《ဖြေဆေး》- ဘာသာပြန် 『Completed』

By wishywish0805

79.3K 9.1K 577

ဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe More

မိတ်ဆက်
အခန်း - ၁
အခန်း - ၂
အခန်း - ၃
အခန်း - ၄
အခန်း - ၅
အခန်း - ၆
အခန်း - ၇
အခန်း - ၈
အခန်း - ၉
အခန်း - ၁၀
အခန်း - ၁၁
အခန်း - ၁၂
အခန်း - ၁၃
အခန်း - ၁၄
အခန်း - ၁၅
အခန်း - ၁၆ (ပထမပိုင်း)
အခန်း - ၁၆ (ဒုတိယပိုင်း)
အခန်း - ၁၇
အခန်း - ၁၈
အခန်း - ၁၉
အခန်း - ၂၀
အခန်း - ၂၁
အခန်း - ၂၂
အခန်း - ၂၃
အခန်း - ၂၄
အခန်း - ၂၅
အခန်း - ၂၆
အခန်း - ၂၇
အခန်း - ၂၈
အခန်း - ၃၀
အခန်း - ၃၁
အခန်း - ၃၂
အခန်း - ၃၃
အခန်း - ၃၄
အခန်း - ၃၅
အခန်း - ၃၆
အခန်း - ၃၇
အခန်း - ၃၈
အခန်း - ၃၉
အခန်း - ၄၀
အခန်း - ၄၁
အခန်း - ၄၂
အခန်း - ၄၃
အခန်း - ၄၄
အခန်း - ၄၅
အခန်း - ၄၆
အခန်း - ၄၇
အခန်း - ၄၈
အခန်း - ၄၉
အခန်း - ၅၀
အခန်း - ၅၁
အခန်း - ၅၂
အခန်း - ၅၃
အခန်း - ၅၄
အခန်း - ၅၅
အခန်း - ၅၆
အခန်း - ၅၇
အခန်း - ၅၈
အခန်း - ၅၉
အခန်း - ၆၀
အခန်း - ၆၁
အခန်း - ၆၂
အခန်း - ၆၃
အခန်း - ၆၄
အခန်း - ၆၅
အခန်း - ၆၆
အခန်း - ၆၇
အခန်း - ၆၈
အခန်း - ၆၉
အခန်း - ၇၀
အခန်း - ၇၁
အခန်း - ၇၂
အခန်း - ၇၃
အခန်း - ၇၄
အခန်း - ၇၅
အခန်း - ၇၆
အခန်း - ၇၇
အခန်း - ၇၈
အခန်း - ၇၉
အခန်း - ၈၀
အခန်း - ၈၁
အခန်း - ၈၂
အခန်း - ၈၃
အခန််း- ၈၄
အခန်း - ၈၅
အခန်း - ၈၆
အခန်း - ၈၇
အခန်း - ၈၈
အခန်း - ၈၉
အခန်း - ၉၀
အခန်း - ၉၁
အခန်း - ၉၂
အခန်း - ၉၃
အခန်း - ၉၄
အခန်း - ၉၅
အခန်း - ၉၆
အခန်း - ၉၇
အခန်း - ၉၈
အခန်း - ၉၉ (ဇာတ်သိမ်း)
Extra - 1
Extra - 2
Extra - 3

အခန်း - ၂၉

582 96 9
By wishywish0805

Chapter ● 29 ●

ချန်ချင့်နှင့် ဖုန်းပြောပြီးနောက် ချန်ခေါ့သည် ဖုန်းကိုင်ထားလျက်နှင့် နေရာတွင်ပင် နေ့တစ်ဝက်လောက် ငေးမောငြိမ်သက်နေပြီးမှသာ ဖုန်းကို ခုတင်ခေါင်းရင်းတွင် ပြန်ထားလိုက်သည်။

ပုံမှန်အချိန်များတွင် ချန်ချင့်နှင့်စကားပြောတိုင်း တော်တော်အားထုတ်ရပြီး နှစ်ခွန်းလောက်ပြောပြီးသည်နှင့် အဆုံးသတ်ရန်သာ ဆုတောင်းနေခဲ့ရသော်လည်း ယခုတွင် ချန်ချင့်ကို လုံးဝ ဖုန်းမချသွားစေလိုပေ။

အဘယ့်ကြောင့်ဆိုသော် ဖုန်းချလိုက်ပြီးလျှင် သူသည် အိပ်ရာခင်းထဲတွင်ရစ်ပတ်ထုပ်စည်းခံထားရသော ကျန်းယွီသော်နှင့် တစ်ကိုယ်တော် ရင်ဆိုင်ရမည်ဖြစ်သောကြောင့်ပင်...။

ကျန်းယွီသော်က ပုံမှန်အခြေအနေအတိုင်း ပြန်လည်ငြိမ်သက်သွားပြီဖြစ်သော်လည်း နောက်တစ်ခါ ထပ်ပြီး ပြန်မတိုက်ခိုက်ဘူးလို့ အာမ မခံနိုင်သလို၊ တိုက်ခိုက်လာလျှင် အားဘယ်လောက်ပြင်းထန်မလဲဆိုတာလည်း ချန်ခေါ့က ခန့်မှန်းအကဲဖြတ်နိုင်စွမ်း လုံးဝမရှိပေ။

အမှန်တကယ်တွင် ကျန်းယွီသော်နှင့် စတင်ခင်မင်ရင်းနှီးသောအချိန်ကတည်းက ဒီလူက ပုံမှန်နှင့်မတူသည်ကို ချန်ခေါ့ မကြာခဏသတိထားမိသည်။ သို့သော် ဘယ်တုန်းကမှ ထဲထဲဝင်ဝင်နှင့် ဂရုတစိုက် စိတ်ထဲထည့်ပြီး မတွေးတောခဲ့ပေ။ အတွင်းကျကျမေးခွန်းများကို နှိုက်ချွတ်မေးမြန်းသည်အထိ သူနှင့်ကျန်းယွီသော်တို့ မရင်းနှီးကြသည့်အချက်ကိုဖယ်လိုက်လျှင် ချန်ခေါ့သည် ကျန်းယွီသော်အပေါ်တွင် ငုပ်လျှိုးနေသော စေတနာနှင့် ကောင်းမွန်သောခံစားချက်အမြင်တို့ ရှိနေသည်။

သည်အမြင်ကောင်းက ထိုလူမှ ဖြစ်လာသည်ဖြစ်စေ၊ သို့မဟုတ် ယခုလက်ရှိ သူခံစားတွေ့ကြုံနေရသည့် ဘဝ၏အကြီးမားဆုံးသော အပြောင်းအလဲကြောင့်ဖြစ်စေ၊ အချုပ်အရဆိုလျှင် သူ့ထံတွင် သမာသမတ်ကျပြီး ဓမ္မဓိဋ္ဌာန်ကျသည့်အတွေးအမြင်က တည်ရှိနေသည်။

ယခုကဲ့သို့သော ကျန်းယွီသော်၏စရိုက်လက္ခဏာနှင့် ဗြုန်းစားကြီးရင်ဆိုင်လိုက်ရသောအခါ ချန်ခေါ့အတွက် အိုးနင်းခွက်နင်းနှင့် ရှုပ်ထွေးစွာခံစားရစေသည်။

သူသည် ခုတင်ဘေးတွင်ရပ်ကာ အိပ်ရာခင်းထဲတွင်တိတ်ဆိတ်စွာ လဲလျောင်းနေသောကျန်းယွီသော်ကိုကြည့်ပြီး လောလောဆယ်တွင် ကျန်းယွီသော်အား တစ်ခုခုပြောရမလား၊ ဒါမှမဟုတ် သည်အတိုင်းရပ်ပြီး သတိထားစောင့်ကြည့်နေရမလား၊ သို့မဟုတ်လည်း အိပ်ရာခင်းကိုဖယ်ရှားပြီး ကျန်းယွီသော်၏လက်ကောက်ဝတ်ကို ကြည့်ကြည့်ရမလားဆိုသည်ကို ချန်ခေါ့သည် တကယ်ပင် ဝေခွဲမရနိုင်တော့ပေ။

တစ်အောင့်ခန့်ကြောင်ရပ်နေပြီးနောက် ချန်ခေါ့၏ညာဘက်ပခုံးဆီမှ စတင်နာကျင်လာသည်။ ထိုနေရာသည် စောစောက ကျန်းယွီသော်ကိုက်လိုက်သော နေရာဖြစ်သည်။

