နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [100]

709 93 11
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၁၀၀)

နဉ်ရှီသည် သူတစ်ပါးအပေါ် အမြဲတစေ ရိုသေလေးစားမှုရှိ၏။ လူအများအားကျရသည့် ချစ်သူခင်ပွန်းလောင်းမျိုး ပိုင်ဆိုင်ထားပါသော်ငြား မာနထောင်လွှားခြင်းမရှိသလို သူတစ်ဖက်သား ကသိကအောက်ဖြစ်ရအောင် ဘယ်သောအခါမှ မပြုမူတတ်ပေ။ သို့ဖြစ်၍ ကျင်းယွမ်ဖုန်းကို အအေးဖြင့်ပက်လိုက်သည့် နဉ်ရှီ၏အပြုအမူကို ရိုက်ကူးရေးအဖွဲ့သားများ မြင်သောအခါ ပထမဦးဆုံးအတွေးကား… ကျင်းယွမ်ဖုန်းက နဉ်ရှီကို ဘာများလုပ်ခဲ့လို့ပါလိမ့်..?

ထိုသို့တွေးကြသည်မှာလည်း အထူးအဆန်းမဟုတ်။ ကျင်းဟုန်ခိုင်၏ မြာပွေတတ်လွန်းသည့်အကျင့်ကို လူတိုင်း သိထားကြရာ အစ်ကိုဖြစ်သူ ကျင်းယွမ်ဖုန်းကိုလည်း တစ်သွေးတည်းတစ်သားတည်း “ဒီအစ်ကိုရှိလို့ ဒီလိုညီမျိုးရှိလာတာ’ဟူ၍ ထင်မှတ်သွားကြခြင်း ဖြစ်သည်။

“ဘော့စ်..!” ကျင်းယွမ်ဖုန်း၏ အတွင်းရေးမှူးလည်း အတော်အံ့အားသင့်သွား၏။ သူမက နဉ်ရှီ ယခုလိုမျိုး တုံ့ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့နှင့် တစ်ရှူးတချို့ ခပ်မြန်မြန်ထုတ်ကာ ကျင်းယွမ်ဖုန်းထံ ကမ်းပေးလိုက်သည်။ ယောက်ျားမိန်းမ ကွာခြားချက်ကြောင့်သာမဟုတ်လျှင် သူမကိုယ်တိုင် ကျင်းယွမ်ဖုန်းကို သုတ်ပေးမိလိမ့်မည်။

မျက်နှာပေါ်မှ လည်ပင်းအထိ စီးကျလာသော အချိုရည်များကြောင့် ကျင်းယွမ်ဖုန်း၏ တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်လာပြီး လည်ပင်းတစ်လျှောက် စေးကပ်ကပ်ဖြစ်လာသဖြင့် မျက်နှာအမူအရာက မည်းမှောင်လာတော့သည်။ “ကြည့်ရတာ မစ်နဉ်ကို ‘အမူအကျင့်’ဆိုတဲ့ စကားလုံးအကြောင်း ဘယ်သူမှ မသင်ပေးခဲ့ပုံပဲ..”

သူက သူမ၏မိဘများ စောစောစီးစီး သေဆုံးသွား၍ နဉ်ရှီကို ဆုံးမသွန်သင်မည့်လူမရှိဟု လှောင်ပြောင်လိုက်ခြင်းပင်။

အပြေးရောက်လာသော ဝန်ထမ်းများပင် ထိုစကားကြောင့် ‘ဒီကျင်းယွမ်ဖုန်း အရမ်းလွန်တာပဲ..’ဟူ၍ ခံစားလိုက်ကြရသည်။ တခြားမည်သည့်စကားမျိုးပြောပါစေ ကိစ္စမရှိသော်ငြား သေဆုံးသူများကို ထည့်ပြောခြင်းက တကယ့်ကို လွန်လွန်းသည်။ ဒေါသကြီးသူနှင့်သာ တွေ့လျှင် ရိုက်နှက်ခံရခြင်းက အပေါ့ပါးဆုံးပြစ်ဒဏ် ဖြစ်လိမ့်မည်။

ဒါပေါ့။ နဉ်ရှီကလည်း စိတ်သဘောထားကောင်းသူမဟုတ်။ ကျင်းယွမ်ဖုန်းကို ထမရိုက်သော်ငြား မျက်နှာထားစရာမရှိအောင် ပြန်ပြောခဲ့သည်.

“ကျွန်မက အမူအကျင့်မကောင်းဘူးဆိုရင်တောင် ရှင်တို့ကျင်းမိသားစုကို ယှဉ်နိုင်ပါ့မလား..” သူမက ခနဲ့တဲ့တဲ့ရယ်ကာ.. “ရှင်တို့ညီအစ်ကိုနှစ်ယောက် ဒီနှစ်တွေမှာ အသိတရားမရှိဘဲ ဘယ်လိုများ အသက်ရှင်ခဲ့တာလဲ..?”

ထိုစကားကြောင့် ကျင်းယွမ်ဖုန်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ အချိုရည်သုတ်နေသည့် သူ၏လက်လည်း ရပ်တန့်သွားသည်။ သူက နဉ်ရှီကို စူးစူးရဲရဲ စိုက်ကြည့်ကာ.. “မစ်နဉ်.. စကားကိုကြည့်ပြော..”

ဒီမိန်းမ ဘာသိထားလို့လဲ..? ဘာလို့ ဒီလိုလေသံမျိုးနဲ့ ပြောနေတာလဲ..? အဲ့နှစ်တုန်းက ဖြစ်ခဲ့တာတွေနဲ့ ချန်ကျန်းကျန်းရဲ့ သတ်သေမှုကို လူတချို့ပဲ သိထားတာပါ။ နဉ်ရှီက ဘယ်လိုလုပ်သိသွားတာလဲ..? ဧကန္တ ချန်းရှီကွေ့က လျှို့ဝှက်ထောက်လှမ်းပြီး နဉ်ရှီကို ပြောပြလိုက်တာများလား..?

ကျင်းယွမ်ဖုန်း၏ မူမမှန်သော မျက်နှာအမူအရာကြောင့် လူတိုင်း သံသယဝင်လာရသည်။ ကျင်းညီအစ်ကိုတွေ ဘယ်လောက်တောင် မကောင်းတာတွေလုပ်ခဲ့လို့ စကားနည်းနည်းပြောလိုက်ရုံနဲ့ အမူအရာပျက်နေရတာလဲ..?

ရပ်ကြည့်နေသည့် ပွဲကြည့်ပရိသတ်ကတော့ စိတ်ကူးပုံဖော်မပျက်။ မိနစ်အပိုင်းအတွင်း ဇာတ်ကြောင်းအစအဆုံး ဖန်တီးပြီးချေပြီ။ သူတို့အားလုံး အတူတူတွေးမိသည့်အချက်ကား ကျင်းညီအစ်ကိုဟာ မုန်းစရာကောင်းသည့် ဗီလိန်ညီအစ်ကို၊ သို့တည်းမဟုတ် ဇာတ်လမ်းတိုင်း၌ လူဆိုးလူယုတ်မာကောင်များ ဖြစ်နေတော့သည်။

“အဟက်..!” နဉ်ရှီက ရယ်မောလိုက်ပြီး ခွက်ကို စားပွဲပေါ်တင်ရင်း မျက်နှာသေဖြင့် ပြန်ဖြေသည်။ “မစ္စတာကျင်း.. ပိုက်ဆံချေးထားရင် အကြွေးပြန်ဆပ်ရတယ်.. သွေးကြွေးဆိုရင် အသက်နဲ့ ပြန်ဆပ်ရမယ်.. ဘာမှညှိနှိုင်းနေစရာမလိုဘူး.. ပြီးတော့..” သူမ၏မျက်နှာပေါ်မှ လှောင်ပြောင်ခနဲ့ဟန်အကြည့်က ပို၍ပြင်းထန်လာ၏။ “ကျင်းမိသားစုနဲ့ ဘာကိစ္စညှိနှိုင်းရဦးမှာလဲ..? ကျွန်မရဲ့ ခင်ပွန်းလောင်းက ချန်းမိသားစုရဲ့ CEO.. ကျွန်မလိုချင်တာမှန်သမျှ အကုန်ရနိုင်တယ်..”

ပွဲကြည့်သူများ : ဒီစကားက နားထောင်ရခက်ပေမယ့်… ယုတ္တိရှိတယ်နော်..!

