《ဖြေဆေး》- ဘာသာပြန် 『Completed』

Oleh wishywish0805

79.2K 9.1K 577

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe Lebih Banyak

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၂၉
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၃၀

672 83 7
Oleh wishywish0805

Chapter ● 30 ●

တကယ်တမ်းပြောရလျှင် ချန်ချင့်၏ တူကို စားပွဲပေါ်ဒုန်းခနဲဆောင့်ချပြီး ဝုန်းခနဲမတ်တတ်ထရပ်သည့် ရင်ထဲမှလာသော စစ်မှန်သည့် ဒေါသအမျက်ကို မြင်ရသောအခါ ချန်ခေါ့မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားပြီး သဘောကျမိသွားသည်။

ကျန်းယွီသော်က ပြောဖူးသည်။ သူ့အတွက် သူငယ်ချင်းဆိုတာ အလွန်လေးနက်သည်ဟူ၍...။

ကျန်းယွီသော်၏ သူငယ်ချင်းဖြစ်သော ချန်ချင့်သည် သူသတ်မှတ်ထားသော "လေးနက်မှု" နှင့် အမှန်တကယ်ပင် ထိုက်တန်သည်။

ချန်ခေါ့သည် ဤကဲ့သို့သော လေးနက်မှုအတိုင်းအတာကို မတွေ့ကြုံဖူးသလို သူ့ထံတွင်လည်း ထိုကဲ့သော သူငယ်ချင်းမရှိခဲ့ဖူးပေ။ သူ၏ အခက်ခဲဆုံးအချိန်တွင် ယခင်က သူငယ်ချင်းဟူသော သူကောင်းသားများဟာ တစ်ယောက်မှ သူ့ဘက်မှ မရပ်တည်ပေးကြပေ။ ထို့ပြင် အားလုံးက တညီတညွတ်တည်းပင် ချန်ယိ၏ သူငယ်ချင်းများအဖြစ်တောင် ပြောင်းလဲသွားသေးသည်။ သူနှင့် ယခင်ကအတိုင်း အဆက်အဆံမပျက် အပြောင်းအလဲမရှိသော တစ်ဦးတည်းသောသူမှာ၊ တင်းတင်းကျပ်ကျပ်ပြောရလျှင် သူငယ်ချင်းဟုတောင် သတ်မှတ်၍မရခဲ့သော၊ ရွှီတင်း တစ်ဦးသာရှိသေည်။

ထို့ကြောင့် ကျန်းယွီသော်က ယခုတွင် မိမိအား သူငယ်ချင်းအဖြစ်သတ်မှတ်လိုက်ပြီဆိုသော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးနှင့်ဆင်တူသော ဖြစ်ရပ်ကို ရင်ဆိုင်လာရပါက လက်ရှိ ချန်ချင့်ကဲ့သို့ ကျန်းယွီသော်အတွက် သည်းမခံနိုင်စွာ ဒေါသထွက်နိုင်စွမ်းရှိမရှိကို ချန်ခေါ့သေချာမသိပေ။

ချန်ချင့်က သူ့အား လက်ညှိုးညွှန်ရင်းပြောလာသည်။

"ခင်ဗျားလို လူမျိုးတွေက တော်တော်နောက်တတ်တာပဲ။ လူတွေကို ဒီလောက်တောင် အကောင်းမမြင်တတ်နေတာလား။ ခင်ဗျား သူနဲ့သိတာ ဘယ်လောက်ပဲကြာသေးလို့လဲ။ ကျွန်တော် သူနဲ့သိတာကရော နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲ။ ခင်ဗျားအတွက်ကတော့ တော်တော်လေးကို လွယ်တာပေါ့။ ပါးစပ်ဟလိုက်တာနဲ့ လူကို လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါးနဲ့ စိတ်မမှန်တဲ့အရူးလို့ ပြောချင်ရင် ပြောလိုက်တာပဲ။ ခင်ဗျား ဘယ်သူ့ကို ဆဲချင်နေလဲ။ ပြောစမ်းပါ"

"အရူး မဟုတ်ဘူး။ ငါပြောချင်တာက ......"

ချန်ခေါ့က ချန်ချင့်၏စကားကို ပြန်ပြင်ပေးရန်ကြိုးစားနေသည်။

သို့သော် ချန်ချင့်က သူ့ကိုဆုံးအောင် ပြောခွင့်မပေးဘဲ စကားကိုဖြတ်ပြောသည်။

"ခင်ဗျား အရူး ဟုတ်မဟုတ်ကို ကျွန်တော်စောက်ဂရုမစိုက်ဘူး။ ဒါပေမဲ့ ခင်ဗျားကတော့ အရူးနဲ့ အရမ်းတူတယ်"

"တောင်းပန်ပါတယ်"

ချန်ခေါ့သည် တောင်းပန်ရုံသာ တတ်နိုင်တော့သည်။ ယခုကဲ့သို့ သွေးဆူနေသော ချန်ချင့်၏ စိတ်ခံစားချက်အခြေအနေတွင် ဘယ်လိုပဲ ရှင်းပြရှင်းပြ ချန်ချင့်က နားဝင်မည်မဟုတ်ပေ။

သို့သော် ချန်ချင့်က သူ့အား လက်ညှိုးငေါက်ငေါက်ထိုးထားတုန်းဖြစ်သည်။ တောင်းပန်စကားမှာ ချန်ချင့်တို့လို လူတွေအတွက် ချောင်းဟန့်သံတစ်ချက်လောက်တောင် လူတွေအာရုံစိုက်လာအောင် မစွမ်းဆောင်နိုင်သည့်ပုံပင်...။

"စန်းကောက ခင်ဗျားကို သူ့သူငယ်ချင်းလို့ သတ်မှတ်တဲ့အပြင် ခင်ဗျား တစ်ခုခုဖြစ်မှာစိုးလို့တောင် သာ့ပင်းတို့အုပ်စုကို တကူးတကခိုင်းပြီးတော့ ခင်ဗျားနောက်လိုက်ပြီး လိုက်စောင့်ရှောက်ခိုင်းသေးတာ။ သူ့ကွယ်ရာမှာ ခင်ဗျားကတော့ ဒီလိုမျိုး သူ့ကို ထင်မြင်နေတာပေါ့"

ချန်ခေါ့က သက်ပြင်းချလိုက်သည်။

"ငါအဲဒီလို အဓိပ္ပါယ်နဲ့ပြောတာမဟုတ်ဘူး။ သူ ဘယ်လိုဖြစ်တာလဲဆိုတာ ငါသေချာသိချင်တာပဲ ရှိတာ။ မင်း မြင်တဲ့အတိုင်း သူ့ လက်သီးစာနဲ့ ငါ မသေရုံတမယ် အရိုက်ခံလိုက်ရတာ"

"အဲဒီတော့ ခင်ဗျား သေသွားလို့လား"

ချန်ခေါ့လည်း လက်ထဲမှတူကို စားပွဲပေါ်ရိုက်ချလိုက်သည်။

"တကယ်လို့ သူမရပ်လိုက်ရင်ရော။ သူရိုက်တာ မင်းလည်း ခံဖူးတယ်မဟုတ်ဘူးလား။ အဲဒီတော့ သူ့လက်ချက် ဘယ်လောက်ပြင်းလဲဆိုတာ မင်းလည်း မသိဘဲမနေဘူး။ ငါက သူ့ကို သူငယ်ချင်းမိတ်ဆွေလို့ သတ်မှတ်လို့ပဲ ဒီလို အပင်ပန်းခံလိုက်မေးနေတာ။ တခြားလူတစ်ယောက်ဆိုရင် ငါရဲတိုင်လိုက်ရင် ကိစ္စပြတ်ပြီ။ မင်းမေလခွမ်း ငါ ဒီလောက်အထိတောင် လိုက်ပြီး စောက်ရေးမစိုက်နေဘူး"

ချန်ချင့်က မျက်မှောင်ကြုတ်လျက်နှင့် ချန်ခေါ့ကို ခေတ္တစိုက်ကြည့်နေပြီး လေသံက စောစောကလောက် မမာတော့သော်လည်း အရင်အတိုင်း အစာမကြေသောလေသံဖြင့် ပြောလာသည်။

"ခင်ဗျားတို့လို ပိုက်ဆံရှိလူတန်းစားတွေက ပုံမှန်ဆို ဗိုက်ဝအောင်စားပြီးရင် တော်တော်လေး အားယားနေကြတယ်ထင်တယ်။ ဒီလောက်ရိုးရှင်းတဲ့ ကိစ္စတစ်ခုကို 'ဘာကြောင့်လဲ' အခုတစ်သိန်းလောက် ထွက်လာအောင် စဉ်းစားနိုင်ကြတယ်ဆိုတော့လေ"

ချန်ခေါ့သည် ချန်ချင့်အား အရက်ငှဲ့ပေးလိုက်သည်။

"သူငယ်ချင်းတွေအပေါ် ငါတို့ရဲ့ဂရုစိုက်ပုံချင်းမတူလို့ပဲ သဘောထားကြတာပေါ့"

"ကျွန်တော် ခင်ဗျားကို တစ်ခုတော့ သတိပေးလိုက်မယ်။ ခင်ဗျား စန်းကောရှေ့မှာ ဒီလိုစကားတွေနဲ့ သူ့ကို ဂရုသွားမစိုက်နဲ့။ ခင်ဗျားရဲ့ ဒီလိုမျိုးဂရုစိုက်တဲ့ပုံက လက်သီးစာမိဖို့ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အမျိုးအစားထဲမှာပါနေတယ်"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

