《ဖြေဆေး》- ဘာသာပြန် 『Completed』

Autorstwa wishywish0805

78.2K 9K 573

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe Więcej

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 3

Extra - 2

732 79 13
Autorstwa wishywish0805

Extra - 2

"နောက်တစ်ခါ"

ချန်ခေါ့သည် ကျန်းယွီသော်၏ အလွန့်အလွန်စံနှုန်းမမီနေသောကိုယ်ဟန်အနေအထားဖြင့် လွှဲကန်လာသည့် တတိယမြောက်ကန်ချက်ကိုကြည့်ရင်း သက်ပြင်းချလိုက်ကာ ဆက်၍ -

"ဗဟိုဟန်ချက်က အရမ်းရှေ့ရောက်နေတယ်"

ကျန်းယွီသော်က ကျွတ်ခနဲစုတ်သပ်လိုက်ပြီး -

"ကျွန်တော့်အထင် သိပ်မကွာတော့ဘူးလေ"

ချန်ခေါ့က စကားမဆိုပေ။ ခန္ဓာကိုယ်ကိုဘေးစောင်းကာ ခြေထောက်မြှောက်လိုက်ပြီး ကျန်းယွီသော်၏လက်မောင်းဆီသို့ ဘေးတိုက်ကန်လိုက်သည်။

"ငါနဲ့သိပ်မကွာတော့ဘူးပေါ့လေ"

ကျန်းယွီသော်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်၏။

"နောက်တစ်ခါ ထပ်လာ"

ချန်ခေါ့က မေးဆတ်လိုက်ရင်း ဆက်၍ -

"ကိုယ်ဟန်အနေအထားကို ခေါင်းထဲမှာ တစ်ခေါက်စဉ်းစားလိုက်ပြီးမှ ထပ် ... ..."

"ဟား ..."

ကျန်းယွီသော်က သူစကားပြောပြီးသည်အထိမစောင့်ဘဲ တစ်ချက်အော်လိုက်ပြီးနောက် ဘေးတိုက်ကန်ချက်တစ်ချက်ထပ်ရောက်လာကာ အရင်အတိုင်းစံနှုန်းမမီနေဆဲပင်။

ကန်ချက်အင်အားကတော့ အတော်ကြီးသည်။ အကန်ခံလိုက်ရသောချန်ခေါ့မှာ ခြေတစ်လှမ်းယိုင်သွားသည်။

"ကိုယ်ဟန်အနေအထားကို ခေါင်းထဲမှာတစ်ချက်အရင်စဉ်းစားပြီးမှ မင်းကိုခြေထောက်ထုတ်ခိုင်းတာဟ"

ချန်ခေါ့က သူ့ကိုစိုက်ကြည့်နေရင်းပြော၏။

"ကျွန်တော် အောင်ပြီ"

"ဘာအောင်တာလဲ"

ချန်ခေါ့က ကျန်းယွီသော်၏နောက်သို့သွားလိုက်ပြီး ပခုံးကိုလက်ဖြင့်ထိန်းလိုက်ကာ -

"ကိုယ်ကိုဘေးစောင်း၊ ညာခြေထောက်ကို မြေပေါ်နင်းထား၊ ဗဟိုဟန်ချက်ကို ဘယ်ခြေမှာတည်ထား ပြီးတော့လှည့်။ တင်ပါးဆုံရိုးက ခြေထောက်နဲ့အတူလှည့်၊ ဒူးခေါင်းကိုမြှောက်၊ ညို့သကျည်းနဲ့ကန်ထည့်"

ပခုံးထိန်းကိုင်ထားခြင်းခံရသောကျန်းယွီသော်မှာ တစ်ဝက်လောက်ကန်မြှောက်လိုက်ပြီးနောက် နောက်ကို ယိုင်သွားကာ ချန်ခေါ့၏ကိုယ်ကို တိုက်မိသွားသည်။

"ဒီကိုယ်ဟန်ကလည်း ခက်လိုက်တာ"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ထားရင်း ဆက်၍ -

"ကန်ဆိုလည်းကန်ပေါ့။ စစ်စစ်ပေါက်ပေါက်ဂရုစိုက်ရမှာတွေ များလိုက်တာ"

"တိကျမှန်ကန်တဲ့ကိုယ်ဟန်အနေအထားနဲ့ဆိုရင် တစ်ချက်ကန်ထည့်လိုက်တာနဲ့ အားပိုပြင်းတယ်"

ချန်ခေါ့မှာ ကူကယ်ရာမဲ့နေပြီဖြစ်ကာ ဆက်၍ -

"ဒါမှမဟုတ်လည်း ကန့်လန့်ဖြတ်လှည့်ကန်ချက်ကို ခဏထားထားလိုက်။ အတွေးခဏပြောင်းပြီး နောက်ပြန်ကန်ချက်တွေ အရင်ကန်လိုက်ပါလား။ ပြီးခဲ့တဲ့တစ်ခေါက်က မင်းကိုသင်ပေးခဲ့တာလေ"

"ခင်ဗျားပဲပြောတော့ ကန့်လန့်ဖြတ်လှည့်ကန်ချက်က အသုံးအများဆုံးဆို။ ကန့်လန့်ဖြတ်ကန်ချက်ကိုမတတ်ရင် တိုက်ကွမ်ဒိုမတတ်ဘူးဆို"

ကျန်းယွီသော်က စိတ်မချမ်းမြေ့စွာပြောသည်။

"မင်းအကြာကြီးကန့်လန့်ဖြတ်လှည့်နေတာတောင် မှန်အောင်ကန့်လန့်မဖြတ်နိုင်ဘူးလေ။ လှုပ်ရှားမှုနောက်တစ်မျိုးပြောင်းပြီး ... ..."

"မပြောင်းဘူး"

ကျန်းယွီသော်က ဖြတ်ပြောလိုက်သည်။

"... ... ငါ့လခွမ်း"

ချန်ခေါ့က ပြောစရာစကားပျောက်ဆုံးသွားခဲ့ကာ ဆက်၍ -

"ဟုတ်ပြီ မင်းနောက်ထပ် ... ..."

"အား တား ..."

