(Og)ထင်ရာစိုင်းတဲ့ကောင်းကင် (...

By alinkarnang

9.9K 656 91

ကိုယ်ကြိတ် crush ခဲ့ရတဲ့ လူဆိုး‌ဗိုလ်လေးက ကိုယ့်ကိုပြန်ကြိုက်လာခဲ့သတဲ့ အဲ့ဒီခံစားချက်ကကောင်းကင်တခုလုံးကကိုယ့်... More

intro 1+2+3
အပိုင်း(1)
အပိုင်း(2)
2.zgi
အပိုင်း(3)
3.zgi
အပိုင်း(4)
4.zgi
အပိုင်း(5)
အပိုင်း(6)
5.zgi
6.zgi
7.
7.,zgi
အပိုင်း(8)
8.zgi
အပိုင်း(၉)
9.zgi
.အပိုင်း။၁၀
10.zgi
အပိုင်း(၁၁)
11.zgi
12.zgi
အပိုင်း(12)
အပိုင်း(၁၃)
13.zgi
ဇတ်ကောင်မိတ်ဆက်
အပိုင်း(14)
14.zgi
အပိုင်း(15)
15.zgi
အပိုင်း(၁၆)
16.zgi
အပိုင်း(17)
17.,zgi
အပိုင်း(၁၈)
18.zgi
အပိုင်း(၁၉)
19.zgi
20.
20.zgi
၂၁.
21.zgi
22.zgi
၂၂
23.
23.zgi
24.
24.zgi
25.
25.zgi
26.uni
26.zgi
27.
27.zgi
28.
28.zgi
29.
29.zgi
30.
31.
32=.
33
34.uni
30.zgi
31.zgi
32.zgi
33.zgi
34.zgi
35.
36
37
38.
35.zgi
36.zgi
37.zgi
38.zgi
39.
40.
39.zgi
40.zgi
41.
41.zgi
အပိုင်း(42)
42.zgi
43.
43.zgi
44.
45.
44.zgi
45.zgi
46.
အပိုင်း(47)
46.zgi
47.zgi
48.zgi++
49.zgi
48.
49.
50.
၅၁.
51.zgi
52.
52.zgi

1.zgi

170 2 0
By alinkarnang


အပိုင်း(1)

"ထွက်သွား ! "

"ဘယ်တော့မှပြန်မလာခဲ့နဲ့ "

"ငါ့မျက်စိရှေ့ကနေရော ငါ့တို့မိသားစုဆီကပါ ထွက်သွား !"

" ငါတို့အိမ်အရိပ်တောင်မနင်းနဲ့ ! "

သူမရဲ့မိဘအရင်းအချာတွေဆီက ဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားဖြစ်ပေမဲ့လဲ တကယ်တမ်း နားနဲ့ဆတ်ဆတ်ကြားရတော့ ရင်ဘတ်ထဲက လှိုက်တက်လာတုန်း နာကျင်ရတုန်း ဝမ်းနည်းရတုန်းပဲ

ဒီခနမှာ သူမဟာ ဒီလောကကြီးထဲက လွတ်မြောက်ချင်တဲ့စိတ်တခုပဲကျန်တော့တယ်

ဘာလို့လဲ သူမက ဒီမိသားစုအတွက်ပဲရုန်းကန်ပေးခဲ့ စွန့်စားပေးခဲ့ ရှာဖွေပေးခဲ့ လမ်းညွန်ပေးခဲ့တာလေ

ဒါပေမဲ့ သူမက ဒီစည်းစိမ်တွေကိုလက်ဝါးကြီးအုပ်တယ်တဲ့လား မက်မောတယ်တဲ့လား ဟာသပဲ သူမကိုယ်တိုင်ရှာထားတဲ့ဟာတွေပဲလေ သူမတောင်မမက်မောလို့ သူတို့ဘာလုပ်လုပ် ဘာဝယ်ဝယ် သူမအကုန်လျစ်လျူရှု့ထားခဲ့တာ

မသမာတဲ့လူတစုကြောင့် သူမရှုံးနိမ့်သွားခဲ့တဲ့အခါမှာတော့ အရာအားလုံး အပြစ်အားလုံးက သူမအပေါ်ပဲ ပုံချခံခဲ့ရတယ်

ပင်ပန်းတဲ့စိတ်အစုံနဲ့ကိုယ်ကိုသယ်ပြီးအိမ်ပြန်လာတဲ့အချိန် စောင့်ကြိုနေတာက ရက်စက်ခြင်းတွေပဲ

အဲ့ခနမှာ ‌ကောင်းကင်ကြီးကသူမအပေါ်မတရားဘူးလို့ခံစားရတယ် သူမရဲ့ဘဝကိုဒီလိုဆိုးဝါးစွာဖြတ်သန်းစေသတဲ့လား အရမ်းကို ဒေါသထွက်တာပဲ