"အင်း။ မင်းတို့နှစ်ယောက်က အသက်ဘယ်လောက်မှာ စသိကြတာလဲ"

"ကျွန်တော် ၁၀ နှစ် ၁၁ နှစ်လောက်မှာ ထင်တယ်။ ကျွန်တော် သူ့ထက် အသက် နှစ်နှစ်ပိုကြီးတယ်။ ဒါပေမဲ့ အဲဒီတုန်းက သူ့လောက်အရပ်မမြင့်သေးဘူး"

ချန်ချင့်က ဝိုင်တစ်ငုံသောက်လိုက်သည်။

"... ... မင်း အခုလည်း သူ့လောက် မမြင့်ပါဘူး"

"ခင်ဗျား စကားကို နားထောင်ကောင်းအောင် မပြောတတ်ဘူးလား။ ခင်ဗျားရော သူ့ထက်မြင့်နေလို့လား"

ချန်ချင့်က ကျစ်ခနဲ စုတ်သပ်ရင်းပြောသည်။

ချန်ခေါ့က ရယ်လိုက်သည်။

"မတိမ်းမယိမ်းပဲလေ။ ဘာပဲဖြစ်ဖြစ် ငါက သူ့ထက် မပုဘူး"

"အဲဒီတော့ တော်တော်ဟုတ်နေပြီပေါ့၊ အရမ်းမိုက်နေပြီပေါ့ဟုတ်လား။ ခင်ဗျား သတ္တိရှိရင် ပါးဖျယ်နဲ့ သွားယှဉ်လေ။ အဲဒီကောင်က 1.9 မီတာ (၆' ၂") ကျော်တယ်။ ခင်ဗျားတို့လို 1.8 မီတာ (၆') ကျော်ကျော်လောက် အရပ်အမြင့် စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး"

ချန်ခေါ့သည် ခေါင်းညိတ်လိုက်ပြီးနောက် ချန်ချင့်က မိမိတို့ဆွေးနွေးပြောဆိုနေသော ခေါင်းစဉ်နှင့် ဆက်လက်ပြီး လမ်းကြောင်းမလွဲသွားစေရန် ပြောလက်စအကြောင်းအရာကို ပြန်လည်ဦးတည်လိုက်သည်။

"အင်း အဲဒါတော့ဟုတ်တယ်။ ဒါနဲ့ ကျန်းယွီသော်ကပြောတာက သူက မိဘမဲ့ဆို"

"ဟုတ်တယ်။ သူဒီကိုရောက်လာတုန်းက တစ်ယောက်တည်းပဲ။ ခရီးဆောင်အိတ်လည်း မပါဘူး။ ဒါပေမဲ့ ပိုက်ဆံတွေတော့ပါတယ်။ ယွမ် နှစ်ရာသုံးရာလောက်တော့ ရှိလောက်မယ်ထင်တယ်။ အခုခေတ်ထဲမှာ ယွမ်တစ်ရာအတွက် အမှိုက်ပုံးမွှေတဲ့ခင်ဗျားထက်တော့ သာတယ်"

ပါးစပ်ပိတ်ထားစမ်း...။

ချန်ခေါ့က ဝိုင်ခွက်ကိုယူပြီး တစ်ငုံသောက်လိုက်သည်။

"ဪ အဲဒါဆိုရင် ပိုက်ဆံတော်တော်ရှိတာပဲ"

"ကျွန်တော် ဘာလို့ သူ့နောက် တကောက်ကောက်လိုက်နေလဲဆိုတာ ခင်ဗျား သိလား"

"ဘာလို့တုန်း"

"သူ ကျွန်တော့်အသက်ကို ကယ်ဖူးတယ်။ ကျွန်တော်တို့နှစ်ယောက် ပထမဆုံးစသိတာက သူကျွန်တော့်ကို မြစ်ထဲကနေ ဆယ်ထုတ်ခဲ့တုန်းကအချိန်ပဲ"

"အဲဒီလိုလား"

ချန်ခေါ့က နည်းနည်းအံ့သြသွားသည်။

ချန်ချင့်က အရိုးတစ်တုံးကိုယူပြီး ကိုက်ဝါးနေသည်။

"ခင်ဗျားကို ပြောပြမယ်။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်လေးကို အသုံးမကျဘူး ... ... အခုလည်း သိပ်ပြီး အသုံးကျနေတာတော့မဟုတ်ဘူး ဆိုပေမယ့်ပေါ့လေ။ အဲဒီတုန်းက ခဏခဏ အနိုင်ကျင့်ခံရတယ်။ ကျွန်တော့်ထက် အသက်နည်းနည်းပိုကြီးတဲ့ လမ်းသရဲလူရမ်းကားတွေဆိုတော့ ကျွန်တော်က သူတို့ကို မနိုင်ဘူး။ စကားပြောရင်လည်း ပါးစပ်က အချိုးမပြေဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက အမြဲတမ်းအရိုက်ခံ အနိုင်ကျင့်ခံရတယ်"

"အဲဒီတော့ မင်း ပါးစပ်လေးပိတ်ပြီး နည်းနည်းပါးပါး လိမ္မာလို့မရဘူးလား"

"မရဘူး။ ကျွန်တော်လည်း စိတ်ရှိတယ် သွေးဆူတတ်တယ်။ အဲဒီနေ့တုန်းက သူတို့ လွန်လွန်ကြူးကြူးလုပ်ကြတယ်။ ကျောက်တုံးတစ်တုံးကို ကျွန်တော့်ကိုယ်ပေါ်ချည်ပြီးတော့ ကျွန်တော့်ကို မြစ်ထဲ ပစ်ချလိုက်ကြတာ"

ချန်ချင့်က အရိုးကို ကြေအောင်ကိုက်လိုက်သည်။

ချန်ခေါ့က ချန်ချင့်၏စကားကိုကြားပြီး မယုံကြည်ဝံ့သလို ဖြစ်နေသည်။

"လခွမ်းလား။ လူသေမှာ မကြောက်ကြဘူးလားဟ"

"ဘယ်က ကြောက်ရမှာလဲ။ ခင်ဗျား ဒီက ဒေသခံပဲ မဟုတ်လား။ ဒီနားပတ်ဝန်းကျင်တစ်ဝိုက်ကာ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက်ကမှ တိုးတက်လာတာ ခင်ဗျားမသိဘူးလား။ အရင်တုန်းကဆိုရင် ဒီနားတစ်ဝိုက်မှာ ဘာရှိလို့လဲ။ လောင်မာထို ဆိုင်ဘက်ကမြေနေရာတွေဆို အရင်တုန်းက သင်္ချိုင်းဟောင်းဆိုပြီးတော့တောင် ပြောနေကြတာ"

"အဲဒါတွေက ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ဘယ်နှဆယ်တုန်းက ဟာတွေပါကွာ"

"ဘာပဲဖြစ်ဖြစ် တကယ်တမ်း လူသေသွားရင် သိမယ့်လူမရှိဘူး။ ညဘက်ကြီးလည်း ဖြစ်နေတာ။ အဲဒီတုန်းကဆိုရင် စီစီတီဗီတွေလည်းမရှိဘူးလေ။ အဲဒီခေတ်က လမ်းပေါ်မှာ လူသေအောင်ရိုက်ပုတ်လိုက်ကြပြီးရင် အဲဒီလိုတွေချည်းပဲ။ လူသေတာ နှစ်တွေကြာလာခဲ့တာတောင် အခုထိ မဖြေရှင်းရသေးတဲ့ တရားခံမပေါ်တဲ့ အမှုတွေမှ အများကြီးပဲ"

ဤသည်ကိုတော့ ချန်ခေါ့လည်းသိသည်။ ထိုအမှုများထဲမှတစ်ခုမှာ တစ်မိသားလုံးကို အစုလိုက်အပြုံသတ်ဖြတ်ခြင်းအမှုဖြစ်သည်။ သူ့အမေတောင် ထိုအမှုအကြောင်းကို စကားစမိသည်နှင့် အော်မီတော်ဖော်ရွတ်ရသည်အထိ ဖြစ်ရသည်။

"အဲဒီတော့ အဲဒီအချိန်တုန်းက ကျန်းယွီသော်က မင်းကို ရေထဲကနေဆယ်ထုတ်ပြီး ကယ်ခဲ့တာပေါ့"

"ဟုတ်တယ်။ အဲဒီတုန်းက ဆောင်းဦးဝင်ခါစ၊ အရမ်းမအေးသေးဘူး။ သူက တံတားနားမှာအိပ်တော့ တွေ့သွားတာ"

ချန်ချင့်ကခေါင်းညိတ်ရင်းဆိုသည်။

ချန်ခေါ့က ဘာစကားမှပြန်မပြောဖြစ်ပေ။ ဆောင်းဦးဝင်ခါစ ညချမ်းမှာ သိပ်မအေးဘူးဆိုလျှင်တောင် အတော်အသင့်တော့ အေးနေပြီဖြစ်သည်။ အသက် ၁၀ နှစ်သား ကလေးတစ်ယောက်က တံတားအနားတွင် အိပ်စက်နေသည်တဲ့...။