သာမန်လူများအမြင်တွင် ကျင်းလုပ်ငန်းစုက နာမည်ဂုဏ်သတင်းကြီးသော်ငြား တကယ်တမ်းတွင် ချန်းမိသားစုနှင့် မယှဉ်သာပေ။ ယခုလောလောဆယ် နဉ်ရှီက ချန်းရှီကွေ့၏ ဇနီးလောင်းဖြစ်ရာ နောင်တချိန်တွင် ကျင်းမိသားစုထက် ချမ်းသာကြွယ်ဝသွားနိုင်၏။ ထို့ကြောင့် ကျင်းယွမ်ဖုန်း ယခုလို ပြဿနာလာရှာခြင်းက ကိုယ့်အရှက်ကိုယ်ပြန်ခွဲသလိုသာ ဖြစ်နေသည်မဟုတ်ပါလော။

နောက်ထပ်သိလိုက်ရသည်ကား အမြဲတစေ နူးညံ့သိမ်မွေ့စွာ ပြုံးရယ်နေတတ်သော နတ်ဘုရားမလေးသည် ကြမ်းကြမ်းတမ်းတမ်း စကားပြောချင်လျှင်လည်း တစ်ဖက်လူ ဆွေ့ဆွေ့ခုန်အောင် ပြောတတ်သည်ဆိုတာပင်။

အရှက်တရားနှင့် ဒေါသကြောင့် ဖြူဖတ်ဖြူရော်ဖြစ်လာသော ကျင်းယွမ်ဖုန်း၏ မျက်နှာကိုကြည့်ပြီး ရိုက်ကူးရေးအဖွဲ့သားများလည်း ရုတ်တရက် ယုံကြည်ချက်ရှိလာ၏။ ဒါရိုက်တာနှင့် ပရိုဂျူဆာက ရဲရဲဝင့်ဝင့် ရှေ့ထွက်ကာ ကျင်းယွမ်ဖုန်းအား ရိုက်ကူးရေး အနှောင့်အယှက်မဖြစ်ရအောင် ထွက်သွားပေးရန် ယဉ်ယဉ်ကျေးကျေး တောင်းဆိုတော့သည်။

“ဘယ်ပန်းမှ နှစ်တစ်ရာလောက် ပွင့်လန်းမနေဘူး.. ဘယ်သူမှလည်း နှစ်တစ်ရာအထိ ကံကောင်းနိုင်မှာမဟုတ်ဘူး..” ကျင်းယွမ်ဖုန်းသည် မျက်နှာသုတ်ထားသည့် တစ်ရှူးစကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ပြီး နဉ်ရှီအား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ လှည့်ထွက်သွားတော့သည်။

“ခဏနေဦး..”

ကျင်းယွမ်ဖုန်း ခြေလှမ်းရပ်သွားပြီး သူ့ကို တားလိုက်သည့် နဉ်ရှီအား လှည့်ကြည့်ကာ.. “မစ်နဉ် စိတ်ကူးပြောင်းသွားတာများလား..?”

နဉ်ရှီက မေးအသာချီကာ သုံးပြီးသားတစ်ရှူးစကို လက်ညှိုးထိုးပြပြီး.. “ကျွန်မ ဆက်ပြီးကံကောင်းမလား ကံမကောင်းဘူးလား ဆိုတာ မစ္စတာကျန်း စိတ်ပူရမယ့်ကိစ္စမဟုတ်ဘူး.. ဒါပေမဲ့ မစ္စတာကျန်း အမှိုက်ပစ်သွားတဲ့ကိစ္စက ကျွန်မတို့ ရိုက်ကူးရေးအဖွဲ့နဲ့ ပတ်သက်နေတယ်.. ကျေးဇူးပြုပြီး သန့်ရှင်းရေးသမားတွေကို လေးစားပါ.. တွေ့ကရာ အမှိုက်မပစ်ပါနဲ့.. ထိပ်သီးကုမ္ပဏီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ‘အမှိုက်မပစ်ရ’ဆိုတဲ့ အခြေခံစည်းကမ်းတောင် မသိဘူးလား..?”

လူတိုင်း အကြီးအကျယ် မျက်နှာပျက်ယွင်းသွားသည့် ကျင်းယွမ်ဖုန်းထံမှ အကြည့်လွှဲလိုက်ပြီး ဘာမှမမြင်၊ မကြားသလို ဟန်ဆောင်နေကြတော့သည်။ သို့သော် သူတို့အားလုံး မတရားသလို ခံစားလိုက်ရသည်။

သူဌေးဖြစ်တော့ရော ဘာလုပ်ရမှာလဲ..? သူဌေးကြီးဖြစ်တာနဲ့ စည်းမရှိကမ်းမရှိ အမှိုက်ပစ်လို့ရလား..?

ကျင်းယွမ်ဖုန်း၏ လက်ထောက်သည် ဒေါသတကြီးထွက်သွားသည့် သူဌေးဖြစ်သူ၏ နောက်ကျောကို ကြည့်လိုက်လိုက်၊ နဉ်ရှီကို ကြည့်လိုက်ဖြင့် မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး ကြမ်းပြင်ပေါ်မှ အမှိုက်ကောက်လိုက်သည်။ တစ်ရှူးစတစ်ခုကောက်ပြီး နောက်တစ်ခုကောက်ရန် ပြင်လိုက်ချိန် ဖြူဖွေးသွယ်လျသည့် လက်တစ်ဖက်က သူမထက် အရင်ဦးသွားသည်။

သူမ မော့ကြည့်လိုက်၏။ ထင်မှတ်မထားဘဲ နဉ်ရှီဖြစ်နေ၍ အံ့အားသင့်သွားရသည်။

နဉ်ရှီက သူမကိုပြုံးပြလိုက်ကာ သူမ၏လက်ထဲမှ တစ်ရှူးစကိုယူပြီး အမှိုက်ပုံးထဲ သွားပစ်လေသည်။

လက်ထောက်၏မျက်နှာက ပို၍ပင် နီရဲတက်သွားသည်။ သူမက နဉ်ရှီကို ခေါင်းညိတ်ပြကာ ကျင်းယွမ်ဖုန်းနောက်သို့ အပြေးလိုက်သွားတော့သည်။

သူမ၏သူဌေးနှင့် ဤရုပ်ရှင်မင်းသမီးကြားတွင် မည်သည့်ကိစ္စရှိနေမှန်း မသိပါသော်ငြား သူမ၏အမြင်တွင် နဉ်ရှီဟုခေါ်သည့် ဤရုပ်ရှင်မင်းသမီးက အတော်လေး နှစ်လိုဖွယ်ကောင်းသည်။ ပြုံးလိုက်လျှင် အလွန်ချစ်စရာကောင်းပြီး မျက်ဝန်းထောင့်များက အလှပဆုံးသော လခြမ်းကွေးအသွင် ကော့တက်သွားသည်။

ကျင်းယွမ်ဖုန်းကို လိုက်မီသွားချိန်တွင် လက်ထောက်မိန်းကလေးမှာ မောဟိုက်နေချေပြီ။ သူမ၏သူဌေးက ဖုန်းပြောနေပြီး ‘ကောင်းကောင်း ကမ်းလှမ်းနေတာကို ငြင်းဆန်ချင်မှတော့ အတင်းအကျပ် ဖိအားပေးရတော့မှာပေါ့..” ဟူသည့်စကားမျိုး ပြောနေတာကို နားစွန်နားဖျား ကြားလိုက်ရသည်။ သူမ စိတ်ထင့်သွားပါသော်ငြား လက်ထောက်တစ်ဦးဖြစ်၍ ဘာမှမကြားသလိုသာ နေလိုက်ရသည်။

“ဘော့စ်.. နောက်နာရီဝက်ဆို ချန်း*မိသားစုနဲ့ အစည်းအဝေးရှိပါတယ်..” သူမက နာရီတစ်ချက်ကြည့်ပြီး ကျင်းယွမ်ဖုန်းကို သတိပေးသည်။

“ကောင်းပြီ..” ကျင်းယွမ်ဖုန်းက ကားပေါ် တက်လိုက်သည်။ ထို့နောက် အင်္ကျီကော်လာကို ကိုင်မိပြီး မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားပြန်သည်။ “အင်္ကျီအရင်လဲမယ်..”

