《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

104K 11.7K 641

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၆၂

775 109 12
By wishywish0805

Chapter ● 62 ●

ချန်ခေါ့က ချက်ချင်းလက်မလျှော့လိုက်ပေ။ ဤမြေရိုင်းမြေကွက်လပ်သည် ရိုးရိုးသာမန်ကားပါကင်ဖြစ်သည်။ ဆိုင်တန်းတစ်တန်းလုံးရှိ ဆိုင်များအားလုံးနီးပါးက ဤမြေရိုင်းဘက်ခြမ်းကိုထွက်သော နောက်ဖေးတံခါးကိုယ်စီရှိကြသည်။ ဤနေရာမှ ပြေးထွက်လာသူက ခြေလှမ်းအနည်းငယ်ခန့်ပြေးလိုက်သည်နှင့် တွေ့ရာဆိုင်တစ်ဆိုင်ဆိုင်၏ နောက်ဖေးတံခါးထဲသို့ဝင်ပြီး ရှေ့တံခါးမှ အလွယ်တကူ ပြန်ထွက်သွား၍ရသည်။

ချန်ခေါ့က ရှေ့တံခါးရှိသော လမ်းပေါ်သို့ပြန်လာပြီး ဟိုဟိုဒီဒီပတ်၍လျှောက်ကြည့်လိုက်သည်။ ထိုလူနှစ်ယောက်ကို မတွေ့ရတော့ပေ။ သူသည် ဆိုင်များထဲသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် နောက်ဖေးတံခါးမှဝင်ပြီး အရှေ့တံခါးမှပြန်ထွက်သွားသော လူနှစ်ယောက်အား မြင်မိခြင်းရှိမရှိကို လိုက်လံမေးမြန်းစုံစမ်းကြည့်သည်။

နောက်ဆုံးဆိုင်မရောက်ခင် သုံးဆိုင်မြောက်တွင် သွားမေးသောအခါ ဆိုင်ရှင်က ခေါင်းညိတ်လိုက်သည်။

"နောက်ဖေးတံခါးကနေဝင်လာတဲ့လူရှိတယ်။ ပြီးတော့ ရှေ့တံခါးကနေ ပြန်ထွက်သွားတာ။ ဘယ်ဘက်ကိုထွက်သွားလဲဆိုတာတော့မသိဘူး။ ဒါပေမဲ့ တစ်ယောက်ပဲဝင်လာတာ။ နှစ်ယောက်မဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်"

ချန်ခေါ့က ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ။ ပစ္စည်းအခိုးခံရလို့လား"

ချန်ခေါ့က "အင်း" ဟုသာ ပြန်ပြောလိုက်သည်။

"ဒီတစ်ဝိုက်က သူခိုးပေါတယ်။ ဒီမှာဆိုင်ဖွင့်တဲ့သူတွေအားလုံးနီးပါးကို ကျွန်တော်သိတယ်။ ခုနက ဝင်လာတဲ့လူကိုတော့ မတွေ့ဖူးဘူး"

"... ... သြော်။ ကျေးဇူးတင်ပါတယ်ဗျာ"

"ရပါတယ်။ ပစ္စည်းတွေကို သတိထားနော်။ အိမ်ဆောက်ပစ္စည်းဈေးဆိုတာနဲ့ သူခိုးမရှိဘူးလို့ မထင်လိုက်နဲ့။ တအား များတာ"

ဆိုင်ထဲမှထွက်လာပြီးနောက် ချန်ခေါ့သည် ဆိုင်အပြင်တွင်ရပ်နေသော ကျန်းယွီသော်အား တစ်ချက်ကြည့်လိုက်သည်။

"ဒီဆိုင်ထဲကို ဝင်ပြေးသွားတာ။ ဘယ်ဘက်ကိုပြန်ထွက်သွားလဲဆိုတာတော့ ဆိုင်ရှင်က မတွေ့လိုက်ဘူးတဲ့"

ကျန်းယွီသော်က စကားမဆိုပေ။

ချန်ခေါ့က သက်ပြင်းချလိုက်သည်။

"တွေ့လိုက်လည်း ဘာမှမထူးပါဘူး။ ဒီအတိုင်း ဖြတ်သွားတဲ့လူလား၊ ဒါမှမဟုတ် ငါတို့နောက်ကိုလိုက်နေပြီးတော့မှ ထွက်ပြေးတာလား ဆိုတာကို အတည်ပြုဖို့ နည်းလမ်းလည်းမရှိဘူး"

"ကျွန်တော်တို့ ဘိလပ်မြေဝယ်ပြီးထွက်လာတော့ အဲဒီစီးကရက်သောက်နေတဲ့နှစ်ယောက်က သောက်လို့မပြီးကြသေးဘူး။ ပြီးတော့ စကားပြောပြီးကြတာနဲ့ ထွက်သွားကြတဲ့ပုံလည်းမပေါ်ဘူး။ ဟိုဘက်အကျဆုံးဆိုင်အထိဆက်သွားပြီးတော့မှ ဆိုင်ထဲကို ကျွန်တော်ဝင်ရတဲ့အကြောင်းရင်းက သူတို့ လိုက်လာမလာကို ကြည့်ချင်လို့ပဲ။ ဒီတစ်တန်းလုံးတောက်လျှောက်မှာ သစ်သားပြားဆိုင်တွေဒီလောက်များတာကို သူတို့က နောက်ဆုံးဆိုင်ရောက်တဲ့အထိ နောက်ကလိုက်လာခဲ့ပြီးတော့ ဘယ်ဆိုင်ထဲမှ မဝင်သွားကြဘူး။ ကျွန်တော်ထွက်လာတော့မှ ဆိုင်တစ်ဆိုင်ဆိုင်ထဲကို ဝုန်းခနဲဝင်သွားတာ"

ချန်ခေါ့က မျက်မှောင်ကြုတ်လိုက်သည်။ တကယ်ကိုပင် ထိုကဲ့သို့ဖြစ်နေသည်။

ယခင်က လူတစ်ယောက်ယောက်ကိုတွေ့မြင်လိုက်သည်ဟု ကျန်းယွီသော်ကပြောလျှင် ချန်ခေါ့က အမြဲတမ်းပင် သိပ်မယုံကြည်ခဲ့ပေ။ အကြောင်းမှာ ထိုလူများကို ကျန်းယွီသော်ကိုယ်တိုင်မှလွဲလျှင် မည်သူတစ်ဦးတစ်ယောက်မှ မမြင်ရ၍ဖြစ်သည်။

သို့သော် ယနေ့ ထိုလူနှစ်ယောက်ကို သို့မဟုတ် ထိုလူတစ်ယောက်ကို ချန်ခေါ့ကလည်း မြင်လိုက်ရသည်။ ဆိုင်ပိုင်ရှင်နှစ်ယောက်ကလည်း အမှန်ဖြစ်ကြောင်း အတည်ပြုပေးနေသည်။

ချန်ခေါ့က ကျန်းယွီသော်အားကြည့်လိုက်သည်။

"မင်းခုနကပြောတာ သူတို့မဟုတ်ဘူးဆို"

"မဟုတ်ဘူး"

ကျန်းယွီသော်၏အဖြေက အလွန်ပြတ်သားသည်။

ချန်ခေါ့က ထပ်မေးလာသည်။

"သူတို့မဟုတ်မှန်း မင်းဘယ်လိုသိလဲ"

"ကျွန်တော်သိတယ်"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ရင်းပြောလိုက်သည်။