ကြီးမားတဲ့ဗီလာကြီးကနေထွက်လာတော့ မလိခ အိမ်ရာထဲက သစ်ပင်တွေရဲ့အရိပ်တွေတောင်မှ သူမကို လှောင်ပြောင်နေသလိုပဲ

လူစည်ကားတဲ့နေရာမှာ ငူငိုင်ငိုင်နဲ့လျှောက်သွားနေရင်း လမ်းဖြတ်ကူးလို့သတိမထားတဲ့အခါ သူမကိုစောင့်ကြိုနေတာက သေခြင်းတရားသာ

နောက်ဆုံးအချိန်မှာ သူမတွေးမိတာက  ငါ နောင်ဘဝကြရင် ငါးဆားနယ်လေးပဲလုပ်တော့မယ် အိမ်တွင်းပုန်းလေးပဲလုပ်တော့မယ် ဘယ်သူ့အတွက်မှ ထပ်မတိုက်ခိုက်တော့ဘူး ဘယ်သူကမှ ငါ့ရဲ့ကာကွယ်ခြင်းနဲ့မတန်ဘူးလို့ပဲ

ဟုတ်တယ်

သူမ ဘယ်သူ့အတွက်မှ ထပ်မတိုက်ခိုက်ပေးတော့သလို ဘယ်သူ့ကိုမှလဲ မကာကွယ်ပေးချင်တော့ဘူး

အားလုံးကို  အရမ်းစိတ်ကုန်သွားခဲ့ပြီ

.......

"လူသား သင်အလိုရှိရာ ဆန္ဒတခုကိုပြောပါ "

"ငါးဆားနယ်ဖြစ်ချင်တယ် အချစ်ခံချင်တယ် "

"ကောင်းပြီ မင်းခံစားခဲ့ရတဲ့မတရားမူ့တွေအတွက် ပြန်အစားထိုးလျှော်ပေးမယ် တခုပဲ သတိထားပါ ဇတ်ကြောင်းကိုသွားမရှုပ်နဲ့ ဇတ်ကြောင်းပြိုလဲသွားရင် မင်းလဲသေရမယ် အဲ့ဒါကိုသေချာမှတ်ထားပါ"

"ကောင်းပါပြီ"

"မင်းဂတိပေးထားတာကိုမင်းသတိရပါ"

သူမ ခေါင်းငြိမ့်လိုက်မိတာလား ဘာလား မသိလိုက်ခင်မှာပဲ လေထဲလွင့်မျောနေတဲ့ခံစားချက်ကနေ ပြင်းပြင်းထန်ထန်ဆွဲငင်ခံရတဲ့ခံစားချက်အဖြစ်‌ပြောင်းသွားပြီး ကူကယ်ရာမဲ့နေတဲ့ခံစားချက်နဲ့အတူ သူမမေ့မျောသွားတော့တယ်

သူမနိုးလာတော့ ပန်းရောင်ကမ္ဘာထဲမှာ အာ ပန်းရောင်အိပ်ခန်းထဲမှာလို့ပြောရမယ် အရာအားလုံးကပန်းရောင်တွေချည်းပဲ သေချာတာကတော့ မိန်းကလေးတစ်ယောက်ရဲ့အခန်းဆိုတာပါပဲ

ခေါင်းကိုက်နေသေးပေမဲ့ သူမဘယ်နေရာရောက်နေလဲဆိုတာကိုအရင်စူးစမ်းလိုက်မိတယ်

ပန်းရောင်စားပွဲခုံပေါ်မှာတင်ထားတဲ့ အစိမ်းရောင်စာအုပ်လေးက ပန်းရောင်ကမ္ဘာလေးထဲမှာ အရမ်းကိုကွဲထွက်နေတာမို့ သူမ ချက်ချင်းလိုလိုကိုသတိထားမိလိုက်တယ်

အမှတ်တမဲ့ကောက်ယူပြီးကြည့်လိုက်တော့ စာအုပ်အဖုံးမှာရေးထားတာက "ဥက္ကဌရဲ့မွန်မြတ်သောချစ်ဇနီးလေး"ဆိုပဲ

သူမမှာတခြားအရာတွေစစ်ဖို့ဆေးဖို့သူမဘယ်ရောက်နေလဲဘယ်သူလဲဆိုတာသိဖို့အပြင်ထွက်ရမယ်တခုခုလုပ်ရမယ်ဆိုတာသိပေမဲ့လဲ နောက်တရွက်လှန်လိုက်တာနဲ့ သူမသတိပြုမိလိုက်တာက နာမည်လေးတလုံး

"အမြှောက်စာဇတ်ကောင်လေး မြတ်ပန်းဝေ"

"အာ ဒါက ငါ့နာမည်ပဲမဟုတ်ဘူးလား"

