ မိန်းကလေးများသာမက ယောက်ျားလေးများပင် သူ့ပရိသတ်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။ ထိုအထဲတွင် သူ့ကို မုန်းတီးသူအချို့ပင် ပါသေးသည်။

သူ၏ စွမ်းဆောင်မှုက ပြောစရာ မရှိပေ။ သူ၏ ကြည့်ကောင်းသော ရုပ်ရည်အပြင် သူသည် ဩဇာညောင်းပြီး အရည်အချင်း ရှိသည်။ အမျိုးသမီးများသည် သူ့ကို အရူးအမူး ဖြစ်လောက်ပြီး အမျိုးသားများက သိမ်ငယ်သလို ခံစားရပေမည်။

ရဲ့လင်းချန်သည် အိုးထဲသို့ ငါးထည့်၍ ကြိုပြင်ထားသည့် ပါဝင်ပစ္စည်းများကိုပါ ထည့်လိုက်သည်။ အိုးကို မွှေပြီးနောက် အဖုံးအုပ်၍ အပူချိန်နည်းနည်းဖြင့် နှပ်ထားလိုက်သည်။

ငါးသည် အကျက်မြန်၏။ ဆယ်မိနစ်နီးပါးအတွင်းမှာပင် အငွေ့များ ထွက်လာပြီး ရေဆူသံ ထွက်ပေါ်လာသည်။

ချက်နေစဉ်အတွင်း အဖြူရောင် အငွေ့များ ထွက်ပေါ်နေပြီး လေထဲ၌ မွှေးပျံ့သော ငါးဟင်းနံ့က လှိုင်လှိုင်ထ နေသည်။ ရနံ့က ချက်ချင်း ထောင်းခနဲ ရလာခြင်း မဟုတ်ပေ။ ၎င်းက သူတို့နှာခေါင်းကို ယားယံစေရုံ မျှလောက်သာ ဖြစ်ပြီး မယုံနိုင်လောက်အောင် မွှေးပျံ့လေသည်။

သို့သော် ငါးအသားကို ဆက်ချက်သည်နှင့် အနံ့က ပိုပြင်းလာလေဖြစ်ပြီး မှိုအိမ်လေး တစ်ခုလုံးကို လွှမ်းခြုံ လာသည်။ လူတိုင်း နှာခေါင်းယားယံသလို ခံစားလိုက်ရသည်။

ကျောက်လျန့်ရင် မနေနိုင်ဘဲ သူမနှုတ်ခမ်းကို ခဏခဏ သပ်နေမိပြီး မကြာခဏ တံတွေးများ စိမ့်ထွက်လျက် ရှိသည်။ ထိုမွှေးရနံ့က စိုးမိုးနိုင်လွန်းလှသည်။

ဟူယွဲ့အာသည်လည်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ ထိုမွှေးရနံ့က သူမ၏ အစာစားချင်စိတ်ကို နှိုးဆွပေး နေသည်။

ဟွမ်လေ့၏ မျက်နှာက တစ်ခဏမျှ တောင့်ခနဲ ဖြစ်သွားပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်လာသည်။ ရဲ့လင်းချန်၏ ဟင်းချက်ပညာက ထိုအဆင့် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

ဟယ်ကျားနှင့် ဝေ့တရွှင်းတို့ နှစ်ယောက်လုံး မှင်တက်နေပြီး အတော်လေး ထိတ်လန့်နေကြသည်။

အချိန်ကျပေတော့မည်။

ရဲ့လင်းချန်က အိုးအဖုံးကို မလိုက်သောအခါ ရေနွေးငွေ့က အရှိန်ဖြင့် ကန်ထွက်လာသည်။ ထို့နောက် ပြင်းရှသော မွှေးရနံ့က ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။

"ဝိုး ဝိုး ဝိုး"

ကျောက်လျန့်ရင်၏ အသံက တုန်နေသည်။ သူမ ချက်ချင်း ထရပ်ကာ ဟူယွဲ့အာနှင့် တကျက်ကျက် ရန်စောင်နေသည်ကို သတိမရတော့ဘဲ မီးဖိုချောင်ထဲသို့ ပြေးသွားလေသည်။

"အနံ့လေးက မွှေးလိုက်တာ၊ ဘယ်လိုလုပ် အဲ့လောက် မွှေးရတာလဲ"

ဟွမ်လေ့က နှာခေါင်းတရှုံ့ရှုံ့ ဖြစ်နေပြီး အံ့ဩမှုကြောင့် မလှုပ်နိုင် ဖြစ်နေသလိုပင်။

သူသည် အတွေ့အကြုံရှိသော စားဖိုမှူးတစ်ဦး ဖြစ်သည်။ သို့သော် သူ ဘာပဲချက်ပါစေ ထိုသို့ သွားရည်ကျ လောက်သည့် ဟင်းလျာမျိုး မဖန်တီးနိုင်ပါ။ ထို့အပြင် သူ့စိတ်အထင်သက်သက် ဟုတ်၊ မဟုတ် မသေချာသော်လည်း ထိုရနံ့တစ်ခုတည်းကတင် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်း ရှိသည်ဟု ခံစားရသည်။

