《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

104K 11.7K 641

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၈၇

740 95 4
By wishywish0805

Chapter ● 87 ●

မီလိအော်က အောက်ထပ်ကို အရင်ဆင်းသွားသည်။ ချန်ခေါ့သည် သဲပန်းချီစားပွဲပေါ်တွင်ရှိ မြင်မကောင်းရှုမကောင်းဖြစ်နေသော ပန်းချီမြင်ကွင်းပုံကို ဖျက်ပစ်လိုက်၏။ ဘယ်ဘက်လက်ဖြင့် သဲပန်းချီရေးဆွဲရာတွင် လက်မယဉ်နေ၍သာတော်သေးတော့သည်။ ဆွဲထားသည်မှာ စိတ္တဇပန်းချီဘက်သို့ အနည်းငယ်ယိမ်းနေသည်။ အကယ်၍ ညာဘက်လက်နှင့်သာဆိုလျှင် ... ...

သူသည် တတိယထပ်ရှိ သန့်စင်ခန်းသို့သွားပြီး မျက်နှာသစ်လိုက်ကာ ကိုယ့်စိတ်ခံစားချက်ကိုကိုယ် ပုံမှန်ပြန်ဖြစ်အောင် ပြန်လည်တည်ဆောက်လိုက်ပြီးနောက် အောက်ထပ်သို့ဆင်းလာသည်။

မီလိအော်က အသစ်ရောက်လာသောဧည့်ကြိုဝန်ထမ်း ဟွေ့ဟွေ့နှင့်အတူ ဧည့်သည်များနှင့် ပြောဆိုဆွေးနွေးနေသည်မှာ ပြီးစီးသလောက်ဖြစ်နေပြီ။ ချန်ခေါ့အတည်ပြုသဘောတူပေးရန်လိုအပ်သော အသေးစိတ်အချက်အနည်းငယ်ကိုသာ ချန်ထားပေးသည်။

ချန်ခေါ့က အတည်ပြုပေးလိုက်ပြီးနောက် ဧည့်သည်များက ကြိုတင်ငွေပေးလိုက်ကာ ပြန်သွားကြသည်။ သူသည် စားပွဲဘေးနားတွင်ထိုင်ပြီး မီလိအော်နှင့်ဟွေ့ဟွေ့တို့နှစ်ယောက်သား ပြင်ဆင်ရန်လိုအပ်သောကိစ္စအချို့အကြောင်းကို ဆုံးဖြတ်သတ်မှတ်နေကြပြီးနောက် ဝိုင်အရက်စိမ်ရန် စတင်ပြောဆိုဆွေးနွေးနေကြသည်ကို နားထောင်နေသည်။

"ကိုယ်တို့ဆိုင်က အရက်စိမ်မှာလား"

ချန်ခေါ့က ဝင်မေးလိုက်သည်။

"ရွှီကောက နည်းနည်းပါးပါးစိမ်ပြီးလုပ်လို့ရတယ်တဲ့။ ပမာဏနည်းနည်းပဲလေ။ ဆိုင်ကိုအလာများပြီး ရင်းနှီးတဲ့ဧည့်သည်တွေကို နည်းနည်းပါးပါးလက်ဆောင်ပေးလို့ရတယ်။ ကိုယ့်ဘာသာကိုယ်စိမ်တဲ့ ဘီယာတို့၊ သစ်သီးဝိုင်တို့၊ စပျစ်ဝိုင်တို့ဘာတို့ပေါ့။ တော်တော်စိတ်ဝင်စားဖို့ကောင်းမှာ။ ဧည့်သည်ကိုယ်တိုင်စိမ်ချင်တယ်ဆိုလည်း သူတို့စိမ်ထားတဲ့အရက်ကို ဒီဆိုင်မှာ ထားပြီး ဒီမှာလာစားတဲ့အချိန်ကျရင်လည်း ထုတ်သောက်လို့ရတယ်"

မီလိအော်က ပြောလိုက်ခြင်းဖြစ်သည်။

ချန်ခေါ့က ခေါင်းညိတ်လိုက်ရင်း "အင်း" ဟု ဆိုသည်။

တိတ်တဆိတ်နှင့် တစ်အောင့်ခန့်နားထောင်လိုက်နေလိုက်သည်။ မီလိအော်က မစိမ်တတ်ဘဲ ဟွေ့ဟွေ့ကသာ အဓိကလုပ်ဆောင်မည်ဖြစ်သည်။ နားထောင်ရသည့်ပုံအရ ဟွေ့ဟွေ့၏အားလပ်ချိန်ဝါသနာမှာ ဝိုင်အရက်စိမ်ခြင်းဖြစ်ပုံရသည်။

"ဟို ..."

ချန်ခေါ့သည် စက္ကန့်အနည်းငယ်ခန့်တွေဝေနေပြီးမှ ဆက်ပြောလာသည်။

"ဟွေ့ဟွေ့"

"ချန်ကော ဘာလို့လဲဟင်"

ဟွေ့ဟွေ့က ချန်ခေါ့အား ကြည့်လာသည်။

"မင်း ... ... စတော်ဘယ်ရီဝိုင် စိမ်ဖူးလား"

"စိမ်ဖူးတာပေါ့။ အရက်စိမ်လို့ရတဲ့ အသီးတွေ ကုန်ကြမ်းတွေမှန်သမျှ ညီမသုံးဖူးတယ်"

ဟွေ့ဟွေ့က မီလိအော်ဘက်လှည့်ပြီး ဆွေးနွေးလိုက်ပြန်သည်။

"ဒါဆို စတော်ဘယ်ရီဝိုင်တစ်မျိုး ထပ်တိုးလိုက်မယ်လေ"

"ကိုယ့်ကို စိမ်ပုံစိမ်နည်းလေး တစ်ချက်သင်ပေးလို့ရလား။ ကိုယ် ... ... စမ်းကြည့်ချင်လို့"

"အစ်ကိုက ဒီအတိုင်းအပျော်လုပ်ကြည့်ချင်တာလား ဒါမှမဟုတ် သောက်ဖို့လား။ တကယ်လို့ သောက်ဖို့ဆိုရင် ညီမ စိမ်ထားပြီးသားကို အစ်ကို့ကိုပေးလိုက်လို့ရတယ်။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ်စိမ်ဖို့ပုလင်းတွေ ဘာတွေဝယ်ရမှာနဲ့ အလုပ်တော်တော်ရှုပ်မှာ"

"ကိုယ်က စိမ်ပြီးတော့ သူများကိုလက်ဆောင်ပေးဖို့"

ဘယ်အချိန်ကျမှ ပြန်လာမယ်မှန်းမသိတဲ့ အယုတ်တမာကောင်စုတ်တစ်ကောင်ကို လက်ဆောင်ပေးမလို့...။

.