ချန်ခေါ့သည် အဝတ်ဗီရိုဆီသို့လျှောက်သွားပြီး ဗီရိုတံခါးဖွင့်ကာ အတွင်းထဲမှ မှန်အရှည်ကို ဆွဲထုတ်လိုက်သည်။ မှန်ထဲတွင် မိမိ၏ပုံရိပ်ကိုမြင်လိုက်ရပြီးနောက် နောက်ထပ်မြင်လိုက်သည်မှာ ခုတင်ပေါ်မှ ကျန်းယွီသော်၏ပုံရိပ်ဖြစ်သည်။ ကျန်းယွီသော်က မလှုပ်မရှားရှိနေသည်ကို မြင်လိုက်တော့မှ ချန်ခေါ့သည် မိမိ၏ပခုံးဆီသို့ အကြည့်ပို့လိုက်သည်။ အဖြူရောင်တီရှပ်အပေါ်တွင် စိမ့်ထွက်နေသော သွေးကွက် တစ်စွန်းတစ်စကို မှန်ထဲတွင် မြင်နေရသည်။

ကျန်းယွီသော်၏ ထိုကိုက်ချက်မှာ အမှန်တကယ် အတည်ပေါက်ကိုက်လိုက်ခြင်းဖြစ်သည်။ ချန်ခေါ့က အင်္ကျီကော်လာကို ဆွဲဖယ်ကြည့်လိုက်သော် အတွင်းထဲတွင် ခပ်ဝိုင်းဝိုင်းသွားကိုက်ရာအပေါက် ၃ ပေါက် ပေါက်သွားပြီး ဒဏ်ရာက အနည်းငယ် ရောင်ကိုင်းနေသည်။

သို့သော် ထိုကိုက်ရာနှင့်စာလျှင် မျက်နှာပေါ်တွင် အထိုးခံလိုက်ရသော လက်သီးချက်က ပို၍စိုးရိမ်စရာကောင်းသည်။

အလွန်သိသာနေသည်။

ညာဘက်မျက်လုံးထောင့် အောက်နားတွင် နီမြန်းရောင်ရမ်းနေပြီး ညိုမဲသည့်ဘက်ကိုတောင် ရောက်နေသည်။

ချန်ခေါ့က သက်ပြင်းချလိုက်ပြီး ဗီရိုတံခါးကို ပိတ်လိုက်သည်။ ထို့နောက် ကျန်းယွီသော်ဘက်လို့ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အိပ်ခန်းထဲမှ ထွက်လာကာ မီးဖိုချောင်ဘက်သို့ သွားလိုက်သည်။

ရေခဲသေတ္တာထဲတွင် ရေခဲတုံးများမရှိနေသော်လည်း ဒိန်ချဉ်ဘူးများရှိသည်။ ချန်ခေါ့သည် အေးစိမ့်နေသော ဒိန်ချဉ်ဘူးတစ်ဘူးယူထုတ်ကာ မျက်လုံးထောင့်တွင် ကပ်လိုက်သည်။ ထို့နောက် အိပ်ခန်းထဲသို့ ပြန်မသွားတော့ဘဲ ဆိုဖာပေါ်တွင် ထိုင်ပြီး မှိုင်တွေငေးမောနေသည်။

တကယ်တော့ ချန်ချင့်လည်း လျင်မြန်စွာ ရောက်ချလာသည်။ နာရီဝက်အတွင်း တံခါးဘက်ဆီမှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ သို့သော် ချန်ခေါ့က တံခါးသွားဖွင့်ရန် အသွားတွင်လည်း အချိန်ကုန်တာ အလွန်နှေးသည်ဟု ခံစားနေရသည်။

တံခါးနည်းနည်းပွင့်ဟသွားသည်နှင့် ချန်ချင့်၏အသံက တိုးဝင်လာသည်။

"စန်းကော မင်း ဘာမှမဖြစ်ဘူးမလား"

အိပ်ခန်းထဲမှ ကျန်းယွီသော်ထံမှ ဖြေဆိုသံ မထွက်လာပေ။

"Jaeger ခင်ဗျားရော ဘာမှမဖြစ် ... ..."

ချန်ချင့်က အခန်းထဲဝင်လာချိန် ချန်ခေါ့၏မျက်နှာအခြေအနေကိုမြင်သည်နှင့် ကြောင်သွားပြီး အသံနှိမ့်ပြီး မေးလာသည်။

"မျက်လုံးက ဘယ်လိုဖြစ် ...... နာနေလား။ ဆေးရုံသွားပြမလား။ ကျွန်တော် ကားပါလာတယ်"

"မင်း စန်းကောကို မင်းအရင်သွား ......"

ချန်ခေါ့က အိပ်ခန်းဘက်သို့ ညွှန်ပြလိုက်သည်။

အစတုန်းက ကျန်းယွီသော်တစ်ယောက် အိပ်ရာခင်းထဲတွင် ပေကျင်းကြက်သားလိပ်လို ရစ်ပတ်ခံထားရသည်ကိုမြင်လျှင် ချန်ချင့်က ရေကြီးခွင်ကျယ်လုပ်ပြီး လန့်ဖြတ်သွားမှာကို ချန်ခေါ့ စိုးရိမ်နေသေးသည်။ သို့သော် သူလှည့်ကြည့်လိုက်ချိန်တွင် ကျန်းယွီသော်မှာ ဘယ်အချိန်တုန်းက အိပ်ရာခင်းကိုဖယ်လိုက်သည်မသိဘဲ ခုတင်စွန်းတွင် ထိုင်နေပြီဖြစ်သည်။ ခေါင်းပေါ်မှ ဆံပင်များ ရှုပ်ပွနေသည်မှာလွဲလျှင် ကျန်သည့်အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသည်။

ချန်ခေါ့က ကြောင်သွားသည်။

ချန်ချင့်က ကျန်းယွီသော်အနားသို့ သွားလိုက်သည်။

"စန်းကော။ မင်း ဘယ်လိုနေသေးလဲ"

"ဘာမှမဖြစ်ဘူး"

ကျန်းယွီသော်က ဘယ်ဘက်လက်ကောက်ဝတ်ကို ညာဘက်လက်နှင့် ထိန်းပင့်လိုက်သည်။

"မင်းလက်ကောက်ဝတ်က အဆစ်လွဲသွားလောက်မယ်။ ငါခုနက ... ... အားသုံးတာ နည်းနည်းများသွားတယ်"

ချန်ခေါ့က ကျန်းယွီသော်ကို ကြည့်နေသည်။

ချန်ချင့်က ခေါင်းငုံ့ကာ ကျန်းယွီသော်၏ လက်ကို ကြည့်လိုက်သည်။

"အဆစ်လွဲသွားတယ် ဟုတ်လား"

ကျန်းယွီသော်က "အင်း" ဟုဖြေလိုက်သည်။

ချန်ခေါ့က ဆေးခန်းသွားပြလိုက်ဟု မပြောလိုက်ရသေးခင် ကျန်းယွီသော်သည် ညာဘက်လက်ဖြင့် ဘယ်ဘက်လက်ကိုကိုင်ကာ အားပါပါနှင့် အပြင်ဘက်သို့ ဆောင့်ဆွဲလိုက်သည်။

"မင်း"

ချန်ခေါ့သည် မိမိကိုယ်တိုင်၏လက်ကောက်ဝတ်က ဆောင့်ဆွဲခံလိုက်ရသကဲ့သို့ နာကျင်သွားပြီး လျင်မြန်စွာနှင့် မျက်လုံးအကြည့်ကို တစ်ဖက်သို့ လွှဲလိုက်သည်။

ကျန်းယွီသော်က အဆစ်လွဲသွားသော လက်ကောက်ဝတ်ကို ပြန်တည့်လိုက်မှန်း ချန်ခေါ့က သဘောပေါက်သည်။ သို့သော် ကျွမ်းကျင်သောဆရာဝန်က ပြန်တည့်ပေးသည်နှင့်၊ ယခုကဲ့သို့ ကိုယ်တိုင် ဖြစ်သလိုဆွဲတည့်လိုက်သည် တို့မှာ မိုးနှင့်မြေလို လုံးဝကို ကွဲပြားခြားနားသော မြင်ကွင်းအာရုံဖြစ်သည်။

ချန်ချင့်ကပင် မိမိထက် များစွာတည်ငြိမ်နေသည်ကို မျက်လုံးထောင့်မှ မြင်နေရသည်။ ချန်ချင့်သည် ကျန်းယွီသော်ရှေ့တွင် မလှုပ်မယှက်ရပ်နေပြီး ကျန်းယွီသော်၏ အားထုတ်နေဆဲ လက်ကို စိုက်ကြည့်နေသည်။

"အဆင်ပြေသွားပြီလား"

တစ်အောင့်ခန့်ကြာသွားပြီးနောက် ချန်ချင့်က မေးလိုက်သည်။

ကျန်းယွီသော်က မတ်တတ်ရပ်လိုက်သည်။

"အင်း ... မင်း တိုက်အောက်မှာ ငါ့ကို သွားစောင့်နေ"

ချန်ချင့်က ချန်ခေါ့ကို ခဏကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

ကျန်းယွီသော်က ချန်ခေါ့အား တစ်ခုခုပြောချင်နေ၍ထင်သည်။ ရှင်းပြချက် သို့မဟုတ် တောင်းပန်စကား....။