“နားလည်ပါပြီ..” လက်ထောက်က လိမ္မော်ရည်များ စွန်းထင်းနေသည့် အဖြူရောင်ရှပ်အင်္ကျီကို ကြည်ပြီး ခေါင်းညိတ်လိုက်သည်။

ကျင်းယွမ်ဖုန်းက သူ၏လက်ထောက်ကို အထင်သေးစွာ ကြည့်လိုက်၏။ သိပ်မကြာခင်ကမှ အသစ်ခန့်ထားသော ဤအတွင်းရေးမှူးသည် အရင်တစ်ယောက်လောက် မထက်မြက်ပေ။ ချန်ယွီနန်ကို ရဲဖမ်းသွား၍သာ မဟုတ်လျှင် အတွင်းရေးမှူးနေရာကို လူပြောင်းရမည်မဟုတ်။ သူက ဘယ်သူ့ကိုမှ မယုံကြည်တတ်သဖြင့် သူယုံကြည့်ရသည့် ယခင်အတွင်းရေးမှူးကို လွတ်လပ်သွားသည့် ရာထူးနေရာတွင် ခန့်ထားလိုက်ရသည်။

သူသာ လွန်ခဲ့သောရှစ်နှစ်ခန့်ကအမှု ပြန်ပေါ်လာနိုင်မှန်း သိထားခဲ့လျှင် သူ့ညီလုပ်ထားသည့် အရှုပ်ထုပ်ကို ဘာကိစ္စပဲရှိရှိ ကူညီဖြေရှင်းပေးခဲ့မည် မဟုတ်ပေ။ ယခုတော့ ယုံကြည်အားထားရသည့် လက်ထောက်တစ်ဦးကိုပါ ဆုံးရှုံးလိုက်ရချေပြီ။ သို့သော်… သူက အင်္ကျီလက်ဖျားကို ပွတ်သပ်လိုက်ရင်း..

ကျင်းမိသားစုမှာ သူရှိနေသရွေ့ ကျင်းလုပ်ငန်းစု မကျရှုံးစေရဘူး။ ကျင်းမိသားစုရဲ့ အနာဂတ်အတွက် သူ့ရဲ့ညီလေးကို နည်းနည်းပါးပါး အနစ်နာခံခိုင်းရတော့မှာပေါ့..!

***

“ရှင်ဘယ်လိုလုပ်ဒီရောက်လာတာလဲ..?” နဉ်ရှီ ရိုက်ကူးရေးမပြီးခင်မှာပင် ချန်းရှီကွေ့က ရှုတင်သို့ ရောက်နေချေပြီ။

“ဒီနေ့ အလုပ်သိပ်မရှိလို့ စောစောလာခဲ့တာလေ..” ဖုန်းထဲတွင် ‘လွမ်းတယ်’ဟု ပြောလိုက်ကတည်းက သူ ဖင်ထိုင်မကျတော့ကြောင်း ချန်းရှီကွေ့က နဉ်ရှီကို ထုတ်မပြောခဲ့ပေ။ သမိုင်းဇာတ်ကြောင်းများကို ဖတ်ခဲ့စဉ်က အလှလေးအတွက် တိုင်းပြည်အာဏာကို စွန့်လွှတ်ခဲ့သည့် ယောက်ျားသားများကို သူ နားမလည်နိုင်ခဲ့ပေ။ သို့သော် ယခုတော့ လုံးဝဥဿုံ နားလည်သွားချေပြီ။

ချန်းရှီကွေ့က နဉ်ရှီအတွက် တုံးအမိုက်မဲသည့် ဘုရင်တစ်ပါး ဖြစ်ပေးချင်နေသော်ငြား နဉ်ရှီကတော့ မူယာမာယာများသည့် ဘုရင့်ကြင်ယာတော် မဟုတ်ခဲ့ချေ။

“ဪ..” ခေါင်းညိတ်ပြကာ သူမလက်ထဲမှခွက်ကို ချန်းရှီကွေ့ထံ ကမ်းပေးလိုက်သည်။ ထိုခွက်ထဲတွင် ချန်းရှီကွေ့မကြိုက်သည့် အချိုရည်ကို ဖြည့်ထားသည်။ “သောက်ထားနှင့်နော်.. ဒီ scene တစ်ခုရိုက်ပြီးရင် ဒီနေ့အတွက် ပြီးပါပြီ..”

ချန်းရှီကွေ့က နဉ်ရှီကို ဂရုစိုက်သလို နဉ်ရှီကလည်း ချန်းရှီကွေ့အကြောင်း နားလည်သည်။ ယခင်ကဆိုလျှင် ချန်းရှီကွေ့သည် သူမ ရိုက်ကူးရေးမပြီးမချင်း အနှောင့်အယှက်ဖြစ်မည်စိုး၍ စောစောရောက်မလာတတ်ပေ။ ပြီးမှသာ လာကြိုသည်။ သို့သော် ယနေ့တော့ စောစောရောက်ချလာ၏။ ဖုန်းထဲမှာ ပြောသလိုမျိုး သူမကို လွမ်းနေခြင်းလော။

“မစ္စတာချန်း..” ရှောင်ယန်က နဉ်ရှီ၏အိတ်ကို ကိုင်ပြီး ထောင့်တစ်နေရာတွင် ထိုင်နေသည်။ နဉ်ရှီ ရုပ်ရှင်ရိုက်ရန် သွားသောအခါ သူမက ချန်းရှီကွေ့နှင့် ခြေလှမ်းနှစ်လှမ်းစာအထိ တိုးကပ်သွားပြီ.. “အစ်ကို အစ်မနဉ်အတွက် ရပ်တည်ပေးမလို့ ရောက်လာတာမလား..?”

‘ရပ်တည်ပေး’ ဟူသည့်စကား‌ကို ကြားလိုက်သည်နှင့် ချန်းရှီကွေ့က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ့စိတ်သူ ပြန်ထိန်းထားရင်း.. “ဘာတွေဖြစ်ခဲ့တာလဲ ပြန်ပြောပြ..”

သို့နှင့် ရှောင်ယန်လည်း ရိုက်ကွင်းသို့ ကျင်းယွမ်ဖုန်း ရောက်လာပြီး နဉ်ရှီကို ပြဿနာရှာကြောင်း၊ နဉ်ရှီ၏ အပြုအမူကို မည်သို့ လှောင်ပြောင်စော်ကားသွားကြောင်း၊ နောက်ဆုံး ‘ဘယ်သူမှ နှစ်တစ်ရာအထိ ကံကောင်းမှာမဟုတ်ဘူး’ ဟူ၍ ခြိမ်းခြောက်သွားကြောင်း အကြောင်းစုံ ပြောပြတော့သည်။

“သိပြီ.. နဉ်ရှီကို စောင့်ရှောက်ပေးထားလို့ ကျေးဇူးပါ..”

“မလိုပါဘူး မစ္စတာချန်း.. ကျွန်မ လုပ်သင့်တာပါ..” နဉ်ရှီ နစ်နာခဲ့ရသမျှကို ပြောပြပြီးနောက် ရှောင်ယန်သည် ထောင့်နေရာလေးကို ပြန်သွားပြီး စိတ်ထဲကျေနပ်သွားသည်။

အစ်မနဉ်က အကြောင်းစုံ ပြောပြချင်မည်မဟုတ်ပေ။ ထို့ကြောင့် သူမ ပြောပြရလိမ့်မည်။ နဉ်ရှီနှင့် ချန်းရှီကွေ့၏ ချစ်ခရီးလမ်းကို ပျက်စီးရာပျက်စီးကြောင်းပြောသွားသည့် ထိုအဘိုးကြီးအကြောင်း ပြန်တွေးမိသောအခါ သူမ၏စိတ်ထဲ မနေနိုင်အောင် ဆဲရေးမိတော့သည်။

ကျင်းမိသားစုကဆိုတော့ရော ဘာလုပ်ရမှာလဲ..? မစ္စတာချန်းရှေ့ရောက်ရင် Battle point ၅ မှတ်လောက်ရှိတဲ့ လူဆိုးကောင် ဖြစ်သွားရမှာပဲ..!