"ရဲ့နတ်ဘုရား၊ မင်း ဒီထဲမှာ ဘာထည့်ထားတာလဲ၊ အနံ့က တော်တော် ထူးဆန်းတယ်"

ဟယ်ကျားက မေးသည်။ သူ၏ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းအဆင့်နှင့်တောင်မှ ထိန်းမရအောင် သွားရည် ကျနေသည်။

"ကျွန်တော် ဆေးပင်နည်းနည်း ထည့်ထားတာ၊ သဘာဝက အံ့ဩစရာပဲ၊ တော်တော်များများက တစ်ခုနဲ့တစ်ခု သဟဇာတ ဖြစ်နေပြီးတော့ ကျွန်တော်တို့ဆီကို အံ့ဩစရာတွေ ယူဆောင်လာပေးတယ်"

ရဲ့လင်းချန် ပြုံး၍ ပြန်ပြောလိုက်သည်။ သူသည် ပါဝင်ပစ္စည်း အကန့်အသတ်နှင့် အရသာ အကောင်းဆုံး ဟင်းလျာများကို ဖန်တီးနိုင်ပါသည်။

"ရဲ့နတ်ဘုရား မင်းက သိပ်တော်တာပဲ၊ ဟွမ်လေ့ ချက်တာထက်တောင် ပိုမွှေးသေးတယ်"

ဝေ့တရွှင်းက တအံ့တဩ ပြောသည်။ ထိုသို့ပြောနေချိန်တွင် သူသည် သွားရည်များ ယိုစီးကျလာမည်ကို စိုး၍ ပါးစပ်ကို လက်ဖြင့် အုပ်ထားလေသည်။

ထိုစကားများကြောင့် ဟွမ်လေ့သည် ပြုံးရုံမျှသာ ပြုံးနေပြီး စိတ်ထဲမထားချေ။ သူသည် ချက်ပြုတ်ရသည်ကို နှစ်သက်ပြီး ဝေ့တရွှင်းက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။

"လင်းချန်၊ ကျွန်မ ရှင့်ကို ပန်းကန် ကူသယ်ပေးမယ်"

ဟူယွဲ့အာက သူ့အနားသို့ ကပ်သွားပြီး ရဲ့လင်းချန်၏ လက်ထဲမှ ငါးပန်းကန်ကို လှမ်းယူ၍ စားပွဲပေါ် တင်လိုက်သည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် သူတို့အချင်းချင်း ပြိုင်နေသည်ကို မေ့သွားပုံရသည်။ သူတို့သည် စားပွဲပေါ် ခေါင်းစောင်းတင်၍ ငါးပန်းကန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

"တစ်လုပ်လောက်၊ တစ်လုပ်လောက် အတူတူ စားကြည့်ကြမလား"

ကျောက်လျန့်ရင်က တံတွေးမျိုချလျက် မေးလိုက်သည်။

"ငါ သဘောတူတယ်"

ဟူယွဲ့အာက နှုတ်ခမ်းသပ်နေ၏။ သူမတို့ နှစ်ယောက်သည် ထူးဆန်းစွာပင် ပြိုင်တူ ဆုံးဖြတ်ချက် ချလိုက်ပြီး တူများကို ကောက်ကိုင်လိုက်ကြသည်။

"အိုး ... အရသာက သိပ်ကောင်းတာပဲ"

ဟူယွဲ့အာ ညည်းလိုက်မိသည်။ သူမပါးစပ်ထဲသို့ ငါးအသား ရောက်လာသည်နှင့် သူမ မျက်လုံးပြူးသွားရသည်။ သူမမျက်နှာလေးက အံ့ဩစိတ်တို့နှင့် ဝင်းပလျက် ရှိသည်။

အံ့ဩစရာ ကောင်းလွန်းလှပေသည်။ ယင်းက သူမ စားဖူးသမျှထဲတွင် အရသာ အရှိဆုံး အရာပင်။

ကျောက်လျန့်ရင်သည် တံတွေးမျိုချလိုက်ပြီးနောက် အချိန်ထပ်မဆွဲတော့ရန် ဆုံးဖြတ်လိုက်သည်။ သူမက ငါးပါးစပ်မှ အသားတစ်စကို ယူလိုက်သည်။ ၎င်းသည် ငါးတစ်ကောင်လုံး၌ အနူးညံ့ဆုံးအပိုင်း ဖြစ်လေသည်။

သူမပါးစပ်ထဲသို့ ငါးအသား ဝင်လာသည်နှင့် ကျောက်လျန့်ရင် မှင်တက်ကာ မျက်လုံးအား မှိတ်လိုက်မိသည်။ သူမမျက်နှာတွင် ပျော်ရွှင်မှုတို့ ပေါ်လွင်နေပြီး ငါးထံမှ မွှေးရနံ့က သူမပါးစပ်ထဲ စွဲနေပြီး သူမကိုယ်သူမ တိမ်ပေါ် ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။