သို့သော် နှစ်ယောက်သားက ဤကဲ့သို့ မျက်နှာချင်းဆိုင်ရပ်နေကြပြီး တစ်မိနစ်လောက်ရှိသွားတာတောင် ကျန်းယွီသော်က စကား တစ်လုံးတစ်ပါဒတောင် မဟလာပေ။

ချန်ခေါ့လည်း တစ်ခုခုပြောချင်နေသည်။ သို့သော် ကျန်းယွီသော်ကဲ့သို့ပင် ဘာစကားမှ ပြောမထွက်နိုင်ပေ။

နောက်ထပ် တစ်ခဏခန့် ကြောင်ရပ်ကြပြီးမှ ကျန်းယွီသော်က စတင်လှုပ်ရှားသည်။ ခုတင်ခေါင်းရင်းဘက်လှည့်ပြီး အင်္ကျီနှင့်ဘောင်းဘီတို့ကို ဝတ်ဆင်လိုက်သည်။

ထိုတော့မှသာ ချန်ခေါ့သည် ကျန်းယွီသော်၏ကိုယ်ပေါ်တွင် အတွင်းခံဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထားခြင်းရှိနေသည်ကို သတိထားမိသွားတော့သည်။ နှစ်ယောက်သား လုံးထွေးထိုးသတ်ရိုက်ပုတ်နေချိန်တွင် အာရုံက ရိုက်ပုတ်နေသည့်အပေါ်တွင်သာ ပြင်းပြစူးစိုက်နေသောကြောင့် ချန်ခေါ့က လုံးဝကို သတိမထားမိခဲ့ပေ။

ကျန်းယွီသော်က အဝတ်အစားများ ဝတ်ဆင်လိုက်ပြီးနောက် ဖုန်းကိုကောက်ယူလိုက်ကာ ဟိုနှိပ်ဒီနှိပ်လုပ်လိုက်သည်။ ထို့နောက် ချန်ခေါ့က ဧည့်ခန်းထဲတွင်ရှိသော မိမိ၏ ဖုန်းထံမှ မြည်သံတစ်ခု ကြားလိုက်ရသည်။

"ချန်ချင့်ရဲ့ ဖုန်းနံပါတ်ကို ခင်ဗျားဆီ ပို့လိုက်ပြီ။ နောက်ဆို ...... သူပဲ အိမ်လခ လာကောက်လိမ့်မယ်။ တစ်ခု ပျက်စီးတာရှိလို့ ပြင်ချင်တာ လဲချင်တာရှိရင် သူ့ကိုပဲ ဆက်သွယ်လိုက်"

ကျန်းယွီသော်က ပြောရင်း ဖုန်းကို အိတ်ကပ်ထဲတွင် ထည့်လိုက်သည်။

ချန်ခေါ့က "အင်း" ဟုသာ ပြန်ဖြေလိုက်သည်။

"ခင်ဗျား ဘယ်မှာ ထပ်ထိသွားတာရှိသေးလဲ"

ချန်ခေါ့က မိမိ၏ယောင်ကိုင်းနေသော မျက်လုံးထောင့်ကို စမ်းကြည့်လိုက်သည်။ အနည်းငယ် နာကျင်နေသည်။ သို့သော် ကိုယ်ပေါ်က အခြားနေရာများကတော့ ဆိုးဆိုးရွားရွားမရှိပေ။ ပခုံးမှလွဲလျှင် တခြားဘယ်နေရာမှ နာကျင်နေခြင်းမရှိပေ။ ချန်ခေါ့က ခေါင်းခါလိုက်သည်။

"မရှိတော့ဘူး"

ကျန်းယွီသော်က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် နှစ်စက္ကန့်ခန့် ရပ်နေပြီးမှ ချန်ခေါ့အနားမှ ဖြတ်ပြီး အိပ်ခန်းထဲမှ ထွက်သွားသည်။ ဆက်လက်ပြီး အိမ်တံခါးမှအသံတစ်ချက်ကြားလိုက်ရပြီး ကျန်းယွီသော်က ထွက်သွားလိုက်သည်။

ချန်ခေါ့က သက်ပြင်းချလိုက်ပြီး ခုတင်ပေါ်တွင်ဝင်ထိုင်လိုက်ကာ ကြမ်းပြင်ကိုစိုက်ကြည့်ပြီး ငေးငိုင်နေသည်။

.

တောင်းပန်စကားတစ်ခွန်းပြောခဲ့သင့်သည်...။

ကျန်းယွီသော်က ဓါတ်လှေကားထဲ ဝင်လိုက်ပြီးနောက် အနည်းငယ် နောင်တရလာသည်။

သို့သော် တောင်းပန်စကားကလည်း ဘာမှအသုံးမဝင်သလိုပင်...။

ကိစ္စက အရေးကြီးလေးနက်လေလေ၊ တောင်းပန်စကားတစ်ခွန်းက အသုံးမကျအားနည်းလေလေဖြစ်သည်။

သူသည် ငယ်ရာမှ ကြီးလာသည်အထိ ဤတောင်းပန်စကားကို ပြောဆိုအသုံးပြုနှုန်းမှာ၊ မင်းကိုယုံကြည်တယ် ဆိုသည့်စကားနီးပါးလောက်ကို အသုံးပြုနှုန်း နိမ့်ပါးသည်။ ပြောဆိုကျင့်မရှိသောကြောင့် ပြောဆိုရန် သတိအသိစိတ်လည်း အလိုလိုနည်းပါးသွားသည်။

ထို့ပြင် ယနေ့တွင် ချန်ခေါ့အား တောင်းပန်စကားတစ်ခါပြောခဲ့ပြီးသားဖြစ်နေသည်။

တစ်နေ့အတွင်း တောင်းပန်းစကားနှစ်ခေါက်...။

ကြားရသည်မှာ ဟာသတစ်ခုဖြစ်နေပြီး၊ အလွန်ကို စစ်မှန်မှုနှင့် ရိုးသားမှု ကင်းမဲ့နေသည်။

ယခုအတွက် စစ်မှန်မှုနှင့်ရိုးသားမှုအရှိဆုံးနည်းလမ်းမှာ ချန်ခေါ့၏ဘဝထဲမှ ပျောက်ကွယ်သွားပြီး လုံးဝမပေါ်ပေါက်လာခြင်းဖြစ်လိမ့်မည်။

ချန်ချင့်က ကားကို တိုက်အောက်ထဲအထိမောင်းလာပြီး ကျန်းယွီသော်က ကားပေါ်တက်လိုက်သည်။

ကားတံခါးပိတ်လိုက်သည်နှင့် ကျန်းယွီသော်သည် အင်္ကျီအိတ်ကပ်ထဲကို စီးကရက်ကို စမ်းကြည့်လိုက်သည်။ သို့သော် အိတ်ကပ်ထဲတွင် ဘာမှမရှိနေပေ။ ချန်ခေါ့အိမ်ထဲတွင် ကျန်ခဲ့ပြီထင်သည်။

"မင်းလက်က ပြန်တည့်ရဦးမယ်ထင်တယ်"

ချန်ချင့်က သူ့ဆေးလိပ်နှင့်မီးခြစ်ကို ကျန်းယွီသော်အား ကမ်းပေးရင်း ပြောသည်။

ကျန်းယွီသော်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

"အင်း။ အိမ်ပြန်ရောက်ရင် ငါထပ်လုပ်လိုက်ရင် ရပြီ"

"Jaeger ရဲ့ မျက်လုံးက ကိစ္စမရှိလောက်ဘူး ထင်တယ်နော်။ ငါကြည့်တာတော့ တော်တော်ရောင်နေတယ်"

"မသိဘူး။ မင်းအားရင် သူ့ကို ဖုန်းဆက်ပြီး မေးကြည့်လိုက်"

ကျန်းယွီသော်က မျက်မှောင်ကြုတ်ပြီး ပြန်ပြောသည်။

"အေး"

ချန်ချင့်က ကားကို စက်ဖွင့်လိုက်ကာ အိမ်ရာဂိတ်ပေါက်ဘက်သို့ ဦးတည်လိုက်သည်။

"ငါသူ့ကို မင်းဖုန်းနံပါတ်ပေးထားတယ်။ နောက်ပိုင်း အခန်းလခတွေ ဘာတွေကို မင်းပဲ သွားကောက်လိုက်"

"ဟုတ်ပြီ"

ချန်ချင့်က ခေါင်းညိတ်လိုက်သည်။ ခဏပြန်စဉ်းစားလိုက်ပြီးနောက် ကျန်းယွီသော်ကို တစ်ချက်ပြန်ကြည့်ပြန်သည်။ စက္ကန့်အနည်းငယ်ခန့် တွေဝေလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်ပုံနှင့် မေးလာသည်။

"မင်း ဒီလိုမဖြစ်တာ ကြာပြီမဟုတ်လား။ လူအမှတ်မှားတာ ဘာညာလေ"

