《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

78.1K 9K 572

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 2
Extra - 3

Extra - 1

1K 92 10
By wishywish0805

Extra - 1

ကောင်းလျန်အရက်ကို ကိုယ့်ဘာသာကိုယ်စိမ်သောနည်းလမ်း။

ချန်ခေါ့သည် စားသောက်ဆိုင်ဒုတိယထပ်ဝရံတာ၏ချောင်တစ်ချောင်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေကာ ဖုန်းကို လေးနက်စွာငုံ့ကြည့်နေသည်။ ဘေးနားတွင် ဧည့်သည်တစ်ဝိုင်းက သဲပန်းချီဆွဲနေကြသည်။

"ချန်ကော"

ကောင်မလေးတစ်ယောက်က သူ့ဘက်သို့ခေါင်းလှည့်လာပြီး ခေါ်လိုက်ကာ -

"ဒီရုပ်ပုံရဲ့အသေးစိတ်ကို ညီမကိုကူပြီး တစ်ချက်လောက်ပြင်ပေးလို့ရလားဟင်။ ဓါတ်ပုံလေးရိုက်ချင်လို့"

"ဟုတ်ပြီ"

ချန်ခေါ့က ဖုန်းကိုလက်မှချရင်း မတ်တတ်ရပ်လိုက်ပြီး ထိုဆီသို့လျှောက်သွားကာ သဲပန်းချီခုံပေါ်မှ ပန်းချီရုပ်ပုံကို ကြည့်လိုက်သည်။

ဆွဲထားသည်မှာ ကြောင်ပုံဖြစ်သည်။ တိကျစွာပြောရလျှင် ထိုရုပ်ပုံကို ကြောင်ပုံဟု သူ့ဘာသာသူ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ သူတို့အိမ်တွင်လည်း ကြောင်တစ်ကောင်မွေးထားသည်မဟုတ်ပါလား။ ထိုကြောင်သည် နေ့တိုင်းပင် ပုံသဏ္ဍာန်မျိုးစုံဖြင့် နေရာမျိုးစုံတွင် သူမှောက်လှဲချင်သလို မှောက်လှဲလေ့ရှိသည်။

"ဒီမျက်လုံးနေရာမှာ"

ချန်ခေါ့က သဲကိုညှစ်ယူလိုက်ပြီး မျက်လုံးနေရာတွင် တစ်ချက်သပ်လိုက်သည်။ ထိုနေရာတွင် သဲပွင့်အစက်နှစ်စက်ကို ထပ်ဖြည့်ပေးလိုက်သည်။

"ဒီလိုဆိုရင် လင်းသွားပြီ ... ... နားရွက်ရဲ့အစွန်းတွေမှာ ... ... ဒီလိုမျိုးတစ်ချက်လုပ်လိုက်ရင် ပိုကောင်းသွားမယ် ... ..."

"အာ ..."

လူအနည်းငယ်က အသံတိုးတိုးဖြင့် အာမေဍိတ်သံပြုလိုက်ပြီး ခေါင်းကို တောက်လျှောက်ညိတ်နေရင်း -

"ကျွမ်းကျင်သူကျတော့ ဖြစ်သလိုနှစ်ချက်လောက်ထိလိုက်တာနဲ့ကို ပုံစံထွက်လာတာပဲ။ မိုက်တယ်"

"အကြမ်းအားဖြင့်ကတော့ ဒီလိုပါပဲ"

ချန်ခေါ့က အနှီကြောင်ပုံကို တစ်ချက်ပြင်ပေးလိုက်ပြီးနောက် သဲအနည်းငယ်ယူကာ ဘေးနားပတ်ပတ်လည်တွင် သူ့သဘောနဲ့သူ ထပ်ဖြူးလိုက်ပြန်သည်။

"ဒီလိုမျိုးဆိုရင် ဓါတ်ပုံရိုက်လိုက်ပြီးရင်လည်း လူတွေကို တော်တော်လှည့်စားလို့ရနေပြီ"

လူအနည်းငယ်က ဖုန်းကိုယ်စီထုတ်ပြီးဓါတ်ပုံရိုက်ကြချိန်တွင် ချန်ခေါ့သည် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ကိုယ့်ဘာသာကိုယ်ကောင်းလျန်အရက်စိမ်ခြင်းနည်းလမ်းကို ဆက်ရှာကြည့်နေသည်။

ကျန်းယွီသော်၏မွေးနေ့ရောက်ရန် နောက်ထပ်နှစ်တစ်ဝက်ခန့်လိုသေးသည်။ သို့သော် ချန်ခေါ့အတွက်ဆိုလျှင် အချိန်က အလွန်ကျပ်တည်းနေပြီဖြစ်သည်။ ရွေးချယ်စရာနည်းလမ်းအနည်းငယ်ထဲမှ အရိုးရှင်းဆုံးနှင့် အောင်မြင်ရန်အဖြစ်နိုင်ဆုံးနည်းလမ်းကို ရွေးချယ်ရမည်ဖြစ်သည်။

နှံစားပြောင်းကို ၂၄ နာရီ ရေစိမ်ရပြီး ခြောက်နာရီ ခုနစ်နာရီခြားလျှင် ရေတစ်ကြိမ်လဲပေးရတာလား။

အိုးထဲထည့်ပြီး ပန်းပွင့်လာသည်အထိ ပေါင်းတင်ရမည် ... ... ဘယ်လိုအိုးထဲ ထည့်ရမှာလဲ။ ဘယ်လိုပေါင်းရတာလဲ။ ပန်းပွင့်တာလား။ ဘာပန်းပွင့်တာလဲ။

လေအခြောက်ခံပြီး အအေးခံပြီးနောက် တစေးနှင့်ရောပါ။

သည်တစ်ချက်ကိုတော့ သူနားလည်သည်။ စတော်ဘယ်ရီဝိုင်လုပ်စဉ်ကာ တစေးထည့်သည်နှင့်တူသည်။

ကစော်ဖောက်ပါ။ ပုံးထဲထည့်ပါ။ ဘာပုံးလဲ။ အစားအသောက်ဖုံးသော ပလပ်စတစ်အပါးဖြင့်ဖုံးပါ။ ထိုအပေါ်တွင် ပလပ်စတစ်ထပ်အုပ်ပါ ... ... မလှုပ်မရှားဘဲ သုံးလထားပါ။ အဲဒီလောက်တောင် ကြာတာလား။

ချန်ခေါ့က အချိန်ကို အလျင်အမြန်ပြန်တွက်ကြည့်လိုက်ပြန်သည်။

အနေတော်ပဲ ဖြစ်သွားလိမ့်မည်။

ပြီးနောက် ... ... ပေါင်းခံရမည်။

ပေါင်းခံစက်လား။ ဘာကြီးလဲ။ အဲဒီပစ္စည်းကိုလည်း သုံးရသေးတာလား။

ချန်ခေါ့သည် ပေါင်းခံစက်ကို အလျင်အမြန်ရှာကြည့်လိုက်ပြန်သည်။ ဘယ်နှစ်ချောင်းမှန်းတောင်မသိသော ပိုက်ချောင်းများဖြင့်ဆက်သွယ်ထားသော အလွန်ကြီးမားသည့် အစွန်းအထင်းခံသံမဏိစည်ပိုင်းများကို မြင်လိုက်ရပြီးနောက် ပြုလုပ်နည်းလမ်းညွှန်ထဲမှ ပြန်ထွက်လာခဲ့တော့သည်။

၎င်းပစ္စည်းတစ်စုံကို ဝယ်ပြန်လာလျှင် ကျန်းယွီသော်အိမ်၏နောက်ဖေးခြံဝင်းတစ်ဝင်းလုံး ပြည့်ကျပ်သွားမည်ဖြစ်သည်။

လက်လျှော့မည်။

ကြောင်မွေးလည်စည်းပဝါကနေ စလှုပ်ရှားတာပေါ့။

ဆိုင်သစ်ဘက်တွင် ဆိုင်ဖွင့်ပြီးသိပ်မကြာမီမှာပင် အလုပ်ကိစ္စက အတော်လေးများပြားနေသည်။ သူသည် ညစာစားချိန်ပြီးဆုံးခါနီးလောက်မှ စားသောက်ဆိုင်ထဲမှထွက်လာသည်။ ဗိုက်ဆာနေလား မဆာနေလားဆိုတာကိုလည်း သူမသိနေပေ။

ဤနေရာမှ ကျန်းယွီသော်အိမ်သို့ပြန်လျှင် အကွာအဝေးက သိပ်မဝေးပေ။ မြေအောက်ရထားဖြင့်သွားလျှင် လေးဘူတာစီးရမည်။ ချန်ခေါ့က ကျန်းယွီသော်အား ထမင်းစားပြီးပြီလားဟူ၍ စာလှမ်းပို့လိုက်သည်။ သို့သော် ကျန်းယွီသော်က စာပြန်ပို့မလာပေ။

မြောင်၏စီးပွါးရေးအခြေအနေက လမ်းမှန်ပေါ်သို့ရောက်သွားပြီးကတည်းက ကျန်းယွီသော်မှာ အလွန်အလုပ်များနေခဲ့သည်။ ရှောင်စွင်းနှင့်ချန်ချင့်တို့ အနားယူသောရက်များတွင် သူက မဖြစ်မနေတာဝန်ယူခေါင်းခံရသည်။

လပိုင်းအတွင်း ပိန်ကျသွားသည်ကို ချန်ခေါ့က မျက်ဝါးထင်ထင်မြင်နေရသည်။ သို့သော် ကျန်းယွီသော်ကိုယ်တိုင်ကမူ ဘာမှမခံစားရဘဲ နေ့စဉ်နေတိုင်း စိတ်ဓါတ်တက်ကြွစွာ ဆိုင်သို့သွားလေ့ရှိသည်။ နွေဦးအလည်ခရီးသွားနေသကဲ့သို့ပင်။

မြောင်ဆိုင်အပေါက်ဝနားသို့ ချန်ခေါ့ရောက်ရှိခါနီးအချိန်တွင် လမ်းဘေးအမှိုက်ပုံးဘေးနားတွင် မတ်တတ်ရပ်ပြီး စီးကရက်သောက်နေသောကျန်းယွီသော်ကို မြင်လိုက်ရသည်။ ကျန်းယွီသော်သည် မျက်နှာချင်းဆိုင်ဓားလွယ်ခုတ်ရှိ "T" ပုံစံ လမ်းဆုံဆီကို ငေးကြည့်နေသည်။

ချန်ခေါ့က ထိုဘက်သို့လိုက်ကြည့်လိုက်ရာ ဘာထွေထွေထူးထူးမှ မမြင်ရပေ။

သို့သော် ကျန်းယွီသော်သည် ငေးငိုင်နေခြင်း လုံးဝမဟုတ်ပေ။ ချန်ခေါ့က လေးငါးမီတာအကွာခန့် ရှိနေသေးစဉ်မှာပင် ကျန်းယွီသော်က မျက်နှာလှည့်လာပြီး သူ့အားပြုံးပြပြီး အော်ပြောလာသည်။

"ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ"

"ဒီလောက်တောင် အစွမ်းထက်တယ်ပေါ့။ ငါလာနေမှန်း ဘယ်လိုသိသွားတာလဲ"

ချန်ခေါ့က ရယ်လိုက်ရင်း သူရှိရာဆီသို့လျှောက်သွားလိုက်သည်။

"အနံ့ရတာ"

"ဘာအနံ့တုန်း"

ချန်ခေါ့က အင်္ကျီကိုဆွဲပြီး အနံ့ခံကြည့်လိုက်သည်။

"ရာသီဥတုတောင်အေးလာပြီ။ ဘာအနံ့မှ မရှိလောက်ပါဘူး"

"ရေမွှေးနံ့။ ခင်ဗျားအခုတလော ရေမွှေးနောက်တစ်မျိုးပြောင်းပြီး ဗီရိုထဲဖြန်းနေတယ်မလား"

ချန်ခေါ့က ရယ်လိုက်သည်။ ဆိုင်ထဲတွင် တစ်ယောက်တည်းအလုပ်များနေသော ချန်ချင့်ကိုလည်းကြည့်လိုက်ကာ -

"ဘယ်လိုဖြစ်လို့ သူ့ကိုဝိုင်းမကူပေးတာလဲ"

"ခုနတုန်းကအထိ ကျွန်တော်တစ်ယောက်တည်းလုပ်နေတာ။ သူထမင်းစားပြီး ဝင်သွားတော့မှ ကျွန်တော်က လာထွက်စားတာ။ ခင်ဗျားထမင်းစားပြီးပြီလား"

"... ... မစားရသေးဘူး။ အတူတူစားဖို့ မင်းကိုခေါ်မလို့ကို မင်းကငါ့ကိုစာမပြန်ဘူးလေ"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။

ကျန်းယွီသော်က ဖုန်းကိုအမြန်ယူထုတ်လာပြီး ကြည့်လိုက်ရင်း -

"ကျွန်တော် မကြားလိုက်လို့။ အဲဒီတုန်းက စားနေတုန်း ... ... ခင်ဗျားစားဖို့ နည်းနည်းပါးပါးသွားဝယ်ပေးမယ်လေ။ အခုဘေးဆိုင်က အသားနှပ်ခေါက်ဆွဲက အရမ်းစားလို့ကောင်းတယ်။ ထည့်ပေးတာတော့ တော်တော်ကပ်စီးနည်းတယ်။ လက်သီးဆုပ်တစ်ဆုပ်စာပဲရှိတယ်"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"အထဲဝင်လိုက်လေ။ အထဲမှာ ထိုင်ဖို့နေရာရှိတယ်။ အပြင်မှာ အေးတယ်"

"ဧည့်သည်တွေရဲ့ပိုင်နက်ကို နေရာမယူတော့ပါဘူး"

ချန်ခေါ့ကရယ်ရင်း ဘေးနားရှိထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်ကာ -

"ဒီမှာပဲ ထိုင်လိုက်တော့မယ်"

ကျန်းယွီသော်က ဘေးနားဆိုင်သို့ပြေးပြီး ချန်ခေါ့အတွက် လက်သီးဆုပ်သုံးဆုပ်စာ အသားနှပ်ခေါက်ဆွဲဝယ်ပေးကာ ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သယ်လာသည်။

ချန်ခေါ့က တစ်လုပ်မြည်းစားလိုက်ရာ အရသာက အတော်လေးကောင်းမွန်ပြီး မွှေးကြိုင်သည်။

"မင်းနည်းနည်းစားဦးမလား"

ချန်ခေါ့က ခေါက်ဆွဲကို တူတစ်ညှပ်စာညှပ်ပြီး ကျန်းယွီသော်ကိုမေးသည်။

"ကျွန်တော်ဗိုက်တင်းနေပြီ"

ကျန်းယွီသော်က ဗိုက်ကိုပွတ်သပ်လိုက်ရင်းဆက်၍ -

"အခုခင်ဗျားစားတာကိုကြည့်တာတောင် ကျွန်တော် တော်တော်လေးဗိုက်အင့်နေပြီ"

"အဲဒါဆိုမကြည့်နဲ့"

ချန်ခေါ့က ခေါင်းငုံ့ကာ ဆက်စားသည်။

"ကြည့်တာကတော့ ကြည့်ရမှာပဲ။ မနက်ကနေညအထိ တစ်နေကုန် ဘယ်လောက်မှမကြည့်ရဘူး"

ကျန်းယွီသော်က ချန်ခေါ့ကိုစိုက်ကြည့်နေရင်းဆက်၍ -

"တကယ်လို့ ခင်ဗျားကျွန်တော့်ဆီလာပြီးသာ အဖော်မလုပ်ပေးရင် ညဘက်နာရီပိုင်းလောက်ပဲ တွေ့ရတာ"

"လူနောက်တစ်ယောက်ထပ်ခေါ်လိုက်ရင် ရပြီလေ။ အဲဒါဆိုရင် မင်းတို့အားလုံးလည်း ဒီလောက်မပင်ပန်းရတော့ဘူး"

"မရဘူး။ ချန်ချင့်မခေါ်ခိုင်းဘူး"

"ဘာလို့မခေါ်ခိုင်းတာလဲ"

ချန်ခေါ့က ကြောင်သွားသည်။

"အကုန်အကျအရမ်းများတယ်"

ကျန်းယွီသော်က ရယ်လိုက်ပြီးဆက်၍ -

"သုံးယောက်က အတော်လောက်ပါပဲ။ ထမင်းစားချိန်ရောက်ရင်ပဲ လာတဲ့လူနည်းနည်းပိုများတာ။ တခြားအချိန်တွေဆိုရင် မစ်တီးတို့ ဘာတို့ပဲဖျော်ရတာ"

"ခဏနေရင် မင်းကိုယ်အလေးချိန်သွားချိန်လိုက်ဦး။ အများကြီးပိန်သွားတယ်"

"ပိန်တာ ဘာကြောက်စရာရှိလို့လဲ"

ကျန်းယွီသော်က ထိုင်ခုံတွင်မှီလိုက်ပြီး အင်္ကျီကိုလှန်ဖွင့်ကာ သူ့ဗိုက်ကိုသူ တဖတ်ဖတ်ဖြင့်ရိုက်လိုက်ရာ ကြွပ်ဆတ်ဆတ်အသံထွက်လာသည်။

"တွေ့တယ်မလား"

ထိုရိုက်ချက်နှစ်ချက်မှာ အသံအတော်ကျယ်သွား၍ ဘေးနားမှဖြတ်သန်းသွားသူများအားလုံး လှည့်ကြည့်လာကြသည်။

"ဟေ့"

ချန်ခေါ့က သူ့အင်္ကျီစကို ကမန်းကတန်းပြန်ဆွဲချလိုက်ကာ ဆက်၍ -

"ငါဘာကြည့်ရမှာလဲ။ နေ့တိုင်းကြည့်နေတာ။ ကြည့်ရုံတင်မကဘူး ထိလည်းထိသေးတယ်"

"ကိုက်လည်းကိုက်တယ်။ လျက်လည်းလျက်သေးတယ်"

ကျန်းယွီသော်က ဆို၏။

"ပါးစပ်ပိတ်စမ်း"

ချန်ခေါ့က အသံအုပ်အုပ်ဖြင့် အော်လိုက်သည်။

ကျန်းယွီသော်က ရယ်လိုက်ပြီး တစ်အောင့်ခန့်ကြာပြီးနောက် စားပွဲပေါ်မှောက်လိုက်ကာ ချန်ခေါ့ဘေးနားဆီသို့ တိုးကပ်လာသည်။

"ဒီလိုမျိုးကို ကျွန်တော်အတော်လေးသဘောကျတယ်"

"ဘယ်လိုမျိုးလဲ"

ချန်ခေါ့က ခေါက်ဆွဲတစ်လုပ်စားလိုက်သည်။

"ခင်ဗျားကျွန်တော့်ဗိုက်ကို ကိုက်တာကို"

ချန်ခေါ့ပါးစပ်ထဲရောက်နေသော ခေါက်ဆွဲတစ်လုပ်မှာ သီးသွား၍ နှာခေါင်းထဲရောက်သွားမလိုဖြစ်သွားသည်။ သူသည် တူကို စားပွဲပေါ်ရိုက်ချလိုက်ပြီး -

"ကျန်းလောင်စန်း၊ အရင်တစ်ခေါက်တုန်းက မင်းကိုဒေါက်တာလီ လဲပေးလာတဲ့သောက်ဆေးတွေထဲမှာ နွေဦးပါဝင်ပစ္စည်းတွေဘာတွေ ပါလာတယ်မလား"