ကျန်းယွီသော်က နောက်တစ်ကြိမ်ကန့်လန့်ဖြတ်လှည့်ကန်လာပြန်ကာ ချန်ခေါ့ကျောကုန်းကို ကန်ထည့်လိုက်သည်။

ချန်ခေါ့က ရုတ်တရက်စိတ်ပေါက်လာပြီး သူ့ကိုလှည့်ကြည့်လိုက်ကာ -

"မင်းဘိုးအေကို အားတားနေလိုက်။ လှုပ်ရှားမှုကိုနားလည်အောင်စဉ်းစားပြီးတော့မှ မင်းကိုငါကန်ခိုင်းတာ။ ဒီလောက်အကြိမ်ရေအများကြီးမင်းကန်ခဲ့တာ တစ်ကြိမ်လောက်တောင်စဉ်းစားခဲ့ဖူးတာရှိလား"

"စဉ်းစားခဲ့တယ်"

ကျန်းယွီသော်ကလည်း အနည်းငယ်မကျေမနပ်ဖြစ်နေသည်။

"ချေးကိုစဉ်းစားခဲ့တာလား မင်းက"

ချန်ခေါ့က အသံကိုမြှင့်လိုက်သည်။

ကျန်းယွီသော်က ဘာမှမဆိုတော့ပေ။

"မင်းစဉ်းစားပြီးတော့မှ ကန်ရင်ကန်၊ မဟုတ်ရင်လည်း တခြားဟာတွေအရင်ကျင့်လိုက်"

ချန်ခေါ့က ဘေးတစ်ဖက်သို့လှည့်ထွက်သွားသည်။

"မလေ့ကျင့်တော့ဘူး"

ကျန်းယွီသော်သည် မြေပေါ်တွင်ရှိသော ကန်ချက်လေ့ကျင့်သည့်ပစ်မှတ်အပြားကို စိတ်မရှည်စွာ တစ်ချက်ကန်ထည့်လိုက်သည်။ ပစ်မှတ်အပြားက ရှေ့သို့ပျံထွက်လာပြီး ချန်ခေါ့၏ နောက်ခြေကို လာထိရိုက်သွားသည်။

"စိတ်ရှုပ်လို့သေတော့မယ်။ ချေးကိစ္စတွေ ဒီလောက်များနေတာ"

"မင်းကိုလေ့ကျင့်ခိုင်းတာ ငါမို့လို့လား"

ခြေထောက်ကိုထိ၍ နာကျင်သွားသောချန်ခေါ့သည် ချက်ချင်းပင်ဒေါသထွက်လာပြီး ကိုယ်ကိုလှည့်ကာ ကျန်းယွီသော်ကိုကြည့်ရင်း -

"ကတိပေးထားပြီး သင်လည်းမသင်ပေးဘူးလို့ ငါ့ကိုနေ့တိုင်းပြောပြောနေတာ ဘယ်ကောင်လဲ"

"ခင်ဗျားသင်သလို ဒီလိုမျိုးသင်ပေးတာရှိလို့လား"

ကျန်းယွီသော်လည်း ချန်ခေါ့အားစိုက်ကြည့်နေပြီး -

"ဒီဟာလည်းမမှန် ဟိုဟာလည်းမဟုတ်နဲ့ ဘယ်လိုလုပ်လုပ် မှားနေတာ။ ကျွန်တော်ဒီလောက်အကြာကြီးကန်နေတာ မှန်တဲ့တစ်ခါရောရှိလို့လား"

"မရှိလို့လေ။ မင်းငါ့ကို တစ်ခါလောက်ပဲ မှန်အောင်ကန်ပြစမ်းပါ"

"မလေ့ကျင့်တော့ဘူး"

ကျန်းယွီသော်က လက်ယမ်းပြလိုက်သည်။

"ဘယ်သူ့ကိုလာလှန့်နေတာလဲ။ ငါ့ကို အရမ်းသင်ပေးချင်နေတယ်လို့များ ထင်နေတာလား"

"ကျွန်တော်မလေ့ကျင့်လည်း ခင်ဗျားပျံထွက်သွားအောင် ကန်နိုင်တယ်"

ကျန်းယွီသော်ကဆို၏။

"လာ လာ လာ"

ချန်ခေါ့ဒေါသထွက်လာပြီး ကိုယ်ကိုလှည့်ကာ ကျန်းယွီသော်ဆီသို့ လက်မောင်းနှစ်ဖက်ဖြန့်လိုက်ပြီး ဆက်၍ -

"ငါ့ကိုတစ်ခါလောက်ပေးပျံစမ်းပါ။ စန်းကောက ဘယ်လောက်တောင်တော်လိုက်လဲ။ လခွမ်းလိုသင်ပေးဖို့တောင် လိုသေးလို့လား။ လေလေးတစ်ချက်မှုတ်တာနဲ့ လူကိုမိုးပေါ်ရောက်အောင် လုပ်နိုင်တာပဲကို"

ကျန်းယွီသော်က တစ်ဟုန်ထိုးတိုးကပ်လာပြီး ချန်ခေါ့ရင်ဘတ်ဆီသို့ တစ်ချက်ကန်သွင်းလာသည်။

ချန်ခေါ့၏ပထမဆုံး တုံ့ပြန်မှုမှာ ကျန်းယွီသော်၏အနှီကန်ချက်ကိုယ်ဟန်သည် ယခင်ကအတိုင်း မှားယွင်းနေဆဲဟူ၍။ ဒုတိယတုံ့ပြန်ချက်မှာ ... ... တုံ့ပြန်ချက်မရှိတော့ပေ။ ကျန်းယွီသော်၏အရှိန်မှာ အလွန်လျင်မြန်သည်။ တစ်နှစ်တာခန့် သူဆေးသောက်နေခဲ့ရစေကာမူ၊ တုံ့ပြန်ချက်နှေးကွေးသွားကြောင်း၊ ကိစ္စများကိုမမှတ်မိတော့ကြောင်း နေ့စဉ်နေ့တိုင်းအော်နေခဲ့သော်လည်း၊ ကျန်းယွီသော်ကန်သွင်းလာသောကန်ချက်အဟုန်မှာ သာမန်လူတို့ မနှိုင်းယှဉ်နိုင်သောအဟုန်ဖြစ်နေဆဲပင်။ ထို့ပြင် ကန်လိုက်သောအင်အားကလည်း အလွန်ပြည့်ဝသည်။

သူ့ကန်ချက်တစ်ချက်ကြောင့် ချန်ခေါ့မှာ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားလိုက်ရပြီး ဘေးနားရှိစင်တစ်စင်ကို ကိုင်လိုက်တော့မှ ငြိမ်အောင်ရပ်နိုင်တော့သည်။

"ခင်ဗျားက စောက်ရမ်းတော်နေတာမလား။ ကိုယ်ဟန်က စံနှုန်းမှန်ပြီးတော့ လှုပ်ရှားမှုက လှပသပ်ရပ်တယ်လေ။ ဟန်ချက်ဗဟို၊ မျဉ်းကြောင်းတည့်မတ်မှု၊ တင်ပါးဆုံရိုး၊ ဒူးခေါင်းအဆစ်"

ကျန်းယွီသော်က ဝမ်းမြောက်ခြင်းမရှိသောမျက်နှာထားဖြင့် ချန်ခေါ့အားလက်ညှိုးညွှန်ရင်းဆက်၍ -

"ကျွန်တော်ဒီလောက်စံနှုန်းမမီတာတောင် ... ..."