ချန်ချင့်က လက်ချောင်းနှစ်ချောင်းကို ထောင်ပြီးပြောသည်။

"အဲဒီတုန်းက ကျွန်တော် သူ့ကို အချက်နှစ်ချက်မှာ တော်တော်လေးစားသွားတာ။ ပထမ တစ်ချက်က တော်တော် တည်ငြိမ်တာ။ ဟိုကောင်တွေအုပ်စုက ကျွန်တော့်ကို ရေထဲနှစ်ချလိုက်တော့ ကျွန်တော်က ရေထဲမှာ ယက်ကန်ယက်ကန်နဲ့ ရေမွန်းပြီး ရေထဲမှာ လေပူပေါင်းမှုတ်နေတာကို ဘေးမှာ ဒီအတိုင်းကြည့်နေတာဗျား။ တခြားလူတစ်ယောက်သာဆိုရင် သေချာပေါက်ကို အော်ရင်အော်၊ မအော်ရင် ရေနစ်နေတဲ့လူကို ကယ်ဖို့ တခြားလူတွေလိုက်ခေါ်ရင်ခေါ်၊ ဒါမှမဟုတ်လည်း ထွက်ပြေးမှာ။ သူက ကမ်းပေါ်ကနေ ရေထဲကို သိုသိုသိပ်သိပ်နဲ့ ဒိုင်ဗင်ထိုးဆင်းလာတာ။ လူမြင်မှာစိုးနေတဲ့ပုံနဲ့"

ချန်ခေါ့က သူ့ကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

"ဒုတိယ တစ်ချက်က"

ချန်ချင့်က လက်ချောင်းနှစ်ချောင်းကို လှုပ်ယမ်းပြလိုက်ပြီး နံရိုးတစ်တုံးကို တူနှင့်ညှပ်ယူပြီး ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။

"သူက စောက်ရမ်းကို အသက်အောင့်နိုင်တာ။ ငိုး ဒီဘဝမှာ ကျွန်တော်တွေ့ဖူးတဲ့ အသက်ရှူအအောင့်နိုင်ဆုံးလူက သူပဲ"

"မင်းလည်း တော်တော်အောင့်နိုင်သားပဲမဟုတ်ဘူးလား"

"မဟုတ်ဘူး။ သူက ရေအောက်ထဲသွားပြီး ကျောက်တုံးကို ကျွန်တော့်ကိုယ်ပေါ်ကနေ ဖြည်ပေးလိုက်ပြီး ကျွန်တော့်ကို ရေမျက်နှာပြင်ပေါ် ပေါ်နေအောင်တွန်းတင်ထားပေးတာ။ ကျွန်တော်က ရေပေါ်မှာ လေရှူလို့ရတယ်။ ရေမျက်နှာပြင်ပေါ်မှာလည်း လက်နဲ့ ယက်ကန်ယက်ကန် ကိုယ်ဖော့နေလို့ရတယ်။ သူက တောက်လျှောက်ကို ရေအောက်ထဲမှရှိနေတာ။ ကျွန်တော့်ကို စောက်လေတံခွန်(စွန်) လိုပဲ ရေအောက်ထဲကနေ ဆွဲထားပြီး ရေကူးနေတာ မီတာ တစ်ရာလောက် ကူးလိုက်ပြီးမှ ကမ်းပေါ်တက်တာ"

"ပုံမှန်ဆိုရင် ရေကြောက်တဲ့လူတွေက ရေထဲကျရင် ဘေးနားမှာ ရှိတာတွေကို သွေးရူးသွေးတန်းနဲ့ လျှောက်ပြီး ဖမ်းဆွဲတတ်တော့ အဲဒီလိုက ပိုပြီးစိတ်ချရတယ်။ ပြီးတော့ အဲဒီလိုမျိုးဆိုရင် ကမ်းပေါ်က လူတွေက သူ့ကို မမြင်ရတော့ဘူးမဟုတ်လား"

သို့သော် ချန်ခေါ့သည် ထိုစဉ်က ကျန်းယွီသော်တစ်ယောက် အသက် ၁၀ နှစ်သာရှိသေးသည်ဆိုသောအချက်ကို စဉ်းစားမိသော် အနည်းငယ် မယုံမကြည်နိုင်သလိုနှင့် ထူးဆန်းသလို ခံစားရသည်။

ချန်ချင့်က ချန်ခေါ့အား လက်ညှိုးညွှန်ရင်းပြောသည်။

"ခင်ဗျား ပြောတာမှန်တယ် ... တော်သားပဲ။ အဲဒါကြောင့် စန်းကောက ခင်ဗျားကို သဘောကျတာဖြစ်မယ်။ အဲဒီတုန်းက သူတော်တော်လေးကို သတိထားနေတာ။ သူ့ကို တစ်ယောက်ယောက်က မြင်သွားမှာစိုးလို့ဆိုပြီး"

ချန်ခေါ့က သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။

"အဲဒီအချိန်ကစပြီးတော့ သူ့ကို လောင်သာ့ ဆိုပြီး စိတ်ပါလက်ပါ သတ်မှတ်လိုက်တာပဲ။ စန်းကော က ကျွန်တော်တွေ့ဖူးတဲ့အထဲ စောက်ထာအကျဆုံး လောင်သာ့ပဲ"

"သူ့ကို ဘာလို့ စန်းကော လို့ခေါ်ကြတာလဲ။"

"သူ့မျိုးရိုးက ကျန်း (江) မလား ... စန်း (三) နဲ့ ကုန်း (工) နဲ့ ပေါင်းထားတဲ့ ကျန်း (江) လေ။ ... အော့် (二) နဲ့ မာ (马) နဲ့ ပေါင်းထားတဲ့ ဖုန် (冯) နဲ့ သဘောတရားအတူတူပဲ။ အဲဒါနဲ့ ကျွန်တော်တော့ သူ့ကို စန်းကော လို့ပဲ ခေါ်လိုက်တာ။ လမ်းပေါ်မှာ ကျင်လည်နေရတဲ့လောင်သာ့မဟုတ်လား။ လူရှိန်စရာ ဘွဲ့နာမည် အမှတ်အသား ရှိသင့်တယ်လေ"

[T/N : တရုတ် surname တွေမှာ အသံထွက်တူတာတွေ အရမ်းများတော့ တရုတ်လူမျိုးတွေက ကိုယ့်မျိုးရိုးနာမည်ကို မိတ်ဆက်ရင် မျိုးရိုးစာလုံးက ဘယ်လိုရေးလဲဆိုတာကို၊ အပေါ်က ချန်ချင့်စကားလိုပဲ စာလုံးကို ခွဲခြမ်းလိုက်ပြီး ပြောပြကြလေ့ရှိတယ်။ ဥပမာ ကျန်းယွီသော်ရဲ့ မျိုးရိုး 'ကျန်း 江 jiāng' ဆိုရင် ဒီမှာ စာနဲ့ရေးထားလို့သာ ဒီစာလုံးဖြစ်မှန်း ကိုယ်တွေ တန်းသိနိုင်တာ။ "姜 jiāng" လို့ရေးတဲ့ အသံထွက်တူတဲ့ ကျန်းမျိုးရိုးလည်းရှိတယ်။]

ချန်ခေါ့က ရယ်လိုက်သည်။

ချန်ချင့်က အရက်ကို အရမ်းသောက်နိုင်သူ ဟုတ်ပုံမရပေ။ ဝိုင်နည်းနည်းလေးဝင်သွားသည်နှင့် မြူးထူးတက်ကြွလာသည်။ သူနှင့်တွေ့ပြီးနောက်ပိုင်း ကျန်းယွီသော်ငယ်ငယ်တုန်းက အဖြစ်အပျက်များ ကိစ္စများကိုလည်း တော်တော်များများ ဖွင့်ဟ ပြောထုတ်လာသည်။ တခြားလူတွေနဲ့ ဘယ်လို ရက်ရက်စက်စက် ရန်ဖြစ်တတ်ပုံ၊ လူချန့်ဆီမှာ အလုပ်လုပ်ဖြစ်သွားပုံ၊ လက်အောက်ငယ်သားညီများကို တစ်ယောက်ပြီးတစ်ယောက် ကူညီပေးခဲ့ပုံ အစရှိသဖြင့် မနည်းမနောပင်...။

သို့သော် တစ်ခုမဖြစ်မနေပြောရမည့်အချက်မှာ ချန်ချင့်သည် လုံးဝဥဿုံ အပြည့်အဝ ပိန်းအ နေသူတစ်ယောက်မဟုတ်ပေ။ ပါးစပ်က စည်းအရမ်းစောင့်သည်။ ပြောရင်းပြောရင်းနှင့် စိတ်လှုပ်ရှားတက်ကြွလာစေကာမူ သူနှင့်ကျန်းယွီသော်တို့မတွေ့ခင် ယခင်က ကိစ္စများကိုတော့ တစ်ခွန်းမှကို မဟလာပေ။

ချန်ချင့်က တကျစ်ကျစ်နှင့်စုတ်သပ်ရင်းပြောသည်။

"အဲဒီကာလတွေတုန်းက ဒီပတ်ဝန်းကျင်မှာ တော်တော်လေးကို ရှုပ်ထွေးပြီး ကမောက်ကမ ဖြစ်နေတာ။ ရန်ဖြစ်တာတွေ၊ စောင့်ရှောက်ခ ဆတ်ကြေးတောင်းတာတွေ၊ အုပ်စုဖွဲ့ဗိုလ်ကျတာတွေ၊ တစ်အုပ်စုနဲ့ တစ်အုပ်စု ယှဉ်ပြိုင်တာတွေ၊ အထပ်ထပ်အခါခါ ပြန်ပြန်ဖြစ်နေတာတွေ ... ... စန်းကော က သူ့ကိုယ်သူ လောင်သာ့ ဆိုပြီးတော့ မပြောပေမဲ့ သူ့ကို လာစရဲတဲ့လူ ထိရဲတဲ့လူမရှိဘူး။ တစ်ယောက်ချင်းစီ ရိုက်ကြချကြဟေ့ဆိုရင်လည်း ဘယ်ကောင်မှ သူနဲ့လက်ရည်တူတဲ့ ပြိုင်ဘက်မဟုတ်ဘူး"