သူမ၏လက်ထောက်က ချန်းရှီကွေ့ကို တိုးတိုးတိတ်တိတ် တိုင်ကြားပြီးပြီဖြစ်ကြောင်း နဉ်ရှီကတော့ မသိရှာပေ။ ရိုက်ကူးရေးပြီးနောက် အနက်ရောင်ဆောင်းရာသီဝတ်စုံကို လဲဝတ်လိုက်ပြီး မိတ်ကပ်ဖျက်လိုက်သည်။ ထို့နောက် ဘာမှထပ်မလိမ်းခြယ်ခဲ့ပေ။ ချန်းရှီကွေ့ကို နေရာတစ်ခုသို့ ခေါ်သွားချင်သည်။ ထိုနေရာတွင် လှလှပပ ဝတ်စားဆင်ယင်ရန် မလိုအပ်သလို သူမကလည်း ထိုနေရာသို့သွားတိုင်း ထင်ရှားပေါ်လွင်အောင် မဝတ်ချင်ပေ။

ရှီလင်တောင်ခြေတွင် ပန်းသည်များနှင့် ဈာပနပစ္စည်းရောင်းဝယ်သည့် ဆိုင်တချို့ရှိ၏။ ထိုဆိုင်လေးများ၏ ရောင်းအားက တချို့ရက်များတွင် ကောင်းသော်လည်း တချို့ရက်များတွင် ဘာမှသိပ်မရောင်းရပေ။ သို့သော် ဆိုင်ရှင်များသည် ဝယ်သူကို ဘယ်သောအခါမှ ဟာသမပြောသလို ရွှင်မြူးတက်ကြွဟန် မပြုတတ်ပေ။ အကြောင်းမူကား ထိုနေရာသို့ ပစ္စည်းလာဝယ်သူတိုင်းက ထိုသင်္ချိုင်းမြေတွင် မြေမြှုပ်သင်္ဂြိုဟ်ထားသည့် ကွယ်လွန်သူအတွက် ရိုသေဂါဝရပြုရန် ရောက်လာခြင်းကြောင့် ဖြစ်သည်။

နဉ်ရှီက ပန်း၊ ဖယောင်းတိုင်၊ နံ့သာပေါင်းနှင့် တခြားသော ဈာပနပစ္စည်းများကို နှစ်စုံစာ ဝယ်ယူလိုက်သည်။ သူမ၏နောက်တွင် ချန်းရှီကွေ့က စကားတစ်ခွန်းမျှမဆိုဘဲ လိုက်လာ၏။ သို့သော် သူကလည်း ပန်းစည်း ၂ စည်းအပြင် ကွယ်လွန်သူကို ဂါဝရပြုရန် သစ်သီးများလည်း ထပ်မံဝယ်နေခဲ့သည်။

နဉ်ရှီက ချန်းရှီကွေ့ကို မတားပေ။ ပစ္စည်းအားလုံးဝယ်ယူပြီးနောက် တောင်ခြေလှေကားထစ်များဆီသို့ ခေါ်သွားပြီး နှစ်ယောက်အတူ တောင်ပေါ်တက်ခဲ့ကြသည်။

ညနေခင်းဖြစ်၍ ရှီလင်တောင်သင်္ချိုင်းတွင် လူသိပ်မရှိပေ။ သင်္ချိုင်းမှ အလုပ်သမားများကိုသာ တစ်ခါတရံ တွေ့ရသည်။ အလွန်တိတ်ဆိတ်နေသဖြင့် တောင်တစ်ခုလုံးက စွန့်ပစ်နယ်မြေသဖွယ်။ သို့သော် အရှေ့မှဦးဆောင်လျှောက်နေသော နဉ်ရှီ၏ မျက်နှာပေါ်တွင် စိတ်မသက်မသာဖြစ်နေဟန် လုံးဝမရှိပါချေ။ လေထဲတွင်ပျံ့လွင့်နေသည့် အဖြူရောင်အခိုးအငွေ့များကို ရှူရှိုက်ရင်း အစိမ်းရင့်ပဝါတစ်ထည်ကို လည်ပင်းတွင် သိုင်းခြုံထားသည်.

လမ်းတစ်ဝက်ခန့်အရောက်တွင် နဉ်ရှီသည် ဘေးဘက်လမ်းသွယ်လေးထဲ ဆင်းသွားပြီး အုတ်ဂူတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။

လင်မယားနှစ်ယောက်၏ အုတ်ဂူ ဖြစ်၏။ သို့သော် နေရာက သိပ်အကျယ်ကြီးမဟုတ်ဘဲ အုတ်ဂူနံရံပေါ်တွင် မြေမှုန့်များ ဖုံးလွှမ်းနေသည်။ ချန်းရှီကွေ့၏အကြည့်က အုတ်ဂူနံရံရှိ ဓာတ်ပုံပေါ်သို့ ကျရောက်သွားသည်။ အမျိုးသားက ရုပ်ချောပြီး ပျော်ရွှင်တတ်ဟန်၊ အမျိုးသမီးကတော့ အတော်လေးချောပြီး စတိုင်ကျသည်။ ရှီရှီက ဤစုံတွဲ၏ အကောင်းဆုံး အစိတ်အပိုင်းများကို အမွေဆက်ခံထားသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် နဉ်ရှီ၏ မိဘနှစ်ပါးဖြစ်ကြောင်း ချန်းရှီကွေ့ သိလိုက်သည်။

“အဖေ.. အမေ..” နဉ်ရှီက ပန်းများကို အုတ်ဂူပေါ်သို့ တင်ပေးရင်း တစ်ချက်ရှိုက်လိုက်သည်။ “တာဝန်မကျေတဲ့ ဒီသမီး အလည်လာပါတယ်..”

ချန်းရှီကွေ့လည်း သူ့လက်ထဲမှပန်းစည်းကို အုတ်ဂူပေါ် တင်လိုက်ရင်း ခါးကိုင်းကာ ဂါဝရပြုလိုက်သည်။

“အမေနဲ့အဖေ့ကို ဂါဝရပြုနေတဲ့လူက အမေတို့သမီး တစ်ဘဝလုံးလက်တွဲသွားဖို့ ဆုံးဖြတ်ထားတဲ့ အမေတို့ရဲ့ သမက်လောင်းပါ..” နဉ်ရှီသည် မျက်ရည်စများကို သုတ်ပစ်လိုက်ပြီး ဒူးထောက်ထိုင်ကာ သစ်သီးများကို နေရာချလိုက်သည်။ ပြီးနောက် ဖယောင်းတိုင်ကို မီးညှိလိုက်သည်။

တဖျတ်ဖျတ်တောက်ပနေသည့် ဖယောင်းတိုင်မီးကို ကြည့်ရင်း နဉ်ရှီ၏ နှုတ်ခမ်းများ တင်းတင်းစေ့သွားသည်။ “သမီးက တာဝန်မကျေဘူးနော်.. အမှန်တရားကို မဖော်ထုတ်နိုင်ဘဲ အဖေနဲ့အမေ့ကို ဒီမြေကြီးအောက်မှာ ရှစ်နှစ်ကျော် လဲလျောင်းနေရအောင် လုပ်ခဲ့တယ်..”

……………………………………………..

[Zawgyi]

အခန္း - (၁၀၀)

နဉ္ရွီသည္ သူတစ္ပါးအေပၚ အၿမဲတေစ ရိုေသေလးစားမႈရိွ၏။ လူအမ်ားအားက်ရသၫ့္ ခ်စ္သူခင္ပြန္းေလာင္းမ်ိဳး ပိုင္ဆိုင္ထားပါေသာ္ျငား မာနေထာင္လႊားျခင္းမရိွသလို သူတစ္ဖက္သား ကသိကေအာက္ျဖစ္ရေအာင္ ဘယ္ေသာအခါမွ မျပဳမူတတ္ေပ။ သို႔ျဖစ္၍ က်င္းယြမ္ဖုန္းကို အေအးျဖင့္ပက္လိုက္သၫ့္ နဉ္ရွီ၏အျပဳအမူကို ရိုက္ကူးေရးအဖြဲ႔သားမ်ား ျမင္ေသာအခါ ပထမဦးဆံုးအေတြးကား… က်င္းယြမ္ဖုန္းက နဉ္ရွီကို ဘာမ်ားလုပ္ခဲ့လို႔ပါလိမ့္..?

