《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

79.2K 9.1K 577

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၃၈

599 87 4
By wishywish0805

Chapter ● 38 ●

ကျန်းယွီသော်၏ ကိုယ်ခန္ဓာမှာ တကယ်ပင် တစ်မူထူးခြားလှသည်။ ချန်ခေါ့က ကျန်းယွီသော်ကို သိုင်းဖက်လိုက်သည့်အချိန်တွင် သူတွေးထင်ထားသကဲ့သို့ ဝရံတာတွင် နှစ်နာရီခန့် အေးခဲနေအောင် ထားထားသော ရေခဲချောင်းကြီးကို ဖက်လိုက်ရသလို မဖြစ်နေခဲ့ပေ။ ပြောင်းပြန်အားဖြင့် အကြီးစား အနွေးပေးစက်ကြီးအား ဖက်လိုက်ရသလိုတောင် ဖြစ်နေသေးသည်။

ကျန်းယွီသော်၏ကိုယ်ခန္ဓာသည် အံ့သြစရာကောင်းလောက်အောင် နွေးထွေးနေသည်။

အလွန်ဆန်းကြယ်လှသည်။

ဤသည်မှာ၊ ချန်ခေါ့၏ ရင်ထဲအထိ ထိရှသွားသော ခံစားချက်ကို ကျန်းယွီသော်၏စကားတစ်ခွန်းက ရိုက်ချိုးဖျက်ဆီးလိုက်တာတောင် ဖက်ထားသည့်လက်ကို ဖြေလျှော့မပေးလိုက်သည့် အဓိက အကြောင်းရင်းဖြစ်သည်။ အဓိကမကျသော အခြားအကြောင်းရင်းမှာ ချန်ခေါ့ကိုယ်တိုင်ကိုက လွှတ်မပေးချင်ဘဲ ဆက်လက် ဖက်ထားချင်၍ဖြစ်သည်။

သို့သော် ထိုအကြောင်းရင်းနှစ်ခုကို ပြောင်းပြန်လှန်ပစ်ရန် လိုအပ်လာနိုင်ခြေရှိသည်မှာလည်း မြေကြီးလက်ခတ်မလွဲပင်...။

သို့ပေသိ၊ ဆဲရေးလိုက်ပြီးနောက် တိတ်ဆိတ်မှုထဲတွင် ထိုလူကို မလွှတ်ပေးဘဲ ဆက်လက်၍ ဖက်တွယ်ထားသောအပြုအမူအတွက် မျက်နှာပြောင်တိုက်သော မရှက်တတ်သည့် စိတ်ရှိရန်လည်း လိုအပ်သည်။

ချန်ခေါ့သည် ကိုယ့်ကိုယ်ကို တချို့သောကိစ္စများ၊ အပြုအမူများအတွက် အရေထူတတ်သူ မျက်နှာပြောင်တတ်သူဟု ယူဆထားသည်။ ဥပမာဆိုရသော် အနှီ "ဆန်ကုန်မြေလေး အလကားကောင်" ဟူသော အခေါ်အဝေါ်ကို သည်းခံခဲ့ချိန်၊ ထို့အတူ ယခုလက်ရှိကဲ့သို့ အခွင့်အရေးယူရန် ကြံစည်ချိန်...။

"မင်း ပြိုင်ဘက်ကင်းအတွင်းအားတွေ ဘာတွေကို လေ့ကျင့်ဖူးတယ်မလား"

"ဘာကြီး ..."

"မအေးဘူးလားကွာ။ မင်းကိုယ်က တကယ်ကို တအားကြီးနွေးနေတာ"

"ကျွန်တော်က အမြဲတမ်း ဒီလိုပဲ။ ချန်ချင့်တောင် ပြောနေတာ၊ ကျွန်တော့်ကိုယ်က မီးခန္ဓာတဲ့"

"မီးခန္ဓာ ဟုတ်လား။ ဒါဆို နွေရာသီဆိုရင် မင်းကိုယ်လုံးတီးနဲ့ မနေနေရဘူးလား"

ချန်ခေါ့က ရယ်ရင်းမေးသည်။

"ဆောင်းတွင်းလည်း ကျွန်တော် တစ်ကိုယ်လုံးချွတ်တာပဲလေ"

ချန်ခေါ့သည် ယခင်က ကျန်းယွီသော်တစ်ယောက် ဝတ်လစ်စားလစ်ကိုယ်ခန္ဓာနှင့် အိမ်တံခါးလာဖွင့်ပေးသော အခြင်းအရာကို ချက်ချင်းပင် ပြန်လည်သတိရလာသည်။ သတိရလာသည်နှင့်တပြိုင်နက် ရုတ်ခြည်းပင် တစ်ကိုယ်လုံးတွင် ခြောက်သွေ့လာပြီး ယားနာမိတ်ဖုများ ပေါက်လာသလို ခံစားလိုက်ရသည်။

တစ်ခုခုဆက်ပြောရန်ပင် စကားလုံးများ ပျောက်ဆုံးကုန်သည်။

"ခင်ဗျားမအေးဘူးလား"

"အေးတယ်"

"အဲဒါဆို သွားအိပ်လိုက်တော့လေ"

"မင်း ... ... မင်းလည်း ဒီမှာ ဆက်မရပ်နေနဲ့တော့"

ချန်ခေါ့က အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ အပြင်ဘက်တွင် ပိတ်ပိန်းနေသော အမှောင်ထုက အုပ်ချုပ်မင်းမူနေဆဲပင်...။ အနီးအနားရှိ လူနေတိုက်ခန်းများလည်း မီးရောင်များ မှောင်မည်းနေဆဲဖြစ်သည်။ ခပ်ဝေးဝေးဆီမှ စီးပွားရေးအဆောက်အဦးများတွင်သာ ဆိုင်းဘုတ်မီးများ၊ မီးရောင်များ လင်းထိန်နေသည်။ အမှောင်ထုထဲတွင် ထိုကဲ့သို့သော အလင်းရောင်က လူကို တော်တော်အထီးကျန်ဆန်စေသည်။ ချန်ခေါ့က မသိစိတ်မှ လက်များကို အနည်းငယ်တင်းအောင် ဖက်လိုက်သည်။

ယခင်က နိုက်ကလပ်တွင် သောက်စားပျော်ပါးခဲ့စဉ်ကလည်း မနက် နှစ်နာရီ၊ သုံးနာရီအထိ ကဲခဲ့ဖူးသည်။ ငါးနာရီအထိ မအိပ်ရသေးတာတောင် ယခုကဲ့သို့ အပြင်ဘက်သို့ မျှော်ကြည့်ရန် အခွင့်အရေးမရခဲ့ပေ။

ယခုသည် ဤမြို့၏ မနက်ခင်းငါးနာရီပုံစံကို ပထမဦးဆုံးအကြိမ် သေချာတွေ့ဖူးခြင်းဟုတောင် ပြော၍ရသည်။ စိမ်းသက်ပြီး အလွန်ဝေးကွာသလို ခံစားရသည်။

သူတွေးထင်ပုံဖော်ခဲ့သော ပုံစံနှင့် လုံးဝကို ကွဲထွက်နေသည်။

"ကျွန်တော် ခဏထပ်နေလိုက်ဦးမယ်။"

"အပြင်မှာ လူမရှိဘူး။ ဒီလောက်အေးစက်နေတာကို။ အပြင်က နှင်းတောထဲမှာ နာရီအတော်ကြာအောင် ဘယ်သူမှမရပ်နိုင်ဘူး။ အသစ်လာရပ်တဲ့ကားမရှိရင် တခြား ဘာလူမှ ရှိမှာမဟုတ်ဘူး"

ချန်ခေါ့သည် လက်များကို ကျန်းယွီသော်အား ရစ်သိုင်းထားရင်း နောက်ကို အနည်းငယ်ဆွဲခေါ်လိုက်သည်။

ကျန်းယွီသော်က ဘာစကားမှမဆိုဘဲ တိတ်ဆိတ်နေသည်။

"အောက်က ကားတွေ ရွေ့သေးလား"

"သုံးစီးမောင်းထွက်သွားတယ်။ မြင်နိုင်တဲ့အထဲမှာ ၂၆ စီးရှိသေးတယ်"

"ရွေ့သေးလား"

ချန်ခေါ့က ထပ်မေးပြန်သည်။

"နှင်းမကျခင်ကတည်းက ဒီမှာရှိနေတာ။ ကားခေါင်မိုးပေါ်က နှင်းအထူက အားလုံးအတူတူလောက်ပဲ"

"အဲဒါပြောတာလေ။ အခုက လုံခြုံတယ်။ ငါ အခု လုံခြုံနေတယ်။ မင်းလည်း လုံခြုံတယ်"

ချန်ခေါ့က ဆက်လက်၍ ကျန်းယွီသော်အား တံခါးဆီသို့ တဖြည်းဖြည်းဆွဲခေါ်နေသည်။

.

မင်း အခုလုံခြုံတယ်...။

ကျန်းယွီသော်သည် ထိုစကားကို မကြားဖြစ်သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

ထိုစကားသည် သူ့အတွက် အလွန်စိမ်းသက်နေပြီ။

ဘယ်တုန်းကမှ ပွေ့ဖက်မခံခဲ့ဖူးသလိုမျိုး စိမ်းသက်မှုဖြစ်သည်။

ချန်ခေါ့က သူ့အား လက်မောင်းများနှင့်အတူ တစ်ကိုယ်လုံးကိုပါ ပွေ့ဖက်ထားသည်။ ထိုကဲ့သို့ တောင့်တောင့်တင်းတင်းနှင့် ခိုင်ခိုင်မာမာ ပွေ့ဖက်ခံရရာတွင် ပထမဦးဆုံးသူ့စိတ်ထဲခံစားရသည်မှာ ထိတ်လန့်မှုဖြစ်သည်။

သို့သော် ထိုပွေ့ဖက်မှုမှာ နောက်ကနေ အလစ်ငိုက်တိုက်ခိုက်ခံရသည်နှင့် ဆင်တူနေသလိုဖြစ်နေသော်လည်း လုံးဝ မတူညီသော အင်အားနှင့်ရှုထောင့်မှ လှုပ်ရှားမှုတို့ ပါဝင်နေသည်။ သူ၏ ခန္ဓာကိုယ်က သူ့ဦးနှောက်ထက်ပင် လျင်မြန်စွာ သိရှိတုန့်ပြန်လာသည်။

ဦးနှောက်အသိက အတွေ့အကြုံကို မှီတည်ပြီး၊ ခန္ဓာကိုယ်က အလိုလိုသိသော ဝမ်းတွင်းအသိကို အားထားခြင်း ဖြစ်လိမ့်မည်။ မဟုတ်သေးဘူး။ ဝမ်းတွင်းအသိမဟုတ်ဘူး။

ကျန်းယွီသော်သည် အဖက်ခံရသောခံစားချက်က ဘယ်သို့ ဘယ်နှယ့်ဟူ၍ စမ်းသပ်ကြိုးစားခဲ့ဖူးခြင်းမရှိပေ။ ထိုကဲ့သို့ပင် လူတစ်ယောက်၏ ရင်ခွင်ထဲတွင် တင်းကြပ်စွာ ပွေ့ဖက်ခံရလျှင် ဘယ်လိုခံစားချက်ဖြစ်လာမလဲဆိုသည်ကိုလည်း သူမသိနေပေ။ စဉ်းစားခဲ့ဖူးခြင်းလည်း မရှိပေ။

ချန်ခေါ့က သူ့ကို ဖက်တွယ်လာတော့မှ ကိုယ့်ကိုယ်ကို သဘောပေါက်လာသည်။ သူသည် ဤကဲ့သို့သော ပွေ့ဖက်မှုကို ကာလကြာမြင့်စွာ မျှော်လင့်စောင့်စားနေခဲ့သည်။

ဤပွေ့ဖက်မှုသည် ယခင်တစ်ခေါက်က သူအိပ်မက်ဆိုးမက်၍ ချန်ခေါ့က အားပေးနှစ်သိမ့်သည့်အနေနှင့် ပွေ့ဖက်မှုနှင့်မတူပေ။ ယမန်နေ့ညက လမ်းပေါ်တွင် ချန်ခေါ့အား သူပွေ့ဖက်ခဲ့မှုနှင့်လည်း ကွဲပြားသည်။

မိမိကိုထောက်ပံ့ပေးနေသော ထောက်တိုင်များ ငြမ်းများ ဖြိုချဖယ်ရှားလိုက်သကဲ့သို့ လူတစ်ကိုယ်လုံး ပျော့ညွန့်ပြိုလဲသွားသလိုပင်...။

အလွန်အိပ်ငိုက်လာသည်။

ချန်ခေါ့က သူ့အား အိမ်ခန်းထဲသို့ နောက်တစ်ခါ ဆွဲသွင်းချိန်တွင် ကျန်းယွီသော်သည် ဝရံတာဘောင်ကိုကျော်ပြီး အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ပြန်သည်။ ထို့နောက် ချန်ခေါ့ဆွဲရာနောက်လိုက်ပြီး အိမ်ထဲပြန်ဝင်လိုက်သည်။

အိမ်ခန်းထဲတွင် နွေးထွေးနေသည်။ ထို့ပြင် အဝတ်ဗီရိုထဲသို့ ချန်ခေါ့ဖြန်းထားသော ရေမွှေးနံ့ပါးပါးလေးလည်း ခပ်သဲ့သဲ့ မွှေးပျံ့နေသည်။

ကျန်းယွီသော်က တွေဝေတုံ့ဆိုင်းစွာ ပြောလာသည်။

"ကျွန်တော် ဆိုဖာပေါ် ... ..."

"ဒုက္ခမရှာနေနဲ့တော့၊ စောင်တွေ ခေါင်းအုံးတွေ ထုတ်ရဦးမယ်။ ခုတင်ပေါ်မှာပဲ အိပ်လိုက်တော့"

ချန်ခေါ့က ကျန်းယွီသော်အား လွှတ်လိုက်ပြီး ဗီရိုထဲမှ စောင်အသေးတစ်ထည်ကို ဆွဲထုတ်ပြီး ခုတင်ပေါ်သို့ ပစ်တင်လိုက်သည်။

ကျန်းယွီသော်က ခုတင်ပေါ်မှ စောင်အစွပ်မစွပ်ထားသော စောင်အသေးကို ကြည့်လိုက်သည်။

"စောင်က အစွပ်မရှိ ......"

"မင်း ခဏပဲ အိပ်မှာမဟုတ်ဘူးလား"

ချန်ခေါ့က ကျန်းယွီသော်အား နောက်ကနေ တစ်ချက်တွန်းလိုက်သည်။

ကျန်းယွီသော်လည်း ခုတင်ပေါ်သို့ ဝင်လှဲလိုက်ပြီး ခေါင်းကို ခေါင်းအုံးတွင် တိုးဝင်ကာ နှစ်မြှုပ်ထားလိုက်သည်။

သက်သာငြိမ့်ညောင်းသော မူးဝေဝေခံစားချက်၊ နူးညံ့လုံခြုံသော ရစ်ပတ်လွှမ်းခြုံထားမှု၊ အနွေးဓါတ်ထဲတွင် ရောနှောပေါင်းစပ်နေသော ခပ်ပါးပါး မှိန်ဖျော့ဖျော့ အမွှေးရနံ့၊ အစရှိသည်တို့ကြောင့် လောလောဆယ်တွင် သူ၏ သတိစိတ်အာရုံကို တင်းကျပ်ထားစေသော ကိစ္စများအား ယာယီမေ့လျော့ထားစေသည်။

.

"ကျန်းယွီသော် ..."

ချန်ခေါ့သည် ခုတင်ပေါ်တွင် ဝင်လှဲပြီး လုံးဝမလှုပ်ရှားတော့သော ကျန်းယွီသော်အား ကြည့်နေသည်။

"တစ်ဆိတ်လောက် ခဏပြန်ထပြီး မင်းအင်္ကျီတွေကို ချွတ်လိုက်ဦး"

ကျန်းယွီသော်က မျက်နှာတစ်ဝက်လောက်အထိကို ခေါင်းအုံးထဲတွင် မြှုပ်နှံထားလိုက်ပြီး မျက်လုံးအစုံမှိတ်ကာ လုံးဝလှုပ်ရှားမလာတော့ပေ။

ချန်ခေါ့က သူ့အား တစ်ချက်တွန်းလိုက်သည်။

"ဟေ့ ... အင်္ကျီကတော့ ထားလိုက်တော့။ ဘောင်းဘီက တစ်နေကုန်ဝတ်ပြီး အပြင်မှာ လျှောက်သွားထားတာတောင် ငါ့အိပ်ရာပေါ် ဒီအတိုင်း တက်အိပ်ရလား"

ကျန်းယွီသော်က ငြိမ်သက်နေဆဲပင်...။

စက္ကန့်အနည်းငယ်ခန့်ကြာသွားပြီးနောက် အလွန်တိုးညင်းသော ဟောက်သံထွက်လာသည်။

"ငါ့ လခွမ်း ..."

ချန်ခေါ့သည် အံ့သြသွားတော့သည်။

သူသည် ပထမဦးဆုံးအနေနှင့် စက္ကန့်ပိုင်းအတွင်း အိပ်မောကျသွားသူကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်းဖြစ်သည်။ အကယ်၍သာ စောစောက အားပါပါနှင့် တွန်းလိုက်ခြင်း မဟုတ်သည်ကို ကိုယ့်ကိုယ်ကို မသေချာနေပါက ချန်ခေါ့သည် မိမိတွန်းချက်ကြောင့် ကျန်းယွီသော်က သတိလစ်သွားသည်ဟု သံသယဝင်မိမည်ဖြစ်သည်။

အံ့သြနေပြီးနောက် ချန်ခေါ့သည် နောက်ထပ်အတန်ကြာအောင် မှင်တက်ငေးမောနေသည်။ ထို့နောက်မှ သက်ပြင်းတစ်ချက်ချလိုက်ပြန်သည်။

ကျန်းယွီသော်၏ ဤကဲ့သို့ တစ်နေရာတည်းတွင် နာရီပိုင်းခန့်မတ်တတ်ရပ်နေနိုင်ခြင်းနှင့်၊ အကယ်၍ တစ်နေကုန် မလှုပ်ရှား မအိပ်စက်ဘဲတောင် နေနိုင်သောစွမ်းရည်သည်၊ အကြမ်းဖျင်းအားဖြင့် အစွမ်းကုန် တင်းကျပ်မာကြောသော သတိစိတ်အာရုံနှင့် သာမန်ထက်လွန်ကဲသော စိတ်စွမ်းအားတို့ကို အားထားအမှီပြုနေခြင်း ဖြစ်လိမ့်မည်။ စိတ်လျှော့လိုက်သည်နှင့်တစ်ပြိုင်နက် ... ... ကျန်းယွီသော်၏ ဤအခြေအနေမှာ သတိလစ်မူးလဲသွားသည်နှင့် ထူးမခြားနားပင်...။

ချန်ခေါ့သည် ခုတင်နားတွင် ခေတ္တရပ်ပြီး ကျန်းယွီသော်၏အသက်ရှူသံက ပုံမှန်ဟုတ်မဟုတ် သေချာအောင် စနည်းနာလိုက်သည်။

ချန်ခေါ့သည် စက္ကန့်အနည်းငယ်ခန့် တွေဝေနေပြီးနောက်မှ ကျန်းယွီသော်၏ ကျောနောက် ခါးနားတွင် လက်နှင့် ပုတ်လိုက်သည်။

"ဟေ့ ... မင်းကိုငါ ချွတ်ပေးလိုက်မယ်နော်"

ချန်ခေါ့သည် အထူးတလည်အသန့်ကြိုက်ပြီး ဇီဇာကြောင်တတ်သူမဟုတ်ပေ။ သို့သော် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် ဝတ်ဆင်ထားပြီးသော ဘောင်းဘီနှင့် သူ့အိပ်ရာပေါ် သည်အတိုင်းတက်အိပ်သည်ကိုတော့ သူလည်း သည်းခံနိုင်စွမ်းမရှိပေ။ သူသည်းမခံနိုင်တာလည်း မပြောနှင့်၊ ကျန်းယွီသော်ကဲ့သို့ အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ပြီး ကြမ်းပြင်ပေါ် ဆေးလိပ်ပြာ တောက်ချသောသူတောင် သည်းခံနိုင်မည်မဟုတ်ပါ။ ယခင်တစ်ခေါက် ကျန်းယွီသော်၏အိမ်တွင် တစ်ညအိပ်စဉ်က သူ့အား နည်းနည်းလေးတောင် မျက်နှာမထောက်ဘဲ အပြင်ဘောင်းဘီရှည်ချွတ်အိပ်ရန် အမိန့်ပေးမတတ် ပြောသောကျန်းယွီသော်၏အပြုအမူကို သူ့မှတ်ဉာဏ်ထဲတွင် လေးနက်စွာ အမှတ်ရနေတုန်းပင်...။

ကျန်းယွီသော်က မလှုပ်ရှားလာသောကြောင့် ချန်ခေါ့လည်း သူ့အား အတင်းမနှိုးရက်တော့ဘဲ၊ သို့နှင့် ဘောင်းဘီခါးစည်းကိုသာ လှမ်းဆွဲလိုက်သည်။

ကံကောင်းထောက်မ၍ ကျန်းယွီသော်က အားကစားဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။

ချန်ခေါ့က ချောင်းဟန့်ပြီး လည်ချောင်းရှင်းလိုက်သည်။

... ... ဘာကြောင့် လည်ချောင်းရှင်းရတာလဲ...။

သူ မသိပါ။

ချန်ခေါ့သည် လည်ချောင်းရှင်းလိုက်ပြီးနောက် ဘောင်းဘီခါးစည်းမှကိုင်ပြီး အောက်သို့ ဆွဲချလိုက်သည်။

ကျန်းယွီသော်၏ အနက်ရောင် အတွင်းခံဘောင်းဘီက ပေါ်ထွက်လာသည်။

ဤမြင်ကွင်းမှာ အလွန်တရာကို မယဉ်ကျေးတော့ပေ။

တော်တော်လေးကို မယဉ်ကျေးနေပေ။

ချန်ခေါ့သည် အလျင်အမြန်အားစိုက်ထုတ်ပြီး ဘောင်းဘီကို တစ်ခါတည်း ခြေထောက်အောက်ပိုင်းထိရောက်အောင် ဆွဲချလိုက်သည်။

အမာရွတ်...။

ကျန်းယွီသော်သည် တကယ်ပင် ဒဏ်ရာအမာရွတ်တို့နှင့် ဖွဲ့စည်းပေါင်းစပ်ထားသူတစ်ယောက်သာ ဖြစ်တော့သည်။

သို့သော် ခဏအကြာတွင် ချန်ခေါ့သည် အံ့သြမှင်တက်သွားရပြန်သည်။ သည်လောက် အေးစက်နေသောရာသီတွင် ကျန်းယွီသော်သည် sweatpants တစ်ထပ်တည်းသာ ဝတ်ဆင်ထားသည်။ ထို sweatpants က သိုးမွှေးထူဘောင်းဘီဖြစ်နေပါစေဦးတော့ ...... အသက်ငယ်သေးသော လူငယ်တစ်ယောက်ဖြစ်နေဦးတော့၊ ကိုယ်ရံတော်ချုပ်က သမုတ်ထားသော မီးခန္ဓာနှင့်လူသားဖြစ်နေဦးတော့၊ နှင်းကျနေသော ရာသီတွင် ဆောင်းတွင်းဝတ်အောက်ခံဘောင်းဘီရှည်တောင်ဝတ်မထားခြင်းမှာ အနည်းငယ် ကြွစောင်းစောင်းနှင့် ကြွားဝါဝါ နိုင်လှသည် မဟုတ်ပါလား...။

ချန်ခေါ့က ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ဘောင်းဘီအောက်ခြေကိုကိုင်ပြီး အောက်သို့ ရွှတ်ခနဲ ဆွဲချွတ်လိုက်သည်။

ဆက်လက်၍ ချန်ခေါ့သည် စောင်အသေးလေးကို ခါပြီး ကျန်းယွီသော်ကိုယ်ပေါ်သို့ ခြုံပေးရမည်ဖြစ်သည်။

သို့သော် သူ၏လှုပ်ရှားမှုက အချိန်အတန်ကြာအောင် ရပ်တန့်သွားသည်။ အကြောင်းမှာ သူ၏ အကြည့်တို့သည် ကျန်းယွီသော်၏ တင်ပါးမှစပြီးခြေထောက်တစ်လျှောက် အစိတ်အပိုင်းပေါ်တွင် ရစ်ဝဲနေသောကြောင့်ပင်ဖြစ်သည်။

လွတ်မြောက်ရန် နည်းလမ်းမရှိသကဲ့သို့...။

အတော်ကြာသွားတော့မှ ချန်ခေါ့သည် သွားကိုက်အံကြိတ်ကာ စောင်အသေးကိုလှမ်းယူပြီး ခပ်ပြင်းပြင်းတစ်ချက် ခါလိုက်သည်။

ခါလိုက်သည့်အားက လိုသည်ထက်ပိုသွား၍ စောင်အသေးလေးသည် ချန်ခေါ့၏ ဦးခေါင်းပေါ်တွင် လွှမ်းခြုံသွားသည်။ ထို့ကြောင့် ချန်ခေါ့သည် ရှေ့ကို ယိမ်းထိုးသွားကာ ကျန်းယွီသော်၏ကိုယ်ပေါ်သို့ လဲကျသွားတော့မလို ဖြစ်သွားသည်။

မင်းမေလခွမ်းတဲ့မှပဲ...။

ချန်ခေါ့သည် အံကိုကြိတ်ပြီး အားကိုထိန်းကာ နောက်တစ်ကြိမ်ခါလိုက်ပြီးနောက် စောင်အသေးကို ကျန်းယွီသော်အပေါ်သို့ ဖြန့်ခြုံပေးလိုက်သည်။

စောင်ခြုံပေးလိုက်ချိန်တွင် ကျန်းယွီသော်က ဟွန်းခနဲ နှာမှုတ်လိုက်ပြီးနောက်၊ ကိုယ်ကိုလှည့်လိုက်ပြီး စောင်ကို ဆုပ်ကိုင်ထားရင်း ဘေးတစ်စောင်းကွေးအနေအထားနှင့် ပြောင်းလှဲလိုက်သည်။

ချန်ခေါ့သည် ရုတ်ခြည်းပင် အော်မီတော်ဖော် တစ်ချက် တ,လိုက်ရသည်။ မိမိခန္ဓာကိုယ်ထဲမှ သေချာ မလောင်ကျွမ်းရသေးသော မီးတောက်လည်း ချက်ချင်းပင် မီးခိုးအဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။

ကျန်းယွီသော်၏အိပ်ရေးသည် ချန်ခေါ့၏လိင်မှုစိတ်ကူးယဉ်ခံစားသိစိတ်ထက်တောင် အများကြီး ဆတ်ဆတ်ထိမခံဖြစ်သေးသည်။

တကယ်တမ်း တစ်ခုခုလုပ်လိုက်မည်ဆိုလျှင်တောင် လန့်နိုးလာသောကျန်းယွီသော်က သူ့အား ခုတင်ဘေးနား နေရာတွင်ပင် အသက်ထွက်အောင် ရိုက်သတ်လိမ့်မည်ထင်သည်။

ယခုတွင် စံတော်ချိန်သည် မနက် ၅ နာရီကျော်ခါစဖြစ်သည်။ ချန်ခေါ့သည် စိတ်ပြန်လည်ငြိမ်သက်လာပြီးနောက် နောက်တစ်ခါပြန်ပြီး အိပ်ငိုက်လာပြန်သည်။ သို့နှင့် အရှက်မရှိသော အတွေးစိတ်ကူးတို့ကို ပြန်လည်ရုပ်သိမ်းပြီး မိမိ၏ခြုံစောင်ကို ဘေးတစ်ဖက်သို့ ဆွဲယူလိုက်ပြီး ဝင်ရောက်လဲလျောင်းလိုက်သည်။

သို့သော်လည်း မျက်လုံးအစုံ မှိတ်ချလိုက်ပြီးနောက် နောက်ဆုံးလက်ကျန် အရှက်တရားကင်းမဲ့မှုတို့ကို အခွင့်ကောင်းယူပြီး ချန်ခေါ့သည် ကိုယ်ကိုလှည့်ပြီး ကျန်းယွီသော်၏ကိုယ်နားသို့ တိုးကပ်လာသည်။ ထို့နောက် တမင်ရည်ရွယ်ထားခြင်းမဟုတ်သကဲ့သို့ လက်တစ်ဖက်ကို ကျန်းယွီသော်၏စောင်အောက်သို့ မတော်တဆကဲ့သို့ ထိုးသွင်းလိုက်သည်။

သို့သော် ရှေ့ဆက်မတိုးဘဲ လက်ချောင်းထိပ်ဖြင့် ကျန်းယွီသော်၏ ကျောဘက်ခါးပေါ်ကို တို့ကြည့်လိုက်သည်။

ပူလောင်နေသည်။

တကယ်ကို မီးခန္ဓာဟုခေါ်ထိုက်သည်။

ဤကဲ့သို့ မကြာခဏဆိုသလို ရေလှိုင်းကဲ့သို့ တအိအိနှင့်အတက်အကျဖြစ်နေသော အတွေးတို့ဖြင့် ချန်ခေါ့သည် မိမိကိုယ်ကိုတောင် အံ့သြမှင်တက်မိလောက်အောင် အိပ်မက်တစ်ခုတောင်မမက်ဘဲ နောက်တစ်မနက် မိုးလင်းသည်အထိ တစ်ရှိန်ထိုး အိပ်ပျော်သွားတော့သည်။

ပြန်နိုးလာချိန်တွင် အိပ်နေသောအနေအထားတောင် မပြောင်းမလဲ သည်အတိုင်းရှိနေသည်။ လက်တစ်ဖက်ကလည်း ကျန်းယွီသော်၏ စောင်ထဲတွင် ရှိနေဆဲပင်...။

တစ်ခုတည်းသောအပြောင်းအလဲမှာ သူ၏ လက်ချောင်းထိပ်တစ်ခုတည်းတင် ကျန်းယွီသော်၏ ကျောဘက်မှ ခါးကို ထိတိုးထားခြင်း မကတော့ပေ။

ကျန်းယွီသော်က ဘေးတစ်စောင်းအနေအထားမှ ကိုယ်ကို ပက်လက်အနေအထားဖြင့် လှဲအိပ်နေပြီး ချန်ခေါ့၏ အနှီစောင်ထဲရောက်နေသောလက်တစ်ဖက်လည်း ကျန်းယွီသော်၏ ကိုယ်အောက်တွင် အဖိခံထားလိုက်ရသည်။ ထို့ပြင် ထိုခါးကိုတို့ထိထားသော လက်ခလယ် လက်ချောင်းထိပ်သည် ကွေးကောက်လျက်အနေအထားနှင့် အဖိခံထားရသည်။ ယခုအချိန်တွင် ခေါက်ချိုးဖိနှိပ်ထားခံရမှုကြောင့် ထိုလက်ချောင်းဆီမှ ခံစားမှုအသိအာရုံပင် ပျောက်ကွယ်နေပြီ...။

ချန်ခေါ့သည် သတိထားပြီး ထိုလက်တစ်ဖက်ကို ဆွဲထုတ်ရန် ကြိုးစားကြည့်သည်။ သို့သော် ဆွဲမထုတ်နိုင်ပေ။

အဖိခံထားရသောကြောင့် ဖြစ်ပေါ်လာသော ထုံကျဉ်မှုသည်လည်း လက်ဆီသို့ ကူးစက်လာကာ ဆက်လက်၍ လက်တစ်ချောင်းလုံးဆီသို့ ပျံ့နှံ့သွားတော့သည်။ ညောင်းညာထုံကျဉ်လွန်း၍ ချန်ခေါ့သည် မျက်မှောင်တို့ကိုကြုတ်ပြီး တိတ်တဆိတ်နှင့် "လခွမ်း" ဟူ၍ ကျိန်ဆဲလိုက်သည်။

ထုံကျဉ်မှုတို့ ကုန်ဆုံးသွားပြီးနောက် ကျန်ရှိနေသည်မှာ လက်ခလယ်ဆီမှ နာကျင်မှုဖြစ်သည်။

နာသည်။ နာသည်။ နာသည်။ နာသည်။ နာသည်။....

ချန်ခေါ့သည် ကျန်းယွီသော်အား အလန့်တကြားနှင့်ရုတ်တရက်နှိုးမိမည်ကို ဂရုမစိုက်နိုင်တော့ဘဲ မိမိ၏လက်ကို အလောတကြီးနှင့် ခပ်သွက်သွက် အပြင်သို့ ဆွဲထုတ်လိုက်တော့သည်။

ဆွဲထုတ်လာပြီးသည်နှင့် ကျန်းယွီသော်က ရုတ်တရက်လှုပ်ရှားလာသည်။ ချန်ခေါ့က ထိုလက်တစ်ဖက်ကို မိမိ၏ခြုံစောင်ထဲသို့ ထည့်မသိမ်းလိုက်ခင်အချိန်လေးတွင် ကျန်းယွီသော်သည် ထိုလက်ကို ဖမ်းကိုင်လိုက်သည်။

ကျန်းယွီသော်၏ လေ့ကျင့်ထားသည့်အတိုင်းအလိုလိုတုံ့ပြန်ချက်မှာ အတော်လေးကို အထင်ကြီးစရာကောင်းလှသည်။

ကျန်းယွီသော်က ချန်ခေါ့၏လက်ကို အရင် ဖမ်းကိုင်လိုက်ပြီးနောက်မှ ဝုန်းခနဲ ထခုန်လိုက်သည်။ ကျန်းယွီသော်က ကိုယ်ကိုလှည့်ပြီး ထခုန်လိုက်ပြီးနောက် ဒူးခေါင်းတစ်ဖက်ဖြင့် ချန်ခေါ့၏လက်တစ်ဖက်ကိုဖိလိုက်သည်ကိုတောင် ချန်ခေါ့က ခံစားလိုက်ရပြီး၊ ထိုတော့မှ ချန်ခေါ့လည်း မျက်လုံးတို့ ပွင့်လာသည်။

ချန်ခေါ့က အလျင်အမြန်နှင့် အသံကုန်အော်ပြောလိုက်သည်။

"ငါပါဟ။ ချန်ခေါ့ ချန်ခေါ့ ချန်ခေါ့ ..."

ကျန်းယွီသော်က ချန်ခေါ့၏လက်ကောက်ဝတ်ကို လက်တစ်ဖက်နှင့် ဖိချုပ်ထားပြီး၊ ဒူးခေါင်းဖြင့် ချန်ခေါ့၏ တံတောင် ခေါက်ကွေးနေရာကို ဖိထားသည်။ ချန်ခေါ့ကို အတော်ကြာအောင်စိုက်ကြည့်နေပြီးမှ စကားပြောလာသည်။

"ခင်ဗျားဘာလုပ်လိုက်တာလဲ"

"လွှတ်စမ်းပါ ... ငါ့ လက်ချောင်း ပြတ်ထွက်တော့မယ်"

ချန်ခေါ့က မိမိ၏လက်ခလယ်ကို လှုပ်ကြည့်လိုက်ရင်း ပြောသည်။

ကျန်းယွီသော်က ချန်ခေါ့အား စိုက်ကြည့်နေဆဲပင်...။

"ကျွန်တော်ဖမ်းချုပ်ထားတာ ခင်ဗျားရဲ့ လက်ကောက်ဝတ်ကို"

"မင်းခုနက ငါ့လက်ချောင်းကို ဖိထားတာ"

ချန်ခေါ့က မျက်မှောင်ကြုတ်ထားသည်။

ကျန်းယွီသော်က ခေါင်းကိုတိမ်းပြီး သူအိပ်ခဲ့သော ထိုအိပ်ရာတစ်ခြမ်းဘက်ကို ကြည့်လိုက်သည်။

"ကျွန်တော်က ဘယ်လိုဖြစ်ပြီး ခင်ဗျားလက်ချောင်းကို ဖိမိမှာလဲ။ ကျွန်တော်အိပ်တာလည်း နယ်မကျွံဘူးလေ"

ချန်ခေါ့သည် မျက်နှာပူစွာ အိုးတို့အမ်းတမ်းနှင့် တိတ်ဆိတ်နေသည်။

ကျန်းယွီသော်က ခေါင်းပြန်လှည့်လာပြီး ချန်ခေါ့အား ဆက်လက်စိုက်ကြည့်နေသည်။

"ခင်ဗျားလက်က ဘာဖြစ်လို့ ကျွန်တော့်စောင်ထဲကိုရောက်နေတာလဲ"

"ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ။ ငါအမြဲတမ်း တစ်ယောက်တည်းအိပ်တာ အကျင့်ဖြစ်နေပြီ။ ငါ့လက်က ထားချင်တဲ့ဆီမှာ ထားမှာပဲ။ ဆန့်ချင်တဲ့နေရာကို ဆန့်မှာပဲ"

ကျန်းယွီသော် သက်ပြင်းချလိုက်ပြီး ချန်ခေါ့အား ဖြေလွှတ်ပေးလိုက်သည်။

"ကျွန်တော့်အိပ်ချင်မူးတူးစိတ်တောင် ခင်ဗျားလုပ်လို့ လန့်ပြီး ပျောက်သွားကုန်ပြီ"

"မင်းလန့်သွားတယ် ဟုတ်လား"

"လူက အိပ်ပျော်နေတာလေ။ ရုတ်တရက် တစ်ယောက်ယောက်က ကိုယ့်ကို လာထိနေတာကို"

ကျန်းယွီသော်က ခုတင်ပေါ်တွင်ထိုင်လိုက်ပြီး ခေါင်းကိုလက်ထဲတွင် ကိုင်လိုက်ပြီး နဖူးကို အချက်အနည်းငယ်ခန့် ပွတ်သပ်လိုက်သည်။

"ခင်ဗျား လက်ချောင်းက အဆင်ပြေရဲ့လား"

"ဘာမှမဖြစ်ဘူး"

ချန်ခေါ့က လက်ခလယ်ကို ညှစ်ပြီး အခြားလက်ချောင်းများနှင့် ပွတ်သပ်စမ်းကြည့်ရင်း ဖြေလိုက်သည်။

"ဘယ်အချိန်ရှိပြီလဲ"

ချန်ခေါ့က ခုတင်ဘေးတွင်ရှိသော နှိုးစက်နာရီကို လှည့်ကြည့်လိုက်သည်။

"၁၀ နာရီ ၄၀"

ကျန်းယွီသော်က အံ့သြတကြီးနှင့် လှည့်ကြည့်လာပြီး အတည်ပြုသည့်အနေဖြင့် မေးလာသည်။

"ဒီအချိန်အထိ အိပ်ပျော်သွားတာလား"

"၅ နာရီထိုးတော့မှ မင်း အိပ်သွားတာလေ။ အခုအချိန်အထိ အိပ်ပျော်သွားတာတောင် အိပ်လိုက်တဲ့အချိန်က ၆ နာရီ မပြည့်ဘူး"

"ကျွန်တော်က ပုံမှန်ဆိုရင် ဘယ်အချိန်ပဲအိပ်အိပ် မနက် ၇ နာရီလောက်ဆိုရင် အမြဲနိုးလာတာပဲ"

"မနေ့ညတုန်းက မင်းဟာက အိပ်တာလို့ မခေါ်ဘူး။ မူးလဲတာလို့ခေါ်တယ်၊ နားထောင်ကောင်းအောင် ပြောရရင် သတိလစ်ပြီးအိပ်ပျော်တာ"

ချန်ခေါ့က ထထိုင်လိုက်ပြီး လက်ကို ခါယမ်းလိုက်သည်။

ကျန်းယွီသော်က ရယ်လိုက်ပြီးနောက် ကိုယ့်ခြေထောက်ကို ငုံ့ကြည့်လိုက်ကာ အတော်ကြာတော့မှ ခေါင်းမော့လာသည်။

"ခင်ဗျား ကျွန်တော့်ဘောင်းဘီကို ချွတ်လိုက်တာလား"

"အေး။ ရွှတ်ခနဲနဲ့ ဆွဲချွတ်လိုက်တာ"

ချန်ခေါ့က ကျန်းယွီသော်၏ခြေထောက်ကိုကြည့်ရင်းဖြေလိုက်သည်။

ကျန်းယွီသော်က ဘာစကားမှမဆိုဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။ အတန်ကြာအောင် ငြိမ်သက်ငေးမောနေပြီးတော့မှ ခုတင်ပေါ်မှဆင်းကာ ဘောင်းဘီဝတ်လိုက်သည်။

"အရင်တစ်ခေါက်က ကျွန်တော်သုံးခဲ့တဲ့ သွားတိုက်တံတွေဘာတွေ ရှိသေးလား"

"ရှိတယ်။ အဲဒီမှာပဲ မင်းထားခဲ့တဲ့အတိုင်းရှိနေတာ"

"အင်း ... ကျွန်တော် မျက်နှာသွားသစ်လိုက်ဦးမယ်"

ကျန်းယွီသော်က ခေါင်းညိတ်ရင်းပြောလိုက်ပြီးနောက် အိပ်ခန်းတံခါးဆီသို့ လျှောက်သွားသည်။

ချန်ခေါ့က ဖုန်းကို ယူလိုက်သည်။

"ငါ မနက်စာနှစ်ပွဲမှာလိုက်မယ်။ မျက်နှာသစ်ပြီးတဲ့အချိန် ရောက်လာမှာနဲ့ အတော်ပဲ။ ဒီလောက် သေအောင်အေးနေတာ အပြင်ထွက်မစားချင်တော့ဘူး"

ကျန်းယွီသော်က အင်း ဟုသာပြောပြီး အိပ်ခန်းအပြင်ဘက်သို့လျှောက်ထွက်သွားပြီးနောက် ရုတ်တရက် ပြန်လှည့်လာကာ ချန်ခေါ့အား စိုက်ကြည့်လာသည်။

"ဘာလဲဟ"

ကျန်းယွီသော်၏ ထိုစိုက်ကြည့်လာသော အကြည့်ကြောင့် ချန်ခေါ့လည်း အနည်းငယ်လန့်သွားသည်။

ကျန်းယွီသော်က မျက်မှောင်ကိုကုတ်ပြီး မေးလာသည်။

"ညသန်းခေါင်းကြီး ခင်ဗျား ကျွန်တော့်ကို ခိုးကြောင်ခိုးဝှက်နဲ့ လျှောက်ထိနေတာမလား"

"ငါ ... ..."

ဤအခိုက်အတန့်ထဲတွင် ချန်ခေါ့၏ ရှက်စိတ်စံနှုန်းသည် ကောင်းကင်မိုးတိမ်ပေါ်သို့ ရောက်သည်အထိ မြင့်တက်သွားသည်။ မူလက ဤကိစ္စကို သည်အတိုင်း မသိလိုက်မသိဘာသာနှင့် ရောယောင်ပြီးကျော်ချသွားလိမ့်မည်ဟု ထင်နေခဲ့သော်လည်း မထင်မှတ်ဘဲ ကျန်းယွီသော်က ပြန်လည် ဆွဲထုတ်လာပြန်သည်။ ချန်ခေါ့၏ လိပ်ပြာမလုံသော မျက်နှာပူမှုနှင့် ရှက်စိတ်သည်လည်း ဒေါသအဖြစ် အသွင်ပြောင်းသွားတော့သည်။

"လခွမ်း ... မင်းက ချစ်စရာကောင်းတဲ့အချောလေးလား။ ညလယ်ကြီး ငါ့ဟာငါတောင် သေမလို ငိုက်နေတာ အားနေလို့ မင်းကို လျှောက်ကိုင် လျှောက်ထိနေရမှာလား"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ထားဆဲဖြစ်ကာ၊ အချိန်ခဏကြာသွားတော့မှ ကျစ်ခနဲ စုတ်သပ်ပြီး လှည့်ထွက်သွားသည်။

"... ... ငါလူးတဲ့မှ"

ချန်ခေါ့က အသံတိုးတိုးနှင့် ဆဲရေးလိုက်ပြီးနောက် ခြုံစောင်ကိုပွေ့ရင်း ခုတင်ပေါ်တွင် ပြန်လှဲချလိုက်သည်။ တော်တော်ကို ရှက်ဖို့ကောင်းတာပဲ...။

.

ကျန်းယွီသော်က ရေချိုးခန်းထဲဝင်လိုက်ပြီး ရေဘုံဘိုင်ကိုဖွင့်ပြီး မျက်နှာအရင်သစ်လိုက်သည်။

သူသည် ခေါင်းနည်းနည်းမူးသလိုဖြစ်နေသည်။ နိုးတစ်ဝက်ဖြစ်နေခြင်း သို့မဟုတ် အိပ်ရေးမဝခြင်း အစရှိသည်တို့ကြောင့် ခေါင်းမူးခြင်းမျိုးမဟုတ်သလို၊ မူးဝေခြင်းမတိုင်မီ အစချီသော ခေါင်းမူးခြင်းလည်း မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ ... ...။

မျက်နှာကို ရေအေးနှင့် ဆေးကြောလိုက်တာတောင် မသက်သာလာပေ။ ထို့ပြင် အေးစက်လွန်းသောရေကြောင့် မျက်နှာက နေရခက်သလိုတောင် ဖြစ်သွားသည်။

ဖျားသွားတာလား...။

ကျန်းယွီသော်သည် သူ၏ နဖူးကို စမ်းသပ်ကြည့်လိုက်သည်။ ကိုယ်ပူမပူကို ခွဲခြားမသိနိုင်ပေ။

မျက်နှာသစ်ဆေးကြောသန့်စင်ပြီးနောက် ကျန်းယွီသော်သည် ဧည့်ခန်းဆီသို့သွားလိုက်သည်။ ဧည့်ခန်းရှိ အံဆွဲကိုဖွင့်ပြီး မနေ့က ချန်ခေါ့သုံးရန် ထုတ်ယူခဲ့သော သာမိုမီသာကို ယူထုတ်လာကာ အဖျားတိုင်းကြည့်ရန် လုပ်သည်။

.

ချန်ခေါ့က ဖုန်းကိုကိုင်ပြီး အိပ်ခန်းထဲမှ ထွက်အလာနှင့် ကြုံသွားသည်။

"မင်းနေမကောင်းဘူးလား"

"မဟုတ်ပါဘူး။ ဒီအတိုင်း ဆော့ကြည့်ချင်လို့"

ကျန်းယွီသော်က ထိုသာမိုမီသာကို လှုပ်ခါလိုက်သည်။

ချန်ခေါ့က ဘာမှပြန်မပြောဘဲ ရှေ့သို့တိုးလာပြီး ကျန်းယွီသော်၏နဖူးပေါ်သို့ လက်ဖဝါးနှင့် စမ်းကြည့်လိုက်သည်။

အကျင့်ပါနေသည့်အတိုင်း လက်ဖဝါးက ဖတ်ခနဲရိုက်လိုက်သလို အားနည်းနည်းပါသွားသော်လည်း ကျန်းယွီသော်က ဘာမှမပြောလာပေ။ ချန်ခေါ့လည်း လက်ကို မရုပ်လိုက်ဘဲ ကျန်းယွီသော်၏နဖူးပေါ်တွင် နှစ်ချက်မျှ ဖိစမ်းလိုက်သည်။

ပူမြိုက်နေသည်...။

ဤရာသီဥတုအပူချိန်နှင့် ချန်ခေါ့သည် မနေ့ညကတည်းက သဘောပေါက်ခဲ့သင့်သည်။ မနေ့ညက ကျန်းယွီသော်၏ ကျောနောက် ခါးနားကို လက်နှင့်ထိကြည့်စဉ်က ဤကဲ့သို့ ပူမြိုက်နေခဲ့သည်။

"မင်းက ဘာမှ မီးခန္ဓာ ဖြစ်မနေဘူး ဟေ့ကောင်၊ ကိုယ်ပူနေတာ"

"...... ကျွန်တော့်ကိုယ်က ပုံမှန်ဆိုရင်လည်း ခပ်ပူပူပဲ ဖြစ်နေတာ။ ဒီလောက်အထိ အရမ်း မပူနေတာပဲ ရှိတယ်"

ကျန်းယွီသော်က သာမိုမီတာကို ချိုင်းကြားတွင် ညှပ်လိုက်သည်။

"ဖျားရင် ဘယ်လိုလုပ်ရတာလဲ။ သကြားဂျင်းပြုတ်ရည်သောက်ရတယ်မဟုတ်ဘူးလား"

ကျန်းယွီသော်က တုံ့ဆိုင်းသွားသည်။

"မသိဘူး။ အဲဒါက ရာသီလာလို့ ဗိုက်အောင့်ရင် သောက်ရတာမလား"

"ဟုတ်လား။ အဲဒါဆို ချွေးထွက်လာအောင် ဘာသောက်ရမလဲ။ မင်းက ဒီလို ဘဝနေထိုင်မှုဆိုင်ရာကိစ္စတွေမှာဆိုရင် ဆရာတစ်ဆူမဟုတ်ဘူးလား။ ဆန်ကုန်မြေလေးတစ်ယောက်လို မသိတဲ့ဟာတွေရှိတာပဲလား"

ကျန်းယွီသော်က ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ကျွန်တော် နေမကောင်းမဖြစ်တာ နှစ်တွေတော်တော်ကြာခဲ့ပြီ"

"အဲဒါဆို နှစ်တော်တော်ကြာမတိုင်ခင်က နေမကောင်းရင်ရော"

"ဒီအတိုင်း သည်းခံနေလိုက်တာလေ"

ကျန်းယွီသော်က အေးဆေးတည်ငြိမ်စွာ ဖြေလာသည်။

ချန်ခေါ့က ဆွံ့အသွားပြီးမှ ဖုန်းကို ကောက်ကိုင်လိုက်သည်။

"အရင်ဆုံး ကိုယ်အပူချိန်အရင်တိုင်းလိုက်၊ အပူချိန်ဘယ်လောက်ရှိလဲ ကြည့်ရအောင်"

ကျန်းယွီသော်က အင်း ဟုဆိုပြီး ခေါင်းညိတ်လိုက်သည်။

ချန်ခေါ့သည် ကိုယ်ပူဖျားနာလျှင် ဘယ်လိုလုပ်သင့်သည်ကို အင်တာနက်တွင် ရှာဖွေကြည့်လိုက်သည်။ အားလုံးက အတူတူနီးပါး အကြံပြုပြောဆိုထားသည်။ ရေများများသောက်ရန်၊ တစ်ကိုယ်လုံး အရက်ပြန်နှင့် သုတ်လိမ်းရန် ...... တစ်ကိုယ်လုံး လိမ်းရန် ? ... သကြားဂျင်းပြုတ်ရည်သောက်ရန်၊ ထို့နောက် အဖျားကျဆေး သောက်ရန် အစရှိသည်ဖြင့်...။

"သကြားဂျင်းပြုတ်ရည်က မဆိုးဘူး။ သောက်လို့ရတယ်"

"ခင်ဗျားဆီမှာ ဂျင်းရှိလား"

"... ... မရှိဘူး။ ပြီးတော့ ရေသောက်လို့ရတယ်တဲ့။ အရက်ပြန်နဲ့ တစ်ကိုယ်လုံးသုတ် ... ..."

ဆေးသောက်သည့်အချက်ကိုတော့ သူမပြောဖြစ်ပေ။ ကျန်းယွီသော်က ဆေးရုံသွားလိုသော ဆန္ဒမရှိပေ။ ကျန်းယွီသော်က ကိုယ်ပူဖျားနာရုံနှင့် ဆေးသောက်လိုစိတ်ရှိမရှိလည်း သူသေချာမသိပေ။

ကျန်းယွီသော်က ရယ်လိုက်သည်။

"ခင်ဗျားဆီမှာရေပဲရှိတာမလား"

"အရက်ပြန် ...... လည်းရှိတယ်။ ဒါပေမဲ့ ......"

"ကိစ္စမရှိဘူး။ ကိုယ်ပူရုံပဲဟာကို။ ခဏနေ ကျွန်တော်အိမ်ပြန်ပြီး နောက်တစ်ရေးထပ်အိပ်လိုက်ရင် ကောင်းသွားမှာ။ အရင်တုန်းကဆို ကျွန်တော်ကလေးပဲရှိသေးတာ။ ဘယ်တုန်းကမှလည်း ရေကြီးခွင်ကျယ် မလုပ်ဖူးဘူး"

ချန်ခေါ့က ထိုင်ချလိုက်သည်။

"အင်းပါ။ မနက်စာ နောက်ထပ်နာရီဝက်လောက်နေရင် ရောက်ပြီ။ မင်းကိုယ်ပူနေတော့ စားလို့ဝင်ပါ့မလား"

"စားဝင်တယ်။ ကျွန်တော်က ဘယ်အချိန်ဖြစ်ဖြစ် စားဝင်တယ်"

သာမိုမီတာပေါ်တွင် ၃၈ ဒီဂရီဟုပြသနေသည်။ ချန်ခေါ့က သာမိုမီတာကိုယူပြီး နောက်တစ်ခါ ပြန်ကြည့်လိုက်သည်။

"၃၈ ဒီဂရီ။ ဒီအပူချိန်က အဖျားတက်နေတယ်လို့ ပြောလို့ရပြီမလား"

"မရဘူး"

ကျန်းယွီသော်က လုံးဝကို သေချာနေပုံဖြင့် ဖြေလာသည်။

"ငါ ၃၈ ဒီဂရီအထိ ကိုယ်ပူရင် ဆေးရုံတက်ပြီး ဆေးပုလင်းချိတ်နေရပြီ"

"ခင်ဗျားက ချောင်းတစ်ချက်ဆိုးရင်တောင် ဆေးရုံတက်နေရပြီမလား"

"ဘာပဲဖြစ်ဖြစ် ၃၈ ဒီဂရီအထိ အဖျားတက်နေရင် ကိုယ့်ဘာသာကို ကျိတ်မှိတ်မခံစားနေဘူး။ မင်းသဘောပါလေ"

ချန်ခေါ့လည်း နောက်ထပ် ဆက်မပြောတော့ပေ။ ကျန်းယွီသော်သည် ဤနှစ်ပေါင်းများစွာအတွင်းတွင် သည်အတိုင်း ဖြတ်သန်းနေထိုင်လာခဲ့သူက၊ ချန်ခေါ့ကဲ့သို့ ငယ်စဉ်ကတည်းက အလိုလိုက်ကာ ဖူးဖူးမှုတ်ဂရုစိုက်ခံရပြီး ကြီးပြင်းလာသူနှင့် ယှဉ်လျှင် ကိုယ်ပူဖျားနာခြင်းမှာ ထွေထွေထူးထူးမဟုတ်ဘဲ ချောင်းနှစ်ချက်ဆိုးသည်နှင့် အတူတူပင် ဖြစ်နေလိမ့်မည်ထင်သည်။

ထို့ပြင် ကျန်းယွီသော်ကို ကြည့်ရသည်မှလည်း ပုံမှန်အချိန်နှင့် ဘာမှကွာခြားမှုမရှိပေ။ အကယ်၍ မိမိလက်နှင့် ကိုယ်တိုင်မစမ်းသပ်ခဲ့ရလျှင် ကျန်းယွီသော်တစ်ယောက် ကိုယ်ပူအဖျားတက်နေသည်ကို သူ့အနေနှင့် လုံးဝသိရှိနိုင်မည်မဟုတ်ပေ။

လူတစ်ယောက်နှင့်တစ်ယောက်တို့သည် တကယ်ပင် မတူကွဲပြားကြသည်။

မှာထားသောမနက်စာကိုလာပို့သော ဒယ်လီသမားက ဖုန်းဆက်လာကာ ချန်ခေါ့သည် ဖုန်းပြောပြီးနောက် တံခါးဖွင့်ပေးရန် တံခါးနားသို့ သွားလိုက်သည်။

ကျန်းယွီသော်က မတ်တတ်ရပ်လာပြီး ချန်ခေါ့ရှေ့သို့ရောက်အောင် လုသွားကာ တံခါးနောက်သို့သွားလိုက်သည်။ ထို့နောက် ချောင်းကြည့်ပေါက်မှတဆင့် အပြင်ဘက်သို့ချောင်းကြည့်ပြီးတော့မှ တံခါးဖွင့်လိုက်သည်။

ချန်ခေါ့က အစားအသောက်ဘူးများကိုလှမ်းယူပြီး စားပွဲပေါ်တင်လိုက်သည်။

"အားလုံးက ငါစားချင်တဲ့ဟာတွေချည်းပဲ။ မင်း ကြိုက်မကြိုက်တော့ မသိဘူး"

ကျန်းယွီသော်က စားပွဲဘေးနားတွင် ဝင်ထိုင်လိုက်ပြီး ကြည့်လိုက်သည်။

"*ကျန်းပင် နဲ့ ပဲနို့လား"

[T/N : ကျန်းပင် 煎饼 ပန်ကိတ်လိုမျိုးပါပဲ။ ဒါပေမဲ့ သူက တရုတ်ရိုးရာအရသာဖြစ်အောင် ကြော်ထားတာ။ ရှေ့လျှောက် ပန်ကိတ်လို့ပဲ ရေးပါမယ်။]

ချန်ခေါ့လည်း ဝင်ထိုင်လိုက်ပြီး ပန်ကိတ်တစ်ခုကိုယူပြီး တစ်ကိုက် ကိုက်လိုက်သည်။

"အင်း ... ငါအရင်တုန်းက မနက်စာကို အနောက်တိုင်းစာတွေပဲ စားဖြစ်တာ။ ငါ့အဖေနဲ့ ချန်ယိတို့က ကြိုက်ကြလို့"

ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။

"ခင်ဗျားက သခင်လေးတစ်ယောက်ဖြစ်ပြီးတော့ စားချင်တာရှိရင်လည်း ခင်ဗျားအတွက်သီးသန့် လုပ်ခိုင်းလို့ မရဘူးလား"

"ရှုပ်တယ်လေ။ ဘာပဲဖြစ်ဖြစ် အခုစားချင်ရင် စားလို့ရနေပြီပဲ"

"နောက်ကြုံရင် ခင်ဗျားကို လူချန့်အိမ်မှာထမင်းစားဖို့ ခေါ်သွားပေးမယ်။ သူလုပ်တဲ့ ပန်ကိတ်က အရမ်းစားလို့ကောင်းတယ်။ အရင်က သူ့အမေက ပန်ကိတ်ဆိုင်ဖွင့်ထားတာ။ တန်းစီပြီးတောင်ဝယ်ရတာ"

"ဟုတ်လား။ အဆင်ပြေပါ့မလား"

ချန်ခေါ့သည် ချက်ချင်းပင် စိတ်လှုပ်ရှားလာသည်။

ကျန်းယွီသော်က ပဲနို့တစ်ငုံသောက်လိုက်ပြီး ချန်ခေါ့အား ကြည့်နေသည်။

"ဘာကိုမေးတာလဲ"

"ပန်ကိတ်စားဖို့ သွားတာကိုပြောတာလေ။ အဆင်ပြေပါ့မလား"

"... ... ဘယ်သူက အဆင်မပြေမှာလဲ"

ကျန်းယွီသော်က နဝေတိမ်တောင်ဖြစ်နေပုံရသည်။

ချန်ခေါ့ကလက်လျှော့လိုက်ပြီး ပန်ကိတ်တစ်ကိုက် ကိုက်လိုက်ကာ စကားကိုပြင်ပြောလိုက်သည်။

"ဘယ်တော့ သွားမှာလဲ"

"နောက်နှစ်ရက်လောက်နေရင်။ သူ့အမေ ပြန်သွားတော့မှပေါ့။ ဒီရက်ပိုင်းက သူက သူ့အမေကို အဖော်လုပ်ပေးရမှာ"

"ဟုတ်ပြီ"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

မနက်စာ စားပြီးနောက် ကျန်းယွီသော်သည် အနွေးထည်ဝတ်ပြီး ပြန်ရန် ပြင်ဆင်နေသည်။

ချန်ခေ့ါက သူ့ကိုကြည့်ပြီး ရုတ်တရက်ပင် မိမိတစ်ယောက်တည်း အထီးကျန်လာသလို ခံစားလိုက်ရသည်။ မနက်နိုးလာကတည်းက ယခုအချိန်အထိ၊ ကသိကအောက်ဖြစ်၊ အရှက်ရမျက်နှာပူ၊ မကျေမနပ်ဖြစ်ခဲ့ရသော်လည်း သူ၏စိတ်ခံစားချက်မှာ တောက်လျှောက် ကောင်းမွန်နေသည်။

ယခု ကျန်းယွီသော်က ပြန်ရန်ပြင်ဆင်နေသည်ကိုကြည့်ရင်း ချန်ခေါ့သည် ခံရခက်သလို ဝမ်းမနည်းမိသော်လည်း စိတ်ထဲတွင် အထီးကျန်ဆန်သွားသည်။ ကျန်းယွီသော်တစ်ယောက် အိမ်တံခါးအပြင်တောင် မထွက်ရသေးခင် ချန်ခေါ့က ထိုကဲ့သို့ စတင်ခံစားနေရပြီဖြစ်သည်။

"ခနနေရင် မြောင်နဲ့သူ့အသုံးအဆောင်ပစ္စည်းကို ယူလာလိုက်မယ်။ အန်တီကြီးက ညနေဆိုရင် ရောက်မယ်တဲ့"

"အင်း ..."

ပြောပြီးနောက် ချန်ခေါ့သည် ရုတ်တရက်ပင် စိတ်ခံစားချက်ပြန်လည်မြင့်တက်လာသည်။

"ငါပဲလိုက်ယူလိုက်မယ်လေ။ မင်း ကိုယ်ပူလျက်ကြီးနဲ့"

ကျန်းယွီသော်က စကားမဆိုဘဲ သူ့ကြည့်နေသည်။

ချန်ခေါ့က စိတ်မလုံသလိုဖြစ်လာပုံရသည်။

"ဘာဖြစ်လို့လဲ"

"ခင်ဗျားက ဘာလို့ ပြုံးစိစိဖြစ်နေတာလဲ"

ချန်ခေါ့က ကြောင်တောင်တောင်ဖြစ်သွားပြီး ကိုယ့်မျက်နှာကိုယ် ပြန်စမ်းကြည့်လိုက်သည်။

"လခွမ်း ... ငါပြုံးလိုက်တာလား။ မပြုံးပါဘူး"

"မပြုံးလိုက်ဘူး။ ဒါပေမဲ့ ခင်ဗျားစိတ်ထဲမှာ ပြုံးစိစိဖြစ်နေတာ ကျွန်တော်သိတယ်"

"နတ်ဆရာလိုလို ဗေဒင်ဆရာလိုလို ဟန်ဆောင်နေတာလျှော့ဦး"

ချန်ခေါ့က ပြောရင်း အနွေးထည်အင်္ကျီကိုယူဝတ်လိုက်သည်။

"သွားမယ်။ ငါ မင်းနဲ့ လိုက်ယူလိုက်မယ်။ ပစ္စည်းတွေများလား"

"နည်းတော့ မနည်းဘူး။ လှောင်အိမ်ရယ်၊ ရေခွက်အစာခွက်၊ အိမ်သာ၊ ကြောင်စာ ပြီးတော့ စည်သွပ်ဘူးတွေ ... ... ပြီးတော့ သူအိပ်ရင် ဖက်အိပ်ရတာအရမ်းကြိုက်တဲ့ သဘက်တစ်ထည်လည်း ရှိသေးတယ်။ ဒါပေမဲ့ နှစ်ရက်တည်းပဲဆိုတော့ ......"

ကျန်းယွီသော်က ပြောရင်းနှင့် အားနာလာသည်။

"ရတယ်။ ကိစ္စမရှိဘူး"

ကျန်းယွီသော်သည် အငှားကားတစ်စီးခေါ်လိုက်သည်။ ကားရောက်မလာခင် ကျန်းယွီသော်သည် ချန်ခေါ့အား ဆွဲခေါ်ပြီး လုံခြုံရေးအစောင့်နှစ်ယောက်နှင့် ကြပ်ညှပ်နေပြီးသား လုံခြုံရေးအခန်းထဲတွင် အတင်းတိုးဝှေ့ဝင်ပြီး စောင့်နေလိုက်သည်။

အပြင်တွင် ရာသီဥတုက အေးစိမ့်နေသော်လည်း အမှန်တကယ်တွင် လုံခြုံရေးအခန်းကလည်း ပထမထပ်ဓါတ်လှေကားဟောခန်းထက် ဘယ်လောက်မှ မနွေးထွေးနေပါ။

လုံခြုံရေးခန်းထဲတွင် ဝင်စောင့်ခိုင်းရသည့်အကြောင်းရင်းမှာ ဘေးကင်းလုံခြုံရန်အတွက်ဖြစ်မှန်း ချန်ခေါ့သိသည်။

ခေါ်ထားသည့် တက်စီကားရောက်လာတော့မှ နှစ်ယောက်သားလည်း လုံခြုံရေးအစောင့်နှစ်ယောက်နှင့် နှုတ်ဆက်ပြီး ထွက်လာပြီး ကားပေါ်သို့ တစ်ခါတည်းတက်လိုက်သည်။

လမ်းတစ်လျှောက်လုံးတွင် ချန်ခေါ့သည် စကားတစ်ခွန်းကို ပြောထုတ်ရမည်ကို အားနာ၍ မပြောဘဲ သည်းခံထိန်းချုပ်လာသည်။ ပြောထုတ်လိုက်လျှင် အလွန်သိသာသွားမည်ဟု စိတ်ထဲတွင် တွေးထင်နေသည်။

သို့သော် သူ့ကိုပို၍သုန်မှုန်စေသောအချက်မှာ သူသည် တစ်နေ့နေ့တွင်၊ သိကျွမ်းလာသည်မှာ လပိုင်းခန့်သာရှိသေးသော၊ စိတ်ကျန်းမာရေးပြဿနာရှိနေသည်ဟုလည်း သံသယရှိနေသော၊ ဘယ်ကလာမှန်း ဇာစ်မြစ်ရာဇဝင်လည်း မသိနိုင်သော၊ လမ်းပေါ်က ဂန်းစတားတစ်ယောက်အတွက် ယခုကဲ့သို့ ထိုင်မရထမရ နှင့် စိတ်ခံစားချက် ကသောင်းကနင်း ဖြစ်ရမည်ဟု လုံးဝ ထင်မထားခဲ့ခြင်းဖြစ်သည်။

သူသည် တကယ်ကိုပင် ကိစ္စတော်တော်များများအပေါ်တွင် အမြဲလိုလို စိတ်ကူးပေါက်သလို ထင်တိုင်းကြဲပြီး ပြုမူတတ်သူတစ်ယောက်ဖြစ်သည်။ သူ့အဖေက သူ့အား လုံ့လဝီရိယမရှိသူ၊ စိတ်ဓါတ်ကြံ့ခိုင်မှုမရှိသူ၊ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိသူ၊ ရွေးချယ်နိုင်စွမ်းမရှိသူ ... ... ဟူ၍ မကျေနပ်ချက်မျိုးစုံနှင့် ပြောလေ့ရှိသည်။ တခါတရံပြန်စဉ်းစားကြည့်လိုက်ပါကာ သူ့အဖေပြောသည်လည်း မှန်နေသည်။ သူသည် ကိုယ့်ကိုယ်ကိုတောင် မထိန်းချုပ်နိုင်သည်အထိ ထင်ရာစိုင်းလွန်းသည်။

ကျန်းယွီသော်၏တိုက်ခန်းမှာ လှည်းကျင်းသိမ်းဆည်းပြီးနေပြီဖြစ်ကာ အလွန်တရာ သပ်ရပ်သန့်ရှင်းနေသည်။ ကြောင်၏အသုံးအဆောင်ပစ္စည်းများကိုလည်း အိတ်နှင့်ထုတ်ပိုးပြင်ဆင်ထားပြီးသားဖြစ်သည်။

ကျန်းယွီသော် ထိုပစ္စည်းများကို သယ်ယူလိုက်သည်။

"ဒီဟာတွေပဲ။ ခင်ဗျား ကြောင်ကို ချီလိုက်"

ချန်ခေါ့က ကြောင်ကို ပွေ့ချီလိုက်ပြီး ခေတ္တစဉ်းစားလိုက်ပြီးနောက် ကြောင်ကို အနွေးထည်အင်္ကျီထဲတွင် ထိုးသိပ်လိုက်သည်။

ကျန်းယွီသော်က တံခါးဖွင့်ရန်အလုပ်တွင် ချန်ခေါ့က ပြောလာသည်။

"မင်းလည်း ငါ့အိမ်မှာပဲ တည်းလိုက်ပါလား"

"ဟင်"

ကျန်းယွီသော်က သူ့အားကြည့်နေသည်။

ချန်ခေါ့က ကြောင်၏နားရွက်ကို ညှစ်ပြီး ပွတ်သပ်လိုက်သည်။

"ဒီလိုဆို ... ... ဘေးကင်းလုံခြုံဖို့ ... ..."

ကျန်းယွီသော်၏ မျက်ခုံးများက ရှုံ့လာပြန်ပြီး ချန်ခေါ့အား စိုက်ကြည့်နေသည်။

"ခင်ဗျား ... ... ကျွန်တော့်အပေါ် တခြားစိတ် ... ... ရှိနေတယ်မလား"

ဤအခိုက်အတန့်တွင် ချန်ခေါ့သည် ကျန်းယွီသော်၏ မျက်နှာပေါ်သို့ ဖရီးကစ်နှင့် ကန်ပစ်ချင်စိတ်ဖြစ်လာသည်။

နည်းနည်းလောက် မချုပ်တည်းနိုင်ဘူးလား...။

နည်းနည်းလေးတောင် မချုပ်တည်းနိုင်ဘူးလား...။

ချန်ခေါ့က ကျန်းယွီသော်အားကြည့်ရင်းပြောလာသည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အရမ်း *အထင်ကြီးလွန်းနေတယ်လို့ မထင်ဘူးလား။"

***

(ဆက်ရန်)

T/N:

နောက်ဆုံးတစ်ကြောင်းမှာ star ပြထားတဲ့ "ကိုယ့်ကိုယ်ကိုအရမ်းအထင်ကြီးနေတာလား" ဆိုတာကလေ မူရင်းဝတ္ထုထဲမှာ "ကိုယ့်ကိုယ်ကို အရမ်းချစ်နေတာလား" လို့ပြောထားတာ။ အင်္ဂလိပ်လိုဆိုရင် Narcissistic ဖြစ်တာကိုပြောတာ။ မြန်မာလိုပြန်ရတော့ "ကိုယ့်ကိုယ်ကို အရမ်းချစ်နေတာလား" လို့ရေးတာက ထောက်နေတယ်လို့ ခံစားရလို့ အပေါ်ကအတိုင်းပြင်ရေးလိုက်တာပါ။ ဒါက ဝန်ခံတာပါ။ Narcissistic ဖြစ်တယ်ဆိုတာ သိတဲ့သူတွေက သိကြတယ်ဆိုပေမယ့်၊ နည်းနည်းလေးရှင်းပြရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ပုံမှန်ထက်ချစ်လွန်းနေတာ၊ ကိုယ့်ကိုယ်ကို အရမ်းဂရုစိုက်နေတာ၊ ကိုယ်လုပ်တာမှအမှန်ဆိုပြီး အထင်ရှိနေတာမျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ဒါက အကြမ်းဖျင်းပဲရှိပြီးတော့ အမှန်တကယ် Narcissism က ဒီထက်ကို အများကြီး ပိုကျယ်ပြန့်ပါတယ်။ ဒီမှာကတော့ ချန်ခေါ့ရဲ့ပြောလိုက်တဲ့စကားကိုပဲ ပိုပြီးပုံပေါ်လာအောင် ရှင်းပြတဲ့သဘောပါပဲ။

Continue Reading

You'll Also Like

136K 3.7K 60
"I'm sorry for leaving you", I whispered. "n-never leave ", she cried. "Shhh it's okay, I'm not leaving". *****************************************...
266K 16.9K 47
The feeling of being abandoned by one's own family was not unknown to Aadhira. She hates her family for abandoning her when she was only a newborn, l...
440K 17.5K 48
Vikram, a senior officer, prioritizes his duty above all else, much like his father, ACP Rajendra. He has three siblings: one is an officer, and the...
Ice Cold By m

General Fiction

2.3M 86.2K 50
[boyxboy] Wren Ridley is always two steps ahead of everyone, or so he thinks. His life seems out of his control when he starts having feelings for so...