ချန်ခေါ့က သူ့ကိုစကားဆုံးသည်အထိမပြောစေဘဲ ခြေထောက်မြှောက်ကာ စံနှုန်းမီသော axe kick တစ်ချက်ဖြင့် ကျန်းယွီသော်၏ပခုံးဆီသို့ ပြင်းထန်စွာ ကန်ထည့်လိုက်သည်။ axe kick သည် ချန်ခေါ့သုံးရသည်ကို အလွန်သဘောကျသောကန်ချက်ဖြစ်ပြီး အရှိုက်ထိပြီးသေစေနိုင်အားလည်း ကြီးမားသည်။ ဤကန်ချက်ကို သူအင်အားသိပ်မထည့်လိုက်ပေ။ သို့သော် အကန်ခံလိုက်ရသော ကျန်းယွီသော်မှာ ဘေးသို့နှစ်လှမ်းခန့်ယိမ်းယိုင်သွားခဲ့သည်။

"axe kick .. ငါမင်းကို သင်ပေးဖူးတယ်"

ချန်ခေါ့က ကျန်းယွီသော်ကို မြဲမြံအောင်ရပ်နိုင်ရန်အခွင့်အရေးမပေးဘဲ ကိုယ်ကိုရုတ်ခနဲလှည့်လိုက်ပြီး နောက်ပြန်ကန်ချက်ဖြင့် ကျန်းယွီသော်၏မျက်နှာဆီသို့ ကန်လိုက်သည်။ ယခင်အတိုင်း သူအားသုံးပြီး ကန်လိုက်ခြင်းမဟုတ်ပေ။ သို့သော် ကျန်းယွီသော်ကို ကြမ်းပေါ်လဲသွားအောင် ကန်လိုက်နိုင်သေးသည်။

"အခုက နောက်ပြန်လွှဲကန်တာ"

"ခင်ဗျားဘိုးအေလခွမ်း"

ကျန်းယွီသော်က ခြေကိုနင်းပြီး ကြမ်းပြင်ပေါ်မှ လွှားခနဲခုန်ထလိုက်ကာ ခါးကိုကိုင်းကာ ချန်ခေါ့ကို လာတိုက်သည်။ ပခုံးဖြင့် ချန်ခေါ့၏ဝမ်းဗိုက်ကို လာတိုက်လိုက်ပြီးနောက် ခပ်ပြင်းပြင်းဖမ်းထိန်းလိုက်ပြီး ချန်ခေါ့ကို ကြမ်းပေါ်လှဲချလိုက်သည်။

ထို့နောက်ဆက်ပြီး ချန်ခေါ့မျက်နှာဆီသို့ လက်သီးတစ်ချက်လည်း ထိုးသွင်းလာပြန်သည်။ အားသိပ်မထည့်ထားသော်လည်း ချန်ခေါ့မျက်နှာပေါ်တွင် ဘာအကာအကွယ်ကိရိယာမှ မရှိသောကြောင့် တော်တော်နာကျင်စွာ အရိုက်ခံလိုက်ရသေးသည်။

"မင်းမေလခွမ်း ပြောင်းပြန်ဖြစ်နေပြီဟ"

ချန်ခေါ့က တစ်ချက်အော်လိုက်ပြီး လက်မြှောက်ကာ ညာလက်ဖြင့် ကျန်းယွီသော်၏ညာဘက်နံရိုးဆီသို့ ရိုက်လိုက်သည်။

ကျန်းယွီသော်၏အားက လျော့သွားပြီး ချန်ခေါ့က သူ့ကိုဆွဲခွာလိုက်သည်။

ချန်ခေါ့က ကိုယ်ကိုလှည့်ပြီးထလိုက်ကာ ဘယ်ဘက်ဒူးခေါင်းက ကြမ်းပေါ်တွင် ဒူးထောက်နေပြီး မတ်တတ်ထမရပ်ရသေးမီ တစ်ခါတည်းတန်းပြီးတစ်ချက်ကန်ထည့်ရင်း ကျန်းယွီသော်ကို လဲသွားအောင်လုပ်လိုက်သည်။

ကျန်းယွီသော်လဲကျချိန်တွင် ချန်ခေါ့ခြေထောက်ကိုဖမ်းကိုင်လိုက်ကာ ခပ်ကြမ်းကြမ်းဆွဲလိုက်သည်။

ဆက်လက်၍ဖြစ်ပေါ်လာသောမြင်ကွင်းမှာ အလွန်ပရမ်းပတာဆန်စွာ ရှုပ်ထွေးနေသည်။ နှစ်ယောက်သားသည် မြေပေါ်တွင် လုံးထွေးရိုက်ပုတ်နေကြသည်။

ကျန်းယွီသော်သည် ဘယ်တော့မှ နည်းဗျူဟာမရှိသူဖြစ်သည်။ လက်သင့်သလို လွယ်သလိုချတတ်သူဖြစ်သည်။ ချန်ခေါ့သည် ကျန်းယွီသော်၏ဗွေဖောက်နေသောအကွက်အောက်တွင် ကိုယ့်လှုပ်ရှားမှုပုံသဏ္ဍာန်မပြောင်းသွားအောင် ကြိုးစားပြီးထိန်းသိမ်းနေရသည်။ ထုတ်လိုက်သောလှုပ်ရှားမှုအကွက်တိုင်း စံနှုန်းမီအောင်ကြိုးပမ်းသည်။

ရိုက်ပုတ်လာရင်း နောက်ပိုင်းတွင် မိမိအသုံးပြုနေသည်မှာ ဘာအကွက်တွေမှန်း သူမသိနေတော့သော်လည်း ခြုံငုံပြောရလျှင် နှစ်ယောက်သားမှာ လူခွဲရန်ခက်ခဲနေသည်။ မျှတမှုအတွက် ချန်ခေါ့သည် ရုတ်ရုတ်သဲသဲထဲတွင် ကျန်းယွီသော်ခေါင်းပေါ်မှ အကာအကွယ်ကိရိယာကိုတောင် ဖြုတ်လိုက်သေးသည်။

"ခင်ဗျားတို့နှစ်ယောက် ဘယ်လိုဖြစ်ကြတာလဲ"

ထရိန်နာရှောင်ယန်၏အသံက ဘေးနားမှပျံ့လွင့်လာသည်။

"မရိုက်ကြနဲ့တော့။ အသက်ပဲဘယ်လောက်ရှိနေကြပြီလဲ"

ထို့နောက်ဆက်ပြီး ထရိန်နာများအားလုံး ပြေးလာကြပြီး ရှေ့တိုးလာကြသည်။

ချန်ခေါ့က လုံးဝရပ်ချင်စိတ်မရှိပေ။ ကျန်းယွီသော်ကလည်း ရပ်ဖို့ဆန္ဒမရှိလောက်နေပေ။ အတင်းအကျပ်အထိန်းချုပ်ခံလိုက်ရချိန်တွင် နှစ်ယောက်သားသည် အချင်းချင်းဆီသို့ ခြေထောက်နှင့်ကန်ကျောက်နေကြသေးသည်။

"ချန်ကော"

ရှောင်ယန်က ချန်ခေါ့အား အော်လိုက်ကာ -

"ဘာလုပ်တာလဲ။ စိတ်နည်းနည်းထိန်းစမ်းပါ"

"စန်းကော စန်းကော"

ဟိုဘက်မှကျန်းယွီသော်ကိုလည်း ထရိန်နာသုံးယောက်က ဆွဲထားရပြီး ခြေထောက်ဖက်ထိန်းရလုမတတ်ဖြစ်နေသည်။