ထိုသို႔ေတြးၾကသည္မွာလည္း အထူးအဆန္းမဟုတ္။ က်င္းဟုန္ခိုင္၏ ျမာေပြတတ္လြန္းသၫ့္အက်င့္ကို လူတိုင္း သိထားၾကရာ အစ္ကိုျဖစ္သူ က်င္းယြမ္ဖုန္းကိုလည္း တစ္ေသြးတည္းတစ္သားတည္း “ဒီအစ္ကိုရိွလို႔ ဒီလိုညီမ်ိဳးရိွလာတာ’ဟူ၍ ထင္မွတ္သြားၾကျခင္း ျဖစ္သည္။

“ေဘာ့စ္..!” က်င္းယြမ္ဖုန္း၏ အတြင္းေရးမွဴးလည္း အေတာ္အံ့အားသင့္သြား၏။ သူမက နဉ္ရွီ ယခုလိုမ်ိဳး တံု႔ျပန္လာလိမ့္မည္ဟု မထင္ထားခဲ့ေပ။ သို႔ႏွင့္ တစ္ရႉးတခ်ိဳ႕ ခပ္ျမန္ျမန္ထုတ္ကာ က်င္းယြမ္ဖုန္းထံ ကမ္းေပးလိုက္သည္။ ေယာက္်ားမိန္းမ ကြာျခားခ်က္ေၾကာင့္သာမဟုတ္လ်ွင္ သူမကိုယ္တိုင္ က်င္းယြမ္ဖုန္းကို သုတ္ေပးမိလိမ့္မည္။

မ်က္ႏွာေပၚမွ လည္ပင္းအထိ စီးက်လာေသာ အခ်ိဳရည္မ်ားေၾကာင့္ က်င္းယြမ္ဖုန္း၏ တစ္ကိုယ္လံုး ထိန္းမရေအာင္ တုန္ယင္လာၿပီး လည္ပင္းတစ္ေလ်ွာက္ ေစးကပ္ကပ္ျဖစ္လာသျဖင့္ မ်က္ႏွာအမူအရာက မည္းေမွာင္လာေတာ့သည္။ “ၾကၫ့္ရတာ မစ္နဉ္ကို ‘အမူအက်င့္’ဆိုတဲ့ စကားလံုးအေၾကာင္း ဘယ္သူမွ မသင္ေပးခဲ့ပံုပဲ..”

သူက သူမ၏မိဘမ်ား ေစာေစာစီးစီး ေသဆံုးသြား၍ နဉ္ရွီကို ဆံုးမသြန္သင္မၫ့္လူမရိွဟု ေလွာင္ေျပာင္လိုက္ျခင္းပင္။

အေျပးေရာက္လာေသာ ဝန္ထမ္းမ်ားပင္ ထိုစကားေၾကာင့္ ‘ဒီက်င္းယြမ္ဖုန္း အရမ္းလြန္တာပဲ..’ဟူ၍ ခံစားလိုက္ၾကရသည္။ တျခားမည္သၫ့္စကားမ်ိဳးေျပာပါေစ ကိစၥမရိွေသာ္ျငား ေသဆံုးသူမ်ားကို ထၫ့္ေျပာျခင္းက တကယ့္ကို လြန္လြန္းသည္။ ေဒါသႀကီးသူႏွင့္သာ ေတြ့လ်ွင္ ရိုက္ႏွက္ခံရျခင္းက အေပါ့ပါးဆံုးျပစ္ဒဏ္ ျဖစ္လိမ့္မည္။

ဒါေပါ့။ နဉ္ရွီကလည္း စိတ္သေဘာထားေကာင္းသူမဟုတ္။ က်င္းယြမ္ဖုန္းကို ထမရိုက္ေသာ္ျငား မ်က္ႏွာထားစရာမရိွေအာင္ ျပန္ေျပာခဲ့သည္.

“ကြၽန္မက အမူအက်င့္မေကာင္းဘူးဆိုရင္ေတာင္ ရွင္တို႔က်င္းမိသားစုကို ယွဉ္ႏိုင္ပါ့မလား..” သူမက ခနဲ႔တဲ့တဲ့ရယ္ကာ.. “ရွင္တို႔ညီအစ္ကိုႏွစ္ေယာက္ ဒီႏွစ္ေတြမွာ အသိတရားမရိွဘဲ ဘယ္လိုမ်ား အသက္ရွင္ခဲ့တာလဲ..?”

ထိုစကားေၾကာင့္ က်င္းယြမ္ဖုန္း၏ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားသည္။ အခ်ိဳရည္သုတ္ေနသၫ့္ သူ၏လက္လည္း ရပ္တန႔္သြားသည္။ သူက နဉ္ရွီကို စူးစူးရဲရဲ စိုက္ၾကၫ့္ကာ.. “မစ္နဉ္.. စကားကိုၾကၫ့္ေျပာ..”

ဒီမိန္းမ ဘာသိထားလို႔လဲ..? ဘာလို႔ ဒီလိုေလသံမ်ိဳးနဲ႔ ေျပာေနတာလဲ..? အဲ့ႏွစ္တုန္းက ျဖစ္ခဲ့တာေတြနဲ႔ ခ်န္က်န္းက်န္းရဲ့ သတ္ေသမႈကို လူတခ်ိဳ႕ပဲ သိထားတာပါ။ နဉ္ရွီက ဘယ္လိုလုပ္သိသြားတာလဲ..? ဧကႏၲ ခ်န္းရွီေကြ့က လ်ိႈ႔ဝွက္ေထာက္လွမ္းၿပီး နဉ္ရွီကို ေျပာျပလိုက္တာမ်ားလား..?

က်င္းယြမ္ဖုန္း၏ မူမမွန္ေသာ မ်က္ႏွာအမူအရာေၾကာင့္ လူတိုင္း သံသယဝင္လာရသည္။ က်င္းညီအစ္ကိုေတြ ဘယ္ေလာက္ေတာင္ မေကာင္းတာေတြလုပ္ခဲ့လို႔ စကားနည္းနည္းေျပာလိုက္ရံုနဲ႔ အမူအရာပ်က္ေနရတာလဲ..?

ရပ္ၾကၫ့္ေနသၫ့္ ပြဲၾကၫ့္ပရိသတ္ကေတာ့ စိတ္ကူးပံုေဖာ္မပ်က္။ မိနစ္အပိုင္းအတြင္း ဇာတ္ေၾကာင္းအစအဆံုး ဖန္တီးၿပီးေခ်ၿပီ။ သူတို႔အားလံုး အတူတူေတြးမိသၫ့္အခ်က္ကား က်င္းညီအစ္ကိုဟာ မုန္းစရာေကာင္းသၫ့္ ဗီလိန္ညီအစ္ကို၊ သို႔တည္းမဟုတ္ ဇာတ္လမ္းတိုင္း၌ လူဆိုးလူယုတ္မာေကာင္မ်ား ျဖစ္ေနေတာ့သည္။

“အဟက္..!” နဉ္ရွီက ရယ္ေမာလိုက္ၿပီး ခြက္ကို စားပြဲေပၚတင္ရင္း မ်က္ႏွာေသျဖင့္ ျပန္ေျဖသည္။ “မစၥတာက်င္း.. ပိုက္ဆံေခ်းထားရင္ အေႂကြးျပန္ဆပ္ရတယ္.. ေသြးေႂကြးဆိုရင္ အသက္နဲ႔ ျပန္ဆပ္ရမယ္.. ဘာမွၫွိႏိႈင္းေနစရာမလိုဘူး.. ၿပီးေတာ့..” သူမ၏မ်က္ႏွာေပၚမွ ေလွာင္ေျပာင္ခနဲ႔ဟန္အၾကၫ့္က ပို၍ျပင္းထန္လာ၏။ “က်င္းမိသားစုနဲ႔ ဘာကိစၥၫွိႏိႈင္းရဦးမွာလဲ..? ကြၽန္မရဲ့ ခင္ပြန္းေလာင္းက ခ်န္းမိသားစုရဲ့ CEO.. ကြၽန္မလိုခ်င္တာမွန္သမ်ွ အကုန္ရႏိုင္တယ္..”

ပြဲၾကၫ့္သူမ်ား : ဒီစကားက နားေထာင္ရခက္ေပမယ့္… ယုတၲိရိွတယ္ေနာ္..!

