[Unicode]
အခန်း (၁၀၁)
နဉ်ရှီက အုတ်ဂူထက်ရှိ ကမ္ဗည်းကျောက်စာတိုင်ကို သုံးကြိမ်သုံးခါ ဂါရဝပြုပြီး မတ်တပ်ထကာ ချန်းရှီကွေ့ကို ပြောလိုက်သည်။ “ပြန်ကြစို့”
ချန်းရှီကွေ့က နှုတ်ဆိတ်နေလျက် ခေါင်းညိတ်လိုက်ပြီး အုတ်ဂူအရှေ့ သုံးကြိမ်တိုင်တိုင် အလေးအနက်ဂါရဝပြုကာ နဉ်ရှီ၏လက်ကိုကိုင်လိုက်သည်။ “နောက်ဆို အဖေနဲ့အမေကို ဂါရဝသွားပြုရင် ကိုယ် အဖော်လိုက်ခဲ့မယ်”
သူတို့ကို အဖေနဲ့အမေလို့တောင် ခေါ်နေနှင့်ပြီပေါ့? နဉ်ရှီက သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း နှုတ်ခမ်းတို့ကတော့ အပြုံးတစ်ပွင့်အဖြစ်သို့ ကွေးတက်နေလေ၏။ “ဟုတ်ပါပြီရှင်”
စုံတွဲနှစ်ယောက်သား လှေကားထစ်ပေါ်မှဆင်းလာပြီး တောင်ခြေရောက်ရုံတင်ရှိသေး နဉ်ရှီ၏ဖုန်းကမြည်လာသည်။ ခေါ်ဆိုသူက တုန်းနန်ရဲစခန်းမှ ခေါင်းဆောင်လီပင်။ သူမမိဘ၏အုတ်ဂူတွေဘက်ကြည့်ရင်း ဖုန်းကိုင်လိုက်သည်။
“ခေါင်းဆောင်လီ”
ချန်းရှီကွေ့က ကားရှိရာဆီလျှောက်သွားပြီး နဉ်ရှီကို တံခါးကူဖွင့်ပေးလိုက်သည်။ နဉ်ရှီက ကိုယ်ကိုကိုင်းပြီး ကားပေါ်တက်သွားစဉ် တစ်ဖက်လူက ဘာပြောလိုက်သည်မသိ၊ သူမ မျက်မှောင်ကြုတ်သွား၏။
“ဟုတ်ပြီလေ” ဖုန်းပြောပြီးနောကိ နဉ်ရှီ၏မျက်နှာထက်မှ အပြုံးတို့က မှိန်ဖျော့သွားသည်။ သူမက ချန်းရှီကွေ့ဘက်လှည့်ပြောလိုက်သည်။ “ရှီကွေ့၊ ကျွန်မ ရဲစခန်းသွားရမယ်”
“ကိုယ်လည်းလိုက်ခဲ့မယ်” ချန်းရှီကွေ့က ကားတံခါးပိတ်လိုက်သည်။ သူ့လေသံက ညင်သာနေသော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်က အထင်းသားပင်။
တုန်းနန်ရဲစခန်းရှိ အရာရှိများခမျာ သူတို့ဖမ်းမိထားသည့် သံသယရှိတရားခံအသစ်က တော်တော်လေးကို ပူးပေါင်းမှုမရှိသဖြင့် အကျဉ်းအကျပ်ကျနေရ၏။ ထိုသူက ခေါင်းမာရုံသာမက ရဲကိုပင် သွားဆွလိုက်သေးသည်။ မသိလျှင် ဟိုက သူ့ကိုလာပိတ်တီးမည်ကို မစောင့်နိုင်တော့သည့်အလား။
စိတ်အရှည်ဆုံးသူဖြစ်သည့် အရာရှိလျိုလျှင်ပင် သူနှင့်စိတ်ရှုပ်မခံနိုင်တော့။ သူက ကျင်းဟုန်ခိုင်ကို စောင့်ကြည့်ဖို့ အရာရှိနှစ်ယောက်နှင့် လွှတ်ထားခဲ့ပြီး ဘာမှဆက်မပြောတော့ပေ။
“နစ်နာသူမိသားစု ရောက်လာပြီလား?” အရာရှိလျိုက ခေါင်းဆောင်လီကို လှည့်မေးရင်း အမှုဖိုင်တွဲကို စနစ်တကျသိမ်းနေ၏။
“မကြာခင် ရောက်လိမ့်မယ်” ခေါင်းဆောင်လီက ခြေကုန်လက်ပန်းကျနေဟန်။ သူက လက်ဖက်ရည်ပြင်းပြင်းတစ်ငုံသောက်ပြီး လက်ပတ်နာရီကိုကြည့်ကာ “ဒီအမှုပြီးတာနဲ့ ငါတို့အားလုံး ကောင်းကောင်းအနားယူနိုင်ပြီ”
အရာရှိလျိုက သူ့လက်ဖက်ရည်ခွက်ထဲ နောက်ထပ်ရေကူငှဲ့ပေးကာ သက်ပြင်းချလိုက်သည်။ “ကျင်းဟုန်ခိုင် အဲ့လောက်နှုတ်လုံလိမ့်မယ်လို့ မထင်ထားဘူး”
“သူမပြောချင်လည်း ဘာမှမဖြစ်ပါဘူး၊ ငါတို့မှာ မျက်မြင်သက်သေရော၊ တခြားသက်သေတွေပါ ရှိနေတာပဲ၊ သူဝန်မခံရင်တောင် ဥပဒေကအပြစ်ပေးတာကို ခံရမှာပဲ” ခေါင်းဆောင်လီက လက်ဖက်ရည်နောက်တစ်ငုံသောက်လိုက်သည်။ ထိုအခိုက်တွင် နစ်နာသူမိသားစုက ရောက်လာပြီဖြစ်ကြောင်း တစ်စုံတစ်ယောက်က တင်ပြလာ၏။
သူလက်ဖက်ရည်ခွက်ကိုချပြီး အရာရှိလျိုကို ပြောလိုက်သည်။ “နစ်နာသူမိသားစုက တကယ်ကိုကောင်းလို့ပဲ”
သူမက လိုအပ်ချိန်တိုင်း ပူးပေါင်းဆောင်ရွက်မှုရှိပြီး သူတို့ပြဿာနာထဲ အပိုတန်ဆာအဖြစ်မပါလိုသဖြင့် ဘာမှထပ်မပြောတတ်ပေ။ သူမက နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်သည့်တိုင် သူတို့အမှုစဖွင့်ကတည်းက အနုပညာရှင်အဆင့်အတန်းကိုသုံးပြီး သူတို့ကိုဖိအားမပေးခဲ့ဖူးပေ။ သူတို့နှင့်ဆုံတိုင်း သူမက ဖော်ရွေပျူငှာဟန်ပေါ်ကာ ဘယ်သောအခါမှ ထောင်လွှားမောက်မာခြင်းမရှိခဲ့ဖူးပေ။
သူမ၏အမူအကျင့်ကြောင့်ဖြစ်မည်ထင်၊ သူတို့သာ အမှုကို အကောင်းဆုံးဖြစ်အောင် မဖြေရှင်းပေးနိုင်ခဲ့ပါက နစ်နာသူမိသားစု၏မျှော်လင့်ချက်ကို ပျက်စီးစေမိတော့မည်ဟု ခံစားနေရသည်။ ထို့ပြင် ရဲမေအများစုကလည်း သူမ၏ပရိသတ်တွေဖြစ်နေသဖြင့် လူတိုင်းက စုံစမ်းစစ်ဆေးချိန်အတွင်း ပို၍စိတ်အားထက်သန်နေကြ၏။
သို့ပေမဲ့ အမှုပေါ်လာလေလေ လူများစွာက ပါဝင်ပတ်သက်လာလေဖြစ်ပြီး အမှန်တရားကလည်း သွေးသံတရဲရဲဖြစ်လာ၏။
လူသားချင်းစာနာမှုနှင့်ပိုက်ဆံ၊ မိသားစုနှင့်အကျိုးအမြတ်၊ အာဏာနှင့်အမှန်တရားအပြင်... မသိနားမလည်မှုကြောင့် ဖြစ်ပေါ်လာသော နာကျင်မှု။ ဤအမှုသည် ပြည်သူလူထုများထံသို့ သတိပေးချက်တစ်ခုဖြစ်သလို တစ်ချိန်တည်းမှာပင် နစ်နာသူမိသားစုအပေါ် ကျရောက်လာသည့် ပြန်ပြင်၍မရနိုင်သောနာကျင်မှုကိုလည်း ယူဆောင်လာသည်။