"ခင်ဗျားတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီး ရိုက်ကြတဲ့အထိဖြစ်သွားရတာလဲ။ မရိုက်နဲ့တော့။ ကိုယ့်လူအချင်းချင်းပဲလေ"

"ခင်ဗျားသူ့ကိုမေးကြည့် လူကိုဘယ်လိုသင်နေလဲလို့"

ကျန်းယွီသော်က ချန်ခေါ့ကိုလက်ညှိုးညွှန်ထားပြီး ဆက်၍ -

"သင်ကြားရေးအရည်အချင်းအစုတ်အပြတ်နဲ့ နည်းပြဟန်ဆောင်နေသေးတယ်"

"စာသင်သားရဲ့ရင်းမြစ်ကိုက ဒီလောက်အရည်အချင်းလေးပဲရှိတာကို။ ငါက ဘာချေးကို သင်ပေးလို့ရမလဲ"

"ဘာစာသင်သားရင်းမြစ်လဲ"

ကျန်းယွီသော်က ငေးကြောင်သွားသည်။

"ကိုယ့်ဘာသာကိုယ်သွားရှာဖတ်"

ချန်ခေါ့သည် သူ့လက်မောင်းကို ထိန်းကိုင်ထားကြသူများကို ခါထုတ်လိုက်ပြီး -

"ရပြီ ဘာမှမဖြစ်တော့ဘူး"

ကျန်းယွီသော်က ဘာစကားမှထပ်မပြောတော့ပေ။ ဘေးနားမှလူများက သူတို့နှစ်ယောက်အား တစ်အောင့်ခန့်ကြည့်နေလိုက်ပြီး နောက်ထပ်စကားအနည်းငယ်ပြောပြီး ဖြန်ဖြေပေးလိုက်ပြီးနောက် ခြေလှမ်းအနည်းငယ်လှမ်းရင်း လှည့်ကြည့်ရင်း ထွက်ခွာသွားကြသည်။

ချန်ခေါ့နှင့်ကျန်းယွီသော်တို့က ထိုနေရာတွင်ပင် တစ်ခဏခန့်ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက်လည်း အရေးမလုပ်ကြပေ။

ချန်ခေါ့က စကားမပြောချင်ပေ။ ကျန်းယွီသော်နှင့်ရန်ဖြစ်သတ်ပုတ်လိုက်ခြင်းက အဓိကအကြောင်းရင်းမဟုတ်ပေ။ gym ထဲတွင် ဆယ်ယောက်ထက်ကျော်သော gym ဆော့သူနှင့် ထရိန်နာတစ်သိုက်၏ရှေ့မှောက်တွင် ကျန်းယွီသော်နှင့်ရန်ဖြစ်ခဲ့သောအဖြစ်ကသာ သူစကားမပြောချင်သော အကြီးဆုံးအကြောင်းရင်းဖြစ်သည်။

ရှက်စရာကောင်းသည်။

သူနှင့်ကျန်းယွီသော်တို့မှာ များသောအားဖြင့် စကားမများ၊ ရန်မဖြစ်ကြပေ။ အလွန်ရှားသည်။ ယနေ့တွင် ဘယ်လိုဖြစ်၍ သည်လောက်တောင်ဒေါသထွက်သွားလဲဆိုသည်ကိုလည်း သူမသိနေပေ။

ကျန်းယွီသော်ဆိုသည့် ငနုံကောင်က လက်ပါပြီးရန်မဖြစ်ရသည်မှာ ကြာသွားခဲ့၍ထင်သည်၊ စစချင်းက ထိန်းချုပ်အောင့်အည်းခြင်းမရှိပေ။ နှစ်ဖက်စလုံးက အင်အားကိုထိန်းကြသော်လည်း လှုပ်ရှားမှုအကွက်နှင့်ပတ်သက်ပြီး နည်းနည်းလေးမှ စိတ်မထိန်းကြပေ။ အားသိပ်မသုံးသည်မှလွဲလျှင် လက်သီးချက်များ၊ ကန်ချက်များက ဘယ်နေရာကိုပဲရိုက်ရိုက် မရေရာမပြတ်သားခြင်းမရှိကြပေ။

လခွမ်း။

တော်တော်နာသည်။

ရှက်စရာလည်းကောင်းသေးသည်။

ချန်ခေါ့က အလွန်စိတ်ဆိုးနေသည်။ အနွေးထည်အင်္ကျီကိုသွားယူကာ ဝတ်လိုက်ပြီးနောက် gym တံခါးပေါက်ဆီသို့ လှည့်ထွက်သွားသည်။

ကျန်းယွီသော်ဘေးနားမှဖြတ်သွားချိန်တွင် သူသည် ကျန်းယွီသော်မျက်နှာကို တစ်ချက်မှတောင်မကြည့်ပေ။

"ခင်ဗျားရေမချိုးဘူးလား"

ကျန်းယွီသော်က သူ့နောက်မှနေ၍ မေးလိုက်သည်။

"ချေးကိုပဲချိုး"

ချန်ခေါ့က လှည့်တောင်မကြည့်ဘဲ ပြောလိုက်သည်။

"လခွမ်း"

ရှောင်ယန်က တံခါးဝတွင်ရပ်နေပြီး ချန်ခေါ့ထွက်လာသောအခါ သူကြက်သေသေသွားပြီး -

"ချန်ကော ပြန်ပြီလား"

"အင်း"

ချန်ခေါ့က ဆို၏။

"အဲ .. အစ်ကို ... ..."

ရှောင်ယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ကြည့်ရသည်မှာ ထပ်၍ဖျောင်းဖျချင်သေးပုံပေါ်သည်။ သို့သော် ဘာပြောရင်ကောင်းမှန်းလည်း မသိနေပုံရသည်။

"စန်းကောလည်း ပြန်ပြီလား"

"အရိုက်ခံလိုက်ရတာ မပြန်ဘဲနေရမှာလား"

ကျန်းယွီသော်၏အသံက နောက်နားတွင် ပေါ်လာသည်။

ရှောင်ယန်က နောက်ထပ်သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။

ချန်ခေါ့က ခြေလှမ်းအနည်းငယ်ခန့်လောက်လိုက်ပြီး စဉ်းစားရင်း အနည်းငယ်မကျေနပ်နိုင်ဖြစ်ကာ လှည့်ကြည့်လိုက်သည်။

ကျန်းယွီသော်က သူ့နောက်တွင်တော်တော်နီးနီးကပ်ကပ်မှ လိုက်လာနေသည်။ သူခြေလှမ်းရပ်လိုက်သည်နှင့် ကျန်းယွီသော်က အရှိန်မထိန်းလိုက်နိုင်ဘဲ သူ့ကိုလာတိုက်မိရန် အနည်းငယ်သာလိုသွားတော့သည်။ ကျန်းယွီသော် မျက်မှောင်ကြုတ်လိုက်ပြီး -

"ဘာလုပ်တာလဲ"

