(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (...

By alinkarnang

10.1K 659 91

ကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုး‌ဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်... More

intro 1+2+3
အပိုင်း(1)
1.zgi
အပိုင်း(2)
2.zgi
အပိုင်း(3)
3.zgi
4.zgi
အပိုင်း(5)
အပိုင်း(6)
5.zgi
6.zgi
7.
7.,zgi
အပိုင်း(8)
8.zgi
အပိုင်း(၉)
9.zgi
.အပိုင်း။၁၀
10.zgi
အပိုင်း(၁၁)
11.zgi
12.zgi
အပိုင်း(12)
အပိုင်း(၁၃)
13.zgi
ဇတ်ကောင်မိတ်ဆက်
အပိုင်း(14)
14.zgi
အပိုင်း(15)
15.zgi
အပိုင်း(၁၆)
16.zgi
အပိုင်း(17)
17.,zgi
အပိုင်း(၁၈)
18.zgi
အပိုင်း(၁၉)
19.zgi
20.
20.zgi
၂၁.
21.zgi
22.zgi
၂၂
23.
23.zgi
24.
24.zgi
25.
25.zgi
26.uni
26.zgi
27.
27.zgi
28.
28.zgi
29.
29.zgi
30.
31.
32=.
33
34.uni
30.zgi
31.zgi
32.zgi
33.zgi
34.zgi
35.
36
37
38.
35.zgi
36.zgi
37.zgi
38.zgi
39.
40.
39.zgi
40.zgi
41.
41.zgi
အပိုင်း(42)
42.zgi
43.
43.zgi
44.
45.
44.zgi
45.zgi
46.
အပိုင်း(47)
46.zgi
47.zgi
48.zgi++
49.zgi
48.
49.
50.
၅၁.
51.zgi
52.
52.zgi
၅၃.

အပိုင်း(4)

185 17 2
By alinkarnang

ထင်ရာစိုင်းတဲ့ကောင်းကင်

အပိုင်း(4)

သူကဘာလို့ သူ့ရုပ်ရည်သွင်ပြင်ကိုမကြိုက်တာလဲ အရမး်လှပြီး အရမ်းကြည့်လို့ကောင်းတာကို ..

"အဲ့တော့ မျက်ဆံကလဲပြာသွားရောလား "

"ဟုတ်တယ်ဟ "

အတင်းပြောနေတဲ့ကျောင်းသူက စာသင်နေတဲ့ဆရာမကိုတချက်ခိုးကြည့်လိုက်ပြီးမှ အသံကိုအရင်ထက်နှိမ့်လိုက်ကာ

"ကြက်မျက်သင့်ရောဂါကိုသိလား"

"ကြက်တွေက‌ မှောင်ရင်မျက်ကန်းလိုဖြစ်သွားသလိုမျိုး အဲ့လိုရောဂါကိုပြောတာလား"

"အေး အေး အဲ့တာ အဲ့တာ အဲ့ရောဂါကြောင့် သူ့မျက်လုံးတွေကပြာနေတာလေ ညဖက်ကျရင်တို့ ဒါမှမဟုတ် အမှောင်ခန်းတို့ဆို မမြင်ရဘူးတဲ့ဟဲ့ "

"Bully လေးက အဲ့လိုကျသနားစရာလေး "

"ဖြနး်းးး အိမ်မက်ကနိုးထစမ်း"

"အိုက်ယိုးး ဘာလို့ငါ့ကိုရိုက်တာလဲ"

" နင်က ဘာကိုသွားသနားနေတာလဲ ဟိုက ပိုက်ဆံရှိအကောင်ကြီးရဲ့သားဟဲ့ ပြီးတော့ ပွေလိုက်တာမှ မိန်းမဆိုသူ့နားကဖြတ်မလျှေိာက်ရဲသလောက်ပဲ သူ့ရှေ့ကဖြတ်သွားတာနဲ့သူ့ကိုချစ်တယ်မြူစွယ်ချင်တယ်မန်းနီးလိုချင်တယ်ဆိုပြီး အစုံကိုသတင်းထွက်လာတော့တာ သူနဲ့ပတ်သတ်သမျှမိန်းမတိုင်းနဲ့လဲ တရက်နှစ်ရက်ဆိုပြတ်တာပဲ သွားရှုပ်လို့မရဘူး သူက အပေါ်ယံပဲလှတာ အတွင်းစိတ်ကပုတ်ပွနေတာ သိလား "

"ဟုတ်လား ကျောင်းမြက်လေးက bully ကအဲ့လိုတဲ့လား သေပါပြီဟယ် ငါ့နှလုံးသား‌ကွဲကြေသွားတဲ့အသံကိုကြားရလား "