ကျန်းယွီသော် ထွက်သွားသော (၈) ရက်မြောက်နေ့...။ ပုံစံအနေအထားအမျိုးမျိုးကိုအသုံးပြုပြီး သူ့ကို နှိပ်စက်ချင်သည်။

ချန်ခေါ့သည် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ရင်း မြောင်နှင့် မျက်နှာချင်းဆိုင်အနေအထားဖြင့် မျက်စိရှေ့ရှိပစ္စည်းများကို ကြည့်နေသည်။

စတော်ဘယ်ရီတစ်ခြင်း၊ သကြားခဲတစ်ထုပ်၊ အရက်စိမ်သော ပုလင်းတစ်လုံး၊ စိမ်ပြီးသားဝိုင်အရက်ထည့်သော ပုလင်းတစ်လုံး၊ ထို့နောက် သစ်သီးဝိုင်အရက်စိမ်ရာတွင် အသုံးပြုသော တဆေးအထုပ်အနည်းငယ်...။

စတော်ဘယ်ရီနှင့် သကြားခဲကို စောစောက စူပါမားကက်မှ သူဝယ်လာခဲ့ခြင်းဖြစ်သည်။ တဆေးကိုမူ ဟွေ့ဟွေ့က ပေးထားသည်။ အရက်စိမ်သော ပုလင်းကြီးကို အင်တာနက်မှ ဝယ်ခဲ့ခြင်းဖြစ်ပြီး၊ အရက်စိမ်ပြီးနောက် ရလာသောဝိုင်အရက်ကို ထည့်ရန်ပုလင်းကိုမူ ရွှီတင်း၏ ဖန်ထည်ပစ္စည်းများပြုလုပ်သောမိတ်ဆွေတစ်ယောက်အား ပြုလုပ်ပေးရန် ရွှီတင်းမှတဆင့် အကူအညီတောင်းပြီး ရလာခဲ့ခြင်းဖြစ်သည်။ အလွန်ရှင်းလင်းပြီးကြည်လင်သန့်စင်သော ပုလင်းဝိုင်းရှည်တစ်လုံးဖြစ်သည်။

ယနေ့တွင် ပစ္စည်းစုံလင်ပြီဖြစ်၍ စတင်ပြုလုပ်၍ရပြီ။

"အရင်ဆုံး စတော်ဘယ်ရီဆေး၊ အညှာတွေဖြုတ်၊ ပြီးတော့ ခြောက်အောင်လှမ်း"

ချန်ခေါ့သည် ဖုန်းထဲရှိ ဟွေ့ဟွေ့ရေးထားပေးသော ပြုလုပ်ပုံနည်းလမ်းကို ကြည့်နေသည်။

"ငါဒီအရွယ်ရောက်တဲ့အထိ အခုအချိန်မှာလုပ်တတ်သွားတဲ့ အသင့်စားခေါက်ဆွဲပြုတ်တာရယ်၊ ကြက်ဥပြုတ်တာရယ်ကလွဲရင် ဒါတွေကိုတစ်ခါမှမလုပ်ဖူးသေးဘူး။ ပြီးတော့ လုပ်ရတာကလည်း အရက်စိမ်တာလိုမျိုး အဆင့်မြင့်တဲ့အလုပ်အကိုင်ကြီး..."

သူသည် စတော်ဘယ်ရီတစ်လုံးကို ယူညှစ်လိုက်ပြီး မြောင်၏ပါးစပ်နားသို့ ကမ်းပေးလိုက်ကာ -

"စားမလား"

မြောင်က အနားတိုးလာပြီး အတော်ကြာအောင် အနံ့ခံကြည့်နေလိုက်သည်။ ထို့နောက် ခြေဖဝါးများ ဆန့်ထုတ်လာကာ စတော်ဘယ်ရီကို ဖမ်းယူလိုက်ပြီးနောက် စတင်ကိုက်ခဲနေလိုက်သည်။ စိတ်နှလုံး နှစ်မြှုပ်ကာ မျက်လုံးများကို တစ်လုံးတည်းဖြစ်အောင်အထိ မှေးစင်းထားပြီး စတော်ဘယ်ရီကို ကိုက်နေသည်။ မေးစေ့တွင်လည်း သစ်သီးအရည်ဖြင့် ပေကျံသွားသည်။

ချန်ခေါ့က အနည်းငယ်အံ့သြသွားသည်။

"ကြောင်တွေက စတော်ဘယ်ရီလည်း စားသေးတယ်လား။ မင်းဒီလောက်အစားကြူးတာ မင်းအစ်ကိုသိလား"

မြောင်က ချန်ခေါ့ကို အဖက်မလုပ်ဘဲ စတော်ဘယ်ရီကို ဆက်ကိုက်နေသည်။

သို့သော် ချန်ခေါ့ကလည်း ဆက်ပြောချင်စိတ်မရှိတော့ပေ။ တစ်ယောက်တည်းစကားပြောနေပြီး၊ ကြောင်တစ်ကောင်နှင့် သူ့ပိုင်ရှင်အကြောင်းကိုပြောနေခြင်းမှာ ချန်ခေါ့ကိုအလွန်အထီးကျန်စေသည်။ အထူးသဖြင့် ထိုကြောင်က သူ့အား ဘာတုံ့ပြန်မှုမှပြန်မပေးဘဲ အစာစားခြင်းကိုသာ ဂရုစိုက်နေသည်။

အကယ်၍ သူသည် ကြောင်တစ်ကောင်ကဲ့သို့ စိတ်ထားနိုင်လျှင်လည်း အကောင်းသား...။ မင်းရှိနေရင် ရှိတယ်၊ မရှိနေရင်လည်း မရှိဘူး။ မင်းပြန်လာရင် ငါ့အမြီးနဲ့ မင်းခြေချင်းဝတ်ကို ရစ်ပတ်ပြီးဆော့မယ်။ မင်းပြန်မလာရင်လည်း ငါ့ကို သူများကျွေးတဲ့ စတော်ဘယ်ရီကို စားမယ်...။

စတော်ဘယ်ရီကို ဆေးကြောပြီး အခြောက်လှမ်းပြီးစီးရန်အတွက် အချိန်တော်တော်သုံးလိုက်ရသည်။ သူ့ညာဘက်လက်ကလည်း နဂိုကတည်းက သွက်လက်စွာအသုံးပြု၍ မရနေခြင်းဖြစ်သည်။ စတော်ဘယ်ရီကို ရေဆေးရခြင်းကို ထားလိုက်၍ရသည် ...၊ အညှာတံကို ဖြုတ်ရဦးမည်... ...။ အညှာတံပါတဲ့စတော်ဘယ်ရီကို စားမိရင် အဆိပ်သင့်မှာမို့လို့လား...။ နောက်ဆုံးတွင် သူသည် စတော်ဘယ်ရီတစ်လုံးချင်းစီ၏ အညှာတံများကို သွားများနှင့် ကိုက်ဖြုတ်ခြင်းဖြင့် ဖြေရှင်းလိုက်သည်။

ချန်ခေါ့သည် အလွတ်ရလုနီးပါးကြည့်ထားသော ပြုလုပ်နည်းလမ်းညွှန်အတိုင်း ကိုက်ဖြတ်ပြီးသွားသော စတော်ဘယ်ရီသီးများကို အရက်စိမ်ပုလင်းထဲသို့ ထည့်လိုက်သည်။ စတော်ဘယ်ရီ (၅) ကီလိုနှင့် သကြား (၁) ကီလိုတို့ကို ပုလင်းထဲသို့ ဝေါခနဲအကုန်လောင်းထည့်လိုက်သည်။ တဆေးကို သကြားရေနွေးနွေးဖြင့် ကစော်ဖောက်ရမည် ... ...