ချန်ခေါ့က ကျန်းယွီသော်ကိုကြည့်နေပြီး စကားမဆိုဘဲတိတ်ဆိတ်နေသည်။

"သူတို့" ထွက်ပေါ်လာသည့်အချိန်တိုင်း ကျန်းယွီသော်က အမြဲပင် ချန်ခေါ့ကိုလည်း မြင်စေချင်လေ့ရှိသည်။ တစ်ကြိမ်မကလည်း မေးခဲ့ဖူးသည်။

ခင်ဗျား မြင်လိုက်လား။

မမြင်ဘူး။

မမြင်လိုက်ဘူး။

ဘာမှကို မမြင်လိုက်ဘူး။

ထိုကဲ့သို့သောအဖြေမျိုးကို ကျန်းယွီသော်တစ်ယောက် ဘယ်နှကြိမ်တောင် လက်ခံရရှိခဲ့ဖူးပြီလဲ။

သည်တစ်ကြိမ်တွင်မတော့ နောက်ဆုံးတွင် တစ်ယောက်ယောက်က မြင်ရသည်ဟု သူ့အား ပြောလာသော်လည်း သူက "သူတို့" မဟုတ်ဘူးဟု ပြောလာခဲ့သည်။

အဘယ့်ကြောင့် သည်လိုဖြစ်ရသည်ကို ချန်ခေါ့မသိတော့ပေ။ အမှန်တကယ် "သူတို့" မဟုတ်ဘူးဆိုလျှင် ထိုလူများက ဘယ်သူလဲ။ အဘယ်ကြောင့် ဤကဲ့သို့ သံသယဖြစ်စရာကောင်းနေလဲ။ အကယ်၍ "သူတို့" ဖြစ်နေသည်ဆိုလျှင်လည်း ကျန်းယွီသော်က အဘယ့်ကြောင့် ငြင်းဆိုနေသလဲ။

သူ့ကိုယ်သူ နေကောင်းသွားပြီဟု ပြောထားခဲ့ပြီးသားဖြစ်သောကြောင့်လား။

ချန်ခေါ့နှင့်ကျန်းယွီသော်တို့သည် သစ်သားပြားဝယ်ယူပြီးစီးသွားပြီးနောက် ဘိလပ်မြေဆိုင်သို့ ပြန်လာခဲ့သည်။ ဆိုင်ပိုင်ရှင်က သူတို့အတွက် ပစ္စည်းသယ်ကား ခေါ်ထားပေးပြီးသားဖြစ်ကာ ပစ္စည်းတင်ပြီးသည်နှင့်တစ်ပြိုင်နက် ဆိုင်သို့ တစ်ခါတည်းတန်းပြီး သယ်ပြန်၍ ရနေပြီဖြစ်သည်။

သို့သော် လူက ပစ္စည်းတင်ထရပ်ကား၏ နောက်တွင်သာ ထိုင်၍ရသည်။

ချန်ခေါ့က အနည်းငယ်စိုးရိမ်နေသည်။

"ဒီကားက နေရာအထိရောက်နိုင်ပါ့မလား"

"ရောက်နိုင်တယ်။ ဒါပေမယ့် အပြီးပြောထားလိုက်ဦးမယ်။ ကျွန်တော်က ပစ္စည်းချဖို့အတွက်မပါဘူး။ ကားနဲ့ဆွဲသွားဖို့ပဲ တာဝန်ယူတယ်။ ပစ္စည်းချ ဆိုင်ထဲသွင်း အပေါ်ထပ်လိုက်ပို့ဖို့ဆိုရင် ပိုက်ဆံထပ်ပေးမှရမယ်"

ကားဆရာက စီးကရက်ခဲထားရင်း ပြောသည်။

ချန်ခေါ့က ဒါဆိုလည်း ပိုက်ဆံထပ်ပေးမယ်ဟု ပြောရန်အလုပ်တွင် ကျန်းယွီသော်က ကားပေါ်တက်ရင်း ပြောလိုက်ပြီဖြစ်သည်။

"ဒီပစ္စည်းနည်းနည်းလေးက ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ချလိုက်မယ်"

ချန်ခေါ့သည် ပါးစပ်ပိတ်ထားရုံသာ တတ်နိုင်တော့သည်။ မည်သို့ပင်ဆိုစေကာမူ ဆိုင်ရှေ့ရောက်အောင် ကားနှင့် ဆွဲပေးမည်ဖြစ်ပြီး ပစ္စည်းကလည်း များများစားစားမဟုတ်ပေ။ အလုပ်သမားများကို ဆိုင်တွင်းသို့ ဝိုင်းကူသွင်းပေးရန် အကူအညီတောင်းလိုက်လျှင်လည်း ကိစ္စပြတ်သည်။

ကျန်းယွီသော်က လက်ဆန့်ထုတ်ပြီး ချန်ခေါ့အား ကားနောက်ပေါ်သို့ ဆွဲတင်လိုက်သည်။

"ဒီလိုနေရာမှာ ပထမဦးဆုံး စီးဖူးတာပဲမလား"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"အင်း။ ပစ္စည်းတင်သုံးဘီးကားကို ပထမဆုံးစီးဖူးတာ"

"စီးရတာဘယ်လိုနေလဲ၊ နေရခက်လား"

"နေရခက်တဲ့အထိတော့ မဖြစ်ဘူး"

ချန်ခေါ့က ကျစ်ခနဲ စုတ်သပ်လိုက်သည်။

"မင်း ငါ့ကို ဆေးထိုးချင်နေပြန်ပြီးမဟုတ်ဘူးလား"

"မဟုတ်ပါဘူး"

ကျန်းယွီသော်ကရယ်လိုက်ပြီး ကားအပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။

ချန်ခေါ့လည်း ကျန်းယွီသော်ကြည့်ရာဆီသို့ လိုက်ကြည့်လိုက်ရာ စောစောကလူကိုမတွေ့ရသလို သံသယဖြစ်စရာကောင်းသောလူ တစ်ယောက်တစ်လေကိုလည်း မတွေ့ရပေ။

ခေတ္တမျှ တွေဝေသွားပြီးနောက် ချန်ခေါ့က အသံနှိမ့်ကာ မေးလာသည်။

"သူတို့ မဟုတ်ဘူးလို့ မင်းပြောတော့ ... ... အဲဒါဆို ဘယ်သူတွေလို့ မင်းထင်လဲ"

ကျန်းယွီသော်က ခေါင်းခါရင်း ပြန်ဖြေလာသည်။

"မသိဘူး။ ဒီရက်ပိုင်းမှာ ... ..."

"အင်း ..."

ချန်ခေါ့က ကျန်းယွီသော် ဆက်ပြောလာရန် စောင့်နေသည်။

ကျန်းယွီသော်က အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ မေးလာသည်။

"ခင်ဗျား စိတ်ရှုပ်လောက်မလား"

ထိုအမေးကို ချန်ခေါ့က နားမလည်လိုက်ပေ။

"ဘာကိုလဲ"

ကျန်းယွီသော်က နှုတ်ခမ်းသားကို ကိုက်လိုက်ပြီး ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော် လူလွှတ်ပြီး ခင်ဗျားနောက်ကိုလိုက်ခိုင်းရင် ခင်ဗျား စိတ်ရှုပ်သွားမလား။ ကျွန်တော့်အထင် ကျွန်တော့်ကိုဦးတည်ပြီးလာတာ ... ... မဟုတ်လောက်ဘူးလားလို့"

ချန်ခေါ့က တန့်ခနဲဖြစ်သွားသည်။

"ငါ့ဆီ ဦးတည်တာလား။ ငါ့မှာလည်း ရန်သူတွေမရှိဘူးလေ"