"အင်း"

ချန်ခေါ့က ချန်ချင့်၏ ကျန်းယွီသော်အပေါ် လက်စုံမိုးပြီးထိုင်ကန်တော့မတတ် ကိုးကွယ်အားထားမှုဋီကာ ကို ခေါင်းတညိတ်ညိတ်နှင့်နားထောင်နေသည်။

ချန်ချင့်က တဟားဟားနှင့် ရယ်ရင်းဆက်ပြောသည်။

"အဲဒီတုန်းက ပြောစမှတ်တစ်ခုတောင်ရှိသေးတယ်။ တော်တော်လည်း ကျယ်ကျယ်ပြန့်ပြန့် ကို ပျံ့ခဲ့တာ။ သူတို့ပြောတာက လောင်စန်းက နာကျင်မှုအာရုံကို မခံစားရဘူးတဲ့။ အသားနာရမှာ မကြောက်ဘူးတဲ့"

"တကယ်လား"

"ဘယ်ကလာ။ ဒါပေမဲ့ သူက နာကျင်မှုကို ခံနိုင်ရည်ရှိတယ်ဆိုတာကတော့ တကယ်ပဲ။ အရမ်းကို သည်းခံနိုင်တာ"

နာကျင်မှုကို ခံနိုင်ရည်ရှိတာတင် မဟုတ်တာလည်း ဖြစ်နိုင်သည်။ တခါတရံတွင် နာကျင်မှုသည် မသိကျိုးကျွန် ဥပေက္ခာအပြုခံရသည်လည်း ရှိတတ်သည်။

စားပွဲအပြည့် အစားအသောက်အများစုသည် ချန်ချင့်၏ အစာအိမ်ထဲသို့ရောက်သွားကုန်သည်။ ချန်ခေါ့သည် နောက်ဆုံးတစ်လုပ်စာခန့်ကျန်ရှိနေသော အရွက်ဟင်းရည်ကို ကုန်စင်အောင် မော့သောက်ပစ်သော ချန်ချင့်ကို ကြည့်နေသည်။ သည်လောက် တစ်ဖြဲနှစ်ဖြဲစားသုံးနေတာတောင် ထင်းချောင်းလို ကိုယ်ခန္ဓာကို ဘယ်လို ထိန်းသိမ်းထားနိုင်လဲဆိုသည်ကို လုံးဝ နားမလည်နိုင်ဖြစ်နေသည်။

ချန်ချင့်က ပါးစပ်ကို လက်နှင့် ပွတ်သုတ်လိုက်သည်။

"တော်ပြီဗျာ။ ဒီနေ့ ကျွန်တော် ပြောလိုက်တာလည်း မနည်းတော့ဘူး။ စန်းကောက ပြောပြီးပြီ၊ အခုတလော ခင်ဗျား ဘာကိစ္စရှိရှိ ကျွန်တော့်ကိုပဲ ဆက်သွယ်ပါတဲ့။ ကြည့်ရတာ ခင်ဗျားကို အနာတရဖြစ်အောင် ရိုက်ထားမိတော့ မျက်နှာချင်းဆိုင်တွေ့ရမှာ အားနာနေလို့နဲ့ တူပါတယ်"

"ရပါတယ်"

"ကျွန်တော် သွားတော့မယ်"

ချန်ချင့်က ပြောရင်း ဖုန်းကို ယူထုတ်လိုက်သည်။

"ကျွန်တော်တို့ WeChat add လိုက်ရအောင်။ အဲဒီကနေ ကားပို့ရမယ့် လိပ်စာပို့လိုက်မယ်။ မနက်ဖြန်ကျရင် ကားကို ခင်ဗျား တစ်ချက်လောက် မောင်းပို့ပေးပေါ့။ ကိုးနာရီမတိုင်ခင်အရောက်နော်။ နောက်ကျသွားရင် တာဝန်ကျတဲ့တစ်ယောက်နဲ့ ခွေးဖြစ်အောင် အဆဲခံရမှာ"

"အင်း"

ချန်ခေါ့က ဖုန်းကိုယူလိုက်ပြီး ချန်ချင့်နှင့် WeChat တွင် Friend add လိုက်ပြီးနောက် ချန်ချင့်ပို့လာသော လိပ်စာကိုကြည့်လိုက်သည်။

"ကားအလှဆင်ဆိုင် လား။ မင်း တစ်နေ့တစ်နေ့ ကားတွေ တစ်စီးပြီးတစ်စီး ထည်လဲပြောင်းစီးလှချည်လားလို့ အောက်မေ့နေတာ"

ချန်ချင့်က ရယ်လိုက်သည်။

"ခင်ဗျား အစွဲအလမ်းရှိလို့ စိတ်ပြေလက်ပျောက် ကားတွေဘာတွေမောင်းချင်တယ်ဆိုလည်း ကျွန်တော့်ကိုပြော။ ကျွန်တော်က ဧည့်သည်တွေနဲ့အဆင်ပြေတော့ ဖန်တီးပေးလို့ရတယ်။ တစ်ရက်နှစ်ရက်လောက် ငှားသုံးဖို့က အသေးအဖွဲ ပါမွှားလေးပဲ"

"ငါ့မှာ ကားမောင်းချင်တဲ့ အစွဲအလမ်းမရှိပါဘူးကွာ"

ချန်ခေါ့က ရယ်လိုက်သည်။

ချန်ချင့်က ထရပ်လိုက်ပြီး အနွေးထည်အင်္ကျီဝတ်လိုက်ကာ တံခါးပေါက်ဆီသို့လျှောက်သွားရင်း လှည့်ပြောသည်။

"ကျွန်တော်သွားတော့မယ်။ ဪ ဒါနဲ့ ခင်ဗျားကို တစ်ခုတော့ ပြောလိုက်ဦးမယ်"

"အင်း"

"စန်းကော က စိတ်ရောဂါရှိနေတာ မဟုတ်ဘူး။ တကယ်လို့ သူသာ စိတ်မူမမှန်နေတဲ့သူဆိုရင် ဒီနားကလူတွေက သူ့ကို ကြောက်နေကြဦးမှာလား"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်ပြီး တုံ့ပြန်သည်။

ချန်ချင့်က တံခါးကိုဆွဲဖွင့်ပြီးနောက် ချန်ခေါ့၏ မျက်လုံးထောင့်နားကို လက်ညှိုးညွှန်လိုက်သည်။

"ကောင်းကောင်းနားပါ။ ခင်ဗျား ဒီ ဒဏ်ရာကိုလည်း သတိထားဦး။ တကယ်လို့ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကိုပြော၊ ဆေးရုံမှာ ကျွန်တော့်အမေရဲ့အသိရှိတယ်။ ခင်ဗျားကိုခေါ်ပြီး သွားပြပေးလို့ရတယ်"

"အေးပါ"

ချန်ချင့်ထွက်သွားချိန်တွင် ထုံးစံအတိုင်း တံခါးကို ဝုန်းကနဲ လွှဲပိတ်သည်။ ထိုတုန်ခါအားကြောင့် ပြတင်းပေါက်ကလည်း အသံမြည်သွားသည်။

ချန်ခေါ့က သက်ပြင်းတစ်ချက်ချကာ စားပွဲနားတွင်မတ်တပ်ရပ်ရင်း ခဏတာ စိတ်လွတ်နေပြီးနောက် အကြီးဆုံးဆိုဒ် အမှိုက်အိတ်တစ်အိတ်ယူလိုက်သည်။ ထမင်းဘူးဟင်းဘူးများအားလုံးကို အမှိုက်အိတ်ထဲသို့ စားပွဲပေါ်မှနေပြီး သပ်ထည့်လိုက်သည်။ ထို့နောက် နောင်တလည်း ရနေသည်။ အကယ်၍ အစားအသောက်များကို ပန်းကန်ထဲတွင်သာ တကူးတကထည့်မစားပါက ဘူးများကို သိမ်းပြီးသည်နှင့် သိမ်းဆည်းခြင်းအမှု ပြီးဆုံးနေပြီဖြစ်သည်။

အလကားသက်သက် ကြီးကျယ်မိ၍ အခုတော့ ပန်းကန်ဆေးသည့်အလုပ်တစ်ခု ပိုသွားပြီ...။

ချန်ခေါ့က ပန်းကန်များကို ပျင်းရိပျင်းတွဲနှင့် သိမ်းဆည်းပြီး မီးဖိုချောင် ပန်းကန်ဆေးဘေစင်ကန်ထဲသို့ ယူသွားသည်။ သည်ပုံအတိုင်းဆိုလျှင် ပန်းကန်ဆေးစက်တစ်လုံးဝယ်ရန် လိုအပ်နေပြီ...။

သို့သော် ပန်းကန်ဆေးစက်ဝယ်လိုက်မည်ဆိုလျှင်တောင် ယခုလောလောဆယ် မျက်စိရှေ့ရှိ ပန်းကန်များကို ချက်ချင်းဆေးကြောနိုင်မည်လည်းမဟုတ်ပေ။