အရာရှိလျိုက ခေါင်းတခါခါနှင့်... “ပြည်သူ့ရုပ်သံဌာနက ဒီအမှုကို အစီအစဉ်တစ်ခုအနေနဲ့ အသက်သွင်းချင်တယ်ဆိုပြီး အထက်လူကြီးတွေက ကျွန်တော့်ကို အရင်ကပြောထားတယ်၊ သူတို့က တခြားသူတွေကိုပါ သတိပေးဖို့ တရားဝင်အပိုင်းအနေနဲ့ ထုတ်လွှင့်မှာတဲ့၊ ဒီကိစ္စကို... နစ်နာသူမိသားစုဆီ ဘယ်လိုပြောပြရမလဲတောင်မသိတော့ဘူး”
“ပြည်သူ့ရုပ်သံဌာနက အစီအစဉ်လုပ်ချင်တာဆိုရင် သူတို့ဘာသာမေးပါလေ့စေ၊ ငါတို့က ကြားထဲကနေ လူဆိုးအဖြစ်မခံနိုင်ဘူး” ခေါင်းဆောင်လီက ဤအကြောင်းကို ထုတ်ပင်မပြောလို။ “ဒီကိစ္စက ငါတို့ဝင်ပါရမဲ့ကိစ္စမဟုတ်ဘူး၊ သူများကိုသွားပြီး စိတ်အနှောင့်အယှက်ပေးမနေနဲ့”
အရာရှိလီက ခါးသီးဟန်ပြုံးကာ ခေါင်းညိတ်လိုက်သည်။
ဤအမှုက တိုင်းပြည်အတွင်း ကသောင်းကနင်းဖြစ်သွားစေခဲ့သည်။ သူတို့ကို အကဲခတ်စောင့်ကြည့်နေသည့် မျက်လုံးပေါင်းများစွာရှိနေလေရာ ယခု အမှန်တရားပေါ်ထွက်လာတော့ စခန်းမှအရာရှိများသာမက အထက်လူကြီးများပါ နှစ်ထောင်းအားရရှိသွားလေ၏။ ဥပဒေရေးရာက ဤအမှုကို အသက်သွင်းချင်ရခြင်းမှာ ပထမအနေဖြင့် အခြားသူတွေကို သတိပေးဖို့ရန်နှင့် ဒုတိယအနေဖြင့် လုံခြုံရေးဝန်ဆောင်မှုများ၏ အလုပ်အပေါ် စိတ်အားထက်သန်မှုတို့ ရုန်းကြွလာစေရန်ဖြစ်သည်။
အမှန်အတိုင်းပြောရပါက ထိုသို့သောအစီအစဉ်များသည် လူထုအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာဌာနများအပေါ် အပြုသဘောဆောင်စွာ သက်ရောက်နိုင်ပေမဲ့ နစ်နာသူများအတွက်မူ ၎င်းက သူတို့ဒဏ်ရာကို ပြန်ပွင့်ထွက်စေမည့် ဖြစ်စဉ်တစ်ခုပါပင်။
ခေါင်းဆောင်လီနှင့် အရာရှိလျိုတို့ နဉ်ရှီအားသွားတွေ့ရန် ဧည့်တွေ့ခန်းသို့သွားစဉ် မမျှော်လင့်ထားသည်မှာ နဉ်ရှီတစ်ယောက်တည်းမဟုတ်ဘဲ သူတို့ဗီလာ၌တွေ့ဆုံခဲ့ဖူးသည့် ချန်းရှီကွေ့ကပါ အဖော်လိုက်လာခဲ့သည်။
“မစ္စနဉ်၊ မစ္စတာချန်း” ခေါင်းဆောင်လီက စုံတွဲနှစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ “အခုလိုချိန်မှာမှ ခေါ်လိုက်ရတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ၊ ဒါပေမဲ့ သံသယရှိတရားခံက သူ အားလုံးကို မပြောပြခင် ခင်ဗျားနဲ့တွေ့ဖို့တောင်းဆိုခဲ့တယ်လေ၊ အနှောင့်အယှက်ပေးမိတဲ့အတွက် တကယ်ကိုအားနာရပါတယ်”
“ခေါင်းဆောင်လီကတော့ ကြင်နာလွန်းနေပါပြီ၊ ရှင်လည်း အမှုအတွက် လုပ်ပေးနေရတာပဲလေ” နဉ်ရှီက ခေါင်းဆောင်လီ၏မျက်နှာထက်မှ နွမ်းလျမှုကို သတိထားမိလိုက်ပြီး သူ့ကို ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။ “ကျွန်မ သူ့ကို တွေ့နိုင်ပါတယ်”
ခေါင်းဆောင်လီက သက်မချသွားသည်။ သူက ချန်းရှီကွေ့ဘက်လှည့်ကာ ချီတုံချတုံဖြင့်... “မစ္စတာချန်း၊ သံသယရှိတရားခံက နဉ်ရှီတစ်ယောက်တည်းကိုပဲ တွေ့ချင်တယ်တဲ့၊ ခင်ဗျား...”
“ကျင်းဟုန်ခိုင်က ကျွန်တော့်ကို မတွေ့ချင်ဘူးဆိုရင်လည်း ကျွန်တော် လိုက်လျောပေးနိုင်ပါတယ်” ချန်းရှီကွေ့က နဉ်ရှီကို ကြည့်လိုက်သည်။ “ဒါပေမဲ့ ကျွန်တော့်ဇနီးလောင်းဘေးမှာတော့ တတ်နိုင်သမျှ အတူရှိပေးချင်တယ်”
ခေါင်းဆောင်လီနှင့်အရာရှိလျှိုတို့က အကြည့်ဖလှယ်လိုက်ကြသည်။ တစ်ဖက်လူက ထိုသို့ပြောလာပြီဆိုမှတော့ သူတို့ဆက်ငြင်းနေလျှင် ကျိုးကြောင်းမဆီလျော် ဖြစ်တော့မည်။
စစ်ဆေးရေးအခန်းတွင် ကျင်းဟုန်ခိုင်က အရာရှိနှစ်ယောက်နှင့် အကြည့်ချင်းပြိုင်တမ်းဆော့နေကြသည်။ သူ့နောက်မှ တံခါးပွင့်သွားသံကိုကြားတော့ သူလှည့်ပင်မကြည့်ဘဲ ပြောလိုက်သည်။ “ငါဘာမှပြောနေမှာမဟုတ်လို့ ထပ်မေးနေစရာမလိုဘူး”
သူခဏလောက်စောင့်နေခဲ့ပေမဲ့ ဘာတုံ့ပြန်သံမှမကြားရသဖြင့် လှည့်ကြည့်လိုက်တော့ ခုံပေါ်မှကျလုမတတ် လန့်ဖျပ်သွား၏။
“ချန်းရှီကွေ့ မင်းဘာလို့ဒီရောက်နေတာလဲ?!” ကျင်းဟုန်ခိုင်က သူ့ကို အရိုးထဲထိဆိမ့်နေအောင်ကို ကြောက်သည်။ ထို့ကြောင့် ချန်းရှီကွေ့ကို သူတွေ့လိုက်ချိန် မသိစိတ်အရ နောက်တွန့်သွားသည်။ သို့သော် သူက မြန်မြန်ဆန်ဆန်ပဲ ဟန်ချက်ထိန်းလိုက်သည်။ သူက ယခု ကျင်းအိမ်တော်မှာရှိနေတာမဟုတ်သလို အပြင်ရောက်နေတာလည်းမဟုတ်ပေ။ သူ ယခု ရဲစခန်းကို ရောက်နေတာဖြစ်၏။
ချန်းရှီကွေ့က သူ့ကို ခေါင်းထဲပင်မထည့်။ သူက ရိုးရိုးတန်းတန်းပင် နဉ်ရှီကိုအဖော်ပြုပေးရန် အခန်းထဲလိုက်လာခဲ့ကာ ကျင်းဟုန်ခိုင်နှင့်နဉ်ရှီကြား အကွာအဝေးတစ်ခုဖန်တီးလျက် ကျင်းဟုန်ခိုင်နှင့်မျက်စောင်းထိုးတွင် ထိုင်လိုက်သည်။