ကျန်းယွီသော်က မျက်လုံးများကို မှေးစင်းလိုက်သည်။

"ဟုတ်လား။ ရန်သူရှိရှိ မရှိရှိ ကိစ္စမရှိဘူး။ ချောင်ပိတ်ပြီးတော့မှ ကြည့်ကြတာပေါ့"

"လခွမ်း။ မင်းက ဘာလုပ်ချင်နေလို့လဲ"

ချန်ခေါ့က လန့်သွားသည်။

"သူတို့သာ ဒီအထိလိုက်လာရဲရင် ပြေးလို့မလွတ်မှာ အသေအချာပဲ"

ကျန်းယွီသော်က ပြောလိုက်ပြီး စဉ်းစားလိုက်ပြီးနောက် ထပ်၍ဖြည့်ပြောလာပြန်သည်။

"စိတ်ချပါ။ ချောင်ပိတ်တာပဲလုပ်မှာ။ လက်ပါပြီးရန်ဖြစ်တာတွေ မလုပ်ဘူး"

ချန်ခေါ့က အခြားဘာမှထပ်မပြောတော့ပေ။

သူတို့သာလာရဲရင် သေချာပေါက်ကို ပြေးလို့မလွတ်ဘူး...။

ကျန်းယွီသော်က ထိုစကားကိုပြောလိုက်ချိန်တွင် အလွန်သေချာပိုင်နိုင်နေပြီး၊ စကားထဲတွင် စန်းကောကသာ ပိုင်ဆိုင်သော ကိုယ့်ကိုယ်ကိုယုံကြည်မှုနှင့်ရက်စက်မှုအရိပ်အယောင်များ ပေါ်ထွက်နေသည်။

သူ၏ပိုင်နက်ထဲသို့ အရောက်လာရဲသောလူအား သူပိုင်နိုင်စွာ ထိန်းချုပ်နိုင်သည်။

သူ့တွင် နောက်လိုက်ငတိများစွာရှိပြီး ဤအနီးတဝိုက်ရှိလမ်းများပေါ်တွင် ဖြန့်ကျက်စေလွှတ်ထားသည်။ တစ်ယောက်ယောက်နောက်သို့ နောက်ယောင်ခံလိုက်ခြင်း၊ တစ်ယောက်ယောက်ကို ရှာဖွေခြင်း၊ ချောင်ပိတ်တားဆီးခြင်း အစရှိသည်တို့မှာ ခဲရာခဲဆစ်အလုပ်များမဟုတ်ပေ။ ကိုယ်ရံတော်ချုပ်မှလွဲလျှင် ၎င်းနောက်လိုက်ငတိတစ်သိုက်၏တိုက်ရည်ခိုက်ရည်က ကောင်းမွန်လောက်သည်။ အနည်းဆုံးတော့ ပုံသဏ္ဍန်ဟန်ပန်အရ ထိုတစ်သိုက်ထဲမှ အများစုတို့သည် လူရမ်းကားငဆိုးများဖြစ်ကြသည်ကို ရိုးရိုးမျက်စိနှင့်ကြည့်လျှင်တောင် မြင်နိုင်သည်။

ထို့ကြောင့်။

ဘာကြောင့်လဲ။

ကျန်းယွီသော်က "သူတို့" ကို တစ်ခုခုလုပ်ရန် နည်းလမ်းတစ်ခုတစ်လေမှတောင် မရှိဘူးလား။

ကျန်းယွီသော်ကိုတောင် "သူတို့" က ထိခိုက်ဒဏ်ရာရစေနိုင်သောကြောင့် နောက်လိုက်ငတိများက ထို "သူတို့" ကို ချောင်ပိတ်တားဆီးနိုင်ခြင်းမရှိဘူးဆိုဦးတော့၊ နောက်လိုက်ငတိများက "သူတို့" ဆိုသောလူများကို မြင်တောင်မမြင်ဖူးခြင်းမှာ မဖြစ်သင့်ပေ။

ထို့ကြောင့် ကျန်းယွီသော်ဝန်ခံခဲ့သည့်အတိုင်းဆိုရလျှင်၊ "သူတို့" သည် ကျန်းယွီသော်၏ကမ္ဘာထဲတွင်သာ တည်ရှိသည်။ သူ "နေကောင်းသွားသည်" နှင့်တစ်ပြိုင်နက်၊ "သူတို့" က ပျောက်ကွယ်သွားလိမ့်မည်။

သို့သော် စောစောက ချန်ခေါ့က "သူတို့" ဟုတ်မဟုတ်မေးရာတွင် ကျန်းယွီသော်က "မဟုတ်ဘူး" ဟု ဖြေခဲ့သည်။ "သူတို့ဆိုတာ မရှိဘူး" ဟု မဖြေခဲ့ပေ။

ချန်ခေါ့က ကျန်းယွီသော်၏မျက်နှာကို ကြည့်နေသည်။

ကျန်းယွီသော်သည် တကယ်ကိုပင် သူပြောခဲ့သည့်အတိုင်း "နေကောင်းသွားပြီ" ဆိုသည့်ပုံစံနှင့် လုံးဝမတူနေပေ။

"အင်း၊ ဘာလဲ..."

ကျန်းယွီသော်က ချန်ခေါ့အား ကြည့်နေသည်။

"ဘာမှမဟုတ်ဘူး"

ချန်ခေါ့သည် အခြားဘာအတွေးမှမရှိနေပေ။ အတွေးတစ်ခုတစ်လေမှ မရှိနေခြင်းဖြစ်သည်။ သည်လောက်အထိ လှည့်ပတ်ကွေ့ဝိုက်ခဲ့ပြီးနောက် မူလနေရာကိုသာပြန်ရောက်လာပြီး ပြဿနာအသစ်တောင် ထပ်ပေါ်လာသောအခြေအနေတွင် သူသည် စိတ်အနှောင့်အယှက်ဖြစ်ခြင်းမရှိ၊ စိတ်ဆိုးခြင်းမရှိ၊ စိတ်ပျက်ခြင်းလည်းမရှိဘဲ ဘာကိုမှ မခံစားနေရပေ။

ကျန်းယွီသော်က သူ့အားကြည့်နေချိန်တွင်သာ ချန်ခေါ့သည် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေမိသည်။

သူသည် လက်ဆန့်ထုတ်ပြီး ကျန်းယွီသော်၏မျက်နှာကို ညင်သာစွာ ထိကိုင်လိုက်သည်။

ကျန်းယွီသော်က လျှင်မြန်စွာ လက်မြှင့်လိုက်ပြီး သူ့မျက်နှာကိုထိကိုင်ထားသော ချန်ခေါ့၏လက်ကို မျက်နှာပေါ်တွင် ဖိလိုက်သည်။ သို့သော် တစ်စက္ကန့်တောင် မပြည့်သေးမီ၊ ဤရုတ်တရက်ဆန်သော နွေးထွေးမှုကို ချန်ခေါ့က သေချာစွာ အာရုံမခံစားရသေးခင်၊ ကျန်းယွီသော်သည် ချန်ခေါ့၏လက်ကို ပုတ်၍ ဖယ်ထုတ်လိုက်ပြီဖြစ်သည်။

"လခွမ်း၊ ခင်ဗျားလက်က ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အေးစက်နေရတာလဲ"

ချန်ခေါ့မှာ တကယ်ကို ပြောစရာပျောက်ဆုံးသွားပြီဖြစ်သည်။

"မြေနိုး၊ အခုဆို ငါ့လက်ချည်းပဲ အေးစက်တာမဟုတ်တော့ဘူး၊ သောက်အသဲလည်း အေးစက်သွားပြီ"

ကျန်းယွီသော်က ကျစ်ခနဲစုတ်သပ်လိုက်ပြီး ချန်ခေါ့လက်ကို ပြန်ဖမ်းယူလိုက်ကာ သူ့လက်ဖဝါးနှစ်ဖက်ထဲတွင်ထည့်ကာ ပွတ်သပ်ပေးနေသည်။

"တော်ပါတော့။ ချန်ချင့်ကိုတောင် ကျွန်တော် ဒီလိုလက်ကို နွေးအောင်မပွတ်ပေးဖူးဘူး"

"ငါက ချန်ချင့်လား"

ကျန်းယွီသော်က ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး။ ခင်ဗျားက ... ..."