ချန်ခေါ့သည် မနက်အိပ်ရာနိုးကတည်းက အားအင်မရှိသလို ထိုင်းမှိုင်းနေခြင်းဖြစ်သည်။ ယခုတွင် မိမိသိချင်နေသော ကျန်းယွီသော်၏ အဓိကကျသည့်အကြောင်းများမပါဘဲ တစ်ညနေလုံး ချန်ချင့်၏ အကျိုးမရှိသည့်စကားများကိုသာ နားထောင်လိုက်ရသောကြောင့် စိတ်ထဲတွင် ပို၍ရှုပ်ထွေးပြီး ပို၍လည်း အစအနပျောက်ကာ၊ အတိုင်းအဆမရှိ ထိုင်းမှိုင်းသွားတော့သည်။

သူသည် ပန်းကန်များကို တစ်အောင့်ခန့်ကြည့်လိုက်ပြီးနောက် ထိုပန်းကန်များကို အမှိုက်အိတ်ထဲသို့ အကုန်ပစ်ထည့်လိုက်တော့သည်။

ပြီးပြီ...။ သိမ်းဆည်းသန့်ရှင်းပြီးပြီ...။

မည်သို့ပင်ဆိုစေကာမူ သူ့တွင် ပန်းကန်ပြားအများကြီးရှိသေးသည်။ ထို့ပြင် ပုံမှန်အချိန်တွင်လည်း ခေါက်ဆွဲပြုတ်သာ အစားများသောကြောင့် လုံးဝအသုံးမများသည့်အထဲတွင် ပါသည်။

ချန်ခေါ့က ရေချိုးလိုက်သည်။ ပခုံးပေါ်မှ ခြောက်သွေ့ခါစ ဒဏ်ရာလည်း ရေနှင့်ဆေးချခံလိုက်ရသောအခါ စပ်ဖျဉ်းဖျဉ်းနှင့် နာကျင်လာပြန်သည်။ ချန်ခေါ့သည် အနာပေါ်သို့ အရက်ပြန်ကို ဖြစ်သလိုဖြန်းလိုက်ပြီးနောက် ဧည့်ခန်းသို့ ပြန်ထွက်လာကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

နှေးကွေးရှည်လျားတဲ့ညတာအချိန်ကို ဘယ်လိုဖြုန်းတီးကျော်ဖြတ်မလဲ...။

ချန်ခေါ့သည် ပရိုဂျက်တာရီမုတ်ကွန်ထရိုးကို လှမ်းယူလိုက်သည်။ ရုပ်ရှင်ဖွင့်ကြည့်ချင်စိတ် ဖြစ်လာသည်။ သို့သော် ခလုတ်နှိပ်မည့် ထိုတဒင်္ဂတွင် ချန်ခေါ့သည် ရီမုတ်ကွန်ထရိုးကို လက်ထဲမှ ချလိုက်ပြန်သည်။ ယမန်နေ့ညက ကြည့်ခဲ့သော A Wicked Ghost ကို စဉ်းစားမိ၍ ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာသည်။

အိမ်ခန်းသည် ကျယ်ဝန်းကြီးမားသည့်အထဲတွင် မပါပေ။ သို့သော် အခန်းထဲတွင် တစ်ယောက်တည်းရှိနေအချိန်တွင် ဇာတ်ကားထဲမှ အင်္ကျီအပြာဝတ်သရဲမ ထွက်လာသောအခန်းကို စဉ်းစားမိသော် ပျာယာခတ်စရာကောင်းလောက်အောင် တုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုအထက်တွင် ပခုံးထက်တွင် ဒဏ်ရာရှိနေပြီး ထိုဒဏ်ရာကို ရုပ်ရှင်ထဲမှ ပခုံးလှမ်းပုတ်သော ဇာတ်ဝင်ခန်းနှင့်လည်း ချိတ်ဆက်စဉ်းစားမိသေးသည်။

"ငလူးတဲ့မှ ..."

ချန်ခေါ့သည် ဆိုဖာပေါ်တွင် လှဲအိပ်လိုက်ပြီး အိပ်ခန်းထဲသို့ မသိမ်းဆည်းရသေးသော စောင်ကို ဆွဲခြုံကာ မိမိကိုယ်ကို ရစ်ပတ်လိုက်သည်။

တကယ်တော့ သူ့အား သရဲမ ချူရန်မေ တစ်ယောက်တည်းကသာ ကြောက်လန့်စေသည်မဟုတ်။

စောစောပိုင်းက ချန်ချင့်ကြောင့် ရွှင်ပြပြဖြင့်အသက်ဝင်နေသောတိုက်ခန်းသည် ချန်ချင့်ပြန်သွားသည်နှင့်အတူ ပျောက်ကွယ်တိတ်ဆိတ်သွားပြီးနောက်၊ ချန်ခေါ့သည် ပရမ်းပတာအခြေအနေထဲတွင် မနက်က ကျန်းယွီသော်က သူ့ဆီသို့ ပြင်းပြင်းထန်ထန် ပစ်လွှတ်သော လက်သီးချက်တို့ကို တဖြည်းဖြည်းနှင့် ပြန်လည် သတိရလာပြန်သည်။

အနည်းငယ်ကြောက်လန့်နေသည်။

ချန်ချင့်က ကျန်းယွီသော်တွင် စိတ်ပိုင်းဆိုင်ရာ ဘာပြဿနာမှမရှိဘူးဟု ပြတ်သားစွာ ငြင်းဆိုနေခြင်းမှာ၊ စန်းကော ၏ ပုံရိပ်နှင့်သိက္ခာကို ကာကွယ်ပေးချင်၍ မဟုတ်ဘဲ၊ ချန်ချင့်က တကယ်ပင် ထိုကဲ့သို့ ခိုင်ခိုင်မာမာယုံကြည်နေခြင်းဖြစ်မှန်း ချန်ခေါ့သတိထားမိသည်။

ချန်ချင့်၏အချို့စကားများက ကျိုးကြောင်းညီညွတ်နေသောကြောင့် ချန်ခေါ့လည်း တွေဝေတုံ့ဆိုင်းသွားရသည်။ အကယ်၍ ကျန်းယွီသော်သာ စိတ်ပိုင်းဆိုင်ရာ မူမမှန်ဖြစ်နေလျှင် သည်လောက်နှစ်ပေါင်းအကြာကြီးအတွင်း သည်အနားတစ်ဝိုက်က လမ်းသရဲဂန်းစတားများက ကျန်းယွီသော်ကို မထိရဲဘဲ ဘာကြောင့် ကြောက်လန့်နေရမှာလဲ။

လမ်းသရဲများက လမ်းသရဲများသာဖြစ်ကြပြီး လူနုံလူအ များမဟုတ်ကြပေ။ သူတို့က ကောင်းကောင်းရန်ဖြစ်နိုင်ပြီး ရန်သူကို သူရဲဘောကြောင်သောငကြောက်ဖြစ်အောင် ရိုက်နှက်နိုင်သော လောင်သာ့ ကို ကြောက်ကြလိမ့်မည်။ သို့သော် ရန်ကောင်းကောင်းဖြစ်နိုင်ပြီး တစ်ဖက်သားကို သူရဲဘောကြောင်အောင် ချနိုင်သော ... ... စိတ်ရောဂါဝေဒနာရှင် တစ်ယောက်ကိုတော့ ကြောက်ကြလိမ့်မည်မဟုတ်။

မိမိတွေးထင်နေသလောက် ဆိုးရွားပြင်းထန်နေခြင်းမဟုတ်တာလည်း ဖြစ်နိုင်သည်။ ကျန်းယွီသော်၏ ငယ်ဘဝတွင် ပင်ပန်းခက်ခဲမှု အများအပြားကို တွေ့ကြုံရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ကျန်းယွီသော်သည် အစစ အရာရာကို သာမန်ထက်လွန်ကဲအောင် သတိထားလေ့ရှိသည်။ ထို့ကြောင့်သာ စိတ်လှုပ်ရှားပြီး လူကို မှားယွင်းရိုက်နှက်မိသည်။

ချန်ခေါ့က မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

ပြဿနာက ဒီနေရာမှာပဲ...။

ထိုကဲ့သို့ အစစအရာရာကို သတိထားနေသော အခြေအနေကိုယ်၌ကိုက ပုံမှန်မဟုတ်နေပေ။

ထို့ပြင် ချန်ခေါ့ လုံးဝနားမလည်သည်မှာ၊ ကျန်းယွီသော်၏အိမ်ကို တံခါးမရှိဓါးမရှိ ဝင်ချင်သလိုဝင်နေသော ချန်ချင့်တောင် အနှီ "သူတို့" ကို တစ်ခါမှမတွေ့ဖူးပေ။ "သူတို့" က ကျန်းယွီသော်ကို အနာတရဖြစ်အောင် ရိုက်နှက်သည်ကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ဖို့ဆိုတာတော့ ထည့်ပြောနေစရာတောင်မလို။

ချန်ခေါ့က စီးကရက်တစ်လိပ်မီးညှိပြီး ပါးစပ်တွင်ခဲထားပြီး ဖွင့်တောင် မဖွင့်ထားသော တီဗီကို ငေးကြောင်ကြည့်နေသည်။