"မင်းက အရိုက်ခံလိုက်ရတယ်ပေါ့လေ။ မင်းက ခေါင်းကိုဖက်ပြီး ကြမ်းပေါ်မှောက်နေရတာလား ဒါမှမဟုတ် ကွင်းထဲပတ်ပြေးနေရလို့လား။ မင်းအရိုက်ခံလိုက်ရတယ် ဟုတ်လား။ မင်းပြန်မရိုက်လို့လား"

"ဒါဖြင့် ခင်ဗျားကျွန်တော့်ကို ထိုးခဲ့လားမထိုးခဲ့ဘူးလား၊ အဲဒါပဲပြော"

ကျန်းယွီသော်က ချန်ခေါ့အားကြည့်နေသည်။

"မင်းငါ့ကိုရိုက်ခဲ့လား"

"ရိုက်တယ်လေ။ ခင်ဗျားလည်း ကျွန်တော့်ကိုလျှော့ရိုက်ခဲ့တာမှမဟုတ်တာ။ ခင်ဗျားက ကျွန်တော့်ခေါင်းဆောင်းဦးထုပ်ကိုတောင်ချွတ်ပြီး ရိုက်တာ"

"အဲဒါဦးခေါင်းအကာအကွယ်ကိရိယာလို့ခေါ်တယ်"

"ကျွန်တော်ကတော့ ခေါင်းဆောင်းဦးထုပ်လို့ပဲခေါ်တယ်။ ခေါင်းဆောင်းဦးထုပ် ခေါင်းဆောင်းဦးထုပ် ခေါင်းဆောင်းဦးထုပ် ခေါင်းဆောင်းဦးထုပ်"

"သွားစမ်းပါ"

ချန်ခေါ့က ခေါင်းလှည့်လိုက်ပြီး ရှေ့ဆက်လျှောက်သည်။

ကျန်းယွီသော်ကလည်း သူ့နောက်မှလိုက်၍ ရှေ့ဆက်လျှောက်လာသည်။ လမ်းတစ်လျှောက်လုံး ဘယ်သူမှလည်းစကားမပြောကြပေ။ ချန်ခေါ့သည် နောက်တွင်ကျန်းယွီသော်ရှိမရှိကို အကြိမ်ရေအနည်းငယ်ခန့် ပြန်လှည့်ကြည့်ချင်ခဲ့သည်။ သို့သော် အံကြိတ်ပြီး လှည့်မကြည့်ခဲ့ပေ။

လမ်းထောင့်ချိုးကိုကွေ့ချိန်တွင် မြေပေါ်တွင်ထပ်ဟပ်နေသော ကျန်းယွီသော်၏အရိပ်ကို တစ်ချက်ကြည့်လိုက်သည်။

လက်မောင်းနှစ်ဖက်ကိုလွှဲရင်း မောက်မာမာန်တက်စွာလမ်းလျှောက်နေသော ကျန်းယွီသော်၏အရိပ်ကို တွေ့လိုက်ရသည်။

ရုတ်တရက်အနည်းငယ်ရယ်ချင်သွားသည်။

ကျန်းယွီသော်က သေချာပေါက်ကို မကျေမနပ်ဖြစ်နေဆဲဖြစ်နေလိမ့်မည်။ မကျေနပ်လွန်း၍ လမ်းလျှောက်ရာတွင်တောင် ရေဘဝဲကိုယ်ဟန်ဖြစ်နေသည်။

သို့သော်လည်း ချန်ခေါ့က ရယ်ချင်စိတ်ကိုအောင့်ခံပြီး အရင်အတိုင်းပြန်လှည့်မကြည့်ပေ။

ယနေ့တွင် သူအနည်းငယ်စိတ်လောနေမှန်း သူ့ကိုယ်သူသိသည်။ သို့သော် ကျန်းယွီသော်က သင်ယူရာတွင် အနည်းငယ်လေးတောင်စိတ်ရှည်ခြင်းမရှိနေသည်မှာလည်း သိသာနေသည်။ သဘောထားက အနည်းငယ်လေးတောင် ဖြောင့်မတ်ရည်မွန်နေခြင်းမရှိပေ။ ယုတ်စွအဆုံးသော ... ... ကြီးသူကိုရိုသေ ငယ်သူကိုလေးစားချစ်ခင်မှုလေးတောင် မရှိနေပေ။ သူအလိုမလိုက်ထားချင်ပေ။

သူက ချန်ချင့်လည်းမဟုတ်နေပေ။

အိမ်ထဲဝင်လာပြီးနောက် ချန်ခေါ့သည် အင်္ကျီကိုတစ်ခါတည်းတန်းယူပြီး ရေသွားချိုးသည်။ ကျန်းယွီသော်က လိုက်လာပြီးတစ်ခုခုပြောချင်ပုံရသည်။ ချန်ခေါ့က ရေချိုးတံခါးကိုပိတ်ပစ်လိုက်သည်။

"ခင်ဗျားက တကယ်ကြီးစိတ်ဆိုးသွားတာလား"

ကျန်းယွီသော်က တံခါးအပြင်မှနေ၍ မေးလိုက်သည်။

"စောက်ပိုတွေ"

ချန်ခေါ့က တံခါးကိုဖွင့်လိုက်ပြီး သူ့ကိုကြည့်နေရင်း -

"မင်းကျတော့စိတ်မဆိုးဘူးလို့ မင်း ပြောချင်နေတာလား"

"ကျွန်တော်စိတ်ဆိုးပြီးသွားပြီလေ"

"ငါတော့မပြီးသေးဘူး"

ချန်ခေါ့က အော်လိုက်ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်ပြန်သည်။

"ဒီတံခါးက ကျွန်တော့်ကိုမတားထားနိုင်ဘူး"

ကျန်းယွီသော်က တံခါးလက်ကိုင်ကို လှည့်လိုက်သည်။

"ဝင်လာရဲရင် ငါလည်းအရှက်မရှိတဲ့မင်းကို ရေပန်းခေါင်းနဲ့ရိုက်ရဲတယ်"

ချန်ခေါ့က အင်္ကျီကိုချွတ်ပြီး အင်္ကျီဟောင်းထည့်သောခြင်းထဲသို့ အားပြင်းပြင်းဖြင့် ပစ်ထည့်လိုက်သည်။

သူပြောပြီးသည်နှင့် တံခါးက ကျန်းယွီသော်၏ဖွင့်ခြင်းခံလိုက်ရပြီး လက်ထဲတွင် ဝါယာကြိုးမျှင်တစ်မျှင်ကိုင်ထားကာ တံခါးဘေးတွင်မှီရင်း ချန်ခေါ့ကိုကြည့်နေသည်။

ချန်ခေါ့က ရေပန်းခေါင်းကို ယူချလိုက်သည်။

"ကျွန်တော်မဝင်သွားဘူးလေ။ တံခါးပဲဖွင့်လိုက်တာ"

ချန်ခေါ့၏ ရေပန်းခေါင်းကိုင်မြှောက်ထားသောလက်က လေပေါ်တွင်ရပ်သွားသည်။

စက္ကန့်အနည်းငယ်ရပ်နေလိုက်ပြီးနောက် သူသည်ရေပန်းခေါင်းကို ပြန်ထားလိုက်ပြီး အဝတ်အကုန်ချွတ်ပြီး စတင်ရေချိုးလိုက်သည်။