ထို့နောက် စတော်ဘယ်ရီများကို ဖိခြေရမည်။

ချန်ခေါ့သည် လက်အိတ်ဝတ်ပြီး ပုလင်းထဲလက်ထည့်ကာ စတော်ဘယ်ရီများကို ဖိခြေလိုက်သည်။

မီးဖိုချောင်ပြတင်းပေါက်အပြင်ဘက်တွင် မြေကွက်လပ်အလွတ်သေးသေးလေးတစ်ခုရှိသည်။ သုံးနှစ်ခွဲလေးသည် စက်ဘီးသေးသေးလေးတစ်စီးဖြင့် ထိုမြေကွက်လပ်ထဲတွင် လှည့်ပတ်စီးနေကာ ပါးစပ်ကလည်း ဘာမှန်းမသိသောသီချင်းကို သီဆိုနေသည်။

ချန်ခေါ့က ထိုကလေးကိုကြည့်ရင်း စိတ်လွတ်နေသည်။

သူသည် ကလေးငယ်လေးများကို သိပ်သဘောကျတတ်သည့်သူမဟုတ်ပေ။ သို့သော် သုံးနှစ်ခွဲကလေးသည် ချစ်စရာကောင်းပြီး လူကိုစိတ်အနှောင့်အယှက်မဖြစ်စေပေ။ အဓိကမှာ ... ... ကျန်းယွီသော်က ဤကလေးအကြောင်းကို မကြာခဏပြောလေ့ရှိသည်။

သို့နှင့် သုံးနှစ်ခွဲကလေးသည် အနက်အဓိပ္ပါယ်အချို့အရပြောရမည်ဆိုလျှင် ကျန်းယွီသော်နှင့် ဆက်စပ်နေသကဲ့သို့ ဖြစ်သွားသည်။

စတော်ဘယ်ရီများကို အားလုံးဖိခြေပြီး၍ စိမ်လိုက်ပြီးနောက် ချန်ခေါ့သည် ပုလင်းကို အခန်းအနွေးပေးစက်နားတွင် ထားလိုက်သည်။ ဤသို့ဆိုလျှင် အလုပ်ပြီးမြောက်ပြီဟု ပြော၍ရနေပြီ။

ဆက်လက်၍ လုပ်ဆောင်ရမည်မှာ စောင့်ဆိုင်းခြင်းသာ ရှိတော့မည်။

စတော်ဘယ်ရီအရက်ကို သောက်၍ရသည့်အချိန်အထိစိမ်ပြီးသည်ကို စောင့်ရမည်။

စတော်ဘယ်ရီအရက်ကိုသောက်မည့်လူ ပြန်လာမည့်အချိန်ကို စောင့်ရမည်။

.

နေရောင်က ကြည်သာလင်းထိန်နေသည်။ ကျန်းယွီသော်သည် ပြတင်းပေါက်နားရှိ ကုလားထိုင်ပေါ်တွင်ထိုင်နေပြီး မျက်လုံးများတောင် ဖွင့်ရခက်နေသည်။

"အခုတလော ဘယ်လိုနေလဲ"

အစ်မလော်က စားပွဲငယ်လေး၏ မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေသည်။

"တော်တော်ကောင်းတယ်။ အိပ်ရေးကလည်း တော်တော်မှန်တယ်။ မနေ့တုန်းက ဆေးမသောက်လည်း အိပ်ပျော်သွားတယ်"

"ဒါက မင်းနားထောင်ချင်တဲ့သီချင်းတွေ။ အားလုံးကို အစ်မသွင်းထားပေးတယ်။ နားထောင်ရတာ ပျင်းသွားရင် ပြန်လဲပေးမယ်"

လော်ကျဲက MP3 တစ်ခုကို စားပွဲပေါ်သို့ တင်ပေးလာသည်။

"အင်း"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်ပြီး MP3 ကို လှမ်းယူလိုက်ကာ နားကြပ်ထိုးပြီး နားထောင်လိုက်သည်။

အစ်မလော်က ရယ်ရင်း -

"စီးကရက်ကတော့ မဝယ်ပေးဖြစ်ဘူး။ နောက်တစ်ခေါက်လာရင် ယူလာပေးမယ်နော်။ ဒေါက်တာလီက လျှော့သောက်ဖို့ မင်းကိုပြောတယ်မလား"

"အင်း"

ကျန်းယွီသော်က လက်ချောင်းလေးချောင်းထောင်ပြလိုက်ပြီး -

"ကျွန်တော် သူ့ကိုကတိပေးထားတယ်။ တစ်ရက်လေးလိပ်ပဲသောက်မယ်လို့"

"နေနိုင်ရဲ့လား"

"နေနိုင်တယ်။ ဒါတွေက ဘာမှထွေထွေထူးထူးမဟုတ်ဘူး ... ... ကျွန်တော်နဲ့အတူ ခြံဝန်းထဲမှာ လမ်းလိုက်လျှောက်ပေးပါလား"

"ကောင်းပါပြီ"

အစ်မလော်က မတ်တတ်ရပ်လိုက်သည်။

ခြံဝန်းထဲသို့ရောက်သောအခါ ကျန်းယွီသော်သည် သိသာစွာပင်စိတ်သက်သာရာရသွားသည်။

ဆေးရုံဆို ဘယ်လိုဆေးရုံမျိုးပဲဖြစ်ပါစေ၊ ဤဆေးရုံကဲ့သို့ ဆေးရုံနှင့်လုံးဝမတူနေသော ဆေးရုံကလည်း သူ့အားကြောက်လန့်စေသည်။

တစ်နေ့တွင် ကိုယ့်သဘောနှင့်ကိုယ်လာတက်ရန်တောင်းဆိုမိမည်ဟု သူတစ်ခါမှမတွေးခဲ့ဖူးပေ။

မနေ့ကမှ သူသည် ဆေးအကူအညီမပါဘဲ ခက်ခဲပင်ပန်းစွာအိပ်ပျော်နိုင်ခဲ့ခြင်းဖြစ်သည်။ အရင်နှစ်ညတုန်းက သူသည် ခုတင်ထောင့်တွင် ငုတ်တုတ်ထိုင်ရင်း ဖြတ်သန်းခဲ့ရသည်။

ဆေးရုံကိုကြောက်လန့်ခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာလီနှင့်သူ ဆွေးနွေးဖူးသည်။

ကိစ္စအတော်များများကို သူမစဉ်းစားချင်ပေ။ သို့သော် သေချာပြတ်သားစွာမှတ်မိနေလျက်သားဖြစ်သော်လည်း နောက်တစ်ကြိမ်ထပ်ပြီး ပြန်စဉ်းစား၍မရတော့အောင် အတင်းအကျပ်ဖျောက်ဖျက်ထားသော ဤတစ်စိတ်တစ်ပိုင်းကိုတော့ သူမဖြစ်မနေရင်ဆိုင်ရမည်ဖြစ်သည်။

ဆေးရုံတက်ရန်၊ ဒဏ်ရာကိုဖွင့်ထုတ်ဆွဲခွာပစ်ရန် သူရွေးချယ်ခဲ့သည်။ ဤသည်မှာ နောက်ကနေ တစ်သက်လုံးလိုက်ပါနေမည့် မှတ်ဉာဏ်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်ပြောပြရန် ရွေးချယ်ခဲ့သည်။ ယခုတွင် တစ်က္ကန့်တောင်မရပ်မနားဘဲနာကျင်နေသော ဤနာကျင်မှုကို သည်းခံရမည်။

ဆရာဝန်နှင့်ပြောဆိုဆွေးနွေးပြီးခဲ့သော ထိုညတွင် သူသည် နိုးကြားကြည်လင်မှုနှင့် စိတ်ထင်ယောင်ထင်မှားဖြစ်မှုကြားတွင် တစ်ညတာလုံး ရှုပ်ထွေးရောနှောနေခဲ့သည်။ အိပ်မက်လား လက်တွေ့လားဆိုသည်ကို မခွဲခြားမသိမြင်နိုင်ဖြစ်ခဲ့ရသည်။

မြင်ကွင်းရုပ်ပုံက စစ်မှန်ပြီးသဘာဝကျလွန်း၍ သူ့မှာ အသက်ရှူခြင်းကတောင် အခက်အခဲဖြစ်ရသည်။