ရဲ့လင်းချန်၏ ဟင်းလျာက အံ့ဩစရာကောင်းမှန်း သူမ သိထားသော်လည်း ထပ်မံ၍ မြည်းစမ်းကြည့်သောအခါ သူမ မှင်တက်ရပြန်သည်။

ထို့အပြင် ငါးက သူမတို့ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်ရှိသွားပြီးနောက် နှစ်ယောက်လုံး ကျေနပ်သွားသလို ခံစားလိုက်ရသည်။

သူမတို့ စိတ်ထဲမှ မပျော်ရွှင်မှုနှင့် အချင်းချင်းအပေါ် ရှိနေသော ရန်လိုစိတ်တို့ လွင့်ပြယ်သွားသည်။ ဤသို့ အံ့ဩစရာ ကောင်းသော ဟင်းလျာကို စားနိုင်သည်ကပင် ကံကောင်းနေပြီ ဖြစ်သည်။ ဘာကိုများ မပျော်မရွှင် ဖြစ်စရာ ရှိသနည်း။

"ဘယ်လိုလဲ၊ စားလို့ကောင်းလား"

သူတို့ အမူအရာကို အနီးကပ် စောင့်ကြည့်နေသော ဝေ့တရွှင်းသည် ထပ်၍ သည်းမခံနိုင်တော့ချေ။ သူ ချက်ချင်း တူကို ကောက်ကိုင်၍ လှမ်းလိုက်သည်။

"သွားစမ်းပါ"

ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့က ပြိုင်တူ ပြောပြီးနောက် ငါးပန်းကန်အား သူတို့ ကလေးသဖွယ် ကာကွယ် လေတော့သည်။

ယင်းက ဝေ့တရွှင်းကို အံ့ဩသွားစေသည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် အချင်းချင်း ပြန်ကြည့်၍ နှုတ်ခမ်းသပ်လိုက်ကြသည်။

"ငါတို့ ... နောက်တစ်လုပ်လောက် စားကြည့်ရင်ရော၊ တစ်ခါလောက်လေးပဲလေ"

ဝေ့တရွှင်း အံ့ဩပြီး ဆွံ့အသွားလေသည်။

[ဟားဟားဟား ရှောင်ရင်နဲ့ ယွဲ့အာက တော်တော် ချစ်ဖို့ကောင်းတာပဲ]

[ဝေ့တရွှင်း ငါ မတရားသလို ခံစားရတယ်၊ ဒါပေမဲ့ ငါ ဘာမှမပြောဘူးလေ]

[အဲ့လောက် ကောင်းတာလား၊ ဟင့်ဟင့်ဟင့် ... ငါလည်း စားချင်တယ်လေ၊ ငါးဟင်းက ကြည့်လို့ ကောင်းလိုက်တာ၊ ကြယ်ငါးပွင့် စားသောက်ဆိုင်က စားဖိုမှူးတွေ ချက်တာထက်တောင် ပိုကြည့်ကောင်းသေးတယ်]

[ရဲ့နတ်ဘုရားက တကယ် အကုန်တတ်တာပဲ၊ သူက အံ့ဩဖို့ ကောင်းလွန်းတယ်]

[လခွမ်း၊ ငါ ဘာမှ မစားရသေးဘူးလေ၊ မင်းတို့ အဆိပ်ကို ဒီလိုဖြန့်တာ မကောင်းပါဘူး]

[မြတ်စွာဘုရား၊ ရှောင်ရင်နဲ့ ယွဲ့အာတို့ ရန်လိုနေတာကို အစားအသောက်အတွက် ဘေးချိတ်ထားလိုက်တာကို သတိထားလိုက်မိလား၊ ရဲ့နတ်ဘုရားရဲ့ အချက်အပြုတ် စွမ်းရည်က တကယ်ပဲ သူတို့အချင်းချင်းကို ငြိမ်းချမ်း စေတာလား]

[ဂလု ... ပိုပြီး အသေးစိတ်ကျကျ စဉ်းစားရင် ကြောက်ဖို့တောင် ကောင်းလာတယ်]

...

ထိုအခိုက်တွင် ရဲ့လင်းချန်က အခြား ဟင်းလျာနှစ်ခုကို အာရုံစိုက်နေသည်။ တစ်ခုမှာ ငါးစွပ်ပြုတ် ဖြစ်ပြီး၊ ကျန်တစ်ခုမှာ ငါးပေါင်း ဖြစ်လေသည်။

နှစ်ခုလုံးကို ပြိုင်တူ ချက်နေခြင်း ဖြစ်သည်။ ထို့အပြင် ပြင်ဆင်ထားသည်များ ပြီးသွားသည်နှင့် သူ အိုးထဲမှ ငါးကျက်သွားသည်ကိုသာ စောင့်ရန် လိုပေသည်။ ငါးဟင်းထက် ပို၍ အချိန်လိုသော်လည်း သိပ်အချိန်မကြာပါ။

ထင်ထားသည့်အတိုင်းပင် သိပ်မကြာလိုက်သည့် အချိန်အတွင်း၌ မတူညီသော မွှေးရနံ့တစ်ခုက မှိုတဲအိမ်လေး အတွင်း၌ ပျံ့နှံ့လာ၏။