"ပါးစပ်ပိတ်စမ်း၊ မင်းကို သတိပေးလိုက်မယ်"

ကျန်းယွီသော်က ရယ်နေလိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

အိမ်ဆောက်ပစ္စည်းဈေးမှ ဆိုင်သို့ပြန်လာရာလမ်းတစ်လျှောက်လုံးတွင် ချန်ခေါ့သည် အနောက်ကနောက်ယောက်ခံလိုက်လာသည့်သူ ရှိမရှိကို သတိထားပြီး စောင့်ကြည့်ခဲ့သည်။ ကျန်းယွီသော်ထံမှ ကူးဆက်လာခဲ့သည်လားတော့မသိ၊ သူသည် အမြဲလိုလိုပင် သံသယစိတ်များ ခိုအောင်းနေခဲ့သည်။

ဆိုင်သို့ပြန်ရောက်ခါနီးတွင် ကျန်းယွီသော်က ချန်ခေါ့အား ခေါ်လိုက်သည်။

"ချန်ခေါ့၊ မကြည့်နဲ့တော့"

"ဟင် ..."

ချန်ခေါ့လည်း အနည်းငယ်အံ့သြနေသည်။ သူ့စိတ်ထဲတွင် သူ့အနေဖြင့် ပီပြင်ပိရိစွာ ဟန်ဆောင်နိုင်ခဲ့သည်ဟု ထင်နေခဲ့သည်။

"ဒီနေ့ ကျွန်တော်တို့ အဲဒီမှာ ပစ္စည်းသွားမယ်ဆိုတဲ့အကြောင်းကို ဘယ်သူမှမသိဘူး။ တကယ်လို့ နောက်ယောင်ခံလိုက်တာဆိုရင် အိမ်ကနေ ဒါမှမဟုတ် ဆိုင်ကနေထွက်လာကတည်းက လိုက်နေခဲ့တာဖြစ်လိမ့်မယ်။ ဒါပေမဲ့ အပြန်လမ်းကိုလည်း လိုက်လောက်မှာမဟုတ်ဘူး။ ပစ္စည်းဝယ်ပြီးရင် ဆိုင်ကိုပြန်လာမယ်ဆိုတာ ဘယ်သူမဆို သိနေတာပဲ"

"... ... ငါမကြည့်ပါဘူး"

ချန်ခေါ့သည် ရုတ်တရက်ပင် အရှက်ကွဲသလိုခံစားလိုက်ရသည်။

"ဆင်းရအောင်။ ရောက်ပြီ"

ကားရပ်သွားပြီးနောက် ချန်ခေါ့သည် ကျန်းယွီသော်နောက်မှလိုက်ပြီး ကားပေါ်မှ ခုန်ဆင်းလိုက်ကာ ဆိုင်ထဲသို့ဝင်ပြီး အလုပ်သမားနှစ်ယောက်ကို ပစ္စည်းကူသယ်ပေးရန် ခေါ်ထုတ်လာသည်။ ကျန်းယွီသော်နှင့်အတူ ပစ္စည်းများကို ကားပေါ်မှသယ်ချလိုက်ပြီး ဆိုင်အပေါ်ထပ်သို့ ယူတင်လိုက်သည်။

ယခုအချိန်သည် နေ့လည်စာစားချိန်ကို ကျော်လွန်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်သည် မနက်စာကို တော်တော်နောက်ကျမှ စားဖြစ်ခဲ့သည့်အတွက် နေ့လယ်တွင်လည်း ဗိုက်မဆာကြပေ။ ထို့ကြောင့် ဘာမှမစားဖြစ်ကြပေ။

ကျန်းယွီသော်က ကြမ်းပြင်ပေါ်မှ သစ်သားပြားကို ခြေထောက်နှင့်ကန်လိုက်လိုက်ပြီးပြောလာသည်။

"ဘယ်လိုလုပ်ရမလဲဆိုတာ ခင်ဗျားကျွန်တော့်ကိုပြောပြ။ ခင်ဗျားဆီမှာ ကိရိယာတန်ဆာပလာတွေရှိရဲ့လား"

"ရှိတယ်။ လျှပ်စစ်လွှတို့ သစ်သားအချောသပ်စက်တို့ဘာတို့ရှိတယ်။ ဟိုဘေးခန်းထဲမှာ။ ငါ ပုံဆွဲပြီး မင်းကို အရင်ပြပေးမယ်။ ပြီးတော့ ပုံသွင်းတဲ့မိုလုပ်ဖို့ သစ်သားကို လွှနဲ့ဖြတ်လိုက်"

"လျှပ်စစ်လွှကိုတော့ ကျွန်တော် တစ်ခါမှမသုံးဖူးသေးဘူးနော်"

"ကိစ္စမရှိဘူး။ မဟုတ်ရင်လည်း မင်းက သစ်သားကို အပေါ်ကဖိထားပေး၊ ငါပဲ လွှနဲ့ဖြတ်လိုက်မယ်"

"... ... ခင်ဗျားသုံးတတ်တယ်ပေါ့"

"မလုပ်တတ်ဘူး။ စမ်းကြည့်တာပေါ့"

"အဲဒါဆိုလည်း ကျွန်တော်ပဲလုပ်လိုက်ပါ့မယ်"

ကျန်းယွီသော်က လှည့်ထွက်သွားပြီး ဘေးခန်းထဲမှ ကိရိယာတန်ဆာပလာများ သွားယူသည်။

ချန်ခေါ့သည် မျက်စိရှေ့ရှိ ပစ္စည်းတစ်ပုံကိုကြည့်ပြီး ခေတ္တခန့်ငေးငိုင်နေသည်။ သူ့ခေါင်းထဲတွင် စောစောကဖြစ်သွားသောကိစ္စအား သံသယရှိနေဆဲဖြစ်ကာ နားမလည်နိုင်ဖြစ်နေဆဲဖြစ်သည်။ သို့သော် ကျန်းယွီသော်ကမူ ထိုကိစ္စကို သိသိသာသာပင် စိတ်ထဲ အရေးမထားနေပေ။

ဤကဲ့သို့သော အရေးမထားမှုသည် လုံးဝဂရုမစိုက်သောပုံစံမျိုးမဟုတ်ဘဲ နိုင်နင်းပိုင်နိုင်သည်ဟုယုံကြည်နေသောပုံစံမျိုးဖြစ်သည်။ "သူတို့" နှင့် ရင်ဆိုင်ရချိန်တွင်ဖြစ်ပေါ်သော စိတ်တင်းကျပ်ပူပန်မှုနှင့် လုံးဝမတူနေသော ကွဲပြားသည့်ပုံစံမျိုးဖြစ်သည်။

အကယ်၍ ဤသည်မှာ အမှန်တကယ်ပင် လက်တွေ့နှင့်စိတ်အထင်မှားမှုတို့ကို ရင်ဆိုင်ရချိန်များအတွက် မတူညီသည့်တုံ့ပြန်မှုများဆိုပါက၊ ကျန်းယွီသော်၏ အမူအရာကိုကြည့်ပြီး အကဲဖြတ်ရလျှင်၊ ကျန်းယွီသော်သည် ကွဲပြားစွာ ပြုမူရင်ဆိုင်သည်ကို တွေ့ရမည်ဖြစ်သည်။

သို့တိုင်အောင် ... ...

