စာစဉ် 28 Chapter 411 ကြမ်းကြုတ်ခြင်းနှင့် နူးညံ့ခြင်းတို့ ပေါင်းစပ်မှု
ရဲ့လင်းချန်၏ လှုပ်ရှားမှုက ချောမွေ့နေပြီး သူ့ခန္ဓာကိုယ်အား လေထဲ၌ သုံးရာ့ခြောက်ဆယ် ဒီဂရီ လှည့်နေသည်။ သူ လက်သီးတစ်လုံး ပစ်သွင်းလိုက်တိုင်း လေကိုခွင်းသွားသကဲ့သို့သော အသံမျိုး ထွက်ပေါ်နေ၏။
သူသည် ယုန်တစ်ကောင်ကဲ့သို့ သွက်လက်လျင်မြန်ပြီး မိန်းမပျိုလေးကဲ့သို့ တိတ်ဆိတ်သည်။
ဤသည်မှာ ရဲ့လင်းချန်၏ ပြီးပြည့်စုံသော သရုပ်ပြမှုပင်။
သူသည် ရှုခင်းကြည့်သော တဲအိမ်လေး၌ တစ်နာရီနီးနီး မလှုပ်မယှက် ရပ်နေခဲ့သော်လည်း တစ်ခဏအကြာ၌ လက်ဝှေ့ထိုးကျင့်ခြင်းကို ပြင်းပြင်းထန်ထန် စလုပ်ခဲ့သည်။
ကင်မရာသမား၊ ဒါရိုက်တာနှင့် တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများအားလုံး အံ့ဩသွားကြသည်။
သို့သော် မကြာခင်မှာပင် သူတို့ အရူးအမူး ဖြစ်သွားကြလေသည်။
[666666 ... ရဲ့နတ်ဘုရားက သိုင်းကွက်တွေ ဘယ်လိုလုပ်ရမလဲ ဆိုတာကို တကယ် သိနေတာပဲ]
[သူက တအား တောက်ပလွန်းလို့ ငါ့မျက်လုံးတွေတောင် ကန်းတော့မယ်၊ ဒါကြီးက တအား မိုက်တယ်ကွာ၊ ဘာအရည်အချင်းမှ မရှိဘဲ ကြည့်ကောင်းအောင် လုပ်တဲ့သူနဲ့ တခြားစီပဲ]
[ရဲ့နတ်ဘုရား ဘတ်စကက်ဘော ကစားတုန်းက စောက်ရမ်း မိုက်နေတာက အံ့ဩစရာ မဟုတ်တော့ဘူးပဲ၊ ဒါ သူ အရင်က ကွန်ဖူးကို လေ့ကျင့်ခဲ့လို့ကိုး၊ သောက်ရမ်း မိုက်တယ်ကွာ]
...
ဒါရိုက်တာက ကင်မရာသမားကို ချက်ချင်း မျက်စိမှိတ်ပြကာ သူတို့အား အနားသွား၍ ရိုက်ကူးရေးစရန် အချက်ပြလေသည်။
ရိုက်ကူးရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များမှာမူ တစ်ဖက်မှ ဟင်းလင်းပြင်တွင် နေရာယူ၍ ရဲ့လင်းချန် လက်ဝှေ့ထိုး ကျင့်နေသည်ဟု တအံ့တဩနှင့် သဘောတကျ ကြည့်နေသည်။
သိုင်းပညာနှင့် ပတ်သက်လျင် သူတို့သည် မသိသူများဖြစ်သော်လည်း သူတို့ ဘာကိုမှ နားလည်နိုင်စွမ်း မရှိသည်တော့ မဟုတ်ပါ။ ဥပမာ ပြောရလျင် ဒူးဆန့်လျက် စစ်ရေးပြ ချီတက်နည်းလိုပင်။ လူသစ်နှင့် နည်းပြဆရာကြား၌ ရှင်းလင်းသော ခြားနားမှုက အမြဲ ရှိနေမှာပင်။ ငပိန်းပင် တစ်ချက်ကြည့်ရုံနှင့် သတိထားမိနိုင်၏။
သူတို့ ကွန်ဖူး အကွက်များကို မသိသော်လည်း ရဲ့လင်းချန်၏ လက်သီးချက်များက ပန်းခြံမှ အဘိုးကြီးများ သို့မဟုတ် တီဗွီ၌ မြင်ရသည့် လူများနှင့် ကွဲပြားသည်ကို သူတို့ ခံစားမိသည်။ နှစ်ခုလုံးက လုံးဝ မတူညီသော သဘောတရားများပင်။
သာမန်လူများ၏ လက်သီးချက်သည် နူးညံ့သည့်ဘက်သို့ သွားသည်။ သူတို့၏ လက်သီးများက လူတိုင်းကို ပျော့ပြောင်းသည်ဟူသော ထင်မြင်ချက်ကို ဖြစ်စေသည်။ ယင်းထံမှ ခြိမ်းခြောက်မှုကို ခံစားရန် ခဲယဉ်းသဖြင့် လူအများက ထိုအကွက်များကို သိမ်မွေ့နူးညံ့သည်ဟုသာ ဆိုကြသည်။ သို့သော် ရဲ့လင်းချန်၏ လက်သီးချက် များက မတူပေ။ လက်သီးချက်တိုင်းတွင် လေကိုခွင်းသွားသည့်အသံများ ဖြစ်ပေါ်နေသည်။ တစ်ကွက်ချင်းစီမှ ခွန်အားကို အသာလေး ခန့်မှန်းနိုင်ပေသည်။
ထိုသို့သော ခွန်အားမျိုး ရှိသော်လည်း သူ၏ လှုပ်ရှားမှုများက လှပပြီး လူတိုင်းအား ကြည်နူးစေသော ခံစားချက်မျိုး ပေးစွမ်းလေသည်။
မနက်ခင်း အစောပိုင်းသာ ရှိသေးသဖြင့် လူတိုင်း၏ စိတ်က အနည်းငယ် ထိုင်းမှိုင်းနေသေးသည်။ သို့သော် ရဲ့လင်းချန် လက်ဝှေ့ကျင့်နေသည်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး နိုးနိုးကြားကြား ဖြစ်သွားကြသည်။
တရုတ်ကွန်ဖူး၏ သဘောတရားက တရုတ်လူမျိုးတိုင်း၏ ရင်ထဲ၌ စွဲထင်နေသည်။ အတိတ်အခါက သေနတ်များ မရှိခဲ့ဘဲ အေးစက်၍ မာကြောသော လက်နက်များတွင်သာ အခြေခံခဲ့ကြသည်။ ကွန်ဖူးသည် သေရေးရှင်ရေး တိုက်ပွဲ၌ အနိုင်ရသူကို ကွဲပြားသိမြင်စေသည့် အရာတစ်ခု ဖြစ်သည်။
အေးချမ်း၍ နည်းပညာခေတ်ကို ရောက်နေသည့်အခါတွင်တောင်မှ သိုင်းပညာသည် လူတိုင်း၏ ရင်ထဲ၌ စွဲထင်နေပါသေးသည်။ အကြောင်းမှာ ကွန်ဖူးသည် အားနည်းသူအပေါ် ဖေးမတတ်ခြင်းနှင့် ဆက်စပ်နေပြီး အားနည်းသူကို အားကြီးသူက စောင့်ရှောက်၍ လိုအပ်နေသူများကို ဖေးမတတ်ခြင်းကြောင့် ဖြစ်လေသည်။
တစ်ခါက ရေပန်းစားခဲ့သော သရုပ်ဆောင်ဝိုင်သည် ဝံပုလွေနှင့် တိုက်ခိုက်နေသော ဗွီဒီယိုနှင့် ပေါ်လာဖူးပြီး ထူးဆန်းသော အတိုက်အခိုက် စွမ်းရည်ကို ပြသခဲ့သည်။ သို့သော် ယင်း၌ တကယ့် လက်သီးထိုးခြင်း မပါခဲ့ပါ။
ရဲ့လင်းချန်၏ ကွန်ဖူးက လူအများကို မည်မျှ ထိတ်လန့်စေခဲ့မလဲ ဆိုသည်ကို တွေးကြည့်နိုင်ပေသည်။
ကြမ်းကြုတ်သော်လည်း ကြည့်ကောင်းသည်။ သူ၏ လှုပ်ရှားမှုတိုင်းက ရေကဲ့သို့ သိမ်မွေ့စွာ စီးဆင်းနေပြီး လွတ်လပ်သည်။ သူ၏ ခန္ဓာကိုယ်က ငန်းတစ်ကောင်ကဲ့သို့ အလွန်တရာမှကို ပျော့ပြောင်းလှသည်။ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို ကြမ်းကြုတ်မှုနှင့် နူးညံ့မှုတို့ အတောမသတ်နိုင်အောင် ပေါင်းစပ်ထားသည်ဟု ဆိုရပေမည်။
ရဲ့လင်းချန်၏ လက်ထဲတွင် ထိုလှုပ်ရှားမှုများက ကွန်ဖူးသက်သက် မဟုတ်တော့ဘဲ အနုပညာတစ်ခု ဖြစ်သွား လေသည်။ ကြမ်းကြုတ် ပြင်းထန်သော်လည်း လှပလှသည်။
"လခွမ်း ရဲ့နတ်ဘုရားက ကွန်ဖူးကိုလည်း သိတာပဲဟ"
ဟွမ်လေ့က အိပ်ရာမှ ထနှင့်ပြီးသား ဖြစ်သည်။ သူသည် လှုပ်ရှားသံများ ကြားသဖြင့် အခန်းထဲမှ ထွက်လာပြီး ဒုတိယထပ်မှ လှမ်းကြည့်ရင်း ထိတ်လန့်တကြား ရပ်နေမိသည်။
ထို့နောက် သူက အားလုံးကို အသည်းအသန် လိုက်နှိုးလေသည်။ ထိုသို့ နှိုးရာတွင် သူသည် ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့၏ အခန်းတံခါးကိုလည်း ခေါက်လိုက်သည်။
"အားလုံး ထပြီးတော့ ထွက်ကြည့်ကြဦး၊ ငါတို့ ကြည့်လို့ရတဲ့ အံ့ဩဖို့ကောင်းတဲ့ ကိစ္စတစ်ခု ရှိနေတယ်၊ မြန်မြန်၊ မြန်မြန်လုပ်ကြ"
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့သည် မနေ့က အလွန် နောက်ကျမှ အိပ်ပျော်သွားကြသည်။ ညဉ့်နက်ချိန်၌ ရဲ့လင်းချန်ထံမှ အနှိပ်ခံရပြီးနောက် သူမတို့ ကောင်းမွန်စွာ အိပ်မောကျသွားခဲ့သည်။ လက်ရှိတွင် သူမတို့က မပျော်မရွှင်နှင့် သမ်းဝေကာ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာသည်။
*အံ့ဩစရာကောင်းတဲ့ တစ်စုံတစ်ခုကို ကြည့်တာက အိပ်ရတာလောက် အရေးမပါဘူးလေ၊ စိတ်ပျက်ဖို့ ကောင်းလိုက်တာ*
တံခါးအပြင်ဘက်၌ ဟယ်ကျားနှင့် ဝေ့တရွှင်းကို ဟွမ်လေ့က ဆွဲလာသည်။
"မြန်မြန်ထပြီး အပြင်ကို ကြည့်လိုက်"
"ဆရာ ဟွမ်လေ့၊ ဒါ ခင်ဗျား ကျုပ်တို့ကို စောစောထအောင် အတင်း လုပ်တာလား၊ ကျုပ် ခင်ဗျားကို မုန်းတယ်ဗျ"
ဝေ့တရွှင်း၏ မျက်လုံးများက မှုန်ဝါးဝါး ဖြစ်နေပြီး အချိန်မရွေး ပြန်အိပ်ပျော်တော့မယောင်ဖြင့် ခန္ဓာကိုယ်က ယိမ်းထိုးနေသည်။
"အဲ့ဒါ ရဲ့နတ်ဘုရားကွ၊ ရဲ့နတ်ဘုရားက အောက်မှာ လက်ဝှေ့ထိုးကျင့်နေတယ်၊ အဲ့ဒါ တကယ့် ကွန်ဖူးပဲ"
ဟွမ်လေ့က ဆက်၍ ပြောလိုက်သည်။
*လက်ဝှေ့ထိုးကျင့်တာလား*
ဝေ့တရွှင်းနှင့် ဟယ်ကျားတို့ စိတ်ဝင်စားသွားသည်။ ရဲ့နတ်ဘုရားက ကွန်ဖူးကို သိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိပါ။
"ရဲ့နတ်ဘုရားက လက်ဝှေ့ထိုးကျင့်နေတာလား"
တစ်ဖက်အခန်းမှ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ အော်သံ ထွက်ပေါ်လာသည်။ သူမတို့၏ မျက်နှာလေးတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ခြင်းတို့ ပြည့်နှက်လာ၏။ သူမတို့က တီးတိုးပြောဆိုပြီး အိပ်ရာထဲမှ ကုန်းထလကာ အိမ်တွင်းစီး ဖိနပ်ကို ကောက်စွပ်၍ အခန်းအပြင်သို့ ပြေးထွက်လာကြသည်။
ခေါင်းလေးနှစ်လုံးက ပြူ၍ အောက်သို့ ငုံ့ကြည့်နေကြလေသည်။
"ဟူယွဲ့အာ၊ ကျောက်လျန့်ရင် မင်းတို့ နှစ်ယောက်လုံး လွန်လွန်ကဲကဲ လုပ်နေသလားလို့၊ မင်းတို့တွေက ရဲ့နတ်ဘုရားရဲ့ ပရိသတ် မဟုတ်ပါဘူး၊ ဟုတ်တယ်မလား"
ဟွမ်လေ့သည် စိတ်လှုပ်ရှားနေသော မိန်းကလေး နှစ်ယောက်ကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။
"ဟုတ်တော့ ဘာဖြစ်လဲ"
ကျောက်လျန့်ရင်က ပက်ခနဲ ပြန်ပြော၍ အောက်ဘက်သို့ ပြန်ကြည့်နေသည်။
ထိုအခိုက်တွင် ရဲ့လင်းချန်၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်ပြီး သူ့အဝတ်အစားများက ခန္ဓာကိုယ်နှင့် ကပ်နေကာ သူ၏ ကြွက်သားများကို ထင်းခနဲ ဖြစ်စေနေ၏။ ပြီးပြည့်စုံသော ဝမ်းဗိုက်နှင့် ရင်ဘတ် ကြွက်သားများက တိုက်ရိုက် ထုတ်လွှင့်မှုတွင်း၌ အော်ဟစ်သံများ ဖြစ်ပေါ်လာစေသည်။
"ရဲ့နတ်ဘုရားက သိုင်းပညာကို လေ့ကျင့်ဖို့ ထိုက်တန်တာပဲ၊ ဒီလိုအချိုးအစားမျိုးက လူတော်တော်များများကို မနာလို ဖြစ်စေမှာ"
ဝေ့တရွှင်း သက်ပြင်းချလိုက်မိသည်။ သူသည်လည်း သန်မာပါသည်။ သို့သော် အပေါ်ယံမျှသာ ဖြစ်သည်။ သူ၏ ဝမ်းဗိုက်ကြွက်သားက တစ်ထစ်သာ ရှိပြီး ရဲ့လင်းချန်ထက် များစွာ နောက်ကောက်ကျ ကျန်နေလေသည်။
"ဟုတ်တယ်"
ကျောက်လျန့်ရင်သည် တစ်ယောက်ယောက်က သူမအား ချီးကျူးသည်ကို ကြားလိုက်ရသကဲ့သို့ အလွန် ဂုဏ်ယူနေ၏။ သူမ ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို ကြည့်မိသောအခါ ပါးများက မသိမသာ နီမြန်းနေပြီး နှလုံးသားက ခုန်နေလေသည်။
ထိုအချိန်တွင် ရဲ့လင်းချန်သည် အရဟာ လက်သီးကို လေ့ကျင့်ပြီးသွားလေသည်။ သို့သော် သူ ပို၍ စွဲလမ်းလာ၏။ သူ၏ လက်ဝှေ့ထိုးသော ပုံစံက ရုတ်တရက် ပြောင်းလဲသွားပြီး မတူညီသော ပုံစံသို့ ပြောင်းလဲသွားလေသည်။
ပထမ လေ့ကျင့်မှုသည် ပွင့်လင်းကြမ်းကြုတ်ပြီး ဒုတိယတစ်ခုက နူးညံ့သော တားဆီးခြင်း၊ ခုခံခြင်း၊ တွန်အားပေးခြင်းတို့ ပါဝင်ပြီး တတိယအကွက်တွင် တစ်လက်မချင်းစီ လှုပ်ရှားမှုတို့ ပါဝင်လာပြီး စတုတ္ထက နဂါးတစ်ကောင်ကဲ့သို့ လွတ်လပ်စွာ လေ့ကျင့်ကာ ပဥ္စမက နှလုံး၊ အသည်း၊ သရက်ရွက်နှင့် ကျောက်ကပ်တို့ကို အားကောင်းစေပြီး ဆဋ္ဌမက ကြွက်သား၊ အရိုး၊ အရေပြားနှင့် အသားတို့ကို ကြံ့ခိုင်စေသည်။
ထိုလက်သီးပညာအား ရှစ်ဆပြင်းထန် လက်သီးဟု ခေါ်သည်။
အရဟာ လက်သီးသည် အလွန် ကြမ်းသော လက်သီးပညာ ဖြစ်သော်လည်း ရှစ်ဆ ပြင်းထန် လက်သီးသိုင်းက ပို၍ အင်အားကြီးသည်။ ၎င်းသည် အဖျက်စွမ်းအား ပိုကြီးသည့် အပိုဆောင်း လက်သီးပညာ ဖြစ်လေသည်။
သူ၏ လက်သီးအပြင် ရဲ့လင်းချန်၏ ပခုံး၊ တံတောင်ဆစ်နှင့် ဒူးခေါင်းတို့ကိုလည်း အသုံးပြရပြီး သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်သန်မာမှုတို့နှင့် ပြည့်လာ၏။
ဤနည်းအားဖြင့် ရှစ်ဆပြင်းထန် လက်သီးသိုင်းက သူ့တစ်ကိုယ်လုံးမှ ကြွက်သားများအား လူတိုင်းကို ပိုင မြင်လာစေသည်။ သူ့တွင် ပြီးပြည့်စုံလှသော ကျစ်လျစ်သည့် ခန္ဓာကိုယ် ရှိပြီး အမျိုးသမီးများ၏ ဟော်မုန်းများကို လှုံ့ဆော်ပေးနိုင်သည့် ထိန်းချုပ်၍ မရနိုင်သော ယောက်ျားဆန်သည့် အရှိန်အဝါလည်း ရှိပေသည်။
ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်အပြင် ကွင်းပြင်မှ အမျိုးသမီး ဝန်ထမ်းများလည်း နှလုံးခုန် မြန်လာပြီး အသက်ရှူသံ ပြတ်တောင်း ပြတ်တောင်း ဖြစ်လာသည်။
သူ့စိတ်တိုင်းကျ လက်ဝှေ့ထိုး ကျင့်ပြီးနောက် ရဲ့လင်းချန် ပိုပို၍ စိတ်လှုပ်ရှားလာသည်။ သူ့ခန္ဓာကိုယ်တွင်းမှ ပြောမပြတတ်သော ခွန်အားကို သူ ခံစားမိနေပြီး သူ့အား စိတ်ထဲ ရှိသမျှ အရာအားလုံးကို သွန်ချခွင့်ပြုထားသလို ခံစားနေရသည်။
သူ့ပုံရိပ်က လေထဲသို့ လွှားခနဲ မြောက်တက်သွားပြီး အံ့ဩဖွယ်ကောင်းသော နောက်ပြန်ကျွမ်းထိုးမှု တစ်ခုကို ပြုလုပ်လိုက်သည်။
ထို့နောက် သူသည် ဆက်၍ နောက်ပြန်ကျွမ်းထိုးနေပြီး ထိုသို့ကျွမ်းထိုးခြင်းဖြင့် ခန္ဓာကိုယ်အား လျင်မြန်စွာ လှုပ်ရှားနိုင်နေသည်။
"ဝှစ် ဝှစ် ဝှစ်"
ရဲ့လင်းချန်၏ လက်များက မြေကြီးနှင့် လုံးဝ မထိချေ။ သူ့ခြေထောက်များက လေထဲ၌ ကန်ကျောက်နေပြီး လေထိုးသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ကြည့်သူများ၏ အမြင်တွင် သူ့တစ်ကိုယ်လုံးက အရှိန်ဖြင့် လည်ပတ်နေသည်ဟု ထင်မှတ်ရသည်။
"..."
ထိုမြင်ကွင်းက လူတိုင်းကို ကြက်သေ သေသွားစေသည်။ သူတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး သူ့အား မယုံနိုင်ဟန်ဖြင့် ကြည့်လာကြသည်။
အစောပိုင်းက လက်ဝှေ့ထိုးခြင်းသည် သူတို့အား ၎င်း၏ ခွန်အားကို ခံစားမိလျင် ယခု လှုပ်ရှားမှုက သူတို့အား ရဲ့လင်းချန်၏ ခွန်အားကို ပို၍ သိသိသာသာ ခံစားမိစေသည်။ သူတို့အား ရုပ်ရှင်တစ်ကားကို ကြည့်ရသည်ထက် ပို၍ စိတ်လှုပ်ရှားစေသည်။
သူ့လှုပ်ရှားမှုများက ကြောက်စရာ ကောင်းလွန်းလှပြီး ကွန်ဖူး စူပါစတားများတောင်မှ လုပ်နိုင်မည် မဟုတ်ပါ။
ရဲ့လင်းချန်၏ နောက်ဆုံးအကြိမ် လေထဲ ကျွမ်းထိုးခြင်းက သူ့အား တစ်မီတာမျှ ပို၍ မြောက်တက်သွားစေသည်။ သူသည် နောက်သို့ အသာရို့လိုက်ပြီးနောက် သစ်ပင်တစ်ပင်ရှေ့၌ ရပ်ကာ လက်သီးဆုပ်၍ ထိုသစ်ပင်အား ထိုးနှက်လိုက် လေသည်။
#Zawgyi
စာစဥ္ 28 Chapter 411 ၾကမ္းၾကဳတ္ျခင္းႏွင့္ ႏူးညံ့ျခင္းတို႔ ေပါင္းစပ္မႈ
ရဲ႕လင္းခ်န္၏ လႈပ္ရွားမႈက ေခ်ာေမြ႕ေနၿပီး သူ႔ခႏၶာကိုယ္အား ေလထဲ၌ သုံးရာ့ေျခာက္ဆယ္ ဒီဂရီ လွည့္ေနသည္။ သူ လက္သီးတစ္လုံး ပစ္သြင္းလိုက္တိုင္း ေလကိုခြင္းသြားသကဲ့သို႔ေသာ အသံမ်ိဳး ထြက္ေပၚေန၏။
သူသည္ ယုန္တစ္ေကာင္ကဲ့သို႔ သြက္လက္လ်င္ျမန္ၿပီး မိန္းမပ်ိဳေလးကဲ့သို႔ တိတ္ဆိတ္သည္။
ဤသည္မွာ ရဲ႕လင္းခ်န္၏ ၿပီးျပည့္စုံေသာ သ႐ုပ္ျပမႈပင္။
သူသည္ ရႈခင္းၾကည့္ေသာ တဲအိမ္ေလး၌ တစ္နာရီနီးနီး မလႈပ္မယွက္ ရပ္ေနခဲ့ေသာ္လည္း တစ္ခဏအၾကာ၌ လက္ေဝွ႔ထိုးက်င့္ျခင္းကို ျပင္းျပင္းထန္ထန္ စလုပ္ခဲ့သည္။
ကင္မရာသမား၊ ဒါ႐ိုက္တာႏွင့္ တိုက္႐ိုက္ ထုတ္လႊင့္မႈမွ ၾကည့္ရႈသူမ်ားအားလုံး အံ့ဩသြားၾကသည္။
သို႔ေသာ္ မၾကာခင္မွာပင္ သူတို႔ အ႐ူးအမူး ျဖစ္သြားၾကေလသည္။
[666666 ... ရဲ႕နတ္ဘုရားက သိုင္းကြက္ေတြ ဘယ္လိုလုပ္ရမလဲ ဆိုတာကို တကယ္ သိေနတာပဲ]
[သူက တအား ေတာက္ပလြန္းလို႔ ငါ့မ်က္လုံးေတြေတာင္ ကန္းေတာ့မယ္၊ ဒါႀကီးက တအား မိုက္တယ္ကြာ၊ ဘာအရည္အခ်င္းမွ မရွိဘဲ ၾကည့္ေကာင္းေအာင္ လုပ္တဲ့သူနဲ႔ တျခားစီပဲ]
[ရဲ႕နတ္ဘုရား ဘတ္စကက္ေဘာ ကစားတုန္းက ေစာက္ရမ္း မိုက္ေနတာက အံ့ဩစရာ မဟုတ္ေတာ့ဘူးပဲ၊ ဒါ သူ အရင္က ကြန္ဖူးကို ေလ့က်င့္ခဲ့လို႔ကိုး၊ ေသာက္ရမ္း မိုက္တယ္ကြာ]
...
ဒါ႐ိုက္တာက ကင္မရာသမားကို ခ်က္ခ်င္း မ်က္စိမွိတ္ျပကာ သူတို႔အား အနားသြား၍ ႐ိုက္ကူးေရးစရန္ အခ်က္ျပေလသည္။
႐ိုက္ကူးေရးအဖြဲ႕၏ အျခားအဖြဲ႕ဝင္မ်ားမွာမူ တစ္ဖက္မွ ဟင္းလင္းျပင္တြင္ ေနရာယူ၍ ရဲ႕လင္းခ်န္ လက္ေဝွ႔ထိုး က်င့္ေနသည္ဟု တအံ့တဩႏွင့္ သေဘာတက် ၾကည့္ေနသည္။
သိုင္းပညာႏွင့္ ပတ္သက္လ်င္ သူတို႔သည္ မသိသူမ်ားျဖစ္ေသာ္လည္း သူတို႔ ဘာကိုမွ နားလည္ႏိုင္စြမ္း မရွိသည္ေတာ့ မဟုတ္ပါ။ ဥပမာ ေျပာရလ်င္ ဒူးဆန႔္လ်က္ စစ္ေရးျပ ခ်ီတက္နည္းလိုပင္။ လူသစ္ႏွင့္ နည္းျပဆရာၾကား၌ ရွင္းလင္းေသာ ျခားနားမႈက အၿမဲ ရွိေနမွာပင္။ ငပိန္းပင္ တစ္ခ်က္ၾကည့္႐ုံႏွင့္ သတိထားမိႏိုင္၏။
သူတို႔ ကြန္ဖူး အကြက္မ်ားကို မသိေသာ္လည္း ရဲ႕လင္းခ်န္၏ လက္သီးခ်က္မ်ားက ပန္းၿခံမွ အဘိုးႀကီးမ်ား သို႔မဟုတ္ တီဗြီ၌ ျမင္ရသည့္ လူမ်ားႏွင့္ ကြဲျပားသည္ကို သူတို႔ ခံစားမိသည္။ ႏွစ္ခုလုံးက လုံးဝ မတူညီေသာ သေဘာတရားမ်ားပင္။
သာမန္လူမ်ား၏ လက္သီးခ်က္သည္ ႏူးညံ့သည့္ဘက္သို႔ သြားသည္။ သူတို႔၏ လက္သီးမ်ားက လူတိုင္းကို ေပ်ာ့ေျပာင္းသည္ဟူေသာ ထင္ျမင္ခ်က္ကို ျဖစ္ေစသည္။ ယင္းထံမွ ၿခိမ္းေျခာက္မႈကို ခံစားရန္ ခဲယဥ္းသျဖင့္ လူအမ်ားက ထိုအကြက္မ်ားကို သိမ္ေမြ႕ႏူးညံ့သည္ဟုသာ ဆိုၾကသည္။ သို႔ေသာ္ ရဲ႕လင္းခ်န္၏ လက္သီးခ်က္ မ်ားက မတူေပ။ လက္သီးခ်က္တိုင္းတြင္ ေလကိုခြင္းသြားသည့္အသံမ်ား ျဖစ္ေပၚေနသည္။ တစ္ကြက္ခ်င္းစီမွ ခြန္အားကို အသာေလး ခန႔္မွန္းႏိုင္ေပသည္။
ထိုသို႔ေသာ ခြန္အားမ်ိဳး ရွိေသာ္လည္း သူ၏ လႈပ္ရွားမႈမ်ားက လွပၿပီး လူတိုင္းအား ၾကည္ႏူးေစေသာ ခံစားခ်က္မ်ိဳး ေပးစြမ္းေလသည္။
မနက္ခင္း အေစာပိုင္းသာ ရွိေသးသျဖင့္ လူတိုင္း၏ စိတ္က အနည္းငယ္ ထိုင္းမႈိင္းေနေသးသည္။ သို႔ေသာ္ ရဲ႕လင္းခ်န္ လက္ေဝွ႔က်င့္ေနသည္ကို ျမင္လိုက္ရေသာအခါ သူတို႔အားလုံး ႏိုးႏိုးၾကားၾကား ျဖစ္သြားၾကသည္။
တ႐ုတ္ကြန္ဖူး၏ သေဘာတရားက တ႐ုတ္လူမ်ိဳးတိုင္း၏ ရင္ထဲ၌ စြဲထင္ေနသည္။ အတိတ္အခါက ေသနတ္မ်ား မရွိခဲ့ဘဲ ေအးစက္၍ မာေၾကာေသာ လက္နက္မ်ားတြင္သာ အေျခခံခဲ့ၾကသည္။ ကြန္ဖူးသည္ ေသေရးရွင္ေရး တိုက္ပြဲ၌ အႏိုင္ရသူကို ကြဲျပားသိျမင္ေစသည့္ အရာတစ္ခု ျဖစ္သည္။
ေအးခ်မ္း၍ နည္းပညာေခတ္ကို ေရာက္ေနသည့္အခါတြင္ေတာင္မွ သိုင္းပညာသည္ လူတိုင္း၏ ရင္ထဲ၌ စြဲထင္ေနပါေသးသည္။ အေၾကာင္းမွာ ကြန္ဖူးသည္ အားနည္းသူအေပၚ ေဖးမတတ္ျခင္းႏွင့္ ဆက္စပ္ေနၿပီး အားနည္းသူကို အားႀကီးသူက ေစာင့္ေရွာက္၍ လိုအပ္ေနသူမ်ားကို ေဖးမတတ္ျခင္းေၾကာင့္ ျဖစ္ေလသည္။
တစ္ခါက ေရပန္းစားခဲ့ေသာ သ႐ုပ္ေဆာင္ဝိုင္သည္ ဝံပုေလြႏွင့္ တိုက္ခိုက္ေနေသာ ဗြီဒီယိုႏွင့္ ေပၚလာဖူးၿပီး ထူးဆန္းေသာ အတိုက္အခိုက္ စြမ္းရည္ကို ျပသခဲ့သည္။ သို႔ေသာ္ ယင္း၌ တကယ့္ လက္သီးထိုးျခင္း မပါခဲ့ပါ။
ရဲ႕လင္းခ်န္၏ ကြန္ဖူးက လူအမ်ားကို မည္မွ် ထိတ္လန႔္ေစခဲ့မလဲ ဆိုသည္ကို ေတြးၾကည့္ႏိုင္ေပသည္။
ၾကမ္းၾကဳတ္ေသာ္လည္း ၾကည့္ေကာင္းသည္။ သူ၏ လႈပ္ရွားမႈတိုင္းက ေရကဲ့သို႔ သိမ္ေမြ႕စြာ စီးဆင္းေနၿပီး လြတ္လပ္သည္။ သူ၏ ခႏၶာကိုယ္က ငန္းတစ္ေကာင္ကဲ့သို႔ အလြန္တရာမွကို ေပ်ာ့ေျပာင္းလွသည္။ လႈပ္ရွားမႈ တစ္ခုခ်င္းစီတိုင္းကို ၾကမ္းၾကဳတ္မႈႏွင့္ ႏူးညံ့မႈတို႔ အေတာမသတ္ႏိုင္ေအာင္ ေပါင္းစပ္ထားသည္ဟု ဆိုရေပမည္။
ရဲ႕လင္းခ်န္၏ လက္ထဲတြင္ ထိုလႈပ္ရွားမႈမ်ားက ကြန္ဖူးသက္သက္ မဟုတ္ေတာ့ဘဲ အႏုပညာတစ္ခု ျဖစ္သြား ေလသည္။ ၾကမ္းၾကဳတ္ ျပင္းထန္ေသာ္လည္း လွပလွသည္။
"လခြမ္း ရဲ႕နတ္ဘုရားက ကြန္ဖူးကိုလည္း သိတာပဲဟ"
ဟြမ္ေလ့က အိပ္ရာမွ ထႏွင့္ၿပီးသား ျဖစ္သည္။ သူသည္ လႈပ္ရွားသံမ်ား ၾကားသျဖင့္ အခန္းထဲမွ ထြက္လာၿပီး ဒုတိယထပ္မွ လွမ္းၾကည့္ရင္း ထိတ္လန႔္တၾကား ရပ္ေနမိသည္။
ထို႔ေနာက္ သူက အားလုံးကို အသည္းအသန္ လိုက္ႏႈိးေလသည္။ ထိုသို႔ ႏႈိးရာတြင္ သူသည္ ဟူယြဲ႕အာႏွင့္ ေက်ာက္လ်န႔္ရင္တို႔၏ အခန္းတံခါးကိုလည္း ေခါက္လိုက္သည္။
"အားလုံး ထၿပီးေတာ့ ထြက္ၾကည့္ၾကဦး၊ ငါတို႔ ၾကည့္လို႔ရတဲ့ အံ့ဩဖို႔ေကာင္းတဲ့ ကိစၥတစ္ခု ရွိေနတယ္၊ ျမန္ျမန္၊ ျမန္ျမန္လုပ္ၾက"
ဟူယြဲ႕အာႏွင့္ ေက်ာက္လ်န႔္ရင္တို႔သည္ မေန႔က အလြန္ ေနာက္က်မွ အိပ္ေပ်ာ္သြားၾကသည္။ ညဥ့္နက္ခ်ိန္၌ ရဲ႕လင္းခ်န္ထံမွ အႏွိပ္ခံရၿပီးေနာက္ သူမတို႔ ေကာင္းမြန္စြာ အိပ္ေမာက်သြားခဲ့သည္။ လက္ရွိတြင္ သူမတို႔က မေပ်ာ္မ႐ႊင္ႏွင့္ သမ္းေဝကာ မ်က္လုံးကို ျဖည္းျဖည္းခ်င္း ဖြင့္လာသည္။
*အံ့ဩစရာေကာင္းတဲ့ တစ္စုံတစ္ခုကို ၾကည့္တာက အိပ္ရတာေလာက္ အေရးမပါဘူးေလ၊ စိတ္ပ်က္ဖို႔ ေကာင္းလိုက္တာ*
တံခါးအျပင္ဘက္၌ ဟယ္က်ားႏွင့္ ေဝ့တ႐ႊင္းကို ဟြမ္ေလ့က ဆြဲလာသည္။
"ျမန္ျမန္ထၿပီး အျပင္ကို ၾကည့္လိုက္"
"ဆရာ ဟြမ္ေလ့၊ ဒါ ခင္ဗ်ား က်ဳပ္တို႔ကို ေစာေစာထေအာင္ အတင္း လုပ္တာလား၊ က်ဳပ္ ခင္ဗ်ားကို မုန္းတယ္ဗ်"
ေဝ့တ႐ႊင္း၏ မ်က္လုံးမ်ားက မႈန္ဝါးဝါး ျဖစ္ေနၿပီး အခ်ိန္မေ႐ြး ျပန္အိပ္ေပ်ာ္ေတာ့မေယာင္ျဖင့္ ခႏၶာကိုယ္က ယိမ္းထိုးေနသည္။
"အဲ့ဒါ ရဲ႕နတ္ဘုရားကြ၊ ရဲ႕နတ္ဘုရားက ေအာက္မွာ လက္ေဝွ႔ထိုးက်င့္ေနတယ္၊ အဲ့ဒါ တကယ့္ ကြန္ဖူးပဲ"
ဟြမ္ေလ့က ဆက္၍ ေျပာလိုက္သည္။
*လက္ေဝွ႔ထိုးက်င့္တာလား*
ေဝ့တ႐ႊင္းႏွင့္ ဟယ္က်ားတို႔ စိတ္ဝင္စားသြားသည္။ ရဲ႕နတ္ဘုရားက ကြန္ဖူးကို သိေနလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မထားမိပါ။
"ရဲ႕နတ္ဘုရားက လက္ေဝွ႔ထိုးက်င့္ေနတာလား"
တစ္ဖက္အခန္းမွ ေက်ာက္လ်န႔္ရင္ႏွင့္ ဟူယြဲ႕အာတို႔၏ ေအာ္သံ ထြက္ေပၚလာသည္။ သူမတို႔၏ မ်က္ႏွာေလးတြင္ စိတ္လႈပ္ရွားမႈႏွင့္ ေမွ်ာ္လင့္ျခင္းတို႔ ျပည့္ႏွက္လာ၏။ သူမတို႔က တီးတိုးေျပာဆိုၿပီး အိပ္ရာထဲမွ ကုန္းထလကာ အိမ္တြင္းစီး ဖိနပ္ကို ေကာက္စြပ္၍ အခန္းအျပင္သို႔ ေျပးထြက္လာၾကသည္။
ေခါင္းေလးႏွစ္လုံးက ျပဴ၍ ေအာက္သို႔ ငုံ႔ၾကည့္ေနၾကေလသည္။
"ဟူယြဲ႕အာ၊ ေက်ာက္လ်န႔္ရင္ မင္းတို႔ ႏွစ္ေယာက္လုံး လြန္လြန္ကဲကဲ လုပ္ေနသလားလို႔၊ မင္းတို႔ေတြက ရဲ႕နတ္ဘုရားရဲ႕ ပရိသတ္ မဟုတ္ပါဘူး၊ ဟုတ္တယ္မလား"
ဟြမ္ေလ့သည္ စိတ္လႈပ္ရွားေနေသာ မိန္းကေလး ႏွစ္ေယာက္ကို ၾကည့္ၿပီး မေနႏိုင္ဘဲ ေမးလိုက္သည္။
"ဟုတ္ေတာ့ ဘာျဖစ္လဲ"
ေက်ာက္လ်န႔္ရင္က ပက္ခနဲ ျပန္ေျပာ၍ ေအာက္ဘက္သို႔ ျပန္ၾကည့္ေနသည္။
ထိုအခိုက္တြင္ ရဲ႕လင္းခ်န္၏ တစ္ကိုယ္လုံး ေခြၽးမ်ားျဖင့္ ႐ႊဲနစ္ေနၿပီျဖစ္ၿပီး သူ႔အဝတ္အစားမ်ားက ခႏၶာကိုယ္ႏွင့္ ကပ္ေနကာ သူ၏ ႂကြက္သားမ်ားကို ထင္းခနဲ ျဖစ္ေစေန၏။ ၿပီးျပည့္စုံေသာ ဝမ္းဗိုက္ႏွင့္ ရင္ဘတ္ ႂကြက္သားမ်ားက တိုက္႐ိုက္ ထုတ္လႊင့္မႈတြင္း၌ ေအာ္ဟစ္သံမ်ား ျဖစ္ေပၚလာေစသည္။
"ရဲ႕နတ္ဘုရားက သိုင္းပညာကို ေလ့က်င့္ဖို႔ ထိုက္တန္တာပဲ၊ ဒီလိုအခ်ိဳးအစားမ်ိဳးက လူေတာ္ေတာ္မ်ားမ်ားကို မနာလို ျဖစ္ေစမွာ"
ေဝ့တ႐ႊင္း သက္ျပင္းခ်လိုက္မိသည္။ သူသည္လည္း သန္မာပါသည္။ သို႔ေသာ္ အေပၚယံမွ်သာ ျဖစ္သည္။ သူ၏ ဝမ္းဗိုက္ႂကြက္သားက တစ္ထစ္သာ ရွိၿပီး ရဲ႕လင္းခ်န္ထက္ မ်ားစြာ ေနာက္ေကာက္က် က်န္ေနေလသည္။
"ဟုတ္တယ္"
ေက်ာက္လ်န႔္ရင္သည္ တစ္ေယာက္ေယာက္က သူမအား ခ်ီးက်ဴးသည္ကို ၾကားလိုက္ရသကဲ့သို႔ အလြန္ ဂုဏ္ယူေန၏။ သူမ ရဲ႕လင္းခ်န္၏ ခႏၶာကိုယ္ကို ၾကည့္မိေသာအခါ ပါးမ်ားက မသိမသာ နီျမန္းေနၿပီး ႏွလုံးသားက ခုန္ေနေလသည္။
ထိုအခ်ိန္တြင္ ရဲ႕လင္းခ်န္သည္ အရဟာ လက္သီးကို ေလ့က်င့္ၿပီးသြားေလသည္။ သို႔ေသာ္ သူ ပို၍ စြဲလမ္းလာ၏။ သူ၏ လက္ေဝွ႔ထိုးေသာ ပုံစံက ႐ုတ္တရက္ ေျပာင္းလဲသြားၿပီး မတူညီေသာ ပုံစံသို႔ ေျပာင္းလဲသြားေလသည္။
ပထမ ေလ့က်င့္မႈသည္ ပြင့္လင္းၾကမ္းၾကဳတ္ၿပီး ဒုတိယတစ္ခုက ႏူးညံ့ေသာ တားဆီးျခင္း၊ ခုခံျခင္း၊ တြန္အားေပးျခင္းတို႔ ပါဝင္ၿပီး တတိယအကြက္တြင္ တစ္လက္မခ်င္းစီ လႈပ္ရွားမႈတို႔ ပါဝင္လာၿပီး စတုတၳက နဂါးတစ္ေကာင္ကဲ့သို႔ လြတ္လပ္စြာ ေလ့က်င့္ကာ ပၪၥမက ႏွလုံး၊ အသည္း၊ သရက္႐ြက္ႏွင့္ ေက်ာက္ကပ္တို႔ကို အားေကာင္းေစၿပီး ဆ႒မက ႂကြက္သား၊ အ႐ိုး၊ အေရျပားႏွင့္ အသားတို႔ကို ႀကံ့ခိုင္ေစသည္။
ထိုလက္သီးပညာအား ရွစ္ဆျပင္းထန္ လက္သီးဟု ေခၚသည္။
အရဟာ လက္သီးသည္ အလြန္ ၾကမ္းေသာ လက္သီးပညာ ျဖစ္ေသာ္လည္း ရွစ္ဆ ျပင္းထန္ လက္သီးသိုင္းက ပို၍ အင္အားႀကီးသည္။ ၎သည္ အဖ်က္စြမ္းအား ပိုႀကီးသည့္ အပိုေဆာင္း လက္သီးပညာ ျဖစ္ေလသည္။
သူ၏ လက္သီးအျပင္ ရဲ႕လင္းခ်န္၏ ပခုံး၊ တံေတာင္ဆစ္ႏွင့္ ဒူးေခါင္းတို႔ကိုလည္း အသုံးျပရၿပီး သူ၏ ခႏၶာကိုယ္က ႀကံ့ခိုင္သန္မာမႈတို႔ႏွင့္ ျပည့္လာ၏။
ဤနည္းအားျဖင့္ ရွစ္ဆျပင္းထန္ လက္သီးသိုင္းက သူ႔တစ္ကိုယ္လုံးမွ ႂကြက္သားမ်ားအား လူတိုင္းကို ပိုင ျမင္လာေစသည္။ သူ႔တြင္ ၿပီးျပည့္စုံလွေသာ က်စ္လ်စ္သည့္ ခႏၶာကိုယ္ ရွိၿပီး အမ်ိဳးသမီးမ်ား၏ ေဟာ္မုန္းမ်ားကို လႈံ႕ေဆာ္ေပးႏိုင္သည့္ ထိန္းခ်ဳပ္၍ မရႏိုင္ေသာ ေယာက္်ားဆန္သည့္ အရွိန္အဝါလည္း ရွိေပသည္။
ဟူယြဲ႕အာႏွင့္ ေက်ာက္လ်န႔္ရင္အျပင္ ကြင္းျပင္မွ အမ်ိဳးသမီး ဝန္ထမ္းမ်ားလည္း ႏွလုံးခုန္ ျမန္လာၿပီး အသက္ရွဴသံ ျပတ္ေတာင္း ျပတ္ေတာင္း ျဖစ္လာသည္။
သူ႔စိတ္တိုင္းက် လက္ေဝွ႔ထိုး က်င့္ၿပီးေနာက္ ရဲ႕လင္းခ်န္ ပိုပို၍ စိတ္လႈပ္ရွားလာသည္။ သူ႔ခႏၶာကိုယ္တြင္းမွ ေျပာမျပတတ္ေသာ ခြန္အားကို သူ ခံစားမိေနၿပီး သူ႔အား စိတ္ထဲ ရွိသမွ် အရာအားလုံးကို သြန္ခ်ခြင့္ျပဳထားသလို ခံစားေနရသည္။
သူ႔ပုံရိပ္က ေလထဲသို႔ လႊားခနဲ ေျမာက္တက္သြားၿပီး အံ့ဩဖြယ္ေကာင္းေသာ ေနာက္ျပန္ကြၽမ္းထိုးမႈ တစ္ခုကို ျပဳလုပ္လိုက္သည္။
ထို႔ေနာက္ သူသည္ ဆက္၍ ေနာက္ျပန္ကြၽမ္းထိုးေနၿပီး ထိုသို႔ကြၽမ္းထိုးျခင္းျဖင့္ ခႏၶာကိုယ္အား လ်င္ျမန္စြာ လႈပ္ရွားႏိုင္ေနသည္။
"ဝွစ္ ဝွစ္ ဝွစ္"
ရဲ႕လင္းခ်န္၏ လက္မ်ားက ေျမႀကီးႏွင့္ လုံးဝ မထိေခ်။ သူ႔ေျခေထာက္မ်ားက ေလထဲ၌ ကန္ေက်ာက္ေနၿပီး ေလထိုးသံမ်ား ဆက္တိုက္ ထြက္ေပၚေနသည္။ ၾကည့္သူမ်ား၏ အျမင္တြင္ သူ႔တစ္ကိုယ္လုံးက အရွိန္ျဖင့္ လည္ပတ္ေနသည္ဟု ထင္မွတ္ရသည္။
"..."
ထိုျမင္ကြင္းက လူတိုင္းကို ၾကက္ေသ ေသသြားေစသည္။ သူတို႔၏ မ်က္လုံးမ်ား ျပဴးက်ယ္လာၿပီး သူ႔အား မယုံႏိုင္ဟန္ျဖင့္ ၾကည့္လာၾကသည္။
အေစာပိုင္းက လက္ေဝွ႔ထိုးျခင္းသည္ သူတို႔အား ၎၏ ခြန္အားကို ခံစားမိလ်င္ ယခု လႈပ္ရွားမႈက သူတို႔အား ရဲ႕လင္းခ်န္၏ ခြန္အားကို ပို၍ သိသိသာသာ ခံစားမိေစသည္။ သူတို႔အား ႐ုပ္ရွင္တစ္ကားကို ၾကည့္ရသည္ထက္ ပို၍ စိတ္လႈပ္ရွားေစသည္။
သူ႔လႈပ္ရွားမႈမ်ားက ေၾကာက္စရာ ေကာင္းလြန္းလွၿပီး ကြန္ဖူး စူပါစတားမ်ားေတာင္မွ လုပ္ႏိုင္မည္ မဟုတ္ပါ။
ရဲ႕လင္းခ်န္၏ ေနာက္ဆုံးအႀကိမ္ ေလထဲ ကြၽမ္းထိုးျခင္းက သူ႔အား တစ္မီတာမွ် ပို၍ ေျမာက္တက္သြားေစသည္။ သူသည္ ေနာက္သို႔ အသာ႐ို႕လိုက္ၿပီးေနာက္ သစ္ပင္တစ္ပင္ေရွ႕၌ ရပ္ကာ လက္သီးဆုပ္၍ ထိုသစ္ပင္အား ထိုးႏွက္လိုက္ ေလသည္။