ကျန်းယွီသော်က ရွှင်မြူးစွာရယ်နေပြီး မရပ်မတန့်နိုင်ဘဲဖြစ်နေသည်။

ချန်ခေါ့ခေါက်ဆွဲစားပြီးသွားပြီးနောက် ကျန်းယွီသော်တစ်ယောက် စိတ်အခြေအနေပေါ့ပါးပြေလျော့နေပုံပေါက်သည်ကို အခွင့်ကောင်းယူပြီး မေးလာသည်။

"ခုနက မင်းဟိုနားမှာရပ်နေတာ ဘာမြင်လိုက်လို့လဲ"

"ခင်ဗျားရောက်လာတဲ့အချိန်တုန်းကလား"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

ကျန်းယွီသော်က ထိုနားဆီသို့ ထပ်ကြည့်လိုက်ပြန်ပြီးနောက် -

"အခုတလော ကျွန်တော်အလုပ်အရမ်းများလို့ထင်တယ်။ ဖိအားနည်းနည်းများနေတယ် ... ..."

"မင်းသူတို့ကိုမြင်လိုက်တာလား"

"အင်း"

ကျန်းယွီသော်က အသံပြုလိုက်ပြီး မျက်မှောင်ကြုတ်လိုက်ကာ -

"ဒါပေမဲ့ အရင်တုန်းကနဲ့သိပ်မတူဘူး။ တစ်ခုပဲ ... ... ကျွန်တော်မြင်လိုက်တာက ပုရွက်ဆိတ်လေးကို"

ချန်ခေါ့က ထိတ်ခနဲဖြစ်သွားပြီး -

"ဒေါက်တာလီကို ပြောပြပြီးပြီလား"

"ပြောပြီးပြီ။ ဒေါက်တာလီက ပုရွက်ဆိတ်လေး ထွက်မလာခဲ့ဘူးတဲ့။ အရင်တုန်းက လွှဲပြောင်းသွားတဲ့ဆေးရုံမှာပဲ ပိတ်ထားသေးတယ်တဲ့ ... ... တကယ်တော့ သူထွက်မလာခဲ့ဘူးဆိုတာ ကျွန်တော်သေချာပေါက်သိတယ်။ ထွက်လာလို့လည်း မရဘူးလေ"

"အဲဒီတုန်းက သူပေါ်လာတဲ့အဖြစ်က မင်းအတွက် ဘာသက်ရောက်မှုမှမရှိဘူးဆိုတာ မဖြစ်နိုင်ဘူး"

ချန်ခေါ့က ပြောနေရင်း ကျန်းယွီသော်၏မျက်နှာကို ပွတ်သပ်လိုက်ကာ ဆက်၍ -

"မင်းတောင်မပြောနဲ့၊ ငါတစ်ခါတလေ ပြတင်းပေါက်ဆီကသံကြားရင်တောင် စိတ်ထဲကလှုပ်ရှားတတ်သေးတယ်"

"ဆန်ကုန်မြေလေး။ ပြတင်းပေါက်ဆီကအသံကြားရင် မြောင် ဒါမှမဟုတ် လေတိုက်လို့ဆိုတာ ကျွန်တော်သိတယ်"

"... ... သြော်"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။

"ပုရွက်ဆိတ်လေးကို ကျွန်တော်မြင်လိုက်တဲ့အချိန်မှာ"

ကျန်းယွီသော်က ချန်ခေါ့၏လက်ကို ဖမ်းဆွဲလိုက်ပြီး ခေါင်းငုံ့ကာ လက်ချောင်းထိပ်ပေါ်တွင် ကိုက်လိုက်ရင်း -

"ကိုယ့်ကိုယ်ကို ချက်ချင်းပြောပြတယ်။ တကယ်မဟုတ်ဘူး။ အာရုံမှောက်မှားတာ။ ကျွန်တော့်အပေါ် ခြိမ်းခြောက်မှု ရှိမှာမဟုတ်ဘူး။ ချန်ခေါ့လည်း အန္တရာယ်ရှိမှာမဟုတ်ဘူး ... ... ဒါပေမဲ့ ကျွန်တော်ကြောက်နေတုန်းပဲ"

"အင်း"

ချန်ခေါ့က ခပ်ဖွဖွလေး ပြန်ပြောလာသည်။

"ဒါမှမဟုတ်လည်း ဒေါက်တာလီနဲ့ ထပ်တွေ့ပြီး သေချာသွားဆွေးနွေးမလား"

"နှစ်ကူးပြီးတဲ့အထိ စောင့်တာပေါ့။ ခင်ဗျားမွေးနေ့ပြီးသွားတော့မှ။ ကျွန်တော်အခု ကောင်းနေသေးတယ်။ ခင်ဗျားကိုယ်သင်းနံ့ကိုရလိုက်တဲ့အချိန်မှာ ပုရွက်ဆိတ်လေးထွက်သွားပြီ။ ခင်ဗျားနဲ့အတူတူရှိနေတဲ့အချိန်တွေမှာ များသောအားဖြင့် သူ့ကိုမမြင်ရဘူး"

"အဲဒါဆို ငါအချိန်အပိုင်းအခြားတစ်ခုလောက် ခွင့်ယူလိုက်မယ်လေ။ နေ့တိုင်းမင်းနဲ့အဖော်လုပ်ပြီး နေပေးမယ်"

"မလိုပါဘူး"

ကျန်းယွီသော်က ရယ်လိုက်ပြီး -

"ကျွန်တော်က အဲဒီသဘောပြောချင်တာမဟုတ်ဘူး ... ... ကျွန်တော်ဒီတစ်သက်လုံး ဒီလိုမျိုးပဲ ဖြစ်နေအုံးမှာ။ ဆေးသောက်တယ်၊ ဆရာဝန်ပြတယ်၊ တစ်ခါတလေမှာ ပုရွက်ဆိတ်လေး ဒါမှမဟုတ် တခြားလူကို မြင်ရမယ်။ ပြီးတော့ စိတ်တင်းကျပ်ပြီးကြောက်မယ်။ ဒါပေမဲ့ ဒါတွေက ထမင်းစားတာ ရေသောက်တာ ကလေကချေလိုဆော့တာလိုမျိုးပဲ ကျွန်တော့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲလေ။ ဒီတစ်ချက်ကို သဘောပေါက်ထားရင် တော်တော်အဆင်ပြေသွားပါပြီ"

"စန်းကော"

ချန်ခေါ့က ကျန်းယွီသော်ကို အတော်ကြာအောင်ကြည့်နေပြီး -

"ငါအခုသိလိုက်တာ မင်းရုတ်တရက်အများကြီးရင့်ကျက်သွားတာပဲ"

"နဂိုကတည်းက တော်တော်ရင့်ကျက်နေတာပဲ"

ကျန်းယွီသော်က မျက်ခုံးများကိုပင့်၍ ဆက်ပြီး -

"အထူးသဖြင့် ခင်ဗျားနဲ့ယှဉ်ရင်"

"သြော်"

ချန်ခေါ့က ကျန်းယွီသော်ပါးစပ်ထဲတွင် အကိုက်ခံထားရဆဲဖြစ်သော လက်ချောင်းကိုတစ်ချက်ကြည့်လိုက်ပြီး -

"ငါ့ထက်ကို ပိုရင့်ကျက်တာပဲ"

"ခင်ဗျားဒီနေ့ထွက်လာတော့ လက်မဆေးထားဘူးမလား"

ကျန်းယွီသော်က သူ့လက်ချောင်းကိုလွှတ်ပေးလိုက်ပြီး ခေါင်းစောင်းကာ ဖွီးခနဲတစ်ချက်ထွေးထုတ်လိုက်သည်။

"... ... မဆေးထားဘူး။ ဘာဖြစ်လို့လဲ ငန်လို့လား"

"မဟုတ်ဘူး။ သဲပွင့်တွေကိုက်မိလို့။ ခင်ဗျား သဲကစားလာခဲ့တယ်မလား"

"အင်း"

ချန်ခေါ့က လက်ပြန်ရုပ်လိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ဆိုင်ထဲဆီသို့လျှောက်သွားရင်း -

"ငါလက်သွားဆေးလိုက်မယ်။ ပြီးမှမင်းဆက်ကိုက်"

"ညကျရင်လည်း ကိုက်မယ်လေ"

ကျန်းယွီသော်က ချန်ခေါ့နောက်မှလိုက်လာပြီး အသံတိုးတိုးဖြင့်ဆက်၍ -

"ကျွန်တော်လန့်နေတာတွေကို ပြန်ဖိချဖို့"

"ဒီဆင်ခြေက အရမ်းကောင်းလှချည်လား"

ချန်ခေါ့က လှည့်ကြည့်လိုက်သည်။

"အရမ်းပြည့်စုံတယ်မလား"

"... ... အင်း"

ချန်ခေါ့မှာ ရွေးချယ်စရာမရှိ ဖြစ်သွားတော့သည်။

.

ကြောက်လန့်စိတ်ကို ဖိချေဖြေဖျောက်ခြင်းဟူသောဆင်ခြေကို ကျန်းယွီသော်ဖော်ဆောင်လိုက်ချိန်မှ စတင်လိုက်ကတည်းက အသုံးပြုနှုန်းက အလွန်မြင့်မားနေခဲ့သည်။ ပုံမှန်အချိန်များတွင် အလုပ်များနေ၍ အနားမယူရသည်ကို ဘေးချိတ်ထား၍ရသည်။ နှစ်သစ်ကူးပိတ်ရက်အနည်းငယ်တွင် ချန်ခေါ့သည် လုံးဝအနားမယူရသကဲ့သို့ ခံစားနေရသည်။ ကျန်းယွီသော်၏ ကြောက်လန့်စိတ်ကိုသာ ဖြေဖျောက်ပေးနေရသည်။

ခင်ဗျားကျွန်တော့်ကို အကြောက်ဖြေပေး၊ ကျွန်တော်ခင်ဗျားကို အကြောက်ဖြေပေးမယ်၊ နောက်ခံတေးဂီတမှာ ဗျောက်အိုးနှင့်မီးပန်းပေါက်ကွဲသံများဖြစ်သည်။

"မနက်ဖြန်ကစပြီး အလုပ်များရပြန်ပြီ"

ချန်ခေါ့က ခုတင်ခေါင်းရင်းတွင် မှီထိုင်နေပြီး သူ့ဝမ်းဗိုက်ပေါ်တွင် အကိုက်ခံထားရသာ ကိုက်ရာတစ်ခုကို ကြည့်လိုက်သည်။

"ဒီနေ့ညမှာ အိပ်မယ်ပြောရင် အိပ်ပဲအိပ်။ တခြားဘာအလုပ်မှ မလုပ်နဲ့တော့။ မနက်ဖြန်မနက် ငါအစည်းအဝေးတစ်ခုရှိတယ်"

"ကျွန်တော်လည်း အစည်းအဝေးရှိတယ်"

ကျန်းယွီသော်က ချန်ခေါ့ဘေးနားတွင် မှောက်အိပ်နေပြီး ဆက်၍ -

"ချန်ချင့်က ခေါင်းချင်းဆိုင်အစည်းအဝေးတစ်ခုလုပ်ကြမယ်တဲ့။ နှစ်သစ်ကူးနောက်ပိုင်း စီးပွားရေးအစီအစဉ်တွေ ဆွေးနွေးဖို့တဲ့"

ချန်ခေါ့က မထိန်းနိုင်ဘဲ အတော်ကြာအောင်ရယ်နေလိုက်ပြီးမှ -

"သူတော်တော်တက်ကြွနေပါ့လား"

"သေချာပေါက်ကို တက်ကြွရမှာပေါ့။ သူ့ကို ရှယ်ယာခွဲထားပေးတာလေ။ သူလည်း နှစ်ကုန်အစုပေါ် အမြတ်ယူတဲ့လူဖြစ်သွားပြီ"

"မင်းတို့တွေ နှစ်သစ်ကူးနောက်ပိုင်းအတွက် ဘာအစီအစဉ်တွေရှိလဲ"

"အပေါ်ထပ်က ငါးအသားလုံးဆိုင်ကို သိမ်းပိုက်မလို့။ သူတို့ဆိုင်က ဒုတိယအထပ်မှာရှိတာ။ ရှော့ပင်းမောရဲ့ထောင့်ချိုးမှာလေ။ လူတော်တော်များများဈေးဝယ်ထွက်လာရင် အဲဒီနားကတစ်ကွက်ကို မမြင်ကြဘူး။ အဲဒီတော့ အရောင်းအဝယ်သိပ်မကောင်းဘူး။ လက်လွှဲထုတ်ချင်စိတ်ဖြစ်နေတယ်နဲ့တူပါတယ်။ တကယ်လို့ ကျွန်တော်တို့လက်လွှဲယူလိုက်ရင် ဧရိယာကျယ်သွားမယ်။ တခြားဟာတွေလည်း ရောင်းလို့ရတယ်"

"မဆိုးဘူး"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"လွှဲပြောင်းခက မနိမ့်လောက်ဘူးထင်တယ်"

ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။

"ငါထုတ်ပေးမယ်လေ"

"မထုတ်နဲ့"

ကျန်းယွီသော်က ယတိပြတ်ငြင်းလိုက်သည်။

"အဲဒီလွှဲပြောင်းခလေးကို ကျွန်တော့်မှာ မရှိဘဲနေပါ့မလား"

ချန်ခေါ့ကရယ်နေရင်း ကျန်းယွီသော်မျက်နှာကို ကိုင်သပ်လိုက်သည်။

နှစ်သစ်ကူးကာလပြီးသွားသည်နှင့် ချန်ခေါ့၏မွေးနေ့ဖြစ်သည်။ ကျန်းယွီသော်သည် ငါးအသားလုံးဆိုင်ကို သိမ်းပိုက်သည့်အလုပ်ကိစ္စကြီးကိုဆွေးနွေးရင်း အလုပ်များနေရသည့်အပြင် ညပိုင်းအချိန်ရလျှင် ဘေးနားအခန်းရှိ စားပွဲပေါ်တွင်မှောက်ကာ လက်ပတ်နာရီဖြုတ်နေသည်။

ချန်ခေါ့လည်း တော်တော်လေးကူကယ်ရာမဲ့ဖြစ်နေသည်။ ဤအိမ်ခန်းသည် ဘယ်လောက်မှမကြီးမားပေ။ ကျန်းယွီသော်က သူ့ကိုပေးချင်နေသော မွေးနေ့အံ့အားသင့်စရာကို အကြမ်းအားဖြင့် သူမမြင်ချင်လျှင်တောင် တော်တော်လေးခက်ခဲနေသည်။ အထူးသဖြင့် ကျန်းယွီသော်ကလည်း လျို့ဝှက်တတ်သောအသိစိတ် မရှိနေသူဖြစ်ရာ တစ်ဝက်လောက်လုပ်ပြီး အနားယူချင်လျှင်တောင် လုပ်လက်စများကို မသိမ်းဆည်းတတ်ပေ။ ချန်ခေါ့က မျက်လုံးထောင့်မှတစ်ချက်ကြည့်လိုက်သည်နှင့် ကျန်းယွီသော်ဘာလုပ်ချင်လဲဆိုသည်ကို သိနေနိုင်ပြီဖြစ်သည်။

လက်ပတ်နာရီက တစ်လုံးစလုံး အဖြုတ်ခံလိုက်ရပြီဖြစ်သည်။ အစိတ်အပိုင်းများကို စားပွဲပေါ်တွင် ညီညာသပ်ရပ်စွာ စီတန်းတင်ထားသည်။ အလယ်တွင် သစ်ဆေးသုတ်ထားသော စတုဂံပုံအမည်းရောင် လက်ဖက်ရည်ကြမ်းဗန်းတစ်လုံး ထားထားသည်။ ဘေးနားတွင် ကော်ရည်၊ ဇာဂနာ စသဖြင့် ရှိနေသည်။

ကြည့်လိုက်သည်နှင့် ပန်းချီကားတစ်ချပ်လုပ်မည်ဖြစ်မှန်း သိသာနေသည်။

"ခင်ဗျားခိုးမကြည့်နဲ့လေ"

ကျန်းယွီသော်က တံခါးဝတွင် အော်ပြောလိုက်ပြီး ဆက်၍ -

"ခိုးကြည့်ပြီးတော့ အံ့သြစရာမရှိတော့ဘူးဆိုပြီး ထပ်ပြောဦးမယ်"

"လခွမ်း ငါက မကြည့်ချင်နေဘူး။ မင်းအဲဒီဟာတွေနဲ့ ငါ့မျက်နှာပေါ် လာရိုက်ဖို့ပဲကျန်တာလေ။ မမြင်ဘဲနေမလား"

ချန်ခေါ့မှာ အလွန်တရာကို ကူကယ်ရာမဲ့နေပြီဖြစ်သည်။

"ငါအဝတ်သွားလှမ်းရင်တောင် ဒီကနေဖြတ်သွားရတာလေ"

ကျန်းယွီသော်က သတင်းစာတစ်ရွက်ယူပြီး ဖွင့်လိုက်ကာ ထိုပစ္စည်းတစ်ပုံပေါ်တွင် ဖုံးအုပ်လိုက်သည်။

"ဒီလိုဆိုရင် ရပြီလား"

"... ... ရပြီ"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။

"ကျွန်တော့်မွေးနေ့လက်ဆောင်ရော"

"လျှို့ဝှက်ချက်"

"ဘာတွေလျှို့ဝှက်နေတာလဲ။ အားလုံးက ကျွန်တော်တောင်းဆိုထားတဲ့ဟာတွေပဲကို။ ခင်ဗျားမလုပ်နိုင်ဘူးမလား"

"မင်းမွေးနေ့ရောက်ပြီလား"

ချန်ခေါ့က ကျန်းယွီသော်ကို စိုက်ကြည့်နေရင်း -

"ရောက်ပြီလို့လား"

"မရောက်သေးဘူး"

"အဲဒါဆို ငါလုပ်နိုင်မလုပ်နိုင် မင်းဘယ်လိုသိလဲ"

ကျန်းယွီသော်က ကျစ်ခနဲစုတ်သပ်လိုက်ပြီးနောက် လျှောက်ထွက်သွားသည်။

ချန်ခေါ့က တကယ်မလုပ်နိုင်ခြင်းလည်း ဖြစ်နိုင်ခြေရှိသည်။ ကောင်းလျန်အရက်ကိုလက်လျှော့လိုက်ပြီးနောက် ချန်ခေါ့သည် မြောင်မွေးလည်စည်းပဝါဘက်ကို လှည့်လိုက်သည်။ သို့သော် အတော်ကြာအောင် ရှာဖွေလိုက်ပြီးနောက် ကြောင်မွေးကို ချည်ခင်ဖြစ်အောင်ထိုးခြင်းသည်ကပင် ဖြစ်မြောက်အောင်မလုပ်နိုင်သည့်တာဝန်တစ်ရပ်ဖြစ်နေသည်။ ထို့ကြောင့် သူသည် လည်စည်းပဝါမှ အမွေးလုံးအဖြစ်ပြောင်းလိုက်ပြီဖြစ်သည်။

သူသည် ကြောင်မွေးဖြင့် ကြောင်ခေါင်းလုံးလေးအဖြစ်ထိုးပြီး ကျန်းယွီသော်အတွက် ကီးချိန်းလုပ်ရန် ပေးလိုက်မည်ဟု တွေးထားသည်။

သို့သော် ထိုပစ္စည်းလုပ်ရန်အခက်အခဲကလည်း အတော်မြင့်မားသည်။ မြောင်အမွေးများကို သုံးလေးထုံးခန့် စုဆောင်းထားခဲ့ပြီဖြစ်သည်။ သူ့စိတ်ကူးမှာ ကျန်းယွီသော်တို့မစ်တီးဆိုင်ဆိုင်းဘုတ်မှ မြောင်၏ရုပ်ပုံအတိုင်း လုပ်ရန်ဖြစ်သည်။ ခေါင်းတစ်လုံး၊ နားရွက်နှစ်ခုနှင့် နောက်တွင် အမြီးတစ်ခုထပ်ကပ်လိုက်မည်။ သူသည် ပုံကြမ်းတောင် ဆွဲထားလိုက်သေးကာ သိုးမွေးအနည်းငယ်ဝယ်ပြီး အားလပ်ချိန်တိုင်း စားသောက်ဆိုင်ထဲတွင် လေ့ကျင့်သည်။ မြောင်အမွေးကိုတော့ သူမဖြုန်းတီးရဲပေ။ သို့သော် သည်လောက်ကြာအောင် လေ့ကျင့်ခဲ့စေကာမူ အကောင်းဆုံးလုပ်နိုင်သည်မှာလည်း ဘောလုံးတစ်လုံးသာဖြစ်ပြီး အနှီဘောလုံးက သိပ်လည်းမလုံးဝန်းပေ။

သို့သော် ကျန်းယွီသော်ပြင်ဆင်နေသောလက်ဆောင်ကမူ ပြီးသွားခဲ့ပြီထင်သည်။ အစိတ်အပိုင်းများအားလုံး ပျောက်ဆုံးကုန်ပြီဖြစ်ကာ စားပွဲပေါ်တွင် အမည်းရောင်ဘူးတစ်ဘူးတင်ထားပြီး ဘူးပေါ်တွင် အနီရောင်ဖဲပြားတစ်ခုကိုတောင် ထိုးထည့်ထားသေးသည်။

ကျန်းယွီသော်သည် အံ့အားသင့်စရာမရှိတော့သောအံ့သြစရာကို အလွန်စေ့စပ်သေချာစွာ အကောင်အထည်ဖော်ထားသည်။ ရွှေရောင်သစ်စေးဘောပင်ဖြင့် ဘူးပေါ်တွင် ကျန်းယွီသော်ရေးသားထားသော ရင်ဖွင့်စကားကိုတောင် ချန်ခေါ့မြင်နေရသည်။

မင်္ဂလာပါ ချန်ခေါ့။

မွေးနေ့မှာပျော်ရွှင်ပါစေ။

ဒါကတော့ ခင်ဗျားကိုပေးတဲ့ ဒုတိယမြောက်မွေးနေ့လက်ဆောင်ပါ။

ပန်းချီကားတစ်ချပ်ပါ။

ဖြုတ်လိုက်တာ လက်ပတ်နာရီတစ်လုံးတည်းမကဘူး။ ကျွန်တော်နောက်ထပ်သုံးလေးလုံးလောက် သွားထပ်ဝယ်လိုက်သေးတယ်။ မဟုတ်ရင် ပစ္စည်းအစိတ်အပိုင်းတွေက သုံးလို့မလောက်ဘူး။

ခင်ဗျားနေ့စဉ်နေ့တိုင်းပဲ အဲဒီပန်းပွင့်တွေလိုမျိုးပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။

ခင်ဗျားကိုချစ်တယ်။

လက်ပတ်နာရီအပြုံလိုက်ကိုဖြုတ်ပြီး ပန်းပွင့်အများကြီးပါသော ရုပ်ပုံပန်းချီတစ်ချပ်လုပ်လိုက်ပုံရသည်။

ချန်ခေါ့သည် အံ့အားသင့်စရာပျောက်ဆုံးသွားမှုအပေါ် တအားအရေးလုပ်နေခြင်းမရှိပေ။ ကျန်းယွီသော်ကို သူစွဲမက်နေရခြင်းအကြောင်းများထဲမှတစ်ခုမှာ ဤကဲ့သို့သော မှင်တက်စရာကောင်းသည့်ရိုးစင်းပွင့်လင်းမှုဖြစ်သည်။

ထို့ပြင် ဤစကားများသည် တုံးအပြီး ရိုးသားစစ်မှန်လွန်း၍ စိတ်နှလုံးကတောင် အရည်ပျော်လုနီးပါးဖြစ်ရသည်။

ဤမွေးနေ့ကို သူ့တို့နှစ်ယောက်တည်းသီးသန့်ကျင်းပခဲ့ပြီး သူငယ်ချင်းမိတ်ဆွေများကိုလည်းမခေါ်သလို အပြင်လည်းမထွက်ဖြစ်ပေ။

ထမင်းဟင်းအစားအသောက်အတွက်လည်း ပါဆယ်မမှာစားခဲ့ဘဲ ကျန်းယွီသော်ကိုယ်တိုင်ချက်သော ဟော့ပေါ့ စားဖြစ်ကြသည်။

ဟော့ပေါ့စားနေချိန်တွင် ချန်ခေါ့သည် လွန်လေပြီးသောကိစ္စအတော်များများကို ပြန်လည်သတိရသွားသည်။ ရသာရုံတောင် အတိတ်မှတ်ဉာဏ်နှင့် အတူတကွချိတ်ဆက်သွားသလိုပင်။

စားသောက်ပြီးစီးသွားပြီးနောက် ကျန်းယွီသော်က မတ်တတ်ရပ်လိုက်ပြီး -

"ခင်ဗျားကိုပေးဖို့ အံ့သြစရာတစ်ခုရှိတယ်"

"အင်း"

ချန်ခေါ့က ရယ်လိုက်ပြီး ကျန်းယွီသော်က အခန်းထဲဝင်ပြီး ထိုအမည်းရောင်လက်ဆောင်ဘူးကို ယူထုတ်လာသည်ကို စောင့်နေလိုက်သည်။

သို့သော် ကျန်းယွီသော်က မီးဖိုချောင်ထဲဝင်သွားပြီး၊ ထို့နောက် ကိတ်မုန့်ဘူးတစ်ဘူးကို သယ်ထုတ်လာသည်။

"ကိတ်မုန့်လည်း ဝယ်ထားသေးတာလား"

ချန်ခေါ့က ကြက်သေသေသွားသည်။ ထိုကိတ်မုန့်ကို အံ့သြစရာဟုယူဆ၍ရသည်။ မည်သို့ပင်ဆိုစေ သူ့မှာလည်း ကိတ်မုန့်စားရန်အတွေး လုံးဝမရှိနေခဲ့ဘူးမဟုတ်ပါလား။

"ဝယ်တာမဟုတ်ဘူး"

ကျန်းယွီသော်က ကိတ်မုန့်ကို စားပွဲပေါ်တင်ကာ ဘူးကိုဖွင့်လိုက်ပြီး -

"ဒန် ဒန် ဒန် ဒန် .. ကြည့်"

အံအားသင့်ရသည်။

ဤသည်မှာ လုံးဝကို အံ့အားသင့်စရာဖြစ်သည်။

"ငါ့လခွမ်း"

ချန်ခေါ့က ထိုင်နေရာမှထခုန်လိုက်ပြီး -

"မင်းလုပ်ထားတာလား"

"အင်း"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။ သို့သော် အနည်းငယ်လည်းအံ့သြနေပုံဖြင့် ဆက်၍ -

"ကျွန်တော်လုပ်ထားမှန်း ခင်ဗျားဘယ်လိုသိလဲ"

"ဒါက အပိုစကားမဟုတ်ဘူးလား။ ဘယ်ကိတ်မုန့်ဆိုင်က ဒီလောက်ရုပ်ဆိုးတဲ့ကိတ်မုန့်ကိုရောင်းပါ့မလဲ"

"ခင်ဗျားဘိုးအေ"

ကျန်းယွီသော်က ချက်ချင်းမြူးသွားသည်။

"အရမ်းကြည့်ရဆိုးနေလား"

"ဆိုးတယ်"

ချန်ခေါ့က ထိုကိတ်မုန့်ကိုကြည့်ရင်း တစ်အောင့်ခန့်ရယ်လိုက်ပြီးနောက် ငိုချင်စိတ်လည်းဖြစ်လာပြန်သည်။ သူသည် ဖုန်းကိုယူထုတ်ပြီး ဓါတ်ပုံအနည်းငယ်ရိုက်လိုက်ပြီးနောက် -

"တော်တော်ရုပ်ဆိုးတယ်"

"ကြိုက်ရဲ့လား"

"ကြိုက်တာမှ အရမ်းပဲ"

ချန်ခေါ့ကပြောပြီးနောက် ကျန်းယွီသော်ရှေ့သို့လျှောက်သွားလိုက်ပြီး ခပ်တင်းတင်းဖက်လိုက်ကာ လည်ပင်းပေါ်တွင် ခပ်ပြင်းပြင်းတစ်ချက်ကိုက်လိုက်ရင်း ဆက်၍ -

"အရမ်းကြိုက်တယ်"

"ဒီဟာကျတော့ အံ့သြစရာဖြစ်သွားပြီမလား"

ကျန်းယွီသော်က အသက်ရှူလိုက်ရင်း တစ်ဖက်ကလည်း လက်မြှောက်ကာ သူ့လည်းပင်းကိုသူ သုံးလေးကြိမ်ခန့်ပွတ်သပ်လိုက်ရင်း -

"လခွမ်း။ ခင်ဗျားလည်း စောက်ပါးစပ်က အတိုင်းအဆမရှိဘူးလား"

ချန်ခေါ့က ရယ်ရင်း သူ့အားတစ်ချက်နမ်းလိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ ကိတ်မုန့်ကိုကြည့်နေသည်။

ကိတ်မုန့်က စတုရန်းပုံဖြစ်ပြီး အလွန်ရိုးရှင်းသည်။ အကုန်အဖြူရောင်ဖြစ်ကာ အလယ်တွင် ကပ်လျက်ရှိနေသော အနီရောင်အသည်းပုံလေးနှစ်ခုရှိသည်။

ခရင်(မ်)က အလွန်မညီမညာဖြစ်နေပြီး ကိတ်ပေါ်ရှိ ခရင်(မ်)ဖြင့်ပုံဖော်ထားသော ပန်းပွင့်များကလည်း ဘယ်ရောက်လိုက်ညာရောက်လိုက်၊ ကြီးလိုက်ငယ်လိုက်ဖြစ်နေသည်။ သို့သော် အလယ်ရှိ အသည်းပုံနှစ်ခုကိုမူ တော်တော်ကောင်းအောင် ဆွဲထားသည်။

"အထဲမှာသစ်သီးတွေရှိတယ်။ ကျွန်တော်သစ်သီးတွေအများကြီးထည့်ထားတာ"

ကျန်းယွီသော်၏လက်မောင်းများက ချန်ခေါ့ကို နောက်မှရစ်ပတ်လာပြီး ဖယောင်းတိုင်ထုတ်လာကာ "3" တစ်ချောင်းကိုသာယူပြီး မီးညှိလိုက်သည်။ ကိတ်မုန့်အလယ်ခေါင်တွင် ထိုးစိုက်လိုက်ပြီးနောက် ချန်ခေါ့နားရွက်နားတွင် ပြောလာသည်။

"အသက်သုံးနှစ်ပြည့်ပြီသခင်လေး"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"ဆုလေးတောင်းပြီး ဖယောင်းတိုင်မှုတ်လိုက်"

ကျန်းယွီသော်က သူ့ခါးကိုဖက်လိုက်ကာ ခေါင်းငုံ့လာပြီး သူ့ပခုံးပေါ်မေးတင်လိုက်ရင်း ကိတ်မုန့်ကိုကြည့်နေသည်။

ချန်ခေါ့က မျက်လုံးများကို မှိတ်ချလိုက်သည်။

တကယ်တော့ ဘယ်လိုဆုတောင်းမျိုးကိုတောင်းရမည်မှန်း သူလုံးဝမသိနေပေ။

သူနေချင်သောဘဝ၊ သူလိုချင်သောလူက သူ့ရှေ့မှောက်တွင်ရှိနေသည်။

ဘာဆုများထပ်တောင်းရမလဲ။

ချန်ခေါ့က နောက်ရှိကျန်းယွီသော်ကိုယ်ပေါ်တွင်မှီလိုက်ကာ မျက်ဝန်းများမှိတ်ထားရင်း တစ်ချက်တွေးလိုက်သည်။

ဒါဖြင့် ကြာရှည်တည်မြဲဖို့ ဆုတောင်းတာပေါ့...။

***

(ဆက်ရန်)

Continue Reading

You'll Also Like

460K 51.5K 61
ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖ...
16.5K 1.4K 45
We're fated to meet no matter what, if sooner or later 🍂 Original Author: Shui Ru Tian Er English Translator: mianmian2020 Status: 131 chapters (co...
22.1K 775 11
💬 BLLK CHATFIC In which bachira adds his new friend to a soccer related group chat!! 📌 extra info; gender neutral xreader...
430K 16.8K 47
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...