သာမန္လူမ်ားအျမင္တြင္ က်င္းလုပ္ငန္းစုက နာမည္ဂုဏ္သတင္းႀကီးေသာ္ျငား တကယ္တမ္းတြင္ ခ်န္းမိသားစုႏွင့္ မယွဉ္သာေပ။ ယခုေလာေလာဆယ္ နဉ္ရွီက ခ်န္းရွီေကြ့၏ ဇနီးေလာင္းျဖစ္ရာ ေနာင္တခ်ိန္တြင္ က်င္းမိသားစုထက္ ခ်မ္းသာႂကြယ္ဝသြားႏိုင္၏။ ထို႔ေၾကာင့္ က်င္းယြမ္ဖုန္း ယခုလို ျပႆနာလာရွာျခင္းက ကိုယ့္အရွက္ကိုယ္ျပန္ခြဲသလိုသာ ျဖစ္ေနသည္မဟုတ္ပါေလာ။

ေနာက္ထပ္သိလိုက္ရသည္ကား အၿမဲတေစ ႏူးညံ့သိမ္ေမြ့စြာ ၿပံဳးရယ္ေနတတ္ေသာ နတ္ဘုရားမေလးသည္ ၾကမ္းၾကမ္းတမ္းတမ္း စကားေျပာခ်င္လ်ွင္လည္း တစ္ဖက္လူ ေဆြ့ေဆြ့ခုန္ေအာင္ ေျပာတတ္သည္ဆိုတာပင္။

အရွက္တရားႏွင့္ ေဒါသေၾကာင့္ ျဖဴဖတ္ျဖဴေရာ္ျဖစ္လာေသာ က်င္းယြမ္ဖုန္း၏ မ်က္ႏွာကိုၾကၫ့္ၿပီး ရိုက္ကူးေရးအဖြဲ႔သားမ်ားလည္း ရုတ္တရက္ ယံုၾကည္ခ်က္ရိွလာ၏။ ဒါရိုက္တာႏွင့္ ပရိုဂ်ူဆာက ရဲရဲဝင့္ဝင့္ ေရ႔ွထြက္ကာ က်င္းယြမ္ဖုန္းအား ရိုက္ကူးေရး အေနွာင့္အယွက္မျဖစ္ရေအာင္ ထြက္သြားေပးရန္ ယဉ္ယဉ္ေက်းေက်း ေတာင္းဆိုေတာ့သည္။

“ဘယ္ပန္းမွ ႏွစ္တစ္ရာေလာက္ ပြင့္လန္းမေနဘူး.. ဘယ္သူမွလည္း ႏွစ္တစ္ရာအထိ ကံေကာင္းႏိုင္မွာမဟုတ္ဘူး..” က်င္းယြမ္ဖုန္းသည္ မ်က္ႏွာသုတ္ထားသၫ့္ တစ္ရႉးစကို ၾကမ္းျပင္ေပၚသို႔ ပစ္ေပါက္ၿပီး နဉ္ရွီအား စိန္းစိန္းဝါးဝါး စိုက္ၾကၫ့္ကာ လွၫ့္ထြက္သြားေတာ့သည္။

“ခဏေနဦး..”

က်င္းယြမ္ဖုန္း ေျခလွမ္းရပ္သြားၿပီး သူ႔ကို တားလိုက္သၫ့္ နဉ္ရွီအား လွၫ့္ၾကၫ့္ကာ.. “မစ္နဉ္ စိတ္ကူးေျပာင္းသြားတာမ်ားလား..?”

နဉ္ရွီက ေမးအသာခ်ီကာ သံုးၿပီးသားတစ္ရႉးစကို လက္ၫွိုးထိုးျပၿပီး.. “ကြၽန္မ ဆက္ၿပီးကံေကာင္းမလား ကံမေကာင္းဘူးလား ဆိုတာ မစၥတာက်န္း စိတ္ပူရမယ့္ကိစၥမဟုတ္ဘူး.. ဒါေပမဲ့ မစၥတာက်န္း အမိႈက္ပစ္သြားတဲ့ကိစၥက ကြၽန္မတို႔ ရိုက္ကူးေရးအဖြဲ႔နဲ႔ ပတ္သက္ေနတယ္.. ေက်းဇူးျပဳျပီး သန႔္ရွင္းေရးသမားေတြကို ေလးစားပါ.. ေတြ့ကရာ အမိႈက္မပစ္ပါနဲ႔.. ထိပ္သီးကုမၸဏီႀကီးတစ္ခုရဲ့ ဥကၠ႒ျဖစ္ၿပီး ‘အမိႈက္မပစ္ရ’ဆိုတဲ့ အေျခခံစည္းကမ္းေတာင္ မသိဘူးလား..?”

လူတိုင္း အႀကီးအက်ယ္ မ်က္ႏွာပ်က္ယြင္းသြားသၫ့္ က်င္းယြမ္ဖုန္းထံမွ အၾကၫ့္လႊဲလိုက္ၿပီး ဘာမွမျမင္၊ မၾကားသလို ဟန္ေဆာင္ေနၾကေတာ့သည္။ သို႔ေသာ္ သူတို႔အားလံုး မတရားသလို ခံစားလိုက္ရသည္။

သူေဌးျဖစ္ေတာ့ေရာ ဘာလုပ္ရမွာလဲ..? သူေဌးႀကီးျဖစ္တာနဲ႔ စည္းမရိွကမ္းမရိွ အမိႈက္ပစ္လို႔ရလား..?

က်င္းယြမ္ဖုန္း၏ လက္ေထာက္သည္ ေဒါသတႀကီးထြက္သြားသၫ့္ သူေဌးျဖစ္သူ၏ ေနာက္ေက်ာကို ၾကၫ့္လိုက္လိုက္၊ နဉ္ရွီကို ၾကၫ့္လိုက္ျဖင့္ မ်က္ႏွာတစ္ျပင္လံုး နီရဲတက္လာၿပီး ၾကမ္းျပင္ေပၚမွ အမိႈက္ေကာက္လိုက္သည္။ တစ္ရႉးစတစ္ခုေကာက္ၿပီး ေနာက္တစ္ခုေကာက္ရန္ ျပင္လိုက္ခ်ိန္ ျဖဴေဖြးသြယ္လ်သၫ့္ လက္တစ္ဖက္က သူမထက္ အရင္ဦးသြားသည္။

သူမ ေမာ့ၾကၫ့္လိုက္၏။ ထင္မွတ္မထားဘဲ နဉ္ရွီျဖစ္ေန၍ အံ့အားသင့္သြားရသည္။

နဉ္ရွီက သူမကိုၿပံဳးျပလိုက္ကာ သူမ၏လက္ထဲမွ တစ္ရႉးစကိုယူၿပီး အမိႈက္ပံုးထဲ သြားပစ္ေလသည္။

လက္ေထာက္၏မ်က္ႏွာက ပို၍ပင္ နီရဲတက္သြားသည္။ သူမက နဉ္ရွီကို ေခါင္းညိတ္ျပကာ က်င္းယြမ္ဖုန္းေနာက္သို႔ အေျပးလိုက္သြားေတာ့သည္။

သူမ၏သူေဌးႏွင့္ ဤရုပ္ရွင္မင္းသမီးၾကားတြင္ မည္သၫ့္ကိစၥရိွေနမွန္း မသိပါေသာ္ျငား သူမ၏အျမင္တြင္ နဉ္ရွီဟုေခၚသၫ့္ ဤရုပ္ရွင္မင္းသမီးက အေတာ္ေလး ႏွစ္လိုဖြယ္ေကာင္းသည္။ ၿပံဳးလိုက္လ်ွင္ အလြန္ခ်စ္စရာေကာင္းၿပီး မ်က္ဝန္းေထာင့္မ်ားက အလွပဆံုးေသာ လျခမ္းေကြးအသြင္ ေကာ့တက္သြားသည္။

က်င္းယြမ္ဖုန္းကို လိုက္မီသြားခ်ိန္တြင္ လက္ေထာက္မိန္းကေလးမွာ ေမာဟိုက္ေနေခ်ၿပီ။ သူမ၏သူေဌးက ဖုန္းေျပာေနၿပီး ‘ေကာင္းေကာင္း ကမ္းလွမ္းေနတာကို ျငင္းဆန္ခ်င္မွေတာ့ အတင္းအက်ပ္ ဖိအားေပးရေတာ့မွာေပါ့..” ဟူသၫ့္စကားမ်ိဳး ေျပာေနတာကို နားစြန္နားဖ်ား ၾကားလိုက္ရသည္။ သူမ စိတ္ထင့္သြားပါေသာ္ျငား လက္ေထာက္တစ္ဦးျဖစ္၍ ဘာမွမၾကားသလိုသာ ေနလိုက္ရသည္။

“ေဘာ့စ္.. ေနာက္နာရီဝက္ဆို ခ်န္း*မိသားစုနဲ႔ အစည္းအေဝးရိွပါတယ္..” သူမက နာရီတစ္ခ်က္ၾကၫ့္ၿပီး က်င္းယြမ္ဖုန္းကို သတိေပးသည္။

“ေကာင္းၿပီ..” က်င္းယြမ္ဖုန္းက ကားေပၚ တက္လိုက္သည္။ ထို႔ေနာက္ အက်ႌေကာ္လာကို ကိုင္မိၿပီး မ်က္ႏွာတစ္ျပင္လံုး မည္းေမွာင္သြားျပန္သည္။ “အက်ႌအရင္လဲမယ္..”