"မနေ့ညက သရဲကားကြည့်လိုက်တာ။ အဲဒီကနေ လန့်သွားတာဖြစ်မယ်"

ကျန်းယွီသော်က ကားခေါင်မိုးရှိ မှန်ပြတင်းကို အနည်းငယ်ဖွင့်ဟလိုက်သည်။

ချန်ချင့်က သက်ပြင်းချလိုက်သည်။

"မင်းတို့နှစ်ယောက်ကလည်း ဒီလောက်တောင် ပျင်းပြီး အားနေကြတာလား။ 'မင်းဆွဲငါမှန်း' မ ကစားတော့လည်း သရဲကားကြည့်ကြတယ်။ အကင်လေးစား အရက်လေးသောက်ကြပေါ့။ ဘယ်လောက်တောင် ဇိမ်ရှိလိုက်လဲ"

ကျန်းယွီသော်က ဘာမှပြန်မပြောဘဲ ကားခေါင်မိုးပေါ်ရှိ မှန်ပြတင်းကို ခေါင်းမော့ကြည့်နေသည်။

ချန်ချင့်က ယနေ့တွင် သူ့အား တော်တော်ထောက်ထားညှာတာသည်ပြောရမည်။ စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူ့အား အိမ်အထိ လိုက်ပို့ပေးသည်။

အိမ်ထဲသို့ ဝင်လာပြီးနောက် ကျန်းယွီသော်က လက်ကောက်ဝတ်ကို ပတ်တီးစည်းနေချိန်တွင် ချန်ချင့်က ကူလုပ်ပေးပြီးတော့မှ သူ့အလုပ်ရှိရာသို့ ပြန်သွားသည်။

ကျန်းယွီသော်က ပြတင်းပေါက်နားတွင်ရပ်နေပြီး ပြတင်းလိုက်ကာများကြားမှ အပြင်ဘက်သို့ ကြည့်နေသည်။

အမှန်တကယ်ပင် ကြာခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ချန်ချင့်အား လူအမှတ်မှားပြီး ပြင်းထန်ရက်စက်စွာ ထိုးရိုက်ခဲ့မိပြီးနောက်ပိုင်းတွင် ယခုအချိန်အထိ ဤကဲ့သို့သောအခြေအနေ လုံးဝ ထပ်မဖြစ်တော့ပေ။

သူ သရဲကားမကြည့်ခဲ့သင့်ပေ။

သူသည် အရင်ကတည်းကလည်း သရဲကားသိပ်မကြည့်ဖြစ်ပေ။ နောက်တစ်နည်းပြောရလျှင် သူသည် ရုပ်ရှင်ကို သိပ်မကြည့်ဖြစ်ပေ။

ဘယ်လိုဇာတ်ကားထဲက ဘယ်လိုဇာတ်လမ်းပဲဖြစ်ဖြစ်၊ လုံးဝဆီလျော်ခြင်းမရှိဘဲ ဘာကြောင့်မှန်းလည်းမသိနိုင်ဘဲနှင့်၊ အချက်ကလေး တစ်ချက်နှစ်ချက်က သူ့အား လွန်လေခဲ့ပြီးသော အတိတ်မှတ်ဉာဏ်ထဲမှ အသေးအဖွဲကိစ္စလေးအချို့ကို သတိရစေသည်။

သဲထိတ်ရင်ဖိုသရဲကားဆိုလျှင် ပို၍တောင်နီးစပ်သည်။ ကြောက်ရွံ့မှု...။

ဘယ်လိုကြောက်ရွံ့စရာပဲဖြစ်ဖြစ် အားလုံးက ကြောက်ရွံ့မှုပင်ဖြစ်သည်။

ကြောက်ရွံ့မှုက အမှန်တကယ် ချိတ်ဆက်မိသွားလျှင် ကိုယ့်ကိုယ်ကို ဒါတွေကတကယ်ဖြစ်နေတာမဟုတ်ဘူး ဟု ဘယ်လောက်ပဲ အဆက်မပြတ်ပြောပြနေစေကာမူ လုံးဝအသုံးမဝင်နိုင်တော့ပေ။

ချန်ခေါ့က သူ့ရှေ့ရောက်လာသည့်အချိန်အထိ သူသည် ကြောက်ရွံ့မှုနွံထဲတွင် နှစ်မြှုပ်လွှမ်းခြုံခံထားရသည်။

မင်းက ခွေးလေး။ အခုအချိန်မှာ ခွေးလေး။ နောက်ဆိုရင် ခွေးကြီးဖြစ်သွားမယ်...။

မင်းမှာ နာမည်ရှိလား။ နာမည်က မင်းကို ငါမှည့်ပေးထားတာ။ အဲဒါကြောင့် ပြန်သိမ်းယူလိုက်လို့ရတယ်။

ထိုင် ! ထ ! ထိုင် ! ထ ! ပြေး ! ပြေး ! ပြေး !

မျက်လုံးမမှိတ်နဲ့...။ တခြားကိုလည်းမကြည့်နဲ့...။ မင်းပြိုင်ဘက်ကိုပဲ သေချာကြည့်...။

မင်းလှုပ်ရှားဖို့ အခွင့်အရေးတစ်ခါပဲ ရှိတယ်...။ သူ လဲမကျရင် မင်းလဲကျသွားမယ်...။ သူ့ကို ပြန်ထလာဖို့ အခွင့်အရေးမပေးနဲ့...။

အချိန်တိုင်း နေရာတိုင်းမှာ ပြိုင်ဘက်က ထွက်ပေါ်လာနိုင်တယ်...။

......

ကျန်းယွီသော်သည် ပြတင်ပေါက်နားတွင် တောက်လျှောက်ရပ်နေပြီး အပြင်ဘက်မှ အလင်းရောင်က မီးခိုးရောင်ရှိနေရာမှ တဖြည်းဖြည်းနှင့် မိုးလင်းလာလေ လင်းချင်းတောက်ပလေ ဖြစ်လာသည်ကို ငေးစိုက်ကြည့်နေသည်။ ထို့နောက်တွင် မျက်လုံးစူးသည်အထိ စူးရှလင်းထိန်လာပြီး၊ ထိုမှတဆင့် တဖြည်းဖြည်းနှင့် ပြန်လည် မှိန်ဝါးသွားသည်။ နောက်ဆုံးတွင် ခပ်ရေးရေး အဝါရောင်အဖြစ် ပြောင်းလဲသွားတော့သည်။

မင်္သကာစရာကောင်းသော လူရိပ်ကိုလည်း မတွေ့ရသလို သံသယဖြစ်စရာကောင်းသော အသံကိုလည်း မကြားရပေ။

ထိုကဲ့သို့သောအခြေအနေမှ စွန့်ခွာလာသော နေ့ရက်အချိန်များ ကြာညောင်းလာ၍ ထင်သည်၊ ကျန်းယွီသော်သည် ယခင်ကနှင့်စာလျှင် လေးလံထုံထိုင်းသွားသည်။ ပြင်းထန်ပြီး ဖိအားများသော လေ့ကျင့်မှုဖြင့်သာ ဆက်လက်ထိန်းသိမ်းနိုင်သော လျင်မြန်ဖြတ်လတ်မှုနှင့် အကင်းပါးမှုသည်လည်း ယခုအချိန်တွင် တစတစ လျော့ပါးဆုတ်ယုတ်နေသည်။

"ဘာမှမဖြစ်တော့ဘူး။ နောက်ဆိုရင် မင်းတို့အားလုံး လုံခြုံပြီ။ မင်းတို့အားလုံး လုံခြုံသွားပြီ။ မင်းတို့ကို အန္တရာယ်ပေးမယ့်လူတွေ နောက်ထပ်မရှိတော့ဘူး။ မင်းတို့ကို ဒုက္ခပေးမယ့်လူတွေ နောက်ထပ်မရှိတော့ဘူး"

တစ်ယောက်ယောက်က သူ့ကို ထိုစကားပြောဖူးသည်။

သို့သော် ထိုတစ်ယောက်ယောက် ဘယ်သူဘယ်ဝါဖြစ်မှန်း သူမမှတ်မိတော့ပေ။

သူသိသည်မှာ မိမိအပေါ် ကောင်းကောင်းဆက်ဆံလာသည့်မည်သူ့ကိုမဆို ယုံကြည်စိတ်ချသောစိတ် မထားနိုင်ခြင်းဖြစ်သည်။ ထိုလူများကို ယုံကြည်စိတ်ချလိုက်ပြီး သတိအနေအထားကို ဖယ်ရှားကာ စိတ်အေးသက်သာစွာ နေလိုက်မိသည်နှင့် သူ့ကို နောက်တစ်ခါ ပြန်လည်တိုက်ခိုက်ကြသည်ချည်းသာ...။

သို့သော် သူသည် ထိုစကားတစ်ခွန်းကို ယုံကြည်ဖူးသည်။ အလွန် စိတ်ချလက်ချနှင့် လေးနက်စွာ ယုံကြည်ခဲ့ဖူးသည်။

အဘယ့်ကြောင့်ဆိုသော် ထိုစကားမှာ သူအမြဲတမ်းမျှော်လင့်နေခဲ့သော စကားဖြစ်နေ၍...။

နှမြောစရာကောင်းလှသည်...။

သည်လောက်နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် သူသည် ထိုလူများ၊ ထိုမှတ်ဉာဏ်များ၊ ပြီးနောက် ထို နာကျင်မှုများကို မ,ပထုတ်၊ မဖယ်ရှားနိုင်သေးပေ။

ထိုစဉ်ကအတိုင်းပင် မပေါ့လွန်းမလေးလွန်းနှင့် သေလည်း မသေစေနိုင်ပေ။ သို့သော် အလွန်နာကျင်ရသည်။

ထိုစဉ်ကနှင့်မတူတော့သော တစ်ခုတည်းသောပြောင်းလဲမှုမှာ သူသည် ထိုအတိတ်ကအကြောင်းအရာတို့ကို တခြားသူအား ထပ်မပြောပြတော့ခြင်းပင်။ "သူတို့" က ဘယ်သူတွေမှန်းဆိုတာလည်း တခြားလူတွေကို သူထပ်မပြောပြဖြစ်တော့ပေ။ သူ့စကားများကို မည်သူမှလည်း မယုံကြည်ကြပေ။ တခြားလူက သူ့အား စိတ်မမှန်သောအရူးတစ်ယောက်ကဲ့သို့ ဆက်ဆံသတ်မှတ်ခံရမှာကို သူလည်း မလိုလားတော့ချေ။

ပြတင်းပေါက်မှတဆင့် ကားတစ်စီးမောင်းနှင်လာသည်ကို မြင်ရသည်။ ကားကပြတင်းပေါက်အရှေ့နားတွင်ရပ်လိုက်ပြီး ဟွန်းတစ်ချက်တီးလိုက်သည်။

ချန်ချင့်ပဲ။

ကျန်းယွီသော်က တံခါးသွားဖွင့်ပေးလိုက်သည်။

"ငါ ထင်းဖူလို သွားပြီး အစားအသောက်တွေဝယ်လာတယ်။ မင်းကြိုက်တဲ့ဟာတွေချည်းပဲ"

ချန်ချင့်က အိတ်နှစ်လုံးကို ဆွဲပြီး အိမ်ထဲသို့ဝင်လာသည်။

ကျန်းယွီသော်က အင်း ဟုပြောပြီး ခေါင်းညိတ်လိုက်သည်။

ချန်ချင့်က လက်ကို မီးခလုတ်ပေါ်တင်ထားရင်း ကျန်းယွီသော်အား လှမ်းမေးသည်။

"ငါ မီးဖွင့်လိုက်မယ်နော်"

"အေး။ ဖွင့်"

ကျန်းယွီသော်က ထမင်းစားပွဲနားတွင် ဝင်ထိုင်လိုက်သည်။

ချန်ချင့်က မီးဖွင့်လိုက်ပြီးနောက် အစားအသောက်များကို အိတ်ထဲမှ ယူထုတ်လာပြီး စားပွဲပေါ် တင်ပေးလိုက်သည်။

"မင်း စားလိုက်။ ငါ အိမ်အရင်ပြန်လိုက်ဦးမယ်"

ကျန်းယွီသော်က အင်း ဟု သာပြန်ပြောလိုက်သည်။

ချန်ချင့်က ပုံမှန်အချိန်များတွင် ငပိန်းတစ်ယောက်လိုဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေကို ကောင်းကောင်းကိုင်တွယ်နိုင်သည်။ သူ့ကို လုံလောက်သောအချိန်တစ်ခုအထိ တစ်ယောက်တည်းလွှတ်ထားပြီး စဉ်းစားရန် တိမ်းပေးရှောင်ပေးလေ့ရှိသည်။

"မနက်ဖြန် တိုက်အမှတ် ၃ ဘက်မှာ လခကောက်ဖို့ကိစ္စကလည်း ငါပဲ သွားလိုက်ရမလား"

"ငါသွားလိုက်မယ်"

ကျန်းယွီသော်က ပြောလိုက်သည်။ ချန်ခေါ့၏ တိုက်ခန်းလခကို ချန်ချင့်သွားကောက်ပေး၍ ရသည်။ သို့သော် သည်ဘက်တိုက်ခန်းများမှ လခကိုတော့ သူကိုယ်တိုင်သွားကောက်မှရမည်။ လူချန့်က တစ်မျိုး ထင်မြင်သွားမည်ကို သူမလိုလားပေ။

"ဟုတ်ပြီလေ"

ချန်ချင့်က ကျန်းယွီသော်အတွက် ရေတစ်ခွက်ခပ်လာပေးပြီးနောက် တံခါးဖွင့် ထွက်သွားလေသည်။

ကျန်းယွီသော်သည် အစာ စားချင်စိတ်မရှိနေပေ။ အနံ့က အလွန်မွှေးကြိုင်နေပြီး ပုံမှန်ဆိုလည်း သူ့အကြိုက်များဖြစ်နေတာတောင် သူ့တွင် စားချင်စိတ်နည်းနည်းမှ မရှိနေပါ။

သို့သော် သူသည် တူကိုကောက်ကိုင်လိုက်ပြီး တစ်လုပ်မှ မလျော့စေဘဲ ထမင်းဟင်းများကို အကုန် ကုန်အောင် စားလိုက်သည်။

စားပြီးနောက် ဗိုက်တင်းပြီး လေချဉ်တောင် တက်လိုက်သေးသည်။

.

ဧည့်ခန်းထဲတွင် လက်ကိုင်ဖုန်းက အော်မြည်နေသည်။ ချန်ခေါ့သည် ဂက်စ်မီးဖိုရှေ့တွင် ရပ်နေပြီး မီးဖိုပေါ်မှ အိုးကိုကြည့်နေပြီး ဖုန်းသွားကိုင်ချင်စိတ် လုံးဝမရှိနေပေ။

ယခုတွင် သူသည် ဗိုက်တစ်လုံးအပြည့်စာ စိတ်ပျက်နေပြီး ဒေါသထွက်ပြီးလည်း စိတ်တိုနေသည်။ အစတုန်းက ဆန်ပြုတ်ဖြူတစ်အိုးကို လွယ်လွယ်ကူကူနှင့် အောင်မြင်စွာပြုတ်နိုင်မည်ဟု သူထင်ခဲ့သည်။ သို့သော် အချိန်တစ်နာရီခန့် ကုန်ဆုံးသွားတာတောင် နောက်ဆုံးရလဒ်မှာ ရေဆူဆူထဲတွင် စိမ်ထားသော ဆန်ရေလုံပြုတ်သာ ထွက်လာသည်။

သည်တိုက်ခန်းတွင် နေလာခဲ့သည့်အတောအတွင်း ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ဆန်ပြုတ် ပြုတ်ဖူးခြင်းဆိုပေသိ မီးဖိုချောင်ထဲတွင် လျှပ်စစ်ထမင်းပေါင်းအိုးတစ်လုံးတောင်မရှိနေသည်မှာ တော်တော်ကို အဆင်မပြေမှန်း ယနေ့ရောက်တော့မှ သတိထားမိသွားတော့သည်။

အစောကတည်းက အော်ဒါမှာစားလိုက်ရင် ပြီးနေသည်ကို ကိုယ့်ဟင်းချက်စွမ်းရည်ကို အထင်ကြီးမိသွားသည်။

ဒုတိယအကြိမ်မြောက် ဖုန်းမြည်လာသောအချိန်မှသာ ချန်ခေါ့က ဧည့်ခန်းထဲသို့လှည့်ထွက်သွားပြီး ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ သူ ထင်မှတ်မထားသည်မှာ ဖုန်းဆက်လာသူက ချန်ချင့်ဖြစ်နေသည်။

ချန်ခေါ့က ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ..."

"*ကျီးကော။ ထမင်းစားပြီးပြီလား ..."

[T/N : ကျီး-ကော ကတော့၊ Jaeger ရဲ့ တရုတ်အသံထွက် 'ကျီးကျား' ထဲက 'ကျီး'ကို အစ်ကိုရဲ့ 'ကော' နဲ့ ပေါင်းပြီး ခေါ်တာဖြစ်ပါတယ်။ အစ်ကို Jae လို့ ထည့်ရေးရမှာလည်း ထောက်နေလို့၊ အခေါ်အဝေါ်တွေ တအားများပြီးရှုပ်ကုန်ကြမှာ စိုးပေမယ့် နောက်ပိုင်းလည်း 'ကျီး-ကော' က ခဏခဏပါလာမှာမို့လို့ ဒီလိုပဲသုံးလိုက်ပါမယ်နော်။ ချန်ချင့်တို့အုပ်စုကလည်း ငစားတွေ၊ ချန်-ကော ခေါ့-ကော လို့မခေါ်ဘူး၊ သူတို့ပါးစပ်စွဲနေတဲ့ ကျီး-ကော ပဲ ခေါ်ကြတယ်။]

ဖုန်းထဲမှ ချန်ချင့်၏အသံ ထွက်လာသည်။

ချန်ခေါ့သည် အဆိုပါ အခေါ်အဝေါ်အသစ်ကို ပြန်လည်ပြင်ဆင်ပေးချင်စိတ်မရှိတော့ဘဲ ချန်ချင့်အား ပြန်ဖြေလိုက်သည်။

"မစားရသေးဘူး။ အခု ချက်နေတာ"

"ခင်ဗျား ဟင်းချက်နေတယ် ဟုတ်လား။ လုံခြုံစိတ်ချရရဲ့လား"

ချန်ချင့်က အလွန်တရာအံ့သြနေပုံပေါက်သည်။

ချန်ခေါ့က ဘာမှပြန်မပြောပေ။ ချန်ချင့်၏ ထို လုံခြုံစိတ်ချရဲ့လား ဆိုသည့်မေးခွန်းက မီးဖိုချောင်ကို မိမိ ဖောက်ခွဲပစ်မိမှာ စိတ်ပူ၍လား သို့မဟုတ် မိမိကိုယ်မိမိ အစာအဆိပ်သင့်စေမှာ စိုး၍လားတော့ ချန်ခေါ့လည်း မသိပေ။

"ဒီလိုလုပ်ပါလား။ ခင်ဗျားစားဖို့ အစားအသောက်တွေ ယူလာပေးမယ်လေ။ ကျွန်တော်ခုနတုန်းက ထင်းဖူလို မှာ အစားအသောက်တွေ သွားဝယ်လာခဲ့တယ်။ စန်းကောကို နည်းနည်း သွားပေးလိုက်ပြီးတော့ အခု အများကြီး ရှိနေသေးတယ်"

"ရတယ် ရတယ် လာမပေးနဲ့။ ငါ ချက်ပြီးနေပြီ"

ချန်ခေါ့က အလျင်စလို ငြင်းလိုက်သည်။

"ခုနတုန်းက ခင်ဗျားပဲ ချက်နေတုန်းဆို"

"ဟုတ်တယ် အခု ချက်ပြီးသွားပြီ"

"...... ဪ။ ဒါဆို တော်တော် မြန်သားပဲ။ ဟိုဟာလေ ...... ကျွန်တော် ဒီတိုင်းမေးကြည့်တာနော်။ ခင်ဗျား ဒဏ်ရာကလေ၊ ဘယ်လိုနေသေးလဲ။ အမြင်အာရုံကို ထိခိုက်သွားသေးလား"

တကယ်တော့ ကျန်းယွီသော်၏ ထိုလက်သီးချက်မှာ မျက်လုံးကိုတော့ တိုက်ရိုက်မထိခိုက်ခဲ့ပေ။ သို့သော် ချန်ခေါ့သည် အလိုလိုပင် မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် လုပ်ကြည့်လိုက်မိပြီး ဘေးဘီကိုလည်း ဝေ့ကြည့်လိုက်ပြီးတော့မှ ပြန်ဖြေသည်။

"မထိဘူး"

"ခင်ဗျား ဆေးရုံးသွားပြလိုက်ပါလား။ ဒီလိုအခြေအနေဆိုရင် ...... စန်းကောရဲ့လက်ဆက ကျိန်းသေကို အရမ်းပြင်းမှာ"

ချန်ချင့်၏ လေသံထဲတွင် စိတ်မချမှုနှင့် ပူပန်မှုတို့ပါနေသည်။

ချန်ချင့်၏ စကားထဲတွင် ကျန်းယွီသော်အကြောင်းပါလာသောအခါ ချန်ခေါ့က တုံ့ဆိုင်းသွားပြီး တွေဝေသွားသည်။

"မင်း ... အစားအသောက်တွေကို ဒီကိုပဲ ယူလာခဲ့လိုက်ပါလား"

"ဟင်"

ချန်ချင့်က ကြောင်သွားပုံရသည်။

"ငါ့ဆီမှာ သောက်ဖို့အရက်တွေရှိတယ်။ အတူတူ စားလိုက်မယ်လေ"

ချန်ချင့်က နေ့တစ်ဝက်လောက်ကြာပြီးတော့မှ ပြောလာသည်။

"ခင်ဗျား ဘာလုပ်ချင်လို့လဲ"

"...... ငါက ဘာလုပ်နိုင်မှာမို့လို့လဲဟ"

ချန်ချင့်က တစ်အောင့်ခန့် တိတ်ဆိတ်သွားပြီးတော့မှ ပြောလာသည်။

"ဟုတ်ပြီလေ။ ကျွန်တော် အခု လာခဲ့လိုက်မယ်"

ချန်ခေါ့သည် ဆန်ရေလုံပြုတ်အိုးထဲမှ ရေတစ်ဝက်ခန့်ကို သွန်လိုက်ပြီး အိုးကို မီးဖိုပေါ် ပြန်တင်လိုက်ပြီး ဆက်ချက်ထားသည်။ ရေတွေအားလုံးခမ်းသွားရင် ထမင်းတစ်အိုးတော့ ဖြစ်သွားလောက်မယ်မဟုတ်လား...။

သို့သော် ချန်ချင့်ရောက်လာပြီး ပထမဆုံးပြောလိုက်သော စကားတစ်ခွန်းကြောင့် သူ၏ အိပ်မက်လည်း တစ်စီဖြစ်အောင် ရိုက်ချိုးခံလိုက်ရသည်။

"ခင်ဗျားက တကယ်ကို သခင်လေးပဲ။ ခင်ဗျား သူ့ကို ဒူးထောက်တောင်းပန်ရင်တောင် ထမင်းပြန်ဖြစ်သွားမှာ မဟုတ်ဘူး"

"ဪ"

ချန်ချင့်က သက်ပြင်းချရင်း မီးဖိုကို ပိတ်လိုက်သည်။

"ကျွန်တော်ယူလာတဲ့အထဲမှာ ထမင်းတွေလည်းပါတယ်။ သုံးဘူးတောင်မှ။ ကောင်းကောင်းလောက်တယ်"

ချန်ခေါ့က စိတ်ဓါတ်ကျစွာပင် ပန်းကန်ပြားအနည်းငယ်ကို ဧည့်ခန်းသို့ယူလာသည်။ ချန်ချင့်ယူလာသော ဟင်းများကို ပန်းကန်ထဲတွင် လှယ်ထည့်လိုက်သည်။

"ကြီးကျယ်လိုက်တာ။ ဘူးနဲ့ ဒီအတိုင်းစားလည်း ရတာပဲ မဟုတ်ဘူးလား"

ချန်ချင့်က ဝင်ထိုင်လိုက်သည်။

ချန်ခေါ့က ဝိုင်တစ်ပုလင်းယူလာပြီး စားပွဲပေါ်တင်လိုက်သည်။

"ပန်းကန်နဲ့ဆိုရင် ကြည့်ရတာ ပိုစိတ်သက်သာရာရလို့။ မင်း ဝိုင်သောက်တဲ့အကျင့်ရှိတယ်မလား။ ငါ့ဆီမှာ အရက်ဖြူမရှိလို့"

"အားလုံး အတူတူပါပဲ။ အရက်ဖြူသောက်ပြီးရင် ကျွန်တော် ကားမမောင်းရဲတာနဲ့ အတော်ပဲ"

ချန်ချင့်က ပြောရင်း ဝိုင်နှစ်ခွက် ငှဲ့လိုက်သည်။

ချန်ခေါ့က ချန်ချင့်ကို ကြည့်လိုက်သည်။

"...... ဒီဝိုင်သောက်ပြီးရင်လည်း မင်း ကားမောင်းလို့မရပါဘူး"

"ကျွန်တော့်အတွက် ကိစ္စမရှိနေဘူးလေ။ အရင်တုန်းက လိုင်စင်မရှိသေးဘဲ ကားမောင်းခဲ့တာတွေပါ ထည့်တွက်ရင် နှစ်ပေါင်းများစွာသက်တမ်းရှိတဲ့ ဒရိုင်ဘာဟောင်း ကျွမ်းကျင်သူဖြစ်နေပြီ"

"ဒါက အရက်သောက်ပြီးတော့ ကားမောင်းတာဖြစ်သွားပြီလေ"

ချန်ခေါ့က ချန်ချင့်အတွက်ဝိုင်ခွက်ကို လက်နှင့် ဖိချုပ်ထားသည်။

ချန်ချင့်က ချန်ခေါ့ကို အတန်ကြာကြည့်နေပြီးမှ လက်ယမ်းပြလိုက်သည်။

"လခွမ်း။ ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ မသောက်တော့ဘူး ရပြီလား"