ရနံ့က ငါးဟင်းလောက် မပြင်းသောလည်း ကြာကြာခံနေသည်။ ထို့အပြင် ၎င်းက ငါးပေါင်းထံမှ ထွက်လာခြင်း ဖြစ်သည်။ ၎င်းသည် ငါး၏ မူလအရသာနှင့် နီးစပ်သော အနံ့တစ်မျိုး ဖြစ်သည်။

"ငါးစွပ်ပြုတ်နဲ့ ငါးပေါင်းလည်း အသင့်ဖြစ်နေပြီ"

ရဲ့လင်းချန် လှမ်းပြော၍ အိုးအဖုံးကို ဖွင့်လိုက်သည်။

ငါးစွပ်ပြုတ်က နို့နှစ်ရောင်သဖွယ် ဖြူဝင်းနေသည်။ ပွက်ပွက်ဆူနေသော အိုးအတွင်း၌ ငါးခေါင်းက နူးညံ့သော တို့ဟူး နှင့်အတူ ပေါလောပေါ်နေသည်။ စွပ်ပြုတ်၏ အပေါ်တွင် လှီးဖြတ်ထားသော ကြက်သွန်မြိတ်နှင့် ဆေးပင်များ ရှိနေပြီး မသိလျင် ညကောင်းကင်ယံ၌ ကြယ်များ လက်နေပုံနှင့် တူနေသယောင်ပင်။ ပုံရိပ်က သူတို့၏ အစာစားချင်စိတ်ကို ဆွဲဆောင်နေ၏။

....

#Zawgyi

စာစဥ္ 28 Chapter 420 ပ်ံ႕လြင့္လာေသာ ရနံ႔

[နတ္ဘုရားမေလး ေရွာင္ရဲ႕နဲ႔ နတ္ဘုရားမေလး ယြဲ႕အာတို႔က တကယ္ ခ်စ္ဖို႔ေကာင္းတာပဲ၊ သူတို႔ စိတ္ဆိုးေနတဲ့ အခ်ိန္မွာေတာင္မွ သိပ္ကို ဆြဲေဆာင္မႈ ရွိတာပဲ]

[ဟားဟားဟား ရဲ႕နတ္ဘုရားလည္း မတတ္ႏိုင္ေတာ့ဘူး၊ သူတို႔က သူ႔ကို တကယ္ ေကာင္းေကာင္းႀကီး ေနာက္ေျပာင္ခဲ့တာပဲ]

[ငါ မီးဖိုအတြက္ စိတ္မေကာင္း ျဖစ္မိတယ္၊ အရင္က အဲ့ေလာက္ထိ ႁပြတ္သိပ္ၿပီး ထည့္ခံရဖူးမွာ မဟုတ္ဘူး]

[ဒါ သဝန္တိုတာလား၊ ဝိုး ... နတ္ဘုရားမေလး ႏွစ္ေယာက္က ရဲ႕လင္းခ်န္အတြက္ ရန္ျဖစ္ေနတာပဲ၊ ငါ ဒရာမာအနံ႔ေတြ ရေနတယ္ေနာ္]

[ငါတို႔ အဖြဲ႕ဖြဲ႕ၾကမယ္၊ ငါ ေရွာင္ရင္ကို အဆုံးထိ အားေပးတယ္ကြာ]

[ဟူယြဲ႕အာက ရဲ႕နတ္ဘုရားအတြက္ ပိုေကာင္းတဲ့ အတြဲလို႔ ငါ ထင္တယ္]

[ငါ ႏွစ္ခုလုံးကို သေဘာမတူဘူး၊ ရဲ႕နတ္ဘုရားက ငါတို႔အပိုင္ပဲ]

...

ယခင္ကသာဆိုလ်င္ ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔ႏွင့္ ရဲ႕လင္းခ်န္ ရွိေနသည့္ ေကာလာဟလ တစ္ခုခုသာ ရွိခဲ့ပါက ပရိသတ္မ်ား ေပါက္ကြဲသြားေလာက္သည္။ အင္တာနက္ေပၚ၌ ဆဲဆိုေျပာဆိုျခင္းပင္ အေသးစား ေႏွာင့္ယွက္မႈဟုပင္ သတ္မွတ္ႏိုင္ၿပီး အဆိုးဆုံးအေနျဖင့္ ရဲ႕လင္းခ်န္ကို သူတို႔ လိုက္ရွာေလာက္သည္။

သို႔ေသာ္ ၿပီးခဲ့ေသာ ရက္မ်ားတြင္ ရဲ႕လင္းခ်န္က သူ႔အရည္အခ်င္းမ်ားႏွင့္ သူ႔ကိုယ္သူ သက္ေသ ျပခဲ့သည္။ မိန္းကေလးမ်ားသာမက ေယာက္်ားေလးမ်ားပင္ သူ႔ပရိသတ္မ်ားအျဖစ္ တျဖည္းျဖည္း ေျပာင္းလဲလာသည္။ ထိုအထဲတြင္ သူ႔ကို မုန္းတီးသူအခ်ိဳ႕ပင္ ပါေသးသည္။

သူ၏ စြမ္းေဆာင္မႈက ေျပာစရာ မရွိေပ။ သူ၏ ၾကည့္ေကာင္းေသာ ႐ုပ္ရည္အျပင္ သူသည္ ဩဇာေညာင္းၿပီး အရည္အခ်င္း ရွိသည္။ အမ်ိဳးသမီးမ်ားသည္ သူ႔ကို အ႐ူးအမူး ျဖစ္ေလာက္ၿပီး အမ်ိဳးသားမ်ားက သိမ္ငယ္သလို ခံစားရေပမည္။

ရဲ႕လင္းခ်န္သည္ အိုးထဲသို႔ ငါးထည့္၍ ႀကိဳျပင္ထားသည့္ ပါဝင္ပစၥည္းမ်ားကိုပါ ထည့္လိုက္သည္။ အိုးကို ေမႊၿပီးေနာက္ အဖုံးအုပ္၍ အပူခ်ိန္နည္းနည္းျဖင့္ ႏွပ္ထားလိုက္သည္။

ငါးသည္ အက်က္ျမန္၏။ ဆယ္မိနစ္နီးပါးအတြင္းမွာပင္ အေငြ႕မ်ား ထြက္လာၿပီး ေရဆူသံ ထြက္ေပၚလာသည္။

ခ်က္ေနစဥ္အတြင္း အျဖဴေရာင္ အေငြ႕မ်ား ထြက္ေပၚေနၿပီး ေလထဲ၌ ေမႊးပ်ံ႕ေသာ ငါးဟင္းနံ႔က လႈိင္လႈိင္ထ ေနသည္။ ရနံ႔က ခ်က္ခ်င္း ေထာင္းခနဲ ရလာျခင္း မဟုတ္ေပ။ ၎က သူတို႔ႏွာေခါင္းကို ယားယံေစ႐ုံ မွ်ေလာက္သာ ျဖစ္ၿပီး မယုံႏိုင္ေလာက္ေအာင္ ေမႊးပ်ံ႕ေလသည္။

သို႔ေသာ္ ငါးအသားကို ဆက္ခ်က္သည္ႏွင့္ အနံ႔က ပိုျပင္းလာေလျဖစ္ၿပီး မႈိအိမ္ေလး တစ္ခုလုံးကို လႊမ္းၿခဳံ လာသည္။ လူတိုင္း ႏွာေခါင္းယားယံသလို ခံစားလိုက္ရသည္။

ေက်ာက္လ်န႔္ရင္ မေနႏိုင္ဘဲ သူမႏႈတ္ခမ္းကို ခဏခဏ သပ္ေနမိၿပီး မၾကာခဏ တံေတြးမ်ား စိမ့္ထြက္လ်က္ ရွိသည္။ ထိုေမႊးရနံ႔က စိုးမိုးႏိုင္လြန္းလွသည္။

ဟူယြဲ႕အာသည္လည္း အသက္ျပင္းျပင္း ရွဴလိုက္မိသည္။ ထိုေမႊးရနံ႔က သူမ၏ အစာစားခ်င္စိတ္ကို ႏႈိးဆြေပး ေနသည္။

ဟြမ္ေလ့၏ မ်က္ႏွာက တစ္ခဏမွ် ေတာင့္ခနဲ ျဖစ္သြားၿပီး ရဲ႕လင္းခ်န္အား တအံ့တဩ ၾကည့္လာသည္။ ရဲ႕လင္းခ်န္၏ ဟင္းခ်က္ပညာက ထိုအဆင့္ ျဖစ္ေနလိမ့္မည္ဟု သူ လုံးဝ ထင္မထားမိပါ။

ဟယ္က်ားႏွင့္ ေဝ့တ႐ႊင္းတို႔ ႏွစ္ေယာက္လုံး မွင္တက္ေနၿပီး အေတာ္ေလး ထိတ္လန႔္ေနၾကသည္။

အခ်ိန္က်ေပေတာ့မည္။

ရဲ႕လင္းခ်န္က အိုးအဖုံးကို မလိုက္ေသာအခါ ေရေႏြးေငြ႕က အရွိန္ျဖင့္ ကန္ထြက္လာသည္။ ထို႔ေနာက္ ျပင္းရွေသာ ေမႊးရနံ႔က ခ်က္ခ်င္းဆိုသလို ထြက္ေပၚလာ၏။

"ဝိုး ဝိုး ဝိုး"

ေက်ာက္လ်န႔္ရင္၏ အသံက တုန္ေနသည္။ သူမ ခ်က္ခ်င္း ထရပ္ကာ ဟူယြဲ႕အာႏွင့္ တက်က္က်က္ ရန္ေစာင္ေနသည္ကို သတိမရေတာ့ဘဲ မီးဖိုေခ်ာင္ထဲသို႔ ေျပးသြားေလသည္။

"အနံ႔ေလးက ေမႊးလိုက္တာ၊ ဘယ္လိုလုပ္ အဲ့ေလာက္ ေမႊးရတာလဲ"

ဟြမ္ေလ့က ႏွာေခါင္းတရႈံ႕ရႈံ႕ ျဖစ္ေနၿပီး အံ့ဩမႈေၾကာင့္ မလႈပ္ႏိုင္ ျဖစ္ေနသလိုပင္။

သူသည္ အေတြ႕အႀကဳံရွိေသာ စားဖိုမႉးတစ္ဦး ျဖစ္သည္။ သို႔ေသာ္ သူ ဘာပဲခ်က္ပါေစ ထိုသို႔ သြားရည္က် ေလာက္သည့္ ဟင္းလ်ာမ်ိဳး မဖန္တီးႏိုင္ပါ။ ထို႔အျပင္ သူ႔စိတ္အထင္သက္သက္ ဟုတ္၊ မဟုတ္ မေသခ်ာေသာ္လည္း ထိုရနံ႔တစ္ခုတည္းကတင္ သူ႔စိတ္ကို တည္ၿငိမ္ေအာင္ လုပ္ႏိုင္စြမ္း ရွိသည္ဟု ခံစားရသည္။

"ရဲ႕နတ္ဘုရား၊ မင္း ဒီထဲမွာ ဘာထည့္ထားတာလဲ၊ အနံ႔က ေတာ္ေတာ္ ထူးဆန္းတယ္"

ဟယ္က်ားက ေမးသည္။ သူ၏ ကိုယ့္ကိုယ္ကိုယ္ ထိန္းခ်ဳပ္ႏိုင္စြမ္းအဆင့္ႏွင့္ေတာင္မွ ထိန္းမရေအာင္ သြားရည္ က်ေနသည္။

"ကြၽန္ေတာ္ ေဆးပင္နည္းနည္း ထည့္ထားတာ၊ သဘာဝက အံ့ဩစရာပဲ၊ ေတာ္ေတာ္မ်ားမ်ားက တစ္ခုနဲ႔တစ္ခု သဟဇာတ ျဖစ္ေနၿပီးေတာ့ ကြၽန္ေတာ္တို႔ဆီကို အံ့ဩစရာေတြ ယူေဆာင္လာေပးတယ္"

ရဲ႕လင္းခ်န္ ၿပဳံး၍ ျပန္ေျပာလိုက္သည္။ သူသည္ ပါဝင္ပစၥည္း အကန႔္အသတ္ႏွင့္ အရသာ အေကာင္းဆုံး ဟင္းလ်ာမ်ားကို ဖန္တီးႏိုင္ပါသည္။

"ရဲ႕နတ္ဘုရား မင္းက သိပ္ေတာ္တာပဲ၊ ဟြမ္ေလ့ ခ်က္တာထက္ေတာင္ ပိုေမႊးေသးတယ္"

ေဝ့တ႐ႊင္းက တအံ့တဩ ေျပာသည္။ ထိုသို႔ေျပာေနခ်ိန္တြင္ သူသည္ သြားရည္မ်ား ယိုစီးက်လာမည္ကို စိုး၍ ပါးစပ္ကို လက္ျဖင့္ အုပ္ထားေလသည္။

ထိုစကားမ်ားေၾကာင့္ ဟြမ္ေလ့သည္ ၿပဳံး႐ုံမွ်သာ ၿပဳံးေနၿပီး စိတ္ထဲမထားေခ်။ သူသည္ ခ်က္ျပဳတ္ရသည္ကို ႏွစ္သက္ၿပီး ေဝ့တ႐ႊင္းက အမွန္အတိုင္း ေျပာေနျခင္း ျဖစ္သည္။

"လင္းခ်န္၊ ကြၽန္မ ရွင့္ကို ပန္းကန္ ကူသယ္ေပးမယ္"

ဟူယြဲ႕အာက သူ႔အနားသို႔ ကပ္သြားၿပီး ရဲ႕လင္းခ်န္၏ လက္ထဲမွ ငါးပန္းကန္ကို လွမ္းယူ၍ စားပြဲေပၚ တင္လိုက္သည္။

ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔သည္ သူတို႔အခ်င္းခ်င္း ၿပိဳင္ေနသည္ကို ေမ့သြားပုံရသည္။ သူတို႔သည္ စားပြဲေပၚ ေခါင္းေစာင္းတင္၍ ငါးပန္းကန္အား စိတ္အားထက္သန္စြာ စိုက္ၾကည့္ေနသည္။

"တစ္လုပ္ေလာက္၊ တစ္လုပ္ေလာက္ အတူတူ စားၾကည့္ၾကမလား"

ေက်ာက္လ်န႔္ရင္က တံေတြးမ်ိဳခ်လ်က္ ေမးလိုက္သည္။

"ငါ သေဘာတူတယ္"

ဟူယြဲ႕အာက ႏႈတ္ခမ္းသပ္ေန၏။ သူမတို႔ ႏွစ္ေယာက္သည္ ထူးဆန္းစြာပင္ ၿပိဳင္တူ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီး တူမ်ားကို ေကာက္ကိုင္လိုက္ၾကသည္။