ချန်ခေါ့က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ရုတ်တရက်ပင် ၎င်းစိတ်ကျန်းမာရေးဆရာဝန်နှင့် သွားတွေ့ချင်စိတ်ဖြစ်လာသည်။

အကယ်၍ ထိုကဲ့သို့သော စိတ်ကျန်းမာရေးဆရာဝန်ဟူသည့် လူတစ်ယောက်သာ တကယ်တမ်းရှိနေမည်ဆိုလျှင်ပေါ့လေ...။

ကျန်းယွီသော်က ကိရိယာတန်ဆာပလာများကို ယူထုတ်လာပြီး ကြမ်းပေါ်တွင် ချထားလိုက်သည်။

"ကျွန်တော် စက်ကို တစ်ချက်ကြည့်လိုက်ပြီးပြီ။ ဘာပြဿနာမှမရှိလောက်ဘူးလို့ ထင်ရတာပဲ"

"အဲဒါဆို ငါ့မင်းကို ပုံဆွဲပြပေးမယ်"

ချန်ခေါ့က ခေါင်းညိတ်ရင်းပြောလိုက်ပြီး မြေဖြူတစ်ချောင်းယူကာ ဘိလပ်မြေပုံသွင်းမိုပုံစံကို ကြမ်းပေါ်တွင် ကျန်းယွီသော်အား ဆွဲပြလိုက်သည်။ ပုံဆွဲလိုက်ပြီးနောက် အတိုင်းအတာအရွယ်အစားတို့ကို အမှတ်အသားပြုလိုက်သည်။

"ဒါကြီးက ထမင်းစားဆောင်တွေမှာ ထမင်းပေါင်းတဲ့ဗန်းကြီးမဟုတ်ဘူးလား။ အဲဒီလိုမျိုးဗန်းကိုပဲ တစ်ခါတည်းဝယ်လိုက်ပြီးတော့ တန်းပြီးပုံစံသွင်းလိုက်ရင် မပြီးသွားဘူးလား"

"... ... အဲဒီဟာတွေက လိုချင်တဲ့ဆိုဒ်လောက်အထိ ကြီးတာမရှိဘူး"

"သြော်။ ဟုတ်ပါပြီ"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်သည်။

ကျန်းယွီသော်သည် ယခင်က လျှပ်စစ်လွှကို အသုံးပြုခဲ့ဖူးခြင်းမရှိသလို ဤကဲ့သို့သောအလုပ်မျိုးကိုလည်း မလုပ်ဖူးခဲ့သော်လည်း လုပ်ရည်ကိုင်ရည်ကမူ ကောင်းမွန်လှသည်။ သစ်သားပြားကိုယူပြီး ပထမဆုံး ဖြတ်တောက်လိုက်ရာတွင်ပင် အနေအထားက အလွန်စံနှုန်းကျသည်။

ကျန်းယွီသော်က ကျစ်ခနဲစုတ်သပ်လိုက်သည်။

"ခက်တော့ မခက်ဘူးပဲ။ ကျွန်တော် လက်သမားအလုပ် လုပ်စားလို့ရပြီ"

ချန်ခေါ့က ပြုံးသာပြောနေပြီး စကားမဆိုပေ။

ကျန်းယွီသော်က ချန်ခေါ့အား လှည့်ကြည့်ပြီးမေးလာသည်။

"ခင်ဗျား လက်သမားအလုပ်ကို ဘယ်လိုသဘောရလဲ"

ချန်ခေါ့က ခေါင်းညိတ်လိုက်ကာ :

"ကောင်းသားပဲ။ လက်ရာကောင်းတဲ့လက်သမားဆရာတွေဆိုရင် သူတို့ကိုခေါ်ဖို့ကို ကိုယ့်အလှည့်ရောက်ဖို့တောင် တန်းစီစောင့်ရတာ"

"ဟုတ်လား"

ကျန်းယွီသော်က လျှပ်စစ်လွှကိုကိုင်ပြီး သစ်သားပြားကိုစိုက်ကြည့်နေသည်။ တစ်အောင့်ခန့်ကြာတော့မှ ချန်ခေါ့ဘက်သို့လှည့်လာပြီး :

"အငှားချထားတဲ့တိုက်ခန်းမှာ ငှားနေနေတဲ့ လက်သမားဆရာတစ်ယောက်ရှိတယ်။ ဒါပေမဲ့ အရည်အချင်းကတော့ သိပ်မကောင်းဘူးနဲ့တူတယ်။ မဟုတ်ရင်လည်း အဲဒီတိုက်ခန်းမှာ ငှားနေမှာမဟုတ်ဘူးလေ"

ချန်ခေါ့က ကျန်းယွီသော်အားကြည့်နေသည်။ စက္ကန့်အနည်းငယ်ခန့်ကြာတော့မှ သဘောပေါက်သွားတော့သည်။

"မင်းက လက်သမားဆရာအလုပ်ကို တကယ်လုပ်ချင်နေတာတော့ မဟုတ်ဘူးမလား"

ကျန်းယွီသော်သည် လျှပ်စစ်လွှကို ခလုတ်ပိတ်လိုက်ပြီး ကိုယ်ကိုလှည့်လာကာ သစ်သားပြားပေါ်ထိုင်ပြီး မျက်မှောင်ကြုတ်ထားသည်။

"မသိဘူး။ ကျွန်တော် ... ... ခင်ဗျားအထင် ကျွန်တော် ... ..."

"မင်းက လူချန့်အတွက် အလုပ်လုပ်ပေးနေတာမဟုတ်ဘူးလား"

"အင်း။ အဲဒီသဘောပါပဲ။ သူ့ ကတ်ကစားရုံနဲ့အငှားချထားတဲ့တိုက်ခန်းတွေမှာ ကိစ္စတစ်ခုခုရှိရင် ကျွန်တော့်ကိုပဲလွှတ်ပြီးသွားခိုင်းတာ။ တစ်လ ဒါမှမဟုတ် နှစ်လလောက်နေရင် ကျွန်တော့်ကို ပိုက်ဆံပေးတယ်"

"ပေးတာ နည်းလို့လား"

ကျန်းယွီသော်က နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"မနည်းဘူး။ တော်တော်များတယ်။ ဒါပေမဲ့ ... ... ကျွန်တော် နောက်ပိုင်းကျရင်လည်း အမြဲတမ်း ဒီလိုပဲ နေနေရမှာလား။ လူချန့်က ကျွန်တော့်ကို ငဲ့ပြီး ကူညီချင်လို့လည်း ဖြစ်ချင်ဖြစ်နေမှာလေ။ ဒီအလုပ်တွေလုပ်ဖို့ တခြားလူတစ်ယောက်ကို သူရှာပြီးခိုင်းမယ်ဆိုရင် ကျွန်တော့်ကိုပေးနေသလောက် ပိုက်ဆံအများကြီးသုံးဖို့မလိုဘူး"

"ဘယ်လိုဖြစ်ပြီးတော့ ရုတ်တရက်ကြီး ဒါတွေကို စဉ်းစားမိသွားရတာလဲ"

ချန်ခေါ့က သူ့ဘေးနားတွင်ကပ်ပြီး သွားထိုင်လိုက်သည်။

"ရုတ်တရက်ကြီးတော့လည်း မဟုတ်ပါဘူး"

ကျန်းယွီသော်က စဉ်းစားလိုက်ပြီးနောက် ထပ်ပြောလာသည်။

"မသိတော့ဘူး။ ကျွန်တော်ကလည်း လက်စွမ်းလက်စရှိနေတာမဟုတ်ဘူး။ သစ်သားပြားဖြတ်နေတုန်းက ... ... ရုတ်တရက်လို့လည်း ပြောလို့ရပါတယ်လေ။ သေချာမပြောတတ်တော့ဘူး"

"မင်းက တစ်ခုခုကို သင်ယူချင်နေတယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ်ချင်နေတယ်။ ဟုတ်တယ်မလား"

"အင်း"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

"ကျွန်တော့် ... ... စိတ်ကျန်းမာရေးဆရာဝန်က ကျွန်တော့်ကိုမေးဖူးတယ်။ နေကောင်းသွားပြီးရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲတဲ့။ ကျွန်တော်မဖြေတတ်ခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ... ... အစီအစဉ်တစ်ခုခုတော့ရှိသင့်တယ်လေ။ ဟုတ်တယ်မလား"

"ဟုတ်တယ်။ ဒါပေမဲ့ လောဖို့မလိုပါဘူး။ ဖြည်းဖြည်းပေါ့။ ငါနဲ့လည်း တိုင်ပင်လို့ရတယ်"

ကျန်းယွီသော်က ချန်ခေါ့အား ငဲ့စောင်းကြည့်လာသည်။

ချန်ခေါ့က ပြုံးလိုက်သည်။

"ချေးကိုပြုံးနေလိုက်"

"မင်းရဲ့ စိတ်ကျန်းမာရေးဆရာဝန်က ... အမျိုးသားလား၊ အမျိုးသမီးလား"

ချန်ခေါ့က စမ်းသပ်သည့်အနေဖြင့် မေးမြန်းကြည့်သည်။

ကျန်းယွီသော်က မျက်မှောင်ကြုတ်ကာ ချန်ခေါ့အားကြည့်နေသည်။

"အမျိုးသမီး၊ အစ်မကြီးတစ်ယောက်ပဲ"

"နာမည်ဘယ်လိုခေါ်လဲ"

ကျန်းယွီသော်၏မျက်ဝန်းထဲတွင် တုံ့ဆိုင်းတွေဝေသောအရိပ်ကလေးတစ်မျှင်က ဖြတ်ပြေးသွားပြီး စကားမဆိုဘဲ တိတ်ဆိတ်နေသည်။

ချန်ခေါ့က အဆောတလျင်ပင် ရပ်တန့်လိုက်တော့သည်။

"ထားလိုက်တော့။ ငါ ... ..."

"ခင်ဗျား သဝန်တိုတာတော့မဟုတ်ဘူးမလား"

ကျန်းယွီသော်က ရုတ်တရက်မေးလိုက်သည်။

ချန်ခေါ့က တစ်ချက်သီးသွားပြီး ကျန်းယွီသော်အား စိုက်ကြည့်လိုက်သည်။

"မင်းဘာပြောလိုက်တယ်"

"သူက အသက် (၄၀) ကျော်နေပြီ။ သူ့ကလေးတောင် အထက်တန်းတက်နေပြီ"

"ဘာကို ... ...။ ငါ သဝန်တိုတာမဟုတ်ဘူးဟ"

ချန်ခေါ့က အော်ဟစ်ကာပြောလိုက်သည်။ အသံတောင် အနည်းငယ်ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။

ကျန်းယွီသော်က စကားပြောမလာတော့ဘဲ မျက်လုံးအကြည့်က လှေကားရှိရာဆီသို့ ရောက်ရှိသွားသည်။

တစ်ဆက်တည်းတွင် လှေကားပေါ်သို့ တစ်ယောက်ယောက် တက်လာသံကို ချန်ခေါ့ကြားလိုက်ရတော့သည်။ ဘယ်သူလဲဟု မေးရန်အလုပ်တွင် လှေကားဘက်ဆီမှ တစ်ယောက်ယောက်က စကားဆိုလာသည်။

"ချန်ကောရေ၊ စန်းကောရေ"

လင်ရွှိ၏အသံဖြစ်သည်။

လင်ရွှိက လှေကားပေါ်မှ အော်ခေါ်လိုက်သံသည် အတော်လေးကို ကျယ်လောင်လှသည်။ မိမိရောက်ရှိလာကြောင်း၊ အပေါ်ထပ်တက်လာတော့မည်ဖြစ်ကြောင်းကို ကြိုတင်၍ အသိပေးကြော်ငြာလိုက်သကဲ့သို့ပင်...။

လေသံကို ကြားလိုက်သည်နှင့် ချန်ခေါ့က ချက်ချင်းသဘောပေါက်သွားသည်။ စောစောက မိမိအော်ပြောလိုက်သော စကားသံခပ်ကျယ်ကျယ်ကို လင်ရွှိက ကြားသွားမည်မှာ သေချာသလောက်ရှိနေပြီ...။

"ပစ္စည်းတွေသယ်လာပြီ၊ ဟုတ်လား"

ချန်ခေါ့က ကမန်းကတန်းမတ်တတ်ထရပ်လိုက်သည်။

လင်ရွှိက လှေကားမှတဆင့် အပေါ်သို့တက်လာပြီး မျက်နှာပေါ်တွင်လည်း ကသိကအောက်ဖြစ်မှု အနည်းငယ်က ကပ်စွဲနေကာ ချန်ခေါ့တို့နှစ်ယောက်အား ပြုံးပြလိုက်သည်။

"ဟုတ်တယ်။ ကားက အပြင်မှာရောက်နေပြီ။ ကားသုံးစီးစာ တင်လာခဲ့တာ၊ နောက်ထပ်နှစ်စီးက မကြာခင်မှာပဲ ရောက်လာတော့မယ်"

ချန်ခေါ့ကလည်း လောလောဆယ်တွင် အနည်းငယ် နေရခက်နေသည်။

"အဲဒါဆို ... ... အခုပဲ သယ်လိုက်မလား"

"သယ်နေကြပြီ။ အလုပ်သမားက အစ်ကိုတို့ အပေါ်ထပ်မှရှိနေတယ်ပြောတာနဲ့ ပစ္စည်းတွေထားမယ့်နေရာကို တစ်ချက်လာကြည့်ပေးဖို့ လာခေါ်တာ"

"ကိုယ်အခုပဲ ဆင်းလာခဲ့လိုက်မယ်"

"ကောင်းပါပြီ"

လင်ရွှိက ခေါင်းညိတ်လိုက်ပြီး ကျန်းယွီသော်ကိုလည်း ပြုံးပြလိုက်ပြီးနောက် ခြေလှမ်းခပ်သွက်သွက်ဖြင့် အောက်ထပ်သို့ လှည့်ဆင်းသွားသည်။

"ငါအရင်ဆင်းကြည့်လိုက်ဦးမယ်။ မင်း ... ..."

"ကျွန်တော် သစ်သားပြားဖြတ်ထားလိုက်မယ်။ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်"

ကျန်းယွီသော်က လျှပ်စစ်လွှကို ကိုင်ပြီး ပြောလိုက်သည်။

ချန်ခေါ့က ကျန်းယွီသော်၏ပခုံးကို ပုတ်လိုက်သည်။

"အင်း"

လှေကားဆီသို့ထွက်သွားချိန်တွင် နောက်၌ကျန်ခဲ့သော ကျန်းယွီသော်က ထပ်ပြောလာသည်။

"ဟိုနေ့က ခင်ဗျားပြောတော့ ... ..."