"မင်းသောက်လိုက်ပြီးရင် ကားငှားပြီး အိမ်ပြန်လို့လည်းရတာပဲလေ။ မင်းကားကို မနက်ဖြန်ကျမှ လာပြန်ယူပေါ့"

ချန်ချင့်က တိတ်ဆိတ်နေသည်။ ပုံစံကြည့်ရသည်မှ စိတ်ထဲတွင် တိုက်ပွဲအကြီးအကျယ်နှင့် လွန်ဆွဲနေပုံရသည်။ အရက်လည်းသောက်ချင်သည်၊ သို့သော် မနက်ဖြန်ကျလျှင် သက်သက်ကြီးတစ်ခေါက် အပြေးလာပြီး ကားလာပြန်မယူချင်ပေ။

ချန်ခေါ့က စဉ်းစားပြီး ပြောလိုက်သည်။

"ဒီလိုလုပ်။ မင်းလိပ်စာ ငါ့ကိုပေးထား။ မနက်ဖြန်ကျရင် မင်းဆီကို ငါမောင်းပို့ပေးမယ်"

ဘာပဲဖြစ်ဖြစ် ယနေ့ချန်ချင့်ကို အိမ်လာရန်ခေါ်ရသည့် အကြောင်းရင်းမှာ အရက်သောက်၊ ထမင်းစားရန်အတွက် သက်သက်မဟုတ်။

"အဲဒါဆို အရမ်း အဆင်ပြေတာပေါ့"

ချန်ချင့်က ချက်ချင်း ပေါင်ကိုတစ်ချက်ရိုက်လိုက်သည်။ ရိုက်ပြီးသည်နှင့် ချန်ခေါ့ကို ကြည့်လာပြန်သည်။

"ခင်ဗျားမှာ ကားမောင်းလိုင်စင်ရှိတယ်ပေါ့"

"ငါ့လိုင်စင်က a2 ကုန်တင်ထော်လာဂျီလိုင်စင်ဟ"

"လခွမ်း။ ခင်ဗျား ကုန်တင်ယာဉ်လိုင်စင်ဖြေပြီး ဘာလုပ်ဖို့လဲ"

ချန်ချင့်က တော်တော်အံ့သြသွားပုံရသည်။

"ပျော်လို့"

"တော်တော် စိတ်ဝင်စားဖို့ကောင်းတာတော့ ဟုတ်ပါတယ် ......"

ချန်ချင့်က ကားသော့ကို ယူထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။

"သတိထားပြီးတော့မောင်းပါ။ ဒီကားက ဧည့်သည်ရဲ့ကား။ မနေ့ကမှ ဆေးမှုတ်ပြီးတာ"

"အင်း"

ချန်ခေါ့က ခေါင်းညိတ်လိုက်သည်။

ချန်ချင့်က အရက်ခွက်ကို ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ပြီးနောက် နံရိုးတစ်တုံးကို တူနှင့်ညှပ်ယူပြီး ကိုက်ဝါးနေသည်။

ဘယ်လိုမျိုး စမေးလျှင် ရုတ်တရက်မဆန်ဘဲ ပြေပြေပြစ်ပြစ်ဖြစ်မည်ကို ချန်ခေါ့က စဉ်းစားနေသည်။ ချန်ချင့်က သူ့ကို ကြည့်ပြီး ရယ်လိုက်သည်။

"တကယ်တော့ ခင်ဗျား ဒီနေ့ ဘာလို့ ကျွန်တော့်ကို ဒီလိုခေါ်လဲဆိုတာ ကျွန်တော်သိနေသားပဲ"

"ဟင်"

ချန်ခေါ့က ချန်ချင့်အား တစ်ချက်ကြည့်လိုက်သည်။

"ခင်ဗျား စန်းကောကိစ္စကို မေးချင်တဲ့အကြောင်းကြောင့်မဟုတ်ဘူးဆိုရင် ဒီဘဝမှာ ကျွန်တော့်ကို ခင်ဗျားအိမ်လာပြီး ထမင်းစားခေါ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

"ဒီလောက်အထိ ဆုံးအောင် မပြောပါနဲ့ကွာ"

"ဒီလောက်အထိ ဆုံးအောင်ပြောမှရမှာ။ ကျွန်တော်လည်း တခြားသဘောနဲ့ ပြောတာတော့မဟုတ်ပါဘူး။ ဒီလိုလေ၊ ခင်ဗျားနဲ့ ကျွန်တော်ဆိုတာ လမ်းကြောင်းတစ်ခုတည်းပေါ်ကလူတွေ မဟုတ်ဘူး။ ခင်ဗျားပါးစပ်က ထုတ်မပြောတာက ခင်ဗျားက ပညာတတ်ဖြစ်နေလို့။ ဒါပေမဲ့ ခင်ဗျားစိတ်ထဲမှာတော့ ကျွန်တော့်ကို အထင်သေးနေမှာ ကျိန်းသေပဲ။ ခင်ဗျားနဲ့ စန်းကောကလည်း ဒီလိုပဲ။ လမ်းကြောင်းတစ်ခုတည်းပေါ်က လူတွေမဟုတ်ပြန်ဘူး"

ချန်ခေါ့က တိတ်ဆိတ်နေသည်။

"ဒါပေမဲ့ ခင်ဗျား သူ့ကိုတော့ အထင်သေးမှာမဟုတ်ဘူး။ သူနဲ့ ကျွန်တော်တို့ကောင်တွေက မတူဘူး။ တိတိကျကျပြောရရင် လမ်းကြောင်းတစ်ခုတည်းပေါ်က လူတွေမဟုတ်ပြန်ဘူး။ မတော်တဆ ကြုံဆုံဖြစ်သွားတာပဲ ရှိတာ"

ချန်ခေါ့ကရယ်လိုက်သည်။ ချန်ချင့် အချိန်ပြည့် ပိန်းအ နေတာတော့မဟုတ်ဘူးပဲ...။

"အဲဒါကြောင့် ခင်ဗျား ပွင့်ပွင့်လင်းလင်း တဲ့တိုးပဲပြောလိုက်။ မသွယ်ဝိုက်နေလည်းရတယ်။ ကျွန်တော်တို့ လမ်းပေါ်မှာကျင်လည်နေတဲ့ကောင်တွေက ပြောစရာရှိရင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပဲပြောတယ်။ ဒါပေမဲ့ အဆုံးအထိရောက်အောင် လေကြောတည့်မတည့်ဆိုတာကိုတော့ ကျွန်တော် အာမ မခံနိုင်ဘူး"

"ကျန်းယွီသော်က ဒီလိုခဏခဏဖြစ်တတ်လား"

ချန်ချင့် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

"ဘယ်လိုကိုပြောတာလဲ။ ရုတ်တရက် လူကိုထရိုက်တာလား။ ကျွန်တော်ပြောခဲ့တယ်မဟုတ်ဘူးလား။ သူ ဒီလိုမဖြစ်တာ ကြာခဲ့ပြီလို့။ အရင်တုန်းကလည်း ကျွန်တော့်ကို တစ်ခါရိုက်ဖူးတယ်"

"သူမင်းကိုရိုက်တယ် ဟုတ်လား"

"အင်း"

ချန်ချင့်က ခေါင်းညိတ်လိုက်သည်။

"အဲဒီတုန်းကတော့ သူတစ်ယောက်တည်း ဘာတွေအတွေးလွန်နေလဲတော့မသိဘူး၊ ကျွန်တော်က သူဖုန်းကစားနေတယ်ထင်လို့ အနားသွားပြီး သူ့ကို တစ်ချက်ပုတ်လိုက်တာ၊ မထင်မှတ်ဘဲ အရိုက်ခံလိုက်ရတယ်။ ဒါပေမဲ့ သုံးလေးချက်ရိုက်ပြီးတော့ ရပ်သွားတယ်"

ချန်ခေါ့သည် ယနေ့စောစောပိုင်းက မွေ့ယာပေါ်ကို ကြမ်းတမ်းစွာ ဆောင့်ရိုက်ချလိုက်သော တံတောင်ရိုက်ချက်ကို ပြန်လည်အမှတ်ရသွားသည်။ အကယ်၍ ထိုကွာဟချက်သာ မရှိလျှင်....။

"သူက ဘာလို့ ...... ဒီလိုဖြစ်ရတာလဲ"

ချန်ချင့်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စကားမဆိုဘဲ ခေါင်းကိုမြှပ်ပြီး အစားအသောက်ကို ဆက်စားနေသည်။

"ငါဒီနေ့ မနက်အစောကြီးမှာ သူရိုက်တာ ခံလိုက်ရတယ်။ ဘာကြောင့် အရိုက်ခံလိုက်ရလဲဆိုတာ ငါသိခွင့်ရှိတယ်မလား"