သူသည် လင်းထိန်သောအခန်းထဲတွင်လှဲနေပြီး အခန်းထဲတွင် ရှုပ်ထွေးနေသောအသံများ၊ လှုပ်ယမ်းယိမ်းထိုးနေသောရုပ်ပုံသဏ္ဍာန်များရှိနေသည်။ သူသည် ခက်ခဲပင်ပန်းစွာခေါင်းလှည့်လိုက်သော် ပြန့်ပြူးအောင်မဖြန့်ထားသော ခန်းဆီးလိုက်ကာကြားတွင် အခြားခုတင်တစ်ခုကို မြင်ရမည်။

သွေးအများကြီးရှိနေသည်။

၎င်းက ရဲတစ်ယောက်ဖြစ်ကြောင်း ဒေါက်တာလီက သူ့ကိုပြောပြသည်။

ထိုလူ၏မျက်နှာရုပ်သွင်ကို သူမမှတ်မိတော့ပေ။ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိကြောင်း၊ အရပ်ဘယ်လောက်မြင့်ကြောင်း၊ ဝလား ပိန်လား၊ နာမည်ဘယ်လိုခေါ်လဲ၊ "ကျန်းယွီသော် မြန်မြန်ပြေးတော့" ဟူ၍ အော်ပြောသောစကားသံကိုလည်း သူ မမှတ်မိတော့ပေ။

ထို့သော် ထိုသွေးများကိုတော့ သူမှတ်မိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကာကွယ်ပေးထားသော ခန္ဓာကိုယ်အပူချိန်ကို သူမှတ်မိနေသည်။

ထို့နောက် "တီး -------" ဟူသော ဆွဲငင်သည့်အသံရှည်...။

သူ့ကြောင့် ဘယ်လိုမှဆွဲထား၍မရနိုင်ဘဲ အနည်းငယ်စီကုန်လွန်ဆုံးရှုံးသွားခဲ့သော အသက်ဝိဉာဉ်ကို သူ သေချာရှင်းလင်းစွာ ခံစားသိရှိနေသည်။

လင်းထိန်နေသောမီးရောင်၊ လေထုထဲတွင်စွဲကျန်နေသော ပိုးသတ်ဆေးနံ့၊ မြင်ကွင်းထဲအပြည့်ဖြစ်နေသော အဖြူရောင်ထဲမှ ယိမ်းထိုးလှုပ်ရှားနေသည့်လူရိပ်၊ စက်ပစ္စည်းဆီမှ "တတီတီ" မြည်သံ၊ ဤအရာခပ်သိမ်းတို့သည် သူ့ကြောင့်သာ သေခြင်းတရားနှင့်အတူ ချိတ်ဆက်သွားပြီး၊ ထို့ပြင် တစ်ခုတည်းသော ချိတ်ဆက်မှုလည်း ဖြစ်လာသည်။

ဤအရာတို့ကို သူကြောက်ရွံ့သည်။ ထိုကဲ့သို့သောလူတစ်ယောက် နောက်ထပ်ရှိလာမည်ကို သူပိုကြောက်သည်။

နောက်ပိုင်းဖြတ်သန်းလာသော နေ့ရက်များထဲမှ တစ်နေ့ထက်တစ်နေ့ သူနှင့်ရင်းနှီးလာသူများ၊ တစ်ယောက်ချင်းစီ ပြန်လည်ထွက်ခွာပျောက်ကွယ်သွားကြသူများ၊ နောက်ထပ် လုံးဝပြန်မပေါ်လာတော့သောသူများ၊ အစရှိသည်တို့အားလုံးက သူ့အား စိတ်ပူပန်စေပြီး ကြောက်ရွံ့မှုလည်းဖြစ်စေသည်။

ချန်ခေါ့က သူ့ဘဝ၏ရှိရင်းစွဲအစိတ်အပိုင်းအဖြစ် တဖြည်းဖြည်းစတင်ဖြစ်တည်လာချိန်တွင် သူ၏စိတ်တင်းကျပ်မှုများ စတင်လာသည်။ နောက်တစ်ကြိမ်ဖြစ်ပေါ်လာမည့် "ပျောက်ကွယ်မှု" ကလည်း ရှောင်လွှဲ၍မရတော့သလို ဖြစ်လာသည်။ သူကိုယ်တိုင်က ချန်ခေါ့အား အမှန်တကယ် "ပျောက်ကွယ်" သွားအောင် လုပ်ဆောင်နိုင်ခြေရှိသည်ကို သတိထားမိသွားသောအချိန်တွင်၊ သူ့ကြောင့်ကြစိတ်က အခေါင်အဖျားသို့ ရောက်ရှိသွားတော့သည်။

သူ့ဆီမှထွက်ခွာသွားမှသာ ချန်ခေါ့က အန္တရာယ်ကင်းလုံခြုံမည်၊ မပျောက်ကွယ်ဘဲ ကျန်ရှိနေမည်။ သို့သော် သူ့ဆီမှထွက်ခွာသွားသော ချန်ခေါ့ကလည်း အရင်လူများအတိုင်း ခြေရာလက်ရာပျောက်ပြီး လိုက်ရှာ၍မရဖြစ်သွားမည်။

"အခုတလော၊ ချန်ခေါ့က ... ... အစ်မဆီကို ဆက်သွယ်လာတာမျိုးရှိလား"

ကျန်းယွီသော်နှင့် အစ်မလော်တို့သည် ခြံဝန်း၏လမ်းလေးအတိုင်း ဖြည်းဖြည်းနှေးနှေး လမ်းလျှောက်နေကြသည်။ သူသည် စီးကရက်တစ်လိပ်ကိုမီးညှိလိုက်ပြီး သောက်ခဲ့သည့်အလိပ်အရေအတွက်ကိုလည်း ရေကြည့်လိုက်သည်။ ဤသည်မှာ ယနေ့၏သုံးလိပ်မြောက်ဖြစ်သည်။

"မရှိဘူး။ ဟိုရက်က သူနဲ့ဖုန်းဆက်ပြီးသွားပြီးနောက်ပိုင်း အစ်မဆီကို သူထပ်ပြီးဆက်သွယ်မလာတော့ဘူး"

"သူ့ကို အစ်မ ပြောပြလိုက်လား"

အစ်မလော်က သူ့ပခုံးပေါ်ကို ခပ်ဖွဖွပုတ်လိုက်ပြီး -

"ဘာအကြောင်းကို ပြောတာလဲ။ မင်းဘယ်မှာရှိနေလဲဆိုတဲ့အကြောင်းလား။ ဒါမှမဟုတ် မင်းအခြေအနေတွေကို သူ့ကိုပြောပြလို့မရဘူးဆိုတဲ့အကြောင်းလား"

"ပြောပြလို့မရဘူးဆိုတဲ့အကြောင်း"

အစ်မလော်က ခေါင်းညိတ်ရင်း -

"ပြောလိုက်တယ်"

ထိုစကားကိုကြားလိုက်ရချိန်တွင် ကျန်းယွီသော်သည် ရုတ်တရက်မျှော်လင့်ချက်မဲ့သွားသည်။ သို့သော် တစ်အောင့်ခန့်ရပ်တန့်သွားပြီး သက်ပြင်းတစ်ချက်လည်းမှုတ်ထုတ်လိုက်ကာ -

"အဲဒီတော့ သူက ကျွန်တော့်ကိုရှာချင်နေတယ် ... ... ဘယ်နေရာမှာရှာရမှန်းလည်း မသိနေဘူး။ အဲဒီလိုလား"

အစ်မလော်က ပြုံးလိုက်ပြီး -

"ဟုတ်တယ်။ မင်းကိုသူအရမ်းစိတ်ပူနေလို့ သူ့ကိုပြောပြလို့မရဘူးလို့ အစ်မပြောလိုက်တဲ့အချိန်မှာ သူတော်တော် စိတ်မကောင်းဖြစ်သွားတယ်"

ကျန်းယွီသော်က နှုတ်ခမ်းထောင့်က တွန့်တက်သွားသည်။

မျက်မှောင်ကြုတ်ထားရင်း -

"ကျွန်တော်က ... ... ကျွန်တော်ဘယ်လိုကုသမှုခံယူနေရလဲဆိုတာကို ... ... သူ့ကို မမြင်စေချင်လို့၊ သိလည်း မသိစေချင်လို့"

"အင်း"

အစ်မလော်က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော့်မှာ စိတ်ပိုင်းဆိုင်ရာရောဂါရှိနေတယ်ဆိုတာကိုပဲ သူသိနေတယ်"

ကျန်းယွီသော်က နှုတ်ခမ်းလွှာကိုကိုက်လိုက်ပြီးနောက် ဆက်ပြောလာသည်။

"ဒါပေမဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးရုံလာတက်နေတာကို သူမြင်ရတယ်ဆိုတာကတော့ နည်းနည်းတော့ ကွဲပြားပြီမဟုတ်လား"

"မင်းတွေးနေသလောက်လည်း မပြင်းထန်နေပါဘူး"

အစ်မလော်က ရယ်ရင်းပြောလိုက်သည်။

ကျန်းယွီသော်က အသံတိုးတိုးဖြင့် -

"ကိုယ်တိုင်မြင်ရပြီး ဝမ်းတွင်းကအလိုလိုသိသွားတဲ့ခံစားချက်မျိုး သူ့ကို မရသွားစေချင်ဘူး။ သူလန့်ပြီး ထွက်ပြေးသွားမှာ"

"မင်းပြောသလို တိုက်ရိုက်မြင်ရတဲ့ခံစားချက်မျိုးကို သူ မခံစားတာရလည်းဖြစ်နိုင်တာပဲလေ။ ဘယ်အချိန်ပဲဖြစ်ဖြစ် အမြဲတမ်းဖုံးကွယ်ထားနိုင်မှာလည်းမဟုတ်ဘူး။ ဟုတ်တယ်မလား"

ကျန်းယွီသော်က ခေါင်းလှည့်ကြည့်လိုက်ပြီး -

"အစ်မပြောကြည့်၊ ကျွန်တော်ပြန်သွားတဲ့အချိန်မှာ သူ ... ... ထွက်သွားနှင့်တာမျိုး ဖြစ်နေလောက်မလား"

"မင်းဘာဖြစ်လို့ အဲဒီလိုမျိုးထင်ရတာလဲ"

"မစောင့်နိုင်ရင်ထွက်သွားပါလို့ သူ့ကိုကျွန်တော်ပြောထားခဲ့တာ"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ထားရင်း လမ်းပေါ်တွင်ရှိသော ကျောက်ခဲလေးများကို ခေါင်းငုံ့ကြည့်လိုက်သည်။ တစ်လုံးချင်းစီကို လိုက်ကြည့်နေပြီး ပထမဆုံးမြင်လိုက်သော ထိုတစ်လုံးကို မျက်တောင်တစ်ချက်မှိတ်လိုက်ပြီးနောက်တွင် ပြန်ရှာမတွေ့တော့ပေ။ ကျန်းယွီသော်က ဆက်ပြီး -

"သူက သူဌေးအိမ်ကသခင်လေး။ အမြဲတမ်းပဲ ... ... ကျွန်တော့်အပေါ် အရမ်းကောင်းတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက ... ..."

အစ်မလော် ခြေလှမ်းရပ်လိုက်ပြီး -

"ရှောင်ကျန်း။ အရင်တုန်းက အစ်မကို သူစကားတစ်ခွန်းပြောထားခဲ့တယ်။ သင့်တော်တဲ့အချိန်မှာ မင်းကို စကားပါးပေးဖို့ပြောခဲ့တာ"

"ဘာစကားလဲ"

ကျန်းယွီသော်က အနည်းငယ်စိတ်လောကြီးစွာ အစ်မလော်အား စိုက်ကြည့်လိုက်သည်။

"ရှောင်ချန်ကပြောတယ်၊ သူဘယ်ကိုမှမသွားဘူးတဲ့"

"သူ ဘယ်ကိုမှ မသွားဘူး"

ကျန်းယွီသော်က လေသံဖွဖွဖြင့် ပြန်ရေရွတ်လိုက်သည်။

အစ်မလော် ခေါင်းညိတ်လိုက်ရင်း "အင်း" ဟုဆိုသည်။

ကျန်းယွီသော်က အချိန်အတော်ကြာသည်အထိ စကားမဆိုဘဲတိတ်ဆိတ်နေသည်။ စိတ်ထဲတွင် ချန်ခေါ့၏ ထိုစကားတစ်ခွန်းကို တစ်ကျော့ပြီးတစ်ကျော့ပြန်ရွတ်နေသည်။ ထိုစကားကိုပြောခဲ့ချိန်တွင် ချန်ခေါ့၏ မျက်နှာအမူအရာနှင့်လေသံကို သူခန့်မှန်းနိုင်သည်။

"ငါဘယ်ကိုမှမသွားဘူး"

အကယ်၍ အစ်မလော်ကိုပြောရခြင်းသာမဟုတ်လျှင် "ငါ ဘယ်စောက်နေရာကိုမှထွက်မသွားဘူး" ဟု သူပြောလိမ့်မည်ထင်သည်။

ကျန်းယွီသော် ရယ်လိုက်သည်။

ဤသည်မှာ သူတိတ်တဆိတ်ထွက်ပြေးလာခဲ့ပြီးနောက် ပထမဆုံးရယ်ချင်စိတ်ဖြစ်လာခြင်းဖြစ်သည်။ နှုတ်ခမ်းထောင့်ကို အတင်းအကျပ်ဆွဲပြီး ပြုံးရခြင်းလည်းမဟုတ်သလို စိတ်မပါစွာအတင်းလုပ်ယူရသော အပြုံးလည်းမဟုတ်ပေ။ ချန်ခေါ့၏လေသံကိုစဉ်းစားမိချိန်တွင် သူသည် သဘာဝကျစွာ၊ ထို့နောက် အမှုမဲ့အမှတ်မဲ့ဖြစ်စွာ ဤကဲ့သို့ပြုံးရယ်မိသည်။

သို့သော် မျက်ရည်ကလည်း လိုက်ပြီး စီးကျလာသည်။

သူသည် ခေါင်းကို တစ်ဖက်သို့အလျင်အမြန်လှည့်လိုက်ပြီး လက်က မျက်လုံးကို အလျင်အမြန်ပွတ်သပ်လိုက်သည်။

မျက်ရည်မလိုအပ်သောအချိန်မျိုးတွင် သူသည် စိတ်အခြေအနေကို စက္ကန့်ပိုင်းအတွင်း နဂိုပုံမှန်အတိုင်းဖြစ်အောင် ပြန်လည်ထိန်းသိမ်းနိုင်သည်။

နာကျင်မှုမှ ဖြစ်တည်ဆင်းသက်လာသည့် ဤကဲ့သို့သောစွမ်းရည်မျိုးကို နောက်ထပ်အများကြီး သူပိုင်ဆိုင်ထားသေးသည်။ နာကျင်မှုကိုယ်တိုင်ကဲ့သို့ သူ့ဘဝထဲတွင် တစ်သားတည်းမြုပ်ဝင်နေသည်။

ခေါင်းပြန်လှည့်လာချိန်တွင် မျက်ရည်မျာ မရှိတော့သည်ကို သူသိသည်။ သို့သော် ထိုစကားများကို မပြောဘဲ သူမထိန်းနိုင်ခဲ့ပေ။

ကျန်းယွီသော်က တိုးလျသောအသံဖြင့် -

"သူ့ကို ကျွန်တော်အရမ်းသတိရတယ်။ အရမ်း အရမ်းကိုသတိရတယ်"

"အစ်မသိတယ်။ အစ်မသိပါတယ်။ သူ့ကို အစ်မ ဒီစကားပြန်ပြောပေးရမလား"

အစ်မလော်အသံက အလွန်နူးညံ့သည်။

ကျန်းယွီသော်က ခေါင်းမော့လိုက်ပြီး အလွန်ပြတ်သားစွာငြင်းဆိုလိုက်သည်။

"မပြောနဲ့။ ကျွန်တော်ကသနားစရာကောင်းတယ်ဆိုပြီး သူ့ကိုမထင်စေချင်ဘူး။ ကျွန်တော့်အတွက် စိတ်မကောင်းလည်း မဖြစ်စေချင်ဘူး"

"ကောင်းပါပြီ"

အစ်မလော်က ခေါင်းညိတ်လိုက်သည်။

.

ကျန်းယွီသော်ထွက်သွားသော (၂၂) ရက်မြောက်နေ့။ ကျန်းယွီသော်အပေါ် အရှက်မရှိသောကိရိယာများ အသုံးပြုချင်သည်။

ချန်ခေါ့သည် သုံးလွှာရှိအခန်းငယ်လေးထဲတွင် ပြတင်းပေါက်နှင့်မျက်နှာချင်းဆိုင်ပြီး ထိုင်နေသည်။ ယနေ့ ဆိုင်ထဲတွင် ဧည့်သည်အလွန်များနေသည်။ နေ့လယ်ခင်းတွင် သဲပန်းချီဖျော်ဖြေမှုတစ်ခုရှိသည်။ ထိုအချိန်လောက်ရောက်လျှင် သုံးလွှာတွင်လည်း လူအပြည့်ဖြစ်သွားလောက်မည်။

သူသည် လက်ပ်တော့ကိုပိုက်ပြီး ဘယ်ဘက်လက်ဖြင့် ကီးဘုတ်ပေါ်တွင် ဟိုနှိပ်ဒီနှိပ်လုပ်နေသည်။ အတော်ကြာအောင်နှိပ်နေပြီးမှ ယခုတွင် သူသည် ညာဘက်လက်ရှိသောလူတစ်ယောက် ဖြစ်သွားပြီကို သတိရသွားသည်။

အလေ့အကျင့်ဟူသည်မှာ တကယ်ကိုပင် ဆန်းကျယ်သောအရာပင်ဖြစ်တော့သည်။ ကျောက်ပတ်တီးလေးသာ စည်းနှောင်ခဲ့တာကို ညာဘက်လက်၏တည်ရှိမှုကို မေ့ပျောက်သွားခဲ့မိသည်။

ဤကဲ့သို့သာ တွက်ရမည်ဆိုလျှင် ... ချန်ခေါ့သည် ပြက္ကဒိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ယခု သူ့ဘေးနားတွင် ကျန်းယွီသော်မရှိနေခြင်း၏အထီးကျန်မှုကို ဘယ်လိုပဲလုပ်လုပ် လုံးဝကျင့်သားမရနေသည့်အချက်ကလည်း ထူးဆန်းမနေတော့ပေ။

စောင့်ဆိုင်းခဲ့သောအချိန်ကာလက သိပ်မကြာရှည်သေး၍လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဟွေ့ဟွေ့၏ ယခုလအတွက်အကျဉ်းချုပ်အစီရင်ခံစာကိုဖတ်ပြီးနောက် ပိုမိုကောင်းမွန်အောင်ပြောင်းလဲမည့်အိုင်ဒီယာနောက်တွင် သူ၏ကိုယ်ပိုင်အတွေးအမြင်များကို ထပ်ထည့်လိုက်သည်။ ထို့နောက် အကျဉ်းချုပ်ကိုပိတ်လိုက်ပြီး နောက်ထပ်ဖိုင်တစ်ဖိုင်ကို ထပ်ဖွင့်လိုက်သည်။

ဤဖိုင်သည် တစ်နိုင်ငံလုံး၏ဒေသအသီးသီးရှိ စိတ်ကျန်းမာရေးဆေးရုံများ၏ အမည်၊ လိပ်စာနှင့် အထွေထွေအခြေအနေများပါသော စာရင်းဖိုင်ဖြစ်သည်။

ကျန်းယွီသော်ရှိသည့်နေရာကို အစ်မလော်က သူ့အား ပြောပြ၍မရဟု ဆိုခဲ့သည်။ ဤသည်မှာ တကယ်တော့ ကျန်းယွီသော်သည် အစ်မလော်နှင့်အတူ ရှိနေခြင်းမဟုတ်ကြောင်းကို ဖော်ပြနေသည်။ ထို့ပြင် ကျန်းယွီသော်က ဒီလိုဆုံးဖြတ်ချက်ချလိုက်ရာတွင် အစ်မလော်အား ရိုးရိုးတန်းတန်း ထပ်ဆက်သွယ်ခြင်းသက်သက်မဟုတ်နေသည်မှာ သေချာသလောက်ဖြစ်နေသည်။ ယခင်က ကျန်းယွီသော်သည် ကုသမှုမြောက်များစွာကို ခံယူခဲ့ဖူးကြောင်း၊ တစ်လျှောက်လုံးအတိုက်အခံခဲ့လုပ်ပြီး တင်းခံနေ၍လည်း ကုသမှုနည်းလမ်းအတော်များများကို နိုင်နင်းစွာကိုင်တွယ်နိုင်စွမ်းရှိကြောင်းကို အစ်မလော်ပြောခဲ့ဖူးသည်။

ကျန်းယွီသော်က ဆေးရုံတက်ပြီးကုသမှုခံယူဖူးသောရာဇဝင် ရှိကိုရှိရမည်ဟု ချန်ခေါ့မှတ်ယူထားသည်။ ထို့ပြင် ယခုတစ်ခေါက်တွင် ကျန်းယွီသော်က ဆေးရုံကိုပြန်သွားရန် ရွေးချယ်ခဲ့သည်။

ထို့ကြောင့် တကယ့်တကယ်တွင် ချန်ခေါ့သည် ပစ်မှတ်ကို အစ်မလော်ရှိသောမြို့အား သတ်မှတ်လိုက်ရန်သာ လိုအပ်သည်။ ကျန်းယွီသော်ကယ်ထုတ်ခံလာရပြီးနောက် ထိုမြို့တွင်သာ နေထိုင်ခဲ့ဖူးသည်။ ထို့ပြင် ထိုနယ်မြေထဲတွင်လည်း အတော်အတန်ကောင်းမွန်သော ဆေးရုံတစ်ရုံရှိနေသည်။

ယခုကဲ့သို့ ရှိသမျှသောဆေးရုံများကို တစ်ခုချင်းစီရှာဖွေပြီး စာရင်းလုပ်ရခြင်းအကြောင်းရင်းမှာ အချိန်ကုန်လွန်သွားအောင်ဖြစ်သည်။

အားလပ်သောအချိန်မျိုးတွင်၊ စိတ်လှုပ်ရှားထိခိုက်လွယ်သောအချိန်မျိုးတွင်၊ သူသည် ကျန်းယွီသော်နှင့်ပတ်သက်သောအလုပ်တစ်ခုခု လုပ်နေရန်လိုအပ်နေ၍ဖြစ်သည်။

စိမ်ထားသောစတော်ဘယ်ရီအရက်က ကစော်ဖောက်လုနီးပါးဖြစ်နေပြီ။ နောက်ထပ်အချိန်ပိုင်းအတွင်း သောက်၍ရတော့မည်ဟု ဟွေ့ဟွေ့ကပြောပြသည်။ သို့သော် နောက်ထပ်နှစ်လခန့် ထပ်ထားထားလျှင် အရသာပိုကောင်းမည်ဟုလည်းပြောသည်။