“မစ္စတာကျင်း၊ ရှင် ကျွန်မကို တွေ့ချင်လို့ဆို?” နဉ်ရှီ၏အကြည့်တို့က ကျင်းဟုန်ခိုင်၏ လက်ထိပ်ခတ်ခံထားရသော လက်ကောက်ဝတ်ဆီ ကျရောက်သွားသည်။ သူမ သရော်ပြုံးပြုံးလိုက်သည်။ “ကျွန်မတို့ကြားမှာ ဘာမှပြောစရာသိပ်မရှိဘူး ထင်တာပဲ”
ကျင်းဟုန်ခိုင်က နဉ်ရှီကို စေ့စေ့စပ်စပ် အကဲခတ်ကာ နှာမှုတ်လိုက်သည်။ “မင်းလို သရုပ်ဆောင်လေးတစ်ယောက်က တကယ်ပဲ ဒီလောက်ထိလုပ်နိုင်လိမ့်မယ်လို့ ငါ တကယ်မထင်ထားခဲ့မိဘူး”
“ကျွန်မကို ဒီစကားတွေပြောဖို့ တကူးတက ခေါ်လိုက်တာတော့မဟုတ်ပါဘူးနော် မစ္စတာကျင်း?” နဉ်ရှီ၏မျက်နှာက မထုံတက်သေး။ “ဒီလိုဆိုမှတော့ ကျွန်မတို့နှစ်ယောက်ကြား ဘာမှထပ်ပြောစရာမရှိတော့ဘူး” ကျင်းဟုန်ခိုင်နှင့်သူမအကြား အမှန်ပင် ဘာမှဆွေးနွေးစရာမရှိပေ။ လွန်ခဲ့သောရှစ်နှစ်ခန့်က သူသာ အရက်မူးကားမောင်းပြီး မီးပွိုင့်ကို ကမူးရှူးထိုး ဖြတ်မမောင်းခဲ့လျှင် သူမအဖေလည်း သေခဲ့ရမည်မဟုတ်။ သူမအတွက်တော့ ကျင်းဟုန်ခိုင်က ကားတိုက်ပြေးပြီး သူ့အမှုအတွက် ကိုယ်စားခံပေးမည့်သူကိုသာ ရှာတတ်သည့် အမှိုက်သရိုက်ကောင်သာသာပင်။
အမှိုက်တစ်စရှေ့တွင် အဘယ်မှာပြောစရာရှိအံ့နည်း?
“ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီ ထင်မနေပါနဲ့ မိန်းကလေးနဉ်” ကျင်းဟုန်ခိုင်က ခုံပေါ်မှာအကြာကြီးထိုင်နေခဲ့ရ၍ထင့်၊ ဟိုလှုပ်ဒီလှုပ်နှင့် ဂနာမငြိမ်ဖြစ်နေ၏။ “မိန်းကလေးနဉ်က ချန်းမိသားစုရဲ့သခင်မဖြစ်လာတော့မှာကို ကျုပ်သိပါတယ်၊ ဒီနေ့ ခင်ဗျားကို ဒီလာဖို့တောင်းဆိုခဲ့တာက တခြားဘာကြောင့်ရယ်မဟုတ်ဘူး၊ မိန်းကလေးနဉ်ကို အကူအညီတစ်ခုတောင်းချင်လို့ပါ”
နဉ်ရှီက မျက်လွှာချထားလျက် ဘာမှမပြောလာပေ။
ကျင်းဟုန်ခိုင်က သူမ၏စိမ်းကားနေသောအမူအရာကိုမြင်တော့ ပျာယာမခတ်သွားဘဲ တည့်ပြောလိုက်သည်။ “ဒီအဆင့်ထိရောက်လာမှတော့ ကျုပ်အနေနဲ့ အခုအခြေအနေကို အဖတ်ဆယ်ဖို့ ဘာမှတတ်နိုင်တာမရှိတော့ဘူး၊ ကျုပ်တစ်ဘဝလုံးမှာ အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့ဖူးတယ်၊ တစ်ခါမှလည်း ကောင်းတဲ့ကိစ္စရယ်လို့ မလုပ်ခဲ့ဖူးဘူး၊ ရီရီက ကျုပ်ရဲ့တစ်ဦးတည်းသောသမီးဆိုပေမဲ့ သူ့ကို ကောင်းကောင်းမသွန်သင်ပေးနိုင်ခဲ့လို့ သူအခုလိုဖြစ်လာရတယ်၊ ဒါပေမဲ့ ကျုပ်လုပ်ခဲ့သမျှအမှားတိုင်းက သူနဲ့ဘာမှမသက်ဆိုင်ပါဘူး၊ သူက အလိုလိုက်ခံထားရတဲ့ ကလေးတစ်ယောက်ပါပဲ၊ ဒါကြောင့်မို့ သူ့ကိုတော့ သက်ညှာပေးပါ မိန်းကလေးနဉ်”
ဤစကားကိုကြားတော့ နဉ်ရှီတစ်ယောက် ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ကျင်းဟုန်ခိုင်က ဦးနှောက်မရှိဘူးလို့ ဘယ်သူပြောခဲ့တာလဲ? သူက သူမကိုဒီလာဖို့ အထူးတလည် တောင်းဆိုခဲ့ပြီး ရဲတွေရှေ့မှာပင် ဤစကားများကို ပြောခဲ့သည်။ သူက သူမ ကျင်းရီကိုပါ လက်တုံ့ပြန်မှာစိုးနေတာ မဟုတ်ပေလော? ကြည့်ရသလောက် သူက ကမ်းကုန်အောင်တုံးအနေတာမျိုးမဟုတ်ပေ။ သူ၏ကာကွယ်မှုသာမရှိလျှင် ကျင်းရီ၏ဦးလေး ကျင်းယွမ်ဖုန်းက ကျင်းရီအပေါ် သိပ်ပြီးအားစိုက်ထုတ်နေမည်မဟုတ်။ အနာဂတ်တွင် ကျင်းရီဘာဖြစ်မလဲဆိုတာ အခုထဲကသိသာနေပြီပင်။
“မစ္စတာကျင်းကတော့ အတွေးလွန်နေတာပဲဖြစ်ရမယ်” နဉ်ရှီတစ်ယောက် ဤကိစ္စကို ဤနေရာမှာတင် ရပ်သင့်ပြီဟု ခံစားနေရသည်။ တခြားကိစ္စတွေကို ဆက်ပြောနေစရာအကြောင်းမရှိတော့ပေ။ သူမမတ်တပ်ရပ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်မလိုချင်တာက ရာဇဝတ်ကောင်အပြစ်ပေးခံရဖို့ပဲ၊ တခြားကိစ္စတွေကို ဂရုစိုက်နေမှာမဟုတ်သလို ဘာဖြစ်နေမလဲဆိုတာကို စိတ်ဝင်စားနေမှာမဟုတ်ဘူး”
ကျင်းဟုန်ခိုင်က ဤစကားကိုကြားတော့ အတန်ငယ် ရတက်မအေးဖြစ်သွားသဖြင့် ချန်းရှီကွေ့ကို မျှော်လင့်ခြင်းကြီးစွာ ကြည့်လိုက်သည်။ အံ့အားသင့်စရာမှာ ချန်းရှီကွေ့က သူ့ကို မကြည့်နေ။ သူ့အာရုံက နဉ်ရှီ၌သာ ရှိနေ၏။ ချန်းရှီကွေ့ကို အရူးအမူးလိုချင်နေသည့် သူ့သမီးငတုံးမလေးအကြောင်း ပြန်တွေးမိတော့ ကျင်းဟုန်ခိုင်တစ်ယောက် ဝမ်းနည်းသွားရတော့သည်။
အဲ့ဒီအရူးမလေးက ဒါကိုနားမလည်၊ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို စိတ်ဝင်စားမှုမရှိလျှင် သူမဘာလုပ်လုပ် အချည်းနှီးသာဖြစ်သွားမှာဖြစ်ပြီး အဆုံးမှာ တစ်ဖက်လူကို စိတ်ဆိုးဒေါသထွက်ရုံသာ အဖတ်တင်လိမ့်မည်။
“တကယ်တော့ ကျွန်မ မစ္စတာကျင်းကို မေးချင်တာတစ်ခုရှိတယ်” နဉ်ရှီက ကျင်းဟုန်ခိုင်ကို ကြည့်လိုက်သည်။ “ရှင့်ရဲ့သွေးစွန်းနေတဲ့လက်တွေနဲ့ ဘယ်လိုများအသိစိတ်ရှိရှိ အသက်ဆက်ရှင်နိုင်သေးတာလဲဟင်?”