ထိုဆေးလိပ်တစ်လိပ်ကို ကုန်အောင်သောက်လိုက်ပြီးနောက် ချန်ခေါ့က အိပ်ခန်းထဲသို့ ဝင်သွားသည်။

အိပ်တော့မည်။

မစဉ်းစားတော့ဘူး။

သူသည် ချန်ယိက သူ့အား ဘာကြောင့်နှင့်ဘယ်လိုလုပ်ပြီး အိမ်ထဲမှ နှင်ချခံရအောင် အကွက်ဆင်လိုက်သည်ကိုတောင် ယခုကိစ္စလောက်အထိ ထဲထဲဝင်ဝင် မစဉ်းစားခဲ့ဖူးပေ။ သိကျွမ်းလာတာ ဘယ်လောက်မှတောင်မကြာသေးသော လမ်းပေါ်မှ ဂန်းစတားတစ်ယောက်၏အကြောင်းကိုတော့ အဘယ်ကြောင့်များ စိတ်ပါလက်ပါတွေးနေရဦးမှလဲ...။

မည်သို့ပင်ဆိုစေကာမူ မနက်ကကိစ္စကြောင့် သူ့ထံတွင် ပြင်းထန်ဆိုးရွားသော အကျိုးဆက်များလည်း ဖြစ်ပေါ်လာမည်မဟုတ်ပေ။ ပြီးနောက် ကျန်းယွီသော်လည်း သူ့ရှေ့တွင် ထပ်ပြီး ပေါ်လာစရာ အကြောင်းမရှိတော့ပေ။

... ... နောက်ထပ် မပေါ်လာတော့ဘူးလား...။

လခွမ်း...။

.

ချန်ချင့်၏ကားကို မနက် ၉ နာရီမတိုင်မီ အရောက် မောင်းပို့ပေးရမည်ဖြစ်သည်။ ချန်ခေါ့သည် GPS မှ ခန့်မှန်းပေးသော ကြာချိန်ကို ကြည့်ပြီး မနက် ၇ နာရီတွင် အိပ်ရာမှထကာ ခေါက်ဆွဲတစ်ဘူးပြုတ်စားပြီးနောက် အိမ်မှထွက်လာသည်။

ခါတိုင်းတွင် ယခုကဲ့သို့သောအချိန်တွင် ချန်ခေါ့သည် အိပ်မှုံစုံမွှားနှင့် ပြန်အိပ်လိုက်မည်ဖြစ်သည်။ သို့သော် ယနေ့တွင် ပြန်မအိပ်ဖြစ်ဘဲ အိပ်ရာထနိုင်သွားသည်။ တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ခဲ့တာကြောင့်လည်း ပါလိမ့်မည်။

ကျန်းယွီသော်တစ်ယောက် စိတ်ကျန်းမာရေးပြဿနာရှိမရှိဟူသည့် မေးခွန်းကို စိတ်မချုပ်တည်းနိုင်စွာ စဉ်းစားတွေးတောနေမိသည်ကိုဖယ်ထုတ်လိုက်လျှင် အတွေးထဲရောက်လာသည့် တခြားအကြောင်းအရာမှာ ထို လက်သီးချက်များဖြစ်သည်။

ကျန်းယွီသော်က သူ့အားရိုက်လိုက်သည့်ကိစ္စကို ဘာကြောင့်ရိုက်လိုက်ရလဲဆိုပြီး များများစားစား မစဉ်းစားလိုပေ။ ကျန်းယွီသော်ကိုလည်း တကူးတက အပြစ်မတင်နေခဲ့ပေ။ သူလည်း ကျန်းယွီသော်၏ လက်ကောက်ဝတ်အဆစ်လွဲအောင် လုပ်လိုက်သည်မဟုတ်လား...။

သူသည် ဤအသက်အရွယ်အထိ အခြားလူများနှင့် ရန်ပွဲများ မရေတွက်နိုင်အောင် ဖြစ်ခဲ့ဖူးသည်။ ချန်ယိနှင့်လည်း ရန်ပွဲ အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ၊ ရက်သတ္တပတ်တိုင်း ဖြစ်နေကျဖြစ်သည်။ သို့သော် ဘယ်တုန်းကမှ ယခုကဲ့သို့ အကြီးအကျယ်ရိုက်ပုတ်ထိုးနှက်ခဲ့ခြင်းမရှိခဲ့ဖူးပေ။

ငယ်ငယ်ကတည်းက အလိုလိုက်ခံရပြီး ကြီးပြင်းလာသော သူ့လို သခင်လေးတစ်ယောက်အတွက် ထိတ်လန့်စေခဲ့သောအချက်ကိုတော့ မဖြစ်မနေ ဝန်ခံရမည်ဖြစ်သည်။

GPS က လမ်းညွှန်အကြံပေးသော ရွေးစရာ လမ်းကြောင်းများထဲတွင် ချန်ခေါ့သည် အနီးဆုံးလမ်းကြောင်းကို ရွေးချယ်လိုက်သည်။

လမ်းတစ်ဝက်လောက်မောင်းလာပြီးမှ ဤလမ်းကြောင်းသည် ကျန်းယွီသော်အိမ်ရှိရာ လမ်းလေးကို ဖြတ်သန်းသွားရမည်ဆိုသည်ကို သတိထားမိသွားသည်။

ဤကဲ့သို့သော ခံစားချက်မှာ ထူးအံ့ဖွယ်ကောင်းလှသည်။ ချန်ခေ့ါသည် ယခင်က ဤအနားတစ်ဝိုက်သို့ ထမင်းစား ဘားထိုင်ရန်အတွက် မကြာခဏလာဖူးသည်။ သို့တိုင်အောင် ဤလမ်းလေးကို တော်ရုံတန်ရုံ လုံးဝမဖြတ်သန်းရဖူးပေ။ သို့သော် သည်ပတ်ဝန်းကျင်သို့ ပြောင်းနေလိုက်တော့မှ ဘယ်ဦးတည်ချက်ကိုသွားသွား ဤလမ်းလေးမှာ ဖြတ်ကိုဖြတ်သန်းရမည့် ယာဉ်အသွားအလာခံတပ်ကြီးကဲ့သို့ ဖြစ်နေသည်ကို သိလိုက်ရသည်။

သူသည် လမ်းမကြီးပေါ်သို့ကွေ့ချလိုက်ပြီး ဤလမ်းလေးကို ကျော်သွားတော့မှ ပြန်ကွေ့လာမည်ဟု တွေးလိုက်သည်။

သို့သော် ကျန်းယွီသော်၏ အိမ်ပြတင်းကိုတွေ့လိုက်ရသည့်အချိန်အထိ ဘယ်ကိုမှ မကွေ့ဖြစ်ခဲ့ပေ။

ပြတင်းပေါက်ရှေ့မှ ဖြတ်သွားချိန်တွင် ပြတင်းပေါက်မှတဆင့်တောင် အတွင်းသို့ လှမ်းကြည့်လိုက်သေးသည်။

ပြတင်းလိုက်ကာမှာ ထုံးစံအတိုင်း ပိတ်ထားလျက်နှင့်...။

ချန်ခေါ့က မနေနိုင်ဘဲ တစ်ယောက်တည်း ဇာတ်ကွက်တစ်ခုကို စဉ်းစားလိုက်သည်။ ယခုအချိန်တွင် ကျန်းယွီသော်တစ်ယောက် ပြတင်းပေါက်အတွင်းဘက် လိုက်ကာအဟကြားမှ အပြင်ဘက်သို့ ချောင်းကြည့်နေလောက်မည်လားဟူ၍...။

.

"စန်းကော ... ကျွန်မ ပိုက်ဆံမပေးတာမဟုတ်ပါဘူး"

တိုက်ခန်းအမှတ် ၇၀၂ မှ အမျိုးသမီးတစ်ယောက်က မိတ်ကပ်ကို တစ်ညလုံး မဖျက်ထားသောမျက်နှာနှင့် တံခါးနားတွင်မှီရပ်ပြီး ကျန်းယွီသော်အားကြည့်နေသည်။

"ပိုက်ဆံကောက်မယ်ဆိုလည်း ရှင် ကျွန်မကို ကြိုတင်ပြီးတော့ အကြောင်းကြားသင့်တယ်မဟုတ်ဘူးလား။ အဲဒီလိုမှ ကျွန်မလည်း ပိုက်ဆံပြင်ထားပေးလို့ရမှာပေ့ါ။ အခု မနက်မိုးလင်းတာနဲ့ ရှင်က ပိုက်ဆံလာတောင်းတော့ ဘယ်ကပိုက်ဆံနဲ့ရှင့်ကို သွားပေးရမှာလဲ"

"ခင်ဗျားဖုန်းရော"

"ဘာလုပ်ဖို့လဲ။ ကျွန်မဖုန်းက ရှင့်တိုက်ခန်းလခထက်ကို ဈေးကြီးတယ်နော်"

ကောင်မလေးက မျက်လုံးချင်းဆိုင်ပြီး ပြောလာသည်။

"ကျွန်တော် ကြည့်ကြည့်မလို့"

ကောင်မလေးက အနည်းငယ်တွေဝေသွားပြီးနောက် ဖုန်းကို ကမ်းလာပေးသည်။

ကျန်းယွီသော်က ဖုန်းကို လှမ်းမယူသေးဘဲပြောသည်။

"လော့ခ်ဖြည်"

"ဘာလုပ်ဖို့လဲ"