"အိုး ... အရသာက သိပ္ေကာင္းတာပဲ"

ဟူယြဲ႕အာ ညည္းလိုက္မိသည္။ သူမပါးစပ္ထဲသို႔ ငါးအသား ေရာက္လာသည္ႏွင့္ သူမ မ်က္လုံးျပဴးသြားရသည္။ သူမမ်က္ႏွာေလးက အံ့ဩစိတ္တို႔ႏွင့္ ဝင္းပလ်က္ ရွိသည္။

အံ့ဩစရာ ေကာင္းလြန္းလွေပသည္။ ယင္းက သူမ စားဖူးသမွ်ထဲတြင္ အရသာ အရွိဆုံး အရာပင္။

ေက်ာက္လ်န႔္ရင္သည္ တံေတြးမ်ိဳခ်လိုက္ၿပီးေနာက္ အခ်ိန္ထပ္မဆြဲေတာ့ရန္ ဆုံးျဖတ္လိုက္သည္။ သူမက ငါးပါးစပ္မွ အသားတစ္စကို ယူလိုက္သည္။ ၎သည္ ငါးတစ္ေကာင္လုံး၌ အႏူးညံ့ဆုံးအပိုင္း ျဖစ္ေလသည္။

သူမပါးစပ္ထဲသို႔ ငါးအသား ဝင္လာသည္ႏွင့္ ေက်ာက္လ်န႔္ရင္ မွင္တက္ကာ မ်က္လုံးအား မွိတ္လိုက္မိသည္။ သူမမ်က္ႏွာတြင္ ေပ်ာ္႐ႊင္မႈတို႔ ေပၚလြင္ေနၿပီး ငါးထံမွ ေမႊးရနံ႔က သူမပါးစပ္ထဲ စြဲေနၿပီး သူမကိုယ္သူမ တိမ္ေပၚ ေရာက္ေနသကဲ့သို႔ ခံစားလိုက္ရသည္။

ရဲ႕လင္းခ်န္၏ ဟင္းလ်ာက အံ့ဩစရာေကာင္းမွန္း သူမ သိထားေသာ္လည္း ထပ္မံ၍ ျမည္းစမ္းၾကည့္ေသာအခါ သူမ မွင္တက္ရျပန္သည္။

ထို႔အျပင္ ငါးက သူမတို႔ လည္ေခ်ာင္းမွတစ္ဆင့္ အစာအိမ္ထဲသို႔ ေရာက္ရွိသြားၿပီးေနာက္ ႏွစ္ေယာက္လုံး ေက်နပ္သြားသလို ခံစားလိုက္ရသည္။

သူမတို႔ စိတ္ထဲမွ မေပ်ာ္႐ႊင္မႈႏွင့္ အခ်င္းခ်င္းအေပၚ ရွိေနေသာ ရန္လိုစိတ္တို႔ လြင့္ျပယ္သြားသည္။ ဤသို႔ အံ့ဩစရာ ေကာင္းေသာ ဟင္းလ်ာကို စားႏိုင္သည္ကပင္ ကံေကာင္းေနၿပီ ျဖစ္သည္။ ဘာကိုမ်ား မေပ်ာ္မ႐ႊင္ ျဖစ္စရာ ရွိသနည္း။

"ဘယ္လိုလဲ၊ စားလို႔ေကာင္းလား"

သူတို႔ အမူအရာကို အနီးကပ္ ေစာင့္ၾကည့္ေနေသာ ေဝ့တ႐ႊင္းသည္ ထပ္၍ သည္းမခံႏိုင္ေတာ့ေခ်။ သူ ခ်က္ခ်င္း တူကို ေကာက္ကိုင္၍ လွမ္းလိုက္သည္။

"သြားစမ္းပါ"

ဟူယြဲ႕အာႏွင့္ ေက်ာက္လ်န႔္ရင္တို႔က ၿပိဳင္တူ ေျပာၿပီးေနာက္ ငါးပန္းကန္အား သူတို႔ ကေလးသဖြယ္ ကာကြယ္ ေလေတာ့သည္။

ယင္းက ေဝ့တ႐ႊင္းကို အံ့ဩသြားေစသည္။

ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔သည္ အခ်င္းခ်င္း ျပန္ၾကည့္၍ ႏႈတ္ခမ္းသပ္လိုက္ၾကသည္။

"ငါတို႔ ... ေနာက္တစ္လုပ္ေလာက္ စားၾကည့္ရင္ေရာ၊ တစ္ခါေလာက္ေလးပဲေလ"

ေဝ့တ႐ႊင္း အံ့ဩၿပီး ဆြံ႕အသြားေလသည္။

[ဟားဟားဟား ေရွာင္ရင္နဲ႔ ယြဲ႕အာက ေတာ္ေတာ္ ခ်စ္ဖို႔ေကာင္းတာပဲ]

[ေဝ့တ႐ႊင္း ငါ မတရားသလို ခံစားရတယ္၊ ဒါေပမဲ့ ငါ ဘာမွမေျပာဘူးေလ]