သူသည် ချန်ချင့်နှင့်လည်း ထမင်းနှစ်ကြိမ်ထွက်စားခဲ့ပြီးပြီ။ မြောင်ကိုလည်း ရေနှစ်ကြိမ်သွားချိုးပေးပြီးပြီ။

နောက်တစ်ပတ်တွင် တိုက်ခန်းလခသွားကောက်ရန် ချန်ချင့်နှင့်အတူလိုက်သွားမည်ဟုလည်း တွေးထားသေးသည်။

သူ့အနေဖြင့် ကျန်းယွီသော်နှင့်အဆက်မပြတ်ထိတွေ့မှုရှိနေရန် လိုအပ်သည်။ သူ့နေ့စဉ်ဘဝထဲတွင် ကျန်းယွီသော်က မကြာခဏထွက်ပေါ်နေရန်လည်းလိုအပ်သည်။ ကျန်းယွီသော်၏ခြေရာလက်ရာအရိပ်အယောင်များ၊ ထွက်သက်ဝင်သက်များ...။

သူထွက်သွားမည်ကို ကျန်းယွီသော်က စိုးရိမ်ကြောက်ရွံ့နေသည်။

ကျွန်တော်မကောင်းသေးခင် ခင်ဗျားထွက်သွားမှာကို ကျွန်တော်အရမ်းကြောက်တယ်။

ခင်ဗျားမစောင့်နိုင်တော့ရင် ထွက်သွားလို့ရပါတယ်။

ရပါတယ်။

ကျန်းယွီသော်ကြောက်သောကိစ္စကို သူလည်းထပ်တူကြောက်လန့်သည်။

သည်အသက်အရွယ်ရောက်သည်အထိ ကြီးပြင်းလာရာတွင် သူသည် မည်သူတစ်ဦးတစ်ယောက်အပေါ်ကိုမှ ယခုကဲ့သို့သော ခံစားချက်မျိုးမဖြစ်ပေါ်ဖူးသေးပေ။

အချိန်ကြာမြင့်လာသည်အမျှ ပမာဏကလည်း နက်နဲလွန်ကဲလာသည်။ သူ့ကိုယ်သူနားလည်ထားသောဘောင်ကိုပင် ကျော်လွန်သွားသည်အထိ ခံစားချက်က နက်နဲနေခဲ့ပြီဖြစ်သည်။

ကျန်းယွီသော်အပေါ် ချန်ခေါ့၏စိတ်ဝင်စားမှုသည် သူ၏ထူးခြားမှု၊ သူ၏ပင်ကိုယ်စရိုက်၊ သူ၏ဆန်းကျယ်သော အတွေးအမြင်၊ ယုတ်စွအဆုံး တံခါးဖွင့်လိုက်ချိန်တွင် တစ်ကိုယ်လုံးအဝတ်ဗလာဖြစ်နေသောသူ့ကိုယ်ခန္ဓာမှ အရင်းခံပြီး အစပြုခဲ့ခြင်းဖြစ်သည်။

သို့သော် နောက်ပိုင်းတွင်...။

မိမိ၏အလေးအနက်ရှိမှုကို ကျန်းယွီသော်က နည်းနည်းလေးတောင် သံသယမဝင်ပေ။ ကျန်းယွီသော်ကြောက်ရွံ့သည်မှာ ပြောင်းလဲမှုကိုဖြစ်သည်။

အချိန်ကာလသည် ကျန်းယွီသော်အတွက် ညှဉ်းပန်းနှိပ်စက်မှုဖြစ်သည်။

ချန်ခေါ့အတွက်မူ ကြောင့်ကြရသော စိတ်ထင့်မှုဖြစ်သည်။

လက်ရှိအချိန်၏သူသည် ထွက်ခွာသွားရန်၊ ပျောက်ကွယ်သွားရန် သူ့ကိုယ်သူ ဘယ်လိုမှစိတ်ကူးပုံဖော်ကြည့်၍မရနေပေ။ သို့သော် သူသည်လည်း အချိန်ကာလကိုကြောက်ရွံ့သည်။

တစ်နေ့နေ့ ကျန်းယွီသော်ပြန်လာချိန်တွင် ဤနေရာ၌ သူ မရှိနေတော့မည်ကို သူကြောက်သည်။

ချန်ခေါ့သည် ပထမဆုံးအနေဖြင့် သူ့စိတ်ခံစားချက်အပေါ် ဤမျှကြီးမားသော မျှော်လင့်ချက်နှင့်ချောက်ချားထိတ်လန့်မှုတို့ တည်ရှိလာခဲ့သည်။ ထို့ကြောင့် ကျန်းယွီသော်တည်ရှိနေခြင်း၏ လက္ခဏာအရိပ်အယောင်များအားလုံးကို သူလိုအပ်သည်။

ဉာဏ်ရည်နှင့်ပတ်သက်လျှင် အခွန်ရှောင်သောအကြီးစားသုံးစွဲသူဟု သူအမြဲတမ်းမှတ်ယူထင်မြင်ခဲ့သော ချန်ချင့်ကပင် သူ့အား တရင်းတနှီးဖြစ်နေသောခံစားချက်ကို ခံစားရစေသည်။

"ဒီလိုလုပ်ပါလား"

သူ့ကိုခေါ်ပြီး သုံးကြိမ်မြောက်အနေဖြင့် တိုက်ခန်းလခသွားကောက်သောချန်ချင့်က ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"နောက်လတိုက်ခန်းလခကောက်ရင် ခင်ဗျားပဲလာကောက်လိုက်တော့။ ခင်ဗျားနဲ့တင် ရနေပြီ"

"ဟင်"

ချန်ခေါ့က ကြောင်သွားသည်။

"ခင်ဗျားဒီပုံစံကိုကျွန်တော်ကြည့်နေတာ၊ စန်းကောရဲ့ မပြီးမြောက်တဲ့အလုပ်အကိုင်ကို လက်လွှဲယူဖို့ရည်ရွယ်ထားတဲ့ပုံနဲ့ တူနေတယ်။ ဒီနေ့ဒီတစ်ခေါက်ခင်ဗျားထွက်လာတာ ဝင်လာတဲ့ဖုန်းကောက သုံးကောတောင်ရှိနေပြီမလား။ ဆိုင်မှာ ကိစ္စတွေကတစ်ပုံကြီးရှိနေတာ။ အဲဒါတောင် ခင်ဗျားကဒီကိုလာပြီး ကျွန်တော်နဲ့တိုက်ခန်းလခလိုက်ကောက်နေသေးတယ်"

ချန်ခေါ့က အနည်းငယ်ကသိကအောက်ဖြစ်သွားသည်။ ချန်ချင့်နှင့်အတူ တိုက်ခန်းလခကောက်ခဲ့သည်မှာ နှစ်လတောင်ရှိခဲ့ပြီကို ချန်ချင့်သာမပြောလျှင် သူကိုယ်ကိုယ်တောင် သတိထားမိမည်မဟုတ်ပေ။

ချန်ခေါ့က သက်ပြင်းချလိုက်ပြီး -

"တိုက်ခန်းလခကောက်တာက အလုပ်အကိုင်မဟုတ်ဘူး။ အလုပ်အကိုင်အတွက် မင်းရဲ့သတ်မှတ်ချက်ကလည်း အရမ်းကြီးနိမ့်မနေဘူးလား"

"ဝန်ခံဖို့ အင်တင်တင်ဖြစ်မနေပါနဲ့တော့။ ဒီအလုပ်ကိုလက်လွှဲယူမယူဆိုတာပဲ ပြောလိုက်ပါတော့လား"