"ခင်ဗျားက ဘာဖြစ်လို့ဒေါသဒီလောက်ကြီးနေရတာလဲ။ ဒေါသထွက်နေတာ နာရီဝက်တောင်ရှိပြီ"

"တိုက်ကွမ်ဒိုသင်ချင်တာ မင်းဟုတ်လားမဟုတ်ဘူးလား။ လှုပ်ရှားမှုစံနှုန်းမမီတာ မင်းဟုတ်လားမဟုတ်ဘူးလား။ စံနှုန်းမမီတာတောင် ကောင်းကောင်းမလေ့ကျင့်ချင်နေတာ မင်းဟုတ်လားမဟုတ်ဘူးလား။ ကောင်းကောင်းမလေ့ကျင့်ချင်ဘဲ လူကိုအရင်လာရိုက်တာလည်း မင်းဟုတ်လားမဟုတ်ဘူးလား"

ကျန်းယွီသော်က စကားမဆိုပေ။

"ငါအခုဒေါသထွက်နေတုန်းပဲ။ စိတ်ဆိုးနေတုန်းပဲ။ ငါလည်း စိတ်ရှည်နေတာမဟုတ်ဘူး။ ဒါပေမဲ့ ငါတစ်ချိန်လုံးသည်းခံခဲ့တယ်။ ရလဒ်ကတော့ သည်းခံလို့လည်းပြီးသွားရော မင်းက တက်လာပြီးငါ့ကိုလက်အရင်လာပါတယ်။ ငါနာရီဝက်လောက် စိတ်ဆိုးတာကို အချိန်ကြာပြီလို့ မင်းထင်တယ်ပေါ့။ မင်းကိုပြောပြလိုက်မယ်၊ နောက်ထပ် ၂၄နာရီစာ ငါထပ်စိတ်ဆိုးဖို့စဉ်းစားထားတယ်။ ဖြည်းဖြည်းချင်းစောင့်နေလိုက်ပေါ့"

ကျန်းယွီသော်က အသံတိတ်နေကာ ချန်ခေါ့ကလည်း သူ့ကိုလှည့်မကြည့်ဘဲ ရေဆက်ချိုးနေသည်။

အတော်ကြာသွားတော့မှ ကျန်းယွီသော်က သက်ပြင်းတစ်ချက်ချပြီး -

"ကျွန်တော်လည်း တမင်လုပ်တာမဟုတ်ပါဘူး"

ချန်ခေါ့က သူ့ကိုအဖက်မလုပ်ပေ။

"ကျွန်တော်ဒီအသက်အရွယ်ရောက်တဲ့အထိ တစ်ခုခုကို ဘယ်တုန်းကမှမသင်ခဲ့ဖူးသလိုပဲ။ စိတ်ထဲမှာ ... ... တစ်ခေါက်ပြီးတစ်ခေါက်လုပ်နေရတော့ အရမ်းစိတ်ရှုပ်လို့"

"သင်ယူလေ့လာတာလေ။ ဆော့တာမှမဟုတ်တာ"

"အဲဒါကြောင့် ကျွန်တော်စိတ်လောသွားတာ"

ကျန်းယွီသော်က စက္ကန့်အနည်းငယ်ရပ်တန့်သွားပြီး ဆက်၍ -

"ပြီးတော့ ကျွန်တော့်အထင် ... ... တော်တော်သိက္ခာကျတယ်"

ချန်ခေါ့က ကြောင်သွားပြီး လှည့်ကြည့်လိုက်သည်။

"အင်း"

ကျန်းယွီသော်က ခေါင်းညိတ်ပြလာသည်။

"ဘာကိုသိက္ခာကျတာလဲ"

"သင်နေတာကိုမတတ်လို့လေ"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ထားပြီး -

"ခင်ဗျားက ကျွန်တော့်ကို နိုင်အောင်မချနိုင်လျက်သားနဲ့ ကျွန်တော့်အမှားကိုပဲ ရွေးထုတ်နေတာ။ ကျွန်တော်ရန်ဖြစ်ရင် ဘယ်သူ့ကိုမှမကြောက်နေလျက်သားနဲ့ ရလဒ်ကတော့ ဘယ်လိုသင်သင် တတ်လည်းမတတ်ဘူး။ တော်တော်သိက္ခာကျတယ်"

ချန်ခေါ့က သူ့ကိုအတန်ကြာအောင်ကြည့်နေပြီးမှ -

"မင်းအခု ရန်ဖြစ်နည်း သင်နေတာမဟုတ်ဘူး။ ငါလည်းမင်းကိုရန်ဖြစ်နည်း သင်ပေးနေတာမဟုတ်ဘူး။ ဒါက မတူတဲ့ကိစ္စနှစ်ခု။ ဘယ်သူကရန်ဖြစ်ရာမှာပိုတော်လဲဆိုတာနဲ့ ဘာမှမဆိုင်ဘူး"

"သြော်"

ကျန်းယွီသော်က အသံပြုလိုက်သည်။

"ချေးကိုသြော်နေ"

ချန်ခေါ့က ခေါင်းပြန်လှည့်သွားပြီး ရေဆက်ချိုးနေသည်။

"ဒါဖြင့် ခင်ဗျားကျွန်တော့်ကိုသင်ပေးဦးမှာလား"

"ငါဒေါသပြေတဲ့အထိစောင့်"

"ဘယ်အချိန်မှ ပြေနိုင်မှာလဲ"

ကျန်းယွီသော်က ချက်ချင်းမေးလာသည်။

ချန်ခေါ့က သက်ပြင်းတစ်ချက်ချပြီး သူ့ကိုလှည့်ကြည့်လိုက်ပြန်သည်။

"ခင်ဗျားက ကျွန်တော့်ကိုတောင်းပန်စေချင်တာလား"

"မလိုဘူး။ မင်းတောင်းပန်ရင် စိတ်ပင်ပန်းရတယ်ဆိုတာ ငါသိတယ်။ ငါလည်းနားထောင်ရတာ အားကုန်တယ်"

"ဒါဖြင့် မတောင်းပန်ရင် ခင်ဗျားဘယ်အချိန်မှစိတ်ဆိုးပြေမှာလဲ"

ကျန်းယွီသော်က ခေါင်းမာစွာမေးပြန်သည်။

"ရေချိုးပြီးရင် စိတ်ဆိုးပြေပြီ။ ငါ့နားမှာ လာမဆူနေနဲ့"

"အင်း"

ကျန်းယွီသော်က ဧည့်ခန်းသို့လှည့်ပြန်သွားသည်။

ချန်ခေါ့ရေချိုးပြီး၍ ပြန်ထွက်လာချိန်တွင် ကျန်းယွီသော်သည် ဆိုဖာပေါ်ထိုင်ကာ လက်ထဲတွင် မြောင်ဦးခေါင်းတစ်ခုကို ကိုင်ပြီးကြည့်နေသည်။

အဆိုပါမြောင်ဦးခေါင်းကို ချန်ခေါ့လုပ်ထားခြင်းဖြစ်ကာ၊ ဘဝတစ်သက်တာတွင် လုံးဝမတည်ရှိခဲ့သော DIY စွမ်းရည်ကို အကုန်ထုတ်သုံးပြီး ကျန်းယွီသော်မွေးနေ့မတိုင်မီ အပြီးလုပ်ခဲ့သည်။

အမွေးဝိုင်းလုံးလုံးကြီးပေါ်တွင် အမွေးဝိုင်းလုံးလေးနှစ်လုံးတင်ထားသည်။ အလယ်တွင် ကြယ်သီးနှစ်လုံးသုံးပြီး မျက်လုံးနှစ်လုံးတပ်ထားပေးသည်။ ထိုအရာများမှလွဲ၍ နှာခေါင်း၊ ပါးစပ်တို့အားလုံးမပါနေပေ။ နှုတ်ခမ်းမွေးတောင် မပါနေပေ။

"မစ်ကီမောက်စ်"

"ဟမ်းစတား"

"ဝါးကြွက်"

"ရွှေရောင်ဟမ်းစတား"

"ဝက်"

"ကျွန်တော်"

"ခင်ဗျား"

ကျန်းယွီသော်က အတော်ကြာအောင် ခန့်မှန်းခဲ့သော်လည်း ထိုဦးခေါင်းလုံးမှာ မြောင်ဖြစ်မှန်းကို မှန်အောင်မမှန်းတတ်ခဲ့ပေ။

ထိုခန့်မှန်းချက်အဖြေများကို ချန်ခေါ့လည်းနည်းနည်းလေးမှ မအံ့သြမိပေ။ သူကိုယ်တိုင် လုပ်ပြီးသွားချိန်တွင်လည်း ကြောင်တစ်ကောင်နှင့်တူသည်ဟု မခံစားရပေ။

သို့သော် မြောင်မွေးလည်စည်းပဝါမှ ဤပစ္စည်းအဖြစ်ပြောင်းလဲသွားခြင်းကိုမူ ကျန်းယွီသော်က လုံးဝစိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။ တော်တော်လေးကို သဘောကျနေသည်။ ညဘက်အိပ်ချိန်တွင်တောင် ခေါင်းအုံးဘေးနားတွင် ထားတတ်ပြီး တစ်ခါတလေတွင် မျက်နှာကို ပွတ်တိုက်သေးသည်။

စဉ်းစားနေရင်း ဤနေရာကိုရောက်သည်နှင့် သူ့စိတ်ထဲတွင် နူးညံ့သွားရပြီး လက်ဆန့်ထုတ်ကာ ကျန်းယွီသော်၏ခေါင်းကို နှစ်ကြိမ်ထိုးဖွလိုက်သည်။

"စိတ်ဆိုးပြေပြီလား"

ကျန်းယွီသော်က ခေါင်းထောင်ပြီး မေးလာသည်။

"အင်း"

ချန်ခေါ့က သက်ပြင်းချလိုက်ပြီး လျှော်ပြီးသားအတွင်းခံဘောင်းဘီကိုယူကာ နောက်ဖေးခြံဝင်းတွင် သွားလှမ်းလိုက်သည်။

ကျန်းယွီသော်လည်း နောက်မှလိုက်လာပြီး -

"ကျွန်တော်ခုနတုန်းက တစ်ချက်စဉ်းစားလိုက်တယ်။ လှုပ်ရှားမှုတွေကို ခေါင်းထဲမှာ တစ်ကြိမ်တွေးလိုက်တယ်"

"ဘယ်လှုပ်ရှားမှုလဲ"

ချန်ခေါ့က အိမ်ခန်းထဲဝင်လိုက်သည်။

ကျန်းယွီသော်လည်း လိုက်ဝင်လာပြန်ပြီး -

"ခြေလှည့်ကန်တာကို အရင်တွေးကြည့်လိုက်တာ"

"ခြေလှည့်ကန်တာမှာ မင်းရဲ့ပြဿနာက ဗဟိုဟန်ချက်မမှန်တာ"

ချန်ခေါ့က အိပ်ခန်းထဲဝင်ပြီး အဝတ်ဗီရိုထဲမှ တီရှပ်တစ်ထည်ယူဝတ်လိုက်ရင်း -

"တကယ်တော့ ငါလည်းတော်တော်ထူးဆန်းတယ်လို့ ထင်မိသား။ မင်းရန်ဖြစ်တဲ့အချိန်ဆိုရင် ဗဟိုဟန်ချက်ပဲဖြစ်ဖြစ် ဦးတည်ရာပဲဖြစ်ဖြစ် အရမ်းငြိမ်တယ်။ ဘယ်လိုဖြစ်လို့ ခြေလှည့်ကန်ချက်ကျမှ ဟန်ချက်ကိုရှာမတွေ့နိုင်ဖြစ်ရတာလဲ"

"အခုရှာတွေ့ပြီ။ ခင်ဗျားကြည့်နေ"

ကျန်းယွီသော်က အလျင်အမြန်ပင် ကိုယ်ဟန်တစ်ခုပြင်လိုက်ပြီး ချန်ခေါ့တားသည်ကိုပင်မစောင့်တော့ဘဲ သူသည် ဗီရိုပေါ်ကို ခြေလှည့်ကန့်လန့်ဖြတ်ကန်ချက်တစ်ချက် ကန်လိုက်သည်။

"အား တား"

ဗီရိုတံခါးပေါ်တွင်ချိတ်ထားသော အမည်းရောင်လေးထောင့်ဗန်းလေးက ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။

"မင်းဘိုးအေကို 'တား' နေလိုက်"

ချန်ခေါ့က အော်လိုက်ပြီး ဆက်၍ -

"တားနေတာ ခြေထောက်လည်း ကျိုးတော့မယ်"

"ဘယ်လိုနေလဲ။ မှန်သွားပြီမလား"

ကျန်းယွီက ခြေထောက်ကိုမြှောက်လာပြီး ခြေဖမိုးပေါ်တွင် ပွတ်သပ်လိုက်သည်။

"... ... မှန်ပြီ"

ချန်ခေါ့မှာ တကယ်ကိုပင်ပြောစရာပျောက်ဆုံးသွားတော့သည်။ သို့သော် ကျန်းယွီသော်၏ထိုကန်ချက်ကိုယ်ဟန်အနေအထားမှာ တကယ်ကိုပင် မှန်သွားသည်။ မှန်ကန်သွားသည့်အပြင် အလွန်လည်း ကြည့်ကောင်းပြီးချောမောလှသည်။

"ခြေထောက်နာသွားလား"

"မနာဘူး။ ကျွန်တော် အားသိပ်မသုံး ... ..."

ကျန်းယွီသော်က ကြမ်းပြင်ပေါ်တွင်ပြုတ်ကျနေသော ဗန်းလေးကိုတွေ့သွားပြီးနောက် -

"အာ .. လခွမ်း၊ မပျက်သွားဘူးမလား"

"မင်းက မြောင်ထက်တောင် စိတ်ရှုပ်ဖို့ကောင်းတယ်"

ချန်ခေါ့က ဗန်းကိုပြန်ကောက်လိုက်သည်။ ဗန်းကိုဤနေရာတွင်ချိတ်လိုက်ပြီးနောက် မြောင်က အနည်းဆုံးငါးကြိမ်ခန့် ဆွဲချခဲ့ဖူးသည်။ ပြုတ်ကျလွန်း၍ ထောင့်နေရာများတွင်တောင် ဆေးရောင်ကွာစပြုနေပြီ။

ထိုဗန်းကို ကျန်းယွီသော်ကပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး၊ မြင်လိုက်ရတိုင်း ချန်ခေါ့မှာ အံ့သြတကြီးဖြစ်ရသည်။

တစ်စစီဖြုတ်ထားသည့် အမျိုးမျိုးသောလက်ပတ်နာရီများကို ရှုပ်ထွေးပွေလီစွာ နေရာချထားပြီး အပေါ်ပိုင်းတွင် အသုံးပြုထားသည်များမှာ အားလုံးနီးပါးက အဝိုင်းပုံသဏ္ဍာန်များဖြစ်သည်။ အသေးအကြီးစုံသော ဂီယာများ၊ ဟန်ချက်ထိန်းဘီးလုံးများ၊ ကြီးကြီးငယ်ငယ်နာရီဒိုင်ခွက်များဖြစ်ကြသည်။ အောက်ပိုင်းတွင် အမျိုးမျိုးသော ပုံသဏ္ဍာန်မတူသည့် ဘယ်ယာရင်များ၊ နာရီလက်တံများ၊ စပရင်များကို ရှုပ်ယှက်ခတ်အောင်တစ်မျိုး တစ်ခုနှင့်တစ်ခုထပ်လျက်တစ်သွယ်ဖြင့် ပြုလုပ်ထားသည်။

တိမ်စိုင်နှင့် ဒုဓလီများ။

၎င်းမှာ ဤပန်းချီရုပ်ပုံအတွက် ကျန်းယွီသော်ပေးထားသောနာမည်ဖြစ်သည်။

အပေါ်ပိုင်းမှာ တစ်ပွင့်ချင်းစီဖြစ်နေသော ဒုဓလီပန်းပွင့်များဖြစ်ပြီး အောက်ပိုင်းမှာ တိမ်စိုင်များဖြစ်သည်။

ဤပစ္စည်းသည် ကျန်းယွီသော်ပြုလုပ်ခဲ့သော မီးအိမ်ကဲ့သို့ လူကိုခန့်မှန်းရခက်စေပြီး ရှုပ်ထွေးစေသော်လည်း ချန်ခေါ့မှာ ကျန်းယွီသော်၏ယခုကဲ့သို့ မသပ်မရပ်ရှုပ်ထွေးနေသောဖန်တီးမှုကို အတော်လေးသဘောကျသည်။

တစ်ခါတစ်ရံတွင် ကျန်းယွီသော်ကိုယ်တိုင်ကဲ့သို့ပင်။ ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်နေသော်လည်း အလွန်လည်း ရိုးစင်းနေပြန်သည်။

"မပျက်ဘူး"

ကျန်းယွီသော်က ဗန်းကို ပြန်ယူလိုက်ပြီး ဗီရိုတံခါးပေါ်တွင် ပြန်ချိတ်လိုက်သည်။

"ရေသွားချိုးလိုက်တော့"

ချန်ခေါ့ကဆို၏။

"ခုနတုန်းက ကျွန်တော်အတော်လေးကြည့်ကောင်းတယ်မလား"

"... ... ဟုတ်တယ်"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားတကယ်ပဲစိတ်မဆိုးတော့ဘူးမလား"

ကျန်းယွီသော်က ထပ်မေးပြန်သည်။

"မဆိုးတော့ဘူး"

"အဲဒါဆို ကျွန်တော်ရေသွားချိုးတော့မယ်"

ကျန်းယွီသော်က အလွန်ရွှင်မြူးစွာ အင်္ကျီယူလိုက်ပြီး အိပ်ခန်းထဲမှ လည့်ထွက်သွားသည်။

ချန်ခေါ့က အညောင်းဆန့်ပြီး ခုတင်ပေါ်တွင်ဝင်လှဲလိုက်ကာ ထိုဗန်းကိုကြည့်ပြီး အတွေးလွန်နေသည်။

ကျန်းယွီသော်က အလွန်လျင်မြန်စွာ ရေချိုးလိုက်ပြီးနောက် အိပ်ခန်းထဲသို့ပြန်ဝင်လာသည်။ တဘက်တစ်ထည်ယူပြီး ခေါင်းပေါ်တွင် ဖြစ်သလိုသုတ်နေရင်း သူ့ဘေးနားသို့လျှောက်လာကာ -

"ချန်ခေါ့"

"အင်း"

ချန်ခေါ့က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျားစိတ်ဆိုးတဲ့အချိန်မှာ တော်တော်ချောတယ်"

"... ... အဲဒီတော့။ နောက်တစ်ခါဆို ဆက်ပြီးစိတ်ဆိုးနေရမှာလား"

"မဟုတ်ဘူး"

ကျန်းယွီသော်က ရယ်ရင်း ချန်ခေါ့ဗိုက်ကို တစ်ချက်ပွတ်သပ်လိုက်ကာ -

"ဟို ... ..."

ချန်ခေါ့က ကျစ်ခနဲစုတ်သပ်လိုက်ပြီး -

"ထမင်းအရင်စားမယ်။ ငါဗိုက်ဆာတယ် ... ..."

"ဆာရင် ကျွန်တော့်ကိုစား"

ကျန်းယွီသော်က ချန်ခေါ့ပြောပြီးသည်အထိမစောင့်ဘဲ တဘက်ကိုကြမ်းပြင်ပေါ်တွင် ပစ်ချလိုက်ပြီး ချန်ခေါ့ဆီသို့ ဝုန်းခနဲတိုးဝင်လာတော့သည်။

***

(ဆက်ရန်)

T/N : တိုက်ကွမ်ဒိုနဲ့ပတ်သက်ပြီး kick တွေကို google & baidu ခေါက်ပြီးတော့ ဘာသာပြန်ထားတာဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် အိုင်က တိုက်ကွမ်ဒိုကို တိုက်ကွမ်ဒိုဆိုတဲ့အခေါ်အဝေါ်ကလွဲရင် ဘာမှမသိနေပါဘူး။ ဖတ်ရတာအဆင်မချောရင် အိုင့်ရဲ့အသုံးမကျမှုပဲဖြစ်ပါတယ်။ သည်းခံဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။

Czytaj Dalej

To Też Polubisz

260K 16.5K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
28.3K 746 23
Will Clarke fall in love with Bellamy not knowing who he really was ? Will she get her memory back before its to late?
273K 19.7K 23
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
135K 3.7K 60
"I'm sorry for leaving you", I whispered. "n-never leave ", she cried. "Shhh it's okay, I'm not leaving". *****************************************...