ကျင်းဟုန်ခိုင် တိတ်ကျသွားသည်။ သူ နဉ်ရှီ၏မေးခွန်းကိုမဖြေခဲ့သလို ဖြေလည်းမဖြေနိုင်ခဲ့ပေ။
ကံကောင်းစွာနှင့် နဉ်ရှီက သူ့ဆီမှအဖြေရရန် မမျှော်လင့်ထားခဲ့ပေ။ သူမက ကျင်းဟုန်ခိုင်၏ စိတ်တိုစရာကောင်းသောမျက်နှာကို ဆက်မကြည့်နိုင်တော့သဖြင့် စစ်ဆေးရေးအခန်းကို တစ်ချက်ပင်ပြန်လှည့်မကြည့်ဘဲ ထွက်သွားကာ သူမနှလုံးသားထက်မှာ စိတ်ပင်ပန်းမှုအားလုံးကို လွှတ်ချလိုက်သည့်အလား သက်ပြင်းရှည်ကြီးချလိုက်သည်။
ချန်းရှီကွေ့က သူမနောက်မှလိုက်လာ၏။ သူမကို တစိမ့်စိမ့်ကြည့်ရင်း လက်ချောင်းတို့ကို ဖျစ်ညှစ်လိုက်သည်။
“ကျွန်မ အဆင်ပြေပါတယ်” နဉ်ရှီက သူ့ကိုပြုံးပြပြီး ခေါင်းဆောင်လီဘက်လှည့်ကာ နှုတ်ဆက်စကားပြောလိုက်သည်။
သူမ၏အမူအရာကနွမ်းလျနေတာကို ခေါင်းဆောင်လီက သတိထားမိလိုက်သဖြင့် သူမကို ဆွဲမထားတော့ဘဲ အခြားအရာရှိတစ်ဦးအား သူတို့ကို ပြန်ပို့ခိုင်းလိုက်သည်။
“အရာရှိကြီး ကျွန်တော်ပြောစရာရှိတယ်” နဉ်ရှီထွက်သွားပြီး တစ်နာရီအကြာ နောက်ဆုံးတော့ ကျင်းဟုန်ခိုင်က စေ့စေ့စပ်စပ်တွေးကြည့်ခဲ့ပြီးဖြစ်သည်။ သူက သက်ညှာပေးရန် မျှော်လင့်လျက် ရဲကိုအမှန်အတိုင်းဖွင့်ဟရန် ဆုံးဖြတ်လိုက်သည်။
လွန်ခဲ့သောရှစ်နှစ်ခန့်က နဉ်ရှီ၏အဖေကို ကားနှင့်တိုက်ခဲ့သည့်အမှုအပြင် သူပါဝင်ပတ်သက်ခဲ့သည့်အမှုတစ်ခုရှိသေးသည်။ ယင်းက ချန်ကျန်းကျန်း၏သတ်သေမှုပင်။
ကျူးမိုလီအား ရဲဖမ်းသွားပြီးနောက်တွင် သူမက ပြစ်ဒဏ်လျော့ပေါ့စေရန်အလို့ငှာ အမှန်လား၊ အမှားလားဆိုတာပင် ဂရုမစိုက်ဘဲ အကုန်ပြောပြခဲ့သည်။ ထိုထဲတွင် ချန်ကျန်းကျန်းက ကိုယ့်ကိုယ်ကိုယ်အဆုံးမစီရင်ခဲ့ဘဲ အသတ်ခံခဲ့ရသည့်အကြောင်း အပါအဝင်ပင်။
တကယ်တမ်း ကျင်းဟုန်ခိုင်က ချန်ကျန်းကျန်း၏သေဆုံးမှုနှင့် ဘာမှမသက်ဆိုင်ပေ။ သူက ချန်ကျန်းကျန်းအပေါ် ခံစားချက်အစစ်အမှန်ရှိခဲ့ဖူး၏။ မဟုတ်လျှင် သူမကိုလက်ထပ်ဖို့အတွက်နှင့် ဖိအားပေါင်းများစွာကို တောင့်ခံနိုင်ခဲ့မည်မဟုတ်ပေ။
ထို့ကြောင့် ချန်ကျန်းကျန်း အသတ်ခံခဲ့ရပုံထောက်သည်ဟု ရဲအရာရှိကပြောလာချိန် သူက ဟန်ဆောင်နေပုံမရဘဲ သံသယဝင်ပြီးစိတ်ရှုပ်ထွေးသွားပုံရလေ၏။
အရာရှိလျိုက မျက်နှာအမူအရာများကို အကဲခတ်ရာ၌ ကျွမ်းကျင်သူဖြစ်သောကြောင့် ကျင်းဟုန်ခိုင် အရာအားလုံးကိုပြောပြီးသည်နှင့် သူ့အဆိုပြုချက်ကို မှတ်တမ်းတင်ထားလိုက်သည်။ ကျန်တာတွေကိုတော့ သူတို့အနေနှင့် အထက်လူကြီးတွေကို တင်ပြရုံသာဖြစ်ပြီး သူတို့ကိုင်တွယ်ရမည့်အပိုင်း မဟုတ်တော့ပေ။
_____________
Meow's Note: Main Story ပြီးတော့မှာပဲ။
_____________
[Zawgyi]
အခန္း (၁၀၁)
နဉ္ရွီက အုတ္ဂူထက္ရိွ ကမၺည္းေက်ာက္စာတိုင္ကို သံုးႀကိမ္သံုးခါ ဂါရဝျပဳျပီး မတ္တပ္ထကာ ခ်န္းရွီေကြ့ကို ေျပာလိုက္သည္။ “ျပန္ၾကစို႔”
ခ်န္းရွီေကြ့က ႏႈတ္ဆိတ္ေနလ်က္ ေခါင္းညိတ္လိုက္ၿပီး အုတ္ဂူအေရ႔ွ သံုးႀကိမ္တိုင္တိုင္ အေလးအနက္ဂါရဝျပဳကာ နဉ္ရွီ၏လက္ကိုကိုင္လိုက္သည္။ “ေနာက္ဆို အေဖနဲ႔အေမကို ဂါရဝသြားျပဳရင္ ကိုယ္ အေဖာ္လိုက္ခဲ့မယ္”
သူတို႔ကို အေဖနဲ႔အေမလို႔ေတာင္ ေခၚေနႏွင့္ၿပီေပါ့? နဉ္ရွီက သူ႔ကို မ်က္ေစာင္းထိုးလိုက္ေသာ္လည္း ႏႈတ္ခမ္းတို႔ကေတာ့ အၿပံဳးတစ္ပြင့္အျဖစ္သို႔ ေကြးတက္ေနေလ၏။ “ဟုတ္ပါၿပီရွင္”
စံုတြဲႏွစ္ေယာက္သား ေလွကားထစ္ေပၚမွဆင္းလာၿပီး ေတာင္ေျခေရာက္ရံုတင္ရိွေသး နဉ္ရွီ၏ဖုန္းကျမည္လာသည္။ ေခၚဆိုသူက တုန္းနန္ရဲစခန္းမွ ေခါင္းေဆာင္လီပင္။ သူမမိဘ၏အုတ္ဂူေတြဘက္ၾကၫ့္ရင္း ဖုန္းကိုင္လိုက္သည္။
“ေခါင္းေဆာင္လီ”