"ဘာကို ဘာကြောင့် ရမှာလဲ။ သူကအမြဲတမ်း သတိနဲ့ကပ်နေတာ။ မဟုတ်လို့ရှိရင် အန္တရာယ်တစ်ခုခုရှိလာလို့ သတိမထားမိရင် ဘယ်လိုလုပ်မလဲ။ အရာရာကို အရမ်းသတိထားတော့ အထင်မှားပြီး လူရိုက်မိတာပေါ့"

ချန်ချင့်က သက်ပြင်းချရင်း ပြောလိုက်သည်။

ချန်ခေါ့က ထိုစကားကိုကြားပြီး တိတ်ဆိတ်သွားသည်။ တကယ်တော့ ချန်ချင့်၏ ထိုရှင်းပြချက်လည်း ယုတ္တိတန်ပြီး တစ်ခုခုမှားနေတာမရှိပေ။ သို့သော် သူ့စိတ်ထဲတွင် သည်လိုမရိုးရှင်းဘူးဆိုတာ ခံစားနေရသည်။

"ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနိုင်လို့လဲ။ သူ့ငယ်ငယ်တုန်းက ကိစ္စနဲ့ ပတ်သက်နေတာလား"

ချန်ချင့်ခေါင်းမော့လာသည်။

"သူ့ငယ်ငယ်တုန်းက ကိစ္စတွေကို ခင်ဗျားကို ပြောပြဖူးတာလား"

"နည်းနည်းပြောဖူးတယ်။ အသေးစိတ်တော့မဟုတ်ဘူး"

ချန်ချင့်က ချန်ခေါ့ကို ခေတ္တခန့်စိုက်ကြည့်နေသည်။

"အဲဒါဆို ကျွန်တော်လည်း များများစားစားပြောလို့မရဘူး"

"မင်းအများကြီးသိနေလို့လား"

"ကျွန်တော် သူနဲ့သိလာတာပဲ နှစ်တွေ ဘယ်လောက်ကြာနေပြီလဲ။ သူ ဒီကိုရောက်လာကတည်းက သူနဲ့ သိခဲ့တာ"

ချန်ခေါ့က ချန်ချင့်၏ခွက်ထဲသို့ အရက်အပြည့်ဖြည့်ပေးလိုက်သည်။

"အဲဒါဆို သူငယ်ငယ်တုန်းက ......"

"ခင်ဗျားကို ကျွန်တော်ပြောပြမှာမဟုတ်ဘူးနော်။ တကယ်ပြောတာ။ ကျွန်တော့်ကို လာမမေးနဲ့။ တစ်လုံးမှ ခင်ဗျားကို ပြောပြမှာမဟုတ်ဘူး"

ချန်ခေါ့က သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်အောင့်ခန့်ကြာတော့မှ ထပ်မေးလာပြန်သည်။

"အဲဒါဆို "သူတို့" ဆိုတာ ဘယ်သူတွေလဲ။ သူ့ကို နောက်ယောင်ခံလိုက်တဲ့လူရှိနေတယ်လို့ သူထင်နေတာ မဟုတ်လား"

"ထင်နေတာ ဟုတ်လား။ ထင်နေတာ ဆိုတာ ဘာကိုပြောတာလဲ။ လိုက်တဲ့လူ တကယ်ရှိနေတာ"

ချန်ခေါ့တစ်ယောက် ငြိမ်သက်ကြောင်အ သွားသည်။ ကျန်းယွီသော်ကို နောက်ယောင်ခံလိုက်နေတဲ့သူ တကယ်ရှိနေတာလား...။

ကျန်းယွီသော်က သည်ကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုက ပုံမှန်မဟုတ်ဘဲ မူမမှန်နေသလို ချန်ခေါ့က တောက်လျှောက် ထင်နေခဲ့သည်။ လက်စသတ်တော့ မိမိရဲ့ ထင်မြင်ချက်က မှားယွင်းနေတာလား...။

"မင်းမြင်ဖူးလား။ သူ့ကို နောက်ယောင်ခံလိုက်နေတဲ့လူတွေကိုလေ"

ချန်ချင့်က သူ့ကိုကြည့်နေပြီး နံရိုးနောက်တစ်တုံးကို တူနှင့် ညှပ်ယူလိုက်ပြန်သည်။ နံရိုးကိုကိုက်ဝါးနေရင်း သေချာစဉ်းစားနေပုံရသည်။ နံရိုးအသားကို မြိုချလိုက်တော့မှ စကားပြောလာသည်။

"မမြင်ဖူးဘူး"

ချန်ခေါ့က နောက်တစ်ခါ ငြိမ်သက်ကြောင်အ သွားပြန်သည်။

"ခင်ဗျားလည်း သိတဲ့အတိုင်းပဲ ကျွန်တော်ဆိုတဲ့ကောင်က မဖြတ်လတ်ဘူး၊ အကင်းမပါးဘူး။ စန်းကောသာ မရှိရင် ဘယ်နှခေါက်တောင် အရိုက်ခံလိုက်ရပြီလဲတောင် မသိဘူး။ ကျွန်တော်က နဂိုကတည်းက အန္တရာယ်တွေ ဘာတွေကို သတိထားမိတာ ရှားတယ်"

"အဲဒီလူတွေကို မင်းတစ်ခါမှ မတွေ့ဖူးဘဲနဲ့ သူ့ကို နောက်ယောင်ခံလိုက်နေတဲ့လူရှိတယ်ဆိုတာ ဘာလို့ တထစ်ချ ယုံနေရတာလဲ"

"ခင်ဗျားက စောက်ပိန်းလား"

ချန်ချင့်က ချန်ခေါ့ကို စိုက်ကြည့်နေသည်။

"...... ဖြစ်နိုင်ပါတယ်"

ချန်ချင့်က မိမိအပေါ် ထိုကဲ့သို့ ကောက်ချလိုက်သည်ကို ကြားရသောအခါ ချန်ခေါ့သည် မခံမရပ်နိုင် ဖြစ်သွားရတော့သည်။

"သူ့ကိုယ်ပေါ်က ဒဏ်ရာတွေ အမာရွတ်တွေကို ခင်ဗျား မမြင်ဘူးလား။ တစ်ခုခု ပုံမှန်မဟုတ်တာတွေနဲ့ ကြုံလိုက်ရတိုင်း သူ့မှာ ထိခိုက်ဒဏ်ရာတွေ ရလာတယ်။ အဲဒါတွေ ခင်ဗျား မတွေ့ဖူးလို့လား။ ဒီပတ်ဝန်းကျင်မှာ သူ့ကို မပြီးနိုင်မစီးနိုင် ဒီလို လာပြီး ပြဿနာရှာရဲတာ ဘယ်ကောင်ရှိလို့လဲ။ သူ့ကို ရမ်းသမ်းပြီး ရိုက်ရဲ ရန်ရှာရဲတဲ့သူရော ဘယ်သူရှိလို့လဲ"

ချန်ချင့်က ချန်ခေါ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

ချန်ခေါ့က ခဏတာ တိတ်ဆိတ်သွားသည်။

"အဲဒါဆို သူဒဏ်ရာရတာ မင်းမြင်ဖူးလား"

"ပေါက်ကရတွေ။ မြင်ဖူးတာပေါ့"

"နောက်ယောင်ခံလိုက်နေတဲ့လူတွေက သူ့ကိုရိုက်တာကိုပြောတာ။ မင်းမြင်ဖူးလား"

ချန်ခေါ့က ထပ်မေးလိုက်သည်။

ချန်ချင့်က စိတ်တိုလာသည်။

"မမြင်ဖူးဘူး။ ကျွန်တော်ပြောပြီးပြီလေ၊ အဲဒီလူတွေကို ကျွန်တော် မမြင်ဖူး ...... မဟုတ်သေးဘူး ခင်ဗျားက ဘာပြောချင်နေတာလဲ"

"ငါပြောချင်တာက ...... "

ချန်ခေါ့က သွားများကိုကိုက်ပြီး အံကြိတ်လိုက်သည်။

"ကျန်းယွီသော်ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက တစ်ခုခုပြဿနာရှိနေတာ မဟုတ်ဘူးလား"

ချန်ချင့်က ချန်ခေါ့ကို အတန်ကြာ ကြည့်နေပြီးမှ လက်ထဲမှ တူကို ဆောင့်ချလိုက်သည်။

"ငိုးတဲ့မှ ... ကျွန်တော့်အမြင်မှာ ခင်ဗျားကမှ ရူးနေတာ။ ပြီးတော့ ရောဂါက တော်တော် ရင့်နေပြီ"

***

(ဆက်ရန်)

Continue Reading

You'll Also Like

28.3K 746 23
Will Clarke fall in love with Bellamy not knowing who he really was ? Will she get her memory back before its to late?
147K 4.1K 40
Sakura is being abused by someone she is close to. Kakashi helps her but how will this effect their relationship?
292K 21.3K 26
Avantika Aadish Rajawat Aadi, with his fiery nature, adds intensity and excitement to their relationship, igniting a spark in Avni. Avni, like the ca...
371K 68K 153
chapter 141 က စပါမယ်နော်..