ချန်ခေါ့က နောက်လှည့်ကြည့်ကာ :

"ဘာကြီး"

"ခင်ဗျားပြောခဲ့တာလေ၊ လင်ရွှိကို ပြောဖို့ ... ..."

ကျန်းယွီသော်က စဉ်းစားလိုက်ပြီးနောက် သစ်သားပြားကို နင်းလိုက်ကာ ဆက်ပြောသည်။

"ဘာမှမဟုတ်တော့ဘူး"

ချန်ခေါ့သည် ခေတ္တခန့်ငေးကြောင်နေပြီးတော့မှ သတိပြန်ရသွားကာ ရုတ်ခြည်းပင် ရယ်ချင်စိတ်များဖြစ်လာသည်။

ချန်ခေါ့သည် ကျန်းယွီသော်အနားသို့ လျှောက်သွားပြီး ခါးကိုင်းကာ နားရွက်နားတွင်ပြောလိုက်သည်။

"ပြောစရာမလိုတော့ဘူး။ သူသိပြီးနေပြီ"

ကျန်းယွီသော်က ဝုန်းကနဲလှည့်ကြည့်လာကာ :

"သူ ဘာသိတာလဲ။ ဘယ်လိုသိတာလဲ"

"ဒီလိုကိစ္စနဲ့ပတ်သက်လာရင် မင်းလို ဒုံးဝေးတဲ့လူက များများစားစားမရှိဘူး"

ချန်ခေါ့နှင့် လင်ရွှိတို့သည် သယ်ယူလာသော စားပွဲများ၊ ခုံများ၊ ဗီရိုများကို သတ်မှတ်ထားသောနေရာများတွင် နေရာချ စီရီနေရင်းဖြင့် တစ်ညနေခင်းလုံး အလုပ်ရှုပ်နေခဲ့သည်။ ဆိုင်ထဲတွင်လည်း ရုတ်တရက်ပင် ပြည့်ပြည့်စုံစုံဖြစ်သွားတော့သည်။

အလုပ်ရှုပ်ပြီးစီးသွားပြီးနောက် လင်ရွှိက ကြာကြာထပ်မနေတော့ဘဲ ငွေစာရင်းရှင်းစရာရှိသည်ဟုဆိုကာ ပစ္စည်းသယ်ကားနှင့် အတူတကွပြန်ထွက်သွားသည်။

ချန်ခေါ့က အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ နာရီပေါင်းများစွာအတွင်းတွင် ကျန်းယွီသော်က အပေါ်ထပ်ဝရံတာတွင်သာ တစ်လျှောက်လုံးနေနေပြီး တစ်ချက်မှတောင် ပေါ်မလာခဲ့ပေ။

ချန်ခေါ့က အပေါ်ထပ်သို့ အလျင်အမြန်တက်သွားကာ အော်ခေါ်လိုက်သည်။

"ကျန်းယွီသော် ..."

"အင်း"

ကျန်းယွီသော်က ဝမ်းပန်းတသာနှင့် ပြန်ထူးသည်။

ချန်ခေါ့က သက်ပြင်တစ်ချက်မှုတ်ထုတ်လိုက်တော့သည်။ ယခုတစ်ခေါက်ရောက်လာသော လင်ရွှိကိုမြင်သော် ကျန်းယွီသော်က မည်သည့်မကျေမနပ်ခံစားချက်မှ မဖြစ်လိုက်သလိုပင်...။

"အခြေအနေဘယ်လိုလဲ"

ချန်ခေါ့က အနားသို့လျှောက်သွားသောအခါ အံ့သြစွာမြင်လိုက်ရသည်မှာ ကျန်းယွီသော်သည် ခုံတန်းရှည်လုပ်ရန်အတွက် သုံးရမည့် မဆွေးမြေ့သည့်တာရှည်ခံသစ်သားပြားများကို လွှဖြင့်ဖြတ်တောက်ထားပြီးသားဖြစ်နေကာ သံနှင့်တောင် ရိုက်နှက်ထားပြီးသားဖြစ်နေပြီ။

"တော်လှချည်လား။ ဘယ်လိုပုံစံလုပ်မလဲဆိုတာ မင်းကိုငါ မပြောပြမိသလိုပဲ၊ ဟုတ်တယ်မလား"

"ဟိုနားမှာ ပုံကြမ်းရှိတယ်မဟုတ်ဘူးလား။ ကျွန်တော် အဲဒီပုံကြမ်းကိုကြည့်ပြီးလုပ်လိုက်တာ၊ မဆိုးဘူးမလား"

ကျန်းယွီသော်က ဘေးနားတွင်ချထားသော ဒီဇိုင်းပုံကြမ်းပုံများကို ညွှန်ပြပြီး ပြောလိုက်သည်။

"မဆိုးဘူး"

"ဘယ်လိုနေလဲ"

ကျန်းယွီသော်က ကျေနပ်အားရနေပုံဖြင့် သစ်သားပြားကို ခြေနှင့်ကန်လိုက်ကာ ချန်ခေါ့ကာလှည့်ကြည့်လိုက်သည်။

ချန်ခေါ့က ရယ်လိုက်ကာ :

"တော်တယ်"

"ကျွန်တော် တစ်ချက်တွက်ကြည့်လိုက်ပြီးပြီ၊ သစ်သားတွေအများကြီးပိုနေသေးတယ်။ တခြားပစ္စည်းတစ်ခုခု လုပ်လို့ရသေးတယ်"

"ဘာပစ္စည်းလုပ်ဖို့လဲ"

ချန်ခေါ့က နံရံကိုမှီရပ်နေသည်။ ကျန်းယွီသော်၏ ယခုလက်ရှိအနေအထားကို ချန်ခေါ့က အင်မတန်နှစ်သက်သဘောကျသည်။ စိတ်ပူပန်တင်းကျပ်နေခြင်း၊ သတိချပ်နေခြင်း၊ သုန်မှုန်ညှိုးငယ်ခြင်း အစရှိသည်တို့ လုံးဝမရှိဘဲ အသက် (၂၀) ကျော်ခါစ လူငယ်လေးတစ်ယောက်၏ ပုံပန်းသဏ္ဍာန်သာရှိသည်။

"ဟိုရက်က ကုန်တိုက်မှာ ကျွန်တော် မီးအိမ်တစ်လုံးတွေ့လိုက်တယ်၊ ခုတင်ခေါင်းရင်းမှာ သံရိုက်ပြီး ထားတဲ့မီးအိမ်ပုံစံမျိုး။ အလယ်မှာ မီးလုံးဝိုင်းဝိုင်းကြီးတစ်လုံးရှိတယ်။ သစ်သားပေါ်မှာ အပေါက်တွေအများကြီးဖောက်ထားတယ်။ မီးလုံးကိုခလုတ်ဖွင့်လိုက်ရင် အလင်းရောင်အစက်ဝိုင်းဝိုင်းလေးတွေ အများကြီးထွက်လာတယ်"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"ကျွန်တော်က အဲဒါကိုဝယ်ပြီး ခင်ဗျားကို မွေးနေ့လက်ဆောင်ပေးချင်လို့။ ခင်ဗျားက အနုပညာသမားမဟုတ်လား။ အဲဒီမီးအိမ်က တော်တော်အနုပညာဆန် ... ..."