ခ်န္းရွီေကြ့က ကားရိွရာဆီေလ်ွာက္သြားၿပီး နဉ္ရွီကို တံခါးကူဖြင့္ေပးလိုက္သည္။ နဉ္ရွီက ကိုယ္ကိုကိုင္းၿပီး ကားေပၚတက္သြားစဉ္ တစ္ဖက္လူက ဘာေျပာလိုက္သည္မသိ၊ သူမ မ်က္ေမွာင္ၾကဳတ္သြား၏။
“ဟုတ္ၿပီေလ” ဖုန္းေျပာၿပီးေနာကိ နဉ္ရွီ၏မ်က္ႏွာထက္မွ အၿပံဳးတို႔က မိွန္ေဖ်ာ့သြားသည္။ သူမက ခ်န္းရွီေကြ့ဘက္လွၫ့္ေျပာလိုက္သည္။ “ရွီေကြ့၊ ကြၽန္မ ရဲစခန္းသြားရမယ္”
“ကိုယ္လည္းလိုက္ခဲ့မယ္” ခ်န္းရွီေကြ့က ကားတံခါးပိတ္လိုက္သည္။ သူ႔ေလသံက ညင္သာေနေသာ္လည္း ခိုင္မာေသာ ဆံုးျဖတ္ခ်က္က အထင္းသားပင္။
တုန္းနန္ရဲစခန္းရိွ အရာရိွမ်ားခမ်ာ သူတို႔ဖမ္းမိထားသၫ့္ သံသယရိွတရားခံအသစ္က ေတာ္ေတာ္ေလးကို ပူးေပါင္းမႈမရိွသျဖင့္ အက်ဉ္းအက်ပ္က်ေနရ၏။ ထိုသူက ေခါင္းမာရံုသာမက ရဲကိုပင္ သြားဆြလိုက္ေသးသည္။ မသိလ်ွင္ ဟိုက သူ႔ကိုလာပိတ္တီးမည္ကို မေစာင့္ႏိုင္ေတာ့သၫ့္အလား။
စိတ္အရွည္ဆံုးသူျဖစ္သၫ့္ အရာရိွလ်ိဳလ်ွင္ပင္ သူႏွင့္စိတ္ရႈပ္မခံႏိုင္ေတာ့။ သူက က်င္းဟုန္ခိုင္ကို ေစာင့္ၾကၫ့္ဖို႔ အရာရိွႏွစ္ေယာက္ႏွင့္ လႊတ္ထားခဲ့ၿပီး ဘာမွဆက္မေျပာေတာ့ေပ။
“နစ္နာသူမိသားစု ေရာက္လာၿပီလား?” အရာရိွလ်ိဳက ေခါင္းေဆာင္လီကို လွၫ့္ေမးရင္း အမႈဖိုင္တြဲကို စနစ္တက်သိမ္းေန၏။
“မၾကာခင္ ေရာက္လိမ့္မယ္” ေခါင္းေဆာင္လီက ေျခကုန္လက္ပန္းက်ေနဟန္။ သူက လက္ဖက္ရည္ျပင္းျပင္းတစ္ငံုေသာက္ၿပီး လက္ပတ္နာရီကိုၾကၫ့္ကာ “ဒီအမႈၿပီးတာနဲ႔ ငါတို႔အားလံုး ေကာင္းေကာင္းအနားယူႏိုင္ၿပီ”
အရာရိွလ်ိဳက သူ႔လက္ဖက္ရည္ခြက္ထဲ ေနာက္ထပ္ေရကူငွဲ႔ေပးကာ သက္ျပင္းခ်လိုက္သည္။ “က်င္းဟုန္ခိုင္ အဲ့ေလာက္ႏႈတ္လံုလိမ့္မယ္လို႔ မထင္ထားဘူး”
“သူမေျပာခ်င္လည္း ဘာမွမျဖစ္ပါဘူး၊ ငါတို႔မွာ မ်က္ျမင္သက္ေသေရာ၊ တျခားသက္ေသေတြပါ ရိွေနတာပဲ၊ သူဝန္မခံရင္ေတာင္ ဥပေဒကအျပစ္ေပးတာကို ခံရမွာပဲ” ေခါင္းေဆာင္လီက လက္ဖက္ရည္ေနာက္တစ္ငံုေသာက္လိုက္သည္။ ထိုအခိုက္တြင္ နစ္နာသူမိသားစုက ေရာက္လာၿပီျဖစ္ေၾကာင္း တစ္စံုတစ္ေယာက္က တင္ျပလာ၏။
သူလက္ဖက္ရည္ခြက္ကိုခ်ၿပီး အရာရိွလ်ိဳကို ေျပာလိုက္သည္။ “နစ္နာသူမိသားစုက တကယ္ကိုေကာင္းလို႔ပဲ”
သူမက လိုအပ္ခ်ိန္တိုင္း ပူးေပါင္းေဆာင္ရြက္မႈရိွၿပီး သူတို႔ျပႆာနာထဲ အပိုတန္ဆာအျဖစ္မပါလိုသျဖင့္ ဘာမွထပ္မေျပာတတ္ေပ။ သူမက နာမည္ေက်ာ္အႏုပညာရွင္တစ္ဦးျဖစ္သၫ့္တိုင္ သူတို႔အမႈစဖြင့္ကတည္းက အႏုပညာရွင္အဆင့္အတန္းကိုသံုးၿပီး သူတို႔ကိုဖိအားမေပးခဲ့ဖူးေပ။ သူတို႔ႏွင့္ဆံုတိုင္း သူမက ေဖာ္ေရြပ်ူငွာဟန္ေပၚကာ ဘယ္ေသာအခါမွ ေထာင္လႊားေမာက္မာျခင္းမရိွခဲ့ဖူးေပ။
သူမ၏အမူအက်င့္ေၾကာင့္ျဖစ္မည္ထင္၊ သူတို႔သာ အမႈကို အေကာင္းဆံုးျဖစ္ေအာင္ မေျဖရွင္းေပးႏိုင္ခဲ့ပါက နစ္နာသူမိသားစု၏ေမ်ွာ္လင့္ခ်က္ကို ပ်က္စီးေစမိေတာ့မည္ဟု ခံစားေနရသည္။ ထို႔ျပင္ ရဲေမအမ်ားစုကလည္း သူမ၏ပရိသတ္ေတျြဖစ္ေနသျဖင့္ လူတိုင္းက စံုစမ္းစစ္ေဆးခ်ိန္အတြင္း ပို၍စိတ္အားထက္သန္ေနၾက၏။
သို႔ေပမဲ့ အမႈေပၚလာေလေလ လူမ်ားစြာက ပါဝင္ပတ္သက္လာေလျဖစ္ၿပီး အမွန္တရားကလည္း ေသြးသံတရဲရဲျဖစ္လာ၏။
လူသားခ်င္းစာနာမႈႏွင့္ပိုက္ဆံ၊ မိသားစုႏွင့္အက်ိဳးအျမတ္၊ အာဏာႏွင့္အမွန္တရားအျပင္... မသိနားမလည္မႈေၾကာင့္ ျဖစ္ေပၚလာေသာ နာက်င္မႈ။ ဤအမႈသည္ ျပည္သူလူထုမ်ားထံသို႔ သတိေပးခ်က္တစ္ခုျဖစ္သလို တစ္ခ်ိန္တည္းမွာပင္ နစ္နာသူမိသားစုအေပၚ က်ေရာက္လာသၫ့္ ျပန္ျပင္၍မရႏိုင္ေသာနာက်င္မႈကိုလည္း ယူေဆာင္လာသည္။
အရာရိွလ်ိဳက ေခါင္းတခါခါႏွင့္... “ျပည္သူ႔ရုပ္သံဌာနက ဒီအမႈကို အစီအစဉ္တစ္ခုအေနနဲ႔ အသက္သြင္းခ်င္တယ္ဆိုၿပီး အထက္လူႀကီးေတြက ကြၽန္ေတာ့္ကို အရင္ကေျပာထားတယ္၊ သူတို႔က တျခားသူေတြကိုပါ သတိေပးဖို႔ တရားဝင္အပိုင္းအေနနဲ႔ ထုတ္လႊင့္မွာတဲ့၊ ဒီကိစၥကို... နစ္နာသူမိသားစုဆီ ဘယ္လိုေျပာျပရမလဲေတာင္မသိေတာ့ဘူး”