ကောင်မလေးက လော့ခ်မဖြည်ပေးချင်ပုံရသည်။

နောက်တွင်ရှိသော သာ့ပင်းက စိတ်မရှည်တော့သောလေသံနှင့် ဝင်ပြောလာသည်။

"ခင်ဗျားကို လော့ခ်ဖြည်ခိုင်းရင် ဖြည်လိုက်စမ်းပါ။ မဖြည်ပေးချင်ရင်လည်း တိုက်ခန်းလခကို ထုတ်ပေးလိုက်။ ကျွန်တော်တို့က ခင်ဗျားပိုက်ဆံကို ဓါးပြလာတိုက်တာလည်းမဟုတ်ဘူး။ ဘယ်နှယ့် တိုက်ခန်းလခလေးပေးဖို့ကို တရားမျှတမှုကို တောင်းနေရသလိုပဲ"

ကောင်မလေးက ကျစ်ခနဲ စုတ်သပ်လိုက်ပြီးနောက် ဖုန်းကို လော့ခ်ဖြေပေးလိုက်သည်။

ကျန်းယွီသော်က ဖုန်းကိုယူလိုက်ပြီး မက်ဆေ့ app ကို ဖွင့်လိုက်ကာ လွန်ခဲ့သော ရက်ပိုင်းများက ပို့ထားခဲ့သော တိုက်ခန်းလခကောက်ရန်အကြောင်းကြားစာကို ရှာပြီးနောက် ဖုန်းကို ကောင်မလေး၏ မျက်နှာရှေ့တွင် ယူပြလိုက်သည်။

"ကျွန်တော် ခင်ဗျားကို ပြဿနာလာရှာနေတာမဟုတ်ဘူး၊ တိုက်ခန်းလခ လာကောက်တာ။ တကယ်လို့ ခင်ဗျားက ကျွန်တော့်ကို ပြဿနာရှာမယ်ဆိုင်ရင် ကျွန်တော်လည်း မျက်နှာတွေ ရင်ဘတ်တွေ ကြည့်နေမှာမဟုတ်ဘူး"

"အိုက်ယား... စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။ စောင့်နေ"

ကောင်မလေးက ဖုန်းကို ဖတ်ခနဲ ပြန်ယူလိုက်ပြီး အခန်းအတွင်းသို့ လှည့်ဝင်ကာ တစ်ဆက်တည်း တံခါးကိုပါ ပိတ်ဖို့လုပ်သည်။

ကျန်းယွီသော်က ခြေထောက်တစ်ဖက်ဆန့်ထုတ်ပြီး တံခါးကို ခံထားလိုက်သောကြောင့် တံခါးကပိတ်မသွားခဲ့ပေ။ ကောင်မလေးက တစ်ချက်လှည့်ကြည့်လာသည်။

ကျန်းယွီသော်က ကောင်မလေးအားကြည့်ရင်းပြောလိုက်သည်။

"မြန်မြန်လုပ်"

မိနစ်အနည်းငယ်ခန့် ကြာသွားပြီးနောက် ကောင်မလေးသည် ပါးစပ်က တဗျစ်တောက်တောက်နှင့် အခန်းလခကို ထုတ်ပေးလာသည်။

ကျန်းယွီသော်က ပိုက်ဆံကိုယူသိမ်းလိုက်ကာ အနားရှိတံခါးကို ခြေထောက်နှင့် ထပ်ကန်လိုက်သည်။

တန်ဖိုးနည်းပါးသော ငှားရမ်းခငွေကြေးပိုက်ဆံဖြစ်လေလေ ကောက်ယူရန် ခက်ခဲလေလေဖြစ်သည်။

သည်လိုတန်ဖိုးအဆင့်အတန်းကိုသာ ငှားရမ်းနေထိုင်နိုင်သူအများစုတို့မှာ၊ ပိုက်ဆံတစ်ကျပ်သာ ပြန်ပေးစရာရှိစေကာမူ၊ ထိုလူအားလုံးတို့သည် ထိုတစ်ကျပ်ကို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ထုတ်ပေးလာရန် တွန့်ဆုတ်ခဲယဉ်းကြသည်။ တစ်ရက်လောက်၊ ယုတ်စွအဆုံး ဆယ်မိနစ်လောက် အချိန်ဆွဲရလျှင်တောင် သူတို့အတွက် ထိုက်တန်သည်ဟု ထင်မှတ်ကြသည်။

ကျန်းယွီသော်ကိုယ်တိုင်လည်း တိုက်ခန်းငှားခကို ပေးချေရန်အချိန်ဆွဲသောအဖြစ်ကို မတွေ့ကြုံဖူးပေ။

ပိုက်ဆံမရှိသောအချိန်တွင် ဘယ်လိုနေရာတွင်ပဲဖြစ်ဖြစ် သူအိပ်စက်နားခိုခဲ့ဖူးသည်။ လက်ထဲ ငွေရှိချိန်တွင်လည်း လူချန့်က သူ့ဆီမှ ငှားခတောင်းလျှင် တစ်စက္ကန့်တောင် မတွေဝေဘဲ ချက်ချင်း ပေးခဲ့သည်ချည်းသာ...။

သူသည် တစ်စုံတစ်ယောက်က သူ့အား အတင်းအဓ္ဓမတွန်းအားပေးသော ခံစားချက်ကို ကြောက်ရွံ့သည်။

တိုက်အမှတ် (၃) တစ်တိုက်လုံးတွင် တိုက်ခန်းလခကောက်ရအလွယ်ဆုံးမှာ ဤတစ်ခန်းသာဖြစ်သည်။ ထို့နောက် သည်ကောင်မလေးနှင့် ဘေးချင်းကပ်လျက်အခန်းတွင် နေသော ပိန်လှီသည့် ဦးလေး၏အခန်း...။

ငှားရမ်းနေထိုင်လာသည့် လအနည်းငယ်အတွင်း တိုက်ခန်းလခလာကောက်တိုင်း တံခါးပွင့်လာသည်နှင့် ငွေကမ်းပေး ငွေလက်ခံဘောက်ချာယူပြီး၊ စကားအပိုတစ်ခွန်းမှတောင် ပြောစရာမလိုဘဲ အားလုံးပြီးစီးသည်။

သို့သော် ယနေ့တွင် ပိန်လှီသောဦးလေးက အခန်းတံခါးကို ဘယ်လိုခေါက်ခေါက် တံခါးဖွင့်မပေးလာခဲ့ပေ။ ကျန်းယွီသော်တို့ မိနစ်အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့တာတောင် အထဲတွင် ရွေ့လျားသံ တစ်စက်မှ မကြားလာရပေ။

"ဒီလူက အပြင်တွေဘာတွေ သိပ်မသွားတတ်ဘူး မဟုတ်ဘူးလား"

သာ့ပင်းက စိတ်ထဲတွင် ထူးဆန်းလာသည့်ပုံနှင့် အရှေ့တက်လာပြီး တံခါးကို ထပ်ခေါက်ပြန်ပြီး အော်လည်း အော်ခေါ်လိုက်သေးသည်။

"အခန်းလခလာကောက်တယ်။ တံခါးဖွင့်ပါဗျိုး"

ဘေးနားအခန်းမှ တံခါးကပွင့်လာပြီး ကောင်မလေး၏ ဦးခေါင်းက တံခါးနားတွင် ပြူထွက်လာသည်။

"သူအပြင်ထွက်ပြီး အမှိုက်ပစ်တဲ့အသံ မကြားရတာတောင် နှစ်ရက်လောက်ရှိနေပြီ"

ကျန်းယွီသော်က ကောင်မလေးအား ကြည့်နေသည်။

"အထဲမှာ သေနေပြီလားမသိဘူး။ ကြည့်ရတာ အစကတည်းက ရောဂါသည်နဲ့တူတယ်"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ကာ သာ့ပင်းဘက်သို့ကြည့်လိုက်သည်။

သာ့ပင်းက သော့အပိုကိုယူထုတ်ကာ အခန်းတံခါးကို သော့ဖွင့်လိုက်ပြီးနောက် တံခါးကိုတွန်းဖွင့်ကာ အထဲဘက်သို့ အော်လိုက်ပြန်သည်။

"လူရှိလား"

အခန်းထဲတွင် ပြတင်းပေါက်က အနည်းငယ် ပွင့်ဟနေသည်။ တံခါးပွင့်သွားပြီးနောက် အခန်းက လေအဝင်အထွက်ရှိသွားပြီး အတွင်းထဲမှ ဟောင်းနွမ်းပြီး ယိုယွင်းပျက်စီးနေသော အနံ့တစ်ခု ဝေ့ဝဲ ထွက်လာသည်။

ယခင်က လခကို ခပ်မြန်မြန်သာကောက်ပြီး ပြန်နေကျဖြစ်သောကြောင့် ကျန်းယွီသော်သည် ယခုမှသာ အခန်းအတွင်းမှအနံ့ကို ပထမဦးဆုံးရဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ပိန်လှီသောဦးလေးက သန့်သန့်ရှင်းရှင်းလှည်းကျင်းထားသော တိုက်ခန်းကို ဤကဲ့သို့သော အနံ့ထွက်အောင် ဘယ်လိုနေထိုင်လိုက်မှန်း ကျန်းယွီသော်တစ်ယောက် နားလည်နိုင်စွမ်းရှိနေချေ။