ချန်ချင့်က သူ့ကိုကြည့်ရင်းပြောလိုက်သည်။

"ယူမယ်"

"ဒါဆို ပြီးနေတာပဲလေ။ ကျွန်တော်ကြည့်နေတာ တကယ်တော့ ခင်ဗျားတိုက်ခန်းလခကောက်တာက စန်းကော ကောက်တာထက်တောင် အလုပ်ဖြစ်သေးတယ်။ စန်းကောက ကြည့်လိုက်ရင် ကြမ်းတမ်းပုံပေါက်တယ်။ သူကဒီပတ်ဝန်းကျင်ရဲ့လောင်သာ့ဆိုတာ လူတိုင်းသိနေတယ်။ ခင်ဗျားဆိုရင်တော့ ကြည့်လိုက်ရင် ဘယ်သူလဲဘာကောင်လဲဆိုတာ မသိနိုင်ဘူး။ လူဆိုးဂိုဏ်းဘာညာမှာ ပတ်သက်နေတဲ့လူလည်း ဖြစ်နိုင်နေတယ်။ ဒါကျတော့ တော်တော်ကိုလန့်ဖို့ကောင်းသွားပြီ"

ချန်ခေါ့က ငေးကြောင်သွားပြီး -

"ငါကကြည့်လိုက်ရင် အဲဒီလောက်တောင် လန့်ဖို့ကောင်းနေတာလား"

"ဒီထက်ကို ပိုလန့်ဖို့ကောင်းနေတာဗျား။ ကျန်းသာ့ချီကိစ္စပြီးသွားကတည်းက ဟိုငတိကောင်တွေအားလုံးက ခင်ဗျားကို တော်တော်ဂါသွားကြတာ။ အခုအချိန် ခင်ဗျားကိစ္စတစ်ခုခုရှိလာရင် စကားတစ်ခွန်းတည်းနဲ့ ခင်ဗျားနောက်လိုက်မယ့်ကောင်တွေချည်းပဲ"

"စန်းကောရဲ့ အာဏာပါဝါတွေကို ဖြတ်မခုတ်တော့ပါဘူးကွာ"

"ဖြတ်ခုတ်လို့လည်းမရဘူး။ ဒါကကျတော့ နောက်ကိစ္စတစ်ခုဖြစ်သွားပြီ။ မတူဘူး"

ချန်ချင့်ကလက်တစ်ခါခါဖြင့်ပြောပြီးနောက် စဉ်းစားလိုက်ပြီး သက်ပြင်းချလိုက်ပြန်ကာ ဆက်ပြောသည်။

"လခွမ်း။ အခုထိ သူ့သတင်းတွေ ဘာမှမကြားရတုန်းပဲလား"

"အင်း။ မကြားရဘူး"

ချန်ခေါ့သည် ဘေးနားရှိနံရံပေါ်တွင်မှီလိုက်ပြီး စိတ်ဓါတ်ကလည်း အနည်းငယ်ကျဆင်းနေသည်။

သုံးလရှိသွားပြီ။ ကျန်းယွီသော်၏ဘာသတင်းကိုမှ မကြားရပေ။ အစ်မလော်ကလည်း သူ့အား ဖုန်းမဆက်ပေ။

"စန်းကောရဲ့မွေးနေ့ရောက်တော့မယ်။ ကလေးများနေ့လေ။ ခင်ဗျားသိတယ်မလား"

"သိတယ်"

ချန်ချင့်က ခေတ္တစဉ်းစားလိုက်ပြီးနောက် -

"အဲဒီအချိန်အထိ သူပြန်မလာသေးရင် ကျွန်တော်တို့နှစ်ယောက်ကပဲ သူ့မွေးနေ့ကို လုပ်ပေးလိုက်မယ်လေ"

ချန်ခေါ့က တန့်သွားပြီး -

"... ... နည်းနည်းကြောင်မနေဘူးလား"

ချန်ချင့်က ကျစ်ခနဲ စုတ်သပ်လိုက်ကာ -

"ဘာကြောင်စရာရှိလို့လဲ။ သတို့သားက မလာနိုင်လို့ သတို့သမီးကပဲ သူ့ဟာသူလုပ်လိုက်ရတဲ့ မင်္ဂလာဆောင်တောင် ရှိသေးတာပဲ"

ချန်ခေါ့က သီးသွားပြီး တစ်အောင့်ခန့်ချောင်းဆိုးသွားပြီးမှ -

"လောလောဆယ်တော့ မလောပါနဲ့ဦး။ ငါစဉ်းစားထားတာက ... ... နည်းနည်းထပ်စောင့်ကြတာပေါ့"

ကျန်းယွီသော်ထွက်ခွာသွားသည်မှာ ဘယ်နှရက်မြောက်မှန်းမမှတ်မိတော့သော်လည်း အချုပ်အားဖြင့် လပိုင်းလောက်ရှိသွားပြီ။ သူ့မွေးနေ့ရောက်တော့မည်။ မနက်အစောမှ ညသန်းခေါင်အထိ လုပ်ပစ်ချင်သည်။

စတော်ဘယ်ရီအရက်က အလွန်မွှေးပျံ့နေပြီဖြစ်သည်။ ကြည်လင်သောအနီရောင်ဖြစ်ပြီး၊ နေရောင်အောက်တွင်ထားပါက အဖြူရောင်နံရံပေါ်တွင် လှုပ်ရှားယိမ်းထိုးနေသော အနီရောင်ဖျောဖျော့လှိုင်းတွန့်များ ထင်ဟပ်တတ်သည်။

ချန်ခေါ့သည် အရက်ကိုရေခဲသေတ္တာထဲတွင် ပြန်ထည့်လိုက်ပြီး ဖုန်းထုတ်ကာ ရွှီတင်းအား ဖုန်းဆက်လိုက်သည်။

သူသည် ပြက္ကဒိန်ကိုကြည့်လိုက်ပြီး -

"ငါရက်ပိုင်းလောက်ခရီးထွက်မယ်။ တခြား themed restaurant တွေကို လိုက်လေ့လာကြည့်ဖို့"

"ဘယ်ကိုသွားဖို့လဲ"

"... ... နေရာတွေအများကြီးပဲ"

ချန်ခေါ့သည် လည်ချောင်းဟန့်ပြီး နေရာအမည်တချို့ကို ရွတ်ပြလိုက်သည်။

"တစ်ပတ်လောက်ကြာမယ်"

ရွှီတင်းက ခေတ္တတိတ်ဆိတ်သွားပြီးနောက် ရယ်လိုက်ရင်း -

"ဟုတ်ပြီ။ ဒါဆို ဆိုင်ကိစ္စတွေက ... ..."

"မင်းစိတ်မပူလည်းရတယ်။ ဒီရက်ပိုင်းအတွက် ဆိုင်ကိုကြည့်ထားဖို့ ဟွေ့ဟွေ့ကိုမှာထားတယ်။ သူလည်း တော်တော်လုပ်နိုင်တယ်"

"ဒါဆိုလည်း ဟုတ်ပါပြီ။ မင်းရဲ့ ... ... လေ့လာမှု ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်"

***

(ဆက်ရန်)

Continue Reading

You'll Also Like

1.4M 223K 92
ဗိုလ်ချုပ်ကြီးရဲ့ ဗန်ပိုင်းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
997K 143K 72
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
467K 29K 93
.Htan Yin Rai . Myo Shwe Myat မင်းကိုလွှတ်ပေးရမယ့်အစား ကားတင်ပြေးပြီးဖမ်းထားလိုက်တာကကိုယ့်တွက်ပိုအဆင်ပြေတယ် start _ 13.10 2021 .Htan Yin Rai . Myo...