“ျပည္သူ႔ရုပ္သံဌာနက အစီအစဉ္လုပ္ခ်င္တာဆိုရင္ သူတို႔ဘာသာေမးပါေလ့ေစ၊ ငါတို႔က ၾကားထဲကေန လူဆိုးအျဖစ္မခံႏိုင္ဘူး” ေခါင္းေဆာင္လီက ဤအေၾကာင္းကို ထုတ္ပင္မေျပာလို။ “ဒီကိစၥက ငါတို႔ဝင္ပါရမဲ့ကိစၥမဟုတ္ဘူး၊ သူမ်ားကိုသြားၿပီး စိတ္အေနွာင့္အယွက္ေပးမေနနဲ႔”
အရာရိွလီက ခါးသီးဟန္ၿပံဳးကာ ေခါင္းညိတ္လိုက္သည္။
ဤအမႈက တိုင္းျပည္အတြင္း ကေသာင္းကနင္းျဖစ္သြားေစခဲ့သည္။ သူတို႔ကို အကဲခတ္ေစာင့္ၾကၫ့္ေနသၫ့္ မ်က္လံုးေပါင္းမ်ားစြာရိွေနေလရာ ယခု အမွန္တရားေပၚထြက္လာေတာ့ စခန္းမွအရာရိွမ်ားသာမက အထက္လူႀကီးမ်ားပါ ႏွစ္ေထာင္းအားရရိွသြားေလ၏။ ဥပေဒေရးရာက ဤအမႈကို အသက္သြင္းခ်င္ရျခင္းမွာ ပထမအေနျဖင့္ အျခားသူေတြကို သတိေပးဖို႔ရန္ႏွင့္ ဒုတိယအေနျဖင့္ လံုၿခံဳေရးဝန္ေဆာင္မႈမ်ား၏ အလုပ္အေပၚ စိတ္အားထက္သန္မႈတို႔ ရုန္းႂကြလာေစရန္ျဖစ္သည္။
အမွန္အတိုင္းေျပာရပါက ထိုသို႔ေသာအစီအစဉ္မ်ားသည္ လူထုအသိုင္းအဝိုင္းႏွင့္ သက္ဆိုင္ရာဌာနမ်ားအေပၚ အျပဳသေဘာေဆာင္စြာ သက္ေရာက္ႏိုင္ေပမဲ့ နစ္နာသူမ်ားအတြက္မူ ၄က သူတို႔ဒဏ္ရာကို ျပန္ပြင့္ထြက္ေစမၫ့္ ျဖစ္စဉ္တစ္ခုပါပင္။
ေခါင္းေဆာင္လီႏွင့္ အရာရိွလ်ိဳတို႔ နဉ္ရွီအားသြားေတြ့ရန္ ဧၫ့္ေတြ့ခန္းသို႔သြားစဉ္ မေမ်ွာ္လင့္ထားသည္မွာ နဉ္ရွီတစ္ေယာက္တည္းမဟုတ္ဘဲ သူတို႔ဗီလာ၌ေတြ့ဆံုခဲ့ဖူးသၫ့္ ခ်န္းရွီေကြ့ကပါ အေဖာ္လိုက္လာခဲ့သည္။
“မစၥနဉ္၊ မစၥတာခ်န္း” ေခါင္းေဆာင္လီက စံုတြဲႏွစ္ေယာက္ႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္သည္။ “အခုလိုခ်ိန္မွာမွ ေခၚလိုက္ရတဲ့အတြက္ စိတ္မေကာင္းပါဘူးဗ်ာ၊ ဒါေပမဲ့ သံသယရိွတရားခံက သူ အားလံုးကို မေျပာျပခင္ ခင္ဗ်ားနဲ႔ေတြ့ဖို႔ေတာင္းဆိုခဲ့တယ္ေလ၊ အေနွာင့္အယွက္ေပးမိတဲ့အတြက္ တကယ္ကိုအားနာရပါတယ္”
“ေခါင္းေဆာင္လီကေတာ့ ၾကင္နာလြန္းေနပါၿပီ၊ ရွင္လည္း အမႈအတြက္ လုပ္ေပးေနရတာပဲေလ” နဉ္ရွီက ေခါင္းေဆာင္လီ၏မ်က္ႏွာထက္မွ ႏြမ္းလ်မႈကို သတိထားမိလိုက္ၿပီး သူ႔ကို ေက်းဇူးတင္စြာ ၿပံဳးျပလိုက္သည္။ “ကြၽန္မ သူ႔ကို ေတြ့ႏိုင္ပါတယ္”
ေခါင္းေဆာင္လီက သက္မခ်သြားသည္။ သူက ခ်န္းရွီေကြ့ဘက္လွၫ့္ကာ ခ်ီတံုခ်တံုျဖင့္... “မစၥတာခ်န္း၊ သံသယရိွတရားခံက နဉ္ရွီတစ္ေယာက္တည္းကိုပဲ ေတြ့ခ်င္တယ္တဲ့၊ ခင္ဗ်ား...”
“က်င္းဟုန္ခိုင္က ကြၽန္ေတာ့္ကို မေတြ့ခ်င္ဘူးဆိုရင္လည္း ကြၽန္ေတာ္ လိုက္ေလ်ာေပးႏိုင္ပါတယ္” ခ်န္းရွီေကြ့က နဉ္ရွီကို ၾကၫ့္လိုက္သည္။ “ဒါေပမဲ့ ကြၽန္ေတာ့္ဇနီးေလာင္းေဘးမွာေတာ့ တတ္ႏိုင္သမ်ွ အတူရိွေပးခ်င္တယ္”
ေခါင္းေဆာင္လီႏွင့္အရာရိွလ်ိႈတို႔က အၾကၫ့္ဖလွယ္လိုက္ၾကသည္။ တစ္ဖက္လူက ထိုသို႔ေျပာလာၿပီဆိုမွေတာ့ သူတို႔ဆက္ျငင္းေနလ်ွင္ က်ိဳးေၾကာင္းမဆီေလ်ာ္ ျဖစ္ေတာ့မည္။
စစ္ေဆးေရးအခန္းတြင္ က်င္းဟုန္ခိုင္က အရာရိွႏွစ္ေယာက္ႏွင့္ အၾကၫ့္ခ်င္းၿပိဳင္တမ္းေဆာ့ေနၾကသည္။ သူ႔ေနာက္မွ တံခါးပြင့္သြားသံကိုၾကားေတာ့ သူလွၫ့္ပင္မၾကၫ့္ဘဲ ေျပာလိုက္သည္။ “ငါဘာမွေျပာေနမွာမဟုတ္လို႔ ထပ္ေမးေနစရာမလိုဘူး”
သူခဏေလာက္ေစာင့္ေနခဲ့ေပမဲ့ ဘာတံု႔ျပန္သံမွမၾကားရသျဖင့္ လွၫ့္ၾကၫ့္လိုက္ေတာ့ ခံုေပၚမွက်လုမတတ္ လန႔္ဖ်ပ္သြား၏။
“ခ်န္းရွီေကြ့ မင္းဘာလို႔ဒီေရာက္ေနတာလဲ?!” က်င္းဟုန္ခိုင္က သူ႔ကို အရိုးထဲထိဆိမ့္ေနေအာင္ကို ေၾကာက္သည္။ ထို႔ေၾကာင့္ ခ်န္းရွီေကြ့ကို သူေတြ့လိုက္ခ်ိန္ မသိစိတ္အရ ေနာက္တြန႔္သြားသည္။ သို႔ေသာ္ သူက ျမန္ျမန္ဆန္ဆန္ပဲ ဟန္ခ်က္ထိန္းလိုက္သည္။ သူက ယခု က်င္းအိမ္ေတာ္မွာရိွေနတာမဟုတ္သလို အျပင္ေရာက္ေနတာလည္းမဟုတ္ေပ။ သူ ယခု ရဲစခန္းကို ေရာက္ေနတာျဖစ္၏။
ခ်န္းရွီေကြ့က သူ႔ကို ေခါင္းထဲပင္မထၫ့္။ သူက ရိုးရိုးတန္းတန္းပင္ နဉ္ရွီကိုအေဖာ္ျပဳေပးရန္ အခန္းထဲလိုက္လာခဲ့ကာ က်င္းဟုန္ခိုင္ႏွင့္နဉ္ရွီၾကား အကြာအေဝးတစ္ခုဖန္တီးလ်က္ က်င္းဟုန္ခိုင္ႏွင့္မ်က္ေစာင္းထိုးတြင္ ထိုင္လိုက္သည္။
“မစၥတာက်င္း၊ ရွင္ ကြၽန္မကို ေတြ့ခ်င္လို႔ဆို?” နဉ္ရွီ၏အၾကၫ့္တို႔က က်င္းဟုန္ခိုင္၏ လက္ထိပ္ခတ္ခံထားရေသာ လက္ေကာက္ဝတ္ဆီ က်ေရာက္သြားသည္။ သူမ သေရာ္ၿပံဳးၿပံဳးလိုက္သည္။ “ကြၽန္မတို႔ၾကားမွာ ဘာမွေျပာစရာသိပ္မရိွဘူး ထင္တာပဲ”
က်င္းဟုန္ခိုင္က နဉ္ရွီကို ေစ့ေစ့စပ္စပ္ အကဲခတ္ကာ ႏွာမႈတ္လိုက္သည္။ “မင္းလို သရုပ္ေဆာင္ေလးတစ္ေယာက္က တကယ္ပဲ ဒီေလာက္ထိလုပ္ႏိုင္လိမ့္မယ္လို႔ ငါ တကယ္မထင္ထားခဲ့မိဘူး”
“ကြၽန္မကို ဒီစကားေတြေျပာဖို႔ တကူးတက ေခၚလိုက္တာေတာ့မဟုတ္ပါဘူးေနာ္ မစၥတာက်င္း?” နဉ္ရွီ၏မ်က္ႏွာက မထံုတက္ေသး။ “ဒီလိုဆိုမွေတာ့ ကြၽန္မတို႔ႏွစ္ေယာက္ၾကား ဘာမွထပ္ေျပာစရာမရိွေတာ့ဘူး” က်င္းဟုန္ခိုင္ႏွင့္သူမအၾကား အမွန္ပင္ ဘာမွေဆြးေနြးစရာမရိွေပ။ လြန္ခဲ့ေသာရွစ္ႏွစ္ခန႔္က သူသာ အရက္မူးကားေမာင္းၿပီး မီးပြိုင့္ကို ကမူးရႉးထိုး ျဖတ္မေမာင္းခဲ့လ်ွင္ သူမအေဖလည္း ေသခဲ့ရမည္မဟုတ္။ သူမအတြက္ေတာ့ က်င္းဟုန္ခိုင္က ကားတိုက္ေျပးၿပီး သူ႔အမႈအတြက္ ကိုယ္စားခံေပးမၫ့္သူကိုသာ ရွာတတ္သၫ့္ အမိႈက္သရိုက္ေကာင္သာသာပင္။
အမိႈက္တစ္စေရ႔ွတြင္ အဘယ္မွာေျပာစရာရိွအံ့နည္း?
“ကိုယ့္ကိုယ္ကိုယ္ဟုတ္လွၿပီ ထင္မေနပါနဲ႔ မိန္းကေလးနဉ္” က်င္းဟုန္ခိုင္က ခံုေပၚမွာအၾကာႀကီးထိုင္ေနခဲ့ရ၍ထင့္၊ ဟိုလႈပ္ဒီလႈပ္ႏွင့္ ဂနာမၿငိမ္ျဖစ္ေန၏။ “မိန္းကေလးနဉ္က ခ်န္းမိသားစုရဲ့သခင္မျဖစ္လာေတာ့မွာကို က်ဳပ္သိပါတယ္၊ ဒီေန့ ခင္ဗ်ားကို ဒီလာဖို႔ေတာင္းဆိုခဲ့တာက တျခားဘာေၾကာင့္ရယ္မဟုတ္ဘူး၊ မိန္းကေလးနဉ္ကို အကူအညီတစ္ခုေတာင္းခ်င္လို႔ပါ”
နဉ္ရွီက မ်က္လႊာခ်ထားလ်က္ ဘာမွမေျပာလာေပ။
က်င္းဟုန္ခိုင္က သူမ၏စိမ္းကားေနေသာအမူအရာကိုျမင္ေတာ့ ပ်ာယာမခတ္သြားဘဲ တၫ့္ေျပာလိုက္သည္။ “ဒီအဆင့္ထိေရာက္လာမွေတာ့ က်ဳပ္အေနနဲ႔ အခုအေျခအေနကို အဖတ္ဆယ္ဖို႔ ဘာမွတတ္ႏိုင္တာမရိွေတာ့ဘူး၊ က်ဳပ္တစ္ဘဝလံုးမွာ အဓိပၸာယ္မရိွတဲ့ကိစၥေတြ အမ်ားႀကီး လုပ္ခဲ့ဖူးတယ္၊ တစ္ခါမွလည္း ေကာင္းတဲ့ကိစၥရယ္လို႔ မလုပ္ခဲ့ဖူးဘူး၊ ရီရီက က်ဳပ္ရဲ့တစ္ဦးတည္းေသာသမီးဆိုေပမဲ့ သူ႔ကို ေကာင္းေကာင္းမသြန္သင္ေပးႏိုင္ခဲ့လို႔ သူအခုလိုျဖစ္လာရတယ္၊ ဒါေပမဲ့ က်ဳပ္လုပ္ခဲ့သမ်ွအမွားတိုင္းက သူနဲ႔ဘာမွမသက္ဆိုင္ပါဘူး၊ သူက အလိုလိုက္ခံထားရတဲ့ ကေလးတစ္ေယာက္ပါပဲ၊ ဒါေၾကာင့္မို႔ သူ႔ကိုေတာ့ သက္ၫွာေပးပါ မိန္းကေလးနဉ္”
ဤစကားကိုၾကားေတာ့ နဉ္ရွီတစ္ေယာက္ ရယ္ခ်င္စိတ္ကို ထိန္းမရေတာ့ေပ။ က်င္းဟုန္ခိုင္က ဦးေနွာက္မရိွဘူးလို႔ ဘယ္သူေျပာခဲ့တာလဲ? သူက သူမကိုဒီလာဖို႔ အထူးတလည္ ေတာင္းဆိုခဲ့ၿပီး ရဲေတြေရ႔ွမွာပင္ ဤစကားမ်ားကို ေျပာခဲ့သည္။ သူက သူမ က်င္းရီကိုပါ လက္တံု႔ျပန္မွာစိုးေနတာ မဟုတ္ေပေလာ? ၾကၫ့္ရသေလာက္ သူက ကမ္းကုန္ေအာင္တံုးအေနတာမ်ိဳးမဟုတ္ေပ။ သူ၏ကာကြယ္မႈသာမရိွလ်ွင္ က်င္းရီ၏ဦးေလး က်င္းယြမ္ဖုန္းက က်င္းရီအေပၚ သိပ္ၿပီးအားစိုက္ထုတ္ေနမည္မဟုတ္။ အနာဂတ္တြင္ က်င္းရီဘာျဖစ္မလဲဆိုတာ အခုထဲကသိသာေနၿပီပင္။
“မစၥတာက်င္းကေတာ့ အေတြးလြန္ေနတာပဲျဖစ္ရမယ္” နဉ္ရွီတစ္ေယာက္ ဤကိစၥကို ဤေနရာမွာတင္ ရပ္သင့္ၿပီဟု ခံစားေနရသည္။ တျခားကိစၥေတြကို ဆက္ေျပာေနစရာအေၾကာင္းမရိွေတာ့ေပ။ သူမမတ္တပ္ရပ္ၿပီး တည္ၿငိမ္စြာ ေျပာလိုက္သည္။ “ကြၽန္မလိုခ်င္တာက ရာဇဝတ္ေကာင္အျပစ္ေပးခံရဖို႔ပဲ၊ တျခားကိစၥေတြကို ဂရုစိုက္ေနမွာမဟုတ္သလို ဘာျဖစ္ေနမလဲဆိုတာကို စိတ္ဝင္စားေနမွာမဟုတ္ဘူး”