“နားလည္ပါၿပီ..” လက္ေထာက္က လိမၼော္ရည္မ်ား စြန္းထင္းေနသၫ့္ အျဖဴေရာင္ရွပ္အက်ႌကို ၾကည္ၿပီး ေခါင္းညိတ္လိုက္သည္။

က်င္းယြမ္ဖုန္းက သူ၏လက္ေထာက္ကို အထင္ေသးစြာ ၾကၫ့္လိုက္၏။ သိပ္မၾကာခင္ကမွ အသစ္ခန႔္ထားေသာ ဤအတြင္းေရးမွဴးသည္ အရင္တစ္ေယာက္ေလာက္ မထက္ျမက္ေပ။ ခ်န္ယြီနန္ကို ရဲဖမ္းသြား၍သာ မဟုတ္လ်ွင္ အတြင္းေရးမွဴးေနရာကို လူေျပာင္းရမည္မဟုတ္။ သူက ဘယ္သူ႔ကိုမွ မယံုၾကည္တတ္သျဖင့္ သူယံုၾကၫ့္ရသၫ့္ ယခင္အတြင္းေရးမွဴးကို လြတ္လပ္သြားသၫ့္ ရာထူးေနရာတြင္ ခန႔္ထားလိုက္ရသည္။

သူသာ လြန္ခဲ့ေသာရွစ္ႏွစ္ခန႔္ကအမႈ ျပန္ေပၚလာႏိုင္မွန္း သိထားခဲ့လ်ွင္ သူ႔ညီလုပ္ထားသၫ့္ အရႈပ္ထုပ္ကို ဘာကိစၥပဲရိွရိွ ကူညီေျဖရွင္းေပးခဲ့မည္ မဟုတ္ေပ။ ယခုေတာ့ ယံုၾကည္အားထားရသၫ့္ လက္ေထာက္တစ္ဦးကိုပါ ဆံုးရႈံးလိုက္ရေခ်ၿပီ။ သို႔ေသာ္… သူက အက်ႌလက္ဖ်ားကို ပြတ္သပ္လိုက္ရင္း..

က်င္းမိသားစုမွာ သူရိွေနသေရြ့ က်င္းလုပ္ငန္းစု မက်ရႈံးေစရဘူး။ က်င္းမိသားစုရဲ့ အနာဂတ္အတြက္ သူ႔ရဲ့ညီေလးကို နည္းနည္းပါးပါး အနစ္နာခံခိုင္းရေတာ့မွာေပါ့..!

***

“ရွင္ဘယ္လိုလုပ္ဒီေရာက္လာတာလဲ..?” နဉ္ရွီ ရိုက္ကူးေရးမၿပီးခင္မွာပင္ ခ်န္းရွီေကြ့က ရႈတင္သို႔ ေရာက္ေနေခ်ၿပီ။

“ဒီေန့ အလုပ္သိပ္မရိွလို႔ ေစာေစာလာခဲ့တာေလ..” ဖုန္းထဲတြင္ ‘လြမ္းတယ္’ဟု ေျပာလိုက္ကတည္းက သူ ဖင္ထိုင္မက်ေတာ့ေၾကာင္း ခ်န္းရွီေကြ့က နဉ္ရွီကို ထုတ္မေျပာခဲ့ေပ။ သမိုင္းဇာတ္ေၾကာင္းမ်ားကို ဖတ္ခဲ့စဉ္က အလွေလးအတြက္ တိုင္းျပည္အာဏာကို စြန႔္လႊတ္ခဲ့သၫ့္ ေယာက္်ားသားမ်ားကို သူ နားမလည္ႏိုင္ခဲ့ေပ။ သို႔ေသာ္ ယခုေတာ့ လံုးဝဥႆံု နားလည္သြားေခ်ၿပီ။

ခ်န္းရွီေကြ့က နဉ္ရွီအတြက္ တံုးအမိုက္မဲသၫ့္ ဘုရင္တစ္ပါး ျဖစ္ေပးခ်င္ေနေသာ္ျငား နဉ္ရွီကေတာ့ မူယာမာယာမ်ားသၫ့္ ဘုရင့္ၾကင္ယာေတာ္ မဟုတ္ခဲ့ေခ်။

“ဪ..” ေခါင္းညိတ္ျပကာ သူမလက္ထဲမွခြက္ကို ခ်န္းရွီေကြ့ထံ ကမ္းေပးလိုက္သည္။ ထိုခြက္ထဲတြင္ ခ်န္းရွီေကြ့မႀကိဳက္သၫ့္ အခ်ိဳရည္ကို ျဖၫ့္ထားသည္။ “ေသာက္ထားႏွင့္ေနာ္.. ဒီ scene တစ္ခုရိုက္ၿပီးရင္ ဒီေန့အတြက္ ၿပီးပါၿပီ..”

ခ်န္းရွီေကြ့က နဉ္ရွီကို ဂရုစိုက္သလို နဉ္ရွီကလည္း ခ်န္းရွီေကြ့အေၾကာင္း နားလည္သည္။ ယခင္ကဆိုလ်ွင္ ခ်န္းရွီေကြ့သည္ သူမ ရိုက္ကူးေရးမၿပီးမခ်င္း အေနွာင့္အယွက္ျဖစ္မည္စိုး၍ ေစာေစာေရာက္မလာတတ္ေပ။ ၿပီးမွသာ လာႀကိဳသည္။ သို႔ေသာ္ ယေန့ေတာ့ ေစာေစာေရာက္ခ်လာ၏။ ဖုန္းထဲမွာ ေျပာသလိုမ်ိဳး သူမကို လြမ္းေနျခင္းေလာ။

“မစၥတာခ်န္း..” ေရွာင္ယန္က နဉ္ရွီ၏အိတ္ကို ကိုင္ၿပီး ေထာင့္တစ္ေနရာတြင္ ထိုင္ေနသည္။ နဉ္ရွီ ရုပ္ရွင္ရိုက္ရန္ သြားေသာအခါ သူမက ခ်န္းရွီေကြ့ႏွင့္ ေျခလွမ္းႏွစ္လွမ္းစာအထိ တိုးကပ္သြားၿပီ.. “အစ္ကို အစ္မနဉ္အတြက္ ရပ္တည္ေပးမလို႔ ေရာက္လာတာမလား..?”

‘ရပ္တည္ေပး’ ဟူသၫ့္စကား‌ကို ၾကားလိုက္သည္ႏွင့္ ခ်န္းရွီေကြ့က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သို႔ေသာ္ သူ႔စိတ္သူ ျပန္ထိန္းထားရင္း.. “ဘာေတျြဖစ္ခဲ့တာလဲ ျပန္ေျပာျပ..”

သို႔ႏွင့္ ေရွာင္ယန္လည္း ရိုက္ကြင္းသို႔ က်င္းယြမ္ဖုန္း ေရာက္လာၿပီး နဉ္ရွီကို ျပႆနာရွာေၾကာင္း၊ နဉ္ရွီ၏ အျပဳအမူကို မည္သို႔ ေလွာင္ေျပာင္ေစာ္ကားသြားေၾကာင္း၊ ေနာက္ဆံုး ‘ဘယ္သူမွ ႏွစ္တစ္ရာအထိ ကံေကာင္းမွာမဟုတ္ဘူး’ ဟူ၍ ၿခိမ္းေျခာက္သြားေၾကာင္း အေၾကာင္းစံု ေျပာျပေတာ့သည္။

“သိၿပီ.. နဉ္ရွီကို ေစာင့္ေရွာက္ေပးထားလို႔ ေက်းဇူးပါ..”

“မလိုပါဘူး မစၥတာခ်န္း.. ကြၽန္မ လုပ္သင့္တာပါ..” နဉ္ရွီ နစ္နာခဲ့ရသမ်ွကို ေျပာျပၿပီးေနာက္ ေရွာင္ယန္သည္ ေထာင့္ေနရာေလးကို ျပန္သြားၿပီး စိတ္ထဲေက်နပ္သြားသည္။

အစ္မနဉ္က အေၾကာင္းစံု ေျပာျပခ်င္မည္မဟုတ္ေပ။ ထို႔ေၾကာင့္ သူမ ေျပာျပရလိမ့္မည္။ နဉ္ရွီႏွင့္ ခ်န္းရွီေကြ့၏ ခ်စ္ခရီးလမ္းကို ပ်က္စီးရာပ်က္စီးေၾကာင္းေျပာသြားသၫ့္ ထိုအဘိုးႀကီးအေၾကာင္း ျပန္ေတြးမိေသာအခါ သူမ၏စိတ္ထဲ မေနႏိုင္ေအာင္ ဆဲေရးမိေတာ့သည္။

က်င္းမိသားစုကဆိုေတာ့ေရာ ဘာလုပ္ရမွာလဲ..? မစၥတာခ်န္းေရ႔ွေရာက္ရင္ Battle point ၅ မွတ္ေလာက္ရိွတဲ့ လူဆိုးေကာင္ ျဖစ္သြားရမွာပဲ..!