[အဲ့ေလာက္ ေကာင္းတာလား၊ ဟင့္ဟင့္ဟင့္ ... ငါလည္း စားခ်င္တယ္ေလ၊ ငါးဟင္းက ၾကည့္လို႔ ေကာင္းလိုက္တာ၊ ၾကယ္ငါးပြင့္ စားေသာက္ဆိုင္က စားဖိုမႉးေတြ ခ်က္တာထက္ေတာင္ ပိုၾကည့္ေကာင္းေသးတယ္]

[ရဲ႕နတ္ဘုရားက တကယ္ အကုန္တတ္တာပဲ၊ သူက အံ့ဩဖို႔ ေကာင္းလြန္းတယ္]

[လခြမ္း၊ ငါ ဘာမွ မစားရေသးဘူးေလ၊ မင္းတို႔ အဆိပ္ကို ဒီလိုျဖန႔္တာ မေကာင္းပါဘူး]

[ျမတ္စြာဘုရား၊ ေရွာင္ရင္နဲ႔ ယြဲ႕အာတို႔ ရန္လိုေနတာကို အစားအေသာက္အတြက္ ေဘးခ်ိတ္ထားလိုက္တာကို သတိထားလိုက္မိလား၊ ရဲ႕နတ္ဘုရားရဲ႕ အခ်က္အျပဳတ္ စြမ္းရည္က တကယ္ပဲ သူတို႔အခ်င္းခ်င္းကို ၿငိမ္းခ်မ္း ေစတာလား]

[ဂလု ... ပိုၿပီး အေသးစိတ္က်က် စဥ္းစားရင္ ေၾကာက္ဖို႔ေတာင္ ေကာင္းလာတယ္]

...

ထိုအခိုက္တြင္ ရဲ႕လင္းခ်န္က အျခား ဟင္းလ်ာႏွစ္ခုကို အာ႐ုံစိုက္ေနသည္။ တစ္ခုမွာ ငါးစြပ္ျပဳတ္ ျဖစ္ၿပီး၊ က်န္တစ္ခုမွာ ငါးေပါင္း ျဖစ္ေလသည္။

ႏွစ္ခုလုံးကို ၿပိဳင္တူ ခ်က္ေနျခင္း ျဖစ္သည္။ ထို႔အျပင္ ျပင္ဆင္ထားသည္မ်ား ၿပီးသြားသည္ႏွင့္ သူ အိုးထဲမွ ငါးက်က္သြားသည္ကိုသာ ေစာင့္ရန္ လိုေပသည္။ ငါးဟင္းထက္ ပို၍ အခ်ိန္လိုေသာ္လည္း သိပ္အခ်ိန္မၾကာပါ။

ထင္ထားသည့္အတိုင္းပင္ သိပ္မၾကာလိုက္သည့္ အခ်ိန္အတြင္း၌ မတူညီေသာ ေမႊးရနံ႔တစ္ခုက မႈိတဲအိမ္ေလး အတြင္း၌ ပ်ံ႕ႏွံ႔လာ၏။

ရနံ႔က ငါးဟင္းေလာက္ မျပင္းေသာလည္း ၾကာၾကာခံေနသည္။ ထို႔အျပင္ ၎က ငါးေပါင္းထံမွ ထြက္လာျခင္း ျဖစ္သည္။ ၎သည္ ငါး၏ မူလအရသာႏွင့္ နီးစပ္ေသာ အနံ႔တစ္မ်ိဳး ျဖစ္သည္။

"ငါးစြပ္ျပဳတ္နဲ႔ ငါးေပါင္းလည္း အသင့္ျဖစ္ေနၿပီ"

ရဲ႕လင္းခ်န္ လွမ္းေျပာ၍ အိုးအဖုံးကို ဖြင့္လိုက္သည္။

ငါးစြပ္ျပဳတ္က ႏို႔ႏွစ္ေရာင္သဖြယ္ ျဖဴဝင္းေနသည္။ ပြက္ပြက္ဆူေနေသာ အိုးအတြင္း၌ ငါးေခါင္းက ႏူးညံ့ေသာ တို႔ဟူး ႏွင့္အတူ ေပါေလာေပၚေနသည္။ စြပ္ျပဳတ္၏ အေပၚတြင္ လွီးျဖတ္ထားေသာ ၾကက္သြန္ၿမိတ္ႏွင့္ ေဆးပင္မ်ား ရွိေနၿပီး မသိလ်င္ ညေကာင္းကင္ယံ၌ ၾကယ္မ်ား လက္ေနပုံႏွင့္ တူေနသေယာင္ပင္။ ပုံရိပ္က သူတို႔၏ အစာစားခ်င္စိတ္ကို ဆြဲေဆာင္ေန၏။

....

Continue Reading

You'll Also Like

1.4M 96.7K 24
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
1.9M 97.2K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
12.9K 836 146
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
431K 18.1K 123
SYPNOSIS Reading Purifying Love made Rachelle D'magiba feel very insulted. The ending that the author had written didn't go well with her expectation...