က်င္းဟုန္ခိုင္က ဤစကားကိုၾကားေတာ့ အတန္ငယ္ ရတက္မေအးျဖစ္သြားသျဖင့္ ခ်န္းရွီေကြ့ကို ေမ်ွာ္လင့္ျခင္းႀကီးစြာ ၾကၫ့္လိုက္သည္။ အံ့အားသင့္စရာမွာ ခ်န္းရွီေကြ့က သူ႔ကို မၾကၫ့္ေန။ သူ႔အာရံုက နဉ္ရွီ၌သာ ရိွေန၏။ ခ်န္းရွီေကြ့ကို အရူးအမူးလိုခ်င္ေနသၫ့္ သူ႔သမီးငတံုးမေလးအေၾကာင္း ျပန္ေတြးမိေတာ့ က်င္းဟုန္ခိုင္တစ္ေယာက္ ဝမ္းနည္းသြားရေတာ့သည္။
အဲ့ဒီအရူးမေလးက ဒါကိုနားမလည္၊ ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို စိတ္ဝင္စားမႈမရိွလ်ွင္ သူမဘာလုပ္လုပ္ အခ်ည္းႏွီးသာျဖစ္သြားမွာျဖစ္ၿပီး အဆံုးမွာ တစ္ဖက္လူကို စိတ္ဆိုးေဒါသထြက္ရံုသာ အဖတ္တင္လိမ့္မည္။
“တကယ္ေတာ့ ကြၽန္မ မစၥတာက်င္းကို ေမးခ်င္တာတစ္ခုရိွတယ္” နဉ္ရွီက က်င္းဟုန္ခိုင္ကို ၾကၫ့္လိုက္သည္။ “ရွင့္ရဲ့ေသြးစြန္းေနတဲ့လက္ေတြနဲ႔ ဘယ္လိုမ်ားအသိစိတ္ရိွရိွ အသက္ဆက္ရွင္ႏိုင္ေသးတာလဲဟင္?”
က်င္းဟုန္ခိုင္ တိတ္က်သြားသည္။ သူ နဉ္ရွီ၏ေမးခြန္းကိုမေျဖခဲ့သလို ေျဖလည္းမေျဖႏိုင္ခဲ့ေပ။
ကံေကာင္းစြာႏွင့္ နဉ္ရွီက သူ႔ဆီမွအေျဖရရန္ မေမ်ွာ္လင့္ထားခဲ့ေပ။ သူမက က်င္းဟုန္ခိုင္၏ စိတ္တိုစရာေကာင္းေသာမ်က္ႏွာကို ဆက္မၾကၫ့္ႏိုင္ေတာ့သျဖင့္ စစ္ေဆးေရးအခန္းကို တစ္ခ်က္ပင္ျပန္လွၫ့္မၾကၫ့္ဘဲ ထြက္သြားကာ သူမႏွလံုးသားထက္မွာ စိတ္ပင္ပန္းမႈအားလံုးကို လႊတ္ခ်လိုက္သၫ့္အလား သက္ျပင္းရွည္ႀကီးခ်လိုက္သည္။
ခ်န္းရွီေကြ့က သူမေနာက္မွလိုက္လာ၏။ သူမကို တစိမ့္စိမ့္ၾကၫ့္ရင္း လက္ေခ်ာင္းတို႔ကို ဖ်စ္ၫွစ္လိုက္သည္။
“ကြၽန္မ အဆင္ေျပပါတယ္” နဉ္ရွီက သူ႔ကိုၿပံဳးျပၿပီး ေခါင္းေဆာင္လီဘက္လွၫ့္ကာ ႏႈတ္ဆက္စကားေျပာလိုက္သည္။
သူမ၏အမူအရာကႏြမ္းလ်ေနတာကို ေခါင္းေဆာင္လီက သတိထားမိလိုက္သျဖင့္ သူမကို ဆြဲမထားေတာ့ဘဲ အျခားအရာရိွတစ္ဦးအား သူတို႔ကို ျပန္ပို႔ခိုင္းလိုက္သည္။
“အရာရိွႀကီး ကြၽန္ေတာ္ေျပာစရာရိွတယ္” နဉ္ရွီထြက္သြားၿပီး တစ္နာရီအၾကာ ေနာက္ဆံုးေတာ့ က်င္းဟုန္ခိုင္က ေစ့ေစ့စပ္စပ္ေတြးၾကၫ့္ခဲ့ၿပီးျဖစ္သည္။ သူက သက္ၫွာေပးရန္ ေမ်ွာ္လင့္လ်က္ ရဲကိုအမွန္အတိုင္းဖြင့္ဟရန္ ဆံုးျဖတ္လိုက္သည္။
လြန္ခဲ့ေသာရွစ္ႏွစ္ခန႔္က နဉ္ရွီ၏အေဖကို ကားႏွင့္တိုက္ခဲ့သၫ့္အမႈအျပင္ သူပါဝင္ပတ္သက္ခဲ့သၫ့္အမႈတစ္ခုရိွေသးသည္။ ယင္းက ခ်န္က်န္းက်န္း၏သတ္ေသမႈပင္။
က်ူးမိုလီအား ရဲဖမ္းသြားၿပီးေနာက္တြင္ သူမက ျပစ္ဒဏ္ေလ်ာ့ေပါ့ေစရန္အလို႔ငွာ အမွန္လား၊ အမွားလားဆိုတာပင္ ဂရုမစိုက္ဘဲ အကုန္ေျပာျပခဲ့သည္။ ထိုထဲတြင္ ခ်န္က်န္းက်န္းက ကိုယ့္ကိုယ္ကိုယ္အဆံုးမစီရင္ခဲ့ဘဲ အသတ္ခံခဲ့ရသၫ့္အေၾကာင္း အပါအဝင္ပင္။
တကယ္တမ္း က်င္းဟုန္ခိုင္က ခ်န္က်န္းက်န္း၏ေသဆံုးမႈႏွင့္ ဘာမွမသက္ဆိုင္ေပ။ သူက ခ်န္က်န္းက်န္းအေပၚ ခံစားခ်က္အစစ္အမွန္ရိွခဲ့ဖူး၏။ မဟုတ္လ်ွင္ သူမကိုလက္ထပ္ဖို႔အတြက္ႏွင့္ ဖိအားေပါင္းမ်ားစြာကို ေတာင့္ခံႏိုင္ခဲ့မည္မဟုတ္ေပ။
ထို႔ေၾကာင့္ ခ်န္က်န္းက်န္း အသတ္ခံခဲ့ရပံုေထာက္သည္ဟု ရဲအရာရိွကေျပာလာခ်ိန္ သူက ဟန္ေဆာင္ေနပံုမရဘဲ သံသယဝင္ၿပီးစိတ္ရႈပ္ေထြးသြားပံုရေလ၏။
အရာရိွလ်ိဳက မ်က္ႏွာအမူအရာမ်ားကို အကဲခတ္ရာ၌ ကြၽမ္းက်င္သူျဖစ္ေသာေၾကာင့္ က်င္းဟုန္ခိုင္ အရာအားလံုးကိုေျပာၿပီးသည္ႏွင့္ သူ႔အဆိုျပဳခ်က္ကို မွတ္တမ္းတင္ထားလိုက္သည္။ က်န္တာေတြကိုေတာ့ သူတို႔အေနႏွင့္ အထက္လူႀကီးေတြကို တင္ျပရံုသာျဖစ္ၿပီး သူတို႔ကိုင္တြယ္ရမၫ့္အပိုင္း မဟုတ္ေတာ့ေပ။
_____________
Meow's Note: Main Story ၿပီးေတာ့မွာပဲ။
_____________