သူမ၏လက္ေထာက္က ခ်န္းရွီေကြ့ကို တိုးတိုးတိတ္တိတ္ တိုင္ၾကားၿပီးၿပီျဖစ္ေၾကာင္း နဉ္ရွီကေတာ့ မသိရွာေပ။ ရိုက္ကူးေရးၿပီးေနာက္ အနက္ေရာင္ေဆာင္းရာသီဝတ္စံုကို လဲဝတ္လိုက္ၿပီး မိတ္ကပ္ဖ်က္လိုက္သည္။ ထို႔ေနာက္ ဘာမွထပ္မလိမ္းျခယ္ခဲ့ေပ။ ခ်န္းရွီေကြ့ကို ေနရာတစ္ခုသို႔ ေခၚသြားခ်င္သည္။ ထိုေနရာတြင္ လွလွပပ ဝတ္စားဆင္ယင္ရန္ မလိုအပ္သလို သူမကလည္း ထိုေနရာသို႔သြားတိုင္း ထင္ရွားေပၚလြင္ေအာင္ မဝတ္ခ်င္ေပ။

ရွီလင္ေတာင္ေျခတြင္ ပန္းသည္မ်ားႏွင့္ ဈာပနပစၥည္းေရာင္းဝယ္သၫ့္ ဆိုင္တခ်ိဳ႕ရိွ၏။ ထိုဆိုင္ေလးမ်ား၏ ေရာင္းအားက တခ်ိဳ႕ရက္မ်ားတြင္ ေကာင္းေသာ္လည္း တခ်ိဳ႕ရက္မ်ားတြင္ ဘာမွသိပ္မေရာင္းရေပ။ သို႔ေသာ္ ဆိုင္ရွင္မ်ားသည္ ဝယ္သူကို ဘယ္ေသာအခါမွ ဟာသမေျပာသလို ရႊင္ျမဴးတက္ႂကြဟန္ မျပဳတတ္ေပ။ အေၾကာင္းမူကား ထိုေနရာသို႔ ပစၥည္းလာဝယ္သူတိုင္းက ထိုသခ်ၤိဳင္းေျမတြင္ ေျမျမႇဳပ္သႃဂၤိဳဟ္ထားသည့္ ကြယ္လြန္သူအတြက္ ရိုေသဂါဝရျပဳရန္ ေရာက္လာျခင္းေၾကာင့္ ျဖစ္သည္။

နဉ္ရွီက ပန္း၊ ဖေယာင္းတိုင္၊ နံ႔သာေပါင္းႏွင့္ တျခားေသာ ဈာပနပစၥည္းမ်ားကို ႏွစ္စံုစာ ဝယ္ယူလိုက္သည္။ သူမ၏ေနာက္တြင္ ခ်န္းရွီေကြ့က စကားတစ္ခြန္းမ်ွမဆိုဘဲ လိုက္လာ၏။ သို႔ေသာ္ သူကလည္း ပန္းစည္း ၂ စည္းအျပင္ ကြယ္လြန္သူကို ဂါဝရျပဳရန္ သစ္သီးမ်ားလည္း ထပ္မံဝယ္ေနခဲ့သည္။

နဉ္ရွီက ခ်န္းရွီေကြ့ကို မတားေပ။ ပစၥည္းအားလံုးဝယ္ယူၿပီးေနာက္ ေတာင္ေျခေလွကားထစ္မ်ားဆီသို႔ ေခၚသြားၿပီး ႏွစ္ေယာက္အတူ ေတာင္ေပၚတက္ခဲ့ၾကသည္။

ညေနခင္းျဖစ္၍ ရွီလင္ေတာင္သခ်ၤိဳင္းတြင္ လူသိပ္မရိွေပ။ သခ်ၤိဳင္းမွ အလုပ္သမားမ်ားကိုသာ တစ္ခါတရံ ေတြ့ရသည္။ အလြန္တိတ္ဆိတ္ေနသျဖင့္ ေတာင္တစ္ခုလံုးက စြန႔္ပစ္နယ္ေျမသဖြယ္။ သို႔ေသာ္ အေရ႔ွမွဦးေဆာင္ေလ်ွာက္ေနေသာ နဉ္ရွီ၏ မ်က္ႏွာေပၚတြင္ စိတ္မသက္မသာျဖစ္ေနဟန္ လံုးဝမရိွပါေခ်။ ေလထဲတြင္ပ်ံ့လြင့္ေနသၫ့္ အျဖဴေရာင္အခိုးအေငြ့မ်ားကို ရႉရိႈက္ရင္း အစိမ္းရင့္ပဝါတစ္ထည္ကို လည္ပင္းတြင္ သိုင္းၿခံဳထားသည္.

လမ္းတစ္ဝက္ခန႔္အေရာက္တြင္ နဉ္ရွီသည္ ေဘးဘက္လမ္းသြယ္ေလးထဲ ဆင္းသြားၿပီး အုတ္ဂူတစ္ခုေရ႔ွတြင္ ရပ္တန႔္လိုက္သည္။

လင္မယားႏွစ္ေယာက္၏ အုတ္ဂူ ျဖစ္၏။ သို႔ေသာ္ ေနရာက သိပ္အက်ယ္ႀကီးမဟုတ္ဘဲ အုတ္ဂူနံရံေပၚတြင္ ေျမမႈန႔္မ်ား ဖံုးလႊမ္းေနသည္။ ခ်န္းရွီေကြ့၏အၾကၫ့္က အုတ္ဂူနံရံရိွ ဓာတ္ပံုေပၚသို႔ က်ေရာက္သြားသည္။ အမ်ိဳးသားက ရုပ္ေခ်ာၿပီး ေပ်ာ္ရႊင္တတ္ဟန္၊ အမ်ိဳးသမီးကေတာ့ အေတာ္ေလးေခ်ာၿပီး စတိုင္က်သည္။ ရွီရွီက ဤစံုတြဲ၏ အေကာင္းဆံုး အစိတ္အပိုင္းမ်ားကို အေမြဆက္ခံထားသျဖင့္ တစ္ခ်က္ၾကၫ့္လိုက္ရံုျဖင့္ နဉ္ရွီ၏ မိဘႏွစ္ပါးျဖစ္ေၾကာင္း ခ်န္းရွီေကြ့ သိလိုက္သည္။

“အေဖ.. အေမ..” နဉ္ရွီက ပန္းမ်ားကို အုတ္ဂူေပၚသို႔ တင္ေပးရင္း တစ္ခ်က္ရိႈက္လိုက္သည္။ “တာဝန္မေက်တဲ့ ဒီသမီး အလည္လာပါတယ္..”

ခ်န္းရွီေကြ့လည္း သူ႔လက္ထဲမွပန္းစည္းကို အုတ္ဂူေပၚ တင္လိုက္ရင္း ခါးကိုင္းကာ ဂါဝရျပဳလိုက္သည္။

“အေမနဲ႔အေဖ့ကို ဂါဝရျပဳေနတဲ့လူက အေမတို႔သမီး တစ္ဘဝလံုးလက္တြဲသြားဖို႔ ဆံုးျဖတ္ထားတဲ့ အေမတို႔ရဲ့ သမက္ေလာင္းပါ..” နဉ္ရွီသည္ မ်က္ရည္စမ်ားကို သုတ္ပစ္လိုက္ၿပီး ဒူးေထာက္ထိုင္ကာ သစ္သီးမ်ားကို ေနရာခ်လိုက္သည္။ ၿပီးေနာက္ ဖေယာင္းတိုင္ကို မီးၫွိလိုက္သည္။

တဖ်တ္ဖ်တ္ေတာက္ပေနသၫ့္ ဖေယာင္းတိုင္မီးကို ၾကၫ့္ရင္း နဉ္ရွီ၏ ႏႈတ္ခမ္းမ်ား တင္းတင္းေစ့သြားသည္။ “သမီးက တာဝန္မေက်ဘူးေနာ္.. အမွန္တရားကို မေဖာ္ထုတ္ႏိုင္ဘဲ အေဖနဲ႔အေမ့ကို ဒီေျမၾကီးေအာက္မွာ ရွစ္ႏွစ္ေက်ာ္ လဲေလ်ာင္းေနရေအာင္ လုပ္ခဲ့တယ္..”

……………………………………………..

Continue Reading

You'll Also Like

28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
229K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024