"စန်းကော"

ချန်ခေါ့က ကျန်းယွီသော်၏စကားစကို ဖြတ်တောက်ပစ်လိုက်တော့သည်။

ကျန်းယွီသော်က ချန်ခေါ့အားကြည့်လိုက်သည်။

"ဘာလုပ်ဖို့လဲ"

"ဘာလုပ်ရမှာလဲ။ ဘာများ လုပ်နိုင်ဦးမှာမို့လို့လဲ။ မြေနိုး၊ အံ့သြစရာတွေကို မင်းအကုန်ပြောထုတ်လိုက်ပြီးနေပြီလေ။ ငါ့ကို ဘာလက်ဆောင်ပေးမှာလဲဆိုတာ ငါ့ကိုပြောမပြနဲ့လို့ မပြောခဲ့ဘူးလား"

ချန်ခေါ့က ကျန်းယွီသော်အားစိုက်ကြည့်ရင်းပြောလိုက်သည်။

ကျန်းယွီသော်က ကြက်သေသေသွားတော့သည်။

"အာ ..."

"မင်းဘိုးအေကို အာ နေလိုက်တော့"

"အာ ... မဟုတ်သေးဘူး"

ကျန်းယွီသော်က စဉ်းစားလိုက်ပြီး ချန်ခေါ့အား ကမန်းကတန်းဖြင့် နှစ်သိမ့်သလို ဆက်ပြောသည်။

"ကိစ္စမရှိဘူးလေ။ ကျွန်တော်အခု ခင်ဗျားကို အဲဒီမီးအိမ်ဝယ်မပေးတော့ဘူးလေ။ မပေးတော့ဘူး"

"... ... သြော်"

ချန်ခေါ့က ကျန်းယွီသော်အား ကြည့်နေသည်။

"ကျွန်တော့်ဘာသာကျွန်တော် ... ..."

ကျန်းယွီသော်က ထိုသစ်သားပြားများကိုညွှန်ပြရင်း တစ်ဝက်တစ်ပျက်နှင့် ပြောလက်စ စကားကိုရပ်တန့်ကာ ချန်ခေါ့အား ကြည့်လိုက်သည်။

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်ကာ စဉ်းစားရင်းနှင့် သဘောတကျဖြစ်သွားသည်။

"မင်းဘာသာမင်း တစ်ခုလုပ်ယူမယ်။ ဟုတ်တယ်မလား"

ကျန်းယွီသော်က စကားမဆိုပေ။

"ကိုယ့်ဘာသာကိုယ်လုပ်တာက ဝယ်တာထက်ကောင်းပါတယ်။ မင်းလုပ်တဲ့ဟာကို ငါကြိုက်တယ်"

ကျန်းယွီသော်က အတန်ကြာအောင်စဉ်းစားနေပြီးမှ လက်ဝါးတစ်ချက်ရိုက်လိုက်သည်။

"အံ့သြစရာကတော့ ရှိနေတုန်းပဲလေ။ ကျွန်တော်လုပ်တဲ့မီးအိမ်က ဘယ်လိုပုံစံထွက်လာမလဲဆိုတာ ခင်ဗျားမသိဘူးလေ၊ ဟုတ်တယ်မလား"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"မပြောကောင်းမဆိုကောင်း မီးအိမ်ဖြစ်အောင် ကျွန်တော်မလုပ်နိုင်ရင်ရော။ ဟုတ်တယ်မလား"

"မင်းဘိုးအေ။ မလုပ်နိုင်တာကလည်း အံ့သြစရာလို့ခေါ်တာပဲလား"

ချန်ခေါ့က စိတ်တိုစွာ ရယ်လိုက်သည်။

"ခေါ်တယ်လေ။ ကျွန်တော် လုပ်လို့မရရင် ကုန်တိုက်မှာရောင်းတဲ့မီးအိမ်ကို သွားပြန်ဝယ်ပြီးတော့ ခင်ဗျားကို ပေးမှာပေါ့"

"... ... မြန်မြန်လစ်လိုက်တော့"

ချန်ခေါ့က ရယ်ရင်းအော်ပြောလိုက်သည်။

ကျန်းယွီသော်က ထပ်၍ရှင်းပြလာသည်။

"အံ့သြစရာက ရှိမှာပါ"

"သိပါပြီ"

ချန်ခေါ့က တစ်အောင့်ခန့် ရယ်နေလိုက်ပြီး ကျန်းယွီသော်အား အတန်ကြအောင် ငေးမောစိုက်ကြည့်နေပြန်သည်။

"ကျန်းယွီသော်"

"အင်း"

"ဒီကိုလာခဲ့၊ ငါ့ကို ခဏလောက်ပေးဖက်"

ချန်ခေါ့က လက်မောင်းနှစ်ဖက်ကို ဖြန့်ကားလိုက်သည်။

ကျန်းယွီသော်က မျက်မှောင်ကြုတ်လိုက်ကာ အခန်းအတွင်းဘက်ဆီနှင့်လှေကားဘက်ဆီသို့ အကြည့်တစ်ချက်ပို့လိုက်သည်။ ထို့နောက် ခေါင်းလှည့်လာပြီး ဝရံတာအပြင်ဘက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြန်သည်။ ပြီးတော့မှ ချန်ခေါ့၏အရှေ့နားဆီသို့ လျှောက်လာသည်။

"မင်းကလေ တက်ကြွနေတဲ့လူ့စိတ်ကို တကယ်ရိုက်ချနိုင်တယ်"

ချန်ခေါ့က သက်ပြင်းချလိုက်ကာ လက်ဆန့်ပြီး ကျန်းယွီသော်အား သိုင်းဖက်လိုက်သည်။

ကျန်းယွီသော်ကလည်း ချန်ခေါ့အား ပြန်ဖက်လိုက်သည်။

"ကျွန်တော်က အကျင့်မဖြစ်နေလို့ပါ။ ကျွန်တော် ဒီအသက်အရွယ်ရောက်တဲ့အထိ နေ့ခင်းကြောင်တောင်ကြီး ဒီလောက်လူတွေအများကြီးရှေ့မှာ တစ်ယောက်ယောက်နဲ့ ဒီလိုအလုပ်တွေမလုပ်ဖူးဘူး"

"ဘယ်လိုအလုပ်လဲ၊ ရှင်းရှင်းပြောစမ်းပါ။ လမ်းမကြီးပေါ်မှာ မင်းကိုငါတက်လုပ်သလိုကြီးဖြစ်အောင် မပြောနေနဲ့"

ကျန်းယွီသော်က တိတ်ဆိတ်သွားသည်။

တစ်အောင့်ခန့်ကြာသွားပြီးနောက်မှ သူသည် အသံတိုးတိုးနှင့် မေးလာသည်။

"ဘယ်လို ... ... လုပ်တာလဲ"

ထိုအမေးကြောင့် ချန်ခေါ့မှာ ကြက်သေသေသွားတော့သည်။

ပြန်ဖြေရမလား၊ ဒါမှမဟုတ် သေချင်ယောင်ဆောင်ပြီး မဖြေဘဲနေရမလားဆိုသည်ကို ချန်ခေါ့တစ်ယောက် သေချာမစဉ်းစားရသေးမီ ကျန်းယွီသော်က ကျစ်ခနဲစုတ်သပ်ပြီးပြောလိုက်ပြန်သည်။

"တကယ်တော့ ခန့်မှန်းကြည့်လို့ရလုနီးပါးပါပဲ ... ... တော်ပြီ၊ ဒါတွေမပြောတော့ဘူး။ နေရခက်တယ်"

***

(ဆက်ရန်)


Continue Reading

You'll Also Like

1M 189K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
15.3K 722 70
Title _ 狼行成双 / wolves of a pair prowl together Author _ 巫哲 / wuzhe Chapter _ 105 + 2 extra chapters Story of two people who mutually don't see eye t...
11.5M 278K 29
#1 & 3 in the "There's A..." series. #2 is on my profile. [Editing] He's popular, I'm a nobody. He's a senior, I'm a freshman. He goes to wild part...
997K 143K 72
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...