"မကြားဘူး ကြားလဲမကြားချင်ဘူး တခုပဲပြောမယ် စိတ်ကူးယဉ်နေတာတွေကိုလျှော့စမး် "

"အေးပါဟယ် "

အတင်းတုတ်နေကြတဲ့ကျောင်းသူနှစ်ယောက်က တခြားအကြောင်းအရာတခုကိုပြောင်းသွားကြပေမဲ့ သူမက‌တော့ အတွေးနွံ့ထဲရုနး်ထွက်မရနိုင်ခဲ့ဘူး

ကြက်မျက်သင့်ရောဂါတဲ့လား

သူက ဘာလို့အရမ်းကိုထူးဆန်းနေရတာလဲ သူ့မျက်လုံးပြာတွေကိုဘာလို့မကြိုက်ရတာလဲဆိုတာသိသွားပြီ

ဟုတ်တာပေါ့ အဲ့မျက်လုံးပြာတွေကသူ့ကိုအမှန်တကယ်ချောမောနိုင်စေပေမဲ့ အဲ့မျက်လုံးတွေကပဲသူ့ကိုဒုက္ခအရောက်ဆုံးဖြစ်နေခဲ့တာကိုး

မြတ်ပန်းဝေ သက်ပြင်းချလိုက်တယ်

သူက final boss ဖြစ်ထိုက်ပါပေတယ်

သူ့ရဲ့ဇတ်ကြောင်းကအင်မတန်ရှုပ်ထွေးပြီး အပေါက်တွေနဲ့ပြည့်နေတယ် အဲ့ဒီအပေါက်တွေကို မယ်ရီဆူးက ‌ဖြည့်ပေးမှတော့ သူ့အတွက် အရေးပါတဲ့သူဖြစ်သွားပြီပေါ့ မယ်ရီဆူးကို စွဲလန်းမိတာ မမှားပါဘူးလေ သူက သူ့ကိုစာနာပေးပြီးအမှန်တကယ်သူ့ဘက်ကရပ်တည်ပေးနိုင်မဲ့သူကိုလိုအပ်နေတာကိုး

သူမ သူ့ကိုစိတ်ဝင်စားမိတာမှန်တယ် ဒါပေမဲ့ အဲ့အပေါက်တွေကိုဖာပေးဖို့စိတ်ဝင်စားမူ့မရှိဘူး ဘာလို့ဆို သူမက ဇတ်ကြောင်းကိုသွားရှုပ်လို့မရလို့လေ

အိုင်းးး ငါးဆားနယ်လေးအဖြစ်နဲ့ပဲ ဘဝကိုသက်တောင့်သက်သာရှိရှိဖြတ်သန်းတာပဲကောင်းပါတယ်လေ

မြတ်ပန်းဝေက သူမရဲ့အတွေးရထားတို့ကိုပိတ်ပင်လိုက်ပြီးနောက် စာထဲအာရုံပြန်ထည့်တော့တယ်

အဲ့လိုနဲ့ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း သံသရာလည်နေတာပဲပေါ့ ဒါပေမဲ့ သူ့ကိုတွေ့ရင် အဲ့အသွင်အပြင် အဲ့မျက်ဝန်းတွေကိုငေးကြည့်ချင်စိတ်ကလုံးဝထိန်းမရဘူး ‌သူတွေ့သွားတယ်ထင်ရင်လဲ အတွေ့မခံပဲ ရှောင်သွားလေ့ရှိတယ် ဒါပေါ့ သူကလဲ သူမကိုစိတ်မဝင်စားပါဘူး သူမရှိတာတောင်သိဟန်မတူဘူး

သူမနဲ့သူက အတန်းလဲမတူတော့သိပ်မတွေ့ဖြစ်ဘူး ဒါပေမဲ့ သူလှေကားကတက်လာတဲ့အချိန်လေးတွေမှ‌ာတေ့ာ သူမ သူ့ကိုမမျှော်ပဲ မစောင့်ပဲ မကြည့်ပဲ မနေနိုင်ဘူး ဒီလိုနဲ့ပဲ သူမရင်ထဲမှာ တိတ်တခိုးအချစ်ကအစပျိုးလာပြီး အပင်ပေါက်လာတော့တယ်

"မင်းမှာ crush နေတဲ့သူရှိတယ်လား "

"အွန်း "

"ဒါဆို တောင်းပန်ပါတယ် နှောင့်ယှက်မိပြီ"

"ရပါတယ် "

မြတ်ပန်းဝေ ငါးကြိမ်မြောက်သက်ပြင်းချလိုက်တယ်

အိုင်းးး သူမက ဒီအတိုင်းအသုံးမဝင်တဲ့ငါးဆားနယ်လေးပဲကို သူတို့ကဘာလို့အလွတ်မပေးချင်ကြတာလဲ

သူမက စာတော်ပေမဲ့ အခနး်ထောင့်မှာ ကုတ်ပြီးနေတတ်တဲ့သူတစ်ယောက်ပါပဲ

ဒါပေမဲ့ သူမရဲ့ရေပန်းစားမူ့ကိုသူမမေ့သွားပုံပဲ

မယ်ရီဆူးမလာသေးတော့ အာ ဗီလိန်မလဲ ပေါ်မလာသေးတော့ သူမက ဒိီအတိုင်း အနူကြားထဲလူချောဖြစ်နေရုံလေးတင်ပါ

ဇတ်ကြောင်းလဲမစတင်သေးပဲ အစပျိုးနေတုန်းဆိုတော့ သူမက ဒီအတိုင်း ထင်ပေါ်နေသေးတာ ဟိုနှစ်ယောက်သာပေါ်လာကြည့်ပါလား နောက်ဆို သူတို့က သူမရှိတယ်လို့တောင်ထင်ကြမှာတောင်မဟုတ်ဘူးလေ

ထားလိုက်ပါ သူမက ဒီကမ္ဘာနဲ့သက်ဆိုင်သူမှမဟုတ်တာ သူမအတွက်ပေးထားတဲ့အခွင့်အရေးကို သူမအတွက်ကလွဲပြီး ဘယ်သူ့အတွက်မှမသုံးချင်ဘူး

မသုံးချင်ဘူး ဇတ်ကြောင်းကိုဝင်မရှုပ်ချင်ဘူးဆိုလဲ တနေ့တော့ ကံမကောင်းမူ့ကြီးက သူမနဲ့ပက်ပင်းတိုးလာခဲ့လေတယ်

ဆရာခိုင်းတဲ့ကိစ္စတခုကြောင့် သူမ အားကစားပစ္စည်းတွေကိုထားတဲ့စတိုခန်းဆီသွားခဲ့တယ်

စတိုခန်းဆိုတော့ အလင်းနည်းပြီး ပစ္စည်းတွေကလဲအပြည့်ပဲ

သူမရဲ့စာရင်းစာအုပ်ကိုဂျိုင်းကြားညှပ် ဘောပင်ကိုပါးစပ်မှာကိုက်လို့ပစ္စည်းတွေစစ်နေတုန်း

အချစ်ထောင်ချောက်မှာမွှန်နေတဲ့စုံတွဲတတွဲက စတိုခန်းထဲထိ လာပြီး ချစ်ကြည်နူးတစ်တီတူးကြတယ်လေ

သူမမှာ ဆက်ပဲနေပေးရတော့မလို ထွက်ပဲထွက်သွားပေးရတော့မလိုနဲ့ ဒါမှမဟုတ် သူမရှိနေတာကိုပဲအသိပေးရတော့မလိုနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့တယ် ပြီးတော့လဲ သူမက စားရင်းစစ်နေတာမို့ခါးတဝက်ကိုင်းထားလေတော့ အဲ့အတွဲကို တန်းခနဲမြင်ရတာ

ဆံနွယ်အဖြူ?  အမ်းး ဆံနွယ်အဖြူဆိုထဲက သူမှန်းသိလိုက်ပါပြီ ဟိုနှစ်ယောက်ကတော့ သူမကြည့်တဲ့ ဒရာမာကားတွေထဲက မင်းသားမင်သမီးတွေအတိုင်း နရံမှာကပ်ပြီး အပီအပြင် ကစ်ဆင်ဆွဲနေကြတာ အသံတွေတောင်ထွက်လို့

သူမက နှစ်ဘဝလုံး ယင်ဖိုတောင်မသန်းဖူးတဲ့လူဆိုတော့ free  live
နဲ့လဲသွားတိုးရော သူတို့ကမရှက်ပဲ သူမကပဲ ရှက်သွားပါလေရော

...........🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

Alinkar nang 🌿

ကိုကြီးတို့ကဲချက်ကလက်လန်တယ် ဟီးးဟီးးး

Continue Reading

You'll Also Like

6.7K 272 19
SimpleLove YumaoFanFic (Zawgyi & Unicode) Completed
279K 22.4K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
131K 5.6K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
6.8K 134 23
We don't own this story, we just translate and give credit to rightful author. Name - We're In A Contract Marriage, But I've Imprinted Author-핑크림 Art...