သို့သော် ဤကဲ့သို့သောအနံ့မျိုးသည် ကျန်းယွီသော်နှင့် အလွန်တရာ ရင်းနှီးနေသည်။

အလင်းရောင်မမြင်ရသော၊ လေအဝင်အထွက်မရှိသော၊ မသိမ်းဆည်းမလှည်းကျင်းထားသော၊ သန့်ရှင်းရေးမလုပ်ထားသော၊ လူနေသည်နှင့်လည်းမတူသော အနံ့...။

သူသည် နှစ်ပေါင်းများစွာ ထိုကဲ့သို့သော အနံ့ထဲတွင် အသက်ရှင်နေထိုင်ခဲ့သည်။

ထိုအနံ့သည် မျှော်လင့်ချက်တစ်မျှင်တောင် မမြင်ရသော အနံ့ဖြစ်သည်။

"ငလူး"

သာ့ပင်းက အခန်းထဲဝင်သွားပြီး နှစ်မိနစ်ခန့်ကြာပြီးနောက် ပြန်ထွက်လာပြီး မျက်နှာတွင်လည်း အထိတ်တလန့်နှင့် ချောက်ချားနေသည်။

သာ့ပင်း၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် ကျန်းယွီသော်သည် အခန်းထဲတွင် ဘယ်လိုကိစ္စက စောင့်ကြိုနေသည်ကို ချက်ချင်းသဘောပေါက်သွားတော့သည်။ သူသည် အထဲသို့ ထပ်မဝင်တော့ဘဲ တံခါးပိတ်လိုက်ကာ သာ့ပင်းအား ရဲတိုင်ရန် ပြောလိုက်သည်။

ရဲဝန်ထမ်းများလည်း မြန်မြန်ဆန်ဆန်ရောက်လာကြသည်။ ပုံမှန်ဆိုလျှင် တိုက်ခန်းလခလာကောက်ချိန်တွင် လူ့ဘုံမှပျောက်ကွယ်သွားသကဲ့သို့ ရှောင်တိမ်းကြသော တိုက်ခန်းငှားသူများသည် ယခုတွင် အားလုံးထွက်လာပြီး ပွဲစည်နေသော ဤအလွှာတွင် လာစပ်စုကြသည်။

ကျန်းယွီသော်က အသက်ရှူကြပ်သလိုဖြစ်လာသည်။

လူတစ်ယောက်သေသွားသည်။

သူ့နာမည်ဘယ်လိုခေါ်မှန်း သိသည့်လူမရှိ။

လူချန့်ဆီတွင် မှတ်တမ်းတင်ထားတာတော့ရှိသည်။ သို့သော် မှတ်တမ်းတင်ရုံသာ တင်ထားခြင်းဖြစ်ပြီး မှတ်စုစာအုပ်၏ ထိုတစ်မျက်နှာကို လှန်လိုက်သည်နှင့်တစ်ပြိုင်နက်၊ နောက်လူတစ်ယောက်၏ နာမည်နှင့်အချက်အလက်ကို ရေးလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူက ဘယ်သူဘယ်ဝါဆိုသည်ကို နောက်ထပ်မှတ်မိမည့်သူ မရှိတော့ပေ။ နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်ကလာလဲ၊ ဘာလာလုပ်လဲ၊ ဘယ်သူမှ မမှတ်မိကြတော့။

ယခု ထိုလူ သေဆုံးသွားပြီ။

လူတော်တော်များများ၏ ဘေးနားမှ ပျောက်ကွယ်သွားပြီ။

သို့သော် ဘယ်သူမှ မမြင်လိုက်ကြပေ။

ကျန်းယွီသော်သည် တစ်ယောက်ယောက် သေဆုံးသွားသည်ကို မမြင်ဖူးပေ။

သို့သော် အကြိမ်ပေါင်းမရေတွက်နိုင်လောက်အောင် စိတ်ကူးယဉ်ပုံဖော်ဖူးသည်။

တိတ်ဆိတ်အသံမဲ့စွာ အသက်ရှင် တည်ရှိသည်။

တိတ်ဆိတ်အသံမဲ့စွာ ပျောက်ကွယ်သွားသည်။

တိုက်အမှတ် (၃) မှ ထွက်လာပြီးနောက် ကျန်းယွီသော်သည် အိမ်မပြန်ဘဲ ရှော့ပင်းစင်တာဘက်သို့ သွားလိုက်သည်။

ရှော့ပင်းစင်တာတွင် လူများသည်။ အသံလည်း နေရာတကာတွင်ဆူညံနေသည်။ အကယ်၍ အန္တရာယ်တစ်ခုခုရှိလျှင် လွယ်လွယ်ကူကူမတွေ့နိုင်ပေ။

သို့သော် ရှော့ပင်းစင်တာတွင် မီးများ လင်းထိန်တောက်ပပြီး အရောင်စုံနေသည်။ မြင်ကွင်းတိုင်းက သူ၏ ပိတ်လှောင်မွန်းကျပ်နေသော စိတ်အစဉ်ကို အနည်းငယ် တိုးပွားစေသည်။

ကျန်းယွီသော်သည် ရှော့ပင်းစင်တာလှေကားနားရှိ အနားယူရန်ထိုင်ခုံပေါ်တွင် ထိုင်နေပြီး မျက်စိရှေ့ရှိ လူအုပ်ကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။

ချန်ခေါ့က ရှော့ပင်းစင်တာဝင်ပေါက်မှ အထဲသို့ ဝင်လာချိန်တွင် ချည်သားလိုက်ကာက မျက်နှာကို လာမိတ်ဆက်သွားသောကြောင့် ပုံစံမှာကြည့်ရတာ တော်တော်လေး မကျေမနပ်ဖြစ်သွားပုံရသည်။

ကျန်းယွီသော်က ဦးထုပ်အစွန်းကို ဆွဲချပြီး မိမိမျက်နှာကို ကာလိုက်သည်။ သို့သော် အကြည့်က မနေနိုင်စွာဖြင့် ချန်ခေါ့၏ လှုပ်ရှားမှုအတိုင်း လိုက်ကြည့်နေဖြစ်သည်။

ချန်ခေါ့ဝင်လာပြီနောက် ရှော့ပင်းစင်တာဖွဲ့စည်းပုံလမ်းညွှန်မြေပုံရှေ့တွင် ရပ်ပြီး အတန်ကြာ စိုက်ကြည့်နေသည်။ မိမိဝယ်ချင်နေသောပစ္စည်းက ဘယ်အထပ်တွင်ရှိမှန်း မသိနေပုံရသည်။

ချန်ခေါ့က လမ်းညွှန်မြေပုံရှေ့တွင် မလှုပ်မယှက်နှင့် တစ်မိနစ်ခန့် ရပ်နေသည်။ ကျန်းယွီသော်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ချန်ခေါ့အနောက်က ခါးပိုက်နှိုက်သည် သူ့နောက်တွင် ကပ်လျက်ဖြစ်လုနီးပါး နီးကပ်နေပြီဖြစ်သည်။ အသက်ကို နည်းနည်းလေးပိုပြီး ခပ်ပြင်းပြင်းရှူလိုက်ပါက ချန်ခေါ့၏ လည်ပင်းအနောက်ဂုတ်ပိုးသို့ လေလာဟပ်မိနေလောက်ပြီ။ သို့သော် ချန်ခေါ့က နည်းနည်းလေးမှ သတိမထားမိပေ။

ပိုက်ဆံရှိလူတန်းစားများက ခါးပိုက်နှိုက်သူခိုးကိုတောင် အရေးမစိုက်ကြသည့်ပုံ...။

ခါးပိုက်နှိုက်က ချန်ခေါ့၏ အနွေးထည်အိတ်ကပ်ဆီသို့ လက်ဆန့်လိုက်ချိန်တွင် ချန်ခေါ့လည်း မြေပုံ ကသိုဏ်းရှုခြင်းအမှု ပြီးဆုံးသွားပြီး စက်လှေကားဘက်သို့ ခြေဦးလှည့်လာသည်။ ခါးပိုက်နှိုက်က လက်ကိုပြန်သိမ်းလိုက်သော်လည်း ခိုးချင်နှိုက်ချင်သောစိတ်ကို သိမ်းလိုက်ပုံမရပေ။ သည်လောက်တောင် လွယ်လွယ်လေးနှင့် ခိုးနှိုက်လှုပ်ရှား၍ကောင်းသောလူကို များများစားစား မကြုံဖူး၍လည်း ပါလိမ့်မည်ထင်သည်။ ချန်ခေါ့ စက်လှေကားပေါ်တက်သွားချိန်တွင် ခါးပိုက်နှိုက်လည်း လိုက်တက်သွားသည်။

ကျန်းယွီသော်လည်း မတ်တတ်ရပ်လိုက်ပြီး ခြေလှမ်းသွက်သွက်နှင့် စက်လှေကားပေါ် တက်လာသည်။

***

(ဆက်ရန်)

Lanjutkan Membaca

Kamu Akan Menyukai Ini

12.4K 778 3
သဟဇာတမဖြစ်သော စာရေးသူ - ဝူးကျယ်
46.6K 6.5K 21
Title: The Reader and Protagonist Definitely Have to Be in True Love Chinese Title: 读者和主角绝逼是真爱 Proposed Fan Title: Reader + Protagonist Author: 颓 Gen...
22.4K 795 11
💬 BLLK CHATFIC In which bachira adds his new friend to a soccer related group chat!! 📌 extra info; gender neutral xreader...
504K 32.2K 41
Let's see how different personalities mends with each other to form a beautifull bond together. Where the Eldest is calm and cold, Second is aggress...