သူမအာရုံများသွားပြီး မကောင်းတဲ့ခံစားချက်နဲ့နောက်တရွက်လှန်လိုက်တယ်

အမျိုးသားဇတ်လိုက်အမည် - မင်းဧကရာဇ်

အမျိုးသမီးဇတ်လိုက်အမည် - နှင်းဒီဇင်ဘာ

ဒုတိယဇတ်လိုက်- မြတ်ဘုန်းသျှန်

ဗီလိန်‌ဇတ်ကောင်- ဆောင်းသံစဉ်မောင်

Final boss - ထင်ရာစိုင်း (Alex sky )

အမြှောက်စာဇတ်ကောင်- မြတ်ပန်းဝေ

အိုင်းးးးးး အဲ့တော့ သူမက အရေးမပါတဲ့အမြှောက်စာလေးပေါ့လေ

သူမ နောက်တရွက်လှန်လိုက်ပြီး စာအုပ်ကိုစဖတ်လိုက်‌တော့တယ်

စာအုပ်ဖတ်ပြီးတော့သူမအကျဉ်းချုပ်လိုက်တာက

မယ်ရီဆူးအမျိုးသမီးဇတ်လိုက်ရဲ့အနစ်နာခံအစွန့်စားခံဇတ်ကြောင်းလေးမှာ သနားချစ်နဲ့ချစ်သွားပြီး လိုက်လံကာကွယ်ပေးတဲ့ ဇတ်လိုက်ရယ်

မယ်ရီဆူးလေးကိုမရရင် သေပါတော့မယ်ဆိုတဲ့ အဖြည့်ခံဒုတိယဇတ်လိုက်ရယ်

မယ်ရီဆူးကို ငါမရရင် ဘယ်သူမှမရစေရဘူးဖျက်စီးပစ်မယ်ဆိုတဲ့
Final boss ရယ်

ဘယ်သူ့ကိုကြိုက်ရမှန်းမသိ ဒီလူ့ကိုအကြင်နာပို ဟိုလူကိုသနားပို ဒီလူကိုလဲကောင်း ဟိုလူကိုလဲကောင်းနဲ့ မျောက်သစ်ကိုင်းလွတ်နေတဲ့ အမျိုးသမီးဇတ်လိုက်ရယ်

သူ့ကိုဘယ်သူမှမကြိုက်ပဲနဲ့ အားလုံးကိုတစ်ယောက်ထဲအပိုင်သိမ်းချင်နေတဲ့ဗီလိန်ဇတ်ကောင်ရယ်

ပေါင်းလိုက်ရင်တော့ခွေးသွေးတွေနဲ့ပြည့်နေတဲ့အချစ်ဇတ်လမ်းလေးတပုဒ်ပါပဲ

သူမကတော့ .. အမ်း သူမကတော့လား ဒီအတိုင်း သိပ်တောင်ဖော်ပြခြင်းမခံရတဲ့ အမြှောက်စာဇတ်ကောင်လေးရယ်ပါ

သူမက ‌ဗီလိန်မကို မြှောက်ထိုးပင့်ကော်လုပ်ရင်း final boss က လက်စဖျောက်တာကိုခံလိုက်ရတဲ့ အမြှောက်စာလေးရယ်ပါ အဲ့တာကလဲ ဇတ်သိမ်းခါနီးမှ အားနာနာနဲ့တပိုဒ်လောက်လေးပေါ်လာတာ

ကြည့်ရတာ စာရေးသူက အမြစ်ပါဖြတ်ချင်ပုံရတယ် မယ်ရီဆူးအပေါ်လုံးဝအထိမခံတာ

အဲ့တော့ သူမက အခု စာအုပ်ထဲကူးပြောင်းလာတယ်ဆိုတာရယ် ဇတ်ကြောင်းကိုပြောင်းလဲစေလို့မရဘူးဆိုတာရယ် ဒီစာအုပ်နဲ့ဒီအခွင့်အ‌ရေးက သူမအတွက်လက်ဆောင်ဆိုတာရယ် သေသေချာချာရှင်းရှင်းလင်းလင်းသိသွားခဲ့လေတယ်

ကောင်းပြီ အဲ့တော့ သူမအရင်ဆုံး ဇတ်ကြောင်းကဘယ်လောက်ရောက်နေပြီလဲဆိုတာနဲ့ သူမသရုပ်ဆောင်ရမဲ့အပိုင်းတွေကိုသိရင်ရပြီ

ကျန်တဲ့ကိစ္စကတော့ ငါးဆားနယ်လေးပဲ ဆက်လုပ်ရင်း မီးစင်ကြည့်ကကြတာပေါ့လေ

..............🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

Alinkar nang 🌿

Continue Reading

You'll Also Like

776K 31.2K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
12.8M 520K 57
"Have you tried turning it off and back on again?" •• Christian Ivonov, CEO of Ivonov enterprises, had always been the best at fucking things up. Whe...
2.1M 162K 36
No descriptions here
51.4K